အခန်း
(၂) - သတိပေးခြင်း
ဟဲကျစ်ယန်သည်
မော့ကျိုးယွီ၏ ခြေလှမ်းကို လိုက်မမီနိုင်တော့မည်ကို စိုးရိမ်၍ လှမ်းအော်ခေါ်လိုက်၏။
“မော့ကျိုးယွီ
ကျွန်မကို ခဏစောင့်ဦး…”
သူမသည်
မော့ကျိုးယွီ၏ အနီရောင် ပုံရိပ်ကို မမြင်ခင် အချိန်အတော်ကြာ လိုက်ဖမ်းခဲ့ရသည်။
မော့ကျိုးယွီက
လှည့်ကြည့်ပြီး အမူအရာကင်းမဲ့သော မျက်နှာထားဖြင့် သူမကို စိုက်ကြည့်နေဆဲဖြစ်ကာ “ဘာကိစ္စရှိလို့လဲ”
ဟု မေးလာခဲ့သည်။
ဟဲကျစ်ယန်က
မော့ကျိုးယွီအနားသို့ ပြေးသွားခဲ့ပြီး သူ့လက်မောင်းကို ဆွဲကာ နောက်သို့ ပြန်သွားခဲ့သည်။
“မင်း
ဘာလုပ်နေတာလဲ” မော့ကျိုးယွီက မျက်မှောင်ကြုတ်ပြီး မေးလိုက်သည်။
ဟဲကျစ်ယန်သည်
သူမ၏ ရည်ရွယ်ချက်ကို မည်သို့ ရှင်းပြရမလဲဆိုတာကို မသိခဲ့ဘဲ “ကျွန်မ အိမ်မက်တစ်ခု မက်ခဲ့တယ်၊
အဲ့တာကြောင့် ဒီတစ်ခါ ရှင် နန်းတော်ထဲဝင်ရင် ရှင် မှားယွင်းစွပ်စွဲခံရမှာကို ကျွန်မ
စိုးရိမ်နေတယ်” ဟုသာ ယောင်ဝါးဝါး ပြောနိုင်ခဲ့သည်။
သူမ ဒီလိုပြောလိုက်ချိန်မှာ
ဟဲကျစ်ယန်သည် မော့ကျိုးယွီက သူမအား မေးခွန်းထုတ်လာမှာကို အသင့်ပြင်ထားပြီးသားဖြစ်နေခဲ့ပြီ။
သို့သော်လည်း
မော့ကျိုးယွီက အဲဒီလိုမလုပ်ဘဲ “မင်း ဘာကြားထားတာလဲ” ဟု ပြန်မေးခဲ့သည်။
တကယ်တော့
နယ်စပ်မှ မြို့တော်သို့ ပြန်ရောက်လာကတည်းက မော့ကျိုးယွီသည် ဘုရင်မင်းမြတ်က သူ့ကို ပစ်မှတ်ထားနေတယ်လို့
ခံစားချက်မျိုး မရေမတွက်နိုင်အောင် ခံစားမိခဲ့သည်။
ဟဲကျစ်ယန်သည်
ဤသမိုင်းကြောင်းကို သူမ သိသည်ဟု သေချာပေါက် မပြောနိုင်သောကြောင့် သူ ထပ်မေးလာသောအခါတွင်
ကျည်ဆန်ကိုက်၍ ဖြေဆိုရန်သာ တတ်နိုင်ခဲ့သည်။
“ကျွန်မ
ရှင့်ကိုပြောပြမယ်၊ ကျွန်မ အိမ်မက်ဆိုး တစ်ခု မက်ခဲ့တယ်။”
မော့ကျိုးယွီ၏
အမြင်တွင် သူမ၏ ရှင်းပြချက်သည် အလွန်အတွေးခေါင်နေသော်လည်း ယခုအချိန်တွင် သူသည် နန်းတော်ထဲသို့
အလျင်စလို ဝင်ရောက်ဖို့ ရှိနေပြီး နောက်ထပ် မေးဖို့ ရည်ရွယ်ချက် မရှိပေ။
ဟဲကျစ်ယန်သည်
သူက သူမကို ဦးဆောင်ခွင့်ပြုခဲ့တာကြောင့် လက်ဦးမှု ရယူခဲ့သည်။
ဟဲကျစ်ယန်သည်
မင်္ဂလာအခန်းရှိရာ ခြံဝင်းတစ်ဝိုက်တွင် အချိန်အတော်ကြာအောင် ပတ်ကြည့်ခဲ့ပြီး နောက်ဆုံးတွင်
သူမ စီးလာသော ဝေါယာဉ်ကို ကြည့်လိုက်သည်။
သူမသည်
မော့ကျိုးယွီ၏ လက်ကို လွှတ်လိုက်ပြီး ဝေါယာဉ်ပေါ်သို့ ပြေးတက်ကာ အခင်းထူထူ တစ်ခု ထုတ်ယူလာခဲ့သည်။
မူလပိုင်ရှင်
သူ့မိဘအိမ်မှာ ထွက်ခွာလာသည့်အခါ သူနှင့်အတူ တစ်ပါတည်း ယူဆောင်လာလေ့ရှိသော အရာ တစ်ခု
ဖြစ်သည်။ ဟဲကျစ်ယန်သည် ဝေါယာဉ်ဖြစ်ဖြစ်၊ ရထားလုံးဖြစ်ဖြစ် သူမကို နာကျင်စေမှာ၊ တိုက်မိမှာကို
မုန်းတီးတဲ့အတွက် စေ့စပ်သေချာတဲ့ သခင်မဟဲက သူမအတွက် အခင်း တစ်ခု ပြုလုပ်ခိုင်းခဲ့သည်။
ဟဲကျစ်ယန်သည်
အဆိုပါအခင်း၏ အထူကို ညှစ်ကြည့်လိုက်ရာ ဒါကို သူမ လက်သင့်ခံနိုင်ဆဲဖြစ်ပြီး နောက်လှည့်ကာ
မော့ကျိုးယွီအား ပေးလိုက်သည်။
“တကယ်လို့
ရှင် ကျွန်မကို ယုံတယ်ဆိုရင် ဒီအခင်းကို ရှင့်နောက်ကျောမှာ ထားလိုက်၊ ဒါက ရှင့်ကို
ကူညီနိုင်လိမ့်မယ်။”
ခဏလောက်
ရပ်လိုက်ပြီးနောက် သူမက “ပြီးတော့ ဘုရင်မင်းမြတ်က ရှင့်ကို အနောက်ဆောင်ဆီ ဆင့်ခေါ်ခဲ့မယ်ဆိုရင်
ရှင် မသွားသင့်ဘူး” ဟု ထပ်ပြောခဲ့သည်။
ဒါက အခု
သူမ လုပ်နိုင်သမျှ အကုန်ပဲ။ မော့ကျိုးယွီတစ်ယောက် ရုပ်ပိုင်းဆိုင်ရာ ဒုက္ခများမှ လွတ်မြောက်နိုင်ဖို့ဆိုတာ
သူ့ကံကြမ္မာအပေါ် မူတည်ပေသည်။
မော့ကျိုးယွီသည်
တခဏတာမျှ တုံ့ဆိုင်းသွားသော်လည်း အခင်းကိုတော့ လက်ခံယူလိုက်ဆဲ ဖြစ်သည်။
သူ လှည့်ထွက်သွားပြီးတော့
“အချိန်လင့်နေပြီ၊ ကိုယ့်ကို မစောင့်တော့နဲ့၊ မင်း စောစောအနားယူချေ” ဟု ပြောလိုက်သည်။
မော့ကျိုးယွီ၏
နောက်ကျောပုံရိပ်ကိုကြည့်ရင်း ဟဲကျစ်ယန်က သူ့ကို သတိပေးဖို့ မမေ့မလျော့ရှိနေဆဲပင်၊
“အခင်းကို ရှင့်နောက်ကျောမှာ ခံသွားဖို့ မမေ့နဲ့နော်။”
မော့ကျိုးယွီထံမှ
တုံ့ပြန်မှု မရရှိတော့သဖြင့် ဟဲကျစ်ယန်သည် လာရာလမ်းအတိုင်း ပြန်သွားဖို့သာ တတ်နိုင်သည်။
ခြံဝင်းထဲကို
ပြန်ရောက်တော့ သူမသည် မရီး ရှစ်ယောက်နှင့် အဒေါ် တစ်ယောက် စောင့်နေတာကို တွေ့လိုက်ရသည်။
မရီး
ရှစ်ယောက်လုံးသည် အတွေ့အကြုံရှိသူများ ဖြစ်ကြသည်။ ဟဲကျစ်ယန် ပြန်လာတာကိုမြင်တော့ သူတို့က
ရှေ့တက်လာပြီး သူမကို နှစ်သိမ့်ပေးကြသည်။
“ယောင်းမလေး
စိတ်မပူပါနဲ့။ ဘုရင်မင်းမြတ်က မတ်လေးကို ဒီလောက် နောက်ကျနေမှဆိုတော့ သူ့မှာ အရေးကြီးကိစ္စရှိလို့ပဲဖြစ်မယ်။
သိပ်မကြာလောက်ဘူး ထင်တယ်။”
“ဟုတ်တယ်၊
မတ်လေးက နင်နဲ့ အိမ်ထောင်ရေးကိစ္စ ပြီးမြောက်အောင်လုပ်ဖို့ အချိန်မီ ပြန်လာမှာပါ။”
"..."
ဒီမရီးတွေက
စိတ်အားထက်သန်လွန်းတယ်။ ဟဲကျစ်ယန်သည်လည်း သူတို့အားလုံးက သူမအပေါ် သူတို့၏ စိတ်ရင်းစေတနာကို
ပြသနေသည်ကို သိသော်လည်း ယခုအချိန်တွင် သူတို့ ပြောနေသည့် စကားကို သူမ လက်သင့်မခံနိုင်ပါ၊
အလွန်ငယ်ရွယ်သော
မရီး ရှစ်ယောက်ကို ကြည့်လိုက်မိချိန်တွင် ဟဲကျစ်ယန်တစ်ယောက် တခဏတာမျှ စိတ်နှလုံးထိခိုက်နာကျင်သွားခဲ့မိသည်။
ဒီသနားစရာကောင်းသော
အမျိုးသမီးများသည် မုဆိုးမငယ်ငယ်လေးတွေ ဖြစ်သွားခဲ့ကြသည်။
နောက်ဆုံးတွင်
သူတို့သည် ပြည်နှင်ဒဏ်ပေးခံရတော့မည်ဖြစ်သည်။
ဒါကိုတွေးမိပြီး
ဟဲကျစ်ယန်သည် သူတို့ကို သတိပေးဖို့ ဆုံးဖြတ်လိုက်သည်။
“မရီးတို့
ညီမ ဒီရက်ပိုင်း ကာကွယ်ရေးမြို့စားအိမ်တော်ကြီး ရှာဖွေခံရပြီး ပြည်နှင်ဒဏ်ပေးခံရလိမ့်မယ်ဆိုတဲ့
ထူးဆန်းတဲ့ အိမ်မက် တစ်ခု မြင်မက်ခဲ့တယ်။”
များသောအားဖြင့်
အေးဆေးတည်ငြိမ်လေ့ရှိတဲ့ အကြီးဆုံးမရီး ချွေ့ပီထင်းက သူမ၏ လက်မောင်းကို လာဆွဲပြီး တိုးညှင်းစွာ
ပြောလာခဲ့သည်၊ “ယောင်းမလေး၊ ဒီလိုမျိုး စကားကို ကြုံရာကျပန်း လျှောက်မပြောရဘူး။ ငါတို့ရဲ့
ကာကွယ်ရေးဝန်ကြီးမိသားစုဝင်တွေဟာ မျိုးရိုးစဉ်ဆက် သစ္စာစောင့်သိခဲ့ကြတယ်၊ ဘယ်လိုလုပ်ပြီး
ငါတို့အိမ်ကို ရှာဖွေပြီး ပြည်နှင်ဒဏ်ပေးခံရနိုင်မှာလဲ။”
“အဓိပ္ပါယ်မရှိလိုက်တာ…
ငါတို့တွေ ဒီလို ကံဆိုးစေတဲ့ ကိစ္စတွေကို မပြောသင့်ဘူး။ ယောင်းမလေး၊ ငါတို့ ဒီနေ့ ဒီစကားကို
မပြောခဲ့ဖူးသလို ဟန်ဆောင်ကြရအောင်” ဒုတိယမရီး ရှဲ့ဖန်းက ချက်ချင်းဆိုသလို မြေကြီးကို
ခြေထောက်ဖြင့် နှစ်ချက်ပေါက်ပြီး ဝင်ပြောလာခဲ့သည်။
ဟဲကျစ်ယန်က
သူမ သတိပေးပြီးနောက်မှာ ဒီလို အကျိုးသက်ရောက်မှုမျိုးကို ကြိုတင်သိထားပေမယ့် ဒီလိုမျိုး
လွယ်လွယ်ကူကူ အရှုံးမပေးချင်ခဲ့ဘူး။
“မရီး၊
ညီမလည်း ဒါကို မမှန်ဖို့ မျှော်လင့်ပါတယ်၊ ဒါပေမယ့် ဒီအိမ်မက်က တကယ့်ကို အစစ်အမှန်ပဲ၊
အိမ်မက်ထဲကအတိုင်း နေ့တိုင်း ဖြစ်ပျက်နေတာတွေ တူညီနေတယ်၊ ဒါကြောင်မို့လို့ အစ်မတို့
ညီမကို ယုံကြည်ပြီး ကြိုတင်ပြင်ဆင်မှုတွေ ပြုလုပ်ထားသင့်တယ်၊ ဒါကလည်း မဆိုးပါဘူး။”
လူတိုင်း
ဒီစကားကို ဆက်ပြောနေတဲ့ ဟဲကျစ်ယန်ကိုကြည့်ပြီး ချက်ချင်းဆိုသလို ငြင်းခုန်လာခဲ့ကြသည်။
သူမ တစ်ဘဝလုံး
လူကြီးသူမများ ပြုစုပျိုးထောင်ပေးခြင်းဖြင့် ကြီးပြင်းလာခဲ့သည့် ဒေါ်လေး မော့ဟန်ယွဲ့သည်
အရှက်အကြောက်အကြီးဆုံးဖြစ်သည်။ ဟဲကျစ်ယန်၏ စကားကို ကြားတော့ သူမ မျက်ရည်တွေ စီးကျနေခဲ့ပြီဖြစ်သည်။
ကောင်မလေးက
မျက်ရည်လည်ရွဲနှင့် “ယောင်းမ ငါကြောက်တယ်။ ဒါက အမှန် မဖြစ်နိုင်ပါဘူး” ဟု ပြောလာခဲ့သည်။
ဒါကိုမြင်တော့
အကြီးဆုံးမရီးက သူမကို ပွေ့ဖက်ကာ ညင်သာစွာ နှစ်သိမ့်ပေးခဲ့သည်၊ “မကြောက်ပါနဲ့၊ ဟန်ယွဲ့၊
အိမ်မက်တွေဆိုတာ ပြောင်းပြန် အဓိပ္ပါယ်ကောက်ရတယ်တဲ့။”
မော့ဟန်ယွဲ့သည်
သူမ၏ မျက်ဝန်းထောင့်မှ မျက်ရည်စများကို သုတ်ဖယ်လိုက်ပြီး အကြီးဆုံးမရီး၏ ရင်ခွင်ထဲ
တိုးဝင်သွားခဲ့သည်။
အကြီးဆုံးမရီးက
လူတိုင်းကို လှည့်ပတ်ကြည့်ရင်း “အချိန်လင့်နေပြီ၊ ယောင်းမလေးလည်း ဒီနေ့ အတော် ပင်ပန်းနေလောက်ပြီ၊
သူမကို စောစော အနားယူပါစေ” ဟု ပြောလိုက်သည်။
ဟဲကျစ်ယန်သည်
သူမ၏ စကားကို မည်သူမျှ မယုံကြည်မည်ကို သိသော်လည်း သူမ လုပ်သင့်လုပ်ထိုက်သည်များကို
လုပ်ဆောင်ခဲ့ပြီး ယခုအချိန်မှစ၍ သူမသည် တစ်ကြိမ်လျှင် ခြေတစ်လှမ်းသာ လှမ်းနိုင်ခဲ့သည်။
အခန်းထဲပြန်ရောက်တော့
အစေခံ တော်တော်များများက သူမကို ရေချိုးဖို့ ကူညီပေးပြီးတဲ့အခါ ဟဲကျစ်ယန်က သူတို့အားလုံးကို
ပြန်လွှတ်လိုက်သည်။
သူမ အခု
လိုအပ်နေတဲ့အရာက တိတ်တိတ်ဆိတ်ဆိတ်ရှိနေဖို့ပဲ။ စိတ်အေးအေးထားမှသာလျှင် သူမ နောက်တစ်ဆင့်ကို
သေချာစဉ်းစားနိုင်လိမ့်မည်။
အနီရောင်
ဖယောင်းမီးတိုင်၏ အလင်းရောင်အောက်တွင် မင်္ဂလာအခန်း တစ်ခုလုံး ပြိုးပြက်လင်းလက်နေသည်ကို
သူမ မြင်တွေ့နေရသည်။ သူမမှာ ဒီအရာတွေကို ယူဆောင်နိုင်စွမ်း မရှိတာ ဝမ်းနည်းစရာပါပဲ။
ဒါက ဒီလိုမျိုး
ကြုံတွေ့ရတော့မယ်ဖြစ်တာကြောင့် သူမဟာ သယ်ဆောင်သွားဖို့ လွယ်ကူတဲ့ ငွေလက်မှတ်တွေကိုသာ
အာရုံစိုက်နိုင်ပါတော့သည်။
ကာကွယ်ရေးဝန်ကြီးအိမ်တော်မှာ
ငွေလက်မှတ် ဘယ်လောက်ရှိနိုင်သလဲဆိုတာ သူမ မသိပေ။ သူမ၏ မိဘများ ထည့်ပေးတဲ့ သတို့သမီး
ခန်းဝင်ကြေးကတော့ ငွေလက်မှတ် လျန်း နှစ်ထောင် တိတိ ပါရှိသည်။
ငွေလက်မှတ်များကို
သူမလက်ထဲတွင် ဆုပ်ကိုင်ထားပြီး ဟဲကျစ်ယန်၏ ပထမဆုံးအတွေးမှာ အိမ်တော်အား လာရောက်ရှာဖွေသောအခါတွင်
တစ်ယောက်ယောက်ကတော့ သူမကို သေချာရှာဖွေလိမ့်မည်ဖြစ်သည်။ သူတို့ မတွေ့အောင် ဒီငွေလက်မှတ်တွေကို
ဘယ်မှာ ဖွက်ထားနိုင်မလဲ။
ဝတ္ထုတွေထဲမှာ
ကူးပြောင်းသွားတဲ့ အမျိုးသမီးဇာတ်ဆောင်တွေလိုမျိုး သူမမှာ နေရာလွတ်ရှိနေရင်လည်း အကောင်းသား။
သူမသည် ဤငွေလက်မှတ်များကို နေရာလွတ်ထဲတွင် ထည့်ထားနိုင်ပြီး လုံးဝ လုံခြုံနေလိမ့်မည်၊
ဒါပေမယ့် ကံမကောင်းတာက…
ကူးပြောင်းရောက်ရှိသွားစေတဲ့
နတ်ဘုရားများသည် တရားမျှတမှု မရှိဘူးဟု သူမ အပြစ်တင်မိခဲ့သည်၊ ရုတ်ခြည်းဆိုသလို သူမ၏
ရှေ့တွင် ပြောင်းလဲမှု တစ်ခုကို ခံစားလိုက်ရသည်။
သူမ ရှေ့က
မြင်ကွင်းက အရမ်းရင်းနှီးတယ်၊ ဒါက သူမရဲ့ ဆေးရုံပဲ။
ဒါက သူမ
မသေတာ ဖြစ်နိုင်လား။
မကြာမီပင်
ဟဲကျစ်ယန်သည် အဖြစ်မှန်ကြောင့် ရက်စက်စွာ ရှုံးနိမ့်ခဲ့ရသည်။
သူမသည်
ဆေးရုံတံခါးကို တွန်းဖွင့်ရန် ကြိုးစားခဲ့သော်လည်း တံခါးသည် ဒေါက်တိုင်ကဲ့သို့ ဖြစ်နေပြီး
တုံ့ပြန်မှု လုံးဝ မရှိပေ၊ နည်းနည်းတောင် ဟ မသွားခဲ့ဘူး။
ပြတင်းပေါက်တွေလည်း
အတူတူပါပဲ၊ သူတို့ကို တင်းကြပ်စွာ ပိတ်ထားသလိုပင်…