လက်ထပ်ဖို့ လိမ္မာရေးခြားရှိမှုကို အားကိုးပြီးနောက် ချစ်မိသွားတယ်
အပိုင်း ၁၉
“လယ်ဗယ်အောင်သွားပြီ၊ ပိတ်လိုက်တော့မယ်” ဘာသတိပေးချက်မှ မပေးဘဲ ရန်ရန်က ထုတ်လွှင့်မှုကို ရပ်လိုက်သည်။
တိုက်ရိုက်လွှင့်တဲ့ အခန်းထဲက မှတ်ချက်တွေထဲမှာတော့ အော်ဟစ်နေဆဲပင် - [အရမ်းရှက်သွားလို့ ထွက်ပြေးသွားတာလား? မင်းကို ဒီလိုမျိုး ရိုးသားအပြစ်ကင်းတဲ့ Anchor ဖြစ်မှန်း မထင်ထားခဲ့ဘူး!]
ဘယ်သူက ရှက်လို့လဲ? သူမရှက်ပါဘူး။
အဟမ်း
ရန်ရန်က ခွက်ထဲကရေကို သောက်လိုက်ကာ ကွန်ပျူတာကို ပိတ်လိုက်ပြီး လှည့်တဲ့ ထိုင်ခုံမှာ လှည့်နေလိုက်သည်။ ကျွမ်းရိယွင်ရဲ့ ခုံက အရမ်းသက်တောင့်သက်သာရှိတယ်။
ဒါက ပရော်ဖက်ရှင်နယ် ဂိမ်းကစားတဲ့ ထိုင်ခုံမဟုတ်ပေမယ့်လည်း ဒါက မယုံနိုင်လောက်အောင် ဈေးကြီးတဲ့ အလုပ်လုပ်နိုင်စွမ်း မြှင့်တဲ့ ထိုင်ခုံဘဲဖြစ်သည်။ ဒီပေါ်မှာ မှီလိုက်တဲ့အချိန်ဆို နောက်ကျောတစ်ခုလုံး ပြေလျော့သွားသည်။
ပတ်ပတ်လည်လှည့်နေရင်း သူ့ရဲ့အကြည့်တွေက စာအုပ်စင်ဆီရောက်သွားသည်။ အထူးပြုသီအိုရီများ ပညာရပ်ဆိုင်ရာ စာအုပ်များနှင့် သူနားမလည်နိုင်တဲ့ ခေါင်းစဉ်တွေနဲ့ စာအုပ်တွေကပြည့်နှက်နေသည်။
အပြန်ပြန် အလှန်လှန် ကြည့်မိတော့ လူတစ်ယောက်ကို ကိုယ်စားပြုတဲ့ ပရိဘောဂ အစိတ်အပိုင်းတွေ တစ်ခုလေးတောင်မှ မရှိနေပေ။
ဘောင်မပါတဲ့ ဓာတ်ပုံတွေ၊ လူငယ်ကြိုက် ရုပ်ပုံတွေလည်းမရှိ၊ ကိုယ်ပိုင်စုဆောင်းမှုတွေ၊ ထိပ်တန်းကျောင်းသားအဖြစ် ဆုတံဆိပ်တွေတောင် မရှိပေ။ ဒီစာအုပ်တွေကလွဲရင် မော်ဒယ်အိမ်တစ်လုံးလိုပင်။
ရန်ရန်က တုန့်ဆိုင်းသွားပြီး သူ မထခင်အထိ အဲ့ဒီမှာ ဘာမှကို မတွေ့ရချေ။ နောက်တော့ အိပ်ခန်းဆီသွားကာ တံခါးခေါက်လိုက်သည်။
“ကောကော၊ ကျွန်တော့်ရဲ့ ညအိပ်ဝတ်စုံလေး ပေးယူပါဦး”
သူ့အသံက ကျွမ်းရိယွင်နဲ့ အမြဲတမ်းအတူရှိတဲ့အသံနဲ့ အတူတူပင်။ ကျွမ်းရိယွင်က တံခါးအမြန်ဖွင့်လိုက်ပြီး မထိန်းနိုင်ဘဲ သိချင်စိတ်နဲ့ မေးလိုက်သည်။ “မင်းအသံက ဘယ်လိုဖြစ်တာလဲ?”
“တိုက်ရိုက်လွှင့်တုန်းက ပုံမှန်နဲ့ မတူတာကို ပြောတာလား?” ရန်ရန်က သူ့ပခုံးကို နည်းနည်းတွန့်လိုက်ပြီး ပေါ့ပေါ့ပါးပါး ပြုံးကာ ပြောလိုက်သည်။
“ဒါက ကျွန်တော့်ရဲ့ အရည်အချင်းဘဲလေ။ ကျွန်တော့်မှာ တခြားအသံတုတွေလည်း ရှိသေးတယ်”
“ဒီလိုမျိုးလေ…. တံခါးဖွင့်ပြီး တစ်ခုခုယူစမ်း” ကြမ်းတမ်းတဲ့ ယောက်ျားသံ ထွက်လာခဲ့သည်။
“ပြီးတော့… ရှောင်ကျွမ်း၊ အဖိုးကို ညအိပ်အင်္ကျီယူဖို့ ကူပေးပါဦး”
ကျွမ်းရိယွင် - …..
သူ့အရှေ့က ကောင်လေးဆီကနေ အသံတုလုပ်ပြီး အခွင့်ကောင်းယူခံရလိမ့်မယ်လို့ တစ်ခါမှ မစဉ်းစားမိဘူး။
“ဒီလိုမျိုးမဟုတ်ဘူး၊ ပန်းရောင်စကပ်ဝတ်တဲ့ အစ်မကြီးကိုမြင်ဖူးလား? ဟင်?”
စံချိန်မှီတဲ့ သူ့ရဲ့ အမျိုးသမီးသံကို ကျွမ်းရိယွင်မှာ အံ့ဩလို့မပြီးခင် သူကနောက်ထပ် အသံတုတစ်ခု ပြောင်းလိုက်ပြန်သည်။
“လော်လီတာအသံလည်း လုပ်တတ်တယ်….” ရန်ရန်က တစ်ခဏလောက် ရပ်သွားပြီး အသံတိုးတိုးနဲ့ ချောင်းဟမ့်လိုက်ကာ လည်ချောင်း ရှင်းလိုက်သည်။ ကျွမ်းရိယွင်မှာ သူ့ရဲ့ မြင့်တက်လာတဲ့အသံနဲ့အတူ သူ့နှလုံးခုန်နေတာကို ခံစားနေရပြီး သူရပ်သွားတဲ့ တစ်ခဏမှာ ပိုပြီးတော့တောင် သိချင်သွားသည်။
“ကောကော ကျေးဇူးပြုပြီး ညဝတ်အင်္ကျီ ယူပေးပါလား၊ ယုန်နားရွက်လေးတွေနဲ့ အမွေးထူထူနဲ့ တစ်ခုလေ~”
ကျွမ်းရိယွင်မှာ လှည့်ပြီး နံရံနဲ့ တိုက်လုနီးပါးပင်…..
“ကောကောက အရမ်းအသက်ကြီးနေပြီဆိုတော့ လမ်းကြည့်ဖို့ ရှောင်ရန်ကူပေးဖို့လိုသေးလား?”
ရန်ရန်က အော်ရယ်လိုက်ပြီး သူ့မျက်လုံးတွေကလည်း လခြမ်းကွေးလေးအဖြစ် ပြောင်းသွားသည်။ ကျွမ်းရိယွင်ဘဝမှာ ဒီလိုစကေးတွေကို တစ်ခါမှ မမြင်ဖူးလို့ အရမ်းကို အံ့အားသင့်သွားသည်။ အစခံရတာက သူ့ကိုအနည်းငယ် အားကိုးရာမဲ့သလို ခံစားရစေသည်။
“အံ့ဩစရာဘဲ”
“ချီးကျူးပေးတဲ့အတွက် ကျေးဇူးပါ ကောကော”
ရန်ရန်ရဲ့ အသံက သူနဲ့ ရင်းနှီးနေတဲ့အသံ ပြန်ဖြစ်သွားသည်။ ဒါက အသံအစစ်လား အတုလားတော့ သူ မပြောနိုင်ဘူး။ သူ့ရဲ့အသံတုတွေက အရမ်းကောင်းပြီး သူ့ရဲ့ လော်လီတာအသံကတောင် ချစ်စရာကောင်းသေးတယ်……
ရန်ရန်က သူ့ရဲ့ညဝတ်အင်္ကျီကို ယူပြီး ထွက်သွားသည်။ ရေချိုးလို့ပြီးတော့ သူက ဆိုဖာပေါ် လှဲလိုက်သည်။ သူက လက်တွေကို ခေါင်းအနောက်မှာ ထားထားပြီး သူ့ရဲ့ခြေတံရှည်တွေကို ချိတ်လိုက်ကာ အိပ်ခန်းဘက်ဆီ ကြည့်လိုက်သည်။ နံရံခြားထားတာကြောင့် ဘာမှ သူမမြင်ရပေမယ့် သူ့နှုတ်ခမ်းထောင့်တွေကတော့ သူ့ကို မြင်နေရသလိုမျိုး ကွေးသွားသည်။
အဲ့ဒီညမှာ ကျွမ်းရိယွင်က သူ့ကိုရင်ခွင်ထဲမှာ ဖက်ရင်း သူ့ပါးပြင်ကို နူးနူးညံ့ညံ့ နမ်းလိုက်တယ်လို့ သူအိမ်မက်မက်ခဲ့သည်။ ဒါက လုံးဝကို ချိုမြိန်တဲ့အိမ်မက် ဖြစ်ပေမယ့် တစ်ခုခုမှားနေသလို သူခံစားလိုက်ရသည်။ သူက “ကောကော” လို့မခေါ်လိုက်ခင်မှာ မြင်ကွင်းက ပြောင်းသွားသည်။
ကျွမ်းရိယွင်ရဲ့ ရင်ခွင်ထဲမှာ ရှိနေတဲ့လူက ခေါင်းငါးလုံး၊ အမြှီးနှစ်ချောင်းနဲ့ ပိုးသားညဝတ်အင်္ကျိနဲ့ လော်လီတာအသေးလေးဖြစ်သည်။ လော်လီတာ အသေးလေးရဲ့ ခေါင်းပေါ်မှာ မွှေးဖွာဖွာနဲ့ ယုန်နားရွက်တစ်စုံရယ်၊ သူ့မျက်လုံးကြီးကြီးတွေက မှတ်တုပ်မှိတ်တုပ်ဖြစ်နေကာ ပြုံးလိုက်တဲ့အခါ ချိုမြိန်တဲ့ ပါးချိုင့်တွေလည်းရှိသည်။ ရှင်းရှင်းလင်းလင်းကို ဒါက သူ့မျက်နှာကြီး….
ရန်ရန်က ခေါင်းယမ်းလိုက်ပြီး သူ့အိမ်မက်ကြောင့် နိုးလာသည်။ ရုတ်တရက် သူ့စိတ်ထဲ တွေးလိုက်မိသည်။ သူ့ရဲ့အမျိုးသမီးအသံကို ပြင်းပြင်းထန်ထန် တုန့်ပြန်လို့လား ကျွမ်းရိယွင်က မိန်းမတွေကိုဘဲ ကြိုက်တာများလား?!
.........
နောက်တစ်နေ့ ကျွမ်းရိယွင်မှာ နှာသံထွက်တာကလွဲရင် အရင်နေ့ကလိုမျိုး အဖျားကြီးတဲ့ အရိပ်အယောင်မရှိတော့ပေ။ အချိန်အကြာကြီး အလုပ်များခဲ့တဲ့အတွက်ကြောင့် ဒီတစ်ခေါက် တစ်ရက်လောက် နားလိုက်တဲ့အခါ ပိုပြီး အားအင်တွေ ပြည့်လာသလို ခံစားရသည်။
ညလယ်ခေါင်မှာ အိမ်မက်ကြောင့် နိုးခဲ့တဲ့ ရန်ရန်ကတော့ အိပ်နေတုန်းပင်။
သူက ညမအိပ်ခင် လသာဆောင်က လိုက်ကာကို မပိတ်ထားတဲ့အတွက် တောက်ပနေတဲ့ နေအလင်းရောင်ကြောင့် စောင်အောက်မှာ ခြုံပြီးနေနေရသည်။
သူအသက်ရှူကြပ်သွားမှာကို ကျွမ်းရိယွင်က စိုးရိမ်တဲ့အတွက် မသိစိတ်ကနေ လက်လှမ်းပြီး သူ့အတွက် စောင်ဆွဲချပေးချင်သွားသည်။ သူလက်ဆန့်ထုတ်လိုက်ပြီးမှ ဒီလိုမျိုးက အရမ်းရင်းနှီးလွန်းသွားတယ်လို့ ခံစားလိုက်ရပြီး တုံ့ဆိုင်းသွားသည်။
ကျွမ်းရိယွင်က ပြန်မတ်လိုက်ပြီး အလင်းကာပေးဖို့ သူ့ကိုအနှောင့်အယှက်မဖြစ်အောင် ညင်ညင်သာသာနဲ့ လိုက်ကာကို ပိတ်ပေးလိုက်သည်။
ရန်ရန် နိုးလာတဲ့အခါ မျက်လုံးအောက်က အမည်းရောင်အဝိုင်းနှစ်ကွင်းနဲ့အတူ မူးနောက်နောက် ဖြစ်နေသည်။ သူ့ရဲ့ နားထင်တွေကို ပွတ်ရင်း ထလိုက်သည်။
သူ့စိတ်အခြေအနေက တကယ် မကောင်းနေပေ။ ဒီနေ့ သူကျောင်းသွားရမှာ ဖြစ်တဲ့အတွက် လန်းလန်းဆန်းဆန်းဖြစ်အောင် ရေချိုးရမည်။
အိပ်ခန်းကို ဖြတ်သွားတဲ့အခါ တံခါးက အကျယ်ကြီး ပွင့်နေပြီး ဘယ်သူမှ မအိပ်ထားသလိုမျိုး စောင်ကိုလည်း သပ်သပ်ရပ်ရပ် ခေါက်ထားသည်။ ရန်ရန်က ကိုယ့်ကိုကိုယ် နည်းနည်းအပြစ်တင်သလို ပြုံးလိုက်သည်။
သူ့ကို တစ်နေ့နဲ့တစ်ညဂရုစိုက်ပေးလို့ ပြီးတော့ သူနိုးလာတဲ့အခါ သူ့ရဲ့အရိပ်တစ်ဝက်က ပျောက်ကွယ်သွားကာ ဘာစကားတစ်လုံးမှတောင် မရှိနေပေ။
စိတ်ပျက်တာလား၊ စိတ်ပိုင်းဆိုင်ရာ နှောင့်နှေးတာလားဆိုတာ ပြောရခက်တဲ့ ဒီခံစားချက်က လူတွေကို မပျော်မရွှင်ဖြစ်စေသည်။ သူ့အခွံက နည်းနည်းအက်လာတယ်လို့ သူထင်ခဲ့ပေမယ့် သူအတွေးလွန်သွားတဲ့ပုံပင်။
အရမ်းတုံးအလွန်းတဲ့ သူ့ကိုဘဲ အပြစ်တင်ရမလား? ရေခဲတောင်ကြီးက လွယ်လွယ်အရည်ပျော်ပြီး ချော်ရည်လို ဆက်ဆံလို့ရမယ်လို့ တကယ်ဘဲ ထင်နေတာလား?
“ကောင်းပြီ၊ အခု ဒါကို ရင်ဆိုင်ဖို့ ငါ့မှာ ခွန်အားမရှိရုံဘဲ” ရန်ရန်က သူ့ကိုယ်သူ ဖြေသိမ့်ဖို့ကြိုးစားပေမယ့် သူ့စကားလုံးတွေကတော့ ရှင်းရှင်းလင်းလင်းကို မကျေနပ်မှုတွေ ပြနေသည်။
အဝတ်အစားယူကာ ရေချိုးခန်းဆီ လျှောက်လာပေမယ့် ရန်ရန်ရဲ့ အတွေးတွေက သူ့စိတ်ထဲမှာ လှည့်လည်နေတုန်းပင်။ သူဒီမှာ မရှိတဲ့အချိန်ဆို ဆံပင်တုဝတ်စရာမလိုသလို အစားအသောက်တချို့လုပ်ပြီး သူနဲ့ပိုထိတွေ့ဖို့ အားထုတ်စရာမလိုဘူး။
တိုတိုပြောရရင် စိတ်အေးလက်အေးပေါ့။ ဒါပေမယ့် ကြည့်ဖို့ ကြည့်ကောင်းတဲ့ လူက မရှိနေဘူး…. အဓိက အချက်ကတော့ ဒီကြည့်ကောင်းတဲ့လူကြီးက မိန်းမတွေကိုဘဲ ကြိုက်တာဖြစ်လိမ့်မယ်၊ သူက lolicon ထင်တယ်….. ရှက်စရာဘဲ!
ရေချို့လို့ပြီးတော့ ရန်ရန်က ပိုနေလို့ကောင်းသွားသလို ခံစားရသည်။ သူ့ခေါင်းပေါ်က သဘက်ကို အောက်ချလိုက်ပြီး အဝတ်အစားကို ကြယ်သီးတပ်နေရင်း အဝတ်လဲခန်းဆီ သွားလိုက်သည်။ အခုလေးတင်ပြန်ရောက်လာတဲ့ ကျွမ်းရိယွင်မှာ ဒီမြင်ကွင်းကို မြင်လိုက်ရသည်။
သူ့လက်ထဲတွင်တော့ ဖက်ထုပ်ပေါင်း၊ မုန့်ညက်ကြော်နဲ့ ပဲနို့တွေ ရှိနေသည်။ သူက အားကစားဝတ်စုံကို ဝတ်ထားပြီး သူ့လည်ပင်းပေါ်တွင် ချွေးသီးတွေတောင် ရှိနေသေးသည်။ သူက မနက်ခင်းပြေးပြီး ပြန်လာတာမှန်း သိသာလှသည်။
ဒီလူမှာ ပြန်သက်သာလာတာနဲ့ ပြေးဖို့ ထွက်သွားမယ်လို့ ရန်ရန်မှာ မထင်ထားချေ။ ဒီလိုမမျှော်လင့်ထားဘဲ ဆုံလိုက်ရတဲ့အခါ နည်းနည်း အံ့ဩသလို ခံစားလိုက်ရသည်။
ကြယ်သီးတပ်နေတဲ့ သူ့လက်တွေက ရပ်သွားကာ သူ့ရဲ့ ပေါ့ပေါ့ပါးပါးဝတ် ချောင်ချိချိ ရှပ်အင်္ကျီက အကျယ်ကြီး ဟနေပြီး သူ့ရဲ့ ရင်ဘက်၊ ခါးနဲ့ ဝမ်းဗိုက် တစ်ဝက်လောက်ကို မြင်နေရသည်။
သူ့ရဲ့ ကိုယ်အောက်ပိုင်းမှာတော့ အတွင်းခံတစ်ထည်ဘဲ ဝတ်ထားပြီး သူ့ရဲ့ ဗလာဖြစ်နေတဲ့ ခြေထောက်တွေကတော့ ရေချိုးခန်းအပြင်ဘက်ရှိ အမွှေးပွ ကော်ဇောပေါ်တွက် ရှိနေသည်။
သူ့ရဲ့ ရှည်လျားဖြောင့်စင်းပြီး ဖြူဝင်းနေတဲ့ ခြေထောက်တွေနဲ့ အချိုးအစားကျလှတဲ့ ကြွက်သားလိုင်းတွေက ကျွမ်းရိယွင်ကို အကြည့်တစ်ချက်နဲ့တင် ဆွဲဆောင်သွားသည်။ မနက်စာအိတ်တွေ ကိုင်ထားတဲ့ လက်ကို မသိလိုက်ဘာသာနဲ့ တင်းတင်းဆုပ်လိုက်ပြီး ချက်ချင်းအသက်ရှူကြပ်လာသည်။
ချက်ချင်း အကြည့်မလွှဲဘဲ ကျွမ်းရိယွင်က ပိုပြီး အသေးစိတ် ကြည့်လိုက်သည်။
မသုတ်ရသေးတဲ့ ရေစက်တွေက ရန်ရန်ရဲ့ ရင်ဘက်ကနေ လျောဆင်းသွားသည်။ ညှပ်ရိုးကို ဝိုးတိုးဝါးတားမြင်နေရပြီး လည်ပင်းကနေ ရင်ဘက်အထိ အသားအရည်အရောင်က ကြည်လင်ပြီး ပန်းရောင်သန်းနေသည်။
အောက်နားမှာတော့ ရှပ်အင်္ကျီက ဖြည်းဖြည်းချင်းကျနေကာ သိပ်ကြီးကြီးမားမား မဟုတ်ဘဲ ထင်ရှားပြီး ကြံ့ခိုင်တဲ့ ဝမ်းဗိုက်ကြွက်သားတွေကို ကာထားရုံလောက်ဘဲရှိနေသည်။ သူ့ခြေတံတွေကတော့ အချိုးအစားကျတဲ့ ကြွက်သားတွေ အရိုးအဆစ်တွေနဲ့ ရှည်လျားဖြောင့်စင်းနေသည်။
သူက အဝတ်အစားတွေ ဝတ်ထားတဲ့အချိန်ဆို ကြည့်ရတာ အရမ်းပိန်တဲ့ပုံပေါ်ပေမယ့် သူ့အဝတ်အစားတွေကို ချွတ်လိုက်တဲ့အခါမှာတော့ သူ့နေရာနဲ့သူ မျှမျှတတရှိလှသည်။ အောက်ဘက်မှာတော့ နူးညံ့တဲ့ ခြေကျင်းဝတ်လေးတွေ၊ အမွှေးပွကော်ဇောထဲ တစ်ဝက်မြုပ်နေတဲ့ ခြေဖမိုးတွေနဲ့ အနည်းငယ်ချွန်ပြီး လုံးတဲ့ ခြေဖျားလေးတွေက ပေါ်နေသည်။
ရန်ရန်ရဲ့ ကိုယ်ပေါ်က အရောင်တွေကတော့ ကောင်းကောင်းကြီးကို ညီမျှလှသည်။ လျစ်လျှူမရှုထားသင့်တဲ့…. အနက်ရောင်….အတွင်းခံ… နူးညံ့တဲ့အဖြူရောင်၊ နီမြန်းတဲ့အရောင်အသွေးတွေက အရေပြားအောက်က အပြာရောင်ဖျော့ဖျော့ သွေးကြောတွေနဲ့အတူ ဆန့်ကျင်ဘက်ဖြစ်နေပြီး အရမ်းထင်ရှားလှတဲ့ မြင်ကွင်းကို ဖန်တီးပေးသည်။
ကျွမ်းရိယွင်မှာ အညှို့ခံလိုက်ရသလို ခံစားလိုက်ရသည်။ သူ့ရဲ့အမြင်အာရုံကို တိုက်ခိုက်လိုက်တာက ဒီလူရဲ့ အရိုးလား အရည်ပြားလားဆိုတာ သူ မပြောနိုင်ပေ။
သူတို့မျက်လုံးချင်း ဆုံသွားတဲ့ အခိုက်မှာ ရန်ရန်က လက်မြှောက်လိုက်ပြီး သူ့ခေါင်းပေါ် သဘက်တင်လိုက်ကာ အခန်းထဲ ပြေးဝင်သွားသည်။ သူလှည့်လိုက်တော့ ကျွမ်းရိယွင်ကို သူ့နောက်ကျောဘက်ကို ပြသလိုဖြစ်သွားသည်။
ပါဝင်ပတ်သတ်နေတဲ့သူက မမြင်နိုင်ဘဲ မသိစိတ်ထဲကနေ ကျွမ်းရိယွင်ရဲ့ အတွင်းထဲက တစ်စုံတစ်ရာကို နှိုးဆော်လိုက်သည်။ သူက ရန်ရန်ကို ကြည့်နေရင်း သူ့အကြည့်တွေက ပိုတင်းမာလာသည်။