လက်ထပ်ဖို့ လိမ္မာရေးခြားရှိမှုကို အားကိုးပြီးနောက် ချစ်မိသွားတယ်
အပိုင်း ၁၈
“ဆက်ကစားမယ်၊ ကနဦး အရည်အချင်းတွေကို ချိန်ညှိဖို့လိုတယ်။ အာစလုံးပေါင်း ပွိုင့်၂၀ရှိတယ်၊ ရုပ်ရည်၊ ဉာဏ်ရည်၊ ရုပ်ပိုင်းဆိုင်ရာနဲ့ မိသားစုနောက်ခံရယ်။ တစ်ခုကို 10စီ ထပ်ပေါင်းလိုက်မယ်…. အများဆုံး ဘယ်လောက်လောက်ဖြစ်နိုင်မလဲ ကြည့်ကြည့်ရအောင်။ ရုပ်ရည်က 10ဖြစ်ရမယ်၊ ဉာဏ်ရည်ရော 10 ပြီးတော့ တခြားဟာတွေက 0 ဟုတ်တယ်ဟုတ်? တကယ့်ယောက်ျားတစ်ယောက်က မိသားစုနောက်ခံကို အားမကိုးဘူး”
“စနစ်က 10 နှစ်ခုဖြစ်ခွင့်မပေးဘူး….. ဆိုတော့ ရုပ်ရည်ကို 10၊ ဉာဏ်ရည်ကို 9နဲ့ ရုပ်ပိုင်းဆိုင်ရာကို 1 ထားလိုက်မယ်။ ဘဝအသစ်စမယ်”
“အသက်0 - သင်ဟာ ယောက်ျားလေးတစ်ယောက်အဖြစ် မွေးဖွားလာပါတယ်”
“အသက်1နှစ် :- ကလေးဘဝကတည်းက ကျေးလက်ဒေသမှာ ကြီးပြင်းလာတယ်”
“အသက်2နှစ် - လေကလတ်ဆတ်ပြီး ဘဝက ကျန်းမာတယ်”
“အသက်3နှစ် - မြွေပေါက်ခံလိုက်ရတယ်။ သင်သေသွားပါပြီ”
ရန်ရန် - “…”
[ဟားဟားဟားဟားဟား၊ ငါမင်းကို ရုပ်ပိုင်းဆိုင်ရာ 1 ပေးမယ်!]
[သူကအသက်သုံးနှစ်မှာ သေသွားတယ်။ တော်တော်ဆိုးတာဘဲ။ ဒီလို ဆိုးရွားတဲ့ anchor မျိုး တစ်ခါမှ မမြင်ဖူးဘူး]
[ဒီ anchor ကအမြဲတမ်း သုံးနှစ်ဘဲ ဖြစ်လိမ့်မယ်]
“အိုး လုပ်စမ်းပါ”
“နောက်ဘဝအတွက် ပင်ကိုယ်စွမ်းရည်တစ်ခုကို ရွေးလို့ရတယ်…. မက်မွန်ပန်းများကို ရွေးလိုက်မယ်! နောက်ဘဝမှာ အချစ်တွေကို တွေ့ကြုံခံစားဖို့ အသက်ရှင်ရမယ်”
အဲ့ဒါနဲ့ ရန်ရန်က အရည်အချင်း အသစ်တစ်ခုကို ပြတ်ပြတ်သားသား ရွေးချယ်လိုက်သည် - မက်မွန်ပန်းများ (ချစ်မိသွားစေမည့် အခွင့်အလမ်း တိုးတက်စေသည်) + မြွေ (မြွေကိုက်ခံထိပြီး မသေဆုံးစေရန်) + ပိုက်ဆံရှာနိုင်တဲ့ ဉာဏ်ရည် (ဉာဏ်ရည်က 8အထက်) အသက်20 + မိသားစုနောက်ခံ+2
မှတ်ချက်တွေကချက်ချင်း လှောင်ပြောင်လာကြသည်။
[မင်းက ဒီလိုမျိုး ဖြစ်လိမ့်မယ်လို့ မထင်ထားဘူး။ မင်းက များသောအားဖြင့် မာနကြီးတတ်ပေမယ့် ဂိမ်းတွေနဲ့ ပတ်သက်ရင်တော့ အရမ်း ကြောက်ဖို့ကောင်းတယ်။ မြွေကိုတောင် အထူးတလည် ရွေးလိုက်သေးတယ်]
[ သူက ရုပ်ပိုင်းဆိုင်ရာက 10 ပေးမယ်ထင်တယ်]
“ဟားဟား ဒါကမဖြစ်နိုင်ဘူး။ ရုပ်ရည်က 10ဖြစ်ရမယ်။ ကြည့်ကောင်းတာကို ငါသဘောကျတယ်”ရန်ရန်က ပြောလိုက်ပြီး ကျွမ်းရိယွင်ကို လှမ်းကြည့်လိုက်သည်။ ကျွမ်းရိယွင်က ပြန်လှည့်မကြည့်ဘဲ သူ့လက်ထဲက မဂ္ဂဇင်းကိုဘဲ ဖြည်းဖြည်းချင်း လှန်လိုက်သည်။
သူက ပြန်လှည့်မကြည့်ပေမယ့် သူတို့ပထမဆုံး ဆုံတုန်းက ရန်ရန်မှာ “ကောကောက အရမ်းကြည့်ကောင်းတာဘဲ” လို့ ပြောခဲ့တာကို သူ သတိရသွားသည်။
သူ့ရဲ့ရုပ်ရည်ကို မှတ်ချက်ပေးတာ သူသဘောမကျတဲ့အတွက် အဲ့ဒီအချိန်တုန်းက စိတ်ညစ်ဖို့ကောင်းခဲ့ပေမယ့် အခုတော့ အဲ့ဒီအကြောင်းကို သူစဉ်းစားကြည့်လိုက်တော့ ရန်ရန်ရဲ့ တည့်တိုးဆန်တဲ့အကြည့်ကို သတိရသွားသည်။
အရင်တုန်းက သိပ်သတိမပြုခဲ့တဲ့ အသေးစိတ်အချက်တွေက မထင်မှတ်ဘဲ ရှင်းလင်းသွားသည်။ ရန်ရန်က သူ့ရဲ့လေးစားမှုကို လုံးဝ မဖုံးကွယ်ခဲ့ဘဲ သူ့ရဲ့ဖြူစင်ပြီး စိတ်လှုပ်ရှားတတ်တဲ့ အမူအရာက လူငယ်လေး တစ်ယောက်လိုပင်။
“ဉာဏ်ရည်က 6လောက်၊ ရုပ်ပိုင်းဆိုင်ရာက 4နဲ့ မိသားစုနောက်ခံကရော? မိသားစုနောက်ခံကို မလိုချင်ဘူးလို့ ငါပြောခဲ့တာဘဲ။ ငါဒေဝါလီ မခံနိုင်ဘူး။ ကိုယ့်ဘာသာကိုယ် ပိုက်ဆံရှာနိုင်တယ်”
ရန်ရန် ပြောလို့ပြီးသွားတော့ ဘဝအသစ်စမယ် ဆိုတာကို နှိပ်လိုက်တာနဲ့ ချက်ချင်း မျက်နှာအရိုက်ခံလိုက်ရသည်။
“အသက် 0နှစ် - သင်ဟာ မိန်းကလေးအဖြစ် မွေးဖွားလာပါတယ်”
“အသက်1နှစ် - သက်ဟာ ကလေးဘဝကတည်းက ကျေးလက်ဒေသမှာ နေထိုင်ခဲ့တယ်”
“အသက်2နှစ် - သင့်မိဘတွေက နောက်ထပ် သားတစ်ယောက် မွေးလာတယ်။ သင်တို့မိသားစုဟာ ပိုခက်ခဲလာပြီး စားသောက်ဖို့ မလုံလောက်ပါဘူး။ သင်သေသွားပါပြီ”
[ပန်းပေးလိုက်တော့၊ anchorက ပြန်ရှင်လာပြီး အသက်နှစ်နှစ်မှာတင် သေသွားတယ်!]
[ကောင်းကင်ဘုံနေ လာတဲ့အမျိုးသမီးက ကမ္ဘာပေါ်ပြန်ရောက်လာပြီး ဘယ်တော့မှ အသက်မကြီးတော့ဘူး]
သူတို့တွေမှာ ရယ်နေတာ မရပ်နိုင်တော့ပေမယ့် မြင်ကွင်းက အရမ်းတိတ်ဆိတ်နေသည်။ နောက်တော့ anchor နဲ့ မသက်ဆိုင်တဲ့ ရယ်သံက ဖမ်းယူမှုကောင်းတဲ့ မိုပ်ခရိုဖုန်းကနေ တစ်ဆင့် တိုက်ရိုက်လွှင့်တဲ့ အခန်းထဲ ဝင်ရောက်လာသည်။
[တစ်မိနစ်အတွင်း ဘယ်သူရယ်လိုက်လဲဆိုတာ ငါသိချင်တယ်!]
[ကောကောလား?]
ဖန်တွေက လုံးဝမမေ့ လျော့နေဘဲ တချို့က ချက်ချင်းထင်ကြေးပေးနေကြကာ စခရင်မှာ ချက်ချင်းပြည့်လျှံသွားသည်။
[ကောကော - ပုံမှန်ဆို ငါမတတ်နိုင်ဘူးဆိုရင်တောင် ငါမရယ်ဘူး]
[anchorက စကားမပြောဘူးလား ရှောင်ထွက်နေတာလား]
[ဒီလို ချုပ်တည်းထားပြီး အလိုလိုက်သလို ရယ်သံက ဒီကောကောကို ဘယ်သူမှန်းမသိပေမယ့် ငါတော့ စွဲလမ်းသွားပြီ]
ရန်ရန် - ……
အလိုလိုက်တယ်? ဘယ်နားကနေ အလိုလိုက်လို့လဲ?
ချုပ်တည်းထားတယ်? သူသာတကယ် ချုပ်တည်းထားရင် ရယ်မှာမဟုတ်ဘူး
ရန်ရန်က မှတ်ချက်တွေကို လျစ်လျှူရှုလိုက်ပြီး နောက်ထပ် နှစ်ခါ ထပ်သေသွားသည်။
“ဒီဂိမ်းက လေးစားမှုကို မရှိဘူး။ ငါနည်းနည်း စိတ်တိုလာပြီ” သူ့လေသံက စက်ရုပ်လိုမျိုး လေးတွဲ့နေကာ ငေါ့တော့တော့နဲ့ စိတ်ပျက်မှု အသွင်ကို ရှင်းရှင်းလင်းလင်း ဖော်ပြနေသည်။
အဲ့ဒီအချိန်မှာ ကျွမ်းရိယွင်က ရုတ်တရက် စကားပြောလာသည်။ “မင်း ကင်မရာဖွင့်ထားလား?” ပြောနေရင်း လူက မတ်တပ်ရပ်ပြီးပြီဖြစ်ကာ ရန်ရန်ဆီ လျှောက်လာသည်။
“မဖွင့်ထားဘူး” ရန်ရန်က နည်းနည်း အံ့ဩသွားပြီး ခေါင်းယမ်းပြလိုက်သည်။
“သူ့ကို ဖွင့်ဖို့ပြောလိုက်! အစ်ကိုရန်ရဲ့ ချောမောမှုကို ကြည့်ပါရစေ!]
[ကျေးဇူးပြုပြီး ကောကော ကင်မရာကို တိတ်တိတ်လေး ဖွင့်လိုက်ပါ! ကလေးတွေ ကြည့်ရအောင်]
[ကောကောရဲ့အသံလည်း နားထောင်လို့ကောင်း လိုက်တာ…..]
[ငါ့ရဲ့လက်ဖက်ခါးတွေ ဘယ်မှာလဲ?]
“ဟဟ” ရန်ရန်က သူ့စိတ်ထဲမှာ ရယ်မောလိုက်သည်။ ကျွမ်းရိယွင်က ဒီကို လှမ်းလာတာကိုမြင်တော့ သူက မှတ်ချက်တွေ ပြထားတဲ့ အကွက်ကို အမြန်ပိတ်လိုက်သည်။
ကိုယ့ဘာသာကိုယ် ထိန်းရမယ် မဟုတ်လား? သူက သူ့အတွင်းခံကို ဝတ်ထားတုန်းဘဲလေ ဘာလို့ ချွတ်ပစ်ရမှာလဲ!
ကျွမ်းရိယွင်က ရန်ရန်ရဲ့ အနောက်မှာ လာမရပ်ခင် ဗီရိုထဲက မက်စ်တစ်ခုယူလိုက်ပြီး တပ်လိုက်သည်။ သူက စခရင်ကို ကြည့်ဖို့ ကုန်းလိုက်သည်။ သူ့ profile နဲ့ ရန်ရန်ရဲ့ profile ကြားမှာ စက်ဝိုင်းတစ်ခုဘဲရှိသည်။
ရန်ရန်ရဲ့ ကျောတစ်ပြင်လုံး တောင့်တင်းသွားပြီး မသိလိုက်ဘာသာနဲ့ အသက်ဖျော့ဖျော့ ရှူလိုက်သည်။ ကျွမ်းရိယွင် မောက်စ်ကို ယူလိုက်ပြီး ရန်ရန်ပြောင်းလဲသွားတာကို သတိမထားမိဘဲ စခရင်ကို အာရုံစိုက်ကြည့်လိုက်သည်။
ရန်ရန်ရဲ့ မျက်လုံးထောင့်ကနေ အကြည့်တွေက ကျွမ်းရိယွင်ရဲ့ မျက်ခုံးနဲ့ မျက်လုံးတွေမှာ တဝဲလည်လည်ဖြစ်နေသည်။ သူ့ကိုယ်က ရနံ့မှာ ဖျော့နေပေမယ့် သူတို့တွေ အရမ်း နီးကပ်သွားတဲ့အခါ ရုတ်တရက် လွှမ်းခြုံသွားသည်။
ရန်ရန်ရဲ့ အကြည့်တွေက သူ့ရဲ့ ချောမွေ့တဲ့ နဖူးပေါ်ကျသွားပြီး ဆံပင်မွှေးလေးတွေက နဖူး ကျနေကာ သူ့အစား ဖြီးပေးချင်လာသည်။
“ကောကောက ဂိမ်းကစားတတ်တာလား?”
[ anchor မှာ ပုံစံနှစ်မျိုးရှိတာဘဲ၊ တစ်ခြားလူကို ဒီလိုပုံစံမျိုးနဲ့စကားပြောတာ တစ်ခုမှ မမြင်ဖူးဘူး!]
[မင်းရဲ့နာမည်ကြီးတဲ့ စကားတွေကို ပြန် မှတ်မိဖို့ ကူညီပေးရမလား?]
[ငါသိတယ် ငါသိတယ်!]
[အစ်ကိုရန် - မင်း ငါ့ကို စကားမပြောခင် သွားတိုက်ထားလား?]
[မင်းပြောင်းလဲသွားပြီ၊ အရင်ကလို မဟုတ်တာတွေ အများဆုံးပြောတဲ့ အရမ်းမိုက်တဲ့ အစ်ကိုရန်မဟုတ်တော့ဘူး]
[နင့်အသံပြောင်းသွားတာ သိရဲ့လား? ဘာလို့အရမ်းစိတ်လှုပ်ရှားနေတာလဲဆိုတာ ပြောပါဦး]
[အမဲလိုက်ဖို့အဆင်သင့်ဖြစ်နေတဲ့ သားရဲတစ်ကောင်လိုဘဲ]
ရန်ရန်ရဲ့ စကားတွေ ထွက်လာလာချင်း မှတ်ချက်တွေက စခရင်ပေါ်မှာ ချက်ချင်း ပြည့်နှက်သွားပေမယ့် ဒီအချိန်မှာတော့ သူလုံးဝမမြင်ရသလို သူ့ရဲ့ ပုံမှန်မဟုတ်တဲ့ ရှင်းလင်းတဲ့အသံကိုလည်း လုံးဝ မခံစားမိပေ။ သူ့ရဲ့ အာရုံတွေက ကျွမ်းရိယွင်ပေါ်မှာဘဲ အပြည့်အဝရှိနေသည်။
“ကိုယ် အရင်ကတော့ မကစားဖူးပေမယ့် ကိုယ်မင်းကို ကူပြီးခွဲခြမ်းစိစစ်ပေးလို့ရတယ်” ကျွမ်းရိယွင်က ပြောလိုက်ပြီး လေးလေးနက်နက် စပြီးခွဲခြမ်းစိစစ်ပေးလိုက်သည်။
“ဒါကို ကြည့်လိုက်တော့ ဒီအခြေအနေ ဆယ်ခုက ကျပန်းတွေ။ အကြိမ်တိုင်း ကျပန်းရတဲ့ အခြေအနေတွေကို ချုပ်လိုက်ပြီး အမျိုးအစားတချို့ထဲ ခွဲလိုက်မယ်။ တိုက်ရိုက် ဖြည့်စွက်ထားတဲ့ ပင်ကိုယ်အရည်အချင်း၊ သွယ်ဝိုက် ဖြည့်စွက်ထားတာရယ်နဲ့ အထူးအခြေအနေတွေ။ မင်းကြည့် ဒီဆန်းကျယ်တဲ့သေတ္တာကအထူးအခြေအနေကို ကိုယ်စားပြုတယ်။ စမ်းရွေးကြည့်လိုက်….”
“စွမ်းရည်ဖြန့်ဝေခြင်းက ပြုပြင်ထားတယ်။ အရင်က မင်းလုပ်ခဲ့တဲ့ မညီမျှတဲ့ ရွေးချယ်မှုက စောစောသေရတဲ့ အဓိက အကြောင်းပြချက်ဘဲ။ ဒါကို စမ်းကြည့်လိုက်….”
ကျွမ်းရိယွင်က ပြောရင်းနဲ့ ဂိမ်းကစားလိုက်သည်။ သူက ပထမတစ်ကြိမ်မှာတင် အသက်ရှည်ပြီး အောင်မြင်တဲ့လူတစ်ယောက် ဖြစ်လာသည်။ ရန်ရန်က သူ့မျက်နှာကို ကြည့်နေရာကနေ ဂိမ်းဆီ အာရုံပြန်ရောက်လာသည်။
သူ နောက်ထပ် အချီနည်းနည်းလောက် ကစားနေတာကိုကြည့်ရင်း သူ့ရဲ့ အတွေ့အကြုံကို ထပ်ခါထပ်ခါ ချုပ်လိုက်သည်။ သူက စကားသိပ်အများကြီး မပြောပေမယ့် သူ့ရဲ့ အဓိကအချက်ကို တွက်ချက်တဲ့နေရာမှာတော့ တိကျလှသည်။ မကြာခင်မှာဘဲ သူက မသေမျိုးကျင့်ကြံခြင်းလိုင်းခြင်းကို ကျော်ဖြတ်ဖို့ အချိန် သိပ်မယူလိုက်ရပေ။
[အသက်နှစ် 500 - အတိဒုက္ခကို စတင်ကျော်ဖြတ်ခြင်း…. အတိဒုက္ခကို အောင်မြင်စွာ ကျော်ဖြတ်နိုင်ခဲ့သည်! သင်ဟာ ကောင်းကင်ဘုံသို့ တက်လှမ်းသွားလေပြီ]
“ဒီ…..” ရန်ရန်မှာ ပြောစရာစကားမဲ့သွားပြီး သူ့ရဲ့မျက်လုံးတွေက ပြူးကျယ်နေကာ သူ့ကို အထိတ်တလန့်နဲ့ ကြည့်လိုက်သည်။
“ဒါက အောင်မြင်သွားပြီလို့ ယူဆရတာလား?”ကျွမ်းရိယွင်က သူ့ကို လှည့်ကြည့်လိုက်သည်။ အရမ်းနီးကပ်တဲ့အကွာအဝေးမှာ အကြည့်ချင်းဆုံသွားကြပြီး ရန်ရန်ရဲ့ နည်းနည်းဖျော့တဲ့ မျက်လုံးတွေက မျက်တောင် ခတ်လိုက်သည်။
မလှုပ်ရှားနိုင်တဲ့ ဂါထာတစ်မျိုးမျိုး မိသွားသလိုမျိုး နှစ်ယောက်စလုံးရဲ့ လှုပ်ရှားမှုတွေ ရပ်တန့်သွားသည်။
“ဟုတ်တယ်….” နောက်တစ်ခဏမှာ ရန်ရန်ရဲ့ အသံထွက်လာသည်။
ကျွမ်းရိယွင်မှာ အသိပြန်ဝင်လာပြီး မတ်တမတ်ရပ်လိုက်သည်။ သူက မသက်မသာနဲ့ အကြည့်လွှဲလိုက်ပြီး ရန်ရန်မမြင်နိုင်တဲ့ နေရာကနေ လက်ချောင်းတွေကို ကွေးလိုက်သည်။
ကျွမ်းရိယွင်က အဝေးကို လျှောက်ထွက်သွားလိုက်သည်။ ဒီတစ်ခေါက်တော့ ဧည့်ခန်းထဲမှာတောင် မနေတော့ဘဲ သူ့အခန်းထဲ သွားလိုက်သည်။ ရန်ရန်က ပိတ်သွားတဲ့ တံခါးကို ကြည့်ပြီး သက်ပြင်းချလိုက်သည်။
ရန်ရန်က သူ့မှာ လိုအပ်တဲ့အခါ ထုတ်သုံးဖို့ ဝှက်ဖဲရှိတာကို သိပေမယ့် သူ့ရဲ့ အာရုံစူးစိုက်နိုင်စွမ်းက သိသိသာသာကို မလုံလောက်ပါချေ။ ဒီလူက သူ့ရင်ကိုတဆတ်ဆတ်တုန်သွားအောင် အနားကပ်ပြီး အရင်လုပ်ခဲ့တာ။ ဒီလိုစူးရှတဲ့အကြည့်တွေနဲ့ နီးကပ်တဲ့ အကွာအဝေးနဲ့ ပြတ်ပြတ်သားသားကို ရိုက်ခတ်ခံလိုက်ရသည်။
အသက်ပြင်းပြင်းရှူရင်း သူက မှတ်ချက်တွေကို ပြန်ဖွင့်လိုက်သည်။ chat ထဲမှာတော့….
[ဒီနှစ်ယောက် ဘာလုပ်နေကြတာလဲ? စကားနှစ်ခွန်းလောက်ဘဲ ပြောလိုက်ပေမယ့်…. နောက်တစ်နေ့ သူတို့ဆုံပြီးတဲ့နောက်မှာ နည်းနည်း ကသိကအောက် ဖြစ်နေကြသလိုပုံစံမျိုး ဘာလို့ ငါခံစားရနေရတာပါလိမ့်?]
[Anchor၊ တစ်ခုခုပြောပါဦး]
[ကောကောက မိုက်လိုက်တာ ဒါပေမယ့် သူဖြေရှင်းသွားတဲ့ ဂိမ်းအပေါ် ငါလုံးဝကို အာရုံမစိုက်မိဘူး]
သေစမ်း ဒါက ရှက်သွေးဖြာနေဖို့ မဖြစ်နိုင်ဘူး၊ သူက သေချာပေါက်ကို ရှက်သွေးဖြာမနေဘူး!
ဒါပေမယ့် သူ့စိတ်က မနာခံပေ။ ကျွမ်းရိယွင် ခုနလေးကတင် သူ့ကို အမြင့်တစ်နေရာကနေ ငုံ့ကြည့်နေတဲ့ပုံကို စိတ်ထဲမှာ ထပ်ခါတလဲလဲ ပြန်တွေးနေမိသည်။
သူကနည်းနည်း ထိတ်လန့်သွားပေမယ့် အရမ်းကို အာရုံစိုက်နေမိသည်။ ဒါက ကျွမ်းရိယွင်အနေနဲ့ သူ့ကို ရှင်းရှင်းလင်းလင်း မြင်ဖူးတာလားဆိုတာ သိချင်သွားသည်။