အခန်း(၁၃)
Viewers 3k

အခန်း (၁၃) အစေခံကောင်မလေး


ရှန်းကျီးချောင်က ဟုန်ယွီနှင့် ညီမဖြစ်သူတို့ကို ချောင်ရှင်းခြံဝင်း သို့ ပြန်ခေါ်သွားခဲ့သည်။ သူမက တစ်ယောက်ယောက်အား ရွှေအဆင့်အနာလိမ်းဆေးကို ရှာခိုင်းလိုက်ပြီး ဟုန်ရင်ရဲ့ မျက်နှာပေါ် သူမကိုယ်တိုင်ကိုယ်ကျ ဆေးလိမ်းပေးလိုက်တယ်။


ဟုန်ရင်က ရုတ်တရတ်ပေါက်ဖွားလာတဲ့ ချစ်မေတ္တာကြောင့် စိတ်ထိရှသွားခဲ့ကာ ရှန်းကျီးချောင်ရဲ့လက်ကို ရှောင်တိမ်းလိုက်ရင်း ပြောလိုက်တယ်။ "တတိယသခင်မလေး ဒီအစေခံမိန်းကလေးက... ဒီအစေခံမိန်းကလေးက မခံယူရဲပါဘူး"


"ထိုင်နေလိုက်!" ရှန်းကျီးချောင် ဟုန်ရင်ရဲ့ လက်တွေကို ဆွဲယူကာ ထိုင်ခုံပေါ်မှာ ညင်သာစွာ ဖိချလိုက်သည်။ "နင်က မခံယူရဲဘူးဆိုတာ ဘာကိုဆိုလိုတာလဲ။ နင်က ငါ့အတွက်ကြောင့်နဲ့ အရိုက်ခံရတာလေ။ ငါ့မှာ နင့်လို ဒီလောက် သစ္စာရှိရှိ ကာကွယ်တတ်တဲ့ အစေခံကောင်မလေးရှိလို့ ငါ ပြောမပြတတ်အောင် ဝမ်းသာနေရတာ"


"တတိယသခင်မလေး ဒီအစေခံက သခင်မလေးအတွက် လုပ်ပေးပါ့မယ် " ဟုန်ယွီက လျှောက်လာပြီး ရှန်းကျီးချောင်ထံမှ ရွှေအနာလိမ်းဆေးကို လှမ်းယူလိုက်တယ်။


ရှန်းကျီးချောင် ညီအစ်မနှစ်ယောက်ကို လှမ်းကြည့်လိုက်တယ်။ ရှန်းသခင်မကြီးရဲ့ လူယုံတော်တွေနဲ့ ဖက်ပြိုင်ကာ သူတို့တွေ စကားများ ရန်ဖြစ်ကြကြောင်းကို သူမ ကြားလိုက်ရတဲ့အခါ သူမ နဂိုတုန်းကတော့ သူတို့တွေကို တုံးအလိုက်တဲ့သူတွေလို့ ထင်လိုက်မိတာပင်။ သို့သော်လည်း ဟုန်ရင်ရဲ့ နီမြန်း ဖူးရောင်နေတဲ့ မျက်နှာကို မြင်ပြီးနောက်မှာ သူမအတွက် အဒေါ်လီနဲ့ ဖက်ကာ ရပ်တည်ပေးမှုအတွက် စိတ်လှုပ်ရှားသွားခဲ့တယ်။


သူမက လူနေမှုအတန်းစား ခွဲခြားတဲ့စနစ်ကို မယုံကြည်ခဲ့ပေ။ ထို့ကြောင့် သူမက ရှန်းကျီးချောင် ဖြစ်လာပေမဲ့လည်း ဒီနေ့ သူမကို ဟုန်ရင် ကာကွယ်ပေးတာကို သူမ မမြင်မီ အချိန်ထိ အစေခံမိန်းကလေးတွေရဲ့ အပြုအမူတွေကို သူမ သိပ်ဂရုထားမှုမရှိခဲ့ပေ။ သူမ အသက်ရှင်သန်ချင်ရင် သူမကိုယ်သူမ ပြောင်းလဲပြီး သူမရဲ့ ပျော့ညံ့တဲ့ အကျင့်စရိုက်တွေကို ပြောင်းလဲဖို့ လိုအပ်တယ်ဆိုတာပဲ သူမ သိရှိထားတာဖြစ်တယ်။


ရှန်းကျီးချောင်က ဘယ်သူမို့လို့လဲ။ သူမက သူမဖခင်ဖြစ်တဲ့ ရှန်းရှောင်က ဖူးဖူးမှုတ်အလိုလိုက်ထားခဲ့တဲ့ ရှန်းအိမ်တော်ရဲ့ တရားဝင်သမီးပင်။ လက်တွေ့မှာတော့ သူမရဲ့ဂုဏ်ပုဒ်ပဲရှိတာ ဘယ်သူမဆို သူမကို အနိုင်ကျင့်လို့ရနေလေတယ်။ ပြီးတော့ သူတို့တွေကလည်း သူမကို အနိုင်ကျင့်ခဲ့တယ်။ ဒါ့ကြောင့်မို့ သူမကိုယ်သူမ မကာကွယ်နိုင်ဘူးဆိုရင် အခြားသူတွေက သူမကို ကာကွယ်ပေးဖို့ ဘယ်လိုလုပ် မျှော်လင့်ထားလို့ရမှာတဲ့လဲ။ ပြီးတော့လည်း သူမကိုယ်တိုင်အတွက် သူမဘာသာ မရပ်တည်ချိန်မှာ သူတို့တွေ ဘာလုပ်နိုင်မှာမို့လို့လဲ။ ဖြည်းဖြည်းချင်းဖြင့် သူမရဲ့အခြေအနေကို ခွဲခြမ်းစိတ်ဖြာပြီး အကဲဖြတ်ကြည့်လိုက်တော့ သူမ နားလည်မှုတစ်ခုသို့ ရောက်ရှိသွားလိုက်တယ်။


'တကယ်လို့ ရှန်းအိမ်တော်မှာ ငါက လေးစားခံရတဲ့ အဆင့်အတန်း မရရှိထားရင် ငါ ဘယ်လိုလုပ်ပြီးတော့ ငါ့အခြေအနေနဲ့ ရှန်းဖေးယင်ကို ကန်ထုတ်နိုင်မှာလဲ?'


"နင်တို့နှစ်ယောက် ငါ့အနားမှာနေပြီး ငါ့ကို လာခစားလှည့်" ရှန်းကျီးချောင်က အသံနိမ့်နိမ့်ဖြင့် ပြောလိုက်တယ်။ "ဟုန်ရင် အခုတော့ အနားယူပြီး ပြန်သက်သာအောင်လုပ်လိုက်ဦး။ ရောင်တာတွေ သက်သာသွားတဲ့အခါကျမှ နင့်အလုပ်ကို နင် စလုပ်လို့ရပြီ....... ငါ ဆိုလိုတာက နင် ငါ့ကို အဲဒီတော့မှ အမှုထမ်းလို့ရတယ် "


ဟုန်ယွီနှင့် ဟုန်ရင်တို့ နှစ်ယောက်လုံး အံ့အားသင့်သွားလိုက်ကြတယ်။ ငါတို့က ဒုတိယတန်းစား အစေခံမိန်းကလေးတွေတောင် မဟုတ်တာ ဒီတော့ ငါတို့တွေ တတိယသခင်မလေးကို ဘယ်လိုလုပ် အနီးကပ်ခစားနိုင်မှာလဲ?


ချိုင်ဖျင်က ကုလန့်ကာတွေကို 'မ'တင်ကာ ဝင်လာလိုက်တော့မည်လုပ်စဉ် ရှန်းကျီးချောင်စကားကို အမှတ်တမဲ့ ကြားသွားလိုက်တယ်။ သူမရဲ့ မျက်နှာအမူအရာက တောင့်တင်းသွားလိုက်ကာ ပြောလိုက်တယ်။ "တတိယသခင်မလေး အစားအသောက်တွေ အဆင်သင့်ဖြစ်ပါပြီ" 


ရှန်းကျီးချောင်က သူမကို အရေးတယူ ကြည့်ရှုမနေဘဲ သူမက ဟုန်ယွီကို ဟုန်ရင်အား အပြင်ခေါ်ထုတ်သွားဖို့ပဲ ပြောလိုက်တယ်။


"တတိယသခင်မလေး ဒီအစေခံက ဟင်းပွဲတွေ တည်ခင်းပေးရတော့မှာလား" ချိုင်ဖျင်ရဲ့ စိတ်ထဲတွင် ရှုပ်ထွေးပွေလီသွားတယ်။ သူမက ရှန်းကျီးချောင်တစ်ယောက် ချိုင်ဟုန်နဲ့ အခြားသူတွေကို အဝေးကို ပို့ပစ်ဖို့ အစီအစဉ်ရှိနေမလားဆိုတာ သံသယဝင်စွာ သိချင်သွားလိုက်တယ်။


သူတို့တွေက သခင်မကြီးဆီကနေ တတိယသခင်မလေးဆီမှာ အမှုထမ်းဖို့ စေလွှတ်ထားခံရတဲ့သူတွေဖြစ်တယ်။ တတိယမမလေးက အဒေါ်လီကိုတောင် မောင်းထုတ်ရဲတယ်ဆိုတည်းက သူမတို့တွေ တူညီတဲ့အကြပ်အတည်းကို မခံစားရနိုင်ဘူးလို့ ဘယ်သူက ပြောနိုင်မှာတဲ့လဲ?


"အဆင်ပြေတယ်" ရှန်းကျီးချောင်က ဘာမှမထူးခြားသောလေသံဖြင့် ပြောလိုက်တယ်။ "ဟင်းပွဲတွေ တည်ခင်းလိုက်ရုံပဲ"


ချိုင်ဖျင်က အထိတ်တလန့်ဖြစ်ရတဲ့ အတွေးတစ်ခုကို ခံစားလိုက်ရရင်း ပြောလိုက်တယ်။ "တတိယသခင်မလေး ဒီအစေခံက မီးဖိုချောင်ကို မသွားချင်တာ မဟုတ်ပါဘူး ဒါပေမဲ့ ကိစ္စတစ်ခုက ရုတ်တရက်ကြီး ရောက်လာလိုက်လို့ပါ။ အဲဒါကြောင့် ကျွန်မ ဟုန်ရင်ကို သွားခိုင်းလိုက်ရတာပါ" 


"အမ်း" ရှန်းကျီးချောင်က အမှုမထားသလို ခေါင်းညိတ်လိုက်တယ်။ "ငါ သိတယ်"


ဒါပဲလား။ ချွေ့ဖျင် ရှန်းကျီးချောင်ကို သေသေချာချာ စေ့စေ့ကြည့်ရှုလိုက်တယ်။ ရုတ်တရက် ဘာ့ကြောင့်မှန်းမသိ နာမည်တပ်လို့မရတဲ့ ဖိအားတစ်ခု သူမ အပေါ်ကို ပျံဝဲလာသလို ခံစားလိုက်ရတယ်။


သူမက တကယ်ပဲ ပြဿနာလှည့်ပတ်ရှာဖို့ပဲသိတဲ့ ဆူပူသောင်းကျန်းတတ်တဲ့ တတိယသခင်မလေးပဲလား။


ချိုင်ဖျင် စိုးရိမ်ကြောင့်ကြတဲ့ ခံစားချက်တစ်ခုဖြင့် ထွက်ခွာသွားလိုက်တော့တယ်။


အလားတူစွာပဲ ရှန်းကျီးချောင်ရဲ့ ဘေးမှာ သခင်မကြီးခန့်အပ်ထားတဲ့ ချိုင်ဟုန်က အနားကို လျှောက်လာလိုက်ပြီး လေသံတိုးတိုးနဲ့ မေးလိုက်တယ်။ "ဘယ်လိုလုပ် ဒီလို လွှတ်ပေးလိုက်တာလဲ" 


"သူ့မှာ သူ့ရဲ့ကိစ္စအဝဝကို လိုက်လုပ်ပေးမဲ့ ညီအစ်မနှစ်ယောက်ရှိနေပြီ ..." ချိုင်ဖျင်က တိုးတိတ်စွာ ပြောလိုက်တယ်။


ချိုင်ဟုန်က စိုးရိမ်တကြီးနဲ့ ပြောလိုက်တယ် "သခင်မကြီးကို မြန်မြန်လေး သွားပြောလိုက်"


"ငါတို့ သခင်မကြီးကို သွားပြောလို့ရော ဘာထူးမှာမို့လို့လဲ? သူက အဒေါ်လီကိုတောင် မျက်နှာသာမပေးတာကို နင်မမြင်ဘူးလား? သခင်မကြီးက ဘာလုပ်ခဲ့လို့လဲ? ဘာမှမလုပ်ပေးဘူး" ချိုင်ဖျင်က ထွီခနဲ တံတွေး ထွေးပြီး တတိယသခင်မလေးက အဒေါ်လီကို ဒီနေ့ ဆက်ဆံခဲ့ပုံကို ပြန်တွေးလိုက်ကာ ပြောလိုက်တယ်။ သူမက အပြစ်ရှိသလို ခံစားနေရတုန်းပင်။


"သခင် ပြန်လာတော့မှာ မို့လို့များ ဖြစ်နေမလား"


ရှန်းရှောင် နှင့် ရှန်းကျီးခိုင်တို့ အိမ်တော်မှ ထွက်ခွာသွားခဲ့တာ တစ်နှစ်ခန့်ရှိတာဖြစ်ပြီး သူတို့တွေ ပြန်လာချိန်တန်ပြီဖြစ်တယ်။ ရှန်းကျီးချောင်ရဲ့ ရုတ်တရက် ပြောင်းလဲသွားမှုက ထိုအကြောင်းနဲ့ သက်ဆိုင်လောက်မယ်ဟု သူတို့တွေ တွေးတောလိုက်ကြတယ်။


ချိုင်ဖျင်က သူမခေါင်းကို ညင်သာစွာ ခါရမ်းလိုက်ပြီး ဒီလိုပြောင်းလဲမှုအသစ်က အခြားအရာတစ်ခုခုရဲ့ ရလဒ်ဖြစ်ရမယ်လို့ သူမ ခံစားမိလိုက်တယ်။ "သခင် ပြန်လာတော့မယ် ဆိုရင်တောင် တတိယသခင်မလေးက.... လုံးလုံးကွဲပြားသွားမှာ မဟုတ်လောက်ဘူး"


"ဒါဆို... တစ်ယောက်ယောက်က သူ့ကို တိတ်တိတ်လေး သင်ပေးနေတာလား" ချွေ့ဟုန်က အံ့အားသင့်စွာ မေးမြန်းလိုက်တယ်။


ရှန်းကျီးချောင် နှင့် ရှန်းဖေးယင်တို့က အလွန်ရင်းနှီးကြတာက ချိုင်ဖျင်အား စိတ်ရှုပ်ထွေးစွာနဲ့ သံသယဝင်သွားစေလိုက်တယ်။ "မာမားလီကို ငါ သွားရှာလိုက်ဦးမယ်"


မားမားလီက ချိုင်ဖျင်ရဲ့ ယူဆချက်ကို နားထောင်လိုက်တဲ့အခါ သူမလည်း သံသယဝင်သွားတော့တယ်။


"ရှန်းဖေးယင်က တတိယသခင်မလေးကို အကျင့်ပျက်အောင် လုပ်နေတယ်လို့ နင်ထင်နေတာလား "


ချွေ့ဖျင်က ခေါင်းအသာအယာညိတ်ကာ ပြောလိုက်တယ်။ "ကျွန်မတို့တွေ သူ အဲလိုဖြစ်နေမှာကိုပဲ စိုးရိမ်နေရတယ်" 


"ပြန်သွားပြီး တတိယသခင်မလေးကို မျက်စိထောင့်ထောက် စောင့်ကြည့်ထားလိုက်။ သူက အစေခံကောင်မလေး နှစ်ယောက်ကို အဆင့်တိုးပေးချင်တယ်ဆိုရင် တိုးပေးခွင့်ပြုလိုက်။ အဆုံးသတ်မှာ သူက အိမ်တော်ကို အုပ်ချုပ်တဲ့သူမဟုတ်ဘူးဆိုတာကို အနှေးနဲ့အမြန် သိသွားစေရမယ်" မားမားလီ၏ လေသံမှာ မလိုလားမှုတွေနှင့် ရောယှက်နေလေတယ်။


"ဟုတ်ကဲ့" ချွေ့ဖျင်က ဖြေလိုက်တယ်။


နောက်တစ်နေ့မနက်တွင်တော့ မားမားလီက ဟုန်ယွီနှင့် ဟုန်ရင်တို့ကို ဒုတိယတန်းစား အစေခံမိန်းကလေးများအဖြစ် ရာထူးတိုးပေးလိုက်ခဲ့တယ်။ ထို့နောက် ရှန်းကျီးချောင်ရဲ့ ဘေးမှာ ခစားဖို့ ခန့်အပ်ထားတဲ့ သခင်မကြီးရဲ့ အခြားဒုတိယတန်းစား အစေခံမိန်းကလေးနှစ်ဦးကိုလည်း နေရာပြောင်းပေးလိုက်ပြီး ချိုင်ဖျင်နှင့် ချိုင်ဟုန်တို့ကိုသာ ဆက်ရှိနေစေလိုက်တယ်။


ရှန်းကျီးချောင်က မားမားလီရဲ့ နေရာချထားမှုနှင့် ပတ်သက်လို့ ဘာမှတ်ချက်မှ မပေးခဲ့ချေ။


ဟုန်ယွီနှင့် ဟုန်ရင် တို့က ဒီလိုမျိုး ဒုတိယတန်းစားသို့ မြန်မြန်ဆန်ဆန် ရာထူးတိုးသွားဖို့ မမျှော်လင့်ထားတာကြောင့် မယုံနိုင်လောက်အောင် စိတ်လှုပ်ရှားနေခဲ့ကြတယ်။ နှစ်ယောက်သားက ရှန်းးကျီးချောင်ရှေ့ မှာ ဦးတိုက်အရိုသေပြုတော့မလို့ လုပ်လိုက်ပေမယ့် သူမက ဟန့်တားလိုက်တယ်။ ချိုင်ဖျင်နှင့် ချိုင်ဟုန် တို့က ရှန်းကျီးချောင်ရဲ့ ကိစ္စအဝဝတွေကို ဆောင်ရွက်ဖို့ မနက်စောစောတွင် ရောက်လာလိုက်ကြတယ်။ ဒါပေမယ့် ရှန်းကျီးချောင်က သူတို့နှစ်ယောက် လုပ်ဆောင်ရမယ့် အလုပ်တွေအားလုံးကို ဟုန်ရင်ကို လွှဲပြောင်းပေးလိုက်ခဲ့တယ်။ ထိုစဉ်မှာတော့ သူတို့နှစ်ယောက်သားက အေးတိအေးစက် အဆက်ဆံခံလိုက်ရပြီးတော့ သူမတို့တွေ ကသိကအောက် ခံစားလိုက်ရတယ်။


ချိုင်ဖျင်က လက်ဖက်ရည်ခွက်ကို သယ်ဆောင်ကာ ပြုံးရွှင်စွာ မေးလိုက်တယ်။ "တတိယသခင်မလေး သခင်မလေး အခုတလော ပျော်ရွှင်နေတာက အဲဒီကိစ္စကြောင့်လား"


ရှန်းကျီးချောင်က လက်ဖက်ရည်ခွက်ကိုယူကာ လက်ဖက်ရည်အဖုံးကို ပန်းကန်လုံးရဲ့ အစွန်းတစ်ဖက်နဲ့ ခတ်ထုတ်လိုက်တယ်။ "ငါက စိတ်အခြေအနေ‌ ကောင်းနေတဲ့ပုံ ပေါက်နေလို့လား? ဘာက ငါ့ကို စိတ်ချမ်းသာအောင် လုပ်နိုင်မှာမို့လို့လဲ"


သူမအပေါ် သစ္စာစောင့်သိတဲ့ အစေခံမိန်းကလေးကို ရှာတွေ့ဖို့ အများကြီး အားထုတ်ရလိမ့်မယ်လို့ သူမ ထင်ခဲ့တယ်။ သူမကို စိတ်ရင်းမှန်ဲ့ ကာကွယ်ပေးတဲ့ အစေခံမိန်းကလေးတစ်ဦးကို ရှာတွေ့ရတာ သူမ အရမ်းကံကောင်းနေတာပဲ။


ဟုန်ရင်နဲ့ သူ့ညီမလေးက သူမကို အရမ်းပျော်ရွှင်စေတယ်။ ဒီမိန်းကလေးနှစ်ယောက်ကို စာအုပ်ထဲမှာ တစ်ခါမှ သူမ မတွေ့ဖူးဘူး။ လတ်စသတ်တော့ သူမရဲ့အချိန်ကူးပြောင်းလာမှုက တစ်ချို့လူတွေရဲ့ ကံကြမ္မာကို ပြောင်းလဲသွားစေခဲ့တာပဲ။


ရှန်းကျီးချောင် သူမရဲ့ ကံကြမ္မာကို ပြောင်းလဲနိုင်တဲ့ အခွင့်အရေးကို ရလိုက်တယ်ဆိုနိုင်တဲ့ အပြောင်းအလဲတွေကို မြင်တွေ့ရတာမို့ သူမ အရမ်းကိုပျော်ရွှင်နေခဲ့တယ်။


ချောင်ရှင်း ခြံဝင်းမှာ ဖြစ်ပျက်ခဲ့တာတွေက ရှန်းအိမ်တော်ရဲ့ အခြားသခင်မလေး တွေရဲ့ နားထဲကို သဘာဝအတိုင်း ပျံ့နှံ့သွားခဲ့တယ်။ ရှန်းကျီးဖန် က ရှန်းကျီးဝမ်ရဲ့အခန်းထဲကို လှမ်းဝင်လာလိုက်ပြီး မေးလိုက်တယ်။ "မမကြီး သတင်းကြားလိုက်သေးလား? ချောင်ရှင်း ခြံဝင်းမှာရှိတဲ့ အဲဒီတစ်ယောက်က သခင်မကြီးရဲ့လူတွေကို မောင်းထုတ်ဖို့အထိ သတ္တိရှိနေတာပဲ"


သူမလက်သည်းပေါ်မှာ လက်သည်းပန်းချီရေးဆွဲနေတဲ့ ရှန်းကျီးဝမ်က ရှန်းကျီးဖန်ရဲ့စကားကို ကြားလိုက်ရတဲ့အချိန်မှာ သူမကို ဘေးတိုက် လှမ်းကြည့်လိုက်တယ်။ "မလိုအပ်တဲ့ ပြဿနာတွေ ဘာတစ်ခုမှ လျှောက်လုပ်မနေနဲ့"


"ညီမ အဓိပ္ပာယ်မရှိတာတွေ ပြောနေတာ မဟုတ်ပါဘူး ဒါပေမယ့် ချောင်ရှင်းခြံဝင်းက တစ်ယောက်က ဆက်ဆံရတာ တော်တော်ခက်တယ်။ မမကြီး မကြားဘူးလား? သူက အဒေါ်လီ ကိုတောင် ရိုက်ရဲတယ်လေ။" ရှန်းကျီးဖန်က ရှန်းကျီးဝမ် ဘေးနားတွင် စိုးရိပ်ပူပန်နေတဲ့ မျက်နှာအမူအရာဖြင့် ဝင်ထိုင်လိုက်တယ်။


"အဲ့တော့ ဘာဖြစ်လဲ။ အဖေနဲ့ အကိုကြီးတို့ အိမ်ပြန်ရောက်တဲ့အချိန်တိုင်း သူက အဲဒီလိုကြီးပဲ မဟုတ်ဘူးလား" ရှန်းကျီးဝမ်က သူမ လက်သည်းတွေကို စိတ်ကျေနပ်စွာ စိုက်ကြည့်နေတယ်။ သူမက ရှန်းကျီးချောင်ကို သူမမျက်လုံးထဲမှာ ဘယ်တုန်းကမှ ထည့်သွင်းထားခဲ့တာ မဟုတ်ဘူး။


"အင်းပါ မမကြီးက ပြောတာတော့ လွယ်နေတာပဲ။ ကြည့်ရတာ သူက သခင်မကြီးနေရာကို အစားထိုးယူပြီး အိမ်တော်ကို စီမံခန့်ခွဲချင်ပုံရတယ်။ တကယ်လို့ သူသာ အိမ်တော်အုပ်ထိန်းဖို့ တာဝန်ယူလိုက်ရင် ညီမတို့တွေရဲ့ ပျော်ရွှင်စရာ နေ့ရက်တွေဆိုတာ ရှိလာတော့မှာ မဟုတ်ဘူး"


ရှန်းကျီးဝမ်က ရယ်မောကာ မေးလိုက်တယ်။ "'သူ' ကလား?"


"မမကြီး တစ်ခုခုကို သိထားလို့လား" ရှန်းကျီးဖန်က မေးလိုက်၏။


"သခင်မချီက သူ့ရဲ့ဇာတာခွင်ကို စေ့စပ်ကြောင်းလမ်းဖို့ ယူထားပြီးပြီဆိုတော့ သူ့လက်ထပ်ပွဲက မကြာခင် ဖြစ်လာလိမ့်မယ်" ထိုအရာက ရှန်းကျီးဝမ်အား မယုံနိုင်လောက်အောင် ဝမ်းသာသွားစေခဲ့တယ်။


ရှန်းကျီးဖန်က သူမရဲ့ စိတ်လှုပ်ရှားမှုကို ဖုံးကွယ်မထားနိုင်စွာ မေးလိုက်တယ်။ "သူ ဟိုအရှုးနဲ့ လက်ထပ်တော့မှာလား" 


"သူ့ကို ဘယ်သူက လက်ထပ်ချင်မှာလဲ" ရှန်းကျီးဝမ်က နှာခေါင်းရှုံ့လိုက်တယ်။


"အဖေက သဘောတူမှာတဲ့လား" ရှန်းရှောင်က သူမအား မည်မျှ ချစ်မြတ်နိုး အလိုလိုက်ခဲ့တာကို ပြန်သတိရလိုက်ကာ ရှန်းကျီးဖန် မျှော်လင့်ချက်အများကြီး မထားလိုက်ချင်ပေ။


ရှန်းကျီးဝမ် ပြောလိုက်တယ်။ "ငါ ဒီနေ့မနက်ပဲ အဖွားဆီက ပြန်ရောက်လာတာ၊ သူ နောက်ကျရင် လျိုအိမ်တော်ကို သွားလည်ပတ်လိမ့်မယ်"


"အာ..? အဖွားက လျိုအိမ်တော်ကို သွားလည်မှာလား" ရှန်းကျီးဖန် က ယောင်ချာချာနဲ့ မေးလိုက်တယ်။


"လက်ထောက်အမတ်ကြီးလျို ရဲ့ ညီမဖြစ်သူက အခုအချိန်ထိ လက်မထပ်ရသေးဘူး..." ရှန်းကျီးဝမ်က လေသံတိုးတိုးဖြင့် ပြောလာသည်။


ရှန်းကျီးဖန်က တစ်စုံတစ်ခုကို ခန့်မှန်းမိလိုက်ပြီး သူမပါးစပ်ကို အုပ်ကာ ခပ်သာသာလေး ရယ်မောလိုက်တော့တယ်။


*****


🍁🍁