အပိုင်း ၂၀
Viewers 97

လက်ထပ်ဖို့ လိမ္မာရေးခြားရှိမှုကို အားကိုးပြီးနောက် ချစ်မိသွားတယ် 


အပိုင်း ၂၀





 

  

 


သူ ရှုထောင့်တိုင်းကနေ ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်။ လေတိုက်ခတ်တာကြောင့် ဖုံးထားတဲ့ သူ့အဝတ်အစားတွေက လွင့်သွားကာ သူ့တင်ပါးတွေကို ဖုံးထားတဲ့ အရှက်တွေ ကွဲသွားရသည်။



 ပါးလွှာတဲ့အဝတ်နဲ့ ထုပ်ပိုးထားတဲ့ တောင်ကုန်းလေးတွေက လေအဝေ့နဲ့အတူ ရုတ်တရက် ပေါ်လာသည်။ နောက်တော့ ကျွမ်းရိယွင်မှာ သူ့ရဲ့တင်ပါးအောက်နားက မွေးရာပါအမှတ်ကို တွေ့လိုက်ရသည်။ 



ပေါင်အတွင်းပိုင်းနားမှာရှိပြီး အရွယ်အစားက 0.5စင်တီမီတာလောက်ရှိကာ သူ့ရဲ့ ဖြူဝင်းတဲ့အသားအရည်ပေါ်မှာ အထင်အရှား‌ပေါ်‌နေတဲ့ အညိုဖျော့ရောင် အသည်းပုံစံ မွေးရာပါ အမှတ်လေးဖြစ်သည်။ သူက ကောင်းကင်ဘုံကနေ မျက်နှာသာ အပေးခံရတဲ့သူလိုပင် သူ့ရဲ့ မွေးရာပါအမှတ်လေးတောင်မှ တက်တူးတစ်ခုလိုပင်။ 


 

ရန်ရန်က တံခါးကို ပိတ်လိုက်သည်နှင့်အတူ ကျွမ်းရိယွင်ရဲ့ မြင်ကွင်းကို လုံးဝ ဖြတ်တောက်လိုက်သည်။

 


သူ့ခေါင်းပေါ်က သဘက်ကိုကိုင်ရင်း လက်နှစ်ဖက်အပြည့် ဆံပင်ကို ဆွဲလိုက်သည်။ အရမ်းအန္တရာယ်များတာဘဲ golden retriever လေးကို မြင်လိုက်တော့မလို့။ သူ မြန်မြန်ပြေးသွားလိုက်လို့ တော်သေးသည်။ 



သူက အိမ်ပြန်နေဖို့ ပြောတဲ့သူဖြစ်ပေမယ့် ဒီအခိုက်အတန့်နဲ့တင် အကျိုးကျေးဇူး အပါအဝင်၊ ဝန်ထုတ်ဝန်ပိုးနဲ့မသေချာ မရေရာမှုများ ရှိလာသည်ကို သဘောပေါက်သွားသည်။ 

 


ဆံပင်တုကိုဘဲ တစ်ချိန်လုံးဝတ်ထားရတာက တကယ် ပင်ပန်းတယ်။ 

 


သူ့ခြေဗလာတွေနဲ့ ကြမ်းပြင်က နည်းနည်အေးတဲ့အတွက် ရန်ရန်က ကုတင်ပေါ်ထိုင်လိုက်ကာ သူ့ရဲ့ ဖြူ‌ဝင်းပြီး ရှည်သွယ်လှတဲ့ ခြေတံနှစ်ချောင်းကို ဆန့်လိုက်သည်။ 


 

“ဟင်?”  သူအခုလေးတင် တစ်ဖက်လူကို ဖျားယောင်းနိုင်မယ့် အခွင့်အရေးကို လက်လွှတ်ပြီး သူ မတုံ့ပြန်နိုင်ခင် အခန်းထဲ ပြေးဝင်လာခဲ့တာလား? 


 

ရန်ရန် ချက်ချင်း ထလိုက်ပြီး မှန်ကြည့်ဖို့ အဝတ်လဲခန်းထဲသွားလိုက်သည်။ ဒီလို ဖြူစင်တဲ့အလှတရားက အရမ်းရင်သပ်ရှုမောဖွယ်ကောင်းလို့ သူ့ရဲ့မျက်နှာကို ချက်ချင်း ကာလိုက်သည်။ အခု တံခါးဖွင့်ပြီး ပြေးထွက်ဖို့ အရမ်းနောက်ကျသွားပြီလား? 



အခြေအနေကို ရှင်းရှင်းလင်းလင်းနဲ့ ဆန်းကြယ်အောင်လုပ်ဖို့ ဘာလို့ မကြိုးစားခဲ့ရတာလဲ? ဒါက သူတမင်ဖန်တီးထားတဲ့ အခွင့်အရေးမဟုတ်ဘူး၊ အရမ်းသဘာဝအတိုင်းဘဲ။ 

  


ရန်ရန်က အဝတ်အစားတွေ ဝတ်လိုက်ရင်း သက်ပြင်းတစ်ချက်ချလိုက်သည်။ ဒါပေမယ့် သူ့အတွေးအဆုံးမှာ သက်ပြင်းချရန် အကြောင်းပြချက် များများစားစားမရှိသည်ကို သူသဘောပေါက်လိုက်သည်။ 



အခုကစပြီး သူတို့က တရားဝင်အတူတူနေသွားကြမှာဆိုတော့ အခွင့်အရေးတွေ သိပ်မရှိတော့မှာ မဟုတ်ဘူး။ ဒီတစ်ကြိမ်က တိုက်ဆိုင်သွားတာ။ နောက်တစ်ကြိမ်ဆိုရင် ‘တိုက်ဆိုင်’ အောင် ဖန်တီးနိုင်ရမယ်။ ဒါပေမယ့် ဆံပင်ပြဿနာကိုတော့ ဖြေရှင်းရဦးမယ်။ ရန်ရန်က ဆံပင်တုဝတ်ရင်း တွေးလိုက်သည်။ 

 


သူက အဝတ်အစားဝတ်လို့ပြီးတော့ အပြင်ထွက်လိုက်သည်။ ကျွမ်းရိယွင်က ထမင်းစားစားပွဲမှာ ထိုင်နေပြီဖြစ်သည်။ နှစ်ယောက်သားက တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ပြီး ချက်ချင်း အကြည့်လွှဲလိုက်ကြသည်။ 



ရန်ရန်က ရှက်သလို ဟန်ဆောင်နေပေမယ့် ကျွမ်းရိယွင်ကတော့ တကယ် ရှက်နေသည်။ သူ့ရဲ့နှလုံးခုန်တာက အရှိန်လျော့လို့မရပါချေ။ ရန်ရန်က ထင်ထင်ရှားရှားကို ဂျက်ကပ်အရှည်ဝတ်ထားပေမယ့် ရှပ်အဖြူက ကော်လာက ဟနေသည်။ 



သူ့မျက်လုံးတဲ့မှာ မြင်ရတာကတော့ ခုနတုန်းက ပေါ်သွားတဲ့ တစ်စိတ်တစ်ပိုင်း ဖုံးကွယ်ထားတဲ့ အသွင်အပြင်ဘဲဖြစ်သည်။  

 


အစက ရန်ရန်ဘာစားရတာကို ကြိုက်လဲဆိုတာ သူမသိတဲ့အတွက် ပေါ့ပေါ့ပါးပါးဘဲ ဝယ်လာခဲ့သည် ဆိုတာကို ပြောချင်ခဲ့ပေမယ့် စကားတွေက သူ့ပါးစပ်ကနေ ထွက်လာတော့မယ့်အချိန် ရန်ရန်က သူ့ကိုကြည့်လိုက်တဲ့အခါ ပြောမယ့်စကားတွေကို လုံးဝ မေ့သွားသည်။



 ကျွမ်းရိယွင်က ချွေးတွေစိုနေတဲ့ လုံးဝ သက်တောင့်သက်သာမရှိတဲ့ အားကစားဝတ်စုံကို  ဝတ်ထားဆဲဖြစ်ပေမယ့် ရန်ရန်ရဲ့အရှေ့မှာတော့ ရေချိုးခန်းဘက်ကိုသွားဖို့ကိုတောင် သူမရဲပါချေ။ အဲ့ဒီကို သူဖြတ်လျှင် သူ့မျက်လုံးထဲမှာ ရန်ရန်ရဲ့ မွေးရာပါအမှတ်က ထင်ထင်ရှားရှား ပေါ်လာသည်။



နှစ်ယောက်သားက တိတ်ဆိတ်နေကြသည်။ ရန်ရန်က အလျင်စလိုနဲ့ ဖက်ထုပ်ပေါင်း နည်းနည်းစားလိုက်ပြီး မသွားခင် ပဲနို့‌ကိုသောက်လိုက်သည်။ 


 

“ကျွန်တော် အတန်းတက်ဖို့ အလျင်လိုနေလို့ အရင်သွားတော့မယ်”  တမင် နူးညံ့အောင် ထိန်းထားတဲ့ သူ့အသံက ကျွမ်းရိယွင်ရဲ့ နားထဲမှာ ငှက်မွှေးနဲ့ ကလိနေသလို ခံစားရသည်။ 



သူက ပြည့်ပြည့်ဝဝအတိုင်းအတာအထိ မမျှော်လင့်ဘဲ ပွင့်ပွင့်လင်းလင်း မြင်လိုက်ရပြီးတဲ့နောက်မှာ သတိရှိသလို ဟန်ဆောင်လိုက်သည်။ 

 


“ကိုယ်….” ကျွမ်းရိယွင်က ရုတ်တရက် ထရပ်လိုက်ပြီး သူ့ဘက်ဆီ လျှောက်လာကာ ရပ်လိုက်ပြီး “ကိုယ်တောင်းပန်ပါတယ်” 


 

“မဟုတ်တာ၊ ဘာမှမဟုတ်ပါဘူး။ ဒါက ဘာမှမဟုတ်ပါဘူး ကောကော။ ကောကောက တမင်လုပ်တာမှ မဟုတ်ဘဲ။ ကျွန်တော်က ကောကော အလုပ်သွားပြီထင်လိုက်လို့။ နောက်ပြီး ကျွန်တော်တို့က ယောက်ျားလေးတွေဘဲလေ ဘာမှ မဖြစ်ပါဘူး” 

 


ကျွမ်းရိယွင်က သူဘာတွေးနေလဲဆိုတာမသိတော့ဘဲ ဘာမှဆက်မပြောတော့ပေ။ ရန်ရန်က တစ်ချိန်လုံး ခေါင်းငုံ့နေပြီး သူ့လက်ကို တင်းတင်းကြပ်ကြပ်ဖက်ထားသည်။ 



စကားပြောလို့ ပြီးသွားတော့ နောက်ဆုံး သူခေါင်းမော့လာကာ ပြုံးလိုက်သည်။ သူ့အပြုံးကို မြင်တော့ ကျွမ်းရိယွင်ရဲ့ ရင်ထဲမှာ နည်းနည်း စိတ်အေးသွားသည်။ 

 


ရန်ရန်ကိုကြည့်ရတာ သူစိုးရိမ်တာကို မြင်နေ‌ပုံရသည်။  တံခါးနားရောက်တဲ့အခါ သူက ရုတ်တရက် လှည့်လိုက်ပြီး သူ့ကိုပြောလိုက်သည်။



 “ကောကော အမြန်သွားဆေးကြောလိုက်ပါဦး။ ဆောင်းတွင်းမှာ ချွေးထွက်ရင် အအေးမိဖို့လွယ်တယ် ပြီးတော့ ကောကောရဲ့ကိုယ်ကလည်း သိပ်မကောင်းသေးဘူးလေ” 


 

“အင်း” 


 

တံခါးက ပိတ်သွားပြီး နှစ်ယောက်က တံခါးအပြင်ဘက်နဲ့ အတွင်းဘက်မှာ အကြည့်ချင်း ဆုံသွားသည်။ ရန်ရန်က ရှက်ရွံ့စွာနဲ့ ပြုံးလိုက်ပြီး ကျွမ်းရိယွင်ကတော့ အမူအရာမဲ့နေကာ တစ်ခုခုကို ကြည့်နေသလို ဘာကိုမှလည်း မကြည့်နေတဲ့ အတိုင်းပင်။ 

 


စီနီယာနှစ်အတွက် အတန်းတွေ သိပ်အများကြီးမရှိပေမယ့် လုံးဝမရှိတာတော့ မဟုတ်ပေ။ အထူးသဖြင့် စာပေလုပ်ဆောင်ချက်မှာ အမြဲတမ်း ကျရှုံးတတ်တဲ့ ရန်ရန်အတွက်တော့ စီနီယာနှစ် ပြီးမြောက်အောင် ဘာသာရပ်တွေအားလုံး ပြန်ယူရမည်ဖြစ်သည်။



 ရန်ရန်က ဘာသာရပ်နှစ်ခုကို ပြန်ယူထားပြီး တစ်ခုက သူဂျူနီယာနှစ်မှာ ပြန်ယူထားပြီးပြီ ဖြစ်ကာ နောက်တစ်ခုကတော့…. ဒါက သူပြန်ယူတာ ဒုတိယအကြိမ်မြောက်ပင်။ 



ခရီးသွားပရောဂျက်ကို စီစဉ်တဲ့ ဆရာမမှာ တက္ကသိုလ်ရဲ့ “စုံထောက်ကြီးလေးပါး” အဖြစ် လူသိများသည်။ သူမသည် အတန်းထဲတွင် စည်းကမ်းကြီးရုံသာမက သူတို့ဌာနမှူးရဲ့ မိန်းမလည်းဖြစ်သည်။ 

 


သိပ္ပံနဲ့နည်းပညာတက္ကသိုလ်ရဲ့ ခရီးသွားလုပ်ငန်းစီမံခန့်ခွဲမှုဌာနရှိ ဌာနမှူးရဲ့ အတန်းအပါအဝင် အတန်းအားလုံးက မခက်ခဲဘဲ အောင်ဖို့ လွယ်သည်။ စုံထောက်လီလို့ နာမည်ကြီးတဲ့ ဌာနမှူးမိန်းမရဲ့ အတန်းသာလျှင် အရမ်းအရမ်းကို ခက်ခဲသည်။ 

 


ဤအတန်းတွင် ရန်ရန်သည် အိမ်စာမထပ်တဲ့အတွက် ဒုတိယနှစ်တင် ပထမဆုံး ကျခဲ့ရသည်။ တာဝန်တစ်ခု လွဲချော်သွားတာကြောင့် ချက်ချင်း ကျသွားရသည်။ သူ့ရဲ့ တတိယနှစ်တွင် အတန်းပျက်တာကြောင့် ဒုတိယအကြိမ် သေဆုံးခဲ့ရသည်။ 



ဒါက သူ “ထောင်ထဲ” ဝင်လာတဲ့ ဒုတိယအကြိမ်ပင်။ ရန်ရန်က မကောင်ဆိုးဝါးလိုမျိုး ထပ်ပြီး ဟန်မဆောင်ရဲတော့ပေ။ သူက အတန်းချိန်တိုင်းကို အချိန်မီရောက်လာရုံသာမက ပရော်ဖက်ဆာလီရဲ့အတန်းတွင် အရှေ့ဆုံးအတန်းမှာ ထိုင်ဖို့ပင် ရွေးချယ်ခံလိုက်ရသည်။ 

 


အရှေ့ဆုံးတန်း၊ ဆရာမရဲ့ နှာခေါင်းအောက်တွင် လှည့်စားလို့မရပေ။ အတန်းတစ်ချိန်လုံးတွင် ရန်ရန်မှာ သူ့ရဲ့ဖုန်းကိုတောင် ကြည့်ဖို့မရဲဘဲ ရိုးရိုးသားသားနဲ့ မှတ်စုတွေလိုက်မှတ်ကာ မေးခွန်းဖြေဖို့တောင် အမေးခံရသည်။ 

 


နောက်ဆုံး အတန်းပြီးသွားတဲ့ နောက်မှာတော့ သူ့မှာ သက်သာရာရစွာ သက်ပြင်းချလိုက်သည်။ သူက ဖုန်းထုတ်ပြီး ကြည့်လိုက်တော့ ကျွမ်းရိယွင်ဆီကနေ မက်ဆေ့ခ်ျအသစ် ရထားသည်။ သူက မျှော်တလင့်လင့်နဲ့ နှိပ်လိုက်သည်။ 

 


[ကျွမ်းရိယွင် - အိမ်သွားကြည့်ဖို့ ဘယ်အချိန်အားလဲ?] 

 


[ကျွမ်းရိယွင် - ကိုယ်တို့နှစ်ယောက်အတွက် ဒီလိုမျိုးအတူနေဖို့ တကယ် အဆင်မပြေဘူး] 

 


[ကျွမ်းရိယွင် - ဒီနေ့ရော ဘယ်လိုလဲ?] 

 


စခရင်တစ်ခုလုံးက သတင်းဆိုးနဲ့ ပြည့်နေတယ်! လုံးဝကို လန့်သွားရတဲ့အထိဘဲ! 

 


စိတ်သောကတွေကို ထုတ်လုပ်ရတာ ဘယ်လိုတောင် လုံးဝပျော်နေရလဲ? ဒါက စိတ်သောက‌ ဖြစ်ဖို့ဘယ်လိုတောင် လုံးဝ ပျော်နေရလဲဆိုတာဘဲ! 


 

…..



အတန်းချိန်အတွင်းမှာ ရန်ရန်က သူ့ဖုန်းထဲက မက်ဆေ့ခ်ျတွေကို မဖတ်နိုင်ဘဲ အတန်းပြီးမှဘဲ သူမမြင်လိုက်သလို ဟန်ဆောင်လိုက်သည်။ ဒီလိုအဓိပ္ပါယ်မရှိတဲ့ အဆိုပြုချက်ကို ဘယ်သူမဆို လက်ခံနိုင်ပေမယ့် သူကတော့ ဘာဘဲဖြစ်ဖြစ် လက်မခံသင့်ဘူး။ 



ဘာလို့လဲ၊ မနေ့က သူ့ရဲ့ခြေထောက်တွေကို မြင်လိုက်ရပြီး ဒီနေ့တော့ သူတို့နှစ်ယောက်က အိမ်တစ်လုံးဝယ်ပြီး “မြစ်ကိုပိုင်းခြား” လိုက်ရမှာလား? အိမ်မက်မက်နေလိုက်၊ ကျွမ်းရိယွင်က သူ့ခြေထောက်တွေကိုမြင်ပြီးသွားပေမယ့် သူကတော့ အခုထိမမြင်ရသေးဘူးလေ။ 

 


ချဉ်စပ်ခေါက်ဆွဲ အကြောင်းပြောနေရင်း ရန်ရန်က သူ့ဖုန်းကို ကျန်းလီဆီပြလိုက်သည်။ နှစ်ယောက်သားက တက္ကသိုလ်က သရေစာရောင်းတဲ့လမ်းမှာ နေ့လည်စာစားဖို့ သဘောတူလိုက်သည်။ 

 


“Star City က အိမ်ဈေးတွေက မနည်းဘူး။ Dr.ကျွမ်းသာ လိုချင်ရင် ဝယ်လိုက်ရုံဘဲ။ သူအရမ်းချမ်းသာတာ မဟုတ်လား?” 

 


“နင်လမ်းလွဲသွားပြန်ပြီ။” ကျန်းလီ ဘာလို့ အမြဲတမ်း ပိုက်ဆံတွေကိုဘဲ ဂရုစိုက်နေတာလဲ? 


 

“မဟုတ်တာတွေ၊ ငါသာ ပိုက်ဆံအကြောင်း ဂရုမစိုက်ရင် ဘာကိုဂရုစိုက်ရမှာလဲ? ငါက အရမ်းအရပ်ရှည်လို့ ကြည့်ကောင်းတဲ့ လူတွေက ငါ့ကိုမှ သဘောမကျတာ။ ပိုက်ဆံတစ်ခုဘဲ ငါ့ကို မထားခဲ့တာ” 

 


လက်မထောင်ပြလိုက်ရင်း ရန်ရန်က တစ်ခါသုံးဟင်းချိုခွက်ကို တစ်ငုံသောက်လိုက်ကာ သူမကို ချီးကျူးလိုက်သည်။ “မျှော်လင့်ထားသလိုဘဲ” 

 


“ဟေး….  နင်က သေတဲ့အထိ ဟန်ဆောင်သွားမလို့လား?” 

 


“ခဏလောက်ဘဲ ဟန်ဆောင်တော့မယ် ငါပင်ပန်းနေပြီ။ ကျွမ်းရိယွင်က တကယ့်….  လုံးဝကို မတုန့်ပြန်ဘူး။ ဒါပေမယ့် ငါတော့ တစ်ညလုံးနိုင်တယ်။ ဒါ့ပြင် သူ့စိတ်တွေပါ လွတ်သွားလိမ့်မယ်” 

 


“ဖွီ နင်က ည‌လုံးပေါက် စားစရာကြီးလား?” 

 


ရန်ရန်က ခေါင်းခါလိုက်သည်။ သူ့ရဲ့ပန်းကန်ထဲကဟာကို စားလို့ကုန်သွားတော့ ကျန်းလီရဲ့ ပန်းကန်ထဲက မြေပဲတွေကိုယူတော့ ကျန်းလီရဲ့ တူနဲ့ လက်ကို အရိုက်ခံလိုက်ရသည်။ 


 

“နင်ဘာသာ ထည့်လို့မရဘူးလား?! နင်အရမ်းရိုင်းတာဘဲ!” ကျန်းလီက သူ့ရဲ့မြေပဲတွေကို အသားကုန်ကာကွယ်နေပြီး နှစ်ယောက်သားက တူနဲ့ ခဏလောက် တိုက်ပွဲဝင်လိုက်ကြသည်။ 



နောက်ဆုံးတော့ ကျန်းလီကလည်း စိတ်မရှည်တော့သလို ရန်ရန်လည်း မပျော်တော့တဲ့အတွက် ဆိုင်ရှင်ကို ရန်ရန်အတွက် မြေပဲအပိုထည့်ပေးဖို့ ပြောလိုက်သည်။ 

 


တိုက်ခိုက်လို့ပြီးသွားတော့ ရန်ရန်လည်း မြေပဲအပိုရသွားသလို သူ့စိတ်အခြေအနေကလည်း ကောင်းလာတဲ့အတွက် ဖုန်းယူလိုက်ပြီး မက်ဆေ့ခ်ျကို ပြန်ဖြေလိုက်သည်။ 

 


[ရန်ရန် - ကောကောက ပိုကြီးတဲ့အိမ်ကို ပြောင်းချင်တာလား? ဟုတ်ပါပြီ၊ ကျွန်တော်က ဘယ်အချိန်အဖြစ် ကောကောနဲ့ အတူလိုက်လို့ရတယ်] 

 


[ရန်ရန် - ဒါပေမယ့် ကျွန်တော်က အိမ်တစ်ခါမှ မဝယ်ဖူးလို့ အိမ်အကြောင်းတွေ သိပ်မသိတော့ ကောကောကို ဘာအကြံဉာဏ်မှ ပေးနိုင်မှာ မဟုတ်ဘူး] 

 


“နင်ဘာလို့ တိုက်ရိုက်ကြီး သဘောတူလိုက်တာလဲ?” ကျန်းလီက အံ့ဩသွားသည်။ ဒီတစ်ယောက်က ခုနကဘဲ သဘောမတူဘဲ စိတ်ဆင်းရဲနေတာ မဟုတ်ဘူးလား?



“သူ့ပိုက်ဆံသူသုံးပြီး အိမ်ဝယ်မှာလေ၊ ငါကဘာကို ငြင်းရမှာလဲ?” နောက်ဆုံးကျန်တဲ့ မြေပဲကို မြိုချလိုက်ပြီးရန်ရန်က မျက်ခုံးပင့်လိုက်သည်။



 “ဒီဘုန်းကြီးအိုကြီးကို လွှတ်ထားလို့မရဘူး၊ သူ့ရင်ထဲ ရွှေ့ရမယ်။ ငါ့ရဲ့ ဆွဲဆောင်မှုကို သူ မခံနိုင်ပါဘူး။ သူက ငါနဲ့ ခွဲနေချင်နေတာ။ အနှေးနဲ့အမြန် ဒီနေ့ရဲ့ ဆုံးဖြတ်ချက်ကို သူနောင်တရလာလိမ့်မယ်။ အချိန်ကျလာရင် သူငါ့ကို တွေ့ချင်၊ ဖက်ချင်၊ နမ်းချင်လာမယ် နင့်ရဲ့အစ်ကိုရန်က ဈေးတွေ ကိုင်လာမယ်” 

 


ကျန်းလီက မျက်မှောင်ကြုတ်လိုက်ပြီး ရန်ရန်ရဲ့ စိတ်နေသဘောထား ပြောင်းသွားတာကို သတိထားမိလိုက်သည်။