အခန်း (၄၂)
ဒီမှာ ခဏစောင့်နေ။ လျှောက်မသွားနဲ့နော်။ ငါ မင်းကို လိမ္မော်သီး ဝယ်ကျွေးမယ်။
ရှန်းမူမူက
သူမ ပျံထွက်သွားကြောင်း ခံစားမိလိုက်ပြီး ရှင်းလင်းလှသော 'ဝေါင်း~' ဟူသည့် အော်သံ ထွက်ပေါ်လာသည်။
အေးစက်သည့်
လေတစ်သုတ်က အော်မြည်သံနှင့်အတူ သူမ မျက်နှာကို ဖြတ်တိုက်သွားပြီး ရုတ်တရက် သူမ၏ နှလုံးကလည်း
လေပေါ်ပျံနေသကဲ့သို့ အထိတ်တလန့်ဖြင့် လျင်မြန်စွာ ခုန်ပေါက်လာသည်။
သူမက
ကလေးတစ်ယောက်ကဲ့သို့ အားပါးတရ ရယ်မောလိုက်သည်။
သူမသည်
သူမကိုယ်သူမ ဘယ်တော့မှ ထိန်းချုပ်မထားဘဲ စိတ်လှုပ်ရှားစရာ ကောင်းသည့် စီးစရာများကို
စီးတိုင်း သူမ အော်ချင်သလောက် အသံကုန် အော်ဟစ်လိမ့်မည် ဖြစ်သည်။
သူမ ထိုကဲ့သို့
လုပ်သည့်အခါ ပို၍ ပျော်စရာကောင်းကြောင်း ရှာတွေ့ခဲ့သည်။
"ဝူးဟူး~"
"ဟားဟားဟားဟား-"
"အား-"
ဘေးဘက်မှ
ရံဖန်ရံခါ ထွက်ပေါ်လာသော ရှင်းလင်းပြတ်သားသည့် အော်သံက ချီမော့၏ နှုတ်ခမ်းထောင့်စွန်းတို့ကို
မြင့်တက်သွားပြီး အပြုံးတစ်ခု မသိမသာ ဖြစ်ပေါ်လာစေသည်။
သူသည်လည်း
သူမ၏ ပျော်ရွှင်နေသောခံစားချက် ကူးစက်ခံလိုက်ရကာ မျက်ဝန်းများ ကွေးတက်သွားခဲ့သည်။
သူတို့သုံးယောက်က
နေဝင်သွားသည်အထိ ရေခဲနှင့်နှင်းကမ္ဘာတွင် ကစားခဲ့ကြသည်။
အတိအကျ
ပြောရလျှင် ချီသားအဖက ဆော့ကစားရန် အလွန် စိတ်အားထက်သန်နေသည့် ရှန်းမူမူကို နေဝင်သည်အထိ
အဖော်ပြုပေးခဲ့ကြခြင်း ဖြစ်သည်။
ရှန်းမူမူက
အလိုလိုက်ခံရသည့် ကလေးကဲ့သို့ ချီရှောင်ပိုင်အား ပူးပေါင်းရန် အတင်းအကျပ် ဖိအားပေးကာ
သူမအတွက် Elsa ပို့စ်နှင့် ဓာတ်ပုံများစွာ ရိုက်ပေးစေခဲ့သည်။
သူမက
နှင်းလက်တစ်ဆုပ်စာ ယူ၍ လက်ကို ဝှေ့ယမ်းကာ ပြန့်ကျဲကျလာစေသည်။
ထို့ပြင်
သူမက 'Let it Go' သီချင်းကိုလည်း ဆိုနေသေး၏။
ချီရှောင်ပိုင်သည်
ထိုရှက်စရာကောင်းသည့် မြင်ကွင်းကို အသိများတွေ့များမည်အား စိုးရိမ်သောကြောင့် ဦးထုပ်ကို
ခပ်ငိုက်ငိုက်ဆောင်းရင်း ကင်မရာ ခလုတ်အား အမြန် ဖိနှိပ်လေသည်။
ကလစ်-
ကလစ်-
အနီးတွင်
အရပ်မြင့်မြင့်နှင့် ချောမောသော အမျိုးသားတစ်ယောက်က သူတို့နှစ်ယောက်ကို ကြည့်နေခဲ့သည်။
သူ့ ရင်ဘတ်က
အနည်းငယ် လှုပ်ခါနေပြီး ရယ်သံခပ်တိုးတိုး ထွက်ပေါ်လာ၏။
ရုတ်တရက်
သူ့အိတ်ထဲမှ ဖုန်းက အဝင်ကောလ်ကြောင့် တုန်ခါလာသည်။
ချီမော့က
သူ၏ အလုပ်ဖုန်းကို ထုတ်ကြည့်ကာ ဖုန်းဖြေလိုက်သည်။ "ဟယ်လို"
ဖုန်းတစ်ဖက်မှ
ချွီဟွေ့၏ အသံက ချိုမြိန်စွာ ထွက်ပေါ်လာ၏။ "ဥက္ကဋ္ဌချီ ကျွန်မ ချွီဟွေ့ပါ။"
ချီမော့၏
မျက်ခုံးများက အနည်းငယ် စုကျုံ့သွားပြီး သူမက သူ့နံပါတ်ကို ဘယ်လိုရသွားသလဲ အံ့ဩနေသည်။
သူ့လေသံက အနည်းငယ် အုံ့မှိုင်းနေ၏။ "ဘာကိစ္စရှိလို့လဲ။"
"ဥက္ကဋ္ဌချီ
ကျွန်မ ရှင့်ကို ကြိုဆိုဖို့အတွက် ယွဲ့လိုင်စားသောက်ဆိုင်မှာ ကြိုတင်စာရင်းပေးထားပါတယ်။"
ချွီဟွေ့၏
ဖုန်းကို ကိုင်ထားသည့် လက်က တင်းကျပ်နေပြီး သူမနှလုံးသားထဲမှ တင်းကျပ်မှုကို ရပ်တန့်ရန်
ကြိုးစားနေသည်။
"လွန်ခဲ့တဲ့
နှစ်တုန်းက ကျွန်မအဖေ ကျွန်မကို ပါတီပွဲ ခေါ်လာတုန်းက သူက ရှင့်ကို အရည်အချင်းရှိတဲ့လူ
ဖြစ်တဲ့အကြောင်း ဆက်တိုက် ချီးကျူးနေတာ။ ပြီးတော့ ထန်ရှင်းက ချီရှီအုပ်စုနဲ့ ပူးပေါင်းဖို့
အခွင့်အရေးရှိမလားလို့တောင် ပြောနေသေးတယ်။"
"ချီရှီအုပ်စုက
ရှန်မြို့မှာ အပန်းဖြေစခန်း လာဆောက်မယ်လို့ ကြားတော့ ကျွန်မ မနေနိုင်လောက်အောင် ပျော်သွားမိတယ်။
အခု ကျွန်မက ထန်ရှင်းအုပ်စုကို ဦးဆောင်နေပြီး ထန်ရှင်းနဲ့ ချီရှီကြား အနာဂတ်မှာ ပူးပေါင်းဖို့
ဖြစ်နိုင်မလား ဆွေးနွေးရအောင် အတူတူ ထမင်းတစ်နပ်လောက် စားဖို့ အခွင့်အရေးရှိနိုင်မလား
သိချင်မိတယ်။"
"ရှင်
စီးပွားရေးအကြောင်း မပြောချင်လည်း ကိစ္စမရှိပါဘူး။ ယွဲ့လိုင်က ရှန်မြို့ရဲ့ အကျော်ကြားဆုံး
စားသောက်ဆိုင်လေ။ ကျွန်မက ရှင့်ကို ကျွန်မတို့ရဲ့ ဒေသခံစားသောက်စရာတွေ စားသောက်ကြည့်ဖို့
စိတ်ရင်းမှန်နဲ့ ဖိတ်ခေါ်ချင်ပါတယ်။"
ထိုစကားအရှည်ကြီးကို
ပြောပြီးနောက် ချွီဟွေ့က ရယ်မောရင်း ခပ်ဖြေးဖြေး ပြောလိုက်သည်။ "ပြီးတော့ အိမ်ရှင်တစ်ယောက်အနေနဲ့
ကျွန်မရဲ့ တာဝန်တွေကို ဖြည့်ဆည်းဖို့ ခွင့်ပြုပါ။"
"ဆောရီး
မစ္စချွီ ကျုပ် အခု အလုပ်ရှုပ်နေတယ်။"
ချီမော့က
သူ၏ စီးပွားဖက် လောကဝတ်ကို ထိန်းသိမ်းထားပြီး သူ၏ စိတ်မကျေနပ်မှုကို ဖိနှိပ်ကာ ချွီဟွေ့
ပြောပြီးပြီးချင်း ချက်ချင်း ငြင်းပယ်လိုက်သည်။
သူမ တုန့်ပြန်လာတာကို
မစောင့်ဘဲ သူက တိုက်ရိုက် ဖုန်းချပစ်လိုက်ကာ သူ့ဖုန်းအား ကုတ်အင်္ကျီအိတ်ထဲသို့ ပြန်ထည့်လိုက်သည်။
သူ့ဘေးတွင်
ချီရှောင်ပိုင်က ဖုန်းကို ကိုင်ထားရင်း ရှန်းမူမူအား သူမကို ရိုက်ပေးထားသည့် ဓာတ်ပုံများကို
စစ်ဆေးခွင့်ပြုထားသည်။
ရှန်းမူမူက
လက်မထောင်ပြလိုက်ပေးပြီးနောက် ချီရှောင်ပိုင်က စိတ်သက်သာရာရသလို သက်ပြင်းချလိုက်ပြီး
ပခုံးများ ပြေလျော့သွားသည်။
သူက သူ့အဖေကို
ကြည့်လိုက်၏။
ချီမော့ကလည်း
သူတို့အား ကြည့်နေသည်ကို မြင်သောအခါ ချီရှောင်ပိုင်က အော်ပြောလိုက်သည်။
"အဖေ
သူမက ဗိုက်ဆာနေပြီတဲ့။ ကျွန်တော်လည်း ဆာနေပြီ။ ညစာသွားစားကြမလား။"
ချီမော့က
အနည်းငယ် စိတ်ရှုပ်ထွေးသွားပြီး ခေါင်းညိတ်ပြီး သူတို့ထံ လျှောက်မလာခင် အနည်းငယ် တိတ်ဆိတ်သွားသည်။
၎င်းက
အလွန် မမျှော်လင့်ထားသည့်အရာ ဖြစ်သည်။
ချီရှောင်ပိုင်သည်
ငယ်ငယ်ကတည်းက သူ့ဘေးမှာ ကြီးပြင်းလာတာ မဟုတ်ဘဲ သူတို့ အတူတူ နေပြီးနောက်၌ပင် တစ်ယောက်တည်း
စားသောက်ရခြင်းကို အသားကျနေပြီ ဖြစ်သည်။ ဤသည်မှာ ကောင်လေးဘက်မှ ပထမဆုံး အစပြုကာ သူ့ကို
ထိုမျှ လက်တွေ့ကျသည့် ဖိတ်ခေါ်မှုမျိုး ပြုလုပ်ခဲ့ခြင်း ဖြစ်လေသည်။
......
ယွဲ့လိုင်စားသောက်ဆိုင်။
သီးသန့်ခန်းအတွင်း၌
ပန်းကန်ခွက်ယောက်များ ကွဲကြေသွားသည့် ဆူညံသံများ ထွက်ပေါ်လာသည်။
ချွီဟွေ့၏
မျက်နှာက ဒေါသကြောင့် မည်းမှောင်နေ၏။
သူမက
ချီမော့ နေနေသည့် ဗီလုကို ရှာမတွေ့ခဲ့ရုံမျှမက သူ့ကို ညစာစားရန်ပင် ဖိတ်ခေါ်၍ မရခဲ့ပေ။
သူမ ဘယ်လောက်
နီးကပ်အောင် ကြိုးစားနေပါစေ ဘာလို့ အရမ်းဝေးကွာနေရတာလဲ။
ချွီဟွေ့က
စားပွဲခင်းကို တင်းတင်းဆုပ်ထားပြီး သူမနှုတ်ခမ်းအား ဖိကိုက်ထားသည်။
ရုတ်တရက်
စိတ်ကူးတစ်ခု ပေါ်လာသည်နှင့် သူမ မျက်လုံးထဲ၌ အလင်းရောင်တစ်ခု ဖြစ်ပေါ်လာ၏။
"ဖြစ်နိုင်တာက..."
"ငါ
အဲဒီကိစ္စကို သုံးပြီး ငါ့ကို လာတွေ့အောင် ဖိအားပေးသင့်လား။"
သူမ တွေဝေနေစဥ်
သူမလက်ထောက်က သီးသန့်ခန်းတံခါးကို တွန်းဖွင့် ဝင်လာသည်။
"ဘော့စ်ချွီ
မီးဖိုချောင်ကို ဟင်းပွဲတွေ မှာတော့မလား။"
ချွီဟွေ့၏
အတွေးရထားကြီးမှာ နှောက်ယှက်ခံလိုက်ရသည်။ သူမ ဘယ်နေရာတွင် ဒေါသကို ဖြေဖျောက်ရမလဲ မသိသဖြင့်
သူမ ခေါင်းကို အုပ်ကိုင်ရင်း အော်လိုက်သည်။
"သူက
ဒီကို လာတောင်မလာဘူး။ ဟင်းပွဲတွေမှာပြီး ဘာလုပ်ရမှာလဲ။"
လက်ထောက်က
ခဏလောက် အံ့သြမှင်တက်သွားကာ စိတ်ထဲမှာ ရုန်းကန်နေပြီးမှ ဂရုတစိုက် ပြောလိုက်သည်။
"ဘော့စ်ချွီ
အောက်ထပ်က လူတွေ ပြောတာတော့ ဥက္ကဋ္ဌချီက ရေခဲနဲ့နှင်းကမ္ဘာနားက A hole-in-the-wall
စားသောက်ဆိုင်ကို သွားတယ်တဲ့။"
လက်ထောက်က
သူ့ဘော့စ်၏ အမူအရာကို လေ့လာရင်း သတိထားကာ မေးလိုက်၏။
"ကျွန်တော်တို့ရော
အဲဒီကို သွားသင့်တယ်လို့ ထင်လား။"
ချွီဟွေ့က
မျက်မှောင်ကြုတ်လိုက်သည်။
A
hole-in-the-wall စားသောက်ဆိုင်လား။
သူမက
သူ့ကို မြို့၏ အကောင်းဆုံး စားသောက်ဆိုင်ကို ဖိတ်ကြားခဲ့သော်လည်း သူက မလာခဲ့ဘဲ သာမန်လူများသာ
သွားကြသည့် စားသောက်ဆိုင်သေးသေးလေးကို သွားရန် ဆန္ဒရှိခဲ့သည်လား။
"ဘယ်သူနဲ့သွားတာလဲ။"
လက်ထောက်က
ရှက်ရွံ့စွာ ကြည့်လိုက်သည်။ "ဇနီးနဲ့ သားနဲ့ပါ။"
ထိုသည်ကို
ကြားသည့်အခါ ချွီဟွေ့က စားပွဲကို ပို၍ပင် ဆုပ်ချေလိုက်ပြီး အံတင်းတင်းကြိတ်လိုက်သည်။
"ငါ မသွားဘူး။ သူ ငါ့ကို ဆန္ဒအလျောက် လာတွေ့တာပဲ လိုချင်တယ်။"
.......
ထိုညတွင်
ညစာကို စိတ်ကျေနပ်စွာ စားသောက်ပြီးနောက် ဗီလာသို့ ပြန်ရောက်သည့်အခါ ရှန်းမူမူက သူမ
ဗိုက်ကို ပုတ်လိုက်သည်။
"ကျွန်မ
ညွှန်းတဲ့ စားသောက်ဆိုင်က မဆိုးဘူးမလား။ အွန်လိုင်းရီဗျူးတွေက ပြောတာတော့ ဒေသခံတွေ
အများဆုံး သွားကြပြီး စျေးနှုန်းလည်းတန် အများကြီးလည်း ရတယ်တဲ့။"
ချီမော့
: "တကယ် အရသာရှိတယ်။"
ချီရှောင်ပိုင်က
ခေါင်းညိတ်လိုက်သည်။ : "ဆိုင်ရဲ့ သူဋ္ဌေးကလည်း အရမ်းစိတ်အားထက်သန်တာပဲ။ ကျွန်တော်
ပုံမှန်စားနေကျထက် အပိုနှစ်ပန်းကန်တောင် စားခဲ့တယ်။"
သူမ သေချာ
ရွေးချယ်ထားသည့် စားသောက်ဆိုင်အား အသိအမှတ်ပြုမှု ရခဲ့သည့်အခါ ပျော်ရွှင်သွားပြီး ရှန်းမူမူက
အကြံပေးလိုက်သည်။ "ကျွန်မတို့ အစာကြေဖို့ လမ်းလျှောက်ကြမယ်လေ။ အခုလေးတင် အပန်းဖြေဟိုတယ်ကို
ဖြတ်လာတုန်းက စာအုပ်ဆိုင်နဲ့ အမှတ်တရ လက်ဆောင်ပစ္စည်း အရောင်းဆိုင်တွေ တွေ့ခဲ့တယ်။"
ချီရှောင်ပိုင်ကလည်း
အလွန် ဗိုက်တင်းနေသည်ဟု ခံစားရသဖြင့် သဘောတူလိုက်သည်။ "အဲဒါကောင်းတယ်။"
ချီမော့
: "မင်းတို့ နှစ်ယောက်ပဲ သွားကြပါ။ ကိုယ် မနက်ဖြန် စီမံခန့်ခွဲရေးအဖွဲ့နဲ့ အစည်းအဝေးရှိသေးတယ်။
ဒါကြောင့် အပြင်မသွားတော့ဘူး။"
ချီမော့၏
အလုပ်သရဲဦးနှောက်ကို အသားကျနေပြီဖြစ်ရာ ရှန်းမူမူက 'အိုခေ' ဟူသော လက်သင်္ကေတကိုသာ
လုပ်ပြလိုက်သည်။
ထို့နောက်
သူမက ချီရှောင်ပိုင် ပခုံးအား ပုတ်ကာ ပြောလိုက်သည်။
"သွားကြစို့။
ငါတို့ လူငယ်နှစ်ယောက်ပဲ လျှောက်သွားကြမယ်။ အသက်သုံးဆယ်ကျော်လူကြီးတွေက စားသောက်ပြီးတာနဲ့
အိပ်လိမ့်မယ်။"
ချီရှောင်ပိုင်
: "......"
ချီမော့
: "......"
သူက အမှန်တကယ်
သူမထက် အသက်အများကြီး ပိုကြီးတာမဟုတ်ဘူးလို့ ဘယ်လိုပြောရမှာလဲ။
ရှန်းမူမူနှင့်
သူမထက် ခေါင်းတစ်လုံးစာ ပို၍ အရပ်မြင့်သော သားအတုလေးက အပန်းဖြေဟိုတယ် အနီး၌ ဖြေးညင်းစွာ
လျှောက်နေခဲ့သည်။
ဤနေရာ၌
လမ်းလျှောက်နေသူများက ဗီလာဧရိယာထက် သိသိသာသာ များပြားနေပြီး ကဖီးနှင့် အဆာပြေမုန့်ဆိုင်များတွင်လည်း
လူပြည့်လျှံနေသည်။
၎င်းသည်
ရှန်းမူမူကို ချီမော့က ဤနေရာကို ရွေးချယ်၍ ရင်းနှီးမြှုပ်နှံရန် အမြင်ရှိသည့်အတွက်
တစ်ခါထပ်ပြီး လေးစားသွားမိစေသည်။ အသစ်တည်ဆောက်ထားသည့် အပန်းဖြေစခန်းဖြစ်သော်လည်း ခရီးသွားသူများစွာကို
ဆွဲဆောင်နိုင်ပြီး ဖြစ်သည်။
ရှန်းမူမူက
အမှတ်တရပစ္စည်း အရောင်းဆိုင်တစ်ခုရှေ့၌ ရပ်တန့်လိုက်သည်။ "အထဲဝင်ကြည့်ရအောင်။"
သူတို့
ရောက်နေပြီဆိုမှတော့ သူမက စုထင်းရန်အတွက် လက်ဆောင်လေးတစ်ခုလောက် ဝယ်ပေးချင်ပေသည်။
ချီရှောင်ပိုင်က
ဆိုင်ထဲရှိ ပြည့်သိပ်နေသော လူများကို ကြည့်ကာ မျက်မှောင်ကြုတ်လိုက်သည်။ "လူအရမ်းများတယ်။
ကျွန်တော် အထဲမဝင်ချင်ဘူး။"
ရှန်းမူမူက
အတင်းအကျပ်မလုပ်ပေ။ "အဲဒါဆို ဒီမှာ ခဏစောင့်နေ။ လျှောက်မသွားနဲ့နော်။ ငါ မင်းကို
လိမ္မော်သီး ဝယ်ကျွေးမယ်။"
ချီရှောင်ပိုင်
: "......"
အဲဒီစကားက
ဘာလို့ အရမ်းထူးဆန်းနေတာလဲ။ သူ လှောင်ပြောင်သရော်ခံနေရသလိုမျိုး ခံစားရတယ်။
သူက ပြန်ပြောလိုက်ချင်ပေမယ့်
ရှန်းမူမူက ဆိုင်ထဲဝင်သွားပြီး သူ့မြင်ကွင်းမှ ပျောက်သွားခဲ့ပြီ ဖြစ်သည်။
သူက သဘောထားကြီးကြီးနဲ့
ပခုံးတွန့်လိုက်ပြီး ဆိုင်အပြင်ဘက်မှ ခုံတန်းရှည်တစ်ခုမှာ ထိုင်ချ၍ နာနာခံခံ စောင့်နေလိုက်သည်။
ရုတ်တရက်
မရင်းနှီးသည့် အမျိုးသမီးတစ်ယောက်၏ အသံထွက်ပေါ်လာကာ သူ့ကို ခေါ်လိုက်၏။
"ရှောင်ပိုင်လား"