လက်ထပ်ဖို့ လိမ္မာရေးခြားရှိမှုကို အားကိုးပြီးနောက် ချစ်မိသွားတယ်
အပိုင်း ၁၂
“ကောကော ဟောပြောပို့ချတာ ပြီးသွားပြီလား?” ရန်ရန်ရဲ့အသံက တက်ကြွတဲ့အပြုံးလေး ပါဝင်နေတုန်းပင်။
“အင်း၊ ကိုယ်မင်းထွက်သွားတာ တွေ့လိုက်လို့”
“ကျွန်တော်က နားမှမလည်ဘဲ၊ ကောကောကိုဘဲ ကြည့်ဖို့လာခဲ့တာ။ ကောကောက အိမ်ပြန်မလာတာ တော်တော်ကြာနေပေမယ့် အဆင်ပြေနေတဲ့ပုံပါဘဲ အဲ့ဒါကြောင့် ကျွန်တော် ထွက်လာတာ။ ဒီနေ့ကျွန်တော် ဖျော်ဖြေပွဲတစ်ခုရှိတယ်”
ကျွမ်းရိယွင်မှာ မကြာသေးခင်ကဘဲ အေးစက်နေပေမယ့် ရန်ရန်ရဲ့ စကားကို ကြားလိုက်ရတော့ သူက ငြိမ်သက်သွားပုံပေါ်သည်။ ဒါဟာ သူက ရန်ရန်ကို ဂရုစိုက်တယ်ဆိုတာဘဲ။
“ဘာဖျော်ဖြေပွဲလဲ?”
“ကြီးကြီးမားမားပွဲတော့လည်း မဟုတ်ပါဘူး…. မဟုတ်ဘူး၊ ကျွန်တော် ဆိုလိုတာက ဒါက တခမ်းတနားတော့မဟုတ်ဘူး... ဒီတိုင်း၊ COSplayပွဲ ခင်ဗျားသိလား? ဒီနေ့က ကျွန်တော်တို့ကျောင်းရဲ့ anime ပွဲတော်လေ။ အားကစားခန်းမထဲမှာ ပွဲလုပ်နေတာ ကျွန်တော့်ကိုလည်း ဇာတ်ကောင်တစ်ခု စီစဉ်ပေးထားတယ်”
COSplayက ဘာလဲဆိုတာ ကျွမ်းရိယွင်မသိပေမယ့် သူတော့ လုံးဝ စိတ်မဝင်စားပေ။ အဲ့ဒါနဲ့ သူက အကြောင်းအရာကို ပြောင်းတော့ခါနီးမှာ ရန်ရန်က လာဖို့ ဖိတ်လိုက်သည်။
“ကောကော ကျွန်တော်တို့ကို လာကြည့်ချင်လား? ထမင်းတူတူစားကြရင်ရော ဘယ်လိုလဲ?”
“ကိုယ်စားလို့မရဘူး၊ လုပ်စရာရှိနေလို့”
“အဲ့ဒီလိုလား? ကျွန်တော်သာ သိရင် ကောကောဟောပြောတာကို နားထောင်လိုက်မှာ”
သူ့ရဲ့ စိတ်ပျက်သွားတဲ့လေသံက ကျွမ်းရိယွင်ရဲ့ နားရွက်ဖျားတွေမှာ နည်းနည်း နွေးထွေးသွားသလို ခံစားလိုက်ရသည်။သူက သူ့အိမ်ထောင်ဖက်ရဲ့ကျောင်းမှာ ဟောပြောပို့ချမယ့်အကြောင်းကို သူ့ဆီကြိုတောင်မပြောပြဘဲ ရောက်လာခဲ့သည်။
ဒါပေမယ့် တစ်ဖက်လူကတော့ တစ်ဖက်လူကတော့ သူ့ကိုစိတ်ပူလို့ ရောက်လာခဲ့တယ်။ သူကရော? သူဒီကို ရောက်နေပေမယ့် သူ့ကိုတွေ့ဖို့ ငြင်းလိုက်တယ်…. ဒါပေမယ့် ဒီတစ်ကြိမ်မှာတော့ တစ်ဖက်လူရဲ့ သဘောထားက ‘ကျွန်တော်သာ သိလို့ရှိရင် ကောကောနဲ့အတူတူ ပိုရှိနေပေးမှာ’ လို့ ပြောနေသလိုပင်။
ဒီလိုမျိုး တက္ကသိုလ်ကျောင်းသားတစ်ယောက်က သူ့ကို ဒီလိုဂရုစိုက်ပေးတာကို ကျွမ်းရိယွင် ဘယ်တုန်းကရခဲ့လို့လဲ?
“ကိုယ် အားကစခန်းမထဲရောက်တဲ့အခါကျရင် မင်းကို ဖုန်းခေါ်လိုက်မယ်”
“ကောင်းပါပြီ! ထမင်းကရော?”
“ကိုယ်မစားတော့ဘူး လုပ်စရာတွေ ရှိနေသေးလို့”
“ကောင်းပါပြီ” သူ့အသံက နည်းနည်းစိတ်ပျက်သွားပေမယ့် ခြုံငုံကြည့်ရင်တော့ သူပျော်နေသေးသည်။
ဖုန်းချပြီးတဲ့နောက် ရန်ရန်က မြေခွေးလေးလိုမျိုး ပြုံးလိုက်သည်။ သူစင်ပေါ်ကို ပြန်တက်လာက နောက်တစ်ခါ ထပ်ပြီး အဝိုင်းခံလိုက်ရသည်။ အားလုံးက သူနဲ့အတူတူ ဓာတ်ပုံရိုက်ချင်နေကြသည်။
ဒီတစ်ကြိမ်မှာတော့ သူက ဖုန်းကို vibrate မု ဖွင့်ထားလိုက်ပြီး ကျွမ်းရိယွင်ဖုန်းဝင်လာတာနဲ့ သူကိုင်လိုက်သည်။ သူက လူအုပ်ကြားကနေဖြတ်ပြီး အားကစားဝင်ပေါက်ဆီသွားနေတဲ့အသံကို ကျွမ်းရိယွင်က ဖုန်းထဲကနေ ကြားလိုက်ရသည်။
ရန်ရန်က “နည်းနည်းလောက် ရွှေ့ပေးပါလား”၊ “ကောင်းပါပြီ နောက်မှ ဓာတ်ပုံရိုက်ကြတာပေါ့” ၊“ခဏလောက်စောင့်ပါ” ၊“ဓာတ်ပုံရိုက်လို့ရပါတယ်” စသည်ဖြင့် ပြောနေတာကို သူကြားနေရသည်။ သိသိသာသာကိုဘဲ လူအများကြီး သူ့ကို နေဖို့ တားနေပေမယ့် သူကတော့ ထွက်သွားဖို့ ဆုံးဖြတ်လိုက်ပုံရသည်။
အားကစားခန်းမထဲမှာ ရုတ်ရုတ်သဲသဲဖြစ်နေတာကို မြင်တော့ ကျွမ်းရိယွင်က ဝင်သွားဖို့လုပ်လိုက်သည်။ ဒါက လက်မခံနိုင်လောက်အောင် တရားလွန်လှသည်။
ကျောင်းသားတွေက ဝိုင်းအုံနေကြပြီး တချို့မှာ 2Dဝတ်စုံတွေ ဝတ်ထားကြကာ ကျွမ်းရိယွင်ကို တကယ့်ကမ္ဘာလောကကနေ အချိန်ခဏလောက် ကွဲကွာသွားသည်ဟု ခံစားရစေသည်။
သူက animeပွဲတော်ကို မတက်ဖူးသလို anime တွေကိုလည်း မကြည့်ဖူးပါချေ။ ရန်ရန်ကို လူအုပ်ကြားထဲမှာ သူ မတွေ့သေးခင်အထိ COSတွေအတွက် “အဖိုးတန် ဝတ်စုံ” လို့ခေါ်နိုင်တဲ့ အရာတွေကို သူလုံးဝ နားမလည်ပါချေ။
သူ့မှာ ခါးထိရှည်တဲ့ အနက်ရောင်ဆံပင်အရှည်ကြီးရှိပြီး၊ ခေါင်းစည်းပုဝါနဲ့ အပြာရောင်ဝတ်စုံအရှည်ကြီးဝတ်ထားကာ ကြည့်ရတာ လှပပြီး ကျက်သရေရှိလှသည်။
သူ့ရဲ့လက်ရာမြောက်ပြီး ကြည့်ကောင်းတဲ့ပုံစံက တခြားကမ္ဘာကနေ ရောက်လာတဲ့ ကြည့်ကောင်းပြီး သိမ်မွေ့တဲ့ ကောင်လေးလိုမျိုး ခံစားရစေသည်။
သူက သူ့လမ်းကြောင်းကို ပိတ်ဆို့နေတဲ့ ကောင်မလေးနှစ်ယာက်အပါအဝင် စိတ်အားထက်သန်နေတဲ့ အတန်းဖော်တွေရဲ့ နောက်ကနေ ထွက်လာသည်။
“စီနီယာ ထွက်ပြေးဖို့ မစဉ်းစားနဲ့နော်။ တိုက်ခိုက်ပြီးပျက်စီးသွားတဲ့ မိတ်ကပ်မပါဘဲနဲ့ ကျင့်ရွှမ် ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ?
“ဟုတ်တယ်၊ တိုက်ပွဲမှာ ဒဏ်ရာ ရသွားတဲ့ ပုံစံရှိရမယ်” လူအုပ်ထဲက ကောင်မလေးက သူမရဲ့ နှုတ်ခမ်းနီကို ထုတ်လိုက်ပြီး သူ့အပေါင်းအဖော်တွေကလည်း ရန်ရန်ကို ရှုပ်ဖို့ လက်ထုတ်လာကြသည်။
လူအုပ်ကြီးက အော်ဟစ်ကာ လက်ခုပ်ဩဘာပေးနေကြသည်။ “ တိုက်ပွဲပျက်စီးသွားပြီ! တိုက်ပွဲပျက်စီးသွားပြီ! တိုက်ပွဲပျက်စီးသွားပြီ!”
တရုတ် comic ထဲက အမျိုးသားနတ်ဘုရားဖြစ်တဲ့ ကျင့်ရွှမ်ကို မျက်နှာကျက်တွင် ပုံစံပြထားသည်။ မျက်နှာကျက်မှာ တိုက်ပွဲပျက်စီးနေတဲ့ ပုံစံဖြစ်ပြီး မရေမတွက်နိုင်တဲ့ ကောင်မလေးတွေက သူ့ကို ယောက်ျားလို့ ခေါ်ကြကာ လုံလုံလောက်လောက် ကြည့်မကောင်းကြတဲ့ Cosplayerတွေက ဒီဟာကို မလုပ်ရဲကြပေ။
ဒီတစ်ခေါက် ရန်ရန်ကိုသာ မရခဲ့လို့ရှိရင် သူတို့လည်း ကြိုးစားဖို့ သတ္တိရှိမှာ မဟုတ်ပေ။ သူ့ရဲ့ ဓားသွားသဖွယ်မျက်ခုံးတွေ၊ ကြယ်လိုတောက်ပနေတဲ့ မျက်လုံးတွေ၊ သွယ်လျတဲ့ ခါးလေးနဲ့ ခြေတံရှည်ရှည်တွေက နှစ်ဘက်မြင် ကမ္ဘာထဲက တိုက်ရိုက်ထွက်လာတဲ့ပုံလိုပင်။
ရန်ရန်က သူ့ရဲ့ လက်ညှိုးကို မြှောက်လိုက်ပြီး “ရှား” ဆိုတဲ့ အမူအရာလုပ်လိုက်သည်။ သူ့မျက်နှာပေါ်က အပြုံးက နည်းနည်း ကူကယ်ရာမဲ့နေပြီး အလိုလိုက်တဲ့ပုံပေါ်နေသည်။
ကောင်လေးရဲ့ ကောင်းကင်ဘုံလို ညင်သာလှတဲ့အသံနဲ့ အတူအညီတောင်းလိုက်သည်။ “မင်းတို့လုပ်ခိုင်းတာ ဘာမဆို လုပ်ပေးမယ်လေ? အခုတော့ တစ်ယောက်ယောက်နဲ့ တွေ့ဖို့ အရင်သွားရမယ်”
“ဘယ်သူနဲ့တွေ့ဖို့လဲ?!”
ကျွမ်းရိယွင်ရဲ့ ရင်ထဲမှာ တင်းကြပ်သွားပြီး ရန်ရန်ပတ်ပတ်ရှိ လူအုပ်ကြီးက ဆူညံနေသည်။
“လျှို့ဝှက်ချက်” ရန်ရန်က တိုးတိုးလေး ရယ်လိုက်တော့ လူအုပ်ကြီးက ထပ်ပြီး အော်ဟစ်လာသည်။ သူက လျစ်လျှူရှုလိုက်ပြီး အဝေးကနေ ကျွမ်းရိယွင်နဲ့ အကြည့်ချင်းဆုံသွားသည်။
သူက အရမ်း နာမည်ကြီးကာ လူအုပ်ကြီး တစ်ခုလုံးကို ထိန်းချုပ်ထားပြီး သူ့အရှေ့က ရှက်ကိုးရှက်ကန်းနဲ့ နူးညံ့တဲ့ကောင်လေးနဲ့ မတူတဲ့ လူတစ်ယောက်လိုပင်။
ကျွမ်းရိယွင်မှာ ဘာပြောရမှန်း မသိတော့ပေ။ ဒီထဲက စိတ်လှုပ်ရှားမှုတွေနဲ့ ဒီကောလိပ်ကျောင်းသားတွေရဲ့ စိတ်အားထက်သန်မှုတွေက သူနဲ့ မလိုက်ဖက်နေပေ။ အဲ့ဒီအတွက်ကြောင့် သူက ရန်ရန်ကို ခေါင်းညိတ်ပြလိုက်ပြီး သူ့ဖုန်းကို ထောင်ပြလိုက်ကာ လှည့်ထွက်သွားလိုက်သည်။
ရန်ရန် ခေါင်းငုံ့ကြည့်လိုက်တော့ WeChatကနေ မက်ဆေ့ခ်ျအသစ်ရောက်ကြောင်း အကြောင်းကြားချက် ရှိနေသည်။
[ကျွမ်းရိယွင် - မင်းအလုပ်ကိုဘဲ အရင်ပြီးအောင်လုပ်လိုက်ပါ၊ နောက်တစ်ခေါက်မှတွေ့မယ်]
“နောက်တစ်ခေါက်” ဒါက ရက်အတော်ကြာမှ ဖြစ်နိုင်လောက်သည်။ ဒါပေမယ့် ဒီတစ်ခေါက်တော့ ရန်ရန်လည်း ကန့်ကွက်ဖို့မရှိပေ။
နှစ်ထောင်ပေါင်းများစွာခဲနေတဲ့ ရေခဲရဲ့ ထောင့်စွန်းတစ်ခုက ကွဲထွက်သွားပြီး တက်ကြွမှု အမျှင်ပါးပါးလေးတစ်ခုက ကမ္ဘာလောကထဲ လွတ်ကျသွားသလိုမျိုး ကျွမ်းရိယွင်ရဲ့ အမူအရာကို သူမြင်ခဲ့ရသည်။
.........
မနှစ်တုန်းက စန်းလန် Group ရဲ့ဆေးဝါးဖွံ့ဖြိုး တိုးတက်ရေးစင်တာကို ရှင်းရှီသို့ တရားဝင် ပြောင်းရွှေ့ခဲ့ပြီး နှစ်အတော်ကြာလှုပ်ရှားမှုမရှိခဲ့သည့် နောက်တွင် သိသာထင်ရှားသော အပြောင်းအရွှေ့တစ်ခုအဖြစ် သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့အသစ်ကို တစ်ပြိုင်နက်တည်း ဖွဲ့စည်းခဲ့သည်။
စန်းလန်Groupမှာ မူရင်းဆေးဝါးများ ဖွံ့ဖြိုးတိုးတက်ရေးတွင် ပါဝင်သည့် ပြည်တွင်းဆေးဝါး ကုမ္ပဏီအနည်းငယ်ထဲမှ တစ်ခုဖြစ်သည်။
စန်းလန် Groupမှ လူငယ်သခင်လေး ကုမ္ပဏီကို လွှဲပြောင်းယူပြီးနောက်တွင် သူ့ရဲ့ပထမဆုံးလှုပ်ရှားမှုမှာ စန်းလန် Group၏ သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေး အဖွဲ့အသစ် သုတေသနအဖွဲ့ 6 ကို ဖွဲ့စည်းကာ နိုင်ငံခြားမှ သူ့ရဲ့ အတန်းဖော်များကို ပြန်ခေါ်လာခြင်းဖြစ်သည်။
အဖွဲ့၆ရှိ သုတေသီများအားလုံးက အရမ်းငယ်ရွယ်ကြသည်။ အဖွဲ့ခေါင်းဆောင် ကျွမ်းရိယွင်က ဒီနှစ်မှာ27နှစ်ဘဲ ရှိသေးပြီး အဖွဲ့ရဲ့ အသက်အကြီးဆုံး အဖွဲ့ဝင်ကတော့ 33 နှစ်ဖြစ်ပေမယ့် ဒီလောကထဲမှာတော့ သူတို့အားလုံးက အရည်အချင်းရှိတဲ့ အသစ်လေးတွေဖြစ်ကြသည်။
ရှောက်တုန့်မိသားစု၏ သူငယ်ချင်း ဆက်ဆံရေးကြောင့် မဟုတ်ပါက စန်းလန် Groupမှာ လူသစ်စုဆောင်းရာတွင် အများနဲ့ယှဉ်ပြိုင်နိုင်မည် မဟုတ်ချေ။
ကျွမ်းရိယွင်ရဲ့အဖွဲ့ကို Monash တက္ကသိုလ်တွင် ဘွဲ့လွန်တက်နေစဉ်အတွင်း ဖွဲ့စည်းခဲ့ပြီး လူတွေကသူတို့ ဘွဲ့လွန်နဲ့ ပါရဂူဘွဲ့တက်နေစဉ်အတွင်းမှာ တဖြည်းဖြည်းနဲ့ ပါဝင်လာကြသည်။
အစတုန်းက အဖွဲ့ဝင်အားလုံးမှာ သူ့အတန်းဖော်တွေဖြစ်ကြပြီး နောက်ပိုင်းတွင် စီနီယာတွေလည်း ပါဝင်လာကြသည်။ သူ့ရဲ့ Ph.Dကာလအတွင်း အဖွဲ့သည် သိသာထင်ရှားတဲ့ သုတေသန ရလဒ်များကို စုဆောင်းခဲ့တာကြောင့် Harvardမှ Ph.D တစ်ဦးနှင့် Oxfordမှ အခြားPh.Dတစ်ဦးတို့ကို ကြော်ကြားမှုကြောင့် အဖွဲ့ဆီ ဆွဲဆောင်ခဲ့ပြီး အသင်းအရွယ်အစားမှာ အဖွဲ့ဝင် 12ဦးဖြင့် တည်ငြိမ်သွားခဲ့သည်။
ဒီလူ12ယောက်တွင် 7ယောက်က စန်းလန်ရဲ့ဖိတ်ခေါ်မှုကို သူနဲ့အတူ လက်ခံခဲ့သည်။ သူက တရုတ်ကို ပြန်လာခဲ့ပေမယ့် သူ့အဖွဲ့ဝင်တွေကတော့ နိုင်ငံခြားတိုင်းပြည်မှပင်လယ်ပြင်ကိုဖြတ် သူ့နောက်လိုက်လာကြသည်။ သူတို့က ဒီအသက်မွေးဝမ်းကြောင်းအတွက် မျှော်လင့်ချက် ကြီးကြီးမားမား ရှိကြသည်။
အဲ့ဒီအတွက်ကြောင့် ကျွမ်းရိယွင်က တကယ်အလုပ်များနေတာဖြစ်သည်။ အဖွဲ့၆က သူတို့ရှစ်ယောက် အပါအဝင် စန်းလန်သည် သူတို့အတွက် သုတေသနလက်ထောက်များ၊ နည်းပညာရှင်များနှင့်အတူ လုံလောက်တဲ့ ရန်ပုံငွေများကို ယုံကြည်စိတ်ချစွာနဲ့ ထောက်ပံ့ခဲ့သည်။
မူရင်းဆေးဝါးများအတွက် ဖွံ့ဖြိုးတိုးတက်မှုစက်ဝန်းမှာ ရှည်လျားလှသော်လည်း ဆယ်စုနှစ်တစ်စုကြာလျှင်တောင် အထူးအဆန်း မဟုတ်ပါချေ။ အထူးသဖြင့် ဒီပရောဂျက်မှာ သူ့ရဲ့အသက်မွေးဝမ်းကြောင်းဖြစ်တာတင်မက တိုးတက်မှုကိုလည်း ရပ်တန့်ထားလို့ မရပါချေ။
ရန်ရန် ဖုန်းခေါ်လာတဲ့အချိန်မှာ ကျွမ်းရိယွင်က စမ်းသပ်ခန်းထဲကနေ ထွက်လာခါစပင်ရှိသေးသည်။ သ့လက်ထောက်ယူလာတဲ့ မှတ်စုတွေကို ဖတ်လို့ပြီးသွားတော့ စဉ်းစားနေရင်း လက်အိတ်တွေကို ချွတ်လိုက်သည်။
သူ့ရဲ့ဖုန်းစခရင်မှာ “ရန်ရန်”ဆိုပြီး ပေါ်လာတာတွေ့တော့ တစ်ခဏလောက် ရှုပ်ထွေးသွားကာ သူကတခြားကမ္ဘာမှာ ရှိနေသလိုမျိုး ခံစားလိုက်ရသည်။ ပြင်းထန်ပြီး အနှောက်အယှက်ကင်းတဲ့ အလုပ်ကို ဆက်လက်လုပ်ပြီးတဲ့နောက်မှာ သူတို့တစ်ယောက်နဲ့တစ်ယောက် တွေ့ခဲ့တာ အတော်ကြာခဲ့ပြီဖြစ်သည်။
ဟုတ်သည်၊ နောက်တစ်ပတ်တောင် ရှိနေပြီဖြစ်သည်။ သူတို့နောက်ဆုံးအကြိမ်တွေ့ခဲ့တာက ရန်ရန်ရဲ့ကျောင်းမှာဖြစ်သည်။
လက်ထောက်ရဲ့အကြည့်က သူဖုန်းပြန်ဖြေမှာလားလို့ မေးနေသည်။ သူခေါင်းညိတ်ပြလိုက်တော့ လက်ထောက်က ပြန်ဖြေတဲ့ခလုတ်ကိုနှိပ်လိုက်ပြီး တိုက်ရိုက်စကားပြောလို့ရအောင် စပီကာဖွင့်လိုက်သည်။ Dr.ကျွမ်းက သူ့ကိုဖုန်းဆက်ပြီး ချဉ်းကပ်လာတဲ့လူတွေကို သဘောမကျပါချေ။
“ကောကော ဒီနေ့ညစာစားဖို့ အိမ်ပြန်လာမှာလား? ခရစ်စမတ်အကြိုအတွက် ကျွန်တော် ချက်ပြုတ်မလို့”
ကျယ်ဝန်းတဲ့ရုံးခန်းထဲတွင် ရန်ရန်ရဲ့ ကြည်လင်ပြီး နူးညံ့တဲ့အသံက ပဲ့တင်ထပ်သွားကာ အဖွဲ့ထဲရှိ လူတိုင်းက လှမ်းကြည့်လာကြသည်။ သူ့ဘေးက နိုင်ငံခြားသားတချို့က တရုတ်လူမျိုး အဖွဲ့ဝင်တွေဆီကနေ ဘာသာပြန်ပေးတာကို သိလိုက်ရတော့ “ဝိုး” ဆိုပြီး အသံတွေ ထွက်လာကြသည်။
ကျွမ်းရိယွင်က လက်အိတ်ကို လက်တစ်ဖက်ထဲနဲ့ ချွတ်လိုက်ပြီး ချက်ချင်းဖုန်းကို ယူလိုက်ကာ စပီကာကို ပိတ်လိုက်ပြီး သူ့ရုံးခန်းထဲ ဝင်သွားလိုက်ပေမယ့် အပြင်ဘက်က ဆွေးနွေးမှုတွေကိုတော့ သိသိသာသာကိုဘဲ မတားနိုင်ပါချေ။
“Dr.ကျွမ်းက တစ်ဦးတည်းသော သားဆိုတာ ငါမှတ်မိပါသေးတယ်။ သူ့အိမ်မှာနေနေတဲ့ ဒီညီငယ်လေးက ဘယ်ကနေရောက်လာတာလဲ?”
“အသံက အရမ်းချိုသာနေရော”
“ပြီးတော့ သူ့အတွက် ချက်ပြုတ်ပေးတယ်”
“ခရစ်စမတ်အကြိုကို သူနဲ့အတူ ဆင်နွှဲဖို့လည်း ပြောသေးတယ်”
“ကျွမ်း အိမ်အမြန်ပြန်လိုက်တော့ ဒီနေ့ ငါတို့မင်းရဲ့ ရုံးခန်းကို သိမ်းလိုက်ပြီ” အဖွဲ့ရဲ့ ဒုခေါင်းဆောင်က အကျယ်ကြီး အော်ပြောလိုက်သည်။ အချိန်အတော်ကြာ ပျောက်ဆုံးနေတဲ့ အပန်းဖြေမှုလေထုကြီးက အဖွဲ့ထဲ ပျံ့နှံ့သွားကာ လူတိုင်းက ရယ်လိုက်ကြသည်။