လက်ထပ်ဖို့ လိမ္မာရေးခြားရှိမှုကို အားကိုးပြီးနောက် ချစ်မိသွားတယ်
အပိုင်း ၁၃
ကျွမ်းရိယွင်က ရုံးခန်းတံခါးကို ပိတ်လိုက်ပြီး သူတို့ရဲ့ စနောက်သံတွေကို ကာလိုက်သည်။ ဖုန်းထဲရှိ တစ်ဖက်လူကလည်း တိတ်ဆိတ်သွားသည်။
“ကောကော၊ ကျွန်တော် ကောကောကို ပြဿနာရှာမိသွားတာလားဟင်?” ရန်ရန်ရဲ့ အသံနဲ့ အမူအရာက လုံးဝကို ကွားခြားသည်။ သူ့အသံက အပြစ်ရှိသလို တုန်လှုပ်နေပေမယ့် သူ့မျက်နှာမှာတော့ အပြုံးတွေအပြည့်ပင်။
ကောင်းလိုက်တာ၊ ငါကြားလိုက်တယ်၊ အဲ့ဒီသူတွေအားလုံးက Dr.ကျွမ်းရဲ့ လုပ်ဖော်ကိုင်ဖက်တွေဘဲ ဟားဟား။ ဒါက ဘာမှမဟုတ်ပေမယ့် အနာဂတ်မှာ သူ့ကိုကူညီဖို့ သူတို့ကလမ်းခင်းပေးလိမ့်မယ်။
“မဟုတ်ဘူး”
“အိုး…. ကောကောက အိမ်မပြန်လာတာ လဝက်လောက် ရှိနေပြီဆိုတော့….”
ရန်ရန်ရဲ့အသံ ရပ်သွားတော့ သူတို့နှစ်ယောက်ကြားမှာ နောက်ထပ် ပြောစရာဘာမှ မရှိတော့သလိုပင်။ ရန်ရန်က အလျင်မလိုနေပေ။ ကျွမ်းရိယွင်ရဲ့ အနောက်ကို အလျင်စလိုလိုက်ရင် အလုပ်ဖြစ်မှာမဟုတ်ကြောင်း သူ့ကျောင်းမှာကတည်းက သိလိုက်သည်။
ဒီလိုမှမဟုတ်ရင် သူတို့ပထမဆုံးတွေ့တုန်းက သူ့ကို ပြတ်ပြတ်သားသား ငြင်းမှာ မဟုတ်ဘူး။ သူလုပ်ရမှာက သူ့ရဲ့စိုးရိမ်ပူပန်မှုတွေကို ထုတ်ဖော်ပြသဖို့ပင်။
ဖုန်းလိုင်းမှာ ချိတ်ဆက်နေဆဲဖြစ်ပြီး သူတို့နှစ်ယောက်ကြားက လေထုကတော့ စိုးရိမ်ပြီး နည်းနည်းတင်းမာနေတာကို ကျွမ်းရိယွင် ခံစားမိသည်။ တစ်ဖက်လူက သူ့ကို သတိရတယ်၊ သူနဲ့အတူ အားလပ်ရက်ကို ကုန်ဆုံးချင်တယ် ပြီးတော့ သူ့အတွက် ချက်ပြုတ်ပေးချင်တယ်။
ဒီအခိုက်အတန့်မှာ မတတ်နိုင်ဘဲ ဦးနှောက်ထဲမှာရန်ရန်ရဲ့ ပုံစံကို ပုံဖော်ကြည့်လိုက်သည်။ သူက လိမ်လိမ်မာမာ မျှော်လင့်နေတဲ့ အမူအရာနဲ့ နည်းနည်း မသက်မသာဖြစ်နေလိမ့်မည်။ နောက်ဆုံးမှာတော့ သူဘာမှ မပြောလိုက်ပေ။
“ကိုယ်နောက်ကျလိမ့်မယ်….”
“အဖွဲ့ခေါင်းဆောင် ကျွန်တော့်အပိုင်းက ပစ်မှတ်ပရိုတင်းရဲ့ ဇီကမ္မလုပ်ဆောင်မှု ဒေတာမှာ တစ်ခုခုမှားနေတယ်။ ကြည့်…” အရပ်ပုပုနဲ့ကောင်လေးက တံခါးကို တွန်းဖွင့်ပြီး ဝင်လာခဲ့သည်။
သူစကားပြောတဲ့အချိန် သူ့ရဲ့လေးနက်တဲ့အပြုံးက ကျွမ်းရိယွင်နဲ့ တူသည်။ သူက ပါးလွှာတဲ့ မျက်မှန်ကို ဝတ်ဆင်ထားပြီး ကျက်သရေရှိကာ အရမ်း ဆွဲဆောင်မှုရှိတဲ့ မျက်နှာရှိသည်။
အပြင်က ရုံးခန်းကြီးထဲမှာတော့ ရုန်းရင်းဆန်ခတ်ဖြစ်နေ ပေမယ့် အကုန်လုံးကို မမြင်ချင်ယောင် ဆောင်ထားလိုက်ပြီး သူ့လက်ထဲက မှတ်တမ်းကိုဘဲကြည့်လိုက်သည်။
ကျွမ်းရိယွင်က ထလိုက်ပြီး အခုလေးတင် သူခံစားခဲ့ရတဲ့ နွေးထွေးမှုက အငွေ့တွေလို ပျောက်ကွယ်သွားကာ “ကိုယ့်မှာ လုပ်စရာရှိသေးလို့ ပြန်မလာတော့ဘူး” ပြောလို့ပြီးတော့ သူဖုန်းချလိုက်သည်။
“သူက ရှင်းရှင်းလင်းလင်းကိုဘဲ နည်းနည်းနောက်ကျမယ်လို့ ပြောတော့မလို့လေ၊ ဘယ်သူက ငါ့အခွင့်အရေးကို ဖျက်စီးလိုက်တာလဲ!” ရန်ရန်က အရမ်းစိတ်တိုလွန်းလို့ ကျသွားတဲ့ဖုန်းကို ကြည့်လိုက်ကာ နှုတ်ခမ်းစူလိုက်သည်။
မီးဖိုချောင်မှာ ပြင်ဆင်ထားတဲ့ ပါဝင်ပစ္စည်းတွေကို ကြည့်ပြီး ရန်ရန်က ရှေ့ဖုံးခါးစည်းကို ချွတ်လိုက်သည်။ ဘာဘဲဖြစ်ဖြစ် ကျွမ်းရိယွင်မှ ပြန်မလာတော့ဘဲ သူလည်း အပြင်ထွက်ပြီး လိုက်လည်တော့မယ်။
သူက အဝတ်လဲဖို့ အခန်းထဲဝင်သွားလိုက်ပေမယ့် နှစ်လှမ်းလောက် လှမ်းပြီးတဲ့နောက်မှာ ရုတ်တရက် ပြန်လှည့်လိုက်သည်။
မဟုတ်သေးဘူး သူက အချိန်အတော်ကြာ ကြိုးကြိုးစားစား အလုပ်လုပ်နေရတာ မဟုတ်လား။ အခုလေးတင် ကျွမ်းရိယွင်ရဲ့ သဘောထားအရဆို သူက ပြန်လာချင်တာဘဲ။ အလုပ်ပြီးသွားရင် သူပြန်လာ လောက်မလား?”
ရန်ရန်ရဲ့ မျက်လုံးတွေက လှည့်ပတ်သွားပြီး ရှေ့ဖုံးခါးစည်းကို ထပ်ဝတ်လိုက်သည်။ ပါဝင်ပစ္စည်းတွေက အားလုံး အဆင်သင့်ဖြစ်နေပြီ ချက်ပြုတ်ရုံဘဲ!
ဒါက တစ်ကိုယ်တော် သရုပ်ဆောင်နေတယ်ဆိုရင်တောင် အစ်ကိုရန်ကတော့ ဒီဇာတ်လမ်းကို အဆုံးထိလုပ်သွားမယ်! ဒီတစ်ကိုယ်တော် သရုပ်ဆောင်တာက အမှန်တကယ်ဖြစ်လာလိမ့်မယ်လို့ ဘယ်သူပြောနိုင်မလဲ။
အဲ့ဒီနေ့မှာ ကျွမ်းရိယွင်က ဆယ်နာရီအထိ အလုပ်ရှုပ်နေပြီး အရင်အကြိမ်တုန်းကလိုမျိုး ဖွံ့ဖြိုးရေးစင်တာမှာဘဲ အိပ်လိုက်ဖို့ပြင်လိုက်သည်။ ဒါက ခရစ်စမတ်အကြိုနေ့ဖြစ်ပေမယ့် တစ်ယောက်ယောက်က အစားအသောက်ဝိုင်းနဲ့ လှပစွာ ထုပ်ပိုးထားတဲ့ ပန်းသီးတွေကို ပြင်ဆင်ထားသည်။
အရပ်ပုပုနဲ့ကောင်လေးက သူါကို ပန်းသီးသွားပေးပေမယ့် သူကတော့ မယူလိုက်ပေ။ သူက သိပ်များများစားစား မတွေးနေပေ။ အများကြီးတွေးရမှာ အရမ်းပင်ပန်းလွန်းတာကြောင့် ဖြစ်မည်၊ အဲ့ဒါကြောင့် အောက်ထပ်ဆင်းလိုက်ပြီး တက္ကစီ တားကာ အိမ်ပြန်လိုက်သည်။
သူအိမ်ပြန်ရောက်တဲ့အခါ ဆယ့်တစ်နာရီထိုးခါနီးပြီဖြစ်သည်။ တစ်အိမ်လုံးက မှောင်မဲကာ ဗလာကျင်းနေပြီး တိတ်ဆိတ်နေသည်။ သူဘာကို မျှော်လင့်နေလဲဆိုတာ မသိပေမယ့် တံခါးကိုဖွင့်လိုက်တဲ့အခါ သူက မီးကို ချက်ချင်း မဖွင့်လိုက်ပေ။ အဲ့ဒီအစား တံခါးဝမှာဘဲ ခဏလောက် ရပ်နေလိုက်သည်။
သူဝန်ခံရတာ မကြိုက်ပေမယ့် နည်းနည်းတော့ စိတ်ပျက်သွားသည်။ လျှောက်လမ်းကနေ ဝင်လာတဲ့ အလင်းရောင်နဲ့ နာရီပေါ်က အချိန်ကို သူတွေ့လိုက်ရသည်။
ပုံမှန် အချိန်ဇယားရှိတဲ့ လူငယ်တစ်ယောက်ဆိုရင် အိပ်ယာဝင်သွားလောက်ပြီဖြစ်သည်။ ကျွမ်းရိယွင်က တံခါးကို ဖြည်းဖြည်းပိတ်လိုက်ပြီး ဝင်ပေါက်က မီးကိုဖွင့်လိုက်သည်။
သူ့ရဲ့တိုက်ခန်းက မကြီးပေ။ ဝင်ပေါက်၏ ဘယ်ဘက်တွင် ဟင်းလင်းပွင့် မီးဖိုချောင်ရှိပြီး ဘားပုံစံထမင်းစားစားပွဲက မီးဖိုချောင်အပြင်ဘက်တွင်ရှိကာ ဧည့်ခန်းကတော့ ညာဘက်တွင်ရှိသည်။
ဝင်ပေါက် မီးရောင်က သိပ်မလင်းပေမယ့် ကျွမ်းရိယွင်အတွက်တော့ ထမင်းစားစားပွဲပေါ်က ဟင်းပွဲတွေကိုတော့ မြင်နိုင်သေးသည်။
စားပွဲပေါ်က ဟင်းပွဲတွေအားလုံးက အိမ်ချက်ဟင်းလျာတွေဖြစ်ကာ အသားနဲ့ အသီးအရွက်တွေကို ကောင်းကောင်းတွဲဖက်ထားပြီး ပန်းကန်တွေကိုလည်း သေသေချာချာ ပြင်ဆင်ထားသည်။
ထမင်းပန်းကန်လုံးနှစ်လုံးနဲ့ တူနှစ်စုံကိုလည်း တစ်ခုနဲ့တစ်ခု မျက်နှာချင်းဆိုင် နေရာချထားသည်။ စားသောက်ဖို့ လူကလွဲပြီး ဘာမှ လိုအပ်တာမရှိပေ။
သူတစ်ခဏလောက် မိန်းမောသွားပြီး ရန်ရန်က ခရစ်စမတ်အကြိုညစာအတွက် တကယ်ချက်ပြုတ်ထားမှန်း သူသဘောပေါက်သွားသည်။
သူ အိမ်မပြန်လာရသေးတာကြောင့် သူ့ဘာသာသူ မစားလိုက်ဘူးလား။ စားပွဲပေါ်က စားစရာတွေကို လုံးဝ မထိထားဘဲ အိမ်ထဲမှာလည်း တိတ်ဆိတ်နေသည်။
“ရန်ရန်?” ကျွမ်းရိယွင် အော်ခေါ်လိုက်ပြီး နောက်တော့ အိပ်ခန်းထဲ ဝင်လိုက်ပေမယ့် ဘယ်သူမှ မရှိနေပေ။
သူက မီးဖွင့်လိုက်ကာ ထမင်းစားစားပွဲမှာ ဝင်ထိုင်လိုက်သည်။ နောက်ဆုံးတော့ အစားအသောက်တွေကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရပြီး ခရစ်စမတ်သစ်ပင်ပုံစံ ထွင်းထားတဲ့ ပန်းသီးတွေကိုလည်း တွေ့လိုက်သည်။
ကုမ္ပဏီကဝေတဲ့ လှလှပပထုပ်ပိုးထားတဲ့ ပန်းသီးတွေကို ဒါနဲ့ ယှဉ်လို့တောင်မရပေ။ ရန်ရန်က ပန်းသီး အနီနဲ့ အစိမ်း နှစ်မျိုး ဝယ်ခဲ့ပြီး အရွယ်အစားမတူတဲ့ ခရစ်စမတ်သစ်ပင်သုံးပင်ကို ထွင်းထားသည်။
အဲ့ဒါက ပန်းကန်ပေါ်မှာဆို ချစ်စရာကောင်းပေမယ့် အကြာကြီး ထားထားတာကြောင့် အခွံခွာထားတဲ့အပိုင်းတွေမှာ လေနှင့်ဓာတ်ပြုသွားပြီး ညိုသွားသည်။
ကျွမ်းရိယွင်က ပန်းသီးပန်းကန်ပြားကို ကြည့်လိုက်ကာ တူကိုယူလိုက်ပြီး သူ့အရှေ့က စားစရာကို ညှပ်ယူလိုက်ကာ ပန်းကန်လုံးထဲထည့်လိုက်ပြီး စစားတော့သည်။
သူညစာမစားခဲ့ပေမယ့် အိမ်ပြန်ရောက်တဲ့အထိ ဗိုက်ဆာတယ်လို့ မခံစားခဲ့ရပေ။ ပထမဆုံး တစ်လုတ်စားပြီးတဲ့နောက်မှာတော့ သူဘယ်လောက်တောင် ဗိုက်ဆာနေလဲဆိုတာ သိလိုက်ရသည်။
ဒါက ဟန်ဆောင်လက်ထပ်ထားတာဖြစ်တဲ့အတွက် သူ အကွာအဝေးတစ်ခု ထားသင့်သည်။ ရန်ရန်က သူ့အတွက်တွေးပြီး သေသေချာချာပြင်ဆင်ထားပေမယ့် သူကတော့ အခုဒီအကြောင်း မစဉ်းစားချင်သေးပေ။
လူတွေဟာ ဒီလိုမျိုးပင်၊ အရင်ဘယ်တုန်းကမှ မကြုံဖူးတဲ့အရာတွေဆိုရင် တွယ်တာလာကြလိမ့်မည်။ ဘာဘဲဖြစ်ဖြစ် ဒီအချိန် ရန်ရန်က အိမ်မှာ မရှိနေတဲ့အတွက် ဘာမှ သိမှာမဟုတ်ဘူး။
သူက ရန်ရန်ဘယ်မှာလဲဆိုတာ မက်ဆေ့ခ်ျလည်းမပို့သလို ဖုန်းဆက်ပြီးတော့လည်း မမေးလိုက်ပါချေ။ လူကြီးတွေက လွတ်လွတ်လပ်လပ် အပြင်ထွက်ခွင့်ရှိသည်။ ဒီဆက်ဆံရေးကို မထိန်းချုပ်နိုင်ပေ။
သူကိုယ်တိုင်တောင်မှ လဝက်လောက် အိမ်မပြန်ခဲ့တာ။ အနည်းဆုံး ဆယ့်နှစ်နာရီကျော်ရင်တော့ သူအခုထိပြန်မလာသေးဘူးလားလို့ မေးရမည်။
စားပွဲပေါ်က အစားအသောက် တစ်ဝက်လောက်ကို ကျွမ်းရိယွင်တစ်ယောက်ထဲ စားလိုက်သည်။ ဒါတွေက အေးနေပေမယ့် အရသာကတာ့ ကောင်းနေဆဲပင်။
သူ့ရဲ့ ချက်တတ်ရုံ ဟင်းချက် စကေးတွေကို စဉ်းစားကြည့်လိုက်တော့ သူ့ထက် ခြောက်နှစ်လောက်ငယ်တဲ့ရန်ရန်က အရမ်းကောင်းကောင်း ချက်ပြုတ်နိုင်လိမ့်မယ်လို့ သူမထင်ထားဘူး။
သူက ကျန်နေတဲ့ အစားအသောက်တွေကို အုပ်လိုက်ပြီး ရေခဲသေတ္တာထဲထည့်လိုက်သည်။ နောက်တော့ ခရစ်စမတ်သစ်ပင်ပုံပန်းသီး ပန်းကန်ကို ဧည့်ခန်းဆီ ယူသွားလိုက်သည်။
သူထိုင်လိုက်လိုက်ချင်းမှာဘဲ ကွာခြားနေသလို ခံစားလိုက်ရသည်။ ဆိုဖာက ပြောင်းသွားတယ်။ စတိုင်က အရင်ကဟာနဲ့တူပေမယ့် ထိုင်ရတဲ့ခံစားချက်က အရမ်းသက်တောင့်သက်သာရှိပြီး နူးညံ့ကာ အရမ်းကွာခြားသည်။ အရင်ဆိုဖာနဲ့ လက်ရှိဆိုဖာရဲ့ကွာခြားချက်က သူနဲ့ ရန်ရန်ကြားက ကွာခြားချက်လိုပင်။
သူ မကြိုက်တာ မဟုတ်ပေမယ့် သူ့အတွက် ဆိုဖာမှာ အိပ်တဲ့အခါ ပိုသက်တောင့်သက်သာရှိအောင်လို့လား?
မေးစရာတောင်မလိုဘဲ ကျွမ်းရိယွင်ရင်ထဲမှာ အဖြေကို သိနေပြီဖြစ်သည်။
သူလှဲလိုက်တဲ့အခါ ဆိုဖာအသစ်က အရမ်းသက်တောင့်သက်သာရှိတာကြောင့်လား ဒါမှမဟုတ် လွန်ခဲ့တဲ့ ရက်နှစ်ဆယ်လောက်က လမ်းပတ်လျှောက်နေရလို့ ပင်ပန်းတာကြောင့်လား မသိပေ သတိမထားမိဘဲ သူအိပ်ပျော်သွားသည်။
ရန်ရန်က တမင်တကာ ရည်ရွယ်ချက်ရှိရှိ အပြင်ထွက်သွားပေမယ့် သူ့ရင်ထဲမှာတော့ နည်းနည်းစိတ်ပျက်သွားသည်။ သူက သူ့ကိုဖိတ်ပြီး ပွဲတော်ကို အတူတူဆင်နွဲဖို့ သေသေချာချာ ပြင်ဆင်ထားရတာ။
ရည်ရွယ်ချက်က စိတ်ရင်းနဲ့ မဟုတ်ပေမယ့်လည်း သူပြင်ဆင်ထားတာတွေကတော့ အတုအယောင်မဟုတ်ပါချေ။ သူက ဘယ်ကိုမှ သွားတာ မဟုတ်ဘဲ Liye ဘားတွင်သာ ရှိနေသည်။
ဘားမှာ ခရစ်စမတ်အကြိုနေ့တွင်အရမ်း အလုပ်ရှုပ်နေတဲ့အတွက် သူနှစ်ငုံလောက်တောင် မသောက်ရသေးခင် bartendကို ဝင်ကူပေးလိုက်သည်။ အကုန်လုံးရှင်းလင်းသွားတဲ့အချိန် မနက်သုံးနာရီကျော်လောက်မှ သူထွက်လာခဲ့သည်။
တစ်ညလုံး သူဖုန်းကြည့်ဖို့ အချိန်တောင်မရှိခဲ့ပေ။ သူဘားထဲကနေ ထွက်လာတဲ့အချိန် ဖုန်းထုတ်လိုက်တော့ ကျွမ်းရိယွင်ဆီကနေ မဖတ်ရသေးတဲ့ မက်ဆေ့ခ်ျတွေနဲ့ လွတ်သွားတဲ့ ဖုန်းခေါ်ဆိုမှုတွေကို တွေ့လိုက်ရသည်။ ညက အလုပ်ရှုပ်တာကြောင့် စိတ်ရှုပ်ထွေးနေရတာတွေက ရုတ်တရက် ပျောက်ကွယ်သွားသည်။
“ကျွန်တော်သာ တကယ်ပြန်မလာဘူးဆိုရင်၊ ခင်ဗျားက တကယ့်ကျွမ်းရိယွင်ပဲ!” ရန်ရန်ရဲ့မျက်နှာက လုံးဝကို အေးစက်သွားသည်။
ရန်ရန်က အိမ်သို့ တက္ကစီ စီးသွားလိုက်ကာ မျက်နှာတည်တည်နဲ့ တစ်ချိန်လုံး ဘာမှ မပြောသလို တက္ကစီခပေးတဲ့အခါ QR codeကိုဘဲ တိုက်ရိုက်စကင်ဖတ်လိုက်ပြီး ဒရိုင်ဘာကိုတောင် နည်းနည်း ကြောက်လန့်သွားစေခဲ့သည်။
ညလယ်ခေါင်မှာ အရိုင်းဆန်ဆန် ဝတ်စားထားတဲ့ လူငယ်တစ်ယောက်က ဘားလမ်းကြားကနေထွက်ပြီး ကားပေါ်တက်လာတယ်။ သူကဒေါသအပြည့်နဲ့ မျက်လုံးတွေက အေးစက်နေပြီး အကြည့်တစ်ချက်နဲ့တင် လူကောင်းတဲ့မတူဘူး။ အိုး သူအရက်နံ့လည်းရတယ်။