လက်ထပ်ဖို့ လိမ္မာရေးခြားရှိမှုကို အားကိုးပြီးနောက် ချစ်မိသွားတယ်
အပိုင်း ၁၄
ကံကောင်းထောက်မစွာနဲ့ ကားထဲကနေ အဆင်ပြေပြေနဲ့ ထွက်သွားလို့။ ဒါရိုင်ဘာက လီဘာကိုနင်းလိုက်ပြီး အဝေးကို မောင်းထွက်သွားကာ ရန်ရန်ရဲ့ မြင်ကွင်းထဲကနေ အမြန်ပျောက်ကွယ်သွားသည်။
“ဟေး” ရန်ရန်က တက္ကစီပျောက်သွားတဲ့ဘက်ကို ကြည့်လိုက်ပြီး ဆွံ့အသွားကာ နည်းနည်း ရယ်ချင်သွားပြီး သူ့ရဲ့ စိတ်အခြေအနေကလည်း သိသိသာသာ ပေါ့ပါးသွားသည်။
သူ့မှာ အပြုသဘောဆောင်တာတွေ အများကြီး မရှိပေမယ့် ပျော်ရွှင်တက်ကြွမှုကတော့ သေချာပေါက် အဲ့ဒီထဲက တစ်ခုပင်။ သူ အပေါ်ကို တက်သွားလိုက်ကာ တံခါးကိုဖွင့်လိုက်ပြီး ဆိုဖာပေါ်မှာအိပ်နေတဲ့ ကျွမ်းရိယွင်ကို တွေ့လိုက်ရတော့ သူ့စိတ်အခြေအနေက ပိုလို့တောင် တိုးတက်လာသည်။
ပြန်ရောက်တဲ့အခါ ဝင်ပေါက်မီကိုဘဲ ဖွင့်တဲ့ ကျွမ်းရိယွင်နဲ့မတူဘဲ ရန်ရန်က အိမ်ထဲဝင်ဝင်ချင်း ပင်မမီးကို ဖွင့်လိုက်သည်။ ရုတ်တရက် မီးလင်းလာတော့ အိပ်ပျော်နေတဲ့လူက မသိလိုက်ဘာသာနဲ့ မျက်မှောင်ကြုတ်လိုက်သည်။
သူ့မျက်လုံးတွေက လှုပ်ရှားနေပြီး မျက်လုံးဖွင့်ချင်နေပေမယ့် အသိစိတ်က လေးလံနေပြီး ခန္ဓာကိုယ်ကို ထိန်းချုပ်နိုင်စွမ်း မရှိနေပေ။
ရန်ရန်က ဗလာကျင်းနေတဲ့ ထမင်းစားစားပွဲနဲ့ ကော်ဖီတင်စားပွဲခုံပေါ်က ခရစ်စမတ်ပုံ ပန်းသီးပန်းကန်ကို ကြည့်လိုက်ပြီး သူ့နှုတ်ခမ်းထောင့်တွေက ပိုလို့တောင် မြင့်တက်လာသည်။
သူ နေ့တစ်ဝက်လောက် အလုပ်များခဲ့တာတွေက အချည်းအနှီးမဖြစ်ဘူးဘဲ။ ရုတ်တရက် သူတစ်ခုခုကို သတိရသွားပြီး သူ့ဆံပင်ကို ဆွဲလိုက်သည်။ သေစမ်း၊ သူဆံပင်တု မဝတ်ထားရဘူး။
အဝတ်အစားတွေကတော့ အဆင်ပြေတယ် ဂျက်ကပ်အောက်မှာ ကွယ်နေတော့ မမြင်ရလောက်ဘူး။ ဒါပေမယ့် ဆံပင်ရယ်၊ နားကပ်တွေရယ်က ကျွမ်းရိယွင်သာ မျက်လုံးပွင့်သွားရင် သူက မျက်စိမကန်းနေသလို မှတ်ဉာဏ်တွေ မမေ့သွားတဲ့အတွက် သူဘယ်လိုလုပ် ရှင်းပြရမှာလဲ?
ရန်ရန် မျက်နှာကျက်ကမီးကို ပိတ်လိုက်ပြီး အိပ်ခန်းထဲ အပြေးအလွှား သွားလိုက်သည်။ သူက ဆံပင်တုစွပ်လိုက်ပြီး နားကပ်တွေကို ချွတ်လိုက်သည်။ သူဧည့်ခန်းထဲပြန်လာတဲ့အခါ သူက ခွေးအိုတစ်ကောင်လိုမျိုး တည်ငြိမ်နေသည်။
သူတွေးထားတဲ့ပုံအရ မီးဖွင့်လိုက် ပိတ်လိုက်နဲ့ဆို သူပြန်လာတာကို မမြင်လိုက်ဘဲ ကျွမ်းရိယွင် နိုးလာလိမ့်မည်။ သူက အခြေအနေကို အခွင့်ကောင်းယူပြီး သူ့ကိုချော့ဖို့ တစ်ယောက်ယောက်ကို စောင့်နေသလို နစ်နာဟန်ဆောင်ကာ နောက်တော့ သူတို့ရဲ့ ဆက်ဆံရေးကို တိုးတက်အောင်လုပ်ဖို့ အခွင့်အရေးယူမှာဖြစ်သည်။
အဲ့ဒါကြောင့် သူက ဧည့်ခန်းမှာ ရပ်နေပြီး ငါးမိနစ်လောက်စောင့်နေပေမယ့် ဆိုဖာပေါ်မှာဆော့ ဘာလှုပ်ရှားမှုမှ မရှိနေပေ။ လှုပ်ရှားမှုလည်းမရှိ၊ ထိုင်လည်းမထိုင်နေ၊ လှုပ်လည်းမလှုပ်သလို စကားလည်းမပြောတော့ နောက်ဆုံးမှာ တစ်ခုခုမှားနေမှန်း သူသိလိုက်ရသည်။
“ကောကော?” သူက ညင်ညင်သာသာနဲ့ ခေါ်လိုက်ပြီး မီးထပ်ဖွင့်လိုက်သည်။ သူက သေချာကြည့်ဖို့ ဆိုဖာရှေ့သွားလိုက်သည်။ အဲ့ဒီမှာ လှဲနေတဲ့လူက ပါးတွေနီနေကာ လေပူတွေ ရှူထုတ်နေသည်။ သူ့နဖူးပေါ်မှာ လက်တင်လိုက်တော့ ထိတ်လန့်စရာကောင်းလောက်အောင် ပူကျစ်နေသည်။
အဲ့ဒီတော့မှ သူ ဘာစောင်မှလည်း မခြုံထားဘဲ အခန်းထဲက သူတို့ရဲ့ လေပေးစက်ကိုလည်း မဖွင့်ထားကာ ရေခဲပြင်ကြီးလို အေးစက်နေတာ သိလိုက်သည်။
“ကျွမ်းရိယွင်?” ပါးကို ပုတ်လိုက်ပြီး သူအော်ခေါ်လိုက်ပေမယ့် လူကတော့ ဘာတုန့်ပြန်မှုမှမရှိပေ။ သူ့မျက်လုံးတွေက မဲပြာနေကာ လုံးဝကို ပင်ပန်းနေတဲ့ပုံပေါ်သည်။ ကျောင်းမှာတုန်းက သူ့ကို အဝေးကဘဲ မြင်ခဲ့ရတဲ့အတွက် သူဘယ်လောက် ပင်ပန်းနေလဲဆိုတာ သတိမထားမိခဲ့ပေ။
“ ဘားမှာ တစ်ညလုံး အလုပ်သွားလုပ်ထားတာ ခင်ဗျားလား၊ ကျွန်တော်လား? ခင်ဗျားက သုတေသနလုပ်နေတာမဟုတ်ဘူးလား၊ ဘယ်လိုလုပ် ဒီလို ကိုယ့်ကိုကိုယ် ရောင်းစားဖို့ ထွက်သွားတဲ့ပုံနဲ့ ဘယ်လိုလုပ် အဆုံးသတ်သွားတာလဲ?”
ရန်ရန်က မကျေမနပ် ပြောနေပေမယ့် သူ့လက်တွေကတော့ အမြန်လှုပ်ရှားနေကာ သူ့အပူချိန်ကို တိုင်းဖို့ သာမိုမီတာ ယူလိုက်သည်။
“38.7 ဒီဂရီ….”သူသာ ပြန်မလာခဲ့ရင် ဘယ်လိုလုပ်မလဲ? ဒီလူက ဒီတိုင်းလှဲနေပြီး အရူးလိုမျိုး လောင်ကျွမ်းနေမှာဘဲ မဟုတ်လား?
ရန်ရန်က ကျွမ်းရိယွင်ကို ထထိုင်ဖို့ ကြိုးစားခဲ့ပေမယ့် သူက လူသေလိုမျိုး တစ်ကိုယ်လုံးလှဲနေပြီး လုံးဝကို မပူးပေါင်းပေးချေ။
သူက အရပ်ရှည်နေလို့ နည်းနည်းလေး ပိုပုနေရင် မင်းသမီးလို သူ သူသယ်သွားလို့ရပြီ….. မေ့လိုက်တော့၊ ဆိုဖာက အရမ်းကြီးပြီး နူးလည်းနူးညံ့တော့ သူ့ကို ဒီမှာဘဲ ဆက်ပြီး ပေးလှဲလိုက်တော့မယ်။
သူ့ကို ခြုံပေးဖို့ စောင်ယူလာလိုက်ပြီး သဘက်အေးအေးကို ညှစ်ကာ သူ့နဖူးပေါ် တင်ထားလိုက်သည်။ ရန်ရန်က ဖုန်းဖွင့်လိုက်ပြီး အဖျားပျောက်ဆေးနဲ့ အဖျားပျောက် ကပ်ခွါတွေကို မှာလိုက်သည်။
ဆေးလာပို့မှာကို စောင့်နေတုန်း မီးဖိုချောင်ထဲက ကျန်နေတဲ့ ချင်း(ဂျင်း)ကို ရှာတွေ့သွားပြီး ချင်း(ဂျင်း)ပြုတ်ရည်လုပ်လိုက်ကာ နောက်တော့ ကျွမ်းရိယွင်ကို သဘက်လဲပေးဖို့ အရှေ့သွားလိုက် အနောက်သွားလိုက် လုပ်လိုက်သည်။
ဒီလူက နေမကောင်းဖြစ်နေတဲ့အချိန်မှာ ပိုပြီးတော့တောင် မသိတတ်ပေ။ သူကဖျားနေတဲ့အတွက် ချွေးတွေသုတ်ဖို့ လိုနေပေမယ့် သူက စောင်ကို ဆွဲထားသည်။
ပထမတစ်ခေါက်နဲ့ ဒုတိယတစ်ခေါက်က အဆင်ပြေပေမယ့် နာရီဝက်အတွင်းမှာ တတိယအကြိမ်စောင်ကို ဆွဲလိုက်ပြန်သည်။ ရန်ရန်မှာ စိတ်မရှည်တော့ဘဲ စောင်ကို လှန်လိုက်ပြီး သူ့အင်္ကျီကို ကြယ်သီးဖြုတ်လိုက်သည်။
“ခင်ဗျားကို တစ်ကိုယ်လုံးချွတ်လိုက်ရင် စောင်လိုချင်သေးလားကြည့်ကြတာပေါ့!” သူ့လေသံက ကြမ်းတမ်းနေသလို သူ့လုပ်ရပ်ကလည်း ပြင်းထန်နေသည်။
ကုတ်အင်္ကျီကို ချွတ်လိုက်တော့ သူ့ရှပ်အင်္ကျီက ချွေးတွေနဲ့ စိုရွှဲနေပြီး သူ့ကိုယ်မှာ ကပ်နေကာ ကြွက်သားလိုင်းတွေက ထင်ရှားနေသည်။ သူ့ရဲ့ ဖြူဖျော့ပြီး နီရဲနေတဲ့မျက်နှာနဲ့အတူ အဲ့ဒီရှပ်အင်္ကျီကို ချွတ်ချင်မိအောင်ကို sexyကျနေသည်။
ရန်ရန်က မထိန်းနိုင်ဘဲ အသားယူကာ ပြောလိုက်သည်။ “ခင်ဗျား ဒီလိုမျိုး ရုန်းထနေလို့မရဘူး၊ ဒါပေမယ့် နေမကောင်းဖြစ်တဲ့အခါကျရင် အထဲမှာ အရမ်းပူတယ်လို့ ပြောတာကြားဖူးတယ်။ ကျွမ်းရိယွင် အဖျားမြန်မြန်သက်သာအောင်လုပ် မဟုတ်လို့ရှိရင်တော့ ကျွန်တော် ခင်ဗျားကို အခွင့်ကောင်းယူလိုက်မယ်”
သူ့ကို အဝတ်ဝတ်ပေးဖို့ ရုန်းကန်ပြီးတဲ့နောက် ရန်ရန်မှာ သက်ပြင်းချလိုက်ပြီး ချွေးတွေသုတ်လိုက်သည်။ သူ့ရဲ့ ဆံပင်အတုကို ဖယ်လိုက်ပြီး နောက်ဆုံး စောင်ထဲမှာ နာနာခံခံနဲ့ ပတ်ထားခံရတဲ့ ကျွမ်းရိယွင်ကို ကြည့်လိုက်ပြီး သူ့ဘာသာသူ တွေးလိုက်သည်။
' ဒီအလုပ်က သူ့ရဲ့ ထိန်းချုပ်နိုင်စွမ်းကို စမ်းသပ်လိုက်တာဘဲ။ သူ့ခါးပတ်ကို ဖြုတ်တုန်းက သူ့လက်တွေ တုန်နေတာ ဘုရားဘဲသိတယ်'
ဆေးစစ်တုန်းက စစ်ဆေးပေးတဲ့ ဆရာဝန်က အကြောင်းမရှိဘဲ သတိပေးလိုက်တာကို အခုတော့ ဒီပါးလွှာတဲ့ အထည်သားကို ဖြတ်ပြီး သူသိလိုက်ရပြီ..... ဒါက အိပ်ပျော်နေတဲ့အချိန်တောင် အရမ်း အထင်ကြီးစရာကောင်းတာ နိုးလာတဲ့အခါဆို ဘယ်လိုတောင် ဖြစ်နေမလဲ?
ရန်ရန်ရဲ့ အတွေးတွေက လုံးဝလမ်းကြောင်းလွဲသွားကာ တုံ့ဆိုင်းသွားသည်။ ဒါကို သူစားနိုင်ပါ့မလား? ကောင်းပြီ! သူဖျားနေတာကို အခွင့်ကောင်းယူပြီး ထွက်ပြေးရင်ရော?
တံခါးဆီက လူခေါ်ဘဲလ်သံက သူ့ရဲ့ထိန်းမနိုင်သိမ်းမရ အတွေးတွေကို နှောင့်ယှက်လိုက်ပြီး ဆေးရောက်လာသည်။ အဖျားကြောင့် အိပ်ပျော်နေတဲ့ ကျွမ်းရိယွင်ကတော့ သူ့မိန်းမလေးနဲ့ ကျွမ်းထိုးမှောက်ခုံဖြစ်လုနီးနီး ဆိုတာတော့ မသိလိုက်ပေ။
သူ ဆေးသောက်ဖို့ ထူပေးလိုက်သည်။ ဆေးကို ချင်း(ဂျင်း) ပြုတ်ရည်နဲ့ သောက်လိုက်တော့ ပူပြီး သီးသွားသည်။ သူသီးသွားတော့ တစ်ခဏလောက် နိုးလာသည်။
သူ့မျက်လုံးတွေကို ဖွင့်လိုက်တော့ မှုန်ဝါးနေပြီး တောက်ပနေတဲ့ ရွှေရောင်ကြီးကိုမြင်လိုက်ရကာ “မထွေးထုတ်နဲ့ မြိုချလိုက်လေ” ဆိုတဲ့ အသံကိုလည်း သူ့နား အနားမှာ ကြားလိုက်ရသည်။
သူက ချက်ချင်း မမြိုချလိုက်တဲ့အတွက် ဆေးက ချင်း(ဂျင်း) ပြုတ်ရည်အရသာနဲ့ ရောသွားကာ သူ့ပါးစပ်ထဲမှာ ပျော်ဝင်သွားသည်။ အဲ့ဒါက စပ်ကာ၊ စေးကပ်ကပ်နဲ့ ခါးသက်လှသည်။
သူက မသိစိတ်ကနေ ပြန်ထွေးထုတ်ချင်ပေမယ့် ဒီစကားကို ကြားလိုက်ရတော့ မတော်တဆ အရည်ခါးခါးကို မြိုချလိုက်သည်။ သူက သူမြိုချတာကို ကြည့်လိုက်ပြီး နောက်ထပ် ပါးစပ်အပြည့် ထပ်ထည့်လာသည်။
သူ့ရဲ့ကျောက သန်မာတဲ့ လက်မောင်းပေါ်မှာ မှီထားကာ အမျိုးသားရဲ့ နောက်လက်တစ်ဖက်နဲ့အတူ ချင်း(ဂျင်း) ပြုတ်ရည်တစ်ခွက်လုံးကို သောက်လိုက်သည်။
“လိမ္မာတယ်၊ ရှောင်ကျွမ်းက အရမ်းလိမ္မာတာဘဲ~”
ဒါက ရန်ရန်ရဲ့ အသံပင်။ အသံ ဝေဝါးနေပြီး အရင်ကနဲ့ မတူပေမယ့် သူ့ကို ဂရုစိုက်ပေးနေတာ ရန်ရန်ဆိုတာကိုတော့ သူသိသည်။
ဒါက သူထပ်ပြီး အိပ်မပျော်သွားခင် ကျွမ်းရိယွင်ရဲ့နောက်ဆုံး အသိဖြစ်သည်။ ရက်တချို့လောက် အချိန်ပိုအလုပ်လုပ်တာက သူ့ရဲ့အားအင်တွေအကုန်လုံးကို ကုန်ခမ်းသွားစေကာ အေးစက်နေတဲ့ ညလယ်ခေါင်ပါထပ်ပေါင်းလိုက်တော့ အပြင်းအထန်ကို ဖျားသွားသည်။
ဆေးတိုက်ပြီးသွားတော့ ရန်ရန်က သူ့ကို အဖျားပျောက်ကပ်ခွါ ကပ်ပေးလိုက်ပြီး ချွေးတွေ သုတ်ပေးလိုက်သည်။ အခုလေးတင် ရန်ရန် သူ့ကို လွင့်ပစ်လိုက်ချင်သည်။
27နှစ်အရွယ် လူငယ်တစ်ယောက်က အအေးမိနေမကောင်းဖြစ်လို့ ဆေးသောက်ပြီး မသေနိုင်ဘူးမဟုတ်လား? ကျွမ်းရိယွင်က သည်းမခံနိုင်သလို မျက်မှောင်ကြုတ်လိုက်တာကို သူကြည့်လိုက်သည်။
သူအမြဲတမ်း နေမကောင်းဖြစ်တိုင်း သူ့အမေက သူ့ကို ပြုစုပေးတတ်သည်။ သူ့အမေက လူတွေကို ပြုစုစောင့်ရှောက်ရာတွင် အရမ်းတော်သည်။
သူကလေးဘဝကတည်းက နေမကောင်းဖြစ်တိုင်း ဘယ်တုန်းကမှ သနားစရာ မကောင်းခဲ့ဖူးပေ။ ဒါပေမယ့် ကျွမ်းရိယွင်ကို ဒီလိုမျိုးမြင်တော့ သူ အရမ်းသနားသလို ခံစားရသည်။
သူပြန်လာတုန်းက တစ်ယောက်ထဲ၊ အဆင်မပြေဘဲ တိတ်တိတ်လေး ဒီမှာ သူလှဲနေတာကို စဉ်းစားကြည့်လိုက်တော့ တကယ့်ကို ဒီလိုမျိုး သူ့ကိုခေါ်ရမှာ မသိဘူးလား?
ဒါ့အပြင် အနည်းဆုံး သူ့အမေကိုတော့ ခေါ်ရမှာပေါ့။ သူက လက်ထပ်ဖို့ အတင်းအကြပ် တိုက်တွန်း ခံရပေမယ့်လည်း သူမရဲ့ဖျားနာနေတဲ့ သားကိုတော့ လျစ်လျှူမရှုဘဲ နေမှာတော့ မဟုတ်ဘူးမလား? အနည်းဆုံး သူ့ကိုယ်သူ ခြုံဖို့ စောင်ယူထားရမှာပေါ့။ သူက ဒဏ္ဍာရီလာ အဆင့် ၉ သိပ္ပံပညာရှင်လား?
အဓိကကတော့ အခုလေးတင် သူ့ကို ဆေးတိုက်တော့ ဒီလူက ကောင်းကောင်းမွန်မွန် ပြုမူနေပေမယ့် သူကတော်တော်လေး…. သနားစရာကောင်းတယ်။
“ကျွမ်းကောကောက အရမ်းအားနည်းနေတဲ့အတွက် လူသားချင်း စာနာစိတ်လေးတော့ ရှိရမှာပေါ့။ ဒီလိုပျော့ညံ့မှုမျိုးက ကြာရှည်မခံဘူး…..”
ရန်ရန်က တတွတ်တွတ် ရွတ်နေကာ ကျွမ်းရိယွင်ကို အရက်ပြန်နဲ့ သူနေလို့ကောင်းအောင် သုတ်ပေးလိုက်သည်။
ကျွမ်းရိယွင်ရဲ့ ကိုယ်အပူချိန် ကျသွားမှဘဲ ရန်ရန်က ထလိုက်ပြီး အခန်းထဲ သွားလိုက်သည်။ အဲ့ဒီအချိန်မှာ လုံးဝကို အာရုဏ်တက်နေပြီဖြစ်သည်။
ကျွမ်းရိယွင် နိုးလာတဲ့အချိန်မှာ မွန်းတည့်ခါနီးပြီဖြစ်သည်။ သူ့မျက်လုံးတွေကို ဖွင့်လိုက်တဲ့အချိန် လုံးဝ မျက်စိကျိန်းသွားသည်။ အဖျားကြီးပြီးတဲ့နောက်မှာ သူ့တစ်ကိုယ်လုံးက နာကျင်နေသည်။ နောက်တစ်ခဏမှာ သူ့အမြင်တွေက ရှင်းလင်းလာပြီး မှတ်ဉာဏ်တွေ ပြန်ရလာသည်။
မနေ့က သူပြန်လာပြီး ရန်ရန်ချက်ထားတဲ့ အစားအသောက်တွေကို စားလိုက်တယ်၊ ပြီးတော့ ဆိုဖာပေါ်မှာ အိပ်ပျော်သွားတယ်။ နောက်တော့ သူ အဖျားကြောင့် သတိလစ်သွားကာ ရန်ရန် ပြန်ရောက်လာတော့ သူ့ကို ပြုစုပေးခဲ့သည်။