အပိုင်း ၆
Viewers 84

လက်ထပ်ဖို့ လိမ္မာရေးခြားရှိမှုကို အားကိုးပြီးနောက် ချစ်မိသွားတယ် 


အပိုင်း ၆




ရန်ရန်နဲ့ ကျွမ်းရိယွင်ကြားက chat box မှာ အချင်းချင်း သူငယ်ချင်းအပ်တုန်းက system အတိုင်းရှိနေသည်။ [သင် ကျွမ်းရိယွင်ကို အပ်လိုက်ပါပြီ။ ယခု စတင် စကားပြောနိုင်ပါပြီ] 

 


ကျွမ်းရိယွင်ဆီက သတင်းလာတဲ့အခါ ရန်ရန်က ဒီတစ်လော သူအိပ်တာနောက်ကျပြီး ထင်ယောက်ထင်မှားမြင်နေတာလို့ ထင်လိုက်သည်။ သူ WeChat ကနေထွက်ပြီး ထပ်ဝင်လိုက်သည်။ာအဲ့ဒီတော့မှ စာက တကယ်သူ့ဆီကဆိုတာမှန်း သိသွားသည်။ 



မနက် နှစ်နာရီရှိနေပြီဖြစ်သည်။ ဘယ်လိုပဲဖြစ်ဖြစ် သူက မူးပြီး Truth or Dare ကစားနေပုံရသည်။ မမျှော်လင့်ထားစွာနဲ့ အလေးအနက်နဲ့ တည်ငြိမ်တဲ့ ကျွမ်းရိယွင်လည်းဘဲ ဒီလိုကစားတယ်ဆိုတာမြင်တော့ သူ့နှုတ်ခမ်းထောင့်က စနောက်ချင်သလို ကွေးသွားသည်။  

 


ရန်ရန် - ကျွမ်းကောကော ဒီနေ့ပြောတာလား မနက်ဖြန်ပြောတာလား? 


 

ကျွမ်းရိယွင်က သူ့စာကို ဖျက်တော့ခါနီးမှာ မထင်ထားစွာနဲ့ ရန်ရန်က ပြန်ဖြေလာတယ်။ ဝရန်တာက အေးစက်တဲ့လေက အတားအဆီးမရှိ သူ့လည်ပင်းကို ဖြတ်တိုက်လာပြီး စပ်ဖျင်းဖျင်းဖြစ်သလို သိပ်အကြာကြီး မခံစားလိုက်ရပေ။  


 

ကျွမ်းရိယွင် - ဒီနေ့။ မင်းဘာလို့ မအိပ်သေးတာလဲ? 

 


ရန်ရန် - ကောကော ကျွန်တော့်ကို မိသွားပြီ။ ကျွန်တော် အရမ်း အလုပ်များနေတာ။ ကျွန်တော့်ရဲ့ ဘွဲ့ယူဖို့ စာတမ်းအဆိုပြုချက်ကို အခုလေးတင် ရေးလို့ပြီးသွားတာ။ 

 


ရန်ရန် - [အိပ်ငိုက်နေတဲ့ကြောင် .jpg] 

 


ကျွမ်းရိယွင် - သွားအိပ်တော့။ 


 

ရန်ရန် - [အားအပြည့်နဲ့ကြောင်.jpg] ဒါပေမယ့် ကောကောက ကျွန်တော့်ကို အရင်စဆက်သွယ်လာလို့ အရမ်းစိတ်လှုပ်ရှားသွားတယ်။ 

 


‘တစ်ဖက်လူက စာရိုက်နေပါတယ်…´ ဆိုတဲ့ စာကိုကြည့်ရင်း ရန်ရန်မှာ တစ်ဖက်လူ စာပြန်လာတာကို မစောင့်နိုင်တော့ဘဲ နောက်ထပ် စာတစ်စောင် ပို့လိုက်သည်။ 

 

 

ရန်ရန် - စတာပါ၊ ကောကောက ဒိတ်ဖို့ပြောတာ မဟုတ်ဘူးဆိုတာ ကျွန်တော်သိပါတယ်။ အိပ်တော့မယ်‌နော်၊ ကောင်းသောညပါ ကောကော။ 

 


ရန်ရန် - စကားမစပ် မနက်ဖြန်ကျရင် တွေ့မယ်နော် ကောကော [ကြောင်လေး လှည့်ပတ်နေတဲ့ပုံ. Jpg] 

 


ကျွမ်းရိယွင် - ကောင်းသောညပါ 

 


Chat box ထဲမှာတော့၊ စောင်ခြုံပြီး ဟောက်နေတဲ့ ကြောင် အီမိုဂျီလေးက ထပ်ခါတလဲလဲ လှုပ်ရှားနေသည်။ 



နူးညံ့ပြီး ချစ်စရာကောင်းတဲ့ ပုံလေးက အေးစက်ပြီးလေးနက်တဲ့ ကျွမ်းရိယွင်ရဲ့ပုံစံနဲ့ လုံးဝခြားနားနေသည်။ သူက ဖုန်းကို အဝေးမှာထားလိုက်ပြီး ရှုပ်ပွနေတဲ့ ဧည့်ခန်းကို မမြင်ဟန်ပြုကာ အိပ်ခန်းထဲ ပြန်ဝင်သွားလိုက်သည်။ 

 


ရန်ရန်က အိပ်ပြီလို့ ပြောရင် အဲ့ဒါက လိမ်တာပင်။ ဒီလိုမျိုး စိတ်လှုပ်ရှားစရာကောင်းတဲ့ အခိုက်အတန့်မှာ သူဘယ်လိုလုပ် အိပ်နိုင်မှာလဲ? 



လွန်ခဲ့တဲ့ရက်တွေက ပင်ပန်းနွမ်းနယ်မှုတွေက လုံးဝ ပျောက်ကွယ်သွားသည်။ သူက အိပ်ဆောင်ကုတင်က စောင်ကို ကန်ထုတ်လိုက်ပြီး သူတို့ရဲ့စကားပြောခန်းကို စခရင်ရှော့ရိုက်ပြီး ကျန်းလီဆီ ပို့ပေးလိုက်သည်။ 


 

ရန်ရန် - မနက်ဖြန်ကျရင် ငါ့အိမ်ကိုလာပြီး ဆံပင်တုတပ်ဖို့ ကူပေးပါဦး၊ သစ်အယ်သီးရောင်နဲ့ တစ်ခုနော်။ နင့်သူငယ်ချင်းက တိုးတက်နေပြီလို့ ငါပြောပါရစေ။ ကျွမ်းရိယွင်က ငါနဲ့ ဒိတ်ဖို့ အရင်လာပြောတယ်! 

 


ရန်ရန် - အဟမ်း၊ အဝတ်အစားအသစ်တွေ ဝယ်ဖို့အချိန်ရောက်ပြီ ချစ်စရာကောင်းပြီး နာနာခံခံနဲ့ဖြစ်ရမယ်၊ သူငါ့ကို ဖိပြီးနမ်းချင်လောက်‌တဲ့အထိ ချစ်စရာကောင်းရမယ်~ 

 


ရန်ရန် - လီလီ သူ့ရဲ့ တုန့်ပြန်တာက အရမ်းကို ကြာတယ်လို့ထင်လား? သူငါ့ကို ငြင်းတုန်းက ပြတ်ပြတ်သားသားနဲ့ ငြင်းခဲ့ပေမယ့် အခုတော့ စိတ်ပြောင်းသွားတာလား? သူ ငါ့ကို ဘာပြောချင်တာလဲဆိုတာ ငါစပြီး သိချင်လာပြီ။ 

 


ပုံမှန်အတိုင်းဘဲ သာမာန်လူတစ်ယောက်လို အိပ်နေတဲ့ ကျန်းလီက‌တော့ သူ့ကို စာမပြန်လာပေ။ ဒါကို ပြောလိုက်ရတဲ့အတွက် သက်တောင့်သက်သာရှိသွားတာကို ရန်ရန်လည်းသိသလို ကျွမ်းရိယွင်က သူ့ကို ငြင်းခဲ့တာ နောင်တရပြီး သူ့ဆီပြန်လာတာ မဟုတ်ဘူးဆိုတာ 99%သေချာသည်။ 



အတိုချုပ်ရရင် တံခါးဆီ လက်ဦးမှုယူပြီး သွားဖို့ အခွင့်အရေးကောင်းပင်။ ဒီအတွေးတွေနဲ့ သူလည်း အိပ်ပျော်သွားတော့သည်။ 

 


နောက်တစ်နေ့ ရန်ရန် နိုးလာတဲ့အခါ ကျန်းလီက သူ့ရဲ့အဆောင်ခန်းထဲမှာ ထိုင်နေပြီဖြစ်သည်။ သူနိုးလာတာကို ကြားပြီး သူမက မတ်တပ်ရပ်လိုက်တော့ ကောင်းကင်နဲ့ သူတို့ရဲ့အိပ်ဆောင်မှာ တိုင်ကြီးတစ်တိုင်လိုပင်။  အရောင်အဝါက အရမ်းပြင်းထန်လွန်းလို့ သူ့ရဲ့ 1.8 မီတာ မြင့်တဲ့ တည်ရှိမှုက ပျောက်ကွယ်သွားသည်။ 

 


မိန်းကလေးအဆောင်ထဲကို ယောက်ျားလေးဝင်တဲ့အခါ အဆောင်မှူးအန်တီက သူတို့ရဲ့ ID ကတ်တွေကို သေသေချာချာ စစ်ဆေးကြသည်။ ယောက်ျားလေးအဆောင်ထဲ မိန်းကလေး ဝင်တဲ့အခါမှာတော့ သဘောထားကြီးကြီးနဲ့ ဝင်ခွင့်ပြုကြသည်။ ဒါက တက္ကသိုလ်ကျောင်းဆောင်တွေရဲ့ ကျားမ ‘မညီမျှမှု’ စည်းကမ်းတွေပင်။  

 


ရန်ရန်ရဲ့ အဆောင်ဖော်သုံးယောက်က ကြက်တွေလိုမျိုး တိတ်ဆိတ်နေကြပြီး ထိုင်ခုံမှာကိုယ်စီထိုင်ကာ စာဖတ်ဟန်ဆောင်နေကြသည်။ 



ဂေးတစ်ယောက်နဲ့ အဖြောင့်သုံးယောက်က အဆောင်တစ်ခုထဲမှာ နေတာကြာပြီဖြစ်ပေမယ့် မကြာခဏလာလည်တတ်တဲ့ သူ့ရဲ့ ဂေးညီအစ်မနဲ့ သူတို့ရဲ့ ရှပ်အင်္ကျီမပါ၊ ဘောင်းဘီကြီးကြီးနဲ့ အနံ့ဆိုးတဲ့ခြေအိတ်တွေနဲ့တော့ လိုက်လျောညီထွေ မဖြစ်နေပါချေ။



“ထတော့” ကျန်းလီက သူ့ကိုတွန်းလိုက်တယ်။ ရန်ရန်က လှုပ်တောင် မလှုပ်တဲ့အတွက် သူမ ယူလာတဲ့ ဆံပင်တုနဲ့ သူ့ပါးစပ်ကို အုပ်လိုက်သည်။ 

 


“အိစ်…” အခန်းဖော်တွေက အသက်ရှူလိုက်ကြပြီး ရန်ရန်က ခြေတွေလက်တွေနဲ့ ရုန်းကန်နေပေမယ့် ကျန်းလီရဲ့လက်နဲ့ အဖိခံထားရတာကို ကြည့်နေကြသည်။ 

 


အားကစားနဲ့အနုပညာတက္ကသိုလ်ရဲ့ အမျိုးသမီးဘတ်စကတ်ဘောအသင်း ခေါင်းဆောင်က တကယ် ကြောက်စရာကောင်းတာဘဲ။ နောက်ဆုံး ကျန်းလီ သူ့ကို လွှတ်ပေးလိုက်တော့ ရန်ရန်က အိပ်ယာကနေ ချက်ချင်းထလိုက်သည်။ 



သူ့ရဲ့ရွှေရောင် ဆံပင်တွေက ရှုပ်ပွနေပြီး သူ့ရဲ့ရှုပ်ပွနေတဲ့ဆံပင်ကို ရှင်းလင်းဖို့ လုပ်လိုက်သည်။ သူ့ရဲ့အေးစက်တဲ့ အစ်ကိုကြီး ပုံစံနဲ့ လုံးဝ ကွဲထွက်နေသည်။ 

 


“ကျန်းလီလီ၊ နင်တကယ် ရိုင်းတာပဲ” သူကဆက်ပြီး အထွန့်တက်ချင်ပေမယ့် ကျန်းလီက သူ့ကိုစိုက်ကြည့်လိုက်တော့ ဘာမှမပြောရဲတော့ပေ။ 



သူက ဆင်းပြီး ဆံပင်တုကို သေသေချာချာ ဆေးကြော‌လိုက်သည်။ တံတွေးတွေ စိုသွားတော့ အနံ့က အရမ်းဆိုးနေတာ ကျွမ်းကောကောကို ဖက်နမ်းတဲ့အခါကျ အနံ့ရရင် ရွံသွားဦးမယ်။ 

 


ဒါကို တွေးနေရင်း ကျန်းလီ သူ့ကို ကြမ်းကြမ်းတမ်းတမ်းခေါ်နေတာ ဂရုမစိုက်တော့ပေ။ 

 


ရန်ရန်က ဆေးကြောလိုက်ပြီး သပ်သပ်ရပ်ရပ်ပြင်လိုက်ကာ နှစ်ယောက်သား အပြင်ထွက်သွားကြသည်။ အဆောင်ကနေ ထွက်လာတော့ ကျန်းလီက ချက်ချင်း အတင်းအဖျင်း စတော့သည်။ ကျွမ်းရိယွင်က ရန်ရန်ကို ဘာအတွက် ခေါ်လဲဆိုတာ နှစ်ယောက်သားက ခန့်မှန်းကြ‌တော့သည်။ 

 


“ဒီည ငါ နင်နဲ့ လိုက်လာမယ်။ နင့်ဘေးက စားပွဲမှာ ထိုင်ပြီး နင့်ကို မသိဟန်ဆောင်ထားမယ်လေ” 


 

“နင်က ဘာလုပ်မလို့လဲ?” ရန်ရန်က ပါးစပ်ထဲမှာ lollipop တစ်ခုနဲ့ အဝတ်အစားတွေ ရွေးနေရင်း သာမာန်ကာလျှံကာ မေးလိုက်သည်။ 

 


“ဒီပုံမှန်မဟုတ်တဲ့ အပြုအမူက အကြောင်းပြချက်တော့ရှိရမယ်။ ပညာအရည်အချင်း မြင့်တဲ့သူတွေက စာရိတ္တကောင်းတယ်လို့ မဆိုလိုဘူးလေ။ နင့်ဆီမှာ တစ်ခုခုဖြစ်လာရင်…” 


 

“လာစမ်းပါ၊ သူ့ငါ့အပေါ် မကောင်းကြံမှာကို မျှော်လင့်နေမယ်” 


 

“နင်ဒဏ်ရာရမှာ မကြောက်ဘူးလား?” ကျန်းလီက ပန်းလိမ္မော်ရောင်အဆင်ကို ဆွဲထုတ်လိုက်ပြီး သူ့ကိုယ်ပေါ်မှာ ကပ်ကြည့်လိုက်ပေမယ့် ရန်ရန်ကတော့ ထွက်သွားပြီ။ 

 


“ဘာလို့ဆို နင်ကြောက်နေလို့ဘဲ။ ငါသာ အနိုင်ယူနိုင်ရင် ဘာကိုကြောက်ရမှာလဲ” 

 


“ငါက နင်ကောင်းဖို့အတွက် လုပ်နေတာ။ နင့်ကို ရှာနေကြတဲ့ ဘားကကောင်တွေက တစ်နေ့ကို ဘယ်နှကြိမ်လောက် တွဲနေကြလဲ မသိရဘူး။ နင်ရော ပါချင်လို့လား? ငါက နင်မကြိုက်တဲ့သူကို ရှောင်ဖယ်မနေဘဲ နင်နဲ့သင့်တော်တဲ့သူကို ရှာစေချင်တယ်” 



ကျန်းလီက နောက်ထပ် လိမ္မော်ရောင်ဖျော့ဖျော့ ဂျတ်ကပ်ကို လဲလိုက်သည်။ သူက ရန်ရန်ကို တွန်းထုတ်လိုက်ပြီး ပြောလိုက်သည်။ 



“ကျွမ်းကောကောကိုလည်း ငါ့မျက်လုံးနဲ့ သေချာမြင်ချင်တာပေါ့။ ငါ့ရဲ့စူးရှတဲ့ ကလပ်မင်းသမီး မျက်လုံးနဲ့ဆို ဘယ်မကောင်းဆုံးဝါးတွေကမှ မလွတ်မြောက် နိုင်ဘူး!” 

 


“ကလပ်မင်းသမီးလေး…” ရန်ရန်က သူမကိုအပေါ်အောက်ကြည့်ပြီး ပြောလိုက်သည်။ “ဒီလိုရင်သားသေးသေးလေးနဲ့ ‘မင်းသမီးလေး’ဆိုတာ လိုက်ဖက်လို့လား?” 

 


“သွားသေလိုက်တော့ ရန်ရန်! ငါနင့်ကို သေအောင်သတ်မယ်!” 

 


ရန်ရန်က အဝတ်လဲတဲ့အခန်းထဲ အမြန်ပြေးသွားလိုက်သည်။ 


 

ပြောရရင် သွားစရာမလိုပေ။ ရန်ရန်က ကျန်းလီကို သူ့နောက်လိုက်ခွင့် ပေးထားသည်။ ကျန်းလီက သူ့ကို တကယ် ဂရုစိုက်တယ်ဆိုတာ သူသိသည်။ 



လူတိုင်းနဲ့သူ စကားပြောနိုင်ပေမယ့် သူ့မှာရင်းနှီးတဲ့သူငယ်ချင်းဆိုတာ သိပ်မရှိပေ။ ကျန်းလီနဲ့က လိင်မတူသလို လိင်စိတ်ခံယူချက် ကွဲပြားပေမယ့် သူနဲ့တော့ အရင်းနှီးဆုံး သူငယ်ချင်းတစ်ယောက်ပင်။  

 


ဘာလို့ ကျန်းလီက လိုက်လာဖို့ တောင်းဆိုတာလဲ? သေချာပေါက်ကို ရန်ရန်က ဒီတစ်ခေါက်မှာ စိတ်လှုပ်ရှားနေပြီး ဒီတစ်ခေါက်က နည်းနည်းမြင့်တာကြောင့် အခွင့်ကောင်းယူခံရမှာ သူမ စိုးရိမ်တာပင်။ ကျန်းလီက ရန်ရန်ကို သဘောတူဖို့ ဘယ်တုန်းကမှ မမေးသလို ရန်ရန်လည်းဘဲ အပင်ပန်းခံပြီး မပြောနေပေ။



  ကျန်းလီက သူနဲ့အတူ စားသောက်ဆိုင်ကို လိုက်ခဲ့ပေမယ့် ကျွမ်းရိယွင်က သီးသန့်အခန်းကို ဘိုကင်တင်ထားသည်။ သူမမှာ မြင်လည်းမမြင်သလို ကြားလည်းမကြားရတဲ့အတွက် အထီးကျန်သလိုတောင် ခံစားလိုက်ရသည်။ 


 

သီးသန့်အခန်းတံခါးလည်း ပိတ်သွားသွားချင်း ကျွမ်းရိယွင်က အစားအသောက်တွေ လာချမှာကို မစောင့်နေပေ။ အစားအသောက်တွေကို မှာပြီးတော့ စားပွဲထိုးထွက်သွားပြီး အဓိကအကြောင်းအရာကို ပြောဖို့ စောင့်နေလိုက်သည်။ 


 

“ဒီနေ့ ကိုယ်တစ်ခုခုအတွက် မင်းဆီလာတာကို ခန့်မှန်းမိမှာပေါ့” 

 


ရန်ရန်က ခေါင်းညိတ်လိုက်ပြီး သူ့ကိုကြည့်လိုက်သည်။ ဒီသ‌ဘောထားကို သူသဘောကျသည်။ တစ်ခုခုမှားနေမှန်း သိနေပေမယ့် စားသောက်နေတုန်း သတိမထားမိဘဲ ဘာမှမမှားနေသလို ဟန်ဆောင်ရတဲ့ ခံစားချက်က ဆိုးဝါးသည်။ ပြောရမယ်ဆိုရင် ကောင်းသည်ဖြစ်စေ ဆိုးသည်ဖြစ်စေ အစားအသောက်ကို ထိခိုက်လိမ့်မှာ မဟုတ်ဘူး။ 

 


“မင်းကို ကိုယ်နဲ့အတူ တစ်နှစ် လက်ထပ်ပေးဖို့ မေးချင်တယ်”



“?” ရန်ရန်ရဲ့ မျက်နှာမှာ စိတ်ရှုပ်ထွေးပြီး မယုံနိုင်စရာတွေနဲ့ ပြည့်သွားကာ သူနားကြားမှားသွားလားဆိုတာ မသိလိုက်ဘာသာနဲ့ စဉ်းစားလိုက်သည်။



 ဒါက ဒဏ္ဍာရီလာ လက်ထပ်ဖို့ သဘောတူညီချက်လား? သူ့ခေါင်းကို မိုးကြိုးတည့်တည့်ပစ်မိသလို စိတ်လှုပ်ရှားမှုကို မထိန်းချုပ်နိုင်လုနီးပါးပင်။  

 


“ဒီတောင်းဆိုချက်က အရမ်း ရဲတင်းလွန်းတာ ကိုယ်သိပါတယ်။ ဒါက ကိုယ့်ရဲ့ကိုယ်ရေးကိုယ်တာကြောင့်ပါ၊ မင်းအတွက် အတော်လေး လန့်သွားစေလိမ့်မယ် ဒါပေမယ့် ဒါကို မင်းထည့်သွင်းစဉ်းစားပေးဖို့ ကိုယ်မျှော်လင့်ပါတယ်။  ကိုယ်တို့ လက်ထပ်ထားတဲ့ကာလမှာ မင်းရဲ့ နေထိုင်မှုကုန်ကျစရိတ်၊ စာလေ့လာတာ၊ အလုပ်အကိုင် လမ်းညွှန်မှုကို ကူညီပေးမှာတွေ အပါအဝင် လိုအပ်တာတွေ အကုန် ကိုယ်ဖြည့်ဆည်းပေးမယ်။  လိုအပ်တဲ့အခါ လူမှုရေးပွဲတွေကိုတက်ပေးဖို့တော့လိုမယ်။  မင်းရဲ့တာဝန်ကတော့ လက်ထပ်ထားတဲ့အတောတွင်းမှာ တာဝန်ဝတ္တရားတွေကို ဖြည့်စည်းပေးဖို့ မလိုပေမယ့် ကိုယ်နဲ့အတူနေပြီး အပြင်ပန်းအရတော့ လက်ထပ်ထားသလို အခြေအနေရှိရမယ်။ ဒါပေါ့ မင်းရဲ့ လူမှုပတ်ဝန်းကျင်မှာ လူသိရှင်ကြားသိစေချင်တဲ့ အတိုင်းအတာ အပေါ်တော့ မူတည်တယ်” 

 


ကျွမ်းရိယွင်က ဖိအားတစ်ချို့ကြောင့် ဒီကိစ္စကို ထုတ်ပြောလာတာမှန်း ရန်ရန် ခန့်မှန်းလိုက်သည်။ မိသားစုကြောင့်မဟုတ်သလို သူက ရင်ဆိုင်ဖြေရှင်းရာမှာ ညံ့ဖျင်းတဲ့ လူနဲ့လည်း မတူဘူး။ 



ရန်ရန်က အိမ်မှာ လွတ်လွတ်လပ်လပ်ဖြင့် ကြီးပြင်းလာခဲ့တာဖြစ်ပြီး ဘယ်အခြေအနေက သူ့ကို ဒီလိုရွေးချယ်မှုမျိုးလုပ်စေတာလဲဆိုတာ သူစဉ်းစားကြည့်လို့မရပေ။  

 


ဒါမှမဟုတ် မက်မွန်ပွင့်တွေကို ကာကွယ်ဖို့များလား။