Chapter 37.3
Viewers 21k

Chapter 37.3



 

အားလင်းက ဆိုင်ရှင်ချီနောက်ကနေ နာနာခံခံလိုက်သွားပြီးနောက် သူက ထန်ချွန်းမင်၏အဝတ်အစားကိုဆွဲကာ မေးလိုက်သည်။ “ဖေဖေ…. အစ်ကိုတာမောင်းနဲ့ အာ​မောင်းရဲ့ နို့။”

 

ထန်ချွန်းမင်က သူ့ခေါင်းကိုပုတ်လိုက်သည်။ “စိတ်မပူနဲ့။ ဖေဖေ မီးဖိုချောင်ထဲမှာ နည်းနည်းချန်ထားတယ်။ သူတို့လာသောက်တာကို စောင့်နေတာ။”

 

ဆိုင်ရှင်ချီက ထိုစကားကြားတော့ မျက်ရည်ကျလုမတတ်ပင်။ လီဖုန်းက သိုးနို့ပန်းကန်ကိုယူလာပြီး အားလင်းရှေ့မှာ တစ်ခွက်၊ ထန်ချွန်းမင်ရှေ့မှာ တစ်ခွက်ချပေးထားသည်။ ထန်ချွန်းမင်က လူတွေကို သိုးနို့ကောင်းကြောင်းပြောခဲ့တာ နောက်ပြောင်ခဲ့ခြင်းမဟုတ်ပေ။ သို့သော် ပန်းရနံ့သင်းသင်းနှင့် ရောစပ်ထားသော နို့နံ့သင်းသင်းလေးကိုရှူရှိုက်ကာ ဆိုင်ရှင်ချီက သိုးနို့ကို ကလေးတွေပဲသောက်တာမဟုတ်မှန်း သိသွားခဲ့သည်။ 

  

“ဆိုင်ရှင်ချီ….သောက်ချင်လား?” သောက်ပြီးလို့ ခွက်ချလိုက်သော ထန်ချွန်းမင်က သူ့လက်ထဲကခွက်ကို ငေးနေသော ဆိုင်ရှင်ချီကို တွေ့လိုက်ရသည်။ အရင်တစ်ခေါက်က သူ ဒီအကြောင်းပြောတော့ ဆိုင်ရှင်ချီ မျက်နှာမကောင်းတာကို မှတ်မိသေးသည်။ နို့တွေက ကလေးတွေအတွက်သာဖြစ်သည်ဟု ကျန်းရှို့၏စကားကြောင့် ထန်ချွန်းမင်က ရှုပ်ထွေးသွားခဲ့သည်။ တရုတ်သမိုင်းတွင် ဧကရာဇ်မင်းမြတ် စီကျိက ဆိတ်နို့သောက်ခဲ့တာကို သူမှတ်မိသေးသည်။

 

လီဖုန်းက ဆန်ပြုတ်အိုးကိုကိုင်ထားရင်း ခဏရပ်ကာ သူ့ကောလေးကို အန္တရာယ်များသောအပြုံးဖြင့် မော့ကြည့်လိုက်သည်။ ထို့နောက် သူက ဘာမှမဖြစ်ခဲ့သလို အားလင်းရှေ့မှာ ဆန်ပြုတ်ပန်းကန်ချပေးလိုက်သည်။

 

ဆိုင်ရှင်ချီက ရှက်သွားပြီး လက်ကို ကမန်းကတန်း ခါပြလိုက်ရသည်။ “မသောက်ချင်ပါဘူး။ ငါ ဆန်ပြုတ်ပဲသောက်မယ်။ ငါက ကျန်းမာရေးကောင်းအောင် မနက်တိုင်း ဆန်ပြုတ်ပဲသောက်တယ်။” ထန်ချွန်းမင်က နောက်ပြောင်တာရပ်လိုက်သည်။

 



ဆိုင်ရှင်ချီသည် ယခင်က ရှက်နေသော်လည်း နောက်ပိုင်းမှာ ဗိုက်ပြည့်သွားခဲ့သည်။ သာမန်လယ်သမားအိမ်မှာချက်ထားသော အစားအစာက သူ့ကို ရပ်တန့်ဖို့တုံ့ဆိုင်းစေသည်။ သူက အခွင့်အရေးရရင် ဤနေရာကို မကြာခဏလာစားဖို့ ဆုံးဖြတ်ထားသည်။ ထန်ချွန်းမင်က သိုးနို့အကြောင်းပြောတာရပ်လိုက်ရင် ပို၍ပင် ပြည့်စုံသွားလိမ့်မည်။

  

“အရင်တစ်ခေါက်ဖြစ်ခဲ့တာက ငါတို့ဆိုင်ကြောင့်မဟုတ်ဘူး။”

 

ဆိုင်ရှင်ချီ၏ခိုင်လုံသောလေသံက ထန်ချွန်းမင်ကို ပိုလို့တောင် အံ့သြသွားစေသည်။ ဆိုင်ရှင်ချီက တာဝန်မယူချင်လို့ တမင်တကာ လိမ်ညာနေတယ်လို့တော့ သူမထင်ပေ။ ဒါဆို သတင်းက ဘယ်ကပေါက်ကြားသွားတာလဲ?

 

ဆိုင်ရှင်ချီက ဆက်ပြောလိုက်သည်။ “အချက်အလက်အတိအကျကို မသိပေမယ့် ဒီကိစ္စက ကျောက်မိသားစုရဲ့ ကျောက်လောင်စန်းကြောင့် ပျံ့သွားတာလို့ထင်တယ်။”

  

“ ကျောက်လောင်စန်း?” ထန်ချွန်းမင်က ပိုလို့တောင် အံ့သြသွားသည်။ လီဖုန်းက စားပွဲသန့်ရှင်းရေးလုပ်နေတာရပ်ပြီး နက်မှောင်သောအလင်းတန်းတစ်ခုက သူ့မျက်လုံးထဲတွင် ဖျက်ပြေးသွားသည်။ “ကျောက်လောင်စန်းက ဘာလုပ်ချင်တာလဲ? သူဆိုတာ ခင်ဗျားဘယ်လိုသိလဲ?”

 

ဆိုင်ရှင်ချီက သူ့ဗိုက်ကိုပွတ်​ကာ ပြောလိုက်သည်။ “ဖူမန်ထန်နောက်ကလူရဲ့နာမည်က မုန့်ပဲ။ ပြီးတော့ မုန့်မိသားစုထဲမှာ ကျောက်လောင်စန်းရဲ့ အတန်းဖော်သခင်လေးတစ်ယောက်ရှိတယ်။ အရင်တစ်ခေါက်က ကျောက်လောင်စန်းနဲ့ ရှန်းမိသားစုအကြောင်း ငါမင်းကိုပြောခဲ့တယ်မလား? ကျောက်လောင်စန်းနဲ့ သူ့အတန်းဖော်က ငါတို့စားသောက်ဆိုင်မှာ လာစားတဲ့အချိန် ​ပြောခဲ့တာ။ စားသောက်ဆိုင်က လူတစ်ချို့က ကြားခဲ့လို့ ငါ့ကိုပြန်ပြောပြခဲ့တယ်။ ငါ ပြန်သွားတော့ ဒီကိစ္စအကြောင်းစုံစမ်းပြီး အဲ့ဒီနေ့က ကျောက်လောင်စန်း ဧည့်ခံခဲ့တဲ့သူက မုန့်လို့ကြားတယ်။ သူက မိသားစုရဲ့သခင်လေးပဲ။ ကျောက်လောင်စန်းက စကားပြောနေရင်း မတော်တဆထုတ်ဖော်မိသွားတာ ဖြစ်နိုင်တယ်။ နောက်တော့ အောင်သွယ်တော်ဟွားဆီက အမှန်တရားထွက်လာဖို့ ငါလှည့်ကွက်တချို့သုံးခဲ့တယ်။ အောင်သွယ်တော်ဟွားကို လွှတ်လိုက်တဲ့သူက မုန့်မိသားစုဝင်တစ်ဦးဖြစ်နေခဲ့တယ်။”

 

ဆိုင်ရှင်ချီ၏ အရင်တစ်ခေါက်လာရင်းအကြောင်းမှာ ကျောက်လောင်စန်းက ရှန်းမိသားစုနဲ့ လက်ထပ်တော့မှာဖြစ်ပြီး ရှန်းမိသားစုက စံပြအိမ်​ထောင်ဖက်မဟုတ်ကြောင်း ပြောပြဖို့ဖြစ်သည်။ ထိုသို့ဆိုလျှင် ယင်းက တိုက်ဆိုင်မှုတစ်ခုလေးသာ ဖြစ်ပုံရသည်။ “ဒါက တိုက်ဆိုင်မှုတစ်ခုပါပဲ။ ဒါပေမယ့် ကျင်းကျိဆိုင်က ကျွန်တော့်ဆီမှာ ဟင်းသီးဟင်းရွက်လာယူလေ့ရှိတာကို တစ်ရွာလုံးသိတယ်။ ဒီတော့ သတင်းက ကျောက်မိသားစုနဲ့ မုန့်မိသားစု​ဆီက ပျံ့သွားတာပဲဖြစ်ရမယ်။” ဟုတ်တယ်… သူ ပေါ့ဆမိတာဖြစ်၏။ ရွာထဲကလူတွေက မြို့ပေါ်ကစားသောက်ဆိုင်များနှင့် အဆက်အသွယ်သိပ်မရှိဘူးလို့ သူထင်ခဲ့တာကြောင့် သတင်းပျံ့သွားမယ်လို့လည်း မထင်ထားခဲ့ပေ။







သို့သော် သူပြန်စဥ်းစားကြည့်တော့ အမှတ်မထင်ပြောခဲ့မိသည့် စကားတစ်ခွန်းက သူနဲ့ ကျင်းကျိ၏ဆက်ဆံရေးပြောင်းလဲသွားပြီဟု လူတွေထင်သွားစေရန်ဖြစ်၏။ ကျောက်လောင်စန်း ရည်ရွယ်ချက်ရှိရှိလုပ်သည်ဖြစ်စေ မလုပ်သည်ဖြစ်စေ မုန့်မိသားစု၏သခင်လေးက ထန်ချွန်းမင်ကို စော်ကားခဲ့၍ မုန့်မိသားစုက သူ၏အမည်ပျက်စာရင်းထဲဝင်သွားခဲ့သည်။

  

“မုန့်မိသားစုရဲ့နောက်ခံကဘာလဲ?” ငြိမ်ငြိမ်လေးထိုင်နေသော လီဖုန်းက ရုတ်တရက်မေးလိုက်သည်။

  

“မုန့်မိသားစုမှာ ခရိုင်တရားသူကြီးနဲ့ ရင်းနှီးတဲ့ လူငယ်လေးတစ်ယောက်ရှိတယ်။ အခု သူကနာမည်ကြီးနေပြီး မုန့်မိသားစုက သူတို့လုပ်ငန်းကို ခရိုင်မြို့မှာတိုးချဲ့ဖို့ အခွင့်အရေးယူခဲ့တယ်။ ထုံးစံအတိုင်း သူတို့က ငါတို့ကျင်းကျိကို အနိုင်ယူဖို့ အခွင့်အရေးရှာချင်တာ။ ဒါမှ သူတို့ရဲ့ ဖူမန်ထန်က ဖျင်အန်းမြို့မှာ လက်ဝါးကြီးအုပ်နိုင်မှာလေ။” ဆိုင်ရှင်ချန်က လီဖုန်းကိုကြည့်ကာ အမှန်တိုင်းပြောလိုက်သည်။

  

“ခင်ဗျားတို့သူဌေးက မုန့်မိသားစုကို ဖြေရှင်းဖို့နည်းလမ်းမရှိဘူးလား?” လီဖုန်းက ထပ်မေးလိုက်သည်။

  

“အဲ့လိုတော့မဟုတ်ဘူး။ ငါ ဒီကိစ္စနဲ့ပတ်သက်ပြီး သခင်လေးကိုပြောပြီးပြီ။ မုန့်မိသားစုရဲ့မောက်မာမှုကိုဖြေရှင်းဖို့ သခင်လေးက ခရိုင်မြို့ထဲမှာ နည်းလမ်းရှာမယ်လို့ပြောခဲ့တယ်။ ငါလည်းပဲ မုန့်မိသားစုရဲ့လုပ်ရပ်တွေကို စောင့်ကြည့်ပြီး ထန်ဖူလန်ကို မနှောင့်ယှက်နိုင်အောင် ကြိုးစားမှာပါ။”





ဆိုင်ရှင်ချီက တောင်းပန်သည့်လေသံဖြင့်ပြောလိုက်သည်။ သူတို့စားသောက်ဆိုင်မှ သတင်းပျံ့ခဲ့တာမဟုတ်သော်လည်း ၎င်းက ကျင်းကျိနဲ့သွယ်ဝိုက်သက်ဆိုင်သည်။ သူ မတားဆီးနိုင်မှာစိုးလို့ ဤကိစ္စများကို ရှင်းပြထားခြင်းဖြစ်သည်။ ထန်ချွန်းမင်နှင့် လီဖုန်းက ပြင်ဆင်ထားလို့ရတာကြောင့် ယခင်တစ်ခေါက်ကလို အငိုက်မိပြီး ရှုပ်ထွေးတော့မှာမဟုတ်ပေ။