အပိုင်း ၈
Viewers 92

လက်ထပ်ဖို့ လိမ္မာရေးခြားရှိမှုကို အားကိုးပြီးနောက် ချစ်မိသွားတယ် 


အပိုင်း ၈





 


‘ကြောင်အ’ နေတဲ့ ကျန်းလီက အသိပြန်ဝင်လာပြီး ချက်ချင်းပြောလိုက်သည်။ “ဟုတ်တယ်၊ ကျွန်မတို့ဘာသာ ပြန်ဖို့ အရမ်း အန္တရာယ်များတယ်” 

 


၁.၈မီတာရှည်တဲ့ လူနှစ်ယောက်အတွက် နှစ်ယောက်တည်းပြန်တာက ‘အန္တရာယ်’ ရှိတယ်လား။ ဟုတ်ပါပြီ ကျွမ်းရိယွင်က ဘာပြောနိုင်တော့မှာလဲ? သူကားသွားယူနေတုန်း သူတို့နှစ်ယောက်ကို စားသောက်ဆိုင်အရှေ့မှာ စောင့်ခိုင်းလိုက်သည်။ 

 


သူထွက်သွားသွားချင်း ကျန်းလီက ရန်ရန်ကို ချက်ချင်းဆွဲပြီး မေးလိုက်သည်။  “ရိုးရိုးသားသားဖြေစမ်း၊ ဘာတွေဖြစ်နေတာလဲ?” 


 

“ဘာဖြစ်နေလို့လဲ? ဒါဘဲလေ၊ ငါယောက်ျားတစ်ယောက် ရွေးလိုက်တာ” ရန်ရန်က မျက်ခုံးပင့်လိုက်ပြီး သူ့ရဲ့ နာခံကျိုးနွံတဲ့ ပုံစံက ဘာအရိပ်အယောင်မှ မကျန်ခဲ့ပေ။ 

 


ကျန်းလီအရှေ့မှာဘဲ သူက ဖုန်းထုတ်လိုက်ပြီး ကျွမ်းရိယွင်ဆီ တိတ်တဆိတ် မက်ဆေ့ခ်ျပို့လိုက်ဟန် ဆောင်လိုက်သည်။



 ကောကော၊ လီလီက ကျွန်တော့်မိဘတွေနဲ့ အရမ်း ရင်းနှီးတာ။ သူသိသွားလို့ရှိရင် ကျွန်တော့်မိဘတွေကို သေချာပေါက် ပြောပြလိုက်မှာဘဲ။ ကျွန်တော်မတတ်နိုင်ဘဲ ကောကောက ကျွန်တော့်ကောင်လေးလို့ သူ့ကို ညာလိုက်တယ်... ကျွန်တော်တို့ ဖုံးကွယ်ထားတာကို မ‌ဖော်ထုတ်လိုက်ပါနဲ့နော်” 

 


ဒီစာကြောင်းကို ကျန်းလီမြင်တော့  ဘယ်ကနေ ဘယ်လိုစရမှန်းမ သိတော့ပေ။ “ဒီတော့ နင်ကအခု စုံတွဲလို ဟန်ဆောင်နေတာပေါ့? ဒါဆို ဘာလို့ ငါ့ကိုမသိချင်‌ဟန် ဆောင်ခိုင်းရတာလဲ? မဟုတ်ဘူး၊ နင်ဘာလို့ ဟန်ဆောင်နေတာလဲ? ဘယ်သူပြောခဲ့တာလဲ? သူလား? ဘယ် Danmei ဝတ္ထုထဲက နစ်မြုပ်နေတဲ့ အတွေ့အကြုံတွေကို နင်လုပ်နေတာလဲ?” 

 


“ဘာဖြစ်လို့လဲ သိချင်လား? ဒါဆို ပုံမှန်အတိုင်းဘဲ ဟန်ဆောင်နေ။ နင့်ရဲ့ ဂေါ်ဖီထုပ်ဖြူလေးကို ကောင်ချောလေးတစ်ယောက်က လုယူသွားရင် ဘယ်လိုတုန့်ပြန်သင့်လဲ? နင့်ကို စဉ်းစားဖို့ ဆယ်စက္ကန့်အချိန်ပေးမယ်၊ သူ့ကားဒီ‌ရောက်လာပြီ”



“Fu*k you, ခွေးကောင်ရန်!” 

 


“ချီးကျူးပေးတာအတွက် ကျေးဇူးတင်ပါတယ်” 

 


ကျန်းလီရဲ့ စကားလုံး‌ပေါင်း တစ်သောင်းက ပိတ်ဆို့ခံလိုက်ရပြီး ရန်ရန်က လမ်းမဘက်ကို ရွရွလေးပြေးသွားသည်။ သူက ခေါင်းစောင်းလိုက်ပြီး ကားမောင်းနေတဲ့သူက ကျွမ်းရိယွင်လားဆိုတာ အတည်ပြုဖို့ ပြတင်းပေါက်ကနေ ဖြတ်ပြီးကြည့်လိုက်သည်။ 



သူခေါင်းစောင်းလိုက်တဲ့အချိန် ဘယ်လောက်တောင် ချစ်စရာကောင်းလဲဆိုတာ ကျန်းလီ စိတ်ကူးကြည့်လိုက်ပြီး ပါးချိုင့်တွေပေါ်အောင် ရယ်လိုက်သည်။



 အမြဲတမ်း သူမက ဘာလို့အေးစက်သလို ဟန်ဆောင်ရလဲဆိုတာရဲ့ အကြောင်းပြချက် အများစုကတော့ သူမရဲ့ပါးချိုင့်တွေကို တခြားလူတွေ မမြင်စေချင်လို့ပင်။  ဒါပေမယ့် တစ်တစ်ခေါက်မှာတော့ သူမလုံးဝ တောင့်မခံနိုင်တော့ဘူး။


 

ကျွမ်းရိယွင်ဆိုတာ မြင်တော့ ရန်ရန်က ကားတံခါးကိုဖွင့်လိုက်ပြီး ကျန်းလီကို အရင်ဝင်ဖို့ ခေါ်လိုက်ပြီး နောက်တော့ သူမအနောက်ကနေ အနောက်ခုံဆီ ဝင်လိုက်သည်။ 

 


ကျန်းလီက သူ့ကိုဘေးခုံမှာ ဘာလို့မထိုင်ရတာလဲဆိုပြီး အံ့ဩတကြီးနဲ့ မျက်စိမှိတ်ပြလိုက်သည်။ နောက်ကြည့်မှန်ထဲမှာတော့၊ ကျွမ်းရိယွင်က ကျန်းလီရဲ့ မျက်လုံးနဲ့ မျက်ခုံးတွေက ကြွက်တက်နေသလိုဖြစ်နေတာ တွေ့လိုက်ရသည်။  ရန်ရန်က သူမရဲ့ အင်္ကျီလက်ကို ဆွဲလိုက်ပြီး တီးတိုးပြောလိုက်သည်။ 



“နင်ရှိနေတာ ငါရှက်တယ်လေ လီလီ” 

 


သူက တတ်နိုင်သလောက် အသံတိုးဖို့ ကြိုးစားလိုက်ပေမယ့် ကားထဲက အသံလုံစနစ်က အရမ်းကောင်းတဲ့အတွက် အသံက လုံးဝကို ရှင်းလင်းနေသည်။ 



ပြောလို့ပြီးသွားမှ ရန်ရန်မှာ ကျွမ်းရိယွင်လည်း ကြားသွားမယ်မှန်း သဘောပေါက်သွားပြီး သူ့မျက်နှာမှာ အနီရောင်သန်းလာသည်။ နှစ်ယောက်သားက နောက်ကြည့်မှန်ကနေ မျက်လုံးချင်းဆုံသွားပြီး ရန်ရန်က အမြန်အကြည့်လွှဲလိုက်သည်။ 


 

ကျန်းလီ - ..... ငါကားထဲမှာမဟုတ်ဘဲ ကားအောက်မှာ ရှိနေသင့်တာ 

 


ရန်ရန်ရဲ့ ရှည်လျားထွေပြားတဲ့ ဇာတ်လမ်းတွေကို သူမကြုံဖူးပေမယ့် အခုတော့ ဒီစုံတွဲအတုကြားက အပြန်အလှန် တုန့်ပြန်မှုတွေက သူမကို ထိတ်လန့်သွားစေသည်။  



ရန်ရန်က ဟန်ဆောင်နေတယ်လို့ သူမသာ မသိထားရင် ဒီနေရာမှာတင် သူမ တုန်လှုပ်သွားလိမ့်မယ်။ အမိတ္တဘ မြတ်စွာဘုရား၊ ကွမ်ရင်မယ်တော်တို့ ဒီသူယုတ်မာကို ဖယ်ရှားပေးပါဘုရား! 

 


ကျွမ်းရိယွင်က တစ်လမ်းလုံး ဘာစကားမှ မပြောလာပေ။ သူက တည်နေရာကို နှစ်ကြိမ်သုံးကြိမ်လောက်ဘဲမေးပြီး ရန်ရန်က ပြန်ဖြေသည်။ 



နောက်တော့ ရန်ရန်နဲ့ သူမရဲ့ တိတ်တဆိတ် အချက်ပေးနေတာတွေက သူတို့နှစ်ယောက်ကို ‘ဘော်ဒါတွေ’ ကနေ ‘သူငယ်ချင်းကောင်း‌တွေ’ အဖြစ် တကယ်ပြောင်းသွားစေသည်။  

 


“ငါ့ရဲ့သုတေသန ခေါင်းစဉ်ကို ဌာနမှူးပေးထားတာဆိုတော့ အရမ်းခက်တယ်။ လိုအပ်ချက်တွေကလည်း အရမ်းမြင့်လွန်းတယ် သူ့လက်အောက်က သုတေသနတပည့်တွေကလည်း စကားပြောရတာ မလွယ်ဘူး”



 ရန်ရန်က အသံတိုးတိုးနဲ့ မကျေမနပ်ပြောလာပြီး သူ့ကိုယ်သူ အားပေးလိုက်သည်။ “ဒါပေမယ့် ငါကြိုးကြိုးစားသား လုပ်ရမှာဘဲ” 

 


“ငါလည်းနင့်ကို မကူနိုင်ဘူး။ ငါတို့ကျောင်းရဲ့ ယဉ်ကျေးမှုအတန်းက နင်တို့ကျောင်းရဲ့ နောက်ဆုံးနေရာကိုတောင် မလိုက်မှီနိုင်ဘူး” 



ကျန်းလီမှာ သူနဲ့ဒီလိုအကြောင်းအရာတွေ ဘာလို့လိုက်ပြောပေးနေလဲဆိုတာ မသိတော့ဘူး။ 

 


“ဒါပေမယ့် နင်တို့က ရွှေတံဆိပ်ရတယ်လေ” 

 


“ဟီးဟီး” 

 


“နောက်ဆုံးတော့ ငါနားဖို့ အခွင့်အရေး ရလာပြီ လီလီ။ မနက်ဖြန်ကျရင် အချိုပွဲသွားစားကြမလား?” 

 


ကျန်းလီ - …… 


 

နင်က အမြဲတမ်း BBQ၊ ဟော့ပေါ့၊ ရေချိုပုဇွန်တွေ စားနေကြမဟုတ်ဘူးလား?  ဘာလို့ အချိုပွဲလဲ? 

 


သူမက ရန်ရန်ကို စူးစူးရဲရဲကြည့်လိုက်ပြီး ယာဉ်မောင်းထိုင်ခုံက အဓိကလူကို ညွှန်ပြလိုက်သည်။ 

 


ကျန်းလီ - “အိုး၊ ဒါဆို နင့်ကောင်လေးက ဘာလို့ နင်နဲ့ အတူတူမလိုက်တာလဲ?” 

 


ရန်ရန်မှာ ကျန်းလီရဲ့ စူးစမ်းလိုစိတ်ကို လက်နက်ချလိုက်ပြီး စာကြောင်းတွေကို ပုံမကျပန်းမကျ ပြောလာသည်။  

 


“ကောကောက အရမ်းအလုပ်များတာ။ ငါနဲ့အတူတူ နေ့တိုင်းလိုက်‌ပေးလို့ မရဘူးလေ” ရန်ရန်က စာနာနားလည်တတ်တဲ့ ဇနီးလေးလိုမျိုး ပြောလိုက်သည်။ 

 


ကျန်းလီမှာ အန်မိတော့မလိုပင်၊ ကံကောင်းထောက်မစွာနဲ့ သူတို့ဦးတည်ရာက သိပ်မဝေးတဲ့အတွက် ဒီညှင်ပန်းနှိပ်စက်မှုတွေက နောက်ဆုံးတော့ အဆုံးသတ်သွားသည်။ 



ကျွမ်းရိယွင်ရဲ့ကားလည်း အဝေးကို မောင်းထွက်သွားသွားချင်း ကျန်းလီက ရန်ရန်ကို စစ်ဆေးမေးမြန်းဖို့ သူ့လည်ပင်းကို လက်တစ်ဖက်နဲ့ဆွဲကာ ကစားကွင်းဆီခေါ်လာသည်။ သူပြောတာတွေကို သူမ ကြားလိုက်ရတဲ့အခါ သူမရဲ့မျက်ခုံးတွေက ခြင်တွေကြေမွသွားရလောက်အောင် တွန့်ချိုးလာသည်။ 

 

 

“နင်ရူးနေလား?  လက်ထပ်ဖို့ကို ပေါ့ပေါ့တန်တန် သဘောတူလိုက်တယ်ပေါ့? ပြီးတော့ သူကဘယ်သူလဲ? Ph.D သုတေသီ။ တကယ်တော့ သူက ကောလိပ် ကျောင်းသားလေးကို ဟန်ဆောင်လက်ထပ်ဖို့ လှည့်စားနေတာလား? ဟန်ဆောင်လက်ထပ်ဖို့ တစ်ယောက်ယောက်ကို ရှာတာ သူက ဘယ်လိုလုပ် လူကောင်းဖြစ်နိုင်မှာလဲ?” 

 


“သူက လူကောင်းဟုတ်မဟုတ်ကို ဘာလို့ဂရုစိုက်ရမှာလဲ?” ရန်ရန်က ဆံပင်တုကိုချွတ်လိုက်ပြီး သု့ရဲ့လက်ချောင်းတွေနဲ့ ဆံပင်တွေကို ဖွလိုက်သည်။ သူက သိသိသာသာကိုဘဲ စိတ်အခြေအနေ ကောင်းနေပုံရပြီး သူမမေးခွန်းတွေကို ဖြေနေတုန်းမှာ ပြုံးပြုံးရွှင်ရွှင်နဲ့ တုံ့ပြန်လာသည်။



ကျန်းလီမှာ တစ်ခုခုထပ်ပြောချင်သေးပေမယ့် ရန်ရန်ဆီကနေ စကားဖြတ် ပြောခံလိုက်ရသည်။ “ငါအရှုံးမပေးနိုင်ဘူး၊ သူဘဲ ဆုံးရှုံးသွားရမှာ” 

 


“သူ့ကို အရမ်းသဘောကျတာဘဲလား?” 

 


“သဘောကျတယ်၊ သူက အရမ်းကြည့်ကောင်းတာ။ နင်ရော သူ့ကိုသဘောကျလား? သူသာ အဖြောင့်ဆိုရင် နင်သူ့ကိုလိုက်မှာလား?” 

 


ကျန်းလီက ဒီအကြောင်းကို ခဏလောက် စဉ်းစားလိုက်ပေမယ့် မေ့လိုက်ဖို့ ဆုံးဖြတ်လိုက်တယ်။ ရန်ရန်ပြောအရဆို သူမတို့နှစ်ယောက်လုံးက ဒီပုံစံကို သဘောကျပေမယ့် မိုင်ထောင်ချီအဝေးက လူတွေကို ငြင်းပယ်နိုင်တဲ့ ကျွမ်းရိယွင်ရဲ့အရှိန်အဝါ‌ကြောင့် သူမတော့ သူ့ကို တကယ် မလိုက်ရဲဘူး။ 


 

“တကယ်လား?” 

 


“ဘာကို တကယ်လားလဲ… ခဏ၊ ငါသူ့ကို ချစ်နေတယ်လို့ နင်ထင်နေတာလား?” ရန်ရန်က ရယ်လိုက်သည်။



 “နင်အရမ်းစိုးရိမ်နေတာ မထူးဆန်းတော့ဘူး။ နင်အခုထိ ငါ့ကို မသိသေးဘူးလား? ဒါက အပေါ်ယံ သက်သက်ဘဲ။ အရင်ကတော့ ဘားမှာ ငါချိန်းတွေ့တာကို နင်အမြဲတမ်းတားတယ်။ အဲ့ဒါကြောင့် ဒီတစ်ခေါက်တော့ ငါ့ကို မတားနဲ့တော့။ ငါပြောမယ် ပိုပြီးအထက်တန်းဆန်လေ သူ့တို့ရဲ့ဘဝကို ပိုပြီး အလေးထားလေဘဲ။ အဲ့ဒါကြောင့် အစွန်းအထင်းဖြစ်သွားမှာကို စိတ်ပူစရာမလိုဘူး” 

 


“ကျစ် ~ နင်သိလား၊ နင်က စကားများတဲ့ လူပျိုလေးဘဲ” 

 


“အိုး၊ ငါဘာလို့ ဒီလိုဖြစ်နေတုန်းလဲဆိုတာ နင်ပြောပါဦး? နင်ဘဲ ဟိုတယ်အခန်းထဲဝင်၊ ငါဖောက်ပြန်တာကို မိသွားဟန်ဆောင်ပြီး ဆွဲဆွဲထုတ်လာတာလေ။ နင်တစ်ယောက်ဘဲလုပ်နိုင်တာ။ နင့်လို သူငယ်ချင်းမျိုးကို စိတ်မဆိုးတာ ငါတစ်ယောက်ဘဲရှိမယ်” 

 


“ထွက်သွား၊ အဲ့ဒီလူက ဒီလိုလုပ်နိုင်မှာတဲ့လား? ငါသာ သတင်းမြန်မြန်မရခဲ့ရင် နင့်ဘဝ သွားတော့မှာ!” 

 


ဒါကို ပြောတဲ့အချိန် ကျန်းလီ ဒေါသထွက်ရသည်။ ရန်ရန်ရဲ့ ပျော်ပါးတတ်ပြီး အောက်‌ခြေလွတ်တဲ့ပုံစံနဲ့ လူကြီးတစ်ယောက်လိုမျိုး ဘယ်လိုလုပ် ချိန်းတွေ့ခွင့်‌ပေးနိုင်မှာလဲ။ 



ပထမဆုံးအခေါက်မှာဘဲ ရူးနေတဲ့လူနဲ့ဆုံတယ်လေ။ ကျန်းလီသာ အမြန်မရောက်သွားရင် ဘာဖြစ်သွားမလဲဆိုတာ သူမ မသိဘူး။ အဲ့ဒီကနေစပြီး ကျန်းလီက သူ့ကို ဂရုစိုက်ခဲ့သည်။



ရန်ရန်က မကျေမနပ်ပြောပေမယ့် သူ့ရင်ထဲမှာတော့ တကယ်သိပါသည်။ မဟုတ်ရင် သူက ကျန်းလီရဲ့ စည်းကမ်းတွေကို မလိုက်နာဘဲ စကားများလွန်းတဲ့ လူပျိုလေးဖြစ်လာမှာ မဟုတ်ဘူး။

 


“ဟုတ်တယ်၊ ဟုတ်တယ်၊ ငါတို့ဘော့စ်လီလီကို ကျေးဇူးတင်ရမယ်” 

 


“ဘာဘဲဖြစ်ဖြစ် ဒီကျွမ်းရိယွင်ကို သေသေချာချာ လေ့လာရမယ်။ ရုပ်ရည်နဲ့ လှည့်စားဖို့က လွယ်တယ်။ ဘာကိုမှ လျစ်လျှူမရှုနဲ့ သိရဲ့လား?” 

 


“ငါသိပါတယ်၊ စိတ်မပူနဲ့” 


 

“စိတ်မပူနဲ့ ဟုတ်လား! ငါကနင် ညစ်ညစ်ပတ်ပတ်တွေ စိတ်ဝင်စားတာကို စိုးရိမ်နေတာတင် မကဘူး နင့်ရဲ့ အတွေးတွေကလည်း ကျန်းမာရေးနဲ့ မညီညွတ်နေတာကို စိုးရိမ်တယ်။ နင်က ရိုးသားပေမယ့် တစ်ဖက်လူက ကိုင်တွယ်ရခက်မှာကို ငါစိုးရိမ်တယ်” 

 


သူ့ရဲ့ညစ်ပတ်တဲ့ အတွေးတွေလို့ ကြားတော့ ရန်ရန်ရယ်ချင်သွားသည်။ သူ့ရဲ့အတွေးတွေက ဘယ်တုန်းကမှ မကျန်းမာဘူးလို့ သူခံစားရတယ်။ ဒါပေမယ့် ကျန်းလီက သူ့အတွက် တကယ် စိတ်ပူနေတာဆိုတော့ သူပြန်မချေပရဲတော့ဘူး။  



အရင်ဆုံး လူကို အားကစားတက္ကသိုလ်ဆီ သူလိုက်ပို့လိုက်သည်။ အားကစားတက္ကသိုလ်မှာ သူတို့ရဲ့ အင်ဂျင်နီယာ တက္ကသိုလ်ဘေးမှာရှိပြီး နှစ်ယောက်သားက တစ်ယောက်ကို တစ်ယောက် ဘယ်တုန်းကမှ လိုက်မပို့ပေ။  


 

အဆောင်ကို ရန်ရန် ပြန်ရောက်တဲ့အချိန်က နောက်ကျနေပြီဖြစ်သည်။ စဉ်းစားလို့ပြီးတော့ သူက ကျွမ်းရိယွင်ဆီ WeChat မက်ဆေ့ခ်ျတစ်စောင်ပို့လိုက်သည် - ကျွန်တော် အဆောင်ပြန်ရောက်ပြီ [အပြုံး] 

 


ကျွမ်းရိယွင် - OK 


 

ရန်ရန် - ဒါဆို ပိတ်ရက်မှာ တွေ့ကြတာပေါ့ ကောကော? 

 


ကျွမ်းရိယွင် - ပိတ်ရက်မှာ တွေ့မယ် 

 


သူတို့နှစ်ယောက်ကြားက မရင်းနှီးတဲ့ စကားဝိုင်းက ဒီလိုဘဲ ပြီးသွားသည်။ ကျွမ်းရိယွင်က သူ့ကို ကျောင်းလိုက်ပို့ပေးပြီး သူအိပ်ဆောင်ကို ပြန်ရောက်ဖို့ အတော်ကြာခဲ့ပေမယ့် ကျွမ်းရိယွင်ကတော့ ဘာတစ်ခွန်းမှ မမေးခဲ့ပေ။ 



အဲ့ဒီနေ့ကနေစပြီး သောကြာနေ့ထိ တိုင်အောင် သူတို့နှစ်ယောက်ကြားမှာ ဘာအဆက်အသွယ်မှ မရှိခဲ့ပေ။ အမြဲတမ်း အကောင်းမြင်တတ်တဲ့ ရန်ရန်တောင်မှ မက်ဆေ့ခ်ျပို့ဖို့ အစမပျိုးခဲ့ပေ။ 



သူတို့နှစ်ယောက်ကြားက လက်ရှိဆက်ဆံရေးမှာ နည်းနည်းတော့ အဆင်မပြေပါချေ။ သူက အခြေအနေကို ပိုဖန်တီးလေ သူက ပိုပြီး ခုခံကာကွယ်လိမ့်မည်ဖြစ်သည်။



 ဘယ်လောက်ဘဲ တက်ကြွနေပါစေ လက်မှတ် ရတဲ့အထိ စောင့်ရမယ်! အခုချက်ချင်း လက်ထပ်ဖို့က လွယ်ပေမယ့် ကွာရှင်းဖို့အတွက်တော့ ရက်၃၀ကြာ အချိန်ဆွဲတဲ့ကာလရှိတယ်။ ဟီဟီး။