အခန်း (၂၃)
သူမ အရိပ်အယောင်များ စွန်းထင်လာ
ချီရှောင်ပိုင်၏
ခံစားချက်များက သူ့ ခံစားချက်တွင် မပေါ်ပေ။ သူက သာမန်ကာလျှံကာဖြစ်သည့် စိတ်ရှုပ်သော
အကြည့်တို့နှင့် ဖြစ်နေဆဲ ဖြစ်သည်။ သူက ပျင်းရိစွာ တစ်ချက်လှမ်းကြည့်ပြီး ပြောလိုက်သည်။
"အိုး.. ခင်ဗျား အရင်စားပါ။ ကျွန်တော် အခုလေးတင် ဘက်စကက်ဘော ကစားလာခဲ့တာမို့ မစားခင်
ရေအရင်သွားချိုးလိုက်ဦးမယ်။"
ရှန်းမူမူက
ပြောလိုက်သည်။ "ရေမချိုးနဲ့။ မင်း ချွေးနံ့ထွက်တာကို ငါ စိတ်မရှိပါဘူး။ မြန်မြန်လာခဲ့။
အေးသွားရင် အရသာမကောင်းတော့ဘဲ နေမယ်။"
လှမ်းနေသည့်
ချီရှောင်ပိုင်၏ ခြေလှမ်းများက ရပ်တန့်သွားပြီး သူက ဖြေးဖြေးချင်း ပြန်လှည့်လာကာ ထိုင်ချလိုက်သည်။
ရှန်းမူမူ
အစီအစဥ် အောင်မြင်သွားသည့်အတွက် ကျေနပ်သည့် အမူအရာ ပြသလာသည်။ သူမက ဟင်းရည်ပန်းကန်ကို
ချီရှောင်ပိုင်ထံသို့ တွန်းပို့လိုက်သည်။
ချီရှောင်ပိုင်က
ပန်းကန်လုံးနှင့် တူကို ကိုင်လိုက်ပြီး စတင်စားရန် ပြင်လိုက်သည်။ ထိုအချိန်၌ သူက တစ်ခုခုကို
တွေးမိသွားပြီး ခေါင်းလှည့်ကြည့်လာသည်။
"ခင်ဗျား
ဒါကို စားလို့ မရဘူး။"
ရှန်းမူမူက
အံ့အားသင့်စွာ မော့ကြည့်လိုက်ပြီး အခုလေးတင် ပါးစပ်ထဲ ရောက်လာသည့် ဟင်းရည်တစ်ငုံကို
မြိုချရမလား ထွေးထုတ်ရမလား မသိတော့ပေ။
သူမ မျက်လုံးများက
မေးခွန်းသင်္ကေတများ လျှံကျလာသည်။ : ???
ချီရှောင်ပိုင်က
လေးနက်သော အမူအရာနှင့် ပြောလိုက်၏။ "တုန်ယမ်းဟင်းရည်မှာ စပါးလင်ပါတယ်။"
"ကိုယ်ဝန်ရှိနေတဲ့
အမျိုးသမီးတွေက အဲဒါ စားလို့ မရဘူး။"
သူက စိတ်တိုနေသကဲ့သို့
မျက်မှောင်ကြုတ်ထားလေသည်။
"ခင်ဗျားက
ကိုယ်ဝန်ရှိနေပြီလေ။ ဘာလို့ ဒီကိစ္စတွေကို အာရုံမစိုက်ဘဲ နေရတာလဲ။ အဖေရောပဲ။ ဘယ်လိုများ
ဒါကို ဝယ်လာပေးနိုင်ရတာလဲ။"
ရှန်းမူမူ
: "......"
သူမက
ချီရှောင်ပိုင်၏ အသက်ဆယ့်ခုနစ်နှစ်လေးနှင့် လွှမ်းမိုးခြယ်လှယ်နိုင်သော အရှိန်အဝါကြောင့်
အူမြူးသွားသည်။ သူမ ပါးစပ်ထဲမှ ဟင်းရည်ကို မြိုချပြီးနောက် သူမက ပြောလိုက်သည်။
"မင်း အသက်ငယ်ငယ်လေးနဲ့ ဒီလိုအကြောင်းအရာကို ဘယ်လို သိတာလဲ။"
ချီရှောင်ပိုင်က
ကျစ်ခနဲ စုတ်သပ်လိုက်သည်။ "ခင်ဗျား စားလို့မရဘူးလို့ ကျွန်တော် ပြောခဲ့တယ်လေ။"
ရှန်းမူမူက
ရယ်မောလိုက်သည်။ "ငါ ကိုယ်ဝန်ရှိမနေဘူး။ မင်း နားလည်မှုလွဲနေပြီ ကောင်ငယ်လေး။"
ချီရှောင်ပိုင်
: "?"
ရှန်းမူမူ
: "အဲဒီနေ့က အိမ်တော်ထိန်းကျန်း နားကြားလွဲသွားတာ။ မင်းလည်း အထင်မှားနေတာ။"
ချီရှောင်ပိုင်
: "...... သူ နားကြားမှားတာလား။"
သို့သော်
သူသည် ထိုနေ့က သူ့အဖေ၏ ပျော်ရွှင်နေသည့် အမူအရာကို ရှင်းလင်းစွာ မှတ်မိနေသည်။
ရှန်းမူမူက
အကြောက်အလန့် ကင်းစွာနှင့် ဟင်းရည်နောက်တစ်ငုံ သောက်၍ ပြောလိုက်သည်။
"မင်းအဖေနဲ့
ငါ့မှာ ကလေးယူဖို့ အစီအစဥ် မရှိဘူး။ ငါတို့ ကလေးယူမယ်ဆိုရင် မင်းကို ကြိုပြီး အသိပေးမယ်။"
သူမက
လင်ပါသားဖြစ်သူ၏ အထင်ကြီးမှုကို ရယူရန် မရည်ရွယ်ထားပေ။
သို့သော်
သူတို့က ဤခေါင်းစဥ်ကို ရောက်လာပြီဖြစ်ရာ သေချာရှင်းရှင်းလင်းလင်း ပြောထားခြင်းက ပိုကောင်းပေသည်။
ချီရှောင်ပိုင်က
စက္ကန့်အနည်းငယ်လောက် တိတ်ဆိတ်နေပြီးမှ ဖြေးဖြေးချင်း ပြောလိုက်သည်။
"တကယ်တော့
ခင်ဗျား ကျွန်တော့်ကို ပြောဖို့ မလိုပါဘူး။ ခင်ဗျားတို့ နှစ်ယောက်က
ခင်ဗျားတို့ပဲ။ ကျွန်တော်က ကျွန်တော်ပဲလေ။"
စကားလုံးများက
အေးစက်ပုံပေါ်သော်လည်း သူ့လေသံက ခက်ထန်မနေပေ။
ရှန်းမူမူသည်
ဆယ်ကျော်သက်လေး၏ ခေါင်းမာသော သဘောတူညီချက်ကိုပင် ကြားနိုင်ပေသည်။
သူမက
ပြုံးကာ ပြောလိုက်သည်။ "မြန်မြန်စား၊ တကယ် အေးကုန်တော့မယ်။"
"အိုခေ"
ချီရှောင်ပိုင်က ခေါင်းညိတ်ကာ ဇွန်း ကောက်ကိုင်လိုက်သည်။
စားသောက်ပြီးနောက်
ရှန်းမူမူက ဆိုဖာနောက်သို့ မှီထိုင်လိုက်ပြီး ချီရှောင်ပိုင်ကို ကြည့်လိုက်သည်။ သူမ
ကြည့်လေလေ စိတ်အလိုမကျ ဖြစ်လာလေ ဖြစ်သည်။
တခဏမျှတွေးပြီးနောက်
သူမက ပြောရန်လိုသည်ဟု ဆုံးဖြတ်လိုက်သည်။
"ချီရှောင်ပိုင်
မင်း ဆံပင်ပုံစံပြောင်းလိုက်လို့ မရဘူးလား။ အရမ်း ရုပ်ဆိုးတယ်။"
ချီရှောင်ပိုင်၏
ဇွန်းကိုင်ထားသော လက်က အေးခဲသွားသည်။ သူ လှည့်ကြည့်လိုက်သည့်အခါ သူ့မျက်နှာက ရှင်းရှင်းလင်းလင်း
အံ့အားသင့်ဟန် ဖြစ်နေခဲ့သည်။
ရုပ်ဆိုးတယ်လား။
ငယ်စဥ်ကနေ
အခုချိန်ထိ သူ့ကိုမြင်သည့် လူများက သူ၏ ရုပ်ရည်ချောမောမှုကို ချီးကျူးကြသည်။ ဤသည်မှာ
သူ့ကို ဖော်ပြရန် 'ရုပ်ဆိုးတယ်' ဟူသည့် စကားလုံးအား အသုံးပြုခြင်းကို
ကြားဖူးသည်မှာ ပထမဆုံး ဖြစ်သည်။
ရှန်းမူမူက
နောက်သို့ အနည်းငယ် ပို၍ ဆုတ်လိုက်ပြီး သူ့ကို ကြည့်ရင်း မျက်မှောင်ကြုတ်လိုက်သည်။
သူမက အလေးအနက် စတင် ဝေဖန်တော့သည်။
"မင်းရဲ့
အရိုးတည်ဆောက်ပုံက တော်တော်လေး ကောင်းရဲ့သားနဲ့ ဘာလို့ ပိုပြီး တက်တက်ကြွကြွနဲ့ လန်းဆန်းတဲ့
အသွင်မျိုးပေါက်အောင် ဆံပင်ကို ပိုတိုအောင် မညှပ်လိုက်တာလဲ။"
ရှန်းမူမူက
ထိုစကားကို ပြောချင်နေသည်မှာ အချိန်အကြာကြီး ရှိပြီ ဖြစ်သည်။ ယနေ့ နောက်ဆုံး၌ သူမက
ထပ်သည်းမခံနိုင်တော့ပေ။
ချီရှောင်ပိုင်က
သူ၏ ဆံပင်ကို ခေါင်းပတ်နှင့် စည်းထားရသည်အား သဘောကျပေသည်။
စတိုင်လ်က
ဂျပန်ဆန်သော်လည်း အချိန်တိုင်း သင့်တော်နေခြင်းတော့ မဟုတ်ပေ။
သူက ခေါင်းပတ်ကို
ဖြုတ်လိုက်ပြီး ကျောင်းယူနီဖောင်း ဝတ်လိုက်သည်နှင့် သူ့ ဆံယဥ်စများက လေဖြင့် လွင့်နေကာ
သူ့ကို ထိုင်းထိုင်းမှိုင်းမှိုင်းအသွင် ဖြစ်နေစေသည်။
ဝတ္ထုထဲ၌
သူက အေးစက် ထိုင်းမှိုင်းသည့် စရိုက်မျိုး ရှိသည်ဟု ပြောထားသည်။ သူမသည် ၎င်းက သူ၏ ဆံပင်စတိုင်လ်နှင့်
သက်ဆိုင်မလား သိချင်မိသည်။
ရှန်းမူမူ
: "အခုခေတ်မှာ အဲဒီလို ထိုင်းထိုင်းမှိုင်းမှိုင်းအသွင်က ဖက်ရှင်မကျတော့ဘူး။ ဆံမြိတ်ကို
အရှည်ကြီးထားတာက တကယ် မခန့်ညားဘူး။"
ချီရှောင်ပိုင်က
သူ့အမြင်အာရုံကို ပိတ်ဆို့ထားလေ့ရှိသည့် ခပ်ရှည်ရှည် ဆံယဥ်စများကို ကြည့်လိုက်သည်။
"စတိုင်လ်လစ်က
ကျပန်းလုပ်ပေးထားတာ။"
မိသားစု၏
ဆံပင်စတိုင်လ်လစ်က နှစ်ပတ်တစ်ကြိမ် လာတတ်သည်။ အချိန်တိုင်း သူ့သဘောထားက 'ခင်ဗျား လုပ်ချင်တာ
လုပ်' ဟူ၍ ဖြစ်သည်။
ရှန်းမူမူက
ခေါင်းခါရင်း သက်ပြင်းချလိုက်သည်။ "ကြည့်ရတာ Tony က အရမ်းကို ခေတ်နောက်ကျတဲ့ အမြင်မျိုးရှိပြီး
စွမ်းရည်က လစ်လပ်နေပုံပဲ။"
ချီရှောင်ပိုင်၏
မျက်လုံးများက အနည်းငယ် ပြူးကျယ်သွားသည်။ "သူ့နာမည်က Tony ဆိုတာ ခင်ဗျား ဘယ်လိုသိလဲ။"
ရှန်းမူမူ
: "......"
ဟာ့...
တကယ် Tony တဲ့လား။
ရှန်းမူမူက
တစ်ဝက်အပြစ်တင်စကားနှင့် တစ်ဝက်ရှင်းပြဟန်ဖြင့် ပြောလိုက်သည်။ "လောကအရေးကို ဂရုမစိုက်တဲ့
သခင်လေးရေ၊ ဆံသပညာရှင် ချိန်းဆိုမှုလို့ ရှာလိုက်ရုံနဲ့ Tony က တစ်ဝက်လောက် နေရာယူထားတာပါနော်။"
"ဟားဟားဟား...."
ချီရှောင်ပိုင်က ရယ်မောလိုက်သည်။
ရှန်းမူမူသည်လည်း
မမျှော်လင့်သည့် တိုက်ဆိုင်မှုကြောင့် ရယ်မောလိုက်၏။
........
Gym အခန်းထဲမှ
အပြေးစက်ပေါ်တွင်....
ချီမော့သည်
အပြင်ဘက်မှ ဆူညံမှုများကြောင့် အာရုံဆွဲဆောင်ခံလိုက်ရပြီး လှမ်းကြည့်လိုက်သည်။
မှန်တံခါးမှ
ဖြတ်၍ သူသည် ရှန်းမူမူက တောက်ပစွာ ရယ်မောနေသည်ကို မြင်လိုက်ရသည်။
သူမတွင်
တောက်ပ၍ ဆွဲဆောင်မှုရှိသည့် မျက်လုံးများ ရှိသည်။ သူမ ပြုံးလိုက်သောအခါ ပါးချိုင့်လေးနှစ်ခု
ရှိ၏။ သူမ အသံကို ကြားရသည်မှာ ချိုမြိန်ပြီး သံစဥ်လေးတစ်ခုလို သာယာနာပျော်ဖွယ် ကောင်းသည်။
မသိလိုက်ဘဲ
သူ့အကြည့်များက အချိန်အတော်ကြာအောင် ရပ်တန့်နေခဲ့သည်။ အပြေးစက်ပေါ်တွင် တံတောင်ဆစ်ကို
ကွေးထားပြီး အပြင်ဘက်ကို ငေးကြည့်နေရင်း သူ့မျက်လုံးများက တဖြေးဖြေး ကျဥ်းမြောင်းလာသည်။
သူ၏ နူးညံ့သော
နှလုံးသားတစ်ထောင့်တစ်နေရာမှ အမည်မသိခံစားချက်တချို့ ဆွဲထုတ်ခံလိုက်ရပုံပေါ်သည်။
အားကစားလုပ်ပြီးနောက်
ချီမော့က ရေချိုးရန် အပေါ်ထပ်သို့ တက်သွားခဲ့သည်။
သူက ရေပန်းကို
ဖွင့်လိုက်ပြီး ရေများ ကျဆင်းလာသည့်အခါ ပုံမှန်အတိုင်း ရေချိုးဂျယ်ဆပ်ပြာဘူးကို ဖိညှစ်ရန်
လက်လှမ်းလိုက်သည်။
သို့သော်
သူ့လက်ပေါ် ဘာမှ ကျမလာခဲ့ပေ။ သူက နှစ်ကြိမ်ဖိညှစ်လိုက်သော်လည်း ဘာမှ ထွက်မလာသေးချေ။
သူ့မျက်နှာထက်မှ
ရေများကို လက်တစ်ဖက်နှင့် သုတ်၍ ကြည့်လိုက်သည်။
ထိုနေရာ၌
မဖောက်ရသေးသော လက်ဖက်ညိုရောင်ရေချိုးဂျယ်ဆပ်ပြာ တစ်ဘူးက ထိုနေရာတွင် ရှိနေခဲ့သည်။
သူ၏ ရှည်လျားသွယ်လျသော
လက်ချောင်းများ၌ ရေစက်များ ရှိနေဆဲ ဖြစ်သည်။ သူက ရေချိုးဂျယ်ဆပ်ပြာ၏ အခြားတစ်ဖက်သို့
ကြည့်လိုက်သည်။
တံဆိပ်က
ပြောထားသည်မှာ 'ရောင်းရန် မဟုတ်'
သူ့ မျက်လုံးများက
အနည်းငယ် လှုပ်ရှားသွားပြီး ရုတ်တရက် ပြုံးလိုက်သည်။
သူသည်
မသိစိတ်အလျောက် ရေပန်းချိုးခန်း အပြင်ဘက် ရေချိုးကန်ရှိရာကို ကြည့်လိုက်သည်။
ရေချိုးကန်၏
ဘေး ကြွေပန်းကန်ပြား တစ်ချပ်ပေါ်၌ လက်ဖက်ညို ရေချိုးထုတ်ကုန်ပစ္စည်းများ အစုံလိုက် ရှိနေသည်။
ချီမော့က
နားလည်သွားသည်။
တကယ့်ကိုပင်၊
သူ သုံးသည့် ရေချိုးဆပ်ပြာက သူမ အသုံးပြုသည့် ရေချိုးပစ္စည်းများ ဝယ်ယူရာမှ အလကား ရရှိခဲ့သည့် လက်ဆောင် ဖြစ်သည်။
လေးထောင့်ရေချိုးကန်၏
ဝန်းကျင် ကြွေပြားအတန်းလိုက်တွင် ရနံ့မွှေးသည့် ဖယောင်းတိုင် ပုံသဏ္ဌာန်အမျိုးမျိုးနှင့်
ပြည့်နေပြီး သပ်သပ်ရပ်ရပ် သိမ်းဆည်းထားသည်။
ရေမချိုးခင်
သူမက ရာသီဥတု၊ သူမ၏ စိတ်ခံစားချက် သို့မဟုတ် ထိုနေ့အတွက် သူမ၏ ကံကောင်းစေသော အရောင်အလိုက်
ရနံ့မွှေးဖယောင်းကို ထွန်းညှိရန် ရွေးချယ်ပေလိမ့်မည်။
ရေချိုးအဆီ
ရွေးချယ်ရာ၌လည်း ထိုကဲ့သို့ အတူတူပင် ဖြစ်နိုင်သည်။
သူမသည်
ရေချိုးချိန်ကို အလွန် ပျော်ရွှင်မွေ့လျော်တတ်ပုံရသည်။
ချီမော့သည်
သူမကိုယ်ပေါ်၌ မတူညီသော ရနံ့များ အမြဲ ရတတ်ကြောင်း တွေ့ရှိခဲ့သည်။
သူမ၏
အရသာခံနိုင်စွမ်းက ထူးခြားကြောင်း သူ ဝန်ခံပါသည်။ ရနံ့တိုင်းက အလွန် နှစ်သက်ကြည်နူးဖွယ်
ကောင်းလှသည်။
မူလက
သူသည် ရနံ့ပြင်းသော အရာများကို မကြိုက်နှစ်သက်ပေ။ သို့သော် ယခုတွင် သင်းပျံ့ပျံ့ရနံ့ခဲလေး၏
ဘေးတွင် အမြဲ အိပ်နေရရာ သူက ထိုမျှ သဘောမကျ မဖြစ်မိတော့ပေ။
ရေချိုးကန်ဘေးတွင်
ရနံ့မွှေးသည့် ပစ္စည်းများနှင့် ရေချိုးထုတ်ကုန်ပစ္စည်းများ အမျိုးမျိုး တိုးလာသည်နှင့်
ရေပန်းချိုးသည့်အခန်းလေးတွင်လည်း ရံဖန်ရံခါ သူ မမြင်ဖူးသော ဘူးတစ်ဘူးနှစ်ဘူးလောက် ရှိလာတတ်သည်။
ခြွင်းချက်မရှိ
၎င်းတို့က အလကားရသည့် လက်ဆောင်များ ဖြစ်ပေသည်။
မျက်တောင်ရှည်များက
အောက်သို့ ငိုက်သွားပြီး ရေစက်များက လျှောကျသွားကာ သူ့မျက်လုံးများထဲမှ အလင်းကို ဖုံးကွယ်သွားသည်။
သို့သော်
သူ့နှုတ်ခမ်းထောင့်မှ အပြုံးက သူ့ခံစားချက်ကို ဖော်ပြနေသည်။
သူက
'အလကားရသည့် လက်ဆောင်များ' ကို အသုံးပြုရသည့်သူ ဖြစ်ရသည်အား စိတ်မရှိပေ။
သူတို့၏
စာချုပ်လက်ထပ်မှုအရ သူမကသာ သူ့အတွက် တစ်ခုခု အထူးတလည် ဝယ်ပေးချင်မှသာ ၎င်းက ထူးဆန်းလိမ့်မည်
ဖြစ်သည်။
သို့သော်
သူမက ဤနေရာ၌ အလကားရသည့် လက်ဆောင်ကို လာထားသည်ကို တွေးမိရုံနှင့် သူ့နှလုံးသားထဲတွင်
ရှင်းမပြနိုင်သော လှုပ်ရှားမှုတစ်ခု ဖြစ်ပေါ်လာသည်။
သူမ ထွက်ပေါ်လာကတည်းက
သူ့ဘဝ၏ အသေးစိတ်အချက်လေးများတွင် သူမ၏ အရိပ်အယောင်များ စွန်းထင်လာပေသည်။ ၄