အပိုင်း ၁၅
Viewers 79

လက်ထပ်ဖို့ လိမ္မာရေးခြားရှိမှုကို အားကိုးပြီးနောက် ချစ်မိသွားတယ် 


အပိုင်း ၁၅







 သူခေါင်းကို လှည့်လိုက်တော့ သူ့နားက ကော်ဖီစားပွဲပေါ်က အဖျားပျောက်ဆေး၊ အရက်ပြန်စတာ‌တွေအပြင် ခွက်အလွတ်တစ်လုံး ဆီ အကြည့်ရောက်သွားသည်။ 

 


ချင်း(ဂျင်း) ပြုတ်ရည်၊ ရန်ရန်သူ့ကို ချင်း(ဂျင်း)ပြုတ်ရည် တိုက်ခဲ့တာဘဲ။ သူလုပ်ထားတဲ့ ချင်း(ဂျင်း) ပြုတ်ရည်က သကြားနည်းနည်းနဲ့ တကယ်စပ်တာဘဲ။ ဒါက သူအရင်တုန်းက သောက်ခဲ့ဖူးတာထက်ပိုစပ်သေးတယ်။



 အဲ့ဒါက သူ့လည်ချောင်းထဲ ဆင်းသွားတဲ့အခါ လည်ချောင်းခြောက်တာလား အစပ်‌ကြောင့်လား သူ မသိသလို ပိုပြီးနာကျင်ပေမယ့် သူ့အပူချိန်တော့ ကျသွားသည်။ 


 

ကျွမ်းရိယွင်က မှီထိုင်ဖို့လုပ်နေတုန်း ကလစ်ဆိုတဲ့ အသံတိုးတိုးနဲ့အတူ  မာစတာအိပ်ခန်းတံခါးက ပွင့်လာသည်။ ဘာကြောင့်မှန်း သူ မသိပေမယ့် မသိစိတ်အလျောက် မျက်လုံးတွေကို ပိတ်လိုက်ပြီး ပြန်လှဲလိုက်သည်။



ရန်ရန်ရဲ့ ခြေသံက တဖြည်းဖြည်း နီးကပ်လာကာ နောက်ဆုံး ဆိုဖာနားမှာ ရပ်သွားသည်။ နောက်တော့ သူ့နဖူးပေါ် လက်တစ်ဖက်ရောက်လာကာ ခဏလောက် စမ်းကြည့်လိုက်ပြီး ရန်ရန်က သူ့ခေါင်းထိပ်ကနေ တိုးတိုးလေးပြောလာသည်။



 “ခင်ဗျား အဖျားပြန်မတက်လာသရွေ့ ကျွန်တော့်အိပ်ရေးဝအောင်အိပ်ဖို့ ခက်တယ်” 

 


သူကသမ်းလိုက်ပြီး မီးဖိုချောင်ဆီ လျှောက်သွားလိုက်သည်။ ခဏ နေတော့ ရေဖွင့်ကာ၊ ဆန်ဆေးပြီး အသီးအရွက်‌တွေ လှီးနေတဲ့အသံကို ကြားလိုက်ရသည်။ ခဏနေတော့ ပြင်းထန်တဲ့ ဆန်ပြုတ်ရနံ့က တိုက်ခန်းတစ်ခုလုံး ပြည့်လျှံသွားသည်။ 

 


ကျွမ်းရိယွင်မှာ မိန်းမောသွားပြီး သူ့ရင်ဘက်ထဲမှာ နည်းနည်း ပူနွေးသလို ခံစားလိုက်ရသည်။ ရုတ်တရက် သူတစ်ခုခုကို သတိရသွားပြီး ကော်ဖီစားပွဲပေါ်က ခရစ်စမတ်ပုံပန်းသီးတွေ မရှိတော့ဘူးဆိုတာကို အတည်ပြုဖို့ချက်ချင်း မျက်လုံးဖွင့်လိုက်သည်။ 

 


ရန်ရန်က ပစ်လိုက်ပြီ…. သူကဒါကို ရည်ရွယ်ချက်ရှိရှိ လုပ်ခဲ့တာဖြစ်သည်။ သူ ပြန်မလာတဲ့အတွက် ဒါက အသုံးမဝင်လို့ သူက ပစ်လိုက်တာလား? 



လုံးဝအဓိပ္ပါယ်မရှိပေမယ့်လည်း နည်းနည်း စိတ်မသက်မသာသလို ခံစားလိုက်ရသည်။ သူက ဒါကို ပစ်လိုက်ရင်တောင်မှ ဒါက လုံးဝကို လုပ်သင့်တဲ့အရာဆိုပေမယ့် ဒီဆုံးဖြတ်ချက်ကို အကောင်အထည်ဖော်ဖို့ သူလုံးဝ မလိုလားပါချေ။ 


 

ဒါကို သဘောပေါက်သွားရင်း  ကျွမ်းရိယွင်က မသက်မသာနဲ့ ချောင်းဆိုးလိုက်သည်။ ချောင်းဆိုးတာကို မထိန်းလိုက်နိုင်ပေ။ ရန်ရန်က မီးဖိုချောင်ကနေ လှည့်လာပြီး စစ်ဆေးဖို့ အမြန်ရောက်လာသည်။ 

 


“ရေနွေးနည်းနည်း သောက်လိုက်ဦး” သူက ရေထည့်ပေးပြီး သူ့ကိုတိုက်ဖို့ ယူလာပေးသည်။ 


 

ရန်ရန်က ရေတိုက်ဖို့ သူ့ကို သူ့နှုတ်ခမ်းနားထိ ယူလာသည်။ အခုတော့ သူနိုးလာပြီဖြစ်တဲ့အတွက် ရန်ရန်က သူ့ကိုထိုင်ဖို့ ထူပေးလိုက်ပြီး ရေခွက်ပေးလိုက်ကာ သူ့ဘာသာသူ ပေးသောက်လိုက်သည်။ 

 


အဖျားကြောင့် သူ့အတွေးတွေက နှေးကွေးနေပေမယ့် အခုတော့ ကျွမ်းရိယွင်မှာ သူ့အတွက် အကြောင်းပြချက်ရှာတွေ့သွားသည်။ အမှန်တော့ မနေ့က သူဖိတ်လို့ ငြင်းလိုက်တဲ့ကိစ္စကို ရန်ရန်က မေ့တောင် မေ့သွားပြီဖြစ်သည်။



 ဒါက ကျွမ်းရိယွင်အတွက် မတူကွဲပြားစွာ ဆက်ဆံခံလိုက်ရခြင်းကြောင့်ဖြစ်သည်။ လူတွေက ဖျားနာတဲ့အခါ ပိုပြီး ထိလွယ်ရှလွယ်ပြီး ဘယ်သူမှ ဒါကို ရှောင်လွှဲလို့ မရပေ။ 

 


“သောက်ဦးမလား?” 


 

“ဟင့်အင်း” 

 


အိုး၊ ဒီဩရှနေတဲ့အသံက အကြမ်းဆုံး သဲစက္ကူနဲ့ နားစည်ကို ပွတ်တိုက်ပြီး မီးပွား‌တွေကို နေရာတိုင်း ပြန့်ကျဲသွား‌စေသလိုပင်။ ရန်ရန်က သူ့အသံနဲ့ ပိုကောင်းလာတဲ့ သူ့ရဲ့သဘောထားကြောင့် ကျေနပ်သွားသည်။ 

 


“ဘယ်တုန်းက နိုးလာတာလဲ ကုတင်ပေါ်သွားပြီး အိပ်လိုက်လေ။ ဆိုဖာက ကျဉ်းလွန်းတယ်” 

 


ကျွမ်းရိယွင်က ပြန်မဖြေလိုက်ပေ။ ရန်ရန်က အိပ်ယာအတူတူမျှပြီး သုံးတာအပေါ် သူ့ရဲ့ သဘောထားကို သတိရသွားပြီး အမြန် ထပ်ပြောလိုက်သည်။



 “စိတ်မပူပါနဲ့ ကျွန်တော် ခင်ဗျားကို မနှောင့်ယှက်ပါဘူး။ ခင်ဗျား နေကောင်းတဲ့အထိ ကျွန်တော် ဆိုဖာပေါ်မှာ အိပ်ပါမယ်” 

 


သူ့ကို ကျွမ်းကောကောလို့လည်း မခေါ်တော့ဘူး…. ပြီးတော့ သူ့လေသံကလည်း ပိုပြီး အေးစက်နေတယ်။ ပြုစုဂရုစိုက်ခံရပြီစနောက် အခုတင် ပြန်လည်ကောင်းလာတဲ့ ကျွမ်းရိယွင်မှာ ရုတ်တရက် စိတ်ဓာတ်ပြန်ကျသွားသည်။ 



သူက တွန့်ဆုတ်ဆုတ်နဲ့ ထလိုက်သည်။ အိမ်ထဲမှာ လေနွေးစက်ဖွင့်ထားတာကြောင့် အရမ်းနွေးနေပေမယ့် သူကတော့ အေးတယ်လို့ ခံစားရတုန်းပင်။ သူ့နှလုံးသားက အေးစက်နေတာကြောင့် ဖြစ်လိမ့်မည် 

 

 

ဒါက အလုံးစုံတော့ မမှန်ဘူး။ သူက အိမ်နေဝတ် အဝတ်အစားတွေ ဝတ်ထားပြီး စောင်ထဲက ထွက်လာတော့ နည်းနည်းအေးတာက ပုံမှန်ပါဘဲ၊ အိမ်နေဝတ်တဲ့ အဝတ်အစား? 


 

“မင်း ကိုယ့်အဝတ်အစား‌တွေကို လဲပေးထားတာလား?” ကျွမ်းရိယွင်က အံ့ဩတကြီးနဲ့ ကြည့်လိုက်သည်။ 

 


“ဟုတ်တယ်၊ မနေ့က ခင်ဗျားချွေးတွေ အများကြီး ထွက်ထားလို့။ ပြီးတော့ အင်္ကျီဝတ်တုန်းမှာလည်း စောင်ကို ကန်နေတာ အဲ့ဒါကြောင့် ခင်ဗျားကို လဲထားပေးတာ။ အရင်တစ်ခေါက်က သီအိုရီတွေကိုပြန် ထုတ်လာဦးမှာတော့ မဟုတ်ဘူးမလား? ကျွန်တော်က လိင်တူသဘောကျတဲ့သူလို့ ပြောခဲ့တယ်။ ကျွန်တော်က ယောက်ျားလေးတွေကိုဘဲ ခံစားချက်ရှိပေမယ့် သူတို့ကိုတော့ အခွင့်ကောင်းမယူပါဘူး” 

 


“မဟုတ်ပါဘူး၊ မင်းကိုယ့်ကို ဂရုစိုက်ပေးတဲ့အတွက် ကိုယ်က ကျေးဇူးတင်ချင်လို့ပါ” 

 


“ခင်ဗျား…..” ရန်ရန်ရဲ့ လေသံက သူ့ရဲ့ ကျေးဇူးတင်စကားကြောင့် တိမ်မြုပ်သွားသည်။ အဲ့ဒီအစား သူ့မှာ နည်းနည်း စပ်ဖျင်းဖျင်းဖြစ်နေတဲ့ မကောင်းတဲ့ နှလုံးသားရှိနေတာ ထင်တယ်။ 


 

သူက မှားတာကို ဝန်ခံဖို့ ငြင်းပယ်ပြီး ပြင်းထန်တဲ့အကြည့်နဲ့ ထပ်ပြောလာသည်။ “ဟုတ်တယ်၊ ခင်ဗျားက အရမ်းလေးတာ!” 

 


အိပ်ခန်းက ခြေလှမ်းအနည်းငယ်သာဝေးပြီး သူတို့နှစ်ယောက်က အိပ်ခန်းတံခါးဆီ ရောက်လာသည်။ သူတို့အထဲကို ခြေလှမ်းလိုက်လိုက်ချင်း ရုတ်တရက် တင်းကြပ်တဲ့ လေထုအဖြစ် ပြောင်းလဲသွားသည်။ 



ရန်ရန်က သူ့ကို တစ်ညလုံး ပြုစုထားပေးတဲ့အတွက် သူ့ရဲ့ ခုခံကာကွယ်နေတာတွေကို မသိစိတ်ကနေ လွှတ်ထားလိုက်သည်။ သူတို့က တစ်လှမ်း‌လောက်သာ ကွာတော့တာကိုသူ သတိမထားမိလိုက်ချေ။



 သူတို့ ပိုနီးကပ်လာသည်နှင့်အမျှ သူတို့နှစ်ယောက်က ကုတင်အကြီးကြီးကို မျက်နှာချင်းဆိုင်ရင်း အိပ်ခန်းထဲမှာ ရပ်နေကြကာ သူတို့ကြားတွင် အားလျော့ တင်းမာမှုတစ်ခုရှိနေသလိုမျိုး တဖြည်းဖြည်း တင်းကျပ်လာသည်။ 


 

“အခုလောလောဆယ်တော့ အိပ်လိုက်ဦး၊ ခဏနေကျရင် ဆန်ပြုတ် အဆင်သင့်ဖြစ်ပြီ” စက္ကန့်နည်းနည်းလောက် တိတ်ဆိတ်သွားပြီးနောက်မှာ ရန်ရန်က ထွက်သွားလိုက်သည်။  

 

 

ထွက်လာတော့ ရန်ရန်တကယ်ကို စိတ်လှုပ်ရှားနေသည်! သူဖျားနေတော့ သူ့အသံက ဩရှနေတာ၊ အိမ်နေအဝတ်အစားတွေနဲ့တောင် ကြည့်ကောင်းနေတာ၊ သူ့အသက်ရှူသံတွေက ပိုပြင်းပြီး သူပြုံးလိုက်တဲ့အချိန် ပိုပြီးတော့ တောင် ကြည့်လို့ကောင်းသေးတယ်! နင် ဘာလို့ စိတ်လှုပ်ရှားနေရတာလဲ?! 

 


ရန်ရန်က သူ့ရင်ထဲမှာ တိတ်တဆိတ် သူ့ကိုယ်သူ ဝေဖန်လိုက်ပြီး သူ့ရဲ့ ဆန်ပြုတ်ချက်နေတဲ့ လှုပ်ရှားမှုတွေကလည်း ပိုပိုပြီး စက်ရုပ်ဆန်လာသည်။ သူ တွေးနေတာတွေအားလုံးကတော့ ကျွမ်းရိယွင်နဲ့ပဲ ပြည့်‌နေသည်။



 သူပြုံးလိုက်တယ်၊ သူ့အပြုံးက အရမ်း…. တောက်ပနေတာ။ သေစမ်း၊ ရေခဲတောင်ကြီးက တကယ်တော့ ဒီလိုမျိုး ပြုံးတာပဲ။ သူထွက်ပြေးလာတာကို အပြစ်မတင်နဲ့ သူသာ ထွက်မပြေးလာရင် သူ့အပေါ်ကို ခုန်အုပ်မိတော့မှာ။ သူက အရမ်းချောတာပဲ!  မျက်ခုံးရဲ့ အကွေ့အကောက်တိုင်း၊ မျက်လုံး၊ နှုတ်ခမ်းနဲ့ နှာတံတွေက ဖြောင့်စင်းနေတာ! 

 


အစက ရန်ရန်မှာ ကျွမ်းရိယွင်ကို လှဲခိုင်းထားပြီး အခန်းထဲ ဆန်ပြုတ်ယူလာပေးဖို့ ရည်ရွယ်ထားပေမယ့် အဖျားသက်သာသွားတဲ့သူကတော့ ဒီလိုမတွေးထားတဲ့အတွက် သူ့အဝတ်အစားတွေကို ချွတ်လိုက်ပြီး ရေချိုးဖို့ ထွက်လာသည်။ 



အဲ့ဒါနဲ့ဘဲ နှစ်ယောက်သားက ထမင်းစားစားပွဲမှာ အရန်ဟင်းတချို့၊ ဆန်ပြုတ်တစ်ပန်းကန်စီနဲ့ ထိုင်လိုက်ကြသည်။ ရန်ရန်က အေးခဲထားတဲ့ပေါက်စီကို နွှေးထားပြီးမနက်စာနဲ့ နေ့လည်စာကို စားလိုက်ကြသည်။ 

 


ကျွမ်းရိယွင်က အရင်ကလို ပင်ပန်းနေတဲ့ပုံ မပေါက်တော့ဘဲ သူ့အမူအရာနဲ့ လှုပ်ရှားမှုတွေက ပိုရှင်းလင်းလာပေမယ့် အဖျားမှ သက်သာလာမှုကြောင့် အားနည်းပြီး တည်ငြိမ်နေကာ မဖော်ပြနိုင်တဲ့ နူးညံ့မှုတွေနဲ့ အရည်ပျော်ကျခါနီး ရေခဲနဲ့ နှင်းလိုပင်။



 ရန်ရန်က လက်ချောင်းလေးတစ်ချောင်းနဲ့ သူ့ပါးချိုင့်ကို ထိုးလိုက်သလိုခံစားရသည်။ သူ့အတွေးတွေနဲ့ ပျော်မြူးနေရင်း စိတ်အေးလက်အေးနဲ့ ဆန်ပြုတ်သောက်လိုက်သည်။  

 


အရင်တုန်းကတော့ ရန်ရန် ဘာမှမပြောရင် ကျွမ်းရိယွင်လည်း ဘာမှမပြောတတ်ပေ။ ဒါပေမယ့် အခုတော့ ကျွမ်းရိယွင်က အပြစ်ရှိသလို ခံစားလိုက်ရသည်။ ရန်ရန်ပြုံးနေတာကိုမြင်တော့ သူမေးလိုက်သည်။ “ဘာကိုပြုံးနေတာလဲ?” 

 


“ပြုံးနေတာ…. ဘာမှမဟုတ်ပါဘူး။ ကျွန်တော် နည်းနည်းပျော်နေလို့” ရန်ရန်က ခေါင်းမော့လိုက်ပြီးသူ့ကို တစ်ချက်ကြည့်လိုက်ကာ နောက်တော့ ပေါက်စီကိုစားဖို့ ခေါင်းပြန်ငုံ့လိုက်သည်။   

 


သူတို့အကြည့်ချင်းဆုံသွားတော့ ကျွမ်းရိယွင် စိတ်ထဲမှာ အတွေးတစ်ခုပေါ်လာသည် - သူပြန်လာလို့ ရန်ရန်က ပျော်နေတာဘဲ။ 

 


သူ့ရင်ထဲမှာ နည်းနည်း နွေးထွေးသွားသလို ခံစားလိုက်ရသည်။ အဖျားထပ်တက်နေတာများလား…. 

 


“တောင်းပန်ပါတယ်၊ ကိုယ်မနေ့က နောက်ကျမှ ပြန်ရောက်ပြီး မင်းပြင်ပေးထားတဲ့ အစားအသောက်တွေကို ဖြုန်းတီးလိုက်မိလို့” 

 


“ကော‌ကော မစားလိုက်ဘူးလား? ကျန်တာတွေက ရေခဲသေတ္တာထဲ ရှိသေးတယ်” 

 


ရန်ရန်က ထပ်ပြီး စကားပြန်များလာတဲ့ပုံပေါ်ပေမယ့် သူ့ကိုတော့ ထပ်ပြီး မ‌ကြည့်လိုက်ပေ။ သူကစိတ်ဆိုးနေတုန်းဘဲလို့  ကျွမ်းရိယွင်ထင်လိုက်သည်။



 စားပွဲပေါ်က အစားအသောက်တွေက ထိတောင်မထိထားရဘူးဆိုတာ သူသတိရသွားသည်။ သူကအရမ်းစိတ်ဆိုးသွားပြီး စားချင်စိတ်မရှိတော့ဘဲ အပြင်ထွက်သွားတာ ဖြစ်မယ်။ 

 


“မင်းက ကိုယ့်ကို အိမ်ပြန်လာဖို့ အထူးတလည် မေးခဲ့တာလေ…..” 


 

“ခင်ဗျားက မပြန်လာတော့ဘူးလို့ ပြောခဲ့တယ်လေ၊ ခင်ဗျားမှာ ကျွန်တော်နဲ့အတူ ပူးပေါင်းလုပ်ဆောင်ပေးဖို့ တာဝန်မရှိပါဘူး” 



ရန်ရန်က ရုတ်တရက် သူ့ကို စကားဖြတ်ပြောလိုက်သည်။ သူ့အသံက တည်ငြိမ်နေဆဲဖြစ်ပေမယ့် သူ့လက်ထဲက ပေါက်စီကိုတော့ ချလိုက်သည်။ 



အစတုန်းက ကျွမ်းရိယွင် နေမကောင်းဖြစ်နေတော့သူ အကြာကြီး စိတ်မဆိုးလိုက်ပေမယ့် သူပြောလာတဲ့အခါမှာတော့ သူထပ်ပြီး စိတ်ဆိုးလာသည်။ 

 


လေထုက ရုတ်တရက် သိသိသာသာကိုဘဲ တင်းကြပ်လာသည်။ 


 

“အတူတူနေဖို့ ပြောခဲ့တာ ကိုယ်ပါ ပြီးတော့ မင်းနဲ့အတူ ပူးပေါင်းလုပ်ဆောင်ဖို့ ကိုယ့်မှာ တာဝန်ရှိတယ်” အတော်ကြာပြီးနောက်မှာ ကျွမ်းရိယွင်က ပြောခဲ့သည်။ 



ရန်ရန်ရဲ့ စကားတွေက သူတို့ စပြီးလက်ထပ်ကတည်းက ကတ်တစ်ကတ်ပေးထားတာကလွဲရင် သူက ဘာ တာဝန်ဝတ္တရားကိုမှ မဖြည့်ဆည်းခဲ့ဘူးဆိုတာ သူ့ကို နားလည်သွားစေသည်။ 

 


ဒါက မညီမျှဘူး။ 


 

ဒါ့အပြင်၊ သူ့ပေးထားတဲ့ကတ်ထဲတွင် ဝယ်ထားတာ တစ်ခုသာရှိသည်။ အရင်က ရန်ရန် ဘာဝယ်ခဲ့လဲဆိုတာကို သူအာရုံမစိုက်မိပေမယ့် အခုတော့ ပရိဘောဂဆိုင်က ဝယ်ယူမှုမှတ်တမ်း ဖြစ်မှန်း သူသိလိုက်သည်။ သူက သူ့အတွက် ဆိုဖာ လဲပေးထားတာပဲ! 

 


ကျွမ်းရိယွင် မင်းက မကောင်းတဲ့ကောင်ဘဲ…. ဒါက သူ့ကိုယ်သူ ဒီလိုမျိုး သတ်မှတ်တာ ပထမဆုံးအကြိမ်ပင်။ 

 


သူက အဲ့ဒီအကြောင်းကို အကြာကြီး တွေး‌လိုက်ပေမယ့် နောက်တော့ ရန်ရန်က “ကိစ္စမရှိပါဘူး” လို့ ပြောတာ ကြားလိုက်ရသည်။ 

 


ကျွမ်းရိယွင်ရဲ့သဘောထားက နည်းနည်း အေးစက်နေဆဲပင်။ ကျွမ်းရိယွင်က ရှုပ်ထွေးနေတုန်းဖြစ်ပြီး ဘာပြောရမလဲဆိုတာ မသိတော့ပေ။ သူက တိတ်ဆိတ်တာကို သဘောအကျဆုံးဖြစ်ပေမယ့် ဒီအချိန်မှာတော့ တစ်ခုခုမှားနေသည်။