လက်ထပ်ဖို့ လိမ္မာရေးခြားရှိမှုကို အားကိုးပြီးနောက် ချစ်မိသွားတယ်
အပိုင်း ၁၀
ဒါက ရန်ရန်တကယ်တွေးထားတာနဲ့ တူတယ်လို့ ပြောရမည်။ အခမ်းအနား အသေးစိတ်ကို အာရုံစိုက်ဖို့ ဒါမှမဟုတ် ဟန်ဆောင်လက်ထပ်ပွဲမှာ အသိသက်သေလုပ်ဖို့ သူငယ်ချင်းတွေကို ဖိတ်ဖို့ မလိုချေ။
ဒီအလိမ်အညာ အခိုက်အတန့်ကို မှတ်တမ်းတင်ဖို့မပြောနဲ့ ကျွမ်းရိယွင်က အစကတည်းက ဓာတ်ပုံရိုက်ရတာကို မကြိုက်ပါချေ။
ဒါပေမယ့် ရန်ရန်နဲ့ အမှန်ကို မသိတဲ့သူ့သူငယ်ချင်းကို တွေးမိလိုက်တော့ ကျန်းလီဖုန်းမြှောက်လိုက်တဲ့အချိန် သူ မတားလိုက်တော့ပေ။
ကျန်းလီရဲ့ တိုက်တွန်းချက်များအောက်တွင် သူ့လက်ကို ရန်ရန်ရဲ့ ပခုံးပေါ်တင်ကာ လက်ထပ်မှတ်ပုံတင်ရုံးအရှေ့တွင် သူနဲ့အတူ ဓာတ်ပုံရိုက်လိုက်သည်။
ကျန်းလီက ဒီဓာတ်ပုံကို ရန်ရန်ရဲ့ မိဘတွေဆီ ချက်ချင်းပို့လိုက်သည်။ ဓာတ်ပုံထဲတွင် ကျွမ်းရိယွင်က တည်ငြိမ်နေပြီး ရန်ရန်ကတော့ ညင်ညင်သာသာပြုံးနေကာ လိုက်ဖက်ညီတဲ့ စုံတွဲတစ်တွဲလိုပင်။
ကျားမကွဲပြားမှုနဲ့ ရန်ရန်ရဲ့ ဆံပင်အတုကလွဲရင် လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်က သူတို့စိတ်ကူးထားတဲ့ အကောင်းဆုံးမြင်ကွင်းပင်။
ရန်ရန်ရဲ့ မိဘတွေက ဝမ်းသာမှုကြောင့် မျက်ရည်ကျလုနီးပါးပင်။ သူတို့က မိသားစုဂရုထဲတွင် ရန်ရန်ကို ဝိုင်းလိုက်ပြီး ကျွမ်းရိယွင်ကို ထည့်ခိုင်းလိုက်သည်။
သူတို့နှစ်ယောက်က တန်းစီပြီးလို့ အချက်အလက်တွေကို ဖြည့်နေကြသည်။ စာရွက်စာတမ်းကို စစ်ဆေးပြီး စောင့်နေတုန်းမှာ ရန်ရန်က သူ့ကို ဂရုချက်က စကားပြော မှတ်တမ်းကိုပြလိုက်ပြီး သူ့ကိုမေးလိုက်သည်။
“ကောကော ဂရုထဲဝင်ချင်လား? မဝင်ချင်လည်း ကိစ္စမရှိပါဘူး”
ကျွမ်းရိယွင်က သိပ်များများစားစား မပြောနေဘဲ သူ့ဖုန်းကို တိုက်ရိုက်ဖွင့်လိုက်ပြီး သူ့ကိုယ်သူ ဂရုထဲထည့်လိုက်သည်။ လူသုံးယောက်နဲ့ ဂရုအသေးလေးထဲ ကျွမ်းရိယွင် ဝင်လိုက်သည်။
ဂရုထဲ သူရောက်ရောက်ချင်း ကြိုဆိုတဲ့အီမိုကွန်တွေနဲ့ မီးရှူးမီးပန်းတွေက ဂရုထဲ ချက်ချင်းပေါ်လာသည်။ ရန်ပါပါးနဲ့ ရန်မာမားက သက်လတ်ပိုင်းတွေနဲ့ လူကြီးတွေသုံးတဲ့ ပန်းပွင့် အီမိုကွန်ကို သုံးရမယ့်အစား ချစ်စရာကောင်းတဲ့ ကာတွန်းအီမိုကွန်တွေကို သုံးကြသည်။
သူတို့က ခေတ်ရေစီးကြောင်းနောက် လိုက်ကြတာဘဲ။ နောက်တော့ စာအိတ်အနီတွေ ရောက်လာပြီး တချို့တွေက ဂရုထဲက လူတိုင်းကို ပေးထားဖြစ်ပြီး တချို့ကတော့ ရန်ရန်နဲ့ သူ့အတွက် သီးသန့်ပေးတာဖြစ်သည်။
ရန်ရန်က စာအိတ်အနီတွေကို ပျော်ပျော်ရွှင်ရွှင်နဲ့ လုနေပြီး ဝန်ထမ်းဆီကနေ ဖြတ်ပြီး မေးခွန်းမမေးခံရခင်အထိ ရယ်နေသည်။
“ဟေး ကောကောရော ဘာလို့ မလုတာလဲ? လာ၊ လာ ကောကောဖုန်းကို ထုတ်လိုက်” ရန်ရန်က စာအိတ်နီတွေကို စိတ်လှုပ်ရှားစွာ လုနေပြီး သူ့အသံက ပိုကျယ်နေကာ သူ့ရဲ့ ပုံမှန် နူးညံ့သိမ်မွေ့တဲ့ အမူအရာနဲ့ ကွဲထွက်နေသည်။
သူ့လက်ကို ကျွမ်းရိယွင်ဆီဖြန့်လိုက်ပြီး သူ့မျက်နှာတစ်ခုလုံးမှာလည်း အပြုံးတွေနဲ့ ပြည့်နေသည်။ သူတို့တွေမျက်လုံးချင်း ဆုံသွားတဲ့အခါ ကျွမ်းရိယွင်ရဲ့ နှလုံးက ဒုတ်ခနဲခုန်သွားသည်။
လေထုက အရမ်းကောင်းနေတာကြောင့် ဖြစ်မည်၊ သူ့ပတ်ပတ်လည်က လူတိုင်းမှာ လက်ထပ်မှုကြောင့် ပျော်ရွှင်မှုတွေနဲ့ ပြည့်နှက်နေပြီး ရန်မိသားစု ဂရုမှာလည်း အရမ်းစည်ကားနေကာ သူလည်း ကူးစက်သွားတယ်လို့ ကျွမ်းရိယွင် ထင်လိုက်သည်။
ကျွမ်းရိယွင် သူ့ဖုန်းကို မထုတ်ရသေးခင်မှာဘဲ ဝန်ထမ်းက သူတို့ရဲ့ လက်ထပ်မှတ်ပုံတင်ကို ပြင်ဆင်ပြီးပြီဖြစ်ကာ သူတို့မြင်ရအောင် စားပွဲပေါ်မှာတင်ထားကာ နောက်တော့ အထူးလက်ထပ် မှတ်ပုံတင်တံဆိပ်ကို ရိုက်လိုက်သည်။
အဲ့ဒါနဲ့ ရန်ရန်က ကျွမ်းရိယွင်ရဲ့ ဖုန်းကို မစောင့်နေတော့ဘဲ စာအိတ်အနီတွေကို လုလိုက်ပေမယ့် သူတို့ရဲ့ လက်ထပ်မှတ်ပုံတင်ကိုတော့ အရင်လက်ခံလိုက်သည်။
ရန်ရန် နည်းနည်းမိန်းမောသွားသည်။ ဒီအချိန်မတိုင်ခင်အထိ လက်ထပ်ရတဲ့ တကယ့်ခံစားချက်ကို သူမခံစားခဲ့ရပေ။
ဒါက အယောင်ဆောင်တာဖြစ်ပေမယ့် ဝန်ထမ်းက “ဂုဏ်ယူပါတယ်၊ မင်းတို့ရဲ့ ချိုမြိန်တဲ့အချစ်တွေနဲ့ အတူတူအသက်ကြီးသွားကြပါလို့ ဆုတောင်းပေးပါတယ်” လို့ပြောလာသည်။
သူတို့အနားက လက်မထပ်ရသေးတဲ့ စုံတွဲတွေကလည်း လက်ခုပ်တီးလိုက်ကြပြီး သူတို့အနောက်က ကောင်မလေးက တိတ်တိတ်လေး သတိပေးလိုက်သည်။
“အမြန်ဝန်ထမ်းတွေကို မင်္ဂလာသကြားလုံး ဝေပေးလိုက်လေ။ လက်ထပ်မှတ်ပုံတင်ရတဲ့အခါ မင်္ဂလာသကြားလုံး ဝေပေးရတာက ပုံမှန်ဘဲလေ… မယူလာကြဘူးလား? ကျွန်မ အိတ်တစ်ဝက်လောက်ယူလာတယ် လက်တစ်ဆုတ်လောက်အမြန်ယူလိုက်”
ရန်ရန်က အံ့အားသင့်သွားသည်။ ကောင်မလေးက ရက်ရက်ရောရောနဲ့ သူ့အိတ်ကိုဖွင့်လိုက်တော့ အကြည့်တစ်ချက်နဲ့တင် အရမ်းချိုမယ့်ပုံပေါ်တဲ့ မင်္ဂလာသကြားလုံး အမျိုးမျိုး ထွက်လာသည်။
သူက တကယ်ဘဲ လက်အပြည့်နှိုက်လိုက်ပြီး “ကျေးဇူးပါ” လို့ ယဉ်ယဉ်ကျေးကျေး ပြောလိုက်ပြီး ဝန်ထမ်းတွေကို ဝေပေးလိုက်သည်။
ဒီမြင်ကွင်းကို ကျန်းလီက သစ္စာရှိရှိနဲ့ မှတ်တမ်းတင်ထားသည်။ သူမက ဓာတ်ပုံရိုက်ရတာ ဝါသနာပါသည်။ သူမက တရုတ်နိုင်ငံက ဓာတ်ပုံအဖွဲ့အစည်းရဲ့ ဒုတိယဥက္ကဌလည်းဖြစ်သည်။ သူမက ဓာတ်ပုံရိုက်တဲ့နေရာမှာ အရမ်းတော်သည်။
သူမက ဖုန်းကိုဘဲ ယူလာခဲ့ပေမယ့် ဒီအတုအယောင်ဆက်ဆံရေးကို မှတ်တမ်းတင်နေဆဲပင်။ ဒီဓာတ်ပုံတွေက အဓိကဇာတ်ကောင်တွေရဲ့ သတိမပြုမိတဲ့ နွေးထွေးမှုနဲ့ နူးညံ့မှုကို ဖမ်းစားနိုင်သည်။ သူမက ဒီ ဓာတ်ပုံတွေကို ရန်ရန်ဆီမပို့ပေးဘဲ သူမဘာသာ သိမ်းထားလိုက်သည်။
လက်ထပ်မှတ်ပုံတင်ရုံးကနေ ထွက်လာတဲ့နောက်မှာ ရန်ရန်က မိန်းမောနေဆဲဖြစ်ပြီး သူသတိမဝင်လာခင် ဖုန်းမြည်လာသည်။ အခုလေးတင် သူ ထောင်တစ်မျိုးထဲ ကျသွားတာလား? ကောင်းချီးအတွက် သူတကယ်ကို အရမ်းပျော်ရွှင်နေသည်။
သိသိသာသာကို ချစ်သူရည်းစားတွေမှ မဟုတ်တာ။ ရန်ရန်က သူ့စိတ်ထဲက ရှုပ်ထွေးတဲ့အတွေးတွေကို ခါထုတ်လိုက်ပြီး ကြည့်ဖို့ ဖုန်းထုတ်လိုက်သည်။
သူ့မိသားစုဂရုထဲမှာတော့ ကျွမ်းရိယွင်က သူ့ရဲ့ ကျေးဇူးတင်ကြောင်း ဖော်ပြတဲ့အနေနဲ့ စာအိတ်အနီတစ်လုံး ပို့ထားသည်။ သူက သူ့မိဘကို အကြောင်းမကြားဘဲ သူတို့ရဲ့ လက်ထပ်မှတ်ပုံတင်ကိုလည်း မပြသလို ဘာမှလည်းမပြောပေ။
ဟုတ်တယ်၊ ဒါမှန်တယ်! ရန်ရန်က လက်ထပ်မှတ်ပုံတင်ရုံးကို ပထမဆုံးလာတာဖြစ်ပေမယ့်လည်း တည်ငြိမ်နေသည်။ ကံကောင်းထောက်မစွာနဲ့ ကျွမ်းရိယွင်က သင့်တင်းလျောက်ပတ်ပြီး သူ့ကိုဆက်ပြီး ရူးဟန်မဆောင်ခိုင်းတော့ပေ။
ဒါပေမယ့် သူက ဘယ်လိုလုပ် အရမ်းတည်ငြိမ်နေနိုင်ရတာလဲ? သူက လက်မှတ်တစ်ခုနဲ့ အလုပ်လုပ်နေတဲ့ပုံပေါ်ပေမယ့် သူကတော့ အသားစားဖို့ နည်းလမ်းရှာရမယ်။
သူတို့လက်ထပ်လို့ပြီးတော့ ပထမဆုံး စားသောက်ကြမှာကို ကျန်းလီက ဝင်မရှုပ်တော့ပေ။ ဒါပေမယ့် ရန်ရန်ကတော့ မစားနိုင်ပေ။ ကျွမ်းရိယွင်က သူအလုပ်ပြန်သွားရဦးမယ်လို့ ပြောလာတဲ့အတွက် သူ့ကိုကျောင်းပြန်ပို့ပြီး ထွက်သွားသည်။
ရန်ရန်က သူ့အိတ်ကပ်ထဲက လက်ထပ်မှတ်ပုံတင်ကို ထိလိုက်ပြီး လှိုင်းတွေလို လှည့်ပတ်လုနီးပါးပင်။ လက်မှတ်က အသုံးဝင်လိမ့်မယ်လို့ သူတွေးထားပေမယ့် ဒါက လုံးဝအသုံးမဝင်ဘူးလို့ သူ မထင်ထားခဲ့ဘူး။
လက်ထပ်ပြီးတဲ့ ပထမဆုံးနေ့မှာတော့ အဆောင်ခန်းထဲမှာဘဲ သူ့ဘာသာသူ ကုန်ဆုံးရတော့သည်။ နောက်တစ်နေ့မှာ သူတို့ဌာနမှုးရဲ့ တပည့်တွေက အနီးအနားမြို့မှာ သုတေသနလုပ်ဖို့အတွက် သူ့ကိုဆွဲခေါ်သွားသည်။ ဒါက ဘွဲ့ကြိုစာတမ်းအတွက်ဖြစ်သည်။
သူ့မှာ ဘာမကောင်းဆိုးဝါးကပ်နေလဲဆိုတာ သူမသိသလို ခက်ခက်ခဲခဲ အလုပ်ကြိုးစားဖို့ ရွေးချယ်လိုက်သည်။ အတိုချုပ်ရရင် သူက သုံးလေးရက်ကြာသွားပြီး တနင်္ဂနွေမှ ပြန်ရောက်လာခဲ့သည်။
ဒီနေ့က သူနဲ့ ကျွမ်းရိယွင်တို့က ကျွမ်းရိယွင်ရဲ့ အိမ်ဆီ ပြောင်းရွှေ့ဖို့အတွက် သဘောတူထားတဲ့နေ့ဖြစ်သည်။
ရန်ရန်က ကျောင်းမှာ တိုက်ရိုက်ထုတ်လွှင့်ဖို့ အဆင်မပြေတဲ့အတွက် အိမ်မှာဘဲ အဓိကနေခဲ့တာဖြစ်သည်။ သူကကျောင်းမှာ ပိုနေခဲ့ပေမယ့် ဒီနှစ်မှာတော့ သူက တဖြည်းဖြည်းနဲ့ အိမ်မှာဘဲ ပိုပြီးနေခဲ့တဲ့အတွက် အိမ်နဲ့ကျောင်းကနေ ပစ္စည်းတချို့ ထုတ်ပိုးလိုက်သည်။
သူက သူ့မိဘတွေ အိမ်မှာ မရှိတာကို အခွင့်ကောင်းယူပြီး ခိုးကြောင်ခိုးဝှက်နဲ့ ရှင်းလင်းသိမ်းဆည်းကာ ပြေးတော့သည်။ ဒါက သိသိသာသာကိုဘဲ အတုအယောင်လက်ထပ်တာဖြစ်ပေမယ့် သူ့မိဘတွေကတော့ သူတို့သားက တကယ်လက်ထပ်လိုက်သလို ဆက်ဆံသည်။
သူက ဘယ်တုန်းကမှ လေလုံးထွားတဲ့လူမဟုတ်ဘူးလို့ ရန်ရန်ခံစားရပေမယ့် သူ့မိဘတွေရဲ့ လေးနက်တဲ့ ဆုံးမမှုအောက်မှာတော့ နည်းနည်းအပြစ်ရှိသလို ခံစားရသည်။
ကျွမ်းရိယွင်က သူ့အိမ်အောက်ထပ်မှာစောင့်နေပြီး သူ့ကိုအိမ်ခေါ်သွားရန် အသင့်ဖြစ်နေသည်။ တံခါးဖွင့်ဖို့အတွက် သူ့လက်ဗွေတွေကို မှတ်တမ်းတင်လိုက်ပြီး ပေါ့ပေါ့ပါးပါး အိမ်တစ်ဝိုက်လိုက်ပြလိုက်သည်။
ဒါက မြို့လည်ခေါင်ရှိ အထပ်မြင့်တိုက်ခန်းဖြစ်ကာ မြောက်ဘက်နဲ့တောင်ဘက်ကို မျက်နှာမူထားပြီး မျက်နှာကျက်ကနေ ကြမ်းပြင်အထိ ပြတင်းပေါက်တွေရှိသည်။ ဧည့်ခန်းကနေဆို သူတို့ကျောင်းကိုတောင် လှမ်းကြည့်လို့ရသည်။
ရန်ရန်က နည်းနည်း စိတ်လှုပ်ရှားနေသည်။ ကျွမ်းရိယွင်ရဲ့အိမ်က အဖြူအနက် အေးစက်တဲ့စတိုင်နဲ့ အလှဆင်ထားပေမယ့် အမျိုးသားဟော်မုန်း အရိပ်အယောင်တွေကြောင့် လူနေတဲ့ လက္ခဏာအစွန်းအစတွေကို အသေးစိတ် မြင်နိုင်သေးသည်။
အရှေ့ကနေသွားနေတဲ့ ကျွမ်းရိယွင်ကို သူကြည့်လိုက်သည်။ ဒီလူက သူ့ရဲ့အလှတရားနဲ့ တကယ် လိုက်ဖက်ညီလှသည်။ သူနဲ့ပိုနီးကပ်လေ ပိုပြီးဆွဲဆောင်မှုရှိလာလေပင်။ သူ့ကို တံခါးပေါ်မှာဖိပြီး နမ်းလိုက်ချင်တယ်။
ရန်ရန်ရဲ့စိတ်ထဲမှာ ပြိုင်ကားပြိုင်ပွဲက အကြိတ်အနယ်ပြိုင်နေတာကို မသိတဲ့ ကျွမ်းရိယွင်က ရိုးရိုးရှင်းရှင်း ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။
“ပြုပြင်မွန်းမံတုန်းက ဒုတိယအိပ်ခန်းကို ဧည့်ခန်းနဲ့ ဆက်ပြီး စာကြည့်တဲ့နေရာအဖြစ် လုပ်လိုက်တာ။ အခုတော့ အိပ်ခန်းတစ်ခန်းဘဲရှိတယ်။ မင်းက အိပ်ခန်းထဲမှာနေလိုက် ကိုယ်က ဆိုဖာပေါ်မှာအိပ်လိုက်မယ်”
ရန်ရန်က ခရီးဆောင်အိတ်လက်ကိုင်ကို ဆွဲလိုက်ပြီး သူ့အတွက် ကျွမ်းရိယွင်က အိပ်ခန်းတံခါးဖွင့်ပေးပြီး ထွက်ဖို့ပြင်နေကို တွေ့တော့ သူ့ကို ညင်ညင်သာသာနဲ့ ဆွဲလိုက်သည်။
“ကောကော၊ ဆိုဖာပေါ်မှာဘဲ တစ်ချိန်လုံးအိပ်ရတာက ကောကောအတွက် အဆင်ပြေမှာ မဟုတ်ဘူး။ ကုတင်ကအရမ်းကြီးတော့ အတူတူအိပ်လို့ရပါတယ်…. ဘာဘဲဖြစ်ဖြစ် ကျွန်တော်တို့နှစ်ယောက်လုံးက ယောက်ျားလေးတွေပဲလေ”
ကျွမ်းရိယွင်က သူ့ကိုငုံ့ကြည့်လိုက်တော့ သူ့ရဲ့နည်းနည်းနီနေတဲ့ ပါးပြင်ကို တွေ့လိုက်သည်။ နောက်ဆုံးအခေါက်တုန်းက သူ့လက်ကို သူအရင်ကိုင်ခဲ့ပြီး အခုတော့ ရန်ရန်က သူ့ကို ကိုင်ထားတာကြောင့် လွတ်အောင် ရုန်းကန်ဖို့ မသင့်တော်ပါချေ။
ရန်ရန်ရဲ့လက်တွေက ရှည်သွယ်ပုံပေါ်ပေမယ့် ထိရင်တော့ နူးညံ့လှသည်။ သူ့ရဲ့ညာဘက်လက်မကို သူ့ရဲ့လက်ဖဝါးနဲ့ ဆုပ်ကိုင်ထားပြီး နောက်လက်လေးချောင်းကိုတော့ သူ့လက်အနောက်မှာ ကာထားသည်။
နောက်တော့ ရန်ရန်ရဲ့လက်ရောက်လာပြီး ကျွမ်းရိယွင်ရဲ့လက်ကို ကိုင်ကာ ကလေးတစ်ယောက်လိုမျိုး လှုပ်ရမ်းလိုက်သည်။
ကျွမ်းရိယွင်ရဲ့မျက်ခုံးတွေ တွန့်ချိုးသွားသည်။ ဒီနေ့ခေတ် တက္ကသိုလ်ကျောင်းသားတွေ အားလုံးက အရမ်းနူးညံ့ကြတာလား?
“ဒါပေမယ့် မင်းက လိင်တူသဘောကျတာမဟုတ်ဘူးလား? သူ့အကြည့်တွေက သူ့ခေါင်းပေါ် ကျော်ပြီး ဟနေတဲ့ ကော်လာပေါ်ရောက်သွားသည်။ ရန်ရန်ရဲ့ ညှပ်ရိုးတွေက နွေးထွေးပြီးလှပတဲ့ ငှက်သိုက်လေးလိုမျိုး ဖြောင့်စင်းနေသည်။
“လိင်တူသဘောကျတာက ယောက်ျားတစ်ယောက်ကိုဘဲ မြင်တာမဟုတ်ပါဘူး….. ဆိုဖာပေါ်မှာ နေ့တိုင်းအိပ်ရင် ကောကောရဲ့ ခါးတွေနာလိမ့်မယ်။ ကျွန်တော် ကောကောကို စိုးရိမ်တယ်” သူကပြောနေရင်း အသံက ပိုတိုးသွားသည်။