လက်ထပ်ဖို့ လိမ္မာရေးခြားရှိမှုကို အားကိုးပြီးနောက် ချစ်မိသွားတယ်
အပိုင်း ၉
လက်မှတ် အရင်ရပြီးနောက်ကို ရန်ရန်က ပေါ့ပေါ့ပါးပါးဘဲ တွေးထားပေမယ့် ရန်ပါပါးနဲ့ ရန်မာမားတို့က လုံးဝအံ့ဩသွားသည်။ သူတို့သားက အပြင်ထွက်ပြီး ရှုပ်ပွေနေမှာ စိတ်ပူတဲ့အတွက် တည်ငြိမ်တဲ့ လက်တွဲဖော် တစ်ယောက်ကို ရှာတွေ့စေချင်ခဲ့သည်။
ကျွမ်းရိယွင်က တကယ် ထူးချွန်တဲ့လူဆိုတာ မှန်ပေမယ့် ဒီနှစ်ယောက်က တိတ်တိတ်လေး ချိန်းတွေ့ကြပြီး နောက်တစ်ပတ်မှာဘဲ အိမ်ကိုလာပြီး သူတို့က လက်ထပ်လက်မှတ် ယူရတော့မယ်လို့ လာပြောတာက ဘာလဲ? ? ?
သူတို့သားက 21နှစ်ဘဲရှိသေးတာ၊ တက္ကသိုလ်ကနေလည်း ဘွဲ့မရသေးဘူး ပြီးတော့ သူက လက်ထပ်ဖို့ကို စဉ်းတောင် မစဉ်းစားရသေးဘူးလေ!
ရန်ပါပါးနဲ့ ရန်မာမားက သူတို့ရဲ့ လေအေးပေးစက်ရဲ့ နွေးထွေးမှုနဲ့အတူ ပျာယာခတ်သွားသည်။
“ဆိုတော့ အဲ့ဒီနေ့ ညစာစားပြီးတော့ နင်တို့ တွဲခဲ့ကြတယ်ပေါ့?” ရန်မာမားဖြစ်တဲ့ ချမ့်ရူချမ်းက ကြောင်တက်တက် ဖြစ်သွားသည်။
“ဟုတ်ကဲ့” ကျွမ်းရိယွင်က တည်တည်ငြိမ်ငြိမ်နဲ့ ဖြေလိုက်သည်။ သူတို့နှစ်ယောက်က နှစ်ခါဘဲ ထမင်းစားခဲ့ပြီး WeChat မက်ဆေ့ခ်ျ နှစ်ခါလောက်ဘဲ ပို့ခဲ့တယ်ဆိုတာကိုတော့ လုံးဝ မပြောပြနိုင်ဘူး။
“ပြီးတော့ နောက်တစ်ပတ်မှာ လက်ထပ်လက်မှတ်ယူဖို့ ဆုံးဖြတ်လိုက်တယ်ပေါ့?” ရန်ပါပါးဖြစ်တဲ့ ရန်ရှီမင်ဟာလည်း မယုံနိုင်တဲ့ပုံပေါ်ပေမယ့် သူ့မိန်းမထက်တော့ သိသိသာသာကို အဆင်ပြေနေသေးသည်။
ရန်ရန် - “ဟုတ်တယ်၊ ကျွမ်းကောကောက အရမ်းကောင်းတာ အဲ့ဒါကြောင့် ကောကောနဲ့ စောစောလက်ထပ်လိုက်ရင် အဆင်ပြေမယ်ထင်လို့။ ဒါပေမယ့် ကျွန်တော်က ကျောင်းတက်နေရတုန်းဆိုတော့ လောလောဆယ် မင်္ဂလာပွဲကျင်းပဖို့ အစီအစဉ်မရှိသေးပါဘူး”
ရန်ရန် ပြောလို့ပြီးသွားတော့ သူက ကျွမ်းရိယွင်ကို ကြည့်လိုက်ကာ ကျွမ်းရိယွင်ကလည်း သူ့ကို ကြည့်လာသည်။ နှစ်ယောက်သားက ချောချောမွေ့မွေ့ ပူးပေါင်းဆောင်ရွက်နေတဲ့ အကြည့်ချင်း ဖလှယ်လိုက်ကြသည်။
ရန်ပါပါးနဲ့ ရန်မာမားတို့ မျက်လုံးထဲမှာတော့ သူတို့သားနဲ့ သူတို့သားမက်ရဲ့ အပြုအမူကြောင့် သူတို့ရဲ့ ထိတ်လန့်တုန်လှုပ်နေတဲ့စိတ်ကို ပြေလျော့စေသည်။ ဒါပေမယ့် သူတို့က တခြားအရာတွေကိုလည်း စိုးရိမ်သေးသည်။
သူတို့သားလေးက လိမ္မာတဲ့ကလေးလို ဟန်ဆောင်နေပြီး ဆံပင်အတုလည်း စွပ်ထားသေးတယ်။ သူ…. လက်ထပ်ပြီး ဒုတိယမြောက်နေ့မှာဘဲ ဖော်ထုတ်ခံလိုက်ရပြီး ကွာရှင်းလိုက်မှာတော့ မဟုတ်ဘူးမလား?!
သူမရဲ့ယောက်ျားနဲ့အတူ ကျွမ်းရိယွင်က အလုပ်အကြောင်းပြောနေတုန်းမှာ ချမ့်ရူချမ်းက ရန်ရန်ကို သူ့အခန်းဆီ အမြန်ဆွဲခေါ်သွားသည်။
“နင်ဘယ်လိုလုပ်မှာလဲ? ဆံပင်ကို အမြန် အရောင်သွားဆိုးလိုက်တော့။ ဆံပင်တုကို တစ်ချိန်လုံး စွပ်ထားတာက ပြဿနာကို ဖြေရှင်းလို့မရဘူးနော်။ ရန်ရန် သားတို့လက်ထပ်ပြီးရင် ၂၄နာရီလုံး အတူတူရှိနေရမှာ သားရဲ့လျှို့ဝှက်ချက်ကို ထိန်းထားလို့ မရတော့ဘူးလေ မဟုတ်လား? ဒီလိုမျိုး လက်တွဲဖော်ကို ရှာဖို့မလွယ်ဘူး။ သားရဲ့ဘဝကို သူနဲ့တူတူ ကောင်းကောင်းရှင်သန်ရမယ်လေ သိရဲ့လား?”
“ဆံပင်အရောင်ဆိုးရမယ်?” ရန်ရန်က အတွေးပျောက်နေပုံရပြီး ခဏအကြာမှ ပြန်ဖြေလာသည်။ “ကောင်းပါပြီ”
အခုတော့ သူက လိုလိုလားလာနဲ့ စကားနားထောင်တော့ ချမ့်ရူချမ်းရဲ့ ရင်ထဲမှာ တစ်ဝက်လောက် စိတ်အေးသွားသည်။
ဒါက အချစ်ရဲ့စွမ်းအားဘဲ! သူတို့သားကို ကြည့်ရတာ တကယ် ပိုကောင်းလာသလိုဘဲ။ ဒီလိုတိုးတက်မှုမျိုး သူမတစ်ခါမှ မမျှော်လင့်ဖူးဘူး။ ချမ့်ရူချမ်းမှာ အရမ်းပျော်လွန်းလို့ ပါးစပ်နားရွက် တက်ချိတ်မတတ်ပင်။
“ကောင်းပြီ၊ ကောင်းပြီ ဒါဆိုရင်တော့ မားစိတ်ချရပါပြီ။ မားတို့အိမ်မှာ အမြဲတမ်း ဘာစည်းကမ်းမှ မရှိခဲ့ဘူး။ သားက အိမ်မှာနေခဲ့တာဘဲ။ အနာဂတ်မှာ သားက သားရဲ့ ကောင်လေးနဲ့ အတူနေရတော့မှာ…. ယောက်ျားလား? ဇနီးလား? ဘာဘဲဖြစ်ဖြစ် ရှောင်ကျွမ်းနဲ့ နေတဲ့အခါ တစ်ယောက်နဲ့တစ်ယောက် ဘယ်လို နားလည်မှုရှိရမလဲဆိုတာ သိဖို့လိုတယ်။ နားလည်လား? ဒါက အိမ်မှာနဲ့ မကွာဘူး။ သား ကလေးကတည်းက မားနဲ့ပါးတို့နဲ့နေခဲ့တာ ပြီးတော့ မားတို့မိသားစုကလည်း အနှစ်နှစ်ဆယ်လောက် အဆင်ပြေပြေရှိခဲ့တာ။ သားနဲ့ ရှောင်ကျွမ်းက အခုထိ သိပ်မရင်းနှီးကြသေးဘူး အဲ့ဒါ့ကြောင့် ပဋိပက္ခအသေးလေးရှိမှာတော့ ပုံမှန်ပါဘဲ”
“အငြင်းပွားလို့တော့ရတယ် ကိုယ်ထိလက်ရောက် ဖြစ်လို့တော့မရဘူး”
ကျွမ်းရိယွင် တိုက်ခိုက်နေမယ့်ပုံကို ရန်ရန် စိတ်ကူးကြည့်လို့တောင်မရဘူး။ သူ့ရဲ့ရင်ဘက်နဲ့ ဝမ်းဗိုက်ကြွက်သားတွေက အရမ်း ဆက်စီကျလိမ့်မယ်၊ သိပ္ပံပညာရှင်တစ်ယောက်နဲ့ ကိုယ်ထိလက်ရောက် တိုက်ခိုက်တာကို တွေးကြည့်ရမှာတောင်ခက်တယ်။ သူက ဟန်ပြသက်သက်ဘဲလား? သူကအရပ်ရှည်ပြီး ခန့်ညားတဲ့ပုံပေါက်ပေမယ့် လက်သီးတစ်ချက်တည်းနဲ့ လဲသွားမှာလား?
ရန်ရန်က သူ့ရဲ့စိတ်ကူးတွေနဲ့ ပျော်မြူးနေပြီး နာနာခံခံနဲ့ ခေါင်းညိတ်လိုက်သည်။ “သားလည်း ဘယ်လိုရန်ဖြစ်ရမလဲ မသိဘူး”
ချမ့်ရူချမ်းက ရန်ရန်စိတ်ဝင်စားလာတဲ့ နောက်ထပ် စကားနည်းနည်းလောက် ဆက်ပြောလိုက်သည်။ ဒါက သဘောတူညီချက်ကြောင့် ပွဲအစီအစဉ်မပါ၊ နားမလည်နိုင်သလို အလျင်စလို ရုတ်တရက် လက်ထပ်လိုက်တာ ဖြစ်ပေမယ့် သူ့အမေပြောနေတဲ့ပုံမှာ သူတို့က မသိရင် တကယ့်မိသားစုတစ်ခု စတင်တော့မလိုမျိုးပင်။
သူ့ရင်ထဲမှာ နည်းနည်းနာကျင်ပြီး နွေးထွေးသလို ခံစားရပေမယ့် သူဝန်ခံမှာ မဟုတ်ပေ။
ကျွမ်းရိယွင်၏ ရန်မိသားစုသို့ လည်ပတ်မှုမှာ အံ့ဩစရာကောင်းလောက်အောင် ချောမွေ့လှသည်။ ရန်ရန်တို့အိမ်က ဟောင်းနေပြီး သိပ်မကြီးပေမယ့် အရင်က သူမကြုံဖူးတဲ့ နွေးထွေးမှုတွေရှိသည်။
ရန်ရန့်မိဘတွေရဲ့ သည်းခံမှုနဲ့ သူတို့ကလေးအပေါ် လေးစားမှုရှိတာက သူတို့ပထမဆုံး ဆုံခဲ့တုန်းကထက်ပိုပြီး ထင်ရှားသည်။ ဒါက သူရန်ရန်တို့ အိမ်ကို ပထမဆုံးအလည်လာတဲ့အခေါက်မှာ ကျွမ်းရိယွင်ရဲ့ အကြီးမားဆုံး ခံစားချက်ပင်။
တစ်ခဏလောက်မှာ သူက တစ်ကိုယ်ကောင်းဆန်စွာနဲ့ ပျော်ခဲ့ရသည်။ သူက ရူးနေပေမယ့် တကယ်ကောင်းတဲ့လူနဲ့ ဆုံခဲ့ရသလိုမျိုး ကံကောင်းသွားတဲ့ပုံနဲ့တူသည်။
...........
အင်္ဂါနေ့တွင် လောလောလတ်လတ် လက်ထပ်စာချုပ်ကို ရခဲ့သည်။ ကျွမ်းရိယွင်က ရန်ရန်ကို ရက်ရွေးခိုင်းလိုက်သည်။ ရန်ရန်က မင်္ဂလာရက်တွေကို သိပ်အာရုံစိုက်ထားသူ မဟုတ်ပေ။ ပိုစောလေ ပိုကောင်းလေပင်။
အစက သူတို့မှာ တနင်္လာနေ့သွားဖို့ စဉ်းစားထားပေမယ့် အဲ့ဒီနေ့မှာ ကျွမ်းရိယွင်က အရေးကြီး အစည်အဝေးပွဲရှိတာကြောင့် အင်္ဂါနေ့ကို ရွေးလိုက်ရသည်။
သူတို့နှစ်ယောက်က ဆေးစစ်ဖို့ အရင်သွားကြသည်။ ကျွမ်းရိယွင်ရဲ့အကြံဖြစ်တဲ့ စာချုပ်စာတမ်း လက်ထပ်ပွဲအရ သူတို့နှစ်ယောက်မှာ ရင်းနှီးတဲ့ဆက်ဆံရေး လုံးဝရှိမှာမဟုတ်ဟု ယုံကြည်ထားသည်။ ဒါဆို ဘယ်လို ဆေးစစ်ချက်တွေ လိုသေးလို့လဲ?
ဒါပေမယ့် ရန်ရန်က အဲ့ဒီလိုမထင်ပေမယ့် ကျန်းလီက စိုးရိမ်နေတဲ့အတွက် ဆေးစစ်ဖို့ ဆုံးဖြတ်လိုက်သည်။ တစ်ဖက်လူကို ဆေးစစ်ဖို့သွားမလားလို့ မေးရတာခက်တဲ့အတွက် နှစ်ယောက်လုံးက ဆေးစစ်ဖို့ အရင်သွားလိုက်ကြသည်။
ဒါက ဆေးစစ်ရုံဘဲဖြစ်သည်။ အစတုန်းက ရန်ရန်မှာ ဒီအကြောင်း သိပ်အများကြီး မတွေးထားပေ။ အမျိုးသားတွေရဲ့ ဆေးစစ်မှုအတောတွင်းမှာမှ ဒီဆေးစစ်မှုက ပုံမှန်မဟုတ်ဘူးဆိုတာ သူသဘောပေါက်သွားသည်။
သူက ရှက်ဟန်ဆောင်လိုက်ပြီး ကျွမ်းရိယွင်ကို အရင်ပေးသွားလိုက်သည်။ သူတို့အလှည့်ရောက်တဲ့အခါ စုံတွဲဖြစ်မှန်း ဆရာဝန်က သိလိုက်ရတော့ သူတို့နှစ်ယောက်ကို ရုတ်တရက် အဓိပ္ပါယ်ပါပါနဲ့ ကြည့်လိုက်သည်။
“ဒေါက်တာ၊ ဘာပြဿနာရှိလို့လဲ?”
“ဘာပြဿနာမှမရှိပါဘူး၊ သူကအရမ်းကျန်းမာပါတယ်။ မင်းရဲ့ယောက်ျားက အရမ်းကျန်းမာပြီး အရမ်းကောင်းကောင်းနဲ့ဖွံ့ဖြိုးနေတယ်။ လူငယ်လေးတွေက လွယ်လွယ်နဲ့ ပြင်ဆင်ထားသင့်တယ်။ ဒီလိုလက်ခံရတဲ့သူက ဒဏ်ရာ လွယ်လွယ်ရတတ်လို့ သိပ်ပြီး မပြင်းထန်ဖို့ မင်းရဲ့ယောက်ျားကိုလည်း သတိပေးထားပြီးပြီ”
ရန်ရန့်မျက်နှာက ရက်တရက် နီရဲလာကာ ဒီတစ်ကြိမ်မှာတော့ သူဟန်ဆောင်နေတာ မဟုတ်ဘူးဆိုတာ ကျိန်ပြောရဲသည်။
အဲ့ဒီမြင်ကွင်းကို စိတ်ကူးကြည့်ရုံနဲ့တင် သူနှာခေါင်းသွေးမယိုတာကို သူအရမ်း ယုံကြည်ချက်ရှိတယ်။ ဆရာဝန်သူ့ကို အထူးတလည် သတိမပေးခင် သူ့ ‘ယောက်ျား’က ဘယ်လောက်တောင် အိုနေပြီလဲဆိုတာ သူသိချင်သွားပြီ။
“ငါ့ကိုကျေးဇူးတင်ဖို့ မလိုပါဘူး။ မိဘတွေလည်း ဒီလိုအကြောင်းတွေကို သိကြတာမဟုတ်ဘူး။ ဆေးစစ်ပေးတဲ့ဆရာဝန်တွေကဘဲ သတိပေးနိုင်ကြတာ”
ရန်ရန်အပြင်ထွက်လာတဲ့အခါ မျက်နှာက အနီရောင်သမ်းနေပြီး ကျွမ်းရိယွင်ကို ကြည့်တဲ့အချိန် သူ့မျက်လုံးတွေက မူမမှန်ဖြစ်နေသည်။
ဒီအတွေ့အကြုံနဲ့အတူ ဆေးစစ်တာက ရန်ရန်အတွက် ကြီးကြီးမားမား အရာဖြစ်လာသည်။ ဒါပေမယ့် နောက်ဆုံးမှာ သူရယ်မောနိုင်လိမ့်မယ်လို့ မမျှော်လင့်ထားပါချေ။ ရုပ်ပိုင်းဆိုင်ရာ စစ်ဆေးမှုအတွင်းမှာတော့ အခြေအနေတွေက ပြောင်းလဲသွားသည်။
အရပ်နဲ့ ကိုယ်အလေးချိန်တိုင်းတဲ့နေရာမှာ သူရပ်တဲ့အချိန် အီလက်ထရောနစ်တိုင်းတဲ့စက်က အလေးချိန်ကို မပြခင်အထိ သိပ်အများကြီးမတွေးနေပေ - အလေးချိန် 68.5kg၊ အရပ် 179.2cm....
“မင်းက 182 လို့ ပြောခဲ့တာ မဟုတ်ဘူးလား?” အခုအချိန်အထိ တိတ်ဆိတ်နေတဲ့ ကျွမ်းရိယွင် ရုတ်တရက် ပြောလာသည်။
ရန်ရန်က မသိလိုက်ဘာသာနဲ့ မေးလိုက်သည်။ “ဘယ်တုန်းကလဲ?”
“ကိုယ်တို့ ပထမဆုံး ဆုံတုန်းက မင်းကိုယ့်အမေကို ပြောခဲ့တာလေ”
“179.2ကလည်း 182 ဝန်းကျင်လောက်ဘဲ မဟုတ်ဘူးလား?”
“ဒီလိုနည်းနဲ့ မဟုတ်ဘူး။ သင်္ချာက တိကျရမယ်။ ဒီလိုပေါင်းလိုက်ရင် မင်းရဲ့ ကိုယ်အလေးချိန်က 70kg ဖြစ်သွားလိမ့်မယ်” ကျွမ်းရိယွင်က ပြောပြီးတော့ အီလက်ထရောနစ်တိုင်းတဲ့ စက်ပေါ် ရပ်လိုက်သည်။
အီလက်ထရောနစ်တိုင်းတဲ့စက်က အလိုအလျောက် ပြလာသည် - အလေးချိန် 76.4kg၊ အရပ် 190.8cm
ရန်ရန် - .....
သူပြောဖို့ ရွေးချယ်စရာ စကားလုံးတွေ ရှိပေမယ့် သူ့ကိုယ်သူ ထိန်းထားလိုက်သည်။ သူ့အရပ်က 180စင်တီအောက်လို့ ပြောတဲ့လူတွေကို အမုန်းဆုံးဖြစ်သလို သူ့အလေးချိန်က 70 ကီလိုဂရမ်လို့ ပြောတဲ့လူတွေကိုတော့ ဒုတိယအမုန်းဆုံးဘဲ။
ကျွမ်းရိယွင်က တစ်ကြိမ်ထဲနဲ့ သူ့ကို နှစ်ချက် ရိုက်ချလိုက်တာဘဲ။ သူနဲ့တကယ်ဘဲ ရန်ဖြစ်လိုက်ချင်တယ်! အရပ်ပုတဲ့လူတွေအတွက် ဘယ်လောက်ခက်ခဲလဲဆိုတာ အရပ်မြင့်တဲ့သူတွေသိဖို့ အရမ်းခက်တယ် ဟုတ်တယ်မလား?!
လက်ထပ်မှတ်ပုံတင်ရုံးကို ရောက်တဲ့အထိ ရန်ရန်က အရမ်းစိတ်တိုနေတဲ့အတွက် ကျွမ်းရိယွင်ကိုတောင် စကားမပြောပေ။
လိင်တူလက်ထပ်ခြင်းမှာ လက်ထပ်မှတ်ပုံတင်ရုံးတွင် ခေတ်ရေစီးကြောင်း မဖြစ်သေးတဲ့အတွက် သူတို့ရဲ့ ထင်ရှားတဲ့ အသွင်အပြင်ကြောင့် လက်ထပ်မှတ်ပုံတင်ရတဲ့အခါ လူအများရဲ့ အာရုံစိုက်မှုကို ခံကြရသည်။
တစ်ခြားစုံတွဲတွေ လက်ထပ်တဲ့အခါ အများစုက ဆွေမျိုးတွေနဲ့ သူငယ်ချင်းတွေက မှတ်တမ်းဓာတ်ပုံ ကူရိုက်ပေးကြသည်။ အမှန်တော့၊ ဒီလုပ်ရိုးလုပ်စဉ်အကြောင်း သူတို့ မတွေးထားကြပေ။ သို့ပေမယ့် ကျန်းလီက မဖိတ်မခေါ်ရဘဲ ရောက်လာခဲ့သည်။
အမျိုးသမီး ဘတ်စကတ်ဘော အသင်းခေါင်းဆောင်ရဲ့ ကြံ့ခိုင်တဲ့ တည်ဆောက်ပုံနဲ့ 1.8 မီတာရှည်တဲ့ အရပ်နဲ့အတူ သူက လူအုပ်ကြားကနေ တိုးတိုက်လာပြီး သူတို့နှစ်ယောက်ဆီရောက်လာသည်။
“နင်ငါ့ကိုတောင် မခေါ်ဘူး ရန်ရန်၊ နင်လုံးဝ သစ္စာမရှိဘူး”
“ငါမေ့သွားတာ” ရန်ရန်ကပြုံးလိုက်ပြီး ကျွမ်းရိယွင်အပေါ်ထွက်နေတဲ့ ဒေါသတွေလည်း ချက်ချင်း လွင့်ပျောက်သွားသည်။
ကျွမ်းရိယွင်ရဲ့ အကြည့်တွေက သူ့နောက်လိုက်နေပြီး အရ်ဆုံး ရန်ရန်ရဲ့ ဖြူဖြူစင်စင်နဲ့ ပျော်ရွှင်နေတဲ့အပြုံးကို မြင်တော့ (ဟန်ဆောင်ထားတဲ့) အပြစ်ရှိတဲ့ အပြုံးအဖြစ် ပြောင်းသွားသည်။
ဒါက ဟန်ဆောင်လက်ထပ်တာဖြစ်တဲ့အတွက် သဘာဝအတိုင်းဘဲ သူ့အချစ်ဆုံး သူငယ်ချင်းကိုပြောဖို့ မတွေးထားတာဖြစ်မည်။ ကျွမ်းရိယွင် ကောက်ချက်ချတာက မှားတယ်လို့တော့ ပြောလို့မရပေ။