အပိုင်း ၁၇
Viewers 91

လက်ထပ်ဖို့ လိမ္မာရေးခြားရှိမှုကို အားကိုးပြီးနောက် ချစ်မိသွားတယ် 


အပိုင်း ၁၇




ဆန်လိုပျော့ပြောင်းနေတဲ့ Dr.ကျွမ်းရဲ့ မျက်နှာက အေးခဲသွားပြီး သူ့လက်ထဲက စပျစ်သီးဟာလည်း ချိုမြိန်မှုတွေ ချက်ချင်း ပျောက်ဆုံးသွားသည်။ သူက လက်ကို ရုတ်လိုက်ပြီး ထပ်မယူတော့ပေ။ 



သူက အစားအစာပျော့တွေတင် စားနေရတာမဟုတ်ဘဲ သူ့ထက် ခြောက်နှစ်ငယ်တဲ့ တက္ကသိုလ်ကျောင်းသားလေးက သူ့အတွက် ချက်ပြုတ်ပေး ဂရုစိုက်ပေးတာကို ခံနေရတာ.... ဒီတော့ ဘယ်သူကကြီးပြီး ဘယ်သူက ငယ်တာလဲ? 

 


“နောက်ဆို ကိုယ့်ကတ်ကိုဘဲ သုံးတော့” 

 


ရန်ရန်က နားမလည်တဲ့ အကြည့်နဲ့ သူ့ကိုကြည့်ကာ ပြောလိုက်သည်။ “ဒါပေမယ့် အိမ်မှာက ကျွန်တော်တစ်ယောက်ထဲ ရှိတော့ ကျွန်တော်စားဖို့အတွက်ဘဲ ဝယ်ထားတာလေ။ ဘာလို့ ကောကောရဲ့ ကတ်ကိုသုံးရမှာလဲ?” 

 


“ကိုယ့်ကတ်ကို သုံး” အစာပျော့မစားချင်တဲ့* ငြင်းဆန်မှုက ကျွမ်းရိယွင်ရဲ့ တစ်ကိုယ်လုံးမှာ ရေးထားသည်။ 

*အစားပျော့စားတယ်ဆိုတာက မိန်းမထဘီနား ကပ်စားတာလိုမျိုးပါ

 


ရန်ရန်က သူ့ရဲ့တိုက်ရိုက် ထုတ်လွှင့်မှုကနေ ဝင်ငွေရတဲ့အတွက် ဘယ်လောက်ကုန်ကျလဲဆိုတာကို သူ မစဉ်းစားလိုက်ပေ။ သူ့ကတ်ကိုသာ မသုံးရင် ပြစ်မှုကြူးလွန်မိတော့မလိုမျိုး သူ့ရဲ့ ခါးသက်တဲ့အမူအရာက နည်းနည်း မှားယွင်းနေသည်။ 

 


“ကောကောက ကျွန်တော့်ကို ထောက်ပံ့မလို့လား?” 

 


‘ဒုတ် ဒုတ် ဒုတ် ဒုတ်’ ဒါဘယ်သူ့ရဲ့ နှလုံးခုန်သံလဲဆိုတာ မသိပေ။ 

 


“ယောက်ျားတွေက အခြားသူရဲ့ ပိုက်ဆံကို မသုံးသင့်ဘူးလို့ မားက ပြောဖူးတယ်” ရန်ရန်က ဖြည်းဖြည်းနဲ့ ညင်ညင်သာသာပြောလိုက်ပြီး သူ့အမေကို ထည့်ပြောတဲ့အချိန်မှာ ပြုံးလိုက်သည်။ 

 


“ကိုယ်တို့က လက်ထပ် ပြီးသွားပြီ‌ဆိုတော့ အိမ်ထောင်ဖက်ကို ထောက်ပံ့ရမှာ သဘာဝပဲ” 

 


“ဒါပေမယ့် ကျွန်တို့နှစ်ယောက်စလုံးက ယောက်ျားလေးတွေလေ ဒီတော့ ကျွန်တော်လည်း ပေးသင့်တာပေါ့” 

 


“မင်းက ကျောင်းသားပဲ ရှိသေးတော့ သေချာပေါက်ကို ကိုယ်က ပေးရမယ့်လူပဲလေ။ ဒါ့ပြင် မင်းရဲ့ ဒီနှစ်ကုန်ကျစရိတ် အားလုံးအတွက် ကိုယ့်မှာတာဝန်ရှိတယ်လို့ ကိုယ်ပြောထားတယ်လေ အဲ့ဒါကြောင့် ကိုယ်မင်းကို ကတ်ပေးထားတာ” 


 

ကျွမ်းရိယွင်က နည်းနည်း စိတ်မရှည်တော့ဘူး။ သူ့ပိုက်ဆံတွေကို သုံးဖို့ တစ်ခြားသူကို ဘာလို့ တောင်းဆိုနေရတဲ့ပုံ ပေါက်နေတာလဲ? သူရုတ်တရက် အကြံရသွားပြီး သူ့ရဲ့ရှုထောင့်ကို ပြောင်းကာ ပြောလိုက်သည်။ 



“အခုကစပြီးတော့ အိမ်ကကုန်ကျစရိတ်တွေကို ကိုယ်တို့နှစ်ယောက် အတူခွဲပေးမှာဆိုတော့ ကိုယ်လည်း အိမ်မှာဘဲနေမယ်။ မင်းရဲ့ ဘွဲ့ကြိုစာတမ်းကိုဘဲ ပြင်ဆင်ပြီး အပြင်ထွက် အချိန်ပိုင်းအလုပ် မလုပ်နဲ့တော့။ ဒါပေါ့ ကုန်ကျစရိတ်ကတော့ ကာမိမှာပါ” 

 


ခေါင်းမာပြီး အလုပ်ကြိုးစားတဲ့ သနားစရာကောင်းတဲ့ တက္ကသိုလ်ကျောင်းလေး ဇာတ်ကောင်ကို ရန်ရန်မဆိုင်းမတွ လက်ခံလိုက်သည်။ အရေးကြီးဆုံးက ကျွမ်းရိယွင်နဲ့ အတူ နေဖို့ စိတ်ကူးကို အကောင်အထည်ဖော်ရန်ဖြစ်သည်။ 



အဲ့ဒါကြောင့် နောက်တစ်ခါ သူ “ညဘက်အပြင်မှာနေရင်” လူကို ပြန်ခေါ်ဖို့ တရားဝင် အကြောင်းပြချက် ရသွားပြီ။ 

 


ရန်ရန်က နာနာခံခံနဲ့ သဘောတူလိုက်ပြီး ဒီခရစ်စမတ်တွင် ဘုရားသခင်က သူ့ဘေးမှာ ရှိနေသည်ဟု ခံစားလိုက်ရသည်။ နောက်ဆုံးတော့ သူနားလည်သွားပြီ။



 ကျွမ်းရိယွင်က ကြည့်ရတာ အေးစက်ပေမယ့် တခြားလူတစ်ယောက်ရဲ့ ယောက်ျားနဲ့ မိန်းမကြားက ကိစ္စလို ရည်ရွယ်ချက်မရှိသလို အချစ်လည်းမပါတဲ့ ဒီဂရုစိုက်မှုကို မငြင်းပယ်နိုင်ပေ။ 


 

သူ့မျက်နှာပေါ်က တည်ငြိမ်တဲ့ အမူအရာနဲ့  စိမ်းစိုနေတဲ့ စပျစ်သီးကို ယူလိုက်ပြီး ကျွမ်းရိယွင်ကို ပေးလိုက်သည်။ ဒီတစ်ခေါက်တော့ ကျွမ်းရိယွင်က ထပ်ပြီး အောက်မချလိုက်တော့ဘဲ သူ့ရဲ့ ကြည်လင်တဲ့ကျောက်စိမ်းလို ရှည်သွယ်တဲ့ လက်ချောင်းတွေနဲ့ ညှပ်ယူလိုက်သည်။  

 


ရန်ရန်ရဲ့ အကြည့်တွေက နက်ရှိုင်းသွားပြီး သူ့ရဲ့ နှစ်ဆယ့်တစ်နှစ်အရွယ် အပျိုစင်စွမ်းအင်တွေက တောက်လောင်နေသလို ခံစားလိုက်ရသည်။ 



သူ့စိတ်ထဲမှာ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ ပုံရိပ်တွေနဲ့ ပြည့်နေပြီး သူ့ရဲ့ လက်ချောင်းထိပ်လေးကို ကိုက်လိုက်ရင် ဒီလူက ပေါက်ကွဲထွက်သွားပြီး သူ့ကို တွန်းထုတ်လိုက်မလားဆိုတာ သိချင်သွားသည်။ 

 


သူက မျက်လုံးတွေကို မှေးလိုက်ပြီး အခုထိမပေါ်လာသေးတဲ့ စိတ်ခံစားချက် အားလုံးကို ဖုံးလိုက်သည်။ 

 


“ကောကောက အခုထိ နေမကောင်းသေးဘူးလေ။ ဒီည ကောကော အခန်းထဲမှာဘဲ အိပ်လိုက်တော့ ကျွန်တော် ဆိုဖာပေါ်မှာ အိပ်လိုက်မယ်” 

 


ဒါကို ကြားလိုက်ရတော့ ကျွမ်းရိယွင်ရဲ့ နှလုံးက ထပ်ခုန်သွားပြန်သည်။ အခုလေးတင် အလကားလူဆိုတဲ့ ပြဿနာကို ရှင်းလို့ပြီးတာကို အခုတစ်ခါထပ်ပြီး တက္ကသိုလ်ကျောင်းသားလေးကို သူ့ကိုပြုစုခိုင်းပြီး လိုက်‌လျောညီထွေဖြစ်အောင် လုပ်ချင်နေသေးတာလား?  

 


“ကိုယ် ဆိုဖာပေါ်မှာပဲ ဆက်အိပ်လိုက်မယ်” 

 


“ဒါဆို ညကျရင် အအေးထပ်မိပြီး အခြေအနေပိုဆိုးလာရင် ဘယ်လိုလုပ်မလဲ? မနက်ဖြန် ကျွန်တော် ကျောင်းသွားရမှာ ကောကောကို ဂရုစိုက်ပေးနိုင်မှာ မဟုတ်ဘူး” 

 


“ဖြစ်မှာ မဟုတ်ဘူး” 

 


ရန်ရန်သူ့ကို ကြည့်လိုက်ပြီး စကားပြောတာ ရပ်လိုက်ကာ သူ့မျက်လုံးကတော့ စိုးရိမ်မှုတွေနဲ့ ပြည့်နှက်နေသည်။ နှစ်ယောက်သား အကြည့်ချင်းဆုံသွားပြီး နောက်တစ်ခဏမှာ ကျွမ်းရိယွင် အရှုံးပေးလိုက်သည်။ 



 သူဝန်လေးနေသော်လည်း စိတ်တော့ မတိုမိပါချေ။ သူ့အရှေ့ကို နောက်ထပ် ခြေလှမ်းနည်းနည်းတိုးလာပြီလို့ ရန်ရန် ခံစားလိုက်ရသည်။



“ဒီည ကျွန်တော် ကောကောရဲ့ ကွန်ပျူတာကို သုံးလို့ရမလား?” 

 


ရန်ရန်က မေးလို့ပြီးတော့ ကျွမ်းရိယွင်ရဲ့ စားပွဲမှာ ထိုင်လိုက်သည်။ ရန်ရန်က သူ့ရဲ့ မိုက်ခရိုဖုန်းကို ပလပ်ထိုးနေတုန်း ကျွမ်းရိယွင်က login ဝင်ဖို့ password ပေးလိုက်သည်။ 


 

ကျွမ်းရိယွင်မှာ နည်းနည်း သိချင်နေပေမယ့် သူ မမေးလိုက်ပေ။ 

 


ရန်ရန်က အရင်ပြောလိုက်သည်။ “ကောကော ကျွန်တော်  ဆော့ဖ်ဝဲလ်တစ်ခု ထည့်လို့ရမလား? တိုက်ရိုက် ထုတ်လွှင့်တာ လုပ်ချင်လို့” 

 


“ရတယ်” 

 


သူ့တွင် တိုက်ရိုက်ထုတ်လွှင့်မှုများနှင့် ထိတွေ့မှုမရှိ သော်လည်း ယနေ့ခေတ် ကောလိပ်ကျောင်းသားအများစုက ဒါကို အပျော်သဘော ပြုလုပ်ကြတာတော့ သူသိသည်။ 



ကျွမ်းရိယွင်ရဲ့ လောဂျစ်အရ ရန်ရန်မှာ ဘွဲ့ရတော့မည်ဖြစ်တာကြောင့် ဆက်ပြီး စာလေ့လာတာဖြစ်ဖြစ်၊ အလုပ်အကိုင်ဖြစ်ဖြစ် ဘွဲ့ရဖို့ဘဲဖြစ်ဖြစ် လုပ်စရာတွေ အများကြီး ရှိတဲ့အတွက် ဒီအရာတွေလုပ်တာက အချိန် ဖြုန်းသလိုပင်။ 



သို့ပေမယ့် ဒီအရာက ရန်ရန်ရဲ့ ကိုယ်ပိုင် စီးပွါးရေး၊ သူ့ရဲ့ လွတ်လပ်ခွင့် ဖြစ်တဲ့အတွက် သူဝင်ရေုာက် စွက်ဖက်ပိုင်ခွင့်မရှိပေ။ အဲ့ဒါကြောင့် ကျွမ်းရိယွင်က ဘာမှ မပြော‌တော့ဘဲ နည်းနည်းပိုပြီး သိချင်လာသည်။ 

 


7 နာရီထိုးထိုးချင်း ရန်ရန်က တိုက်ရိုက်လွှင့်တာကို စလိုက်ပြီး ကျွမ်းရိယွင်ကလည်း ဧည့်ခန်းထဲမှာ ပညာရေးဂျာနယ်တွေကို လှည်လျောကြည့်နေရင်း တစ်ဝက်က နားစွင့်ထားသည်။ 



သူ့ရဲ့စာကြည့်ခန်းက အဖွင့်ပုံစံဖြစ်သည်။ စာကြည့်တဲ့နေရာရယ်၊ ဧည့်ခန်းနဲ့ ထောင့်စွန်းချိုးလိုက်ရင် မီးဖိုချောင် ဖြစ်တဲ့အတွက် ဧည့်ခန်းကနေ အရာအားလုံးကို ရှင်းရှင်းလင်းလင်း မြင်နိုင်သည်။ 

 


“ဒီနေ့တော့ ကစားရင်း စကားပြောကြတာပေါ့” ရန်ရန် ထုတ်လွှင့်မှု လုပ်လုပ်ချင်း သူက ပေါ့ပေါ့ပါးပါးနဲ့ ရန်သူကို တရစပ်ပစ်လိုက်ကာ “စကားမပြောချင်ရင် ငါထွက်တော့မယ်” 

 


ရန်ရန် စဉ်းစားလိုက်သည် - မျှော်လင့်ထားငလိုဘဲ ဒါက အပျော်သက်သက်ဘဲလေ ဒါပေမယ့် အပြင်အဆင် မပါဘဲ ဘယ်သူက ဘယ်လိုကြည့်နိုင်မှာလဲ? 

 


အမှန်တော့၊ မင်းမှာ သေချာတဲ့ ဖန်အရေအတွက်မရှိရင် ဘယ်သူက မင်းစကားပြောတာကို ကြည့်မှာလဲ? ဘယ်လိုလုပ် ဝေဖန်တဲ့ မှတ်ချက်တွေ ရှိနိုင်မှာလဲ? ယုံကြည်မှုရှိတဲ့ သူတွေသာ ပေါ့ပေါ့ပါးပါး စကားပြောနိုင်ကြတာ။ 


 

“ဂိမ်း ကစားကြတာပေါ့၊ ဒီကွန်ပျူတာမှာ ဘာဂိမ်းမှ ထည့်ထားတာမရှိဘူး။ ဝက်ဘ်ဆိုဒ်မှာဘဲ ကစားလို့ရတယ်။ ဘာကို recommend ပေးချင်လဲ?” 

 


“ဘာလို့ ဘာဂိမ်းမှမရှိတာလဲ? ဘာလို့လဲဆိုတော့ ဒါက ငါ့ကွန်ပျူတာ မဟုတ်လို့လေ” 


 

“ဘယ်သူ့ဟာလဲ?” 


 

ကျွမ်းရိယွင်ရဲ့ နားရွက်တွေက လုံးဝ မထိန်းချုပ်နိုင်တော့ဘဲ စာဖတ်တာကို အာရုံမစိုက်နိုင်တော့ချေ။ 

 


ရန်ရန်ရဲ့ ရယ်သံက သူ့နားရွက်ကို နူးညံ့တဲ့ ငှက်မွှေးတွေနဲ့ ပွတ်သပ်နေသလိုမျိုး နူးညံ့လှကာ “ငါ့ရဲ့ကောကောဟာလေ။ ဘယ်လို ကောကောလဲ? ဟုတ်တယ်၊ ငါ့သွေးရင်း အစ်ကိုမဟုတ်ဘူး” 

 


ဘမ်းခနဲ ကျွမ်းရိယွင်ရဲ့ နားရွက်ဖျားတွေက နီရဲလာသည်။ အဲ့ဒီအခါမှ ရန်ရန်ရဲ့အသံက ပုံမှန်နဲ့ မတူမှန်း သူသိသွားသည်။ သူ့လေသံက ပိုပြီးတော့တောင် မတူနေပေ။ 



ဒါက သိပ်ကြည်ကြည်လင်လင် မဟုတ်ပေမယ့် ရင့်ကျက်တဲ့ အမျိုးသားတစ်ယောက်ရဲ့ ဆွဲဆောင်မှုရှိပြီး စွဲငင်နိုင်တဲ့ အသံပင်။  

 


ကျွမ်းရိယွင်က ကျောက နည်းနည်း လှုပ်သွားတာကို မြင်တော့ ရန်ရန့်မျက်နှာပေါ်က အပြုံးက ပိုကြီးလာသည်။ 

 


တိုက်ရိုက်လွှင့်တဲ့ အခန်းထဲမှာတော့ မကောင်းတဲ့ မှတ်ချက်တွေလည်း လှုပ်ရှားနေကြပြီး ရန်ရန်ရဲ့ အကြည့်က အဲ့ဒီထဲက တစ်ခုဆီ ရောက်သွားသည်။ 

 


[အစ်ကိုရန်က တကယ်တော့ shou တစ်ယောက်ဘဲ!”  

 


နောက်တစ်စက္ကန့်မှာ အခန်းကို ထိန်းချုပ်တဲ့လူက ဒီလူကို ပိတ်လိုက်သည်။ နောက်တော့ အဲ့ဒီလူက အကောင့် ပြောင်းလိုက်ကာ [ငါ့ကို ပိတ်ရင်တောင် ငါပြောမှာဘဲ ဒီ Aအဆင့် အစ်ကိုရန်က တကယ်တော့ shouဘဲ၊ ငိုတော့!] 

 


“ငါ့ကို လာမကျိန်ဆဲရင် ငါလည်း မပိတ်ဘူး။ ထိန်းချုပ်ဖို့ မကြိုးစားနဲ့” 

 


ဒီတစ်ခေါက်တော့ ဒီမကောင်းတဲ့မှတ်ချက်ရေးတဲ့သူမှာ တကယ်ရိုင်းသည်။ 

 


[ဘာဖြစ်သွားတာလဲ? အစ်ကိုရန်က come out လိုက်တာလား?] 


 

[အစ်ကိုရန်က လိင်တူသဘောကျတဲ့လူလို့ ဘယ်တုန်းကမှ မပြောဖူးဘူး ဟုတ်တယ်မဟုတ်လား?] 

 


[အရမ်းထကြွကြတာဘဲ၊ 237818 တိုက်ရိုက်ထုတ်လွှင့်ခန်းက အလွတ်လပ်ဆုံးဘဲဆိုတာ အားလုံး သိကြတာဘဲ၊ ဒီလောက်ဘဲ] 

 


[ အစ်ကိုရန်က ထိုးနှက်နေတာလား?] 

 


[ဒါဘဲလေ ငါတို့အစ်ကိုရန်က အသက်ငယ်ရင်တောင် သူ့ရဲ့အခန်းကဏ္ဍက ခိုင်မာတယ်ဆိုတာ လူတိုင်းသိမယ်လို့ ငါထင်တယ်!] 


 

ရန်ရန်က သူ့ကိုမကောင်းပြောတဲ့သူတွေကို ရယ်ပြီး ပြောလိုက်သည်။ “ဘာဂိမ်းကစားကြမလဲ အကြံပေးချင်တာ မရှိဘူးလား?” 


 

“Life restart simulatorလား?” 


 

သူအရင်က ဒါကို မကစားဖူးပေမယ့် စိတ်ဝင်စားဖို့တော့ ကောင်းမယ့်ပုံဘဲ။ အင်တာနက် အသုံးပြုသူတစ်ယောက်က သူ့ဆီ ဝက်ဘ်ဆိုက် လိပ်စာပို့ပေးလိုက်တော့ ရန်ရန်က မနှောင်းနှေးဘဲ အမြန်နှိပ်လိုက်သည်။ 

 


“ဒီလိုအမှိုက်ကျတဲ့ဘဝမှာ တစ်စက္ကန့်လေးတောင် မနေနိုင်ဘူး…..” သူက ဂိမ်းမျက်နှာပြင်က အဖွင့်စာကြောင်းကို အကျယ်ကြီးဖတ်လိုက်တော့ ကျွမ်းရိယွင်ကို အလန့်တကြားနဲ့ လှည့်ကြည့်မိစေသည်။



သူ့အကြည့်ကို တွေ့တော့ ရန်ရန်က အသံတိုးလိုက်သည်။  “ငါ့ဘဝက အဆင်ပြေနေ‌ပြီ ငါအစကနေ ပြန်မစချင်ဘူး၊ ဟုတ်ပြီလား? မေ့လိုက်တော့၊ ဒီနေ့တော့ငါ့ဖန်တွေနဲ့အတူ ပျော်ကြမယ်” 

 


 [Restart Now] ခလုတ်ကို နှိပ်ပြီး၊ Classic Mode ကို ရွေးကာ စွမ်းရည်ရွေးခြင်း စာမျက်နှာထဲ ဝင်လိုက်သည်။ 


 

“ဆယ်ခုထဲက သုံးခုကိုရွေးမယ်။ ဘယ်တစ်ခုက စိတ်ဝင်စားဖို့ကောင်းလဲ ကြည့်ရအောင်။ Head-first Dive (ထောက်လှမ်းရေး - 2) ငါမရူးနိုင်ဘူး။ တစ်သက်မှာတစ်ခါ (အရမ်းရန်လိုသည်) ဒါကို သဘောတူမယ်ထင်လား? Albino (အပစ်ခံရမည်မဟုတ်)  ငါ့အသက်ကို ကယ်တင်ဖို့ကအရေးကြီးတယ် ဒါကြောင့် ဒါကို ရွေးကြည့်ရအောင်။ မက်မွန်ပွင့်များ (ချစ်မိသွားစေမည့် အခွင့်အလမ်းတိုးစေသည်) ဒါကိုရွေးမယ်ဆိုရင်တော့ ဂိမ်းကစားတဲ့အခါ တစ်ကိုယ်ထဲ မဖြစ်တော့ဘူး”  

 


“အစ်ကိုရန်က အခု single လား?” ရန်ရန်က မေးခွန်းကိုဖတ်ပြီး “ဟုတ်တယ်” လို့မဖြေခင် ရည်ရွယ်ချက်ရှိရှိ ခဏလောက်ရပ်လိုက်သည်။ 

 


ကျွမ်းရိယွင်မှာ မတတ်နိုင်ဘဲ မေးစေ့ကို ထိလိုက်ကာ၊ သူဘာကိုဆိုလိုတာလဲ? ဟန်ဆောင်လက်ထပ်ဖို့ သူ သဘောတူထားတာမဟုတ်ဘူးလား? ဆိုတော့ ဒါက အွန်လိုင်းပေါ်မှာ ပေါ့ပေါ့ပါးပါး စကားပြောနေတာလား ဒါမှမဟုတ် သူ့မှာရည်းစားရှိနေတာ တကယ်လား? 

 


“မင်းတို့တွေ ဒီနေ့ စကားအရမ်းများကြတာဘဲ၊ One Hundred Thousand Waysရဲ့ အပြင် ဗားရှင်းလိုဘဲ” 

 


[ပုံမှန်အချိန်တွေမှာရော မေးဖို့ အခွင့်အရေးရှိလို့လား? မင်းလူတွေကို အော်နေတာဘဲ!] 

 

 

[နည်းနည်း သတိထားကြည့်ရင်ရော? မင်းမှာ ပါတနာရှိတယ်ဆိုတာ လက်မခံဘူး]