Chapter 38.3
Viewers 21k


Chapter 38.3 

  

သူစေ့စပ်ဖို့အလျင်မလိုဘူးလို့ ထွက်မသွားခင် သူ့အားမူကိုပြောခဲ့တယ်မလား? ဒါမှမဟုတ် တစ်ဖက်လူက နားကြားမှာပြီး စေ့စပ်ကြောင်းလမ်းလိုက်တာလား?

 

ကျောက်မိသားစုအား မြှောက်ပင့်ဖားယားနေခဲ့သော လူတွေက ဘိုးဘိုးကျောက်အား ပညာရှင်သားလေးပြန်ရောက်လာပြီလို့ သတင်းပေးခဲ့သည်။ သို့ဖြစ်၍ နွားလှည်းက ရွာနောက်ဘက်ရှိ ကျောက်မိသားစုတံခါးဝရောက်လာချိန်၌ ဘိုးဘိုးကျောက်က သူ့သားကိုနှုတ်ဆက်ဖို့ တံခါးနားမှာရပ်နေခဲ့သည်။ “စန်းအာ… မင်းပင်ပန်းနေပြီလား? ခရိုင်မြို့ကိုသွားရတာလွယ်မှာမဟုတ်ဘူး။ လာပါ..အထဲဝင်ပြီး အနားယူလိုက်.. ဖေဖေ မင်းအတွက် ကြက်သားစွပ်ပြုတ်ချက်ပေးမယ်။”

 

ဝမ်ချွန်းဟွာသည်လည်း သူ့သားကိုချီကာ နောက်မှာရှိနေသည်။ အပြင်ထွက်မလာခင် သူက သူ့သား၏နားရွက်ကိုကိုင်ကာ သူ့ဘိုးဘိုးနှင့် ဦးလေးငယ်ကို ​နှစ်သိမ့်ပေးဖို့ အကြိမ်ကြိမ်ပြောခဲ့သည်။ ယခုမှစ၍ သူ့အနာဂတ်က သူ့တတိယဦးလေးအပေါ်မူတည်သည်။ ကျောက်သုန့်က အမြဲတမ်းဝန်လေးနေခဲ့သည်။ သူက အလိုလိုက်ခံရတာကို နေသားကျနေသော်လည်း သူဟာ အလိုက်ထိုက်နေတတ်သော လူငယ်ဖြစ်သည်။ သို့ပေမယ့် ဝမ်ချွန်းဟွာက သူ့ကိုပြောခဲ့သည်။ “မင်းအနာဂတ်မှာ စိုးရိမ်ပူပန်ပြီး အသက်ရှင်ချင်လား ဒါမှမဟုတ် အသားဝယ်ဖို့ ပိုက်ဆံပိုရချင်လား? အစားအသောက်ပြတ်လတ်မှုမရှိတဲ့နေ့မျိုးကို လိုချင်လား? မြို့ထဲမှာ ပျော်ရွှင်တဲ့ဘဝရှိချင်လား ဒါမှမဟုတ် လယ်စိုက်ဖို့ ကျေးလက်မှာ​နေချင်လား?”



ထိုစကားကြားပြီးနောက် ကျောက်သုန့်က မကန့်ကွက်နိုင်ခဲ့ပေ။ ယခု ရွာထဲက ကလေးတွေက သူ့ကို မငြင်းဆန်တော့ပဲ သူက ဘဝကောင်းမှာ နေထိုင်ရသည်။ ဤအရာအားလုံးက သူ့ဦးလေးကြောင့်ဖြစ်၏။ သူ့ဦးလေးငယ်က မြို့ထဲသို့ အခေါက်ခေါက်အခါခါ ပြေးလွှားနေသည်ကိုမြင်လျှင် သူဘယ်လိုမှ မငြူစူနိုင်တော့ပေ။ ထို့ကြောင့် ယခုချိန်တွင် သူ့အမူအရာက ခါတိုင်းထက်ရိုးသားနေသည်။

 

ကျောက်လောင်စန်းက နွားလှည်းပေါ်ကဆင်းပြီး ငှားခပေးကာ ဘိုးဘိုးကျောက်ကို အေးစက်စက်​ပြောလိုက်သည်။ “ဖေဖေ… ခင်ဗျား ရှန်မိသားစုရဲ့ လက်ထပ်ခွင့်တောင်းတာကို လက်ခံလိုက်တာလား?” အသံကျယ်လာသည်နှင့် ဒေါသတိုးလာသည်။ ဘိုးဘိုးကျောက်က ခေါင်းကိုက်သလို ခံစားလိုက်ရသည်။ တတိယဦးလေးက သူ့ကိုဆူခဲ့ပေမယ့် တတိယဦးလေးက သူ့ဆွေမျိုးဖြစ်နေဆဲပင်။ သူက ရှန်မိသားစုနဲ့လက်ထပ်ပွဲကို ဆိုးရွားသည်ဟု မထင်ပေ။

 

ထိုသို့တွေးလိုက်တော့ သူက ယုံကြည်မှုပိုရှိလာသည်။ “မင်းဘာလို့ လက်မခံနိုင်ရတာလဲ? မင်းနောင်မှာ ပိုက်ဆံသုံးချင်ရင် ရှန်းမိသားစုက ငွေတစ်ထောင်နီးပါးရှိတဲ့ လယ်မြေငါးဧကနဲ့ ဆိုင်နှစ်ဆိုင်ကိုပေးမယ်လို့ပြောတယ်။”

   

“ ငွေတစ်ထောင်နီးပါးက လက်ထပ်ပြီးရင် မင်းရသွားမှာ။ ငါ ဒါတွေအားလုံးကိုစီစဥ်ပေးထားရတာကို မင်းက ငါ့ကိုအပြစ်တင်ချင်တာလား?”

  

“ဟုတ်တယ်…ယောက်ဖ… ဘိုးဘိုးက မင်းအတွက်စဥ်းစားပေးနေတာပဲမလား? ရှန်းမိသားစုရဲ့​ကောအာလေး လက်ထပ်ရင် မင်းနဲ့ ဘိုးဘိုးကျောက်က ကံကောင်းမှုကို ခံစားရမှာ။ မင်းက ပညာရှင်ဖြစ်နေပြီမို့ ဘိုးဘိုးကျောက်ကို ဒုက္ခခံခွင့်မပေးနဲ့တော့လေ။” ဝမ်ချွန်းဟွာက ကူရှင်းပြပေး​နေသည်။ ဘယ်လိုဟာသလဲ… သူကသာလျှင် လက်ထပ်ပွဲဖြစ်မြောက်အောင် တွန်းအားပေးခဲ့တဲ့သူပဲ… ရှန်းမိသားစုက ဘယ်လောက်တောင် ချမ်းသာလိုက်လဲလေ…

 

သူက အင်မတန်မနာလိုဖြစ်ခဲ့သည်။ သူက ယောက္ခထီးဘက်ကဆိုတော့ အနာဂတ်မှာ တာဟူအတွက် လွယ်ကူသည့်အလုပ်တစ်ခုကို စီစဥ်ပေးလို့ရလျှင် သူတို့ပိုက်ဆံပြတ်တော့မှာမဟုတ်ပေ။ ဝမ်ချွန်းဟွာ၏ဖျောင်းဖျမှုနှင့် အောင်သွယ်တော်လည်းရှိနေ၍ အောင်သွယ်တော်ပေးခဲ့သော ငွေကြေးမက်လုံးပါထည့်ပေါင်းလျှင် ဘိုးဘိုးကျောက်က ငြင်းဆန်စရာမရှိခဲ့ချေ။

 

ကျောက်လောင်စန်းက ဒေါသထွက်လွန်းတာကြောင့် သူ့ခန္ဓာကိုယ်က တုန်လှူပ်နေခဲ့သည်။ သူ့အားမူက ပိုက်ဆံကြောင့် သွေးဆောင်ခံရမှာကို စိုးရိမ်တာကြောင့် သူက လက်ထပ်ပွဲအကြောင်းကို နောက်မှဆွေးနွေးဖို့ အထူးတလည် ပြောပြခဲ့တာဖြစ်၏။ သူ့တတိယဦးလေးက ဘေးမှကြည့်နေသဖြင့် သူ့အားမူက ရှန်းမိသားစု၏လက်ထပ်ခွင့်ကို ချက်ချင်းသဘောတူလိုက်မည်ဟု မထင်ခဲ့ပေ။ 

        

ယခုတော့ သူက ခရိုင်မြို့ကိုသွားချင်ပေမယ့် သူ့အားမူက သူ့ကို ပြန်ဆွဲထားခဲ့သည်။ ကျောက်လောင်စန်းက ဝမ်ချွန်းဟွာကို ဖော်ပြလို့မရသည့်မျက်ဝန်းဖြင့် စိုက်ကြည့်လိုက်သည်။ “ခင်ဗျား ကျုပ်အားမူကို သွေးဆောင်ခဲ့တာမလား… ကျုပ်ထွက်မသွားခင်က သူကျုပ်ကို ကတိပေးထားပြီးသား… သူ့စိတ်က ဘယ်လိုပြောင်းသွားတာလဲ?” ဝမ်ချွန်းဟွာက ဖုံးကွယ်လို့မရခဲ့ပေ။ အရင်တုန်းက သူ့လှည့်ကွက်တွေက သူ့ကိုမထိခိုက်သရွေ့ သူက မျက်ကွယ်ပြုထားခဲ့ပေမယ့် ယခုမူ သူက သူ့ကို ပစ်မှတ်ထားနေခဲ့သည်။ ဘယ်လောက်တောင် စိတ်ပျက်ဖို့ကောင်းလိုက်လဲ! i

  

“တတိယညီ…မင်းဘာတွေပြောနေတာလဲ? ဘာလို့ဒီလိုပြောနိုင်ရတာလဲ? မင်းအိမ်ကထွက်သွားတော့ ငါ့ကောနဲ့ ငါက ဖေဖေ့ကို ဂရုစိုက်ထားရတာ။ ပြီးတော့ မင်းအတွက် စားဖို့သောက်ဖို့လည်း​ ​ထေက်ပံ့ခဲ့တယ်။ မင်းကျေးဇူးမသိရင်တောင် ငါတို့က မင်းထက်ကြီးတာကိုတော့ သတိရသင့်တယ်။” မမျှော်လင့်ထားစွာပင် အမြဲတမ်းတိတ်ဆိတ်နေသော ကျောက်တာနျိုက ထွက်အော်ခဲ့သည်။

 

နောက်ကလိုက်လာသော ရွာသာများက ပျော်ရွှင်စရာကိစ္စကြောင့် ကျောက်မိသားစု စိတ်လှုပ်ရှားနေမယ်လို့ ထင်ခဲ့ကြသည်။ မထင်မှတ်ထားသည်မှာ သူတို့က စိတ်လှုပ်ရှားမှုကိုမြင်သော်လည်း သူတို့မျှော်လင့်ထားတာနဲ့မတူပေ။ ဝမ်းသာစရာအဖြစ်အပျက်မဟုတ်ပဲ ရန်ဖြစ်တာနဲ့တူနေ၏။

 

ကျောက်လောင်စန်းက ပို၍ပင် ဒေါသထွက်လာခဲ့သည်။ အမြဲတမ်းတုံးအပြီး အညံ့ဆုံးဖြစ်သည့် ကျောက်တာနျိုကလည်း သူ့ကိုချေပဝံ့ပေမယ့် သူက ဤအခြေအနေကို တခြားလူများမြင်သွားမှာ မလိုလားတာကြောင့် ဒေါသထိန်းကာ ခြံထဲသို့လျှောက်သွားလိုက်သည်။ ကျောက်လောင်စန်းနှင့် ဘိုးဘိုးကျောက်က သူ့နောက်လိုက်သွားခဲ့သည်။ ဝမ်ချွန်းဟွာက နှုတ်ခမ်းတွန့်လိုက်ပြီး နောက်ဆုံးတွင် လျှောက်လိုက်သွားရင်း အပြင်ဘက်က အိမ်နီးချင်းများကို လှမ်းအော်လိုက်သည်။ “ငါတို့တတိယညီက သတို့သားဖြစ်တော့မှာမို့ ရှက်နေရုံပါ။ အင်း… ရက်သတ်မှတ်ပြီးတာနဲ့ ငါမင်းတို့ကို အရက်သောက်ဖို့ ဖိတ်လိုက်ပါမယ်” ထို့နောက် သူက တံခါးပိတ်လိုက်လေသည်။

  

“မင်း….” ကျောက်လောင်စန်းက ဒေါသထွက်လွန်းလို့ မျက်နှာပျက်နေသည်။ ဘေးမှာ အပြင်လူမရှိတော့၍ ကျောက်လောင်စန်းက မထိန်းနိုင်တော့ပဲ အော်လိုက်လေသည်။ “ဒီစေ့စပ်ကြောင်းလမ်းမှုကို ချက်ချင်းဖျက်သိမ်းပေးပါ။ ပြီးတော့ အစ်ကိုကြီး… ခင်ဗျားကိစ္စခင်​ဗျားလုပ်ပါ။ ကျုပ်အိမ်ထောင်ရေးက ခင်ဗျားဆုံးဖြတ်ရမှာမဟုတ်ဘူး။ ကျောက်မိသားစုကိစ္စမှာ သူလည်းဝင်ပြောစရာမလိုဘူး!.”

  

“ဒါဆို ဘယ်သူက ပြောပိုင်ခွင့်ရှိလဲ? ဘိုးဘိုးကျောက်ရော ပြောလို့ရလား?” ဝမ်ချွန်းဟွာက သူ့နှုတ်ခမ်းကို မသိမသာ တွန့်ကွေးလိုက်ကာ တိုးတိုးလေးရေရွတ်ရင်း သဘောထားကွဲလွဲမှုကို ဖော်ပြဖို့ ကြိုးစားနေသည်။

  



“ဟုတ်တယ်… မင်း ငါ့စကားကို လူရာမသွင်ဘူးလို့ ဆိုလိုတာလား? ဒီစေ့စပ်ပွဲကို ဖျက်ချင်တာလား? ဒီအဘိုးကြီးရဲ့ မျက်နှာကို ဘယ်မှာသွားထားရမလဲ?” ဘိုးဘိုးကျောက်က တကယ်ကို စိတ်ဆိုးနေသည်။

 

ကျောက်လောင်စန်းက ဝမ်ချွန်းဟွာ၏ ဆိုးသွမ်းသောပါးစပ်ကို ပို၍ပင် မုန်းတီးလာသည်။ သူ့အလှည့်ရောက်မှသာ အနှီကော၏မျက်နှာက ဘယ်လောက်မုန်းစရာကောင်းလဲ သိတော့သည်။ သူက ကျောက်တာနျိုကို ဒေါသတကြီး အမိန့်ပေးလိုက်သည်။ “အစ်ကိုကြီး… တတိယဦးလေးကို သွားခေါ်ခဲ့ပါ။” ကျောက်တာနျို မလှုပ်မယှက်လုပ်နေတာကိုတွေ့တော့ သူက သည်းခံလိုက်ရသည်။ “ဘာလဲ? အစ်ကိုကြီးက ငါ့စကားကိုအသုံးမဝင်ဘူးထင်လား? ကောင်းပြီ.. အခုကစပြီး အစ်ကိုကြီးက ညီလေးဆီက ဘာမှတောင်းဆိုခွင့်မရှိတော့ဘူး။ ငါတို့ ကိုယ့်ဘဝနဲ့ကိုယ်နေကြမယ်။!” ကျောက်လောင်စန်းက ရက်စက်ကြမ်းကြုတ်သော စကားများကို ​ပြောထွက်သည်အထိ ဒေါသထွက်သွားခဲ့သည်။

   



အပြင်မှာ အလုပ်ကြိုးစားခဲ့လို့ သူ့ကိုယ်သူ တိတ်တဆိတ်မုန်းတီးပေမယ့် အိမ်မှာ သူ့အားမူကလွဲရင် ဘယ်သူမှသူ့ကို တကယ်ဂရုမစိုက်ပေ။ ထို့အပြင် သူ့ကိုဆန့်ကျင်ဖို့လည်း သူ့အားမူကို လှုံ့ဆော်ခဲ့သည်။

 

ကျောက်တာနျို၏မျက်လုံးက နက်မှောင်သွားပေမယ့် အဆုံးမှာ သူဘာမှမပြောနိုင်ခဲ့ပေ။ သူက ခြံတံခါးဖွင့်ကာ တတိယဦးလေးကိုရှာရန် ထွက်သွားခဲ့သည်။ ဝမ်ချွန်းဟွာက သူရဲဘော​ကြောင်လွန်းသည့် ဤလူကိုမုန်းသည်။ သူက အစ်ကိုကြီးဖြစ်ပြိး ညီရဲ့စကားကို ဘာလို့မချေပနိုင်ရတာလဲ?

 

သို့ပေမယ့် သူက ဘိုးဘိုးကျောက်၏နောက်တွင် နာနာခံခံရပ်နေကာ သူ့သားကျောက်သုန့်အား တိတ်တဆိတ်စိုက်​ကြည့်လိုက်ပြိး ယခုချိန်မှာ သူများအနှောင့်အယှက်မဖြစ်ရန် ကျယ်ကျယ်လောင်လောင် စကားမပြောပဲ တိတ်တိတ်လေးနေဖို့ အချက်ပြခဲ့သည်။ သို့ပေမယ့် သူ့စိတ်ထဲမှာတော့ ဂုဏ်ယူနေခဲ့သည်။ စေ့စပ်ကြောင်းလွှာကို ဖျက်သိမ်းဖို့နည်းလမ်းမရှိပေ။ မဟုတ်ပါက ကျောက်မိသားစုပြဿနာတက်ပြီး ရှန်းမိသားစုက သွားရှုပ်လို့ရသူမဟုတ်ပေ။

 

ဘိုးဘိုးကျောက်က ယုံကြည်မှုမရှိတော့ပေ။ စန်းအာက သူ့စကားနားမထောင်ပဲ အရာအားလုံးကို တတိယဦးလေးနှင့် ဆွေး​နွေးလိုသည့်အတွက် စိတ်ဆိုးသော်လည်း သူက ကျင့်သားရနေပြီဖြစ်၏။

 

သူက သောကစိတ်ဖြင့် မေးလိုက်သည်။ “စန်းအာ… မင်းဘာတွေပြောနေတာလဲ? ဘာလို့ စေ့စပ်​ကြောင်းလွှာ ဖျက်သိမ်းခိုင်းနေတာလဲ? မင်း ခရိုင်မြို့မှာ ပိုကောင်းတဲ့လူတစ်ယောက်ကို တွေ့ခဲ့လို့လား?” အနည်းဆုံးတော့ သူက ငတုံးမဟူတ်ပေ။ ကျောက်လောင်စန်း ထွက်မသွားခင် ပြောခဲ့တာကိုမှတ်မိသေးသည်။ မဟုတ်ပါက သူသည် လွယ်လွယ်သွေးဆောင်ခံရမည့်လူမဟုတ်ပေ။

  



“ဟုတ်တယ်…အဲ့ဒါက ခရိုင်မော်ကွန်းထိန်းရဲ့ ကောပါ။ ခရိုင်တရားသူကြီးက ကျွန်​တော့်ကိုသဘောကျပေမယ့် အိမ်ထောင်ရေးကို မဆုံးဖြတ်ရသေးဘူး။ စေ့စပ်ထားသူဆိုတာ သူသိသွားရင် ကျွန်တော်တို့ လက်ထပ်လို့မရရုံတင်မကဘူး။ သူတို့က ပြဿနာရှာလိမ့်မယ်။ ဖေဖေ​ပြောပါ…. ဒီစေ့စပ်​ကြောင်းလွှာကို မဖျက်သိမ်းချင်ဘူးလား?”

         

ကျောက်လောင်စန်း၏ မူလမာနက ပျောက်ကွယ်သွားခဲ့သည်။ သူက ခရိုင်မော်ကွန်းထိန်းကို မှီခိုနိုင်ရင် နောင်တွင် အထောက်အပံ့အများကြီးရမှာသေချာသည်။ သူ အရာရှိကျောင်းသို့ ဝင်ရောက်သည့်အခါ သူ့ကိုဂရုစိုက်ပေးမည့် လူတွေရှိလိမ့်မည်။ သူ စောစောကသိခဲ့လျှင် ယခုလိုပြဿနာတက်နေမှာမဟုတ်ပေ။

  

“ခရိုင်မော်ကွန်းထိန်း?” အိုး…!” ဘိုးဘိုးကျောက်က အံ့အားသင့်နေဆဲဖြစ်ပြီး ဝမ်ချွန်းဟွာက သူ့ပေါင်ကိိုရိုက်ကာ နောင်တဖြင့် အော်လိုက်လေသည်။ “တတိယညီ မင်းဘာလို့အစောထဲက မပြောခဲ့တာလဲ? မင်းက ခရိုင်မြို့က ရာထူးမြင့်အရာရှိမိသားစုနဲ့ လက်ထ​ပ်ရမှာပေါ့။ မင်းရဲ့ယောက်ဖတစ်​ယောက်အနေနဲ့ မင်းရဲ့အားမူကို လက်ထ​ပ်ပွဲဖျက်သိမ်းဖို့ အတတ်နိုင်ဆုံးတားပေးမယ်”

 



သူတကယ်နောင်တရနေပေမယ့် တတိယညီက အမြဲတမ်းလျှို့ဝှက်ထားပြီး သူ့အစ်ကိုကြီးနဲ့ မဆွေးနွေးတာ စိတ်မကောင်းစရာပင်။ ဒါက ဘာလို့ ကျောက်လောင်စန်းရဲ့အပြစ်ဖြစ်ရမှာလဲ? ကျောက်လောင်စန်း ဘာမှမလုပ်ထားပေမယ့် သူ အရမ်းနောင်တရနေသည်။ သူက ကျောက်လောင်စန်းကို အရာအားလုံးအတွက် အပြစ်တင်ခဲ့သည်။ ကျောက်လောင်စန်း၏ အနာဂတ်နှောင့်နှေးခြင်းက ကြီးကြီးမားမားကိစ္စမဟုတ်သော်လည်း ယင်းမှာ သူတို့မိသားစုသုံးယောက်၏ ဘဏ္ဍာရေးကိုလည်း ထိခိုက်စေသည်။

 

ဝမ်ချွန်းဟွာက ကျောက်မိန်ကိုတော့ မစဥ်းစားခဲ့ပေ။ ဘာပဲဖြစ်ဖြစ် သူက အရှုံးသမားဖြစ်ပြီး အိမ်ထောင်ပြုပြီးတာနဲ့ မောင်းထုတ်လိုက်သင့်သည်။

  

“....စန်းအာ… ဒါအမှန်လား….” ဘိုးဘိုးကျောက်က ရင်တုန်လာပြီး လက်နှင့်နှုတ်ခမ်းလည်း တုန်ခါသွားသည်။

  

“ဒါကိုရယ်စရာလုပ်ရမလား?” ကျောက်လောင်စန်းက ဘိုးဘိုးကျောက်၏ အမူအရာကို သတိမထားမိပဲ ဒေါသတကြီးပြောလိုက်သည်။

 

ခဏလောက်တော့ ဘိုးဘိုးကျောက်က အသံမထွက်ပဲ တုန်ယင်နေသည်။ ခဏအကြာမှာ သူက ရုတ်တရက် ပေါက်ကွဲထွက်လာပြီး အော်လိုက်လေသည်။ “ငါ စန်းအာလေးကို ဒုက္ခပေးမိလိုက်တာပါ…” ထို့နောက် သူက နောက်လှည့်ကာ ဝမ်ချွန်းဟွာကို ပါးရိုက်လိုက်သည်။ “အဲ့ဒါမင်းကြောင့်ပဲ… ခွေးသူတောင်းစား… ရှန်းမိသားစုက ချမ်းသာလို့ သဘောတူလိုက်ဖို့ ဘယ်သူပြောခဲ့တာလဲ? ဒီလိုမှမဟုတ်ရင် ငါက မျက်လုံးကန်းနေပါ့မလား? အဲ့ဒါမင်း​ကြောင့်ပဲ သောက်ရူး​ကောင်… မင်းက ငါ့သားရဲ့အနာဂတ်ကို ဖျက်စီးလိုက်တာ။” သူက သူ့ရင်ဘတ်ကိုထုကာ အော်ငိုနေ၏။ ဤတစ်ကြိမ်၌ သူသည် တကယ်ဝမ်းနည်းနေပြီး သရုပ်ဆောင်နေတာမဟုတ်ပဲ မျက်ရည်များ စီးကျလာလေသည်။