အခန်း ၁၄ အလောတကြီး ခရီးနှင်ခြင်း
ကျိရှောင်ယင်က
စူးချင်း၏လက်ထဲမှ ဆီမွှေးကို တွေ့သွားပြီး စူးစမ်းလိုစိတ်ဖြင့် မေးလိုက်သည်။
ကျိရှောင်ယင်၏အမေးကို
ကြားလိုက်သောကြောင့် စူးချင်း၏နှလုံးခုန်သံက စောင့်တက်လာသည်။ သေချာနေသည်က ဤလူအုပ်စုထဲတွင်
ခြေထောက် ဒဏ်ရာရနေသူက သူမ တစ်ဦးတည်း မဟုတ်ခြင်းပင်။
တကယ်လို့
ဒီလိမ်းဆေးကို ပေးလိုက်ရင် ငါ့ရဲ့ကောင်းမှုကုသိုလ်ရမှတ်တွေနဲ့ ဆေးပညာ
ကျွမ်းကျင်မှုတွေကို အဆင့်မြှင့်တင်နိုင်မှာ မဟုတ်ဘူးလား?
သူမက
ရှောင်ယင်ကို ဆီမွှေးပေးလိုက်ပြီး မည်ကဲ့သို့အသုံးပြုရမည်ကိုပါ ရှင်းပြလိုက်သည်။
"ဒါက အအေးဆီပါ။ ရောင်ရမ်းမှုကို လျှော့ချနိုင်ပြီး နာကျင်မှုတွေကို သက်သာစေနိုင်တယ်။
ခြေထောက်မှာ အရည်ကြည်ဖုတွေ ပေါက်နေတယ်ဆိုရင် လိမ်းလို့ ရတယ်”
"တကယ်လား? အဲဒါဆို အရမ်းကောင်းတယ်။ ကလေးတွေရဲ့
ခြေထောက်တွေ အကုန်လုံး စုတ်ပြဲနေကြပြီ။ ခနနေရင် သူတို့ကို သွားလိမ်းပေးလိုက်မယ်"
ကျိရှောင်ယင်က ဆီမွှေးကို ကြည့်နေရင်း ဝမ်းသာအားရ ပြောလိုက်သည်။
စူးချင်းက
သူမကို ပြုံးပြလိုက်သည်။
ကြင်နာတတ်တဲ့
ဒီမိန်းခလေးက တခြားသူတွေကို အမြဲတွေးပေးတတ်တယ်။
“သခင် ပြုံးနေတယ်”
ရှောင်ချီ၏အံ့အားသင့်နေသော
အသံကြောင့် စူးချင်း၏ နှုတ်ခမ်းများက ခေတ္တတုံ့ဆိုင်းသွားခဲ့သည်။
ငါ
အခု ပြုံးနိုင်ပြီလား? ဒါက ငါ့ရဲ့ဘဝမှာ ပထမဆုံးအကြိမ် ပြုံးမိတာလို့
ထင်တာပါပဲ။
နွေးထွေးပြီး
အေးချမ်းသောဘဝက သူမ၏စိတ်ကို တကယ်အပန်းပြေစေနိုင်ကြောင်း သူမ ပိုနားလည်လာသောကြောင့်
ရှောင်ယင် ပြောပြခဲ့ဖူးသော ဘဝကို သူမ ပို၍ပင် တောင့်တလာမိသည်။ သူမ
ကျင့်ရှီလျိုမြှောင်က မြေသြဇာကောင်းသော မြေကွက်ကျယ်ကြီးတစ်ခုတွင် စိုက်ပျိုးရေး
လုပ်ကိုင်နိုင်ပြီး သူမအတွက် ကိုယ်ပိုင်အိမ်တစ်လုံး ရှိပါက ပိုက်ဆံလည်း လိုအပ်မည်
မဟုတ်တော့ပေ။ အသားစားချင်လာလျှင် တောင်ပေါ်သို့ သွားကာ အမဲလိုက်မည် ဖြစ်ပြီး
အစေ့အဆန်နှင့် အသီးအရွက်များကိုတော့ သူမကိုယ်တိုင် စိုက်ပျိုးနိုင်လိမ့်မည်။
ကျိရှောင်ယင်က
ပြန်ထွက်ခွာခါနီးမှ သူမ အမှားတစ်ခုခု လုပ်မိကြောင်း သတိပြုသွားမိခဲ့သည်။ အစ်မက
လိမ်းဆေးမလိမ်းရသေးသည့်အတွက် သူမက ရှက်ရှက်ဖြင့် ဆေးကို စူးချင်းထံ ပြန်ပေးလိုက်သည်။
"အစ်မ၊ အစ်မ အရင်လိမ်းပါ"
“မင်း ကလေးတွေကို အရင်သွားလိမ်းပေးလိုက်ပါ။ ငါ့မှာ နည်းနည်း ကျန်သေးတယ်"
စူးချင်းက
သူမ၏ခေါင်းကို ယမ်းကာ သူမ၏ အတွေးများကို ဖယ်ထုတ်လိုက်ပြီး မြက်ဖိနပ်ကို ဆက်ရက်နေလိုက်သည်။
သူမက ပုံသဏ္ဍာန်စဖော်ပြီး ဖြစ်နေသောကြောင့် ခြေထောက်နာ သက်သာစေရန်အတွက် ရက်လုပ်ခြင်းကို
အလျင်အမြန် ပြီးအောင်လုပ်ရမည် ဖြစ်သည်။
"အစ်မ၊ အစ်မရဲ့လက်ရာက အရမ်းကောင်းတယ်"
ကျိရှောင်ယင်က
စူးချင်း၏ကောက်ရိုးခြေနင်းဖိနပ်ကို စူးစူးစိုက်စိုက် ကြည့်နေပြီး သူမ၏မျက်ဝန်းမှ
မြတ်နိုးမှုကို ဖုံးကွယ်မထားခဲ့ပေ။
“နောက်မှ မင်းအတွက် တစ်ရံ လုပ်ပေးမယ်”
စူးချင်းက
သူမ၏ အပြစ်ကင်းစင်သော အသွင်အပြင်ကို သဘောကျနေသောကြောင့် အပြုံးဖြင့် ထပ်ပြောလိုက်သည်။
သူမက
အသက်ကြီးသော မိခင်တစ်ယောက်လိုကဲ့သို့ ကျိရှောင်ယင်ရှေ့တွင် ထိန်းမနိုင်သိမ်းမရ ပြုံးနေတက်မှန်း
သူမကိုယ်သူမ သိလိုက်ရသည်။ သူမက ကျိရှောင်ယင်ကို ကြည့်နေရရင် စိတ်ချမ်းသာနေပြီ ဖြစ်သည်။
ဒါကို
လူတွေကြားထဲက ကံကြမ္မာလို့ ခေါ်တာလား?
ကျိရှောင်ယင်က
ဆီမွှေးကို ယူသွားပြီး ကလေးများကို လိမ်းပေးနေချိန်တွင် စူးချင်းဘက်၌
သူမ၏ကုသိုလ်ရမှတ်များနှင့် ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်မှုအမှတ်များ တိုးလာနေသည်ကို သူမ
တွေ့လိုက်ရသည်။
ဒီအတိုင်းသာ
ဆက်သွားနေမယ်ဆိုရင် ငါ မကြာခင် အဆင့်တက်နိုင်တော့မယ်။
ဒင်!
ဒင်!
အဆင့်
၁ အဆင့်ကို အပြည့်အဝ မြှင့်တင်လိုက်သည့်အခါ စနစ်၏အသံ ထွက်ပေါ်လာသည်။
"ဂုဏ်ယူပါတယ် Host…. သင်ရဲ့ [ဆေးဝါး] နဲ့
[ကုသိုလ်ရမှတ်]က အဆင့် ၁ ကို ရောက်ရှိသွားပါပြီ။ သင်ရဲ့ [ဝိညာဉ်စွမ်းအား]၊
[တိုက်ခိုက်ရေးစွမ်းအား] နဲ့ [ရုပ်ပိုင်းဆိုင်ရာခွန်အား] အားလုံးက အဆင့် ၂ ကို
ရောက်ရှိသွားပါပြီ။ သင်ရဲ့ [စစ်နတ်ဘုရား] စွမ်းရည်က အဆင့် ၃ ကို
ရောက်ရှိသွားပါပြီ။ ဆက်ပြီးတော့ ကြိုးစားပါ!”
စနစ်၏အသံ
ထွက်ပေါ်လာသည်နှင့်တပြိုင်နက် စူးချင်း၏ ခန္ဓာကိုယ်တွင်လည်း အပြောင်းအလဲတစ်ချို့
ဖြစ်သွားခဲ့သည်။ သူမ၏ ခြေလှမ်းများက လေးလံနေခြင်းမရှိတော့ဘဲ သူမ၏ ခွန်အားများလည်း
တိုးလာခဲ့သည်။
သို့သော်လည်း
စူးချင်းက ပျော်ရွှင်မှုအရိပ်အယောင်တစ်ခုတစ်လေမျှ မပြသခဲ့ပေ။ မည်သည့်ကျွမ်းကျင်မှုတွင်မဆို
ပထမအဆင့်က အဆင့်တက်ရန် အလွယ်ကူဆုံးဖြစ်ပြီး နောက်ထပ်အဆင့်မြင့်လာလေလေ၊
တိုးတက်မှုတစ်ခုအတွက် လိုအပ်ချက်များ များလာလေလေ ဖြစ်လာတော့မည်။
မြက်ဖိနပ်တစ်ရံကို
ရက်ပြီးသည်နှင့် စနစ်၏ ပျော်ရွှင်သော အသံကို သူမ ထပ်ကြားလိုက်ရပြန်သည်။
[ဂုဏ်ယူပါတယ် Host... သင်ရဲ့ [ရက်လုပ်ခြင်းကျွမ်းကျင်မှု]
က အဆင့် ၁ ကို ရောက်ရှိသွားပါပြီ။ သင်ရဲ့ [ဝိညာဉ်စွမ်းအား]၊
[တိုက်ခိုက်ရေးစွမ်းအား] နဲ့ [ရုပ်ပိုင်းဆိုင်ရာခွန်အား] တွေ အားလုံးကို အဆင့်မြှင့်လိုက်ပါပြီ။
မင်းရဲ့ [စစ်နတ်ဘုရား] စွမ်းရည်က အဆင့် ၄ ကို ရောက်ရှိနေပါပြီ]
စူးချင်းက
ထိုတိုးတက်မှုအတွက် အလွန်ကျေနပ်နေသည်။ သူမက အသစ်စက်စက် ရက်လုပ်ထားသော
ကောက်ရိုးခြေညှပ်ဖိနပ်ကို မြေကြီးပေါ်သို့ ချလိုက်ပြီး ရှောင်ချီလေးထံမ သူမ၏
ခြေဖဝါးကို လိမ်းရန် အအေးခံဆေးဆီတစ်ဘူး ထပ်ပေးရန် တောင်းဆိုလိုက်သည်။ အအေးခံဆီကို လိမ်းပြီးနောက်
သူမခြေဖဝါးပေါ်ရှိ အရည်ကြည်ဖုများက သိသိသာသာ ပျောက်ကွယ်သွားပြီး နှလုံးဖောက်မတက်နာကျင်နေသည့်
ဝေဒနာက ပျောက်ကွယ်သွားတော့သည်။
စူးချင်းက
သူမ၏ မြက်ဖိနပ်ကို ၀တ်ဆင်ကာ ဖိနပ်ကြိုးများကို ချည်ရန် မြေပြင်ပေါ်သို့ ဒူးထောက်ထိုင်ချလိုက်သည်။
သူမ၏မြက်ဖိနပ်ရက်လုပ်နည်းတွင် လမ်းလျှောက်နေစဉ်အတွင်း ဖိနပ်ပြုတ်ကျခြင်းမှ
ကာကွယ်ရန် ဖိနပ်ကြိုးများ လိုအပ်သည်။ ထိုအချိန်တွင် ကျိရှောင်ယင်က
ပန်းတစ်ပွင့်လိုပြုံးနေကာ အပြေးပြန်ရောက်လာသည်။
သူမ
မရောက်လာခင်မှာ ရွှင်မြူးနေပုံရသော သူမ၏ အသံလေးက အရင် ကြိုရောက်လာသည်။ “အစ်မ၊ အစ်မရဲ့
လိမ်းဆေးက တကယ်ထိရောက်တယ်။ ဆေးလိမ်းပြီးတာနဲ့ ကလေးတွေရဲ့ခြေထောင်တွေက မနာတော့ဘူး။
အရည်ကြည်ဖုတွေတောင် ပျောက်ကုန်ပြီ!"
ကျိရွှေရှန့်
မနေနိုင်ဘဲ လှည့်ကြည့်လိုက်သည်။
ဘယ်ဆေးက
ဒီလောက်ထိရောက်နိုင်မှာလဲ?
စူးချင်းက
သူမ၏ ကောက်ရိုးခြေနင်းကို ဝတ်ထားပြီးဖြစ်နေသည်ကို မြင်လိုက်ရသည်နှင့် သူ့အကြည့်ကို
ပြန်မလွှဲမီ တစ်ခဏတာအတွင်း သူ့၏မျက်လုံးများက တောက်ပလာပြီး ရှေ့သို့
ပြန်လှည့်သွားကာ တွန်းလှည်းကို ရှေ့သို့ ဆက်ဆွဲသွားတော့သည်။
"အိုး"
ကျိရှောင်ယင်က
သူမခြေထောက်ပေါ်ရှိ အရည်ကြည်ဖုများအကြောင်းကို မေ့သွားပြီး အရှိန်ပြင်းပြင်းဖြင့်
ပြေးလာမိသဖြင့် သူမ၏အရည်ကြည်ဖုကြီးပေါ် နင်းမိပြီး မျက်နှာလေးက နာကျင်မှုကြောင့်
ပျက်ယွင်းသွားသည်။
"ခွင့်ပြုပါ"
စူးချင်းက
ကျိရှောင်ယင်ကို လမ်းဘေးမှ ကျောက်တုံးတစ်ခုပေါ်ဆွဲတင်ကာ ထိုင်ခိုင်းလိုက်ပြီး သူမ၏ဖိနပ်ကို
ချွတ်ခိုင်းလိုက်သည်။
"ရပါတယ်။ အရမ်း မနာပါဘူး”
ကျိရှောင်ယင်က
နာကျင်လွန်းသောကြောင့် အသက်ကို ပြင်းပြင်းရှူလိုက်မိသော်လည်း အပြုံးမပျက်စေဘဲ မနာကျင်ကြောင်း ငြင်းဆိုနေနိုင်သေးသည်။
သူမ၏ဖိနပ်ကို ချွတ်လိုက်သောအခါတွင် သူမ၏ခြေအိတ်ဖြူလေး အောက်ခြေတွင် သွေးကွက်များ
ရှိနေသည်ကို တွေ့လိုက်ရပြီး အရည်ကြည်ဖုများမှ ထွက်ကျလာသော သွေးများဖြစ်ကြောင်း သိသာနေသည်။
စူးချင်းက
ကျိရှောင်ယင်ကို အေးတိအေးစက် မေးလိုက်သည်။ "ဒါတောင်မှ မင်းက မနာဘူးလို့ ပြောနေသေးတာလား?
မင်းမှာ ဆေးရှိနေတာကို မင်း ဘာလို့ အရင်မလိမ်းရတာလဲ?"
ကျိရှောင်ယင်က
ရွှတ်နောက်နောက်ဖြင့် သူမ၏လျှာလေးကို ထုတ်ပြလိုက်ပြီးမှ ပြန်ဖြေလိုက်သည်။
“ကလေးတွေက အရမ်းငယ်သေးတယ်။ ခြေထောက်တွေ ပေါက်ပြဲနေတာက လူကြီးတွေတောင်
သည်းမခံနိုင်ဘူး။ ကျွန်မ သူတို့ကို မကြည့်ရက်ဘူး"
"ဆေးလိမ်းလိုက်ပါ"
စူးချင်းက
ကျိရှောင်ယင်၏ အပြစ်ကင်းစင်သော မျက်လုံးများကို ကြည့်ကာ အခြားဘာမှ ထပ်မပြောတော့ဘဲ
လိမ်းဆေးကိုသာ ထပ်ပေးလိုက်သည်။
“ဟုတ်ကဲ့”
ကျိရှောင်ယင်က
လိမ်းဆေးကို ဝမ်းသာအားရ ယူလိုက်သည်။ နောက်ဆုံးတွင် ကလေးမလေးက အလွန်ရှက်သွားပုံရပြီး
နောက်သို့ ပြန်လှည့်ကာ ခြေအိတ်ရှည်များကို ချွတ်ပြီး သူမ၏ခြေဖဝါးကို
ဆေးလိမ်းနေခဲ့သည်။
“အစ်မ ဒီဆေးက အရမ်းကောင်းတယ်။ မနာတော့ဘူး" ခဏအကြာတွင် ကျိရှောင်ယင်၏
ရွှင်လန်းသောအသံလေး ထွက်ပေါ်လာပြန်သည်။
စူးချင်း၏နှုတ်ခမ်းများက
တွန့်ကွေးသွားပြီး "သွားကြရအောင်၊ မဟုတ်ရင် ငါတို့နောက်မှာ ကျန်နေခဲ့လိမ့်မယ်”
သူတို့အဖွဲ့တွင်
အသက်ကြီးသူများ၊ အားနည်းသူများ၊ ဖျားနာနေသူများနှင့် မသန်စွမ်းသူများ
ပါဝင်သောကြောင့် ခရီးတိုးတက်မှုက နှောင့်နှေးနေကာ အဖွဲ့ကြီးက ဖြည်းဖြည်းချင်းသာ
ရှေ့သို့ လျှောက်နေကြသည်။ ထို့ကြောင့် စူးချင်းနှင့် ကျိရှောင်ယင်က လူအုပ်ကြီးကို အမြန်ပြန်မှီလာခဲ့သည်။
ကျိရွှေရှန့်က
နောက်သို့ ပြန်လှည့်ကြည့်လိုက်ပြီး သူမတို့နှစ်ယောက် နောက်မှ ပြန်ပြေးလာနေသည်ကို
တွေ့လိုက်သောကြောင့် သူက သူ့အကြည့်ကို ပြန်ရုတ်လိုက်ပြီး လီတာ့နျိုနဲ့ ကျန်လူများကို
အော်ဟစ်သတိပေးလိုက်သည်။ "တာ့နျို၊ ယုံခန်း! နောက်ကျကျန်ခဲ့တဲ့
ဘယ်သူကိုမဆို သတိထားပေးပါဦး"
"စိတ်မပူပါနဲ့၊ ငါတို့ အားလုံးကို စောင့်ကြည့်နေတယ်!" လီတာ့နျိုက ပြန်အော်လိုက်သည်။
သူက အုပ်စု၏အနောက်ဘက်တွင် လိုက်ပါလာသောကြောင့် အနောက်တွင် ကျန်နေသည့်သူများကို သူ ပထမဆုံး
မြင်နိုင်မည် ဖြစ်သည်။
စူးချင်းက
ကျိရွှေရှန့်၏ တွန်းလှည်းရှေ့သို့ ပြန်လာခဲ့ပြီး မြက်ရှည်များကို ထပ်ယူကာ မြက်ဖိနပ်တစ်ရံ
ထပ်ရက်နေခဲ့သည်။ ယခုတစ်ကြိမ်တွင် ကျိရှောင်ယင်အတွက် ရက်လုပ်ပေးနေခြင်း ဖြစ်သည်။ ချည်ဖိနပ်များက
နူးညံ့သော်လည်း တောင်တက်လမ်းများပေါ်တွင် လျှောက်လှမ်းရ အဆင်မပြေသလို မြက်ဖိနပ်လောက်လည်း
သက်တောင့်သက်သာ မရှိနိုင်ပေ။
ဤတစ်ကြိမ်တွင်
တိုးတက်မှုဘားတန်းက အလွန်နှေးကွေးခဲ့နေပြီး အဆင့် ၂ မှ အဆင့် ၃ အထိ အဆင့်တက်နိုင်ရန်
လိုအပ်သော အတွေ့အကြုံ ပမာဏက အဆင့် ၁ ၏ သုံးဆဖြစ်သည်။
သို့သော်
စူးချင်းကတော့ အလျင်စလို ဖြစ်မနေခဲ့ပေ။ သူမက တစ်နာရီအတွင်း ကောက်ရိုးခြေနင်းလေးစုံ
ပြုလုပ်နိုင်ပြီး ညအချိန်အထိ အလုပ်လုပ်ပါက တိုးတက်မှုဘားတန်းကို ဖြည့်နိုင်မည် ဖြစ်သည်။
လူအုပ်စုကြီးက
ညနေစောင်းတွင် မြစ်ငယ်လေးတစ်စင်းဆီသို့ ရောက်ရှိသည့်တိုင်အောင် မရပ်မနား ဆက်လျှောက်လာကြသည်။
သူတို့ လက်ရှိရောက်နေသော နေရာက တောင်များ ဝန်းရံထားသော ရေကန်ကြီး တစ်ခုသဖွယ်နေရာ
တစ်ခု ဖြစ်သည်။
"ကောင်းပြီ၊ ဒီည ဒီမှာ စခန်းချမယ်!" ကျိရွှေရှန့်က နောက်သို့ လှည့်ကြည့်လိုက်ပြီး
အော်ဟစ် အမိန့်ပေးနေရင်း သူ့လှည်းကို သစ်ပင်ကြီးတစ်ပင်အောက်သို့ ဆွဲသွားလိုက်သည်။
အမျိုးသမီးများ၊
ကလေးများနှင့် သက်ကြီးရွယ်အိုများက တောင့်မခံနိုင်တော့ဘဲ မြေကြီးပေါ်သို့ ထိုင်ချလိုက်ကြတော့သည်။
“အဒေါ်ချိုးကို ထမင်းချက်ဖို့ သွားကူပေးလိုက်ဦးမယ်”
ကျိရှောင်ယင်က
စူးချင်း လုပ်ထားသည့် မြက်ဖိနပ်အသစ်ကို ၀တ်ဆင်ထားပြီး ဖြစ်ကာ ဟင်းချက်ရာတွင် စေတနာအလျောက် ကူညီပေးရန်
ပြင်ဆင်နေသည်။
"ငါလည်း လိုက်မယ်" စူးချင်းက ကျိရှောင်ယင်ထံသို့ လျှောက်သွားပြီး
သူမကို လှမ်းပြောလိုက်သည်။ ချက်ပြုတ်ခြင်းစွမ်းရည်ကို မြှင့်တင်လိုပါက ချက်ပြုတ်ခြင်းမှ
စတင်ရမည်။
"အစ်မ အနားယူသင့်တယ်"
စူးချင်းက
ဤမျှ ပြင်းထန်သော ဒဏ်ရာကြောင့် နာကျင်မှုဝေဒနာများကို ခံစားခဲ့ရပြီး ဤမျှ
အကွာအဝေးကို လမ်းလျှောက်လာရသည်ဟု ကျိရှောင်ယင်က ခံစားနေမိပြီး သူမ၏နှလုံးသားက စူးချင်းအတွက် နာကျင်နေကာ သူမက
စူးချင်းကို အလုပ်မလုပ်စေချင်ပေ။
"ငါ အလကား မစားနိုင်ဘူး"
စူးချင်း၏အကြောင်းပြချက်က
အလွန်ကောင်းမွန်နေပြီး သူမ စကားဆုံးသည်နှင့် စူးချင်းက ကျိရှောင်ယင်ကို ငြင်းဆန်ရန် အခွင့်အရေးမပေးတော့ဘဲ
အဒေါ်ချိုးဆီသို့ လျှောက်သွားလိုက်သည်။
ကျိရွှေရှန့်က
အမျိုးသမီးများ၏အရေးကိစ္စများကို ဂရုမစိုက်ပေ။ သူက အိုးကြီးတစ်လုံးကို လှည်းပေါ်မှ
ချပေးလိုက်ပြီး ရိက္ခာ ရှာရန် သူ့လူများနှင့် အမဲလိုက်ရန် စီစဉ်နေခဲ့သည်။
ကျန်းလောင်ချီနှင့်
ချိုးယုံခန်း တို့က ထောင်ဟွားဝူမှ ရွာသားများကို စောင့်ရှောက်ကာကွယ်ရန်
ကျန်ရစ်ခဲ့သည်။
သူတို့၏နောက်မှ
ဒုက္ခသည်များက သူတို့ကို လိုက်မမီနိုင်သေးသည့်အတွက် လောလောဆယ်တွင် ဘေးကင်းနေသေးသည်ဟု
ယူဆနိုင်သည်။
ထင်းခုတ်ခြင်းနှင့်ရေဆွဲခြင်းတို့က
အမျိုးသားများ၏ အလုပ်ဖြစ်သည်။ အမျိုးသမီးများက မီးမွှေးခြင်း၊ အိုးများကို ဆေးကြောခြင်းနှင့်
ထမင်းချက်ရန် ဆန်ဆေးခြင်းတို့ကို လုပ်ကိုင်ကြသည်။ စူးချင်းက သူမဘက်မှ စတင်ကူညီပေးလာသည့်အတွက်
အဒေါ်ချိုးက တော်တော်လေး ပျော်ရွှင်သွားပြီး လီတာ့နျို၏အမေ အဒေါ်လီနှင့် စူးချင်းကို
အတူချက်ပြုတ်ရန် စီစဉ်ပေးလိုက်သည်။
မိန်းမများက အတင်းအဖျင်း ကြိုက်နှစ်သက်သောကြောင့် အဒေါ်လီက သူမနှင့် အလုပ် အတူတူ လုပ်နေသော စူးချင်းကို စကားစလိုက်သည်။ "မိန်းခလေး၊ မနေ့က ဓားပြတွေကို အရင်က တွေ့ဖူးသေးလား?"
✍️✍️✍️