Chapter 43.1
“သူခိုး”
“ဦးလေး… ရှောင်ယွင်ကိုလာကြည့်… ရှောင်ယွင်က မြင်းသေးသေးလေးဖြစ်ပြီး အရမ်းလိမ္မာတယ်။” ကံအားလျော်စွာ အားလင်းပြေးဝင်လာပြီး ထန်ချွန်းရုံကို အကူအညီမဲ့နေမှုမှ ကယ်တင်ခဲ့သည်။ ထန်ချွန်းမင်က သူ့ကိုလက်ယမ်းပြကာ အပြင်ထွက်ဖို့ပြောခဲ့သည်။
ထန်ချွန်းရုံက သူ့နှာခေါင်းကိုထိကာ သူ့အစ်ကိုအား အမှုထမ်းနေသော အမျိုးသားကို နောက်တစ်ကြိမ်ပြန်ကြည့်၍ အားလင်း၏ခေါ်ဆိုမှုအောက်မှာ အပြင်လျှောက်ထွက်သွားခဲ့သည်။
.
“ဆိုးလိုက်တာ။” သူ့ယောက်ဖထွက်သွားတာကိုတွေ့တော့ လီဖုန်းက ထန်ချွန်းမင်၏နှာခေါင်းကို ငုံ့ကိုက်လိုက်သည်။ ထန်ချွန်းမင်က ရှက်ရိပ်သန်းသွားလေ၏။
သူ့ကို ဒီလိုလေသံနဲ့ ပြောဖို့အဆင်ပြေလား? အစ်ကိုဖုန်း…. မင်းဒီလိုဆက်လုပ်နေရင် မင်းရဲ့ပုံရိပ်ကို ဆက်ထိန်းထားနိုင်မှာမဟုတ်တော့ဘူး။
အားလင်းက သူနှင့် သူ့အားမူအပေါ်ကောင်းသည့် သူ့ဦးလေးကို မှတ်မိတာကြောင့် သူက သူ့အကြိုက်ဆုံးမြင်းကြီးကို ဦးလေးဖြစ်သူအားပြဖို့ မစောင့်နိုင်တော့ပေ။ ထန်ချွန်းရုံက အားလင်းကိုကောက်ချီလိုက်ပြီး အားလင်းညွှန်ပြသော ခြံဝင်းအသစ်သို့ လျှောက်သွားလိုက်သည်။
ရှောင်ယွင်နှင့် ရှောင်ယွင်ကို ကျွေးမွေးထားပုံအကြောင်းနားထောင်ကာ ထန်ချွန်းရုံက သူ့တူလေး၏ ယခုလောက်ထိ သွက်လက်တက်ကြွနေသည့် ပုံစံမျိုးမမြင်ဖူး၍ သူ့ယောက်ဖအပေါ် အမြင်ပိုကြည်လာခဲ့သည်။
သူ သူ့အစ်ကိုနေရာသို့ရောက်တိုင်း ကြီးမားသောပြောင်းလဲမှုများနှင့် အံ့သြသင့်စရာများကို ခံစားရသည်။ ယနေ့မှာ ခြံဝင်းဟောင်းက စိတ်လန်းစိုပြေနေ၏။ လမ်းလျှောက်သည့်အခါ ထူးဆန်းသော လယ်တောအိမ်ရနံ့မရှိတော့ပဲ လန်းဆန်းတော့ရနံ့သင်းနေခဲ့သည်။ ထန်ချွန်းရုံက စံပယ်အဖူးအငုံလေးများကို တွေ့လိုက်ရသည်။
ခြံဝင်းအသစ်၏တံခါးကို ဖွင့်လိုက်ချိန်မှာ ကြက်တွန်သံ၊ခွေးဟောင်သံ၊ သိုးခြံထဲက သိုးတွေကစားနေပုံနှင့် ၎င်းက ဘယ်လောက်အသက်ဝင်နေသလဲဆိုတာကို အံ့အားသင့်မိသည်။ ပတ်ဝန်းကျင်တစ်ခုလုံး စိမ်းလန်းစိုပြေနေပြီး ကွက်ကွင်းမှုမရှိသော လယ်ရှုခင်းမျိုးမရှိပေ။
“ဦးလေး… မြင်းတင်းကုပ်က ဒီမှာ” အားလင်းက သူ့လက်လေးကိုဆန့်ကာ မြင်းတင်းကုပ်အား စိတ်အားထက်သန်စွာ ထိုးပြလိုက်ပြီး သူ့ဦးလေးအား ထိုနေရာသို့မြန်မြန်သွားဖို့ လှုံ့ဆော်လိုက်သည်။ သူတို့မရောက်ခင်မှာ ထန်ချွန်းရုံက တခြားကလေးနှစ်ယောက်၏ ရယ်မောသံကို ကြားလိုက်ရသည်။ ထိုနေရာမှာရှိနေတာသေချာ၏။
“ဦးလေး..အားလင်းကို အမြန်အောက်ချပေးပါ။ အားလင်းတစ်ယောက်တည်းသွားချင်တယ်။” အားလင်းက ရုန်းရင်းပြောလိုက်သည်။ ထန်ချွန်းရုံက သူ့ကိုအောက်ချပေးပြီး သူက တာမောင်းနှင့် အာမောင်းဆီသို့ ပြေးသွားခဲ့သည်။
မြင်းတင်းကုပ်က ရှေ့နားမှာရှိပြီး သူတို့ပထမဆုံးမြင်လိုက်ရသည်မှာ သူ့ယောက်ဖလောင်း သူတို့အိမ်ကိုစီးလာသော အရပ်ရှည်ရှည်မြင်းဖြစ်၏။ ထန်ချွန်းရုံက မြင်းများကို ရှားရှားပါးပါးမြင်ဖူးသည့်တိုင် ဤမြင်းသည် ရှားပါးသော မြင်းကောင်းဖြစ်ကြောင်း သိနိုင်သည်။ နောက်ပြီး သူက ၎င်းကို လမ်းတစ်လျှောက်လုံးစီးခဲ့ရသည်အထိ ကံကောင်းသည်။ ဤခံစားချက်က သူ့ကို ခဏတာစိတ်လှုပ်ရှားစေသည်။
“ဦးလေး… ဒါက ရှောင်ယွင်…. သားတို့ရဲ့ မြင်းပေါက်လေး…” အားလင်းက သူ့ဘေးက မြင်းဖြူလေးကို လက်ညိုးထိုးပြပြီး သူ့ဦးလေးကို ဂုဏ်ယူစွာပြောလိုက်၏။
မြင်းကြီးက ထန်ချွန်းရုံကို မှတ်မိပုံရပေမယ့် သူလာတာကိုတွေ့သောအခါ မထီမဲ့မြင်ပြုပြီး မျက်နှာလှည့်သွားသည်။
ထန်ချွန်းမင်က သူ့နှာခေါင်းကိုပွတ်လိုက်ပြီး သူမနက်က ငတုံးလိုပြုမူခဲ့တာကို မှတ်မိသွားသည်။ သူ့ယောက်ဖလောင်းက သူ့ကိုမြင်းပေါ် သယ်ပေးခဲ့ရခြင်းဖြစ်၏။ သူကိုယ်တိုင်မတက်နိုင်ခဲ့ပေမယ့် ၎င်းက သူလေ့ကျင့်ခန်းသိပ်မလုပ်လို့ဖြစ်၍ အနာဂတ်မှာ တိုးတက်အောင်လုပ်ရမည်။ သို့ပေမယ့် ဆယ့်တစ်နှစ်အရွယ် ကလေးမှာလည်း ကိုယ့်ကိုကိုယ်လေးစားမှုရှိသည်။
မြင်းပေါက်လေးသည် လူသစ်လေးကိုအနံ့ခံဖို့ မတ်တပ်ရပ်လိုက်သည်။ ၎င်းက လှပသောမြင်းပုလေးတစ်ကောင်ဖြစ်၏။ ထန်ချွန်းရုံက သူ့ကိုယ်သူ မိသားစုကိုထောက်ပံ့နိုင်သည့် ယောကျာ်းမဟုတ်ဘူးလို့ သတ်မှတ်ထားသော်လည်း သူက စိတ်လှုပ်ရှားလာပြီး မြင်း၏လည်ပင်းကိုထိလိုက်သည်။ “သူ့နာမည်က ရှောင်ယွင်လား? မင်းတို့ဘယ်တုန်းဝယ်လိုက်တာလဲ?”
တာမောင်းနှင့် အာမောင်းက ရှောင်ယွင်လေးကို ဦးလေးဖုန်းနှင့် မိတ်ဆက်ပေးဖို့ စိတ်စောနေပြီး နံရံပေါ်က စာရွက်ကိုပြလိုက်လေသည်။ ထန်ချွန်းရုံပင်လျှင် မနာလိုဖြစ်သွားခဲ့သည်။
သူက ရင့်ကျက်ချင်ယောင်ဆောင်နေသော်လည်း သူဟာ ဆယ့်တစ်နှစ်အရွယ်သာရှိသေးပြီး တာမောင်းထက် သုံးနှစ်ကြီးသည်။ သူက ယောက်ဖလောင်း၏အပြုအမူနှင့် သူ့အစ်ကို၏စီမံမှုကို သဘောကျသည်။
ထန်ချွန်းရုံနှင့် ကလေးသုံးယောက်က လီဖုန်းညစာစားဖို့ခေါ်သည့်တိုင် ထွက်လာဖို့ တုံ့ဆိုင်းနေကြသည်။ မြင်းမွေးမြူခြင်းက အသိပညာများစွာလိုအပ်ပြီး ဤကလေးများက ၎င်းတို့ကိုနားလည်ကြောင်း ထန်ချွန်းရုံသိသွားခဲ့သည်။
ကလေးသုံးယောက်ကို မြင်းပေါက်ပျိုးထောင်ခွင့်ပေးသည့် သူ့အစ်ကိုကြီးက ပိုလို့တောင် တော်သေးသည်။
သူ့ညီလေးလည်း မြင်းတွေကိုသဘောကျတာ သိလိုက်ရသဖြင့် ထန်ချွန်းမင်က အပြုံးတစ်ခုဖြင့်ပြောလိုက်သည်။ “မင်းလည်း နောင်မှာ လှည်းနဲ့မြင်းရှိလာလိမ့်မယ်။ အခုရှားတော့ရှာသွားပြီ။ အနာဂတ်မှာ သူတို့က အခုလိုမျိုး စျေးကြီးတော့မှာမဟုတ်ဘူး။ ငါတောင် ထိခွင့်ရတော့မယ်မထင်ဘူး။”
အပိုဟင်းလျာများကြောင့် ထန်ချွန်းမင်က တာမောင်းနှင့်အာမောင်းကို ညစာစားဖို့ ခေါ်ထားလိုက်ပြီး အစောပိုင်းက သူ့တိုအိမ်ကို အကြောင်းကြားရန် လီဖုန်းကိုလွှတ်ခဲ့သည်။ ယခုမူ မင်အားမော့၏စကားကိုကြားတော့ တာမောင်းနှင့်အာမောင်းက ထန်ချွန်းရုံကို အာမခံလိုက်လေသည်။
“ဦးလေးလာရင် သားတို့က ရှောင်ယွင်ကိုပေးစီးမှာပါ။” အမှန်မှာ သူတို့မျက်နှာပေါ်တွင် တုံ့ဆိုင်းနေသော အမူအရာများရှိသေးသည်။ တခြားကလေးတွေ မြင်းကိုလာကြည့်သည့်အခါ သူတို့က အနီးကပ်မခံတာကြောင့် ယနေ့မှာတော့ သူတို့က ထန်ချွန်းရုံကို အလွန်ရက်ရောနေခြင်းဖြစ်၏။
ထန်ချွန်းရုံက ရယ်ရယ်မောမောနဲ့ ကလေးသုံးယောက်၏ခေါင်းကို ပုတ်လိုက်သည်။ “ဦလေးက မင်းတို့နဲ့ မပြိုင်ပါဘူးကွာ။ ဒါပေမယ့် မင်းတို့သူ့ကိုဂရုစိုက်ရမယ်နော်။ မဟုတ်ရင် ဦးလေးယူသွားလိုက်မှာ”
သူက လူကြီးဖြစ်တာကြောင့် ကလေးတွေနဲ့ပြိုင်စီးလို့မရပေ။ ထို့အပြင် သူက အနာဂတ်မှာ သူ့ကိုယ်ပိုင်မြင်းရှိလာမယ်ဆိုသည့် သူ့အစ်ကို၏စကားကိုယုံသည်။
ညစာစားပွဲဝိုင်းတွင် ထန်ချွန်းရုံ၏အာရုံက သူ့ယောက်ဖလောင်းဆီသို့ တဖြည်းဖြည်းပြောင်းသွားလေသည်။ သူက သူ့ယောက်ဖလောင်းကို သူ့အစ်ကိုပေါ်ကောင်းလား လေ့လာချင်သေးသည်။
ဤလေ့လာဆန်းစစ်မှုအပြီးတွင် ဤလူသည် သူ၏ကနဦးအထင်အမြင်နှင့် ကွာခြားတာကို သိခဲ့ရသည်။ အိမ်မှာ သူ့အားမူနှင့် သူ့ကို စကားပြောနေစဥ် ထိုလူ၌ တင်းမာသောမျက်နှာထားရှိပြီး နောက်လိုက်များပင် လေးနက်လာသည်အထိ ယဥ်ကျေးလွန်းသည်။ သို့သော် သူ့အစ်ကို၏အိမ်မှာတော့ ထိုလူက စားပွဲဝိုင်းက လူအားလုံးကို ဂရုစိုက်လေသည်။
သူ့အစ်ကိုက သူ့ကိုထမင်းထည့်ပေးပြီး အားလင်းလေးကလည်း ဂရုစိုက်ခံရလေသည်။ သူကိုယ်တိုင်လည်း အကြိမ်ပေါင်းများစွာ ဂရုစိုက်ခံရပြီး သူစားချင်သောဟင်းကို ရွေးချယ်ခွင့်ရသည်။ ထိုလူက သူ့ကို ပညာရှင်တွေ လေ့ကျင့်ခန်းလုပ်ဖို့လိုကြောင်းလည်း ပြောခဲ့သည်။
တချို့လူတွေက အင်ပါယာစာမေးပွဲကိုပင် မဖြေနိုင်ပဲ အခန်းထဲမှ ထုတ်ခံခဲ့ရတယ်လို့ သူကြားခဲ့သည်။
ဒီလူက သူတို့မနက်စာစားပွဲမှာ စကားနည်းခဲ့တဲ့သူလား?
ထန်ချွန်းမင်က မျက်လုံးတဝဲလည်နေသော သူ့ညီလေးကို ပြုံးပြလိုက်တော့ သူ့ညီလေးက ရုတ်ချည်းရှက်သွားလေသည်။ သူ့အစ်ကိုဖြစ်သူက သူ၏လုပ်ရပ်များကို ဖမ်းမိခဲ့သော်လည်း ယင်းမှာ တရားမျှတသည်ဟု သူထင်မိသည်။ သူကသာလျှင် သူ့အစ်ကိုကို စောင့်ရှောက်ရမှာဖြစ်၍ သူ ထိုလူကို အနီးကပ်စောင့်ကြည့်သင့်သည်။
ညစာစားပြီးနောက် လီဖုန်းက စားပွဲနှင့် မီးဖိုချောင်ကိုရှင်းပြီး အချိန်ဖြုန်းမနေပေ။ သူက ညီအစ်ကိုနှစ်ယောက်ကို ပြောလိုက်သည်။ အထူးသဖြင့် သူက ထန်ချွန်းရုံကို ညဘက်မှာသတိရှိရန်နှင့် တစ်ခုခုဖြစ်လာလျှင် သူ့ကိုလာခေါ်ဖို့ သတိပေးလိုက်သည်။ ထို့နောက် သူက အိမ်ပြန်သွားခဲ့သည်။
ယခုတစ်ကြိမ်မှာ ထန်ချွန်းရုံက သူ့ကိုလိုက်ပို့ပေးခဲ့သည်။ သူ့အစ်ကို မကြာခဏနိုးလာတာမျိုး ညသန်းခေါင်မှာ ဗိုက်ဆာလာတာမျိုး… စသဖြင့် ညဘက်မှာ ကြုံရနိုင်သည့် အခြေအနေများကို ပြောပြကာ လီဖုန်းက သူ့အား သူ့အစ်ကိုကိုစောင့်ရှောက်ရန် မှာခဲ့သည်။
“ကျွန်တော်နားလည်ပါတယ်။ အစ်ကို့ကို သေချာစောင့်ရှောက်မှာပါ။” ထန်ချွန်းရုံက သည်းမခံနိုင်တော့၍ ပြန်ဖြေလိုက်ရသည်။ ယင်းမှာ သူ့အစ်ကိုဖြစ်၏။ သူ့အစ်ကိုကို စောင့်ရှောက်ပြီး အပြင်လူလို ကျေးဇူးတင်ခံရမှာလား? အဲ့ဒါက ထန်ချွန်းရုံကို အပြင်လူဖြစ်မသွားစေဘူးလား? သူက စိတ်သဘောထားကျဥ်းမြောင်းလို့မဟုတ်ပါပဲ ဤကြမ်းတမ်းသော လူကြီးက ရုတ်တရက် မြည်တွန်တောက်တီးနေပြီး မဆီလျော်လှပေ။
တံခါးပိတ်ပြီး ခြံထဲရှိသိုးခြံနှင့် မြင်းတင်းကုပ်ကို စစ်ဆေးပြီးနောက် ထန်ချွန်းရုံက အိမ်ထဲဝင်ကာ သူ့အစ်ကိုကိုပြောလိုက်သည်။ “အစ်ကို…. အစ်ကိုလီဖုန်းက အမြဲတမ်းဒီလိုပဲလား?”
“မင်းသူ့ကိုစိတ်မရှည်လို့လား?” ထန်ချွန်းမင်က သူ့ညီ၏မျက်လုံးထဲက ထူးဆန်းမှုကိုတွေ့သည်။ ယခင်က သူလီဖုန်းအပေါ်ထားရှိသော အမြင်မှာ ယနေ့ည သူတွေ့ခဲ့ရတာနဲ့ ကွာခြားမည်ဟု သူခန့်မှန်းမိသည်။
သူက သူ့ညီကို နှစ်သိမ့်လိုက်သည်။ “အတွေးမလွန်နဲ့… မင်းရှင်သန်ရဦးမယ်။ ပြီးတော့ သူ့ရဲ့ပိုင်ဆိုင်မှုတွေကလည်း ငါ့လက်ထဲမှာပဲ။ သူငါ့ကိုအနိုင်ကျင့်မှာ စိုးရိမ်နေတုန်းလား?”
ထန်ချွန်းမင်က လီဖုန်းကို နည်းနည်းလေးချီးကျူးလိုက်သည်။ သူ့ညီလေးက လီဖုန်းအား မလိုမုန်းထားစိတ်နှင့် အမြဲကြည့်ရှုနေမှာကို သူခွင့်မပြုနိုင်ပေ။
“အော်…” ထန်ချွန်းရုံက ဘာပြောရမလဲမသိပဲ မှုန်ကုပ်ကုပ်ဖြေလိုက်သည်။ သို့ဖြစ်၍ သူက အားလင်းကိုဖက်ကာ နှစ်သိမ့်မှုကို ခံယူလိုပေမယ့် အားလင်းက စကားအနည်းငယ်ပြောပြီးနောက် ဦးလေးဖုန်းဘက်ကရပ်တည်ခဲ့သည်။ ထန်ချွန်းရုံက ပင်ပန်းနွမ်းနယ်မှူမလျော့သွားပဲ ပို၍ပင် စိတ်ပူလာခဲ့သည်။ သူ့ယောက်ဖလောင်းက သူ့အစ်ကိုနှင့် သူတူလေး၏နှလုံးသားကို ရပြီးသားဖြစ်၏။
သို့သော် သူ့ယောက်ဖလောင်းက သူ့အစ်ကိုကို ပိုင်ဆိုင်မှုအားလုံးလွှဲပေးထားသည်ကို သူယုံကြည်ပေးရမည်။ အမှန်တိုင်းဆိုရလျှင် လူအနည်းငယ်ကသာ ထိုသို့လုပ်နိုင်မည်။ ထန်ချွန်းရုံက စိတ်မချမ်းမသာဖြစ်နေဆဲပင်။ သူ့အစ်ကိုက ဝတ်ပြုဆုတောင်းနေဆဲဖြစ်တာကြောင့် ကြီးကြီးမားမားလုပ်လို့မရတာသေချာသည်။
သူက သူ့အစ်ကို အမြဲတစေ ဆင်းရဲဒုက္ခခံစားခဲ့ရတယ်လို့ ထင်မိသည်။ သို့ဖြစ်၍ သူအားလင််းကိုဖက်ကာ သူ့အစ်ကိုကိုပြောလိုက်သည်။ “အစ်ကို… ဝတ်ပြုဆုတောင်းကာလပြီးမှ အောင်သွယ်တော်ကို လိုအပ်တဲ့လုပ်ထုံးလုပ်နည်းတွေ လုပ်ခိုင်းလို့မရဘူးလား?” သူ့အစ်ကိုနောက်တစ်ကြိမ်လက်ထပ်လျှင်ပင် တခြားသူတွေမနာလိုဖြစ်ပြီး သူ့အစ်ကိုမျက်နှာရစေမည့် ကြီးကျယ်သောအခမ်းအနားဖြင့် မင်္ဂလာဆောင်သင့်သည်။
ထန်ချွန်းမင်က သူ့ညှီနဲ့စကားပြောနေရင်း အိပ်ရာခင်းနေ၏။ သူ ထိုစကားကြားတော့ ထိုင်ချလိုက်ပြီး လီဖုန်းနဲ့ပတ်သက်ပြီး စိတ်မပူဖို့ပြောလိုက်သည်။
လီဖုန်းမှာ တစ်ကိုယ်ကောင်းဆန်သောလှုပ်ရှားမှုနှင့် ဤဆက်ဆံရေးကို အမြန်ဆုံးတည်ငြိမ်စေချင်ကြောင်း သူသိသည်။ “သူ ပိုက်ဆံတွေအများကြီးယူလာတာကို လီမိသားစုအပါအဝင် ဘယ်သူမှမသိကြဘူး။ ဒါပေမယ့် မကြာသေးခင်က သူ တောင်ဝယ်ဖို့ ငွေပြားတစ်ထောင်သုံးခဲ့ပြီး ငါ့အမည်ပေါက်လဲပေးခဲ့တယ်။ လီမိသားစုက ပုံကြီးမချဲ့ပဲ ထိုင်ကြည့်နေပါ့မလား? အဲ့ဒီလူတွေ ငါ့ကိုလာနှောင့်ယှက်မှာစိုးရိမ်လို့ သူက ပြဿနာတွေကင်းသွားအောင် ဒီဆက်ဆံရေးကို တရားဝင်စေချင်တာ။”
ထန်ချွန်းရုံက အနည်းငယ်အံ့သြသွားသည်။ “အဲ့လောက်တောင်လား? ဒါပေမယ့် အစ်ကိုက လွင်တီးခေါင်တောင်ကုန်းကို ဘာလုပ်ချင်တာလဲ?
ထန်ချွန်းမင်က သူ့ညီလေး၏ခေါင်းကိုပုတ်ကာ ပြောလိုက်သည်။ “ကြက်မွေးမယ်။ သိုးမွေးမယ်။ သီးပင်စိုက်ပြီး ချမ်းသာအောင်လုပ်မယ် မင်းရဲ့အစ်ကိုက အနာဂတ်မှာ ဒေသခံသူဌေးဖြစ်လာမယ်။ မင်းက အင်ပါယာစာမေးပွဲကို မြန်မြန်ဖြေပြီး မင်းအစ်ကိုရဲ့နောက်မှာနေပေး။ ဒါဆိုရင် မင်းအစ်ကိုချမ်းသာလာတဲ့အခါ ဘယ်သူမှမနာလိုမဖြစ်တော့ဘူး။”
“အစ်ကို….” ထန်ချွန်းရုံက ရယ်လိုက်မိသည်။
သူ့ညီငယ်လေးရောက်လာတာကြောင့် ထန်ချွန်းမင်က သူ့အတွက် တစ်ခန်းပြင်ပေးထားသည်။ ထန်ချွန်းမင်က သူ့အခန်းထဲပြန်လာအိပ်ပြီး သူ့ညီပြောတာကို စဥ်းစားနေ၏။ သူက ညသန်းခေါင်ထိ ငိုက်မျဥ်းနေဆဲဖြစ်ကာ သူ့အစ်ကို၏လှုပ်ရှားမှုကို သတိထားနေသည်။ သူက လီဖုန်းမပြန်ခင် ပြောခဲ့တာကို မှတ်ထားသည်။
ထိုအတိုင်းပင် ည၏ဒုတိယအဖြတ်မှာ သူ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ခါနီးတွင် ခြံထဲက အသံတစ်ခုကြောင့် ရုတ်တရက်နိုးလာခဲ့သည်။ ထန်ချွန်းမင်က သူ့ညီလေးအိမ်မှာရှိတာသိသိလျက် ကုတင်ပေါ်မှ ရုတ်ချည်းထထိုင်လိုက်သည်။ သူက သတိလက်လွတ်မဖြစ်ဝံ့တာကြောင့် ပြတင်းပေါက်ပေါ်တက်ကာ အပြင်မှလှုပ်ရှားမှုကို အာရုံစိုက်နားထောင်လိုက်သည်။
ဆူညံသံကိုမကြားရမီ အင်းဆက်နှင့်ဖားသံသာရှိသည်။ ထို့နောက် သူက မြင်းအော်သံ၊ခွေးဟောင်သံနှင့်အတူ ခြံအသစ်ထဲမှ အော်သံယဲဲ့ယဲ့ကို ကြားလိုက်ရသည်။
ထန်ချွန်းမင်က အလွန်ထိတ်လန််သွားပြီး ကမန်းကတန်း တွားသွားကာ ကုတင်ပေါ်မှ လှိမ့်ချလိုက်သည်။ သူ၏ပထမဆုံးတုံ့ပြန်မှုက သူ့ညီလေးနှင့် သူ့သား၏အခန်းထဲ ပြေးဝင်ခြင်းဖြစ်၏။