လက်ထပ်ဖို့ လိမ္မာရေးခြားရှိမှုကို အားကိုးပြီးနောက် ချစ်မိသွားတယ်
အပိုင်း ၇
သူ့အကြည့်က အသားရောင် ဆေးပလာစတာ ကပ်ထားတဲ့ ကျွမ်းရိယွင်ရဲ့ လည်ပင်းတစ်ဖက်ဆီရောက်သွားသည်။ အစက ဒါက စတော်ဘယ်ရီတွေကို ဖုံးထားတာလို့သူထင်ခဲ့ပေမယ့် အခုစဉ်းစားကြည့်လိုက်တော့ ဒဏ်ရာကို ဖုံးထားတာ ဖြစ်လိမ့်မည်။
ဒုတိယအကြိမ် သူတို့ဆုံတော့ ရန်ရန်ရဲ့ ခံစားချက်မှာ ကျွမ်းရိယွင်ရဲ့ ‘ရုပ်ရည်ချောမောမှု’ ထက်ကို ကျော်လွန်သွားပြီဖြစ်သည်။
“ဘယ်လိုလျော်ကြေးမျိုး မင်းလိုချင်သေးလဲ၊ ပိုက်ဆံအပါအဝင် ကိုယ်ပေးနိုင်သလောက် မင်းတောင်းဆိုလို့ရတယ်။ ဒီအတောတွင်းမှာ မင်းသဘောကျတဲ့ တစ်ယောက်ယောက်ကို တွေ့ခဲ့ရင် ဒါမှမဟုတ် ကိုယ့်ကို စိတ်မကျေနပ်တာ ရှိခဲ့ရင် မင်းမှာ ဆက်ဆံရေးကို ဘယ်အချိန်မဆို ရပ်စဲပိုင်ခွင့်ရှိတယ်” ကျွမ်းရိယွင်က ထပ်ပေါင်းရှင်းပြလိုက်သည်။
“အကျိုးကျေးဇူးတွေ အားလုံးက ကျွန်တော့်အတွက် တွေကြီးဘဲ၊ ကျွန်တော်က လက်မှတ်တစ်ခုဘဲ ယူဖို့လိုတယ်”
“မဟုတ်ပါဘူး၊ မင်းကို အဖိုးတန် ဈေးပေးရမှာပါ။ မင်းတက္ကသိုလ်ကနေ ဘွဲ့ရပြီးလို့ မကြာခင်မှာ ကွာရှင်းရမှာလေ”
ကျွမ်းရိယွင် ပြောလို့မပြီးခင် ရန်ရန်က ခေါင်းကိုခါလိုက်သည်။ “မဟုတ်တာ၊ တူတူပါပဲ။ ကျွန်တော် ကွာရှင်းရင် ခင်ဗျားလည်း ကွာရှင်းရမှာပဲလေ။ ဒါ့ပြင် ကွာရှင်းလိုက်တဲ့ လက်တွဲဖော်က အရမ်းကောင်းတာကို မပြောနဲ့ဦး ကွာရှင်းရတာက ရှက်စရာကောင်းတဲ့အရာ မဟုတ်ပါဘူး”
ရန်ရန်ရဲ့ ရှက်ကိုးရှက်ကန်းအပြုံးနဲ့ ရင်ဆိုင်ရတဲ့အခါ ကျွမ်းရိယွင်ရဲ့ အမူအရာက မပြောင်းလဲသွားဘဲ တည့်တည့်ဘဲ ဆက်ပြောလာသည်။
“ထပ်ပေါင်းရရင်၊ မင်းအတွက် အခက်အခဲတွေနဲ့ ပြဿနာတွေ ကြုံရလိမ့်ပေမယ့် ကိုယ်မင်းကို ကာကွယ်ပေးမှာပါ။ ကိုယ်က ကိုယ်ရေးကိုယ်တာအကြောင်းပြချက်နဲ့ မင်းကို လက်ထပ်ချင်တာကြောင့် မင်းက အမြဲတမ်းမှန်တယ်။ အဲ့ဒါကြောင့် လျော်ကြေးပေးဖို့ အဆိုတင်သွင်းတဲ့နေရာမှာ အရှက်အကြောက်မရှိဘဲ တောင်းဆိုပိုင်ခွင့်ရှိတယ်”
ရန်ရန်ရဲ့ရင်ထဲမှာ အတော်ကြာတဲ့အထိ ပီတိတွေနဲ့ ပြည့်နှက်နေသည်။ တကယ်တော့ သူ့အတွက် အရေးအကြီးဆုံး အခြေအနေ နှစ်ရပ်ရှိသည်
ပထမဆုံး - တစ်ဖက်လူက သူနဲ့အတူ လင်မယားတာဝန်ဝတ္တရားတွေကို စစ်စစ်မှန်မှန်နဲ့ ကျေပွန်အောင် ထမ်းဆောင်ရမယ်
ဒုတိယက - တစ်နှစ်ကျော်လို့မှ မငြီးငွေ့သွားဘူးဆိုရင် ဒီအိမ်ထောင်ရေးကို သူတို့ဆက်လို့ရမယ်။ ဒီကို သူ မလာခင်က ဒီလို အခမဲ့အခွင့်အလမ်းမျိုးကို မစဉ်းစားရဲခဲ့ပေမယ့် ဒီလို အခြေအနေနှစ်ရပ်သာ မဖြစ်ခဲ့ရင်တော့ ဒီကောင်းတဲ့အရာတွေက သူနဲ့ဘာမှ မဆိုင်တော့ဘူး
သူ့မှာ မတတ်နိုင်ဘဲ ခံစားချက်တွေကို ထိန်းထားရတယ်။ ဒါကတကယ် ကြေကွဲစရာဘဲ။ သူက မပြောခင်မှာ စကားလုံးတွေကို သေသေချာချာ ရွေးလိုက်သည်။
“ကောကော၊ ကျွန်တော်က ဘလိုင်းဒိတ်တွေ ထပ်ပြီး မသွားချင်တော့ဘူးဆိုတာ ကောကောလည်းသိတာပဲ၊ ဒါပေမယ့် လက်ထပ်တာကတော့ ကျွန်တော့်အတွက် တကယ် ရုတ်တရက်ဖြစ်လွန်းတယ်။ နောက်ဆုံးမှာတော့၊ ကျွန်တော်က ကျောင်းတက်နေရတုန်းပဲလေယူ မိသားစုတစ်ခုကို ထူထောင်ဖို့ ဘယ်တုန်းကမှ မတွေးထားခဲ့ဘူး။ ကျွန်တော့်ရဲ့ ကိုယ်ပိုင် မိသားစုကို…. ဒါပေမယ့် လက်ထပ်ရမယ့် လက်တွဲဖော်က ကောကောဆိုရင်တော့ ကျွန်တော်လုပ်နိုင်ပါတယ်။ တခြား တောင်းဆိုစရာမရှိပါဘူး၊ ဒါပေမယ့် ကျွန်တော်တို့တွေက အချိန်အတိုင်းအတာ တစ်ခုအထိ အတူနေရမှာဖြစ်လို့ အနာဂတ်မှာ ပဋိပက္ခတွေ ဖြစ်တာကို ရှောင်ရှားဖို့ ကျွန်တော်တို့အတွက် သဘောတူညီချက်တွေ ကြိုတင်လုပ်ထားတာ ပိုကောင်းမယ်”
“ကောင်းပြီ၊ မင်းရဲ့အလေ့အကျင့်တွေကို အရင်ရေးတာပေါ့”
“ကျွန်တော်ရေးရမှာလား?”
ကျွမ်းရိယွင်က ခေါင်းညိတ်လိုက်ပြီး ပြင်ဆင်ထားတဲ့ သဘောတူညီချက်ကို ထုတ်ကာ ပြောလိုက်သည်။ “အပိုစည်းမျဉ်းတွေအနေနဲ့ မင်းရဲ့တောင်းဆိုမှုတွေကို ကိုယ်ရေးထည့်လိုက်မယ်”
ဒီတစ်ခေါက်တော့ ရန်ရန်က ငြင်းလိုက်သည်။ “ကောကောက ဒါကို ယူလာတာဘဲ။ ဒါက သဘောတူညီချက်ဆိုတာ ဘယ်သူ့ကိုမှ မသိစေချင်ဘူး”
“ဒါပေမယ့် မင်းရဲ့အခွင့်အရေးအတွက် ကာကွယ်ဖို့တော့လိုတယ်လေ”
ရန်ရန်က ခေါင်းခါဆဲပင်။
“ကောကောက ကျွန်တော့်ကို အန္တရာယ်မပြုပါဘူး မဟုတ်ဘူးလား?”
“မပြုဘူး”
“ဒါဆို ကျွန်တော့်အတွက် ဘာသဘောတူညီချက်မှ မလိုတော့ဘူး”
လက်ရှိကိုပြောရရင် ကျွမ်းရိယွင်ရဲ့ အမူအရာက နောက်ဆုံးတော့ နည်းနည်း ပြောင်းသွားသည်။ သူ့ရဲ့ စကားလုံးတွေက ဆွေးနွေးတဲ့ ပုံစံကနေ နည်းနည်းနူးညံ့တဲ့ဘက်ပြောင်းလာသည်။
ရန်ရန်က ရှက်ရွံ့စွာတွေးလိုက်သည် - ဘယ်သဘောတူညီချက်ကိုမှ သူလက်မှတ်မထိုးချင်ဘူး။ လျော်ကြေးကို သူ့နည်းသူ့ဟန်နဲ့ တောင်းချင်ပြီး ဘာအကာအကွယ်မှလည်း သူမလိုဘူး။ ကိုးယွမ်ကုန်ကျတဲ့ လက်ထပ်လက်မှတ်က သူ့အတွက်တော့ အကြီးမားဆုံး အကာအကွယ်ဘဲ။
အကူအညီတောင်းတဲ့ ကျွမ်းရိယွင်ရဲ့ တောင့်တင်းတဲ့ သဘောထားကြောင့် ရန်ရန်မှာ ဒီစိန်ခေါ်မှုကို ကျော်လွှားဖို့ ပိုပြီး စိတ်အားထက်သန်လာသည်။ အင်္ကျီတစ်ထည်မှာ ကြယ်သီးတွေ ပိုတင်းတင်းတပ်ထားလေ ကြယ်သီးဖြုတ်လိုက်တဲ့အခါမှာ တင်းမာမှုပိုများလေဘဲ မဟုတ်လား?
အဲ့ဒီအချိန်မှာ ကျွမ်းရိယွင်ရဲ့ အသံက မြင်းရိုင်းတစ်ကောင်လိုမျိုး သူ့အတွေးတွေကို ပြန်ခေါ်လိုက်သည်။
“ကျေးဇူးတင်ပါတယ် ရန်ရန်”
ကျွမ်းရိယွင်ခေါ်တာက ‘ရန်ရန်’ မဟုတ်တဲ့ လေသံက ‘ရန်ရန်’ လို့ခေါ်တဲ့အသံမှန်း ရန်ရန်ပြောနိုင်သည်။ အမျိုးသားရဲ့အသံက သူ့နားရွက်တွေမှာ ပဲ့တင်ထပ်နေပြီး သူ့မျက်နှာကို ချက်ချင်းနီရဲသွားစေသည်။
ဒီလူက တကယ်ဉာဏ်နီဉာဏ်နက် များတာဘဲ။ အရင်ဆုံး သူက သူနဲ့အတူ အေးတိအေးစက် ဆွေးနွေးခဲ့ပေမယ့် အခုတော့ သူ့ကို အရမ်း ရင်းရင်းနှီးနှီးနဲ့ ခေါ်လာပြန်ပြီ။ သူ့မိဘတွေကလွဲပြီး သူ့ကို ဒီလိုမျိုး ဘယ်သူမှမခေါ်ကြဘူး။
“ဒီနေ့ ကိုယ့်ရဲ့ကမ်းလှမ်းချက်က အမြဲတမ်း အကျုံးဝင်တယ်။ တစ်ခုခုလိုတာရှိရင် လွတ်လွတ်လပ်လပ်နဲ့ တောင်းဆိုလို့ရသလို ကိုယ်အစွမ်းကုန် လုပ်ပေးမယ်”
ကျွမ်းရိယွင် တိတ်သွားတော့ အစားအသောက်တွေက ရောက်လာပြီး နှစ်ယောက်စလုံးစားဖို့ဘဲ အာရုံစိုက်လိုက်ကြသည်။ သူတို့နှစ်ယောက်ဘဲ ရှိသလို သူတို့ကလက်ထပ်ဖို့ ပြင်ဆင်နေကြပေမယ့် ကျွမ်းရိယွင်က တူကို ပြင်လိုက်သည်။
ရန်ရန်မှာ ဒါကို ကျင့်သားမရသေးပေ။ သူနဲ့ သူ့မိသားစုအပြင် သူ့သူငယ်ချင်းတွေကလည်း ဒီလိုမလုပ်ဖူးဘူး။ တူနှစ်စုံပြင်ဆင်နေတာက သူပြောချင်တာတွေ အားလုံးကို ပိတ်ဆို့ပစ်လိုက်သည်။ လုပ်စမ်းပါ၊ ခေါင်းဆောင်ကျွမ်းက အရင်လှမ်းလို့ရတာဘဲ ငါအရမ်းမပျော်နေတော့ဘူးနော်။
အုပ်စုဖွဲ့စားသောက်တဲ့အခါ အများသုံးဟင်းလျာတွေထဲက ဟင်းတွေကို ယူဖို့၊ ပြီးတော့ ကိုယ်ပိုင်ပန်းကန်ထဲက စားစရာတွေကို စားသုံးဖို့အတွက် သီးသန့်တူများကို အသုံးပြုကြသည်။
သူက ဘာမှမပြောလိုက်ပေမယ့် ကျွမ်းရိယွင်ကတော့ အံ့ဩသွားသည်။ သူခေါင်းကို မော့လိုက်တဲ့အချိန်တိုင်း ရန်ရန်က သူ့ကို တည်တည်ငြိမ်ငြိမ်နဲ့ပြန်ကြည့်သည်။
သူက တခြားသူတွေစီကနေ အလိုက်မခံရဖူးတာတော့ မဟုတ်ပေ။ သူကျောင်းတုန်းက သူ့ကိုသဘောကျတဲ့ ကောင်မလေးတွေက ရည်းစားစားတွေရေး၊ စားစရာတွေနဲ့ လက်ဆောင်တွေ ပို့ကာသူ့ကို လိုက်ပေမယ့် သူကတော့ အဲ့ဒါတွေကို ဘယ်တုန်းကမှ လက်မခံခဲ့ပေ။
ဒါပေမယ့် အဲ့ဒီကောင်မလေးတွေရဲ့မျက်နှာပေါ်က ရှက်ရွံ့ရဲ့အမူအရာကတော့ ရန်ရန်နဲ့ သူ ပထမဆုံး ဆုံတုန်းက ရန်ရန်ရဲ့ အမူအရာနဲ့ အရမ်းတူသည်။
ဒါပေမယ့် နောက်ပိုင်းမှာ သူမှန်းဆလို့ မရဖြစ်လာသည်။ ဒီတစ်ယောက်က သူ့အပေါ်မှာ စိတ်အားထက်သန်နေပုံရပေမယ့် သူနဲ့လည်း ဝေးကွာနေပုံရသည်။
စားသောက်ပြီးတော့ နှစ်ယောက်သား အခန်းထဲကနေ ထွက်လာတဲ့အခါ ကျန်းလီက တစ်ချက်တည်းနဲ့ သူတို့နှစ်ယောက်ကို မြင်လိုက်သည်။ ကြည့်ကောင်းတဲ့အမျိုးသားက အရမ်းကြည့်ကောင်းလွန်းလို့ သူမတောင် မတတ်နိုင်ဘူး။
သူမ ထမရပ်ရသေးခင် သူစားပွဲဘေးက အမျိုးသမီးဟာလည်း ရုတ်ခြည်းထရပ်လိုက်တာကို တွေ့လိုက်ရသည်။ ထိုင်ခုံခြေထောက်တွေက ကြမ်းပြင်နဲ့ ပွတ်တိုက်မိတဲ့အခါ အသံတွေထွက်လာသည်။
ကျန်းလီက သူမဘက်ကို ကြည့်ပြီး ထပ်စစ်ဆေးလိုက်တဲ့အခါ ရန်ရန်နဲ့ ကျွမ်းရိယွင်လည်း သူမကို ကြည့်နေကြသည်။
ကျွမ်းရိယွင် ရွေးချယ်ထားတဲ့ စားသောက်ဆိုင်က ကောင်းမွန်ပြီး အဓိက စားသောက်ခန်းမကလည်း ပြည့်လုနီးပါးပင်။ လူ အမြောက်အများရဲ့အရှေ့မှာ သိသိသာသာစိတ်လှုပ်ရှားနေတဲ့ အမျိုးသမီးက သူမရဲ့အသံကို ထိန်းချုပ်ထားသည်။
သူမရဲ့မျက်လုံးတွေက စူးရှနေပေမယ့် သူမက အကျယ်ကြီး မအော်ဟစ်လာပေ။ သူမနဲ့ ကျွမ်းရိယွင်ကြားတွင် တင်းမာမှုတစ်ခုကို သိသိသာသာမြင်နေရသည်။
သူမကို မြင်လိုက်တဲ့အချိန်မှာ ကျွမ်းရိယွင်က အရမ်းကိုသိသိသာသာနဲ့ ရန်ရန်ရဲ့လက်ကို ကိုင်လိုက်သည်။ နောက်တော့ အမျိုးသမီးက သူတို့နှစ်ယောက် အနောက်ကနေ ချက်ချင်း ပြေးထွက်သွားသည်။
ကျန်းလီရဲ့မျက်နှာမှာ အမည်းကြောင်းတွေနဲ့ ပြည့်သွားသည်။ သူမက ချက်ချင်းဘဲ သွေးတွေအပြည့်နဲ့ ဇာတ်လမ်းတွေ တစ်သီတစ်တန်းကြီးကို တွေးလိုက်ပြီး နှစ်လှမ်းသုံးလှမ်းနဲ့ သူတို့အနောက်ကနေ လိုက်သွားလိုက်သည်။
“ကျွမ်း…” ရန်ရန်က ခေါ်တော့မယ့်အချိန်မှာဘဲ ကျွမ်းရိယွင်ကသူ့ကို ဆွဲခေါ်သွားသည်။ သူ့ရဲ့လက်က ရန်ရန်ရဲ့ လက်ထက် ပိုကြီးပြီး ရှည်သွယ်ကာ သန်မာလှတဲ့ အရိုးအဆစ်တွေရှိသည်။
သူတို့လက်တွေကို ဆုပ်ကိုင်လိုက်တဲ့အခါ အရမ်းကို နွေးထွေးလှသည်။ ရန်ရန်ရဲ့ အာရုံကလည်း သူ့ကြောင့် ချက်ချင်းပြောင်းသွားသည်။
မက်မွန်ပွင့်တွေက ပိတ်ဆို့နေတာ ကြောင့်လားဆိုတာ မရှင်းလင်းဖြစ်နေပေမယ့် မိသားစုကိစ္စ ဖြစ်လိမ့်မယ်ဆိုတာ အခုတော့ သူသိလိုက်ပြီ။ မဟုတ်ရင် အန်တီကျွမ်းက ဒီလိုပေါ်လာမှာ မဟုတ်ဘူး။
ကျန်းလီက သူတို့အနောက်ကနေ လိုက်လာတဲ့အခါ ဒေါသထွက်နေတဲ့ အမျိုးသမီးကို တွေ့လိုက်ရသည်။ ကျွမ်းရိယွင်က ရန်ရန်ကို သူ့အနောက်မှာ ကာကွယ်ထားသည်။ ဘယ်သူကမှ စကားမပြောကြပေမယ့် လေထုကတော့ တင်းမာနေသည်။
သူမချဉ်းကပ်လာတာကို မြင်တော့ ကျွမ်းရှန်းက သူမလို ‘လမ်းသွားလမ်းလာတွေ’ ကို မမြင်စေချင်တာကြောင့် ကျွမ်းရိယွင်နဲ့ ရန်ရန်ကို စူးစူးစိုက်စိုက်ကြည့်လိုက်ပြီး ခါးသက်သက်နဲ့ “မရူးစမ်းနဲ့၊ သေသေချာချာ စဉ်းစားကြည့်” လို့ပြောပြီး လှည့်ထွက်သွားသည်။
ရန်ရန်က ကျွမ်းရိယွင်ကို လှည့်ကြည့်လိုက်သည်။ သူက အေးစက်နေဆဲ ဖြစ်ပေမယ့် အကြောင်းပြချက်တချို့ကြောင့် သူစိတ်အခြေအနေ မကောင်းဘူးဆိုတာ ခံစားလိုက်ရသည်။
“မင်း နောင်တရချင်နေတာလား?”
“ကျွန်တော်လား?”
ကျွမ်းရှန်းရဲ့ ပုံရိပ်က လမ်းထောင့်မှာ ပျောက်ကွယ်သွားပြီး ကျွမ်းရိယွင်ကလည်း သူ့ကို လွှတ်ပေးကာ ပြောလိုက်သည်ယာ “ဒါပေါ့”
ရန်ရန်က ခေါင်းခါလိုက်သည်။ ငတုံးတွေပဲ နောင်တရမယ် ဒါက ယောက္ခမ တစ်ယောက်လေးပဲ မဟုတ်လား? သူကြောက်ရမှာလား? ဒါ့ပြင်၊ သူက သူ့ဘဝတစ်ခုလုံးကို ကျွမ်းရိယွင်နဲ့ မကုန်ဆုံးချင်ဘူး။
“ဒီပိတ်ရက်မှာ မင်းအိမ်ကို ကိုယ်လာလည်မယ်၊ နောက်တစ်ပတ်ကို မင်းရွေးထားလိုက်”
နှစ်ယောက်သားက နောက်တစ်ပတ်ကို ရွေးလိုက်တာကို ဖွင့်ဟပြောစရာမလိုဘဲ နားလည်တဲ့အတွက် ရန်ရန်က သဘောတူလိုက်သည်။
ကျန်းလီက တစ်ဖက်မှာ ကြောင်အနေပြီး ကျွမ်းရိယွင်အတွက် ဒီတည့်တည့်ကြည့်နေတဲ့ မျက်လုံးတွေကို သတိမထားမိဖို့ ခက်သည်။ သူ့အကြည့်တွေက သူမဆီရောက်လာပြီး နောက်တော့ ရန်ရန်ကို မေးလိုက်သည်။
“ကျွန်တော့် အတန်းဖော် ကျန်းလီ ကျွန်တော့ရဲ့ ကောင်း… အကောင်းဆုံး သူငယ်ချင်း”
အစက ဘော်ဒါကောင်းလို့ သူပြောလိုက်ချင်ပေမယ့် သူ့ရဲ့ ချစ်စရာကောင်းတဲ့ ပုံစံကို တွေးလိုက်တော့ သူမကို ‘သူငယ်ချင်းကောင်း’ လို့ ခေါ်သင့်သည်။
ကျန်းလီ သူ့ကို သိလာတာ ဆယ်နှစ်လောက်ရှိပြီဖြစ်ကာ သူက သူမကို သူငယ်ချင်းကောင်းလို့ ပထမဆုံးခေါ်လိုက်တဲ့အခါ သူမမှာ ရုတ်တရက် ဆိုးဆိုးဝါးဝါး ခံစားလိုက်ရသည်။ သူမက ပိုပြီးတော့တောင် ကြောင်အပြီး သူ့ IQ ကလည်း သိပ်မကောင်းတော့ပုံပေါ်သည်။
ရန်ရန်မှာ ရွေးချယ်စရာမရှိတော့ဘဲ ကျည်ဆံကိုကိုက်ကာ ပြောလိုက်သည်။ “ လီလီက ပျင်းနေလို့ အဲ့ဒါနဲ့ ကျွန်တော့်ကို စိတ်ပူပြီး လိုက်လာတာ”
ကျွမ်းရိယွင်က သူရှင်းပြတာကို ဂရုမစိုက်ဘဲ ခေါင်းညိတ်လိုက်ပြီး သူ့ကိုမေးလိုက်သည်။ “ကိုယ် မင်းကို ကျောင်းပြန်ပို့ပေးရမလား?”