Chapter 38.2
Viewers 21k

Chapter 38.2

   

ထန်ချွန်းမင်က သူ့ကိုတစ်ချက်ကြည့်ကာ ပြောလိုက်သည်။ “ကျွန်တော်က အရမ်းနုဖက်နေဖို့လား… ခြံတစ်ခုလုံးကိုတောင် တစ်ယောက်တည်းရှင်းနိုင်တယ်သိရဲ့လား”

 

မင်ကောအာက စိတ်သန်မာသည်ကိုသိလျက် လီဖုန်းက အနာဂတ်မှာ သတိထားပြီး လျှော့ပြောသင့်တယ်လို့ တွေးလိုက်မိသည်။ ကံအားလျော်စွာ လီဖုန်းဘာမှမရှင်းပြနိုင်ခင် အားလင်းကပြေးလာပြီး ထန်ချွန်းမင်ကိုကြွားလိုက်သည်။ “ဖေဖေ… တာမောင်းရေချိုးပေး​နေတဲ့အချိန် ကျင်းဖုန်းအော်လိုက်တယ်။”

 

အားလင်းက ရွှင်မြူးသောမျက်နှာဖြင့် ရယ်မောနေသည်။ ထန်ချွန်းမင်က သူ့နဖူးပေါ်က ချွေးနှင့်ရေစက်များကို လက်ကိုင်ပုဝါဖြင့် သုတ်ပေးပြီး ​ပြောလို​က်သည်။ “ငါတို့အားလင်းက အရမ်းတော်တာပဲ။ ဒီတော့မြင်းနာမည်က ကျင်းဖုန်းပေါ့။ အား.. ဖေဖေတောင်မသိလိုက်ဘူး။”

  

“ကျင်းဖုန်းက အရမ်းခွန်အားကြီးတယ်။ ကျင်းဖုန်းက ကန်ချက်တစ်ချက်နှင့် သူ့အသက်ကိုကယ်တင်ခဲ့တယ်လို့ ဦးလေးဖုန်းကပြောတယ်။” တာမောင်းက အမူအရာလုပ်ပြရင်းပြောလိုက်သည်။ “သူက မြောက်ဘက်က လူရိုင်းကိုကန်ခဲ့တာ။”

 

ကလေးတော်တော်များများက မြင်းကိုကြိုက်တာ အံ့သြစရာမရှိပေ။ ယင်းမှာ ဤမျှလောက်အံ့ဖွယ်ကောင်းသော သမိုင်းကြောင်းရှိနေခဲ့သည်။ ထန်ချွန်းမင်က လီဖုန်းဘက်လှည့်ကာ မေးလိုက်သည်။ “ကျင်းဖုန်းနာမည်နဲ့ မြင်းက သူရဲကောင်းပဲ။ ခင်ဗျားနာမည်ပေးထားတာမလား… ဘာလို့ ဒီလောက်အထာကျတဲ့နာမည်ကို ရွေးခဲ့တာလဲ? ကြည့်… သူတို့အိမ်မှာ ရှောင်ဟွာ၊ရှောင်သိုက်၊ ရှောင်ဟေးရှိတယ်.. ဘယ်လောက်တောဆန်လိုက်လဲ… ကျင်းဖုန်းဆိုတဲ့ မြင်းနာမည်က မကောင်းလွန်းဘူးလား? 

 



လီဖုန်းက အမြန်ရှင်းပြလိုက်သည်။ “ကျင်းဖုန်းဆိုတာ ကိုယ့်ကိုကယ်ခဲ့တဲ့ သမားတော်ကပေးခဲ့တာ။ ကိုယ့်လိုလူကြမ်းကြီးက ဒီလိုနာမည်ကောင်းကို စဥ်းစားလို့ရပါ့မလား? ကျင်းဖုန်းက အဲ့ဒီတုန်းက မြက်ခင်းပြင်မှာ ထိန်းကျောင်းခံရတဲ့ မြင်းတစ်ကောင်ပဲ။ အဲ့ဒီတောရိုင်းမြင်းက မထွက်သွားပဲ ကိုယ့်နောက်နေလို့ ယွိမုက တင်းကျိုးခရိုင်ကနေ ပို့ပေးခဲ့တာ။””

 

မှန်ပါတယ်…အထာကျလွန်းတယ်ပြောရင် သူ့အဆင့်ကိို နိမ့်တယ်လို့ပြောသလို ဖြစ်သွားမယ်မလား? “ကျင်းဖုန်းလား? ဒါက နာမည်ကောင်းပဲ။ သူအပြေးမြန်မှာပေါ့။ ဒါနဲ့ ကျင်းဖုန်းက မြင်းထီးလား… ကလေးမွေးနိုင်လား?”

ထန်ချွန်းမင်က ကျင်းဖုန်းကို စိတ်ဝင်တစားကြည့်လိုက်သည်။ သူက ခေါင်းငုံ့ကြည့်လိုက်ပြီး လီဖုန်းရှင်းပြစရာမလိုပဲ သိလိုက်သည်။ “ဒါက မြင်းထီးပေါ့… ကလေးမမွေးနိုင်ဘူး။” အားလင်း၊ တာမောင်းနှင့် အာမောင်းတို့က သဘောကျပုံရ၍ ၎င်းက ကလေးမွေးနိုင်လျှင် အနာဂတ်မှာ အားလင်းစီးလို့ရသည်။ သူက ဤမျှလောက်ရှည်သောမြင်းကိုတော့ စီးနိုင်မှာမဟုတ်ပေ။



“အဆင်ပြေပါတယ်…နောက်တစ်ခါကလေးတွေစီးလို့ရအောင် မြင်းပေါက်စလေးရှာပေးမယ်။” လီဖုန်းက သူ့ထင်မြင်ချက်ကို ချက်ချင်းပင် ထုတ်ပြောခဲ့သည်။

  

“တကယ်လား? ဦး​လေးလီဖုန်း! ဘယ်တော့ဝယ်မှာလဲ….. ထန်ချွန်းမင် ဘာမှမပြောနိုင်ခင် ကလေးတွေက ပြဿနာရှာပြီး မြင်းပေါက်စလေး ချက်ချင်းဝယ်ပေးရန် လီဖုန်းနားမှာ တွတ်ထိုး​​​ပြောဆိုနေသည်။ ကျင်းဖုန်းကိုတော့ သူတို့စီးချင်ပေမယ့် သူတို့က ကျင်းဖုန်းလောက် အရပ်မရှည်၍ စဥ်းစားလို့မရပေ။ ဦးလေးဖုန်းနှင့်အတူလိုက်စီးရင်တော့ ရပါသည်။

  

“​နောက်တစ်ကြိမ် ခရိုင်မြို့ကို သွားတဲ့ချိန်ထိစောင့်ရမယ်။”

  “အို!... ကောင်းလိုက်တာ!”

 

နောက်တော့ ကျန်းရှို့ကသိသွားပြီး ထန်ချွန်းမင်ကို လက်တို့ကာ ပြောဆိုလိုက်သည်။ “သူတို့ကို အဲ့လောက်အလိုလိုက်နေတာ။ မြင်းတွေက ဘယ်လောက်တန်ဖိုးကြီးလဲ မင်းမသိပါဘူး။ ငါတို့ရွာက သူတို့ကို ဘယ်လိုမွေးမြူနိုင်မှာလဲ?”

 

ထန်ချွန်းမင်က အပြစ်ကင်းသယောင်ဆောင်လိုက်သည်။ “ကျွန်တော်ပြောတာမဟုတ်ဘူး။ သူက ကလေးတွေကို ကတိပေးထားတာ။ သူကတိဖျက်လို့ မရဘူး။” တကယ်တော့ သူက ရွာဝင်ဝမှာ ရပ်အော်လိုက်ချင်သည်။ ယခု သူက သူ့အိပ်ကပ်ထဲတွင် ငွေထောင်ပေါင်းများစွာရှိသော သူဌေးဖြစ်၏။ ဒါတောင် ဆင်းရဲမွေတေချင်ယောင်ဆောင်ထား၏။

  

“ဒါဆို မင်း လီဖုန်းကို လုပ်ချင်တာလုပ်ခွင့်မပေးနဲ့လေ။ ပိုက်ဆံကို ကျစ်ကျစ်ပါအောင်စုထား။ ပြီး​တော့ ​ပြောပါရစေဦး။” ကျန်းရှို့က ထန်ချွန်းမင်ကို အိမ်မှုစီမံခန့်ခွဲရေး အတွေ့အကြုံမျှဝေလိုက်သည်။ ထိုလူက သူ့အမှားတွေကို ထပ်ခါထပ်ခါ သတိ​ပေးနေ၏။ ကျန်းရှို့က ဤအရာကိုပြောသည်မှာ အကြောင်းရှိသည်။ မင်ကောအာ၏ စိတ်ဓာတ်က ယခုချိန်မှာ အများကြီးပြောင်းလဲသွားသော်လည်း ကျောက်တာဟူနဲ့ အတူရှိစဥ်ကလို သည်းခံနေမှာကို စိုးရိမ်သည်။ 

  

“စိတ်မပူပါနဲ့။ ကျွန်တော်နားလည်ပါတယ်။ သူက သူ့ပိုက်ဆံတွေအားလုံးကို ကျွန်တော့်ဆီမှာ အပ်ထားတာ။ ဒါကြောင့် သူငွေသုံးချင်ရင် ကျွန်​တော့်ဆီက တောင်းမှရမယ်။ ဒီတစ်ခါက ကလေးအတွက်ပါ… မဟုတ်ရင် သူရမှာမဟုတ်ဘူး။” ထန်ချွန်းမင်က တံခါးဝမှဖြတ်သွားသော ပုံရိပ်ကိုကြည့်ကာ ကျန်းရှို့၏စကားကို တုံ့ပြန်သည့်အနေဖြင့် သူ့ပါးစပ်က တွန့်ကွေးသွားခဲ့သည်။ ကျန်းရှို့က တံခါးကိုကျောပေးထား၍ တံခါးအပြင်ဘက်က မြင်ကွင်းကို သတိမထားမိခဲ့ပေ။

  

“တကယ်လား?” ကျန်းရှို့က လီဖုန်းဒီလိုလုပ်မယ်လို့ မထင်ထားပေ။ သူ့အပေါ်ထားရှိသည့် မင်ကောအာ၏သဘောထားက မကြာသေးမီက ပြောင်းလဲသွားခဲ့တာ မဆန်းတော့ပေ။ အ​ကြောင်းအရင်းက ရှိနေခဲ့သည်။ ဤဉာဏ်ကောင်းသည့်အမျိုးသားက အထင်ကြီးစရာပင်။

  

“ဒါပေါ့” ထန်ချွန်းမင်က ပြုံးလိုက်သည်။

  

“ဒါဆိုတော်သေးတာပေါ့။ ဒါပေမယ့် နောင်မှာလည်း ဖောဖောသီသီမသုံးစွဲနဲ့။ ပိုက်ဆံစုပြီး မြေကောင်းကောင်းလေးတွေဝယ်​ပါ။ တောင်ပေါ်မြေတွေက အများကြီးမထွက်ဘူး။” ကျန်းရှို့က သေချာသတိပေးလိုက်သည်။



“သိပါတယ်” ထန်ချွန်းမင်က ကျန်းရှို့ သူ့ကိုတကယ်ဂရုစိုက်တယ်လို့ ထင်မိသည်။



ထန်ချွန်းမင်က လုံးလုံးအားနေလျှင်ပင် အလုပ်မရှိ အလုပ်ရှာကြံတတ်သည်။ လီဖုန်းက သူ့ကို​ ​​ကြောက်လန့်တကြား ကြည့်နေရုံသာတတ်နိုင်သည်။ ယင်းက စစ်မြေပြင်မှာ လူရိုင်းတွေကို သတ်တာထက်ပင် အန္တရာယ်ပိုများသည်။ ဒီကောလေးက ဘာလို့ဒီလောက်မနာခံရတာလဲ?

 

ထန်ချွန်းမင်က လီဖုန်း၏ထိတ်လန့်မှုကို လုံးဝသတိမထားမိခဲ့ပေ။ သူက ခြံထဲမှာစိုက်ထားသော ချယ်ရီပင်ကို ကျေနပ်စွာကြည့်နေသည်။ ဤအရာများက လီဖုန်းယူလာပေးခဲ့သော သီးပင်မျိုးစေ့များဖြစ်သည်။ သူက ၎င်းတို့ကို မစိုက်ခင်က အစားထိုးထားခဲ့သည်။ နေရာလွတ်ထဲက သီးပင်များကိုလည်း အစားထိုးစိုက်ပျိုးထားသည်။ နေရာလွတ်ထဲက အသီးများမှာ အရည်အသွေးမြင့်သော အသီးအနှံများဖြစ်သည်။ ဤသို့ဖြင့် အသီးအနှံတွေက အရသာရှိရှိ ထွက်လာမည်ဖြစ်သည်။

 

စပျစ်နွယ်ပင်များကို အစောဆုံးစိုက်ပျိုးထားသည်။ အမည်ခံအားဖြင့် ၎င်းတို့က ​တောင်ပေါ်မှသယ်ဆောင်လာသော တောရိုင်းစပျစ်နွယ်ပင်များဖြစ်ပြီး ထိုးထွက်စပြုလာပြီဖြစ်၏။ ထန်ချွန်းမင်က ထိုနေရာကို လက်ညွှန်ပြကာ ပြောလိုက်သည်။ “ဒီနေရာမှာစင်ဆောက်ဖို့ လိုတယ်။ ရာသီဥတုကပူပြီး စပျစ်နွယ်ပင် အမြန်ဆုံးတက်လာပြီး နွေရာသီမှာ စပျစ်သီးတွေပေါက်လိမ့်မယ်။”

  

လီဖုန်းက တာဝန်ကို မဆိုင်းမတွ ခေါင်းညိတ်လိုက်သည်။ ဤကောအာလေး ငြိမ်ငြိမ်နေသရွေ့ သူဘာမဆိုလုပ်လိုက်မည်။ စစ်မြေပြင်မှာ လေ့ကျင့်ခဲ့သော စူးရှရှမျက်လုံးများဖြင့် တွေ့ရှိခဲ့သည့် မူမမှန်မူကို​တော့ သူလျစ်လျူရှုလိုက်လို့ရသည်။

  

“ခင်ဗျား..” ထန်ချွန်းမင်က လီဖုန်း၏အကူအညီဖြင့် ထိုင်ချကာ လီဖုန်း၏ခြေထောက်ကိုကန်ပြီး ပြောလိုက်သည်။ “အ​နောက်ကတောင်ကိုဝယ်ဖို့ ဘယ်လောက်ကုန်ကျမလဲ? အခုထိလည်း ပိုင်ရှင်မရှိသေးဘူးမလား?”

  



လီဖုန်းက သူ့ကောလေး၏ အပြုအမူလေးကို စိတ်မဆိုးပဲ သူ့မျက်လုံးထဲတွင် ရင်းနှီးမှုပြုသည့် လက္ခဏာတစ်ခုရှိတယ်လို့ပင် ထင်မြင်ခဲ့သည်။ သို့သော် အခေါ်အဝေါ်နဲ့ပတ်သက်ပြီး ဖြေရှင်းဖို့ အချိန်ကျပြီမို့ သူက ရုပ်တည်ဖြင့် ​ပြောလိုက်သည်။ “အားဖုန်း…ဒါမှမဟုတ် အစ််ကိုဖုန်းလို့ခေါ်။”

  

“ဘာကြီး?” ထန်ချွန်းမင်က ခဏလောက် မတုံ့ပြန်နိုင်ခဲ့ပေ။ သူက တောင်ဝယ်ဖို့ကိစ္စပြောနေတာမဟုတ်ဘူးလား?

 

လီဖုန်းက မင်ကောအာ၏လက်ကိုဖမ်းဆုပ်ရန် ရဲဆေးတင်လိုက်ပြီး သူ့နားရွက်ဖျားက မသိမသာနီရဲနေခဲ့သည်။ သူ ယခင်က ရုပ်ပိုင်းဆိုင်ရာထိတွေ့မှုမရှိခဲ့ဖူးပေ။ သူက သူ့ကို ပွေ့ချီခဲ့ဖူးပေမယ့် ထိုအချိန်က ထိတ်လန့်နေတာကြောင့် သူက သူ့လက်ရှိစိတ်အခြေအနေကို နားမလည်နိုင်ခဲ့ပေ။ လီဖုန်းက သူ့လက်ကိုထိလိုက်သောအခါ ဓာတ်လိုက်သလိုမျိုး ထုံကျင်မှုကို ခံစားလိုက်ရသည်။ ဓာတ်လိုက်ခံရတဲ့ ခံစားချက်က ဘယ်လိုမျိုးလဲ လာမမေးနဲ့။ သူက မုန်တိုင်းတိုက်ရင်လည်း မိုးကြိုးပစ်ခံရဖူးသည်။ 

 

ထန်ချွန်းမင်က သူ့လက်ကိုတင်းတင်းဆုပ်ကိုင်ထားသည့် ထိုလူကို မှင်တက်စွာ ငေးကြည့်လိုက်သည်။ ထို့နောက် ထိုလူ၏ရှင်းပြချက်ကို နားထောင်လိုက်ရသည်။ “ကိုယ်က မင်းထက်အသက်ကြီးတယ်။ မင်းကိုယ့်ကို အစ်ကိုဖုန်းလို့ခေါ်သင့်တယ်။”



ထန်ချွန်းမင်က ရုတ်တရက်ထရယ်လိုက်သည်။ ဤတစ်​ကြိမ်တွင် သူက ရှက်သွေးဖြာနေသော ထိုလူကိုမြင်လိုက်ရပြီး သု့မျက်လုံးများက အချိန်တိုင်းလိုလို အန္တရာယ်များပြည့်နှက်နေသည်။ ထန်ချွန်းမင်က ပါးစပ်ဖွင့်ကာပြောလိုက်သည်။ “ဟုတ်ကဲ့ပါ…အစ်ကိုဖုန်း…” အစ်ကိုလို့ခေါ်တာ အသားပဲ့မပါသွားပေ။ ထို့အပြင် သူက ထိုလူ၏ရှက်ရွံ့နေသော အမူအရာကိုမြင်ရသဖြင့် ထိုက်တန်ပါသည်။

  

“အင်း…” လီဖုန်း၏ပါးစပ်ထောင့်က တွန့်ကွေးသွားပြီး သူက သူ့ကောလေး၏ တက်ကြွသောအမူအရာကို သဘောကျတာကြောင့် ခဏလောက်စဥ်းစားပြီး ထပ်ပြောလိုက်သည်။ “မင်ကောအာ”

 

အို… သူတို့က တစ်ယောက်နဲ့တစ်ယောက်ခေါ်ဝေါ်ဖို့ နည်းတစ်ခုလိုသည်။ မဟုတ်ပါက သူက သူ့ကို “ခင်ဗျား”လို့ပဲ ခေါ်မိနေမည်။ သူက သူ၏ခေါ်သံကို ကြားလိုက်ရပြီး သူ့လက်က သန်မာထွားကြိုင်းသော လက်ဖဝါးကြီးထဲကို ရောက်သွားခဲ့သည်။ ထန်ချွန်းမင်က အချစ်၏အရသာကို အမှန်တကယ်မြည်းစမ်းခဲ့ရသည်။ ၎င်းက ရိုးရှင်းသော်လည်း ခိုင်မာမှုနှင့် စိတ်အေးချမ်းမှုရှိသည်။

 

ထိုအကြောင်းစဥ်းစားလိုက်တော့ ထန်ချွန်းမင်က လီဖုန်း၏လက်ဖဝါးကို သူ့လက်ချောင်းများဖြင့် ကလိထိုးလိုက်သည်။ လီဖုန်းက မီးလောင်သွားသလို ထခုန်မတတ်ဖြစ်သွားပြီး သူ့လည်ပင်းနှင့်နားရွက်က နီရဲလာပေမယ့် သူက လွှတ်ပေးဖို့ဝန်လေးခဲ့သည်။ သူ့ကောလေးက ရဲတင်းလွန်းပြီး ထိုအကြောင်းကို အပြင်လူတွေသိလို့မဖြစ်ပေ။ လီဖုန်းတစ်ယောက်တည်းကသာ သိရမည်။

 

သူတို့နှစ်ဦးက မဆောက်ရသေးသော စ​ပျစ်ပင်အောက်၌ ထိုင်နေပြီး တစ်ယောက်က ပြုံးနေကာ တစ်ယောက်ကတော့ တင်းမာသောမျက်နှာဖြင့် တည်ငြိမ်ချင်ယောင်ဆောင်နေသည်။ အရွယ်ရောက်ခါစ အဖြူရောင်ဘဲနှစ်ကောင်က သူတို့ဘေးမှာ လှုပ်လှုပ်ရွရွလျှောက်သွားနေ၏။ အားလင်းက ရှောင်ဟွာကို ခြံဝင်းတစ်ဝိုက်လိုက်ဖမ်းနေပြီး ရယ်သံများ ရံဖန်ရံခါထွက်ပေါ်လာသည်။ ရှောင်သိုက်က ​နောက်ကလိုက်နေပြီး ခဏခဏလဲကျသွားပေမယ့် ယခုတော့ သူ့ဘာသာသူ ရုန်းထဖို့ ရုန်းကန်ရန်သင်ယူနိုင်ခဲ့သည်။

 

ခြံဝင်းငယ်လေးက နွေးထွေးပြီး သက်တောင့်သက်သာရှိသည်။

 

ကျောက်လောင်စန်းက နွားလှည်းပေါ်မှာထိုင်ကာ အန်ဖျင်ခရိုင်မှပြန်လာခဲ့သည်။ ရံဖန်ရံခါ လူတွေက သူ့ကိုနှုတ်ဆက်နေပြီး သူ့ကို ကျောက်ရှို့ချိုက်လို့ ခေါ်​နေတာကြောင့် သူဟာ အလွန်အမင်းကျေနပ်ခဲ့သည်။

  

“ဟေး… ကျောက်ရှို့ချိုက်ပြန်လာပြီ… ငါတို့က မင်္ဂလာဝိုင်သောက်ဖို့ မျှော်နေတာ။”

  

“ရှိလာမှာပါ။ စိတ်မပူပါနဲ့။ ကျွန်တော်အားလုံးကိုဖိတ်ပါ့မယ်။” ကျောက်လောင်စန်းက လက်သီးဆုပ်ကာ ပြုံးလိုက်သည်။

  



“မှန်ပါတယ်.. ကျောက်မိသားစုက အခုချမ်းသာတဲ့မိသားစုဖြစ်ပြီးတော့ ရှန်းမိသားစုနဲ့ဆို ပိုပြီး ကြီးကျယ်ခမ်းနားလာမှာပါ။ ကျောက်ရှို့က ငါတို့စိတ်တိုင်းကျသောက်ဖို့ တစ်ဝိုင်းပြင်ပေးရမယ်​နော်။”

  

“ဘယ်သူ…” ရို့ကျိုးသလို သရုပ်ဆောင်နေသော ကျောက်လောင်စန်းက ရုတ်တရက် ရှန်းတာဟူ၏နာမည်ကို ကြားလိုက်ရသည်။ သူ့မျက်နှာက ရုတ်တရက်အေးခဲသွားကာ မဝံ့မရဲမေးလိုက်သည်။ “ရှန်းတာဟူရဲ့မိသားစုလား?”

  

“ဟုတ်တယ်… လက်ထပ်ပွဲကို ဆုံးဖြတ်ပြီးပြီလော..ဒါကို မင်းက ငါတို့ကို ဖုံးကွယ်ထားချင်တာလား? ကျောက်ရှို့ချိုက်… မရှက်ပါနဲ့။ ဒါက ငါတို့ဖျင်ရှန်မှာ ပထမတန်းစားလက်ထပ်ပွဲပါ။ ဟားဟား … ကျောက်ရှို့ချိုက်… အိမ်ကိုမြန်မြန်ပြန်တော့။ ဘိုးဘိုးကျောက် မစောင့်နိုင်တော့ဘူး။”

 

အိမ်အပြန်လမ်းတွင် ကျောက်လောင်စန်းက မပြုံးပြတော့ပဲ မှုန်ကုပ်နေတာကို ရွာသားများ သတိထားမိခဲ့သည်။ သူက မှုန်မှိုင်းနေသောမျက်နှာနှင့် မျက်လွှာချကာထိုင်နေ၏။ သူက ဘိုးဘိုးကျောက်နဲ့တောင် တူနေသလိုပင်။ သူတို့က သားအဖတွေမလား? သူ့မှာ ကွဲပြားသောစိတ်အခြေအနေရှိလျှင် ထန်ချွန်မင်း၏ အိမ်တံခါးဝမှ ဖြတ်လာရင်း မော့ကြည့်မိမှာဖြစ်၏။ ယခု ကျင်းကျိစားသောက်ဆိုင်လုပ်ငန်းရပ်သွားတော့ ထိုကော၏အခြေအနေကို ကြည့်ချင်ခဲ့ပေမယ့် ယခုချိန်တွင် သူ့မှာ ထိုအကြောင်းကိုဂရုစိုက်ဖို့ပင် အချိန်မရှိပေ။