Chapter 43.2
Viewers 21k

Chapter 43.2


သူ့အစ်ကိုအခန်းထဲက ဆီမီးခွက်မှာ လင်းထိန်နေသည်။ ထန်ချွန်းရုံက စိုးရိမ်သွားသည်။ “အစ်ကို…ကျွန်တော်အပြင်မှာရှိတယ်… ထွက်မလာနဲ့နော်။ ဘာတွေဖြစ်နေတာလဲ သွားကြည့်လိုက်မယ်။ အစ်ကိုသတိထားပါ။ တံခါးမဖွင့်နဲ့။”

  

“အားရုံ… မင်းလည်းသတိထားပါ။ လှုပ်ရှားမှုတစ်ခုခုရှိရင် မင်းအစ်ကိုလီဖုန်းရောက်လာလိမ့်မယ်။ ထန်ချွန်းမင်၏စိုးရိမ်နေသောအသံက အခန်းထဲမှထွက်လာသည်။

  



“နားလည်ပြီအစ်ကို!” ထန်ချွန်းရုံက နံရံမှာချိတ်ထားသော တုတ်တစ်ချောင်းကိုယူပြီး ဆူညံသံလားရာကို သတ္တိရှိရှိလျှောက်သွားခဲ့သည်။

 

အခန်းထဲတွင် ထန်ချွန်းမင်က ခန်းကုတင်ပေါ်မှာထိုင်နေပေမယ့် သူ့ဘေးမှာတော့ အားလင်းမရှိပေ။ သူက ဆူညံသံကြားသည်နှင့် အားလင်းကို နေရာလွတ်ထဲအမြန်ပို့ထားသည်။ သို့ဖြစ်၍ ယခုချိန်မှာ အားလင်းက တခြားနေရာတစ်ခု၌ အိပ်မောကျနေ၏။

 

ရှောင်သိုက်ကလည်း အခန်းထဲမှာရှိပြီး အပြင်ဘက်ဆီကို ကလေးသံဖြင့်အော်ဟစ်ကာ တံခါးကိုခြေသည်းနဲ့ကုတ်ခြစ်နေပြီး အပြင်ထွက်ဖို့ကြိုးစားနေသည်။

  

ထန်ချွန်းမင်က သူ့ကိုတားလိုက်တော့ သူက အမြီးတွန့်ပြပြီး သူ့သခင်ကို နှစ်ကြိမ်ဟောင်ကာ ခန်းကုတင်ရှေ့မှာထိုင်ပြီး အပြင်လမ်းကြောင်းကိုကြည့်နေ၏။ မသိလျှင် လှုပ်ရှားမှုတစ်ခုခုရှိတာနဲ့ သူ့သခင်ရှေ့မှာ ကာကွယ်ပေးတော့မလိုပင်။



ထန်ချွန်းမင်က မျက်မှောင်ကြုတ်ကာ အားရုံ၏လုံခြုံရေးကို စိတ်ပူနေ၏။ တကယ်တော့ သူက ဆယ့်တစ်နှစ်အရွယ်ပဲရှိသေးသည်။ ယနေ့အားရုံမလာခဲ့လျှင် သူစိတ်သက်သာရာရလောက်သည်။ လီဖုန်းက သတိရှိပြီး ဆူညံသံကြားတာနဲ့ အမြန်ပြေးလာလောက်သည်။

 

သူ့မှာ အရံအဖြစ်​ နေရာလွတ်ရှိပြီး ယခုလို အရေးကြီးအခိုက်အတန့်မှာ လုံခြုံစေဖို့ နေရာလွတ်ထဲပုန်းအောင်းလိုက်လို့ရသည်။ ဘယ်သူချိုးဝင်လာဖို့ကြိုးစားပါစေ အောင်မြင်မှာမဟုတ်ပေ။

 



အပြင်က ​ကျင်းဖုန်းနှင့် ရှောင်ဟွာကိုလည်း လျှော့တွက်လို့မရချေ။

 

ခြံအသစ်မှအသံထွက်လာခဲ့သည်။ ထန်ချွန်းမင်က ခြံဝင်းနှစ်ခုကြားရှိ တံခါးဆီသို့လျှောက်သွားခဲ့သည်။ တံခါးမဖွင့်ခင်မှာ ခြံတံခါးက တစ်ဖက်ကနေ ရုတ်ချည်းပွင့်လာခဲ့သည်။ ထို့နောက် ရင်းနှီးသောအသံတစ်ခု ထွက်ပေါ်လာပြီး တုတ်ဝှေ့ယမ်းနေသော ထန်ချွန်းရုံကို ထိတ်လန့်သွားစေကာ အသံလမ်းကြောင်းဆီသို့ မဝှေ့ယမ်းမီ အချိန်မီနောက်ပြန်လှည့်လိုက်သည်။ “အားရုံ…. ငါပါ.. တစ်ယောက်ယောက်ဖောက်ဝင်လာတာ ဒါပေမယ့် ကျင်းဖုန်းနဲ့ ရှောင်ဟွာက သူ့ကိုလုပ်ကြံခဲ့တယ်။ မင်းက မင်းအစ်ကိုဘေးကိုသွား.. ငါဒီမှာရှိတယ်။”

 

ထန်ချွန်းရုံက ပါးစပ်အကြာကြီးဖွင့်ထားသော်လည်း ဘာအသံမှထွက်မလာပေ။ အိုး…. အချိန်တိုတွင်း ရောက်လာဖို့ ဘယ်လောက်တောင် သတိရှိလို့များလဲ? ဒါပေမယ့် သူက ခြံသစ်ကိုဘယ်လိုဝင်လာတာလဲ? ထန်ချွန်းရုံ မေးခွန်းမမေးနိုင်ခင်မှာ ခြေလှမ်းများဝေးသွားတာကို ​သတိထားမိလိုက်သည်။

 

ထန်ချွန်းရုံက လန့်လွန်းတာကြောင့် ချွေးများယိုစီးနေ၏။ ထိုမှသာ သူဖိနပ်မစီးထားပဲ ခြေထောက်ဗလာနဲ့ပြေးလာတာကို သိလိုက်ရသည်။ 

 



လေတိုက်သောအခါ အပူချိန်က ညသန်းခေါင်မှာ အေးနေဆဲဖြစ်၏။ သူက သူ့အစ်ကိုစိတ်အေးစေဖို့ အမြန်သတင်းရန် ပြန်ဝင်သွားခဲ့သည်။ ထိုနောက်မှသာ သူ့အစ်ကိုအိမ်ထဲဝင်လာသော သူခိုးကိုသိနိုင်ရန် ပြန်ထွက်လာခဲ့သည်။

 

သူရောက်လာတာကောင်းသည်ဟု ထင်မိသည်။ မဟုတ်ပါက သူ့အစ်ကို ဖျင်ရှန်ရွာမှာ အနိုင်ကျင့်ခံရပြီး ဘယ်သူကမှ တရားမျှတမှုရှာပေးမှာမဟုတ်ပေ။ ယခုကိစ္စငြိမ်သွားလျှင် သူ ရွာလူကြီးနဲ့စကားပြောဖို့ သွားရှာမည်။

  

“အစ်ကိုကြီး…..”

  

“မြန်မြန်ဝင်လာ.. ခန်းကိုမီးမွှေးလိုက်။ အအေးမမိအောင်သတိထား။” ထန်ချွန်းမင်က အပြင်ကလှုပ်ရှားမှုကို အာရုံစိုက်လိုက်တော့ သူ လီဖုန်းအသံကိုကြားလိုက်ရသည်။

    

သူပြောတာကို ရှင်းရှင်းလင်းလင်း မကြားခဲ့ရပေမယ့် သူက လီဖုန်းအသံကြားတော့ စိတ်သက်သာရာရသွားသည်။ လီဖုန်းလက်ကနေ လွတ်မြောက်နိုင်သည့်သူ ရွာမှာရှိမယ်လို့ သူမထင်ပေ။ ထိုအစား သူ့ကိုစိတ်ပူစေတာ သူ့ညီဖြစ်သည်။

 



အိမ်ထဲဝင်ပြီးနောက် သူ့တူလေး အနှောင့်အယှက်မဖြစ်ပဲ အိပ်မောကျနေတာကိုတွေ့တော့ ထန်ချွန်းရုံက စိတ်​အေးသွားသည်။

 

အနည်းဆုံးတော့ သူက ထိတ်လန့်မသွားခဲ့ပေ။ အစ်ကိုဖြစ်သူ သူ့ခေါင်းပေါ်အုပ်လိုက်သော အဝတ်စက သူ့ကိုဖုံးလွှမ်းသွားခဲ့သည်။ သို့သော် သူက သူ့အစ်ကို၏စကားကို နားမထောင်ပဲ ခန်းကုတင်ပေါ်ကိုသွားလိုက်သည်။

   

သူ ထိုနေရာက အခြေအနေကို သွားကြည့်ဖို့လိုသည်။ “အစ်ကို… ခင်ဗျား ခန်းကုတင်ပေါ်ကိုသွားပါ။ ကျွန်တော်ကအဆင်ပြေတယ်။ ယောကျာ်းတွေက အင်အားကြီးတယ်။ အစ်ကိုလီဖုန်းရောက်လာပြီမို့ အစ်ကိုစိတ်အေးသွားအောင် လာပြောပြတာ”

 

ထန်ချွန်းမင်က သူ့ညီကိုစိုက်ကြည့်လိုက်သည်။ သူက သူ့ကိုယ်သူယောကျာ်းလို့ပြောပေမယ့် သူသည်ကား လူကြီးပေါက်စလေးသာဖြစ်၏။ သူ့ခြေဗလာကိုတွေ့တော့ သူက အမြန်ပြောလိုက်သည်။ “မင်းအခန်းထဲပြန်သွား။ ဖိနပ်ဝတ်ပြီး အဝတ်အစားလဲလိုက်။ ပြောစရာရှိရင် နောက်မှလာတော့။”

 

“ဟာ!” ထန်ချွန်းရုံက သူ့အခန်းထဲကို အလွန်လျင်မြန်သောနှုန်းဖြင့် ပြေးသွားခဲ့သည်။

  

တာရှန်၏အိမ်၌ ကျန်းရှို့က ငိုက်မျဥ်းစွာနိုးလာပြီး ခန်ကုတင်ပေါ်မှ ထဖို့ပြင်နေသည့် သူ့ခင်ပွန်းကိုတွေ့လိုက်ရသည်။ သူက မျက်လုံးဖွင့်ဖို့ ရုန်းကန်ရင်းပြောလိုက်သည်။ “မင်းညသန်းခေါင်မှာ ဘာလုပ်နေတာလဲ?”

 

တာရှန်သည်ကား မူလက သူ့ခင်ပွန်းကို မနှောင့်ယှက်ချင်သော်လည်း ယခုမူ သူလည်းနိုးနေသဖြင့် ညွှန်ကြားချက်များပေးဖို့လိုသည်။ သူက လှည့်ပြောလိုက်သည်။ “ငါ မင်ကောအာရဲ့အိမ်မှာ လှုပ်ရှားသံတချို့ကြားလိုက်တယ်။ ဒါကြောင့် တစ်ချက်သွားကြည့်မလို့။ မင်းအိပ်နှင့်လိုက်။ အားလုံးအဆင်ပြေရင် ​မြန်မြန်ပြန်လာခဲ့မယ်”

 

ကျန်းရှိူ့က ရုတ်တရက်နိုးလာပြီး “မင်ကောအာရဲ့အိမ်မှာ လှုပ်ရှားမှုတချို့ရှိနေတာလား? မဟုတ်သေးဘူး။ ကျွန်တော်လည်း ခင်ဗျားနဲ့လိုက်ခဲ့မယ်။ စိတ်ပူတယ်။”

 

တာရှန်က ထိုစကားကို အဓိပ္ပါယ်ရှိတယ်လို့ ထင်လိုက်သည်။ မင်ကောအာက ဗိုက်ကြီးနေတာ​ကြောင့် အားရှို့လိုက်လာပြီး ကြည့်ပေးဖို့လိုသည်။ ကျန်းရှို့က လျင်မြန်စွာလှုပ်ရှားလိုက်ပြီး အဝတ်စားဝတ်​ကာ တာရှန်နဲ့ထွက်သွားခဲ့သည်။ မှောင်နေသေးပေမယ့် လရောင်က လင်းနေ၏။

   

သူတို့က ကျေးလက်တွင် အမြဲနေထိုင်ကြပြီး ညဘက်တွင် လမ်းလျှောက်လေ့ရှိတာကြောင့် မကြာခင်မှာ သူတို့ မင်ကောအာ၏အိမ်ကိုရောက်လာသည်။ ထို့နောက် သူတို့က တံခါးမခေါက်မီ အထဲကဆူညံသံကို ဂရုတစိုက်နားထောင်လိုက်သည်။ “မင်ကောအာ? ငါပါ အားရှို့…” ကျန်းရှို့က မဝံ့မရဲ အကြိမ်များစွာအော်လိုက်လေသည်။

 

အသံက ညဘက်မှာ အရမ်းသိသာနေတာကြောင့် ထန်ချွန်းရုံက တံခါးခေါက်သံကို ကြားလိုက်ရသည်။ သူက ကျန်းရှို့နဲ့ရင်းနှီးပြီး သူ့အသံကို မှတ်မိနေတာကြောင့် သူ သူ့အစ်ကိုကိုအသိပေးပြီး ခြံတံခါးဖွင့်ဖို့ ထွက်သွားခဲ့သည်။

 

ကျန်းရှို့က ထန်ချွန်းရုံကိုတွေ့သည်နှင့် စိုးရိမ်တကြီးမေးလိုက်လေသည်။ “မင်ကောအာအဆင်ပြေလား? အိမ်မှာ သူခိုးရှိနေတာလား ဒါမှမဟုတ် အ​နောက်ဘက်က တစ်ယောက်ယောက်ဖောက်ထွင်းနေတာလား?”

  

“အစ်ကိုတာရှန် … အစ်ကိုရှို့….” ထန်ချွန်းရုံက သူတို့ကို အရင်ကြိုဆိုလိုက်ပြီး သူတို့နောက်ကတံခါးကိုပိတ်ကာ ပြောလိုက်သည်။ “ကျွန်တော့်အစ်ကို အိမ်ထဲမှာရှိနေတယ်။ အစ်ကိုရှို့…. အစ်ကို့ကို အဖော်လုပ်ပေးပါဦး။ အစ်ကိုလီဖုန်းက အဆင်ပြေမှာပါ။ အစ်ကိုတာရှန်နဲ့ ကျွန်တော်သွားကြည့်လိုက်မယ်။”

  

“ကောင်းပြီ…မင်းတို့သွားကြ..ငါမင်ကောအာကိုကြည့်ထားမယ်။” ကျန်းရှို့က တာရှန်ကို ထန်ချွန်းရုံနောက်လိုက်သွားဖို့ ကမန်းကတန်းတွန်းလိုက်ပြီး သူက အိမ်ထဲသို့အမြန်ဝင်သွားခဲ့သည်။

 

လီဖုန်းသည်ကား မူလက တာရှန်ကိုခေါ်ချင်ခဲ့သည်။ မင်ကောအာကို ခြံထဲမှာ တစ်ယောက်တည်းထားလို့မရချေ။ တံခါးဝမှအသံကိုကြားတော့ သူက ထိုနေရာမှာသာစောင့်ကြည့်နေ၏။ ထန်ချွန်းရုံနှင့်တာရှန်က အနီးသို့လျှော​က်လာကာ မြေပြင်ပေါ်မှာ လူးလိမ့်နေသည့် ပုံရိပ်တစ်ခုကိုမြင်လိုက်ရသည်။

  

သို့သော် သူ့ပါးစပ်က အဝတ်စဖြင့်ဆို့ခံထားရ၍ အသံမထွက်နိုင်ခဲ့ပေ။ သူ့လည်ချောင်းမှ တိုးညှင်းသောအသံများကို ကြားနေရသည်။ သူတို့လာတုန်းက ဘာအသံမှမကြားတာ မထူးဆန်းတော့ပေ။ အစောပိုင်းက ခဏလောက်သာအော်ပြီး ရပ်သွားလေသည်။



လရောင်အောက်တွင် ထန်ချွန်းရုံက ထိုလူ့ကို သတိမထားမိပေမယ့် တာရှန်အနားရောက်လာသောအခါ ထိတ်လန့်သွားခဲ့သည်။ “ဒါဟွမ်စစ်ကုံးမလား? ကောင်လေး! သူဘယ်လိုတောင် ခိုးဝင်ရဲရတာလဲ? လာစမ်း… သူ့ကိုရွာသူကြီးဆီခေါ်သွားမယ်… ငါတို့သူ့ကိုလွှတ်ပေးလို့မရဘူး။!”

   

အံ့အားသင့်ပြီးနောက် သူက ဒေါသဖြစ်သွားလေသည်။ လီဖုန်းသာ အချိန်မီရောက်မလာလျှင် မင်ကောအာနဲ့ သူ့သားလေးဘာဖြစ်သွားမလဲ တွေးပင်မတွေးနိုင်ချေ။ အထူးသဖြင့် မင်ကောအာက ကိုယ်ဝန်ကြီးနဲ့ဖြစ်သည်။

 

လီဖုန်း၊ တာရှန်နှင့် ရှောင်ဟွာက မြေပြင်ပေါ်မှာ လူးလှိမ့်နေသော ထိုလူကို စက်ဝိုင်းဖြင့်တားရန် ဘေးတစ်ဖက်ဆီမှာရပ်နေသည်။ မြေပြင်ပေါ်ကလူ ဒဏ်ရာမရလျှင်ပင် သူထွက်ပြေးနိုင်မှာမဟုတ်ပေ။ လီဖုန်း အပြင်နံရံကို ကျော်တက်လာပြီးနောက် ရှောင်ယွင်က ထိုလူကို ကန်လိုက်သဖြင့် ညသန်းခေါင်မှာ အော်သံနက်ကြီးထွက်လာခဲ့သည်။ သူ့နောက်မှရှောင်ဟွာသည်လည်း ခိုးဝင်လာသော သူခိုး၏တင်ပါးကို ပြင်းပြင်းထန်ထန် ကိုက်ခဲ့သည်။ အနက်ရောင်သွေးများက မြေပြင်ပေါ်မှာ စွန်းထင်းနေ၏။

 

လီဖုန်း၏လုပ်ဆောင်ချက်အသေးစိတ်ကို နားထောင်ပြီးနောက် တာရှန်က ချီးကျူးလိုက်လေသည်။ “တော်တယ်..မင်း ကောင်းကောင်းလုပ်နိုင်ခဲ့တာပဲ။ ခွေးရဲ့အစောင့်စွမ်းရည်က ဒီလောက်အင်အားကြီးမယ်လို့ မထင်ထားဘူး။ အခုကစပြီး ဘယ်သူခိုးဝင်ရဲလဲ ကြည့်ကြသေးတာပေါ့!”

 

ထန်ချွန်းရုံက ကျင်းဖုန်း၏လည်ပင်းကို ဝမ်းသာအားရ တို့ထိလိုက်ပြီး သူ့ဒူး​ထက် အရပ်ရှည်သော ရှောင်ဟွာ၏ခေါင်းကိုပွတ်လိုက်သည်။ သူက အနာဂတ်မှာ သူတို့ကို ပိုကောင်းပေးဖို့တွေးထားသည်။ အင်း..သူ့ယောက်ဖလောင်းကလည်း အသုံးဝင်ပါသည်။

  

“အစ်ကိုတာရှန်၊ အစ်ကိုလီဖုန်း… ခင်ဗျားတို့ ရွာသူကြီးဆီသွားရင် ကျွန်တော်လည်းလိုက်ခဲ့မယ်။ တစ်​ယောက်ယောက်က ကျွန်တော့်အစ်ကိုရဲ့အိမ်ကို ခိုးဝင်လာရဲတာ.. ဖျင်ရှန်ရွာက ရှင်းပြချက်ပေးဖို့လိုတယ်။” ထန်ချွန်းရုံက ရင်ကော့ကာပြောလိုက်သည်။

  

“ကောင်းပြီ…ကောင်လေး..သွားရအောင်…” တာရှန်က ကောင်လေးပခုံးကို ပုတ်လိုက်သည်။ ကောင်လေးက ငယ်ရွယ်သော်လည်း သူက ဇွဲ့မလျှော့ပဲ မိသားစုကို ဘယ်လိုကာကွယ်ရမလဲသိသည်။

    

“စိတ်မပူပါနဲ့။ မင်​ကောအာကို အဖော်လုပ်ပေးဖို့ အားရှို့ကိုပြောလိုက်မယ်။ ငါတို့မကြာခင် ပြန်ရောက်မှာပါ။” အိမ်ဘက်ကို စိုးရိမ်တကြီးကြည့်နေသော လီဖုန်းကိုမြင်သောအခါ တာရှန်က ပြောလိုက်လေသည်။

   

လီဖုန်းက တုံ့ဆိုင်းမနေတော့ပဲ သုံးယောက်သားက မျက်စိတစ်မှိတ်အတွင်း ခြံထဲကထွက်ပြီး ညသန်းခေါင်မှာ ရွာသူကြီး၏အိမ်တံခါးကို ခေါက်ခဲ့သည်။ သူတို့က တခြားသူများ၏ အိပ်စက်ခြင်းကို မနှောင့်ယှက်ချင်ပေမယ့် ယခုကိစ္စက ချက်ချင်းဖြေရှင်းမှဖြစ်မည်။

   

မဟုတ်ပါက နှောင့်နှေးသွားလျှင် ဟွမ်စစ်ကုံး ဘယ်လိုငြင်းခုံမလဲ..ထိုရွာသားတွေက သူတို့အပေါ် ဘယ်လိုအပြစ်ပုံချမလဲမသိနိုင်ပေ။

 

ကျန်းရှို့က သူ့နောက်ကတံခါးကိုပိတ်ကာ ရှောင်ဟွာကို ခြံဟောင်းသို့ခေါ်သွားပြီး ထန်ချွန်းမင်နှင့် ဆက်စကား​ပြောရန် အိမ်ထဲဝင်သွားခဲ့သည်။ မင်ကောအာ ယခုချိန်အိပ်ရာဝင်လျှင် အိပ်မပျော်မှာကိုသူသိသည်။ ကံအားလျော်စွာ သူက အားလင်းကို အနှောင့်အယှက်မပေးခဲ့ပေ။ မဟုတ်ပါက အားလင်းအပေါ် ဘယ်လိုသက်ရောက်မှုရှိမလဲ ဘယ်သူမှမသိနိုင်​ပေ။

  

“စိတ်မပူပါနဲ့.. ရွာလူကြီးနဲ့ ရွာသားတွေက မင်းကိုရှင်းပြမှာပါ။ ဒီဟွမ်စစ်ကုံးက လူယုတ်မာပဲ!” ကျန်းရှို့က ခိုးဝင်လာသော ဟွမ်စစ်ကုံးကိုမုန်းသည်။ ဤလူသည်ကား မူလက ရွာမှာ ပျင်းရိနေပေမယ့် ယခုလိုကိစ္စမျိုးလုပ်ရဲမယ်လို့ သူမထင်ထားခဲ့ပေ။ သူ ဖုန်းရှောင်ကျစ်ဆီက လက်စားချေခံရမှာ မ​ကြောက်ဘူးလား? လီဖုန်းက ယခုဆိုလျှင် ရွာမှာနာမည်ကြီးနေသော လူကြမ်းကြီးဖြစ်၏။

  

“သူဘယ်လိုဖြစ်နိုင်မှာလဲ? သူက ပုံမှန်ဆို သတ္တိမရှိပါဘူး” ထန်ချွန်းမင်က ဤလူဖြစ်နေမယ်လို့ မထင်ခဲ့ပေ။ သူ့အမြင်မှာ ဤလူက အနည်းငယ်ကြောက်တတ်ပြီး ရိုင်းစိုင်းသည်။ ယခု သူစဥ်းစားကြည့်လိုက်တော့ ရှောင်ဟွာနှင့် ကျင်းဖုန်းကို မွေးထားလိုက်တာ ကောင်းသွားသည်။



 

တကယ်တော့ လီဖုန်းက စစ်မြေပြင်ကိုရောက်ဖူးပြီး လူရိုင်းများကို သတ်ခဲ့သည်။ ဟွမ်စစ်ကုံးကြမ်းပြင်ပေါ်မှာ လူးလိမ့်နေတယ်လို့ သူကြားခဲ့ရသည်။ ကျင်းဖုန်း၏ကန်ချက်က အတော်လေးပြင်းလောက်မည်။ သူကတော့ ထိုလူနဲ့ထိုက်တန်တယ်လို့မြင်သည်။ မင်းငါ့ဆီက လုယက်ချင်ရင်တော့ ဒါက အပေါ့ဆုံးပြစ်ဒဏ်ဖြစ်လိမ့်မယ်!

  

“ငါတို့ကဘယ်လိုသိမှာလဲ? ရွာလူကြီးနဲ့ တခြားသူတွေရှင်းပြတာကို စောင့်ရမှာပေါ့။ သူတစ်ယောက်တည်းလုပ်ခဲ့တာလား?.... ဒါမှမဟုတ်? မပြောဖြစ်ခဲ့သော စကားလုံးများက တခြားသူပါဝင်နေလား ဖော်ပြနေသည်။ မင်ကောအာ ဤရွာမှာ အခွင့်အာဏာရစေဖို့ ဤအခွင့်အရေးကို ချုပ်ကိုင်ကာ ထိုလူတွေကို အလွတ်မပေးမှဖြစ်မည်။ ထို့နောက် ဘယ်သူကမနာလိုဖြစ်ပြီး အနာဂတ်မှာ ပြဿနာရှာရဲမလဲ ကြည့်ရမည်။

 

ထန်ချွန်းမင်က မျက်မှောင်ကြုတ်ကာ ကျန်းရှို့ထည့်ပေးသော ရေနွေးတစ်ငုံသောက်ပြီး ပြောလိုက်သည်။ “ ဒီဟွမ်စစ်ကုံးဆိုတာက အရင်တစ်ခေါက် ကျန်းလန်ဟွာကို သူ့ခင်ပွန်းနဲ့ ရန်ဖြစ်အောင်လုပ်ခဲ့တဲ့လူမလား?” အားရှို့က သူ့ကို ထိုအကြောင်းပြောပြဖူးပုံရသည်။

     .

“ဟုတ်တယ်…မင်းမသိတဲ့အရာတွေရှိတယ်…” သူတို့က လူစောင့်ရမှာဖြစ်၍ ကျန်းရှို့သည် ထန်ချွန်းမင်အား ထိုနှစ်က ဖြစ်ပျက်ခဲ့သမျှကို သေချာပြောပြလိုက်သည်။