အပိုင်း ၁၁
Viewers 98

လက်ထပ်ဖို့ လိမ္မာရေးခြားရှိမှုကို အားကိုးပြီးနောက် ချစ်မိသွားတယ် 


အပိုင်း ၁၁




 

ကျွမ်းရိယွင် ရန်ရန်ရဲ့ နီရဲနေတဲ့ မျက်နှာကို ကြည့်လိုက်သည်။ သူက ဘယ်လိုလိမ်ရမလဲဆိုတာတောင် မသိဘူး။ သူ့ကို သူနဲ့အတူအိပ်ဖို့ မေးရဲဖို့ကို အရမ်းရှက်နေတာ။



 ဒါက သူ့နေရာကို တစ်စိမ်းတစ်ယောက် သိသိသာသာကျူးကျော်လာတာ ဖြစ်ပေမယ့် အခုတော့ ရန်ရန်ရဲ့ တုံ့ပြန်မှုက သူစိတ်ကူးထားသလိုမျိုး မနှစ်မြို့စရာမဖြစ်နေပေ။ အနည်းဆုံးတော့ သူ့အတွက် စိုးရိမ်မှု အစစ်အမှန် ပေါ်လာသည်။ 


 

“ကိုယ်က ဓာတ်ခွဲခန်းထဲမှာဘဲ အလုပ်ရှုပ်နေတတ်လို့ အိမ်ကို အမြဲတမ်း ပြန်မလာဖြစ်ဘူး။ ပြီးတော့ တခြားသူတွေနဲ့လည်း အိပ်ယာဝေမျှ အိပ်ကျင့်မရှိဘူး” 



ကျွမ်းရိယွင်က သူ့လေသံကို တုံးတိမဖြစ်‌နေအောင် သူ့နှုတ်ခမ်းကို နည်းနည်းကွေးလိုက်သည်။ သူက ဧည့်ခန်းဆီ သွားပြီး ပြောလိုက်သည်။ 



 “အိမ်ကပစ္စည်းတွေကို လွတ်လွတ်လပ်လပ်သုံးလို့ရတယ်။ ဒီကတ်က မင်းအတွက် လျှို့ဝှက်နံပါတ်က 234567။ ကိုယ့်မှာ လုပ်စရာအလုပ်တွေ ရှိသေးတယ် မင်းဘာသာမင်း ရှင်းလင်းလို့ရတယ် ကိုယ်‌သွားတော့မယ်” 

 


ရန်ရန်က အိပ်ခန်းအပြင်ဘက်အထိ သူ့နောက်လိုက်သွားလိုက်သည်။ ကျွမ်းရိယွင်ကတော့ တံခါးပိတ်ပြီး ထွက်သွားကာ သူ့ကို ထပ်နေဖို့ ဆွဲဆောင်ခွင့်တောင်မပေးဘဲ အိမ်မှာ တစ်ယောက်ထဲ ချန်ထားလိုက်သည်။



 လက်ထပ်ပြီးပထမဆုံးနေ့မှာ ဘာမှစားစရာမရှိသလို အတူတူနေတဲ့ ပထမဆုံးနေ့မှာလည်း ဘာမှမစားရဘူး။ သူတို့ရဲ့ဆက်ဆံရေးက လုပ်ဖော်ကိုင်ဖက်တွေထက်တောင် ဆိုးသေးတယ်။ 


 

“F*k ကျွမ်းရိယွင် ငါ့ကိုလာခေါ်ပြီး အိမ်မှာ ပစ်ထည့်သွားတယ်။ အခုလေးတင်ငါ့ကို ပြုံးပြပြီး လှည့်ထွက်သွားတာ။ သူက လူရောဟုတ်ရဲ့လား?”  



ရန်ရန်က ကျန်းလီကို ဖုန်းခေါ်ပြီး မကျေမနပ်ပြောကာ သူ့ကိုယ်သူ ဆိုဖာပေါ်မှာ ဖြန့်ကားလှဲလိုက်သည်။ 

 


“ဒီဆိုဖာက အရမ်းမာတာ သူက ဒီအပေါ်မှာ တကယ်‌ကြီး အိပ်မယ်လို့ ပြောတယ်၊ ဘယ်လောက် ရယ်စရာကောင်းလိုက်သလဲ!” ရန်ရန်က သူ့အောက်က ဆိုဖာကို ထိုးလိုက်သည်။  

 


“သူက နင့်အတွက် နေစရာနဲ့ နင့်စိတ်တိုင်းကျသုံးဖို့ ကတ်တစ်ခုပေးခဲ့တယ်။ ကတ်ထဲမှာ ပိုက်ဆံဘယ်လောက်ရှိလဲဆိုတာ နင်ကြည့်ပြီးပြီလား? ငါသာ နင့်နေရာမှာဆို သူက ကမ္ဘာပေါ်မှာအကောင်းဆုံး ယောက်ျားဘဲ။ ပိုက်ဆံပေးတယ် နေဖို့နေရာပေးတယ် အိမ်လည်းပြန်မလာဘူး!” 

 


“သွားစမ်းပါ၊ ဒီအစ်ကိုရန်က သူ့ရဲ့ပိုက်ဆံနဲ့ အိမ်ကို ဂရုမစိုက်ဘူး။ ငါလိုချင်တာ အားလုံးက သူအိမ်ပြန်လာဖို့ပဲ” 

 


“ဒါပေမယ့် ဒီအပြုအမူက ပုံမှန်ပဲလို့ ငါထင်တယ်။ နင်နဲ့သူက လက်ထပ်ဖို့ သဘောတူ စာချုပ်ချုပ်ထားတာ။ နင်နဲ့သူသာ ရင်းရင်းနှီးနှီးပြုမူရင် ဒါက နင့်ကို လှည့်စားနေတာဘဲ မဟုတ်လား? အကွာအဝေးတစ်ခု ထားတာက မှန်တဲ့အရာဘဲလေ။ ဒီလိုမျိုးက သူ့အတွက်တော့ မှန်တယ်။ အခုခေတ်မှာ ငါတို့အားလုံးက တစ်ယောက်ထဲနေချင်ကြတာ‌လေ မဟုတ်ဘူးလား? နင့်ကို သူနဲ့အတူနေဖို့ မေးတယ်ပြီးတော့ သူ့အိမ်ကို နင့်ဆီ တိုက်ရိုက်ပဲပေးလိုက်ပြီး သူကအိမ်ခဏခဏ ပြန်လာမှာ မဟုတ်ဘူးလို့လည်း ပြောတယ်။ သူ့အပေါ်မှာ နင်မကောင်းတဲ့ အတွေးတွေသာ မရှိရင် သူ့ရဲ့အပြုအမူက လုံးဝကို ချို့ယွင်းချက်မရှိဘူး” 


 

“ငါ့အပြစ်လား? ငါသူ့ကို ကူညီ‌ခဲ့လို့ သူကပိုပြီး စိတ်အားထက်သန်နေသင့်တာ မဟုတ်ဘူးလား?” 

 


“လုပ်စမ်းပါ၊ ဘယ်သူက ဘယ်သူ့ကို ကူညီနေတာလဲ? နင်က သူ့ကို ကူညီနေတဲ့ပုံပေါ်ပေမယ့် အမှန်တကယ်တော့ နင်က ဆိုးဝါးတဲ့ ရည်ရွယ်ချက်နဲ့ တိုင်ကို တက်လာတာလေ” 


 

“ဟုတ်တယ် အမှန်ပဲ။ ဒီလောက်မြင့်တဲ့တိုင်ကို ငါဆိုတဲ့ ရန်ရန်က မတက်နိုင်ရင် အဓိပ္ပါယ်မရှိဘူး” 

 


နှစ်ယောက်သားက စနောက် ရယ်မောနေကြရင်း ဖုန်းမချခင် ခဏလောက် စကားပြောလိုက်ကြသည်။ ရန်ရန်က takeaway မှာလိုက်ပြီး Taobao ကို ဖွင့်လိုက်ပြီး စားရင်းနဲ့ ဆိုဖာကို စရှာလိုက်သည်။ 



အခုချိန်မှာ ကတ်က သူ့အတွက် ဖြစ်တာကြောင့် သူ့ပိုက်ဆံကိုသုံးပြီး သူ့ကိုယ်သူစိတ်ကျေနပ်အောင် လုပ်သင့်တယ်! 



အရပ် 190.8cm ရှည်တဲ့ ကျွမ်းရိယွင်အတွက် လိာက်လျောညီထွေရှိပြီး သက်တောင့်သက်သာရှိဖို့ အဆင်မပြေတဲ့ဆိုဖာကို ဆိုဖာကုတင်အဖြစ် အစားထိုးဖို့လိုသည်။ 

 


ဟင့်အင်း၊ သူ့ရဲ့အရပ်ကို အမှတ်ရပေးတဲ့ အခန်းဖော်ကောင်းဖြစ်နိုင်သေးတယ်။  


 

ရန်ရန်က စိတ်အားထက်သန်စွာနဲ့ ကျွမ်းရိယွင်ရဲ့ ဆိုဖာကို လဲလိုက်ပြီး သူ့အတွက်လည်း ကွန်ပျူတာစားပွဲတစ်လုံးနဲ့ ထိုင်ခုံတစ်လုံးကိုလည်း ဝယ်လိုက်သည်။ ရလဒ်အနေနဲ့ သူမှာထားတဲ့ ဆိုဖာကို အစားထိုးလိုက်သည်။ 



ကျွမ်းရိယွင်ရဲ့အိမ်မှာ သူက တိုက်ရိုက်ထုတ်လွှင့်မှု နှစ်ခါလုပ်ပြီးသွားပြီဖြစ်ကာ ကျွမ်းရိယွင်က တစ်ခေါက်လေးတောင် ပြန်မလာခဲ့ပေ။ 



လတစ်ဝက်လောက် သူ့ရဲ့ဘွဲ့ကြိုစာတမ်းကို စရေးလိုက်သည်။ ရာသီဥတုက တဖြည်းဖြည်းနဲ့ အေးလာပြီး ကျွမ်းရိယွင်ကလည်း လက်တွေ့ခန်းထဲမှာဘဲ ရှိနေဆဲပင်။ 

 


ရန်ရန်က သူ့အမေပြောစကားကို နားထောင်ပြီး သူ့ရဲ့golden retriever ဆံပင်အရောင်ကို ထပ်‌ဆောင်းဆိုးလိုက်သည်။ သူအပြင်ထွက်တဲ့အခါ သူ့ရဲ့ဆံပင်က အမိုက်စား ရွှေရောင်ဆံပင်တွေ ဖြစ်လာသည်။ 



အဲ့ဒီအခါမှပဲ သူ့ရဲ့ဆံပင်တွေက သူ့မျက်လုံးတွေကို စိတ်ချမ်းသာစေပြီး အပြင်ထွက်လည်ပတ်ဖို့ အားအင်တွေရလာသည်။ သူက ‘ရှိုးပွဲ’ သွားဖို့ သူ့သူငယ်ချင်းတွေနဲ့ ချိန်းလိုက်သည်။ 



ဆက်စီကျတဲ့ အဝတ်အစားတွေ၊ လှပတဲ့ကြွက်သားတွေနဲ့ ကြည့်ကောင်းတဲ့အမျိုးသားတွေရဲ့ စိတ်လှုပ်ရှားစရာအက က မျက်စိဖမ်းစားလှသည်။ သူ့ကိုစင်ပေါ်မှာ ကဖို့တောင် အဖိတ်ခံလိုက်ရသည်။ 



လူငယ်လေးတွေရဲ့ ရင်ဘက်နဲ့ ဝမ်းဗိုက်ကြွက်သားတွေကို ထိရတာက အရမ်း ခံစားလို့ကောင်း‌ပေမယ့် တခြားလူက သူ့ကို လာဖက်တဲ့အခါမှာတော့ သူငြင်းလိုက်သည်။ ချွေးနံ့တွေနဲ့ ရေမွှေးနံ့တွေ ရောနှောနေတာက နည်းနည်းပြင်းထန်လှသည်။ 

 


သူရုတ်တရက် ကျွမ်းရိယွင်ကို သတိရသွားသည်။ သူ့ကို အိပ်ခန်းတံခါးမှာ သူ သူ့ကို ကိုင်ခဲ့တဲ့ နောက်ဆုံးအကြိမ်တုန်းက သူတို့တွေ တစ်ယောက်နဲ့တစ်ယောက် အရမ်း နီးကပ်ခဲ့ကာ ကျွမ်းရိယွင်ရဲ့ ကိုယ်ပေါ်က  ပိုးသတ်ဆေးအနံ့ကို သူရလိုက်သည်။ 



အမှန်တိုင်းပြောရရင် အနံ့က မကောင်းပေမယ့် အခုပြန်တွေးကြည့်လိုက်တော့ ပိုလို့တောင် ဆွဲဆောင်မှုရှိနေတာကို သိလိုက်ရသည်။ 

 


“ဟေး အခုလေးတင် ရှောင်လိုက်တာ ရန်ရန်မဟုတ်လား? အဲ့ဒီတစ်ယောက်က ကိုယ်လုံးကိုယ်ပေါက် အရမ်းကောင်းတာ၊ ငါတို့ကို မပြောဘဲနဲ့ တစ်ယောက်ယောက်ကို ချိန်းတွေ့ဖို့ တိတ်တိတ်လေး ရှာလိုက်တာလား?” 



သူစင်ပေါ်ကနေ ဆင်းလာတဲ့အခါ သူ့သူငယ်ချင်းက သူ့ကိုစလိုက်သည်။ သူက မျက်နှာဖုံးကို ချွတ်လိုက်ပြီး ဝိုင်သောက်ဖို့ ထိုင်လိုက်သည်။ 


 

“သေစမ်း၊ အဲ့ဒီကောင် နင့်ကို ကြည့်တဲ့အကြည့်တွေက ပြောင်းသွားတယ်။ ငါ့ကိုပြော ဘာဖြစ်ခဲ့တာလဲ? နင်သာ မျက်နှာဖုံးမတပ်ထားရင် သူ နင့်ကို နမ်းဖို့ဆွဲခေါ်သွားလောက်တယ်” 

 


“သွားစမ်းပါ” ရန်ရန်က မျက်ခုံးတွေပင့်လိုက်ပြီး စင်ပေါ်ကြည့်လိုက်သည်။ အခုလေးတင်သူ့ကို ဖက်ချင်နေတဲ့ လူက တကယ်ကြီး သူ့ကိုကြည့်နေသည်။ သူလှမ်းကြည့်နေတာကိုမြင်တော့ သူက သူ့နှုတ်ခမ်းထောင့်ကို ပင့်ပြီးပြုံးလိုက်သည်။ 

 


“သူကအနည်းဆုံး 1.9 မီတာလောက် မြင့်မယ်၊ နင့်အရွယ်အစားနဲ့အရမ်းကွာတယ်။ နင်က 0.5လား? လုပ်စမ်းပါ!” 


 

“သွား၊ သွား၊ သွား!” 


 

သူ့သူငယ်ချင်းတွေက တစ်ယောက်ထက်တစ်ယောက် ဆူညံသံတွေ လုပ်လာကြသည်။ စည်းကမ်းထိန်းသိမ်းရေးဌာနက ကျန်းလီနဲ့မတူဘဲ ဒီလူတွေက ပြဿနာအများကြီးဖြစ်စေတဲ့ ရန်ရန်က ဘယ်နေ့မှာ တစ်ယောက်ယောက်နဲ့ အခန်းယူမလဲဆိုတာကို နေ့တိုင်းလောင်းနေကြတဲ့သူတွေဖြစ်သည်။ 

 


နောက်တစ်ခဏမှာ စင်ပေါ်ကလူက သူ့ရဲ့ဖျော်ဖြေမှုပြီးတော့ ရှပ်အနက်ရောင်ဝတ်လိုက်ကာ သူတို့ဆီလှမ်းလာသည်။ ရှပ်က ပိုးချည်နဲ့လုပ်ထားတာဖြစ်ပြီး သူ့ရင်ဘက် တစ်ဝက်လောက်က ပေါ်နေသည်။ သူက ရန်ရန်ဆီ အခန်းကတ်ကို တိုက်ရိုက်ကမ်းပေးလိုက်သည်။  

 


“အိုး ~~” သူ့သူငယ်ချင်းတွေ အားလုံးက ဝိုင်းအော်လိုက်ကြသည်။ ရန်ရန်က ပြုံးနေပုံပေါ်ပေမယ့် မပြုံးနေသလို လှမ်းလည်းမယူလိုက်ပေ။ ကံမကောင်းစွာနဲ့ ပုံစံက အဆင်ပြေပေမယ့် စိတ်နေသဘောထားကတော့ သူ့စတိုင်မဟုတ်နေဘူး။ 



သူက ကျွမ်းရိယွင်ကို ထပ်ပြီး တွေးလိုက်သည်။ ဒီလူက သူ့အပေါ်မှာ လဝက်လောက် အေးစက်နေတာ။ သူအာရုံစိုက်ရအောင် တစ်ခုခုတော့လုပ်ရမယ် မဟုတ်ရင် သူလက်ထပ်ခဲ့တာက အလကားဘဲ။ 

 


ကျွမ်းရိယွင်က သိပ္ပံနှင့်နည်းပညာ တက္ကသိုလ်တွင် ဟောပြောပို့ချပေးဖို့ သူ့အတန်းဖော်တွေက ဖိတ်ကြားထားသည်။ ကားက ကျောင်းဝင်းထဲ ဝင်လာတဲ့အခါ ရန်ရန်ကလည်း ဒီကကျောင်းသားတစ်ယောက်ဘဲဆိုတာ သူသတိရလိုက်သည်။ 



သူ့ရဲ့အိမ်ထောင်ဖက်၊ ဒီအကြောင်းကို ရုတ်တရက် တွေးကြည့်လိုက်တော့ ရန်ရန်က သူနဲ့မရင်းနှီးနေဘူးဆိုတာ အရမ်းထူးဆန်းသည်။ သူက ဘယ်မေဂျာလည်းဆိုတာတောင် သူမသိပေ။ လဝက်လောက် အလုပ်ရှုပ်နေတဲ့အတွက် သူ့မှာ အိမ်တောင် ပြန်မလာနိုင်သလို ရန်ရန်ကလည်း သူ့ကို လိုက်မရှာနေပေ။ 

 


ဟုတ်တယ်၊ ဟန်ဆောင်လက်ထပ်ထားတာက စိတ်ပိုင်းဆိုင်ရာ ဝန်ထုပ်ဝန်ပိုးတွေမပါဘဲ သဘောတူ စာချုပ်တစ်ခုသာလျှင်ဖြစ်သည်။ 


 

ဟောပြောပွဲကို ဆေးဝါးတက္ကသိုလ်မှ ဘွဲ့ကြိုများအတွက် ရည်ရွယ်တာဖြစ်သည်။ သူဝင်ဝင်ချင်းမှာဘဲ ရန်ရန်ကို တွေ့လိုက်ရသည်။ သူက နောက်ဆုံးတန်းမှာ ထိုင်နေပြီး သူဝင်လာတဲ့အခါ သူ့မျက်လုံးတွေက တောက်ပလာသည်။ 



မမျှော်လင့်ထားစွာနဲ့ ရန်ရန်က ဒီနယ်ပယ်မှာ လေ့လာနေတဲ့ သူတစ်ယောက်လို့ သူ မထင်ထားတဲ့အတွက် ကျွမ်းရိယွင်က သူ့ကိုယ်သူ အထင်မှားနေတာလားလို့ပင် တွေးလိုက်မိသည်။



 ဒါပေမယ့် ရန်ရန်ကတော့ ဆယ်မိနစ်ကြာအောင် ဂရုစိုက်နားထောင်နေသည်။ နောက်တော့ သူက တစ်ခုခုရေးဖို့ ကျောက်သင်ပုန်းဘက် လှည့်လိုက်ပြီး ပြန်လှည့်လာတဲ့အခါမှာတော့ ကောင်လေးက အတန်းထဲကနေ ပျောက်သွားသည်။ 

 


ကျွမ်းရိယွင်မှာ တစ်ခဏလောက် ကြောင်အသွားပြီး သူရုတ်တရက် ထွက်သွားဖို့ ကိစ္စတစ်ခုခုရှိနေလို့လားဆိုတာ မတတ်နိုင်ဘဲ တွေးလိုက်မိသည်။  

 


ဒါပေါ့ ရန်ရန်မှာ မမျှော်လင့်ထားစရာ လုပ်စရာဘာတစ်ခုမှ မရှိနေဘူး။ ကျောင်းရဲ့ ကြော်ငြာဘုတ်မှာ ကျွမ်းရိယွင်ရဲ့ ဟောပြောပို့ချမှု ကြော်ငြာကို သူမြင်လိုက်တဲ့အတွက် ဒါက သူ့အတွက် အခွင့်အရေးတစ်ခုဖြစ်ကြောင်း သိလိုက်ရသည်။ ကျွမ်းရိယွင်က မတုန်မလှုပ်ဖြစ်နေရင် သူ့ကိုနည်းနည်းလေး လှုပ်ပေးရမယ်။ 

 


သူက အတန်းထဲကနေ အေးအေးဆေးဆေးဘဲ ထွက်လိုက်ပြီး ချိန်းထားတဲ့အချိန်အတိုင်း ရောက်လာသည်။ COS ကလပ်ထဲတွင် စီနီယာကျောင်းသားအများစုက ကလပ်ကနေ ထွက်သွားကြပြီဖြစ်ပေမယ့် ရန်ရန်ကတော့ ဆက်နေလိုက်သည်။



 သူ့မှာ ရွေးချယ်စရာမရှိပေမယ့် ဒီလိုဘဲလုပ်လိုက်သည်။ သူ့ပုံရိပ်က အရမ်းကြည့်ကောင်းတဲ့အတွက် လွန်ခဲ့တဲ့ နှစ်တွေကတည်းက သူ့မှာ ကလပ်ရဲ့ မျက်နှာစာဖြစ်လာသည်။



ဤသည်မှာ ရန်ရန်ရဲ့ ကျောင်းဝင်းအတွင်း anime ပွဲတော်တွင် ပါဝင်ရန် သဘောတူထားတဲ့ နောက်ဆုံးပွဲဖြစ်ပြီး ကျွမ်းရိယွင်ရဲ့ ဟောပြောပို့ချတဲ့ နေ့နဲ့ အတူတူဘဲဖြစ်သည်။ သူက ဝတ်စုံကို လဲလိုက်ပြီး ထွက်လာသည်။ 



ကျွမ်းရိယွင်ရဲ့ ဟောပြောပွဲကလည်း ပြီးတော့မည်ဖြစ်ပြီး anime ပွဲတော်ကလည်း စတော့မှာ ဖြစ်သည်။ သူ့ဖုန်းကို အသံပိတ်ထားလိုက်ပြီး ပြန်မဖြေဘဲ နှစ်ခါလောက် ပေးမြည်ထားလိုက်သည်။ ကျွမ်းရိယွင် တတိယအကြိမ်ခေါ်တော့မှဘဲ နောက်ဆုံး သူဖုန်းကိုင်လိုက်သည်။ 

 


နေရာက သီချင်းနဲ့ အသံတွေ ရောနေတဲ့အတွက် အရမ်း ဆူညံနေသည်။ ရန်ရန်က သူ့ပတ်ပတ်လည်က ကောင်လေး ကောင်မလေးတွေကြားထဲကနေ တိုးထွက်လိုက်ပြီး ဖုန်းဖြေဖို့ စင်အနောက်ကို သွားလိုက်သည်။  

 


“ကောကော?” ရန်ရန်ရဲ့အသံက ကြည်လင်ပေါ့ပါးနေပြီး နည်းနည်း မယုံသင်္ကာသလို မေးလိုက်သည်။ ဒါက ကျွမ်းရိယွင် ဖုန်းခေါ်လိုက်တာကြောင့် သူတုံ့ပြန်လာတာမဟုတ်ကြောင်း အသိအသာပင်။ 

 


ကျွမ်းရိယွင်က ခဏလောက် တုန့်ဆိုင်းသွားသည်။ သူနှစ်ခါလောက် ဖုန်းခေါ်တာ မကိုင်ဘဲ နောက်ဆုံးမှ ကိုင်လိုက်သည်။ ကောင်လေးက သူဖုန်းခေါ်တာကို အဆင်ပြေနေပုံမပေါ်ဘဲ သူ့ကို အနှောင့်အယှက် ပေးမိ‌သွားပုံပေါ်သည်။