လက်ထပ်ဖို့ လိမ္မာရေးခြားရှိမှုကို အားကိုးပြီးနောက် ချစ်မိသွားတယ်
အပိုင်း ၅
“F*ck!” ကျန်းလီမှာ စိတ်ပိုင်းဆိုင်ရာ အဆင်သင့်ဖြစ်ပြီးလို့ ‘ကျွမ်း’ လို့ နာမည်ပေးထားတဲ့ သီးသန့်အယ်လ်ဘမ်ကို နှိပ်လိုက်သည်။ နောက်ဆုံးမှာတော့ ရန်ရန်ရဲ့ 'fanboy’ သဘောထားကို သူမကောင်းကောင်း နားလည်သွားသည်။
သူ့မှာ မြင့်မားတဲ့ စံနှုန်းတွေရှိပြီး ချဲ့ကားလွန်းတာဖြစ်နိုင်ပေမယ့် အရမ်းကောင်းလိမ့်မယ်လို့ သူမ မထင်ထားဘူး။ ဒီလိုလူမျိုးကို မဖမ်းနိုင်တော့ ရန်ရန်ရဲ့ ဝမ်းနည်းမှုတွေကို အရက်ထဲမှာ နစ်မြုပ်ထားတာက သဘာဝကျတယ်။
သူက ဝိုင်တစ်ငုံကို ထပ်သောက်လိုက်ပြီး သူ့ဖုန်းသူပြန်ယူလိုက်တာကို ကျန်းလီက ကြည့်ပြီး မဝံ့မရဲနဲ့မေးလိုက်သည်။ “နင်အခု လက်လျှော့လိုက်ပြီလား?”
“ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ? ငါ့ရဲ့နည်းဗျူဟာကို ဘယ်လိုပြောင်းရမလဲဆိုတာ စဉ်းစားနေတာ” ရန်ရန်က လက်တစ်ဖက်နဲ့ ဝိုင်ခွက်ကို ကိုင်ထားပြီး ကျန်းလီကိုအထက်အောက်ကြည့်လိုက်သည်။
အတော်ကြာ ကြည့်ပြီးသွားတော့ သူက ပြောခဲ့သည်။ “နင်ဆံပင်သွားညှပ် တက်တူးထိုးပြီး ငါကမူးချင်ဆောင် ယောင်လိုက်ရင်ရော ဘယ်လိုလဲ? နင်က ရဲတွေကို ခေါ်လိုက်ပေါ့ အဲ့ဒါဆို ကျွမ်းကောကောက ငါ့ကို လာကယ်နိုင်လောက်မလား?”
ရုတ်တရက် ရိုက်ချက်တစ်ခုက ရန်ရန်ခေါင်းပေါ်ကျလာပြီး ကျန်းလီက ဒေါသတကြီးနဲ့ ဆူပူလာသည်။ “နင်တကယ် ဘယ်သူ့ကိုမဆို ရောင်းစားနိုင်တာပဲ!”
ရန်ရန်က ခေါင်းကို ကာလိုက်ပြီး သူ့ကိုယ်သူ ဟန်ဆောင်ဖို့ ကြိုးစားလိုက်သည်။ “ဒီတိုင်း သရုပ်ဆောင်တာဘဲလေ၊ နင်က ဘာမှမဆုံးရှုံးသွားပါဘူး၊ ငါ့ကို သူ့ဆီပစ်ပေးပြီး ထွက်ပြေးရုံဘဲလေ။ ငါက ငါ့အချစ်တွေဝန်ခံတာ ငြင်စခံလိုက်ရပြီး မူးသွားတော့ တစ်ယောက်ယောက်က ရဲတွေကို ခေါ်လိုက်တဲ့အချိန် ငါ့ရဲ့လူပျိုရည်လေးပျက်ခါနီး။ သူရောက်လာတဲ့အခါ ငါ့ကိုယ်ငါ သူ့ရင်ခွင်ထဲ ပစ်ဝင်လိုက်။ နိုးလာတဲ့အခါ ဒါတွေအားလုံးက ဝိုင်ကြောင့်ပဲ - ပြီးပြည့်စုံချက်”
“ဘာလို့ ဝတ္ထုတစ်ပုဒ် မရေးလိုက်လဲ?”
“ဒါမှမဟုတ် နင့်အစ်ကို လာခိုင်းလိုက်ရင်ရော”
သီချင်းပြောင်းနေတော့ သီချင်းအသံတွေက တဖြည်းဖြည်း တိုးလာပြီး စက္ကန်အနည်းငယ်အကွာမှာ ဘေးအခန်းက ရယ်သံထွက်လာသည်။ ချိုမြိန်တဲ့ cello အသံလိုမျိုး နက်ရှိုင်းတဲ့အမျိုးသားတစ်ယောက် အသံပင်။
ရန်ရန်နဲ့ ကျန်းလီက ပတ်ပတ်လည်ကြည့်လိုက်ပြီး အသံကို ကြားတဲ့အခါ တစ်ယောက်နဲ့တစ်ယောက် မျက်လုံးချင်းဆုံသွားကြသည်။
သူတို့ပြောနေတဲ့လူက ကြားသွားတော့ ရန်ရန်က ပြုံးလိုက်ပေမယ့် ရှက်တော့ မရှက်သွားပါချေ။ အဲ့ဒီအစား သူက ဝိုင်ခွက်ကို ကောက်ကိုင်လျုက်ပြီး မတ်တပ်ရပ်လိုက်သည်။
အမျိုးသားက ကြည့်ကောင်းတဲ့မျက်နှာရှိသည်။ သူက ကျွမ်းရိယွင်လောက် သိပ်မချောပေမယ့် ကြည့်ကောင်းနေဆဲပင်။ သူကကောင်းကောင်းမွန်မွန် ဝတ်စားထားပြီး ကြွက်သားတွေကလည်း ပုံစံကျလှသည်။
ရန်ရန်က သူ့ကို ကြည့်ရုံဘဲ ကြည့်လိုက်သည်။ သူ့လက်က နာရီကို တော့ သတိထားမိလိုက်သည်။ သူကဇိမ်ခံပစ္စည်းအမှတ်တံဆိပ်တွေ အကြောင်းကို များများစားစားမသိပေမယ့် Vacheron၊ Constantin ဘရမ်းကိုတော့ သိပါသေးသည်။
အမျိုးသားက ပြုံးလိုက်ပြီး သူနဲ့ခွက်ချင်းတိုက်လိုက်ကာ မေးလိုက်သည်။ “ကိုယ်က မင်းကို ကူပေးရင်ရော ဘယ်လိုလဲ?”
ကျန်းလီက ရန်ရန်ကို သူမဆီ ပြန်ဆွဲလိုက်ကာ သူ့ကို ဒီလူဆီကနေ အကွာအဝေးတစ်ခု ခြားချင်ကြောင်းသိအောင် ရှင်းရှင်းလင်းလင်း လုပ်လိုက်သည်။
ဒီလူက ကလပ်ကို နေ့တိုင်းလာလေ့ရှိပြီး ချမ်းသာတဲ့ပုံပေါ်သည်။ သူ့လိုလူက ရန်ရန်နဲ့ မလိုက်ဖက်နိုင်ချေ။ ကျန်းလီက အန္တရာယ်ကိုခံစားမိပြီး သူ့ကို ဆန့်ကျင်ရင် ရန်ရန် ခံစားရလိမ့်မည်။
ရန်ရန်က ကမ်းလှမ်းမှုကို သေချားစဉ်းစားနေသလိုမျိုး ဘာမှမပြောလာပေ။ စဉ်းစားကြည့်ပြီးတော့ သူက မေးလိုက်သည်။ “ခင်ဗျားက ဘာလို့ကျွန်တော့်ကို ကူညီပေးမှာလဲ?”
“ဒါက စိတ်ဝင်စားဖို့ ကောင်းတယ်လို့ ကိုယ်ထင်တယ်။ အချိန်ကုန်ဖို့ ကောင်းတဲ့ နည်းလမ်းပဲလေ။ စိတ်ဝင်စားဖို့ကောင်းတဲ့ အရာတွေနဲ့ ဆုံရမှာ ရှားတယ်လေ…. စိတ်ဝင်စားဖို့ကောင်းတဲ့ လူနဲ့ပေါ့”
အမျိုးသားက ပြန်ပြောလိုက်ပြီး ဘားရဲ့မီးရောင်စုံအောက်မှာ သူ့ရဲ့မျက်ခုံးတွေက ကြည့်ရတာ နည်စနည်း ရှုပ်ထွေးနေပုံပေါ်သည်။
ရန်ရန်က ချက်ချင်း လက်ခံလိုက်မှာကို ကျန်းလီက စိုးရိမ်တဲ့အတွက် သူမက ရန်ရန်ကိုယ်စား လက်ဦးမှုယူပြီး ငြင်းလိုက်မယ့်အချိန်မှာ ရန်ရန်က နှုတ်ခမ်းတွေကို ကွေးလိုက်ပြီး အေးတိအေးစက်နဲ့ ပြောလာသည်။
“ကျွန်တော်တော့ ခင်ဗျား စိတ်ဝင်စားမယ်မထင်ဘူး၊ စောစောက ပြောတာတွေက စနောက်ရုံသက်သက်ပဲ”
သူကပြောပြီးတော့ လှည့်လိုက်ပြီး အမျိုးသားကို လျစ်လျှူရှုလိုက်သည်။ ကျန်းလီလည်း အံ့အားသင့်သွားသည်။
ပြီးသွားပြီ ကြည့်ကောင်းတဲ့လူကို ရန်ရန်က လျစ်လျှူရှုလိုက်တယ်။ ရန်ရန်က ကျွမ်းလို့ခေါ်တဲ့ လူအပေါ် တကယ် သဘောကျသွားတာလား? သူမ ယောက်ျားတစ်ယောက်လိုမျိုး ဝတ်စားပြီး ရန်ရန်ကို ကူညီလိုက်သင့်လား?
ကုမင်ချန်က သူ့ကို မနှောင့်ယှက်လာပေ။ ချိုမြိန်တဲ့ golden retriever လေးမှာ နှလုံးသားအခိုးခံလိုက်ရပေမယ့် သတ္တိမရှိတာကို တွေ့တော့ သူက သတိပေးလိုက်သည်ယး
“ယောက်ျားတစ်ယောက်ကို လိုက်တဲ့အခါ သူ့ကို ကျီစယ်ဖို့လိုတယ်။ မင်းသတိလစ်သွားသလို ဟန်ဆောင်တဲ့အချိန်မှာ သူ့ကို ကယ်ခိုင်းတာက အဆင်ပြေပေမယ့် ထိန်းချုပ်မထားရဘူး မြင်သာအောင်ပြရမယ် ဒါမှ တစ်ဖက်လူက သတိထားမိမှာ။ ချက်ချင်းတော့ မရဘူးပေါ့”
သူ့အကြည့်က ရန်ရန်ဘေးက အဝါရောင်ဆွယ်တာဆီရောက်သွားပြီး ပြုံးလိုက်သည်။ သူက သု့ကို ရယ်နေတယ်လို့ ရန်ရန် ခံစားလိုက်ရသည်။
ကလေးက လူကြီးအင်္ကျီဝတ်တာကို လူကြီးတစ်ယောက်ဆီက ဖမ်းမိသွားသလိုမျိုး ရှက်ရွံ့သလို ခံစားလိုက်ရသည်…. သူပြောလို့ ပြီးသွားတော့ ထွက်သွားပြီး ရန်ရန်လည်းဘဲ ကျန်းလီကို ဘားဆီ ဆွဲခေါ်သွားလိုက်သည်။
ဘားမှာ ထိုင်လိုက်တဲ့အချိန် ရန်ရန်မှာ မထိန်းနိုင်ဘဲ ဆဲလိုက်သည်။
ကျန်းလီက သူ့ခေါင်းကို ရိုက်လိုက်သည်။ “စိတ်ရှည်စမ်းပါ!”
“နင်က ထိန်းသိမ်းရေးလား၊ နင့်အလုပ်ကို စည်းကမ်းထိန်းသိမ်းရေးဌာနဆီ ပြောင်းလိုက်တာလား?”
နောက်တော့ နှစ်ယောက်သားက ငြင်းခုန်နေကြတုန်း ဘားက bartender က ရန်ရန်ကို ရုတ်တရက် ခေါ်လိုက်သည်။
“ဖောက်သည်တစ်ယောက်က sunrise မှာထားတယ်၊ မင်းလုပ်ပေးလို့ရမလား?”
“လာပြီ” ရန်ရန်က ချက်ချင်းထလိုက်ပြီး ဘားကောင်တာထဲ ဝင်သွားလိုက်သည်။ သူက အနက်ရောင် အဖုံးနဲ့ လက်အိတ်ကို ဝတ်လိုက်တော့ ပတ်ဝန်းကျင်အခြေအနေနဲ့ လုံးဝကို လိုက်ဖက်နေသည်။
သူက ဒီကိုလာပြီး မကြာခဏ လာကူလေ့ရှိကာ သူ့ရဲ့စကေးတွေက ကောင်းပြီး အထူးသဖြင့် သူက ကြည့်ကောင်းတာကြောင့် ဖြစ်သည်။ သူခါးစည်းကို ချည်လိုက်တဲ့အခါ သူ့ခါးလေးက ပေါ်လွင်လာသည်။ ဘားအရှေ့က ဖောက်သည်တွေအားလုံး သူ့ဆီကြည့်လာကြသည်။
ကုမင်ချန်ရဲ့ အကြည့်တွေက လူအုပ်ကို ဖြတ်ကာ သူ့ဆီကျလာသည်။ သူမှာ လှပတဲ့ ခါးလိုင်းရှိပြီး စိတ်ဝင်စားစရာကောင်းတဲ့လူပင်။ သူမှတ်မိတယ်။
အဲ့ဒီနေ့ပြီးတော့ ရန်ရန်မှာ ကတိပေးထားတဲ့အတိုင်း ကျွမ်းရိယွင်ကို တကယ်မနှောင့်ယှက်ခဲ့ပေ။ သူက သူ့ကို စိတ်ဝင်စားပုံပေါ်ပေမယ့် ကျွမ်းရိယွင်ရဲ့ မခန့်မှန်းနိုင်မှုကြောင့် အနှောင့်အယှက် မဖြစ်အောင် ရှောင်ဖို့ ကြိုးစားခဲ့သည်။ ဒါ့အပြင် သူ့မှာဘွဲ့ကြိုးစာတမ်းနဲ့ ပတ်သတ်တဲ့ အလုပ်တွေလည်း ရှုပ်နေသည်။
အစက ရန်ရန်မှာ အကြံကောင်းတစ်ခုရှိသည်။ အရင်ဆုံးသူက တခြားလူတွေသာ မြင်နိုင်တဲ့ friend circle (သူက ကျွမ်းရိယွင်ကို သီးခြားဂရုထဲ ပိုင်းခြားထားသည်)ကိုစစ်မည်။ တစ်ဖက်လူက ပြန်ဖြေရင် အကောင်းဆုံးဘဲ။
မဟုတ်ရင်လည်း စာလေ့လာတာ၊ ဘွဲ့ယူတာ၊ အလုပ်အကိုင်နဲ့ ပတ်သက်တာတစ်ခုခုကို ရှာပြီး သူ့ကို အကြံအဉာဏ်တောင်းမည် (အရင်က ဒီအရာတွေကို စဉ်းစားဖို့ သူအလုပ်ရှုပ် မခံပေမယ့်လည်းပေါ့)။
ဒါပေမယ့် အပြန်အလှန် ဆက်ဆံရေးကို သူအရင်ဆုံး ဖန်တီးချင်သည်။ ရလဒ်အနေနဲ့ သူတို့ကျောင်းက ဘွဲ့ယူဖို့အတွက် ဘယ်လောက်တောင် အလေးအနက်ထားလဲဆိုတာ သူလျှော့တွက်မိသွားသည်။
ရန်ရန်က သိပ္ပံနဲ့အင်ဂျင်နီယာတက္ကသိုလ်တွင် ခရီးသွားလုပ်ငန်း စီမံခန့်ခွဲမှု မေဂျာကို ယူခဲ့သည်။ ဒီဘာသာရပ်ဆိုင်ရာ မေဂျာတွင် အခြားဘာသာရပ်မှ ကျောင်းသား 70 ရာခိုင်နှုန်းလောက် ပြောင်းရွှေ့ခဲ့ပြီး တချို့မှာ 985 တက္ကသိုလ်သို့ တက်ရန် တစ်ခုတည်းကိုသာ ရွေးချယ်ခဲ့သည်။
ရန်ရန်သည် နောက်ဆုံး အုပ်စုတွင်ပါဝင်ပြီး တချို့သောသူများလောက် ကောင်းကောင်း မလုပ်နိုင်ပါချေ။ မေဂျာရွေးတုန်းက ရန်ရန်မှာ စိတ်ကူးထားတာလည်းမရှိသလို သဘောကျတာလည်း မရှိဘဲ ပြည်တွင်းတက္ကသိုလ်တစ်ခုကိုပဲ တက်ချင်ခဲ့တာ ဖြစ်သည်။ ရလဒ်အနေနဲ့ ဒီမှာဘဲ သူအဆုံးသတ်ခဲ့သည်။
တက္ကသိုလ်တက်တဲ့အခါ သူ့ရဲ့မေဂျာအတွက် သူအရမ်း ကျေနပ်သည်။ စာလေ့လာဖို့ ဖိအားနည်းပြီး ရှေ့က လေ့လာခဲ့တာတွေက ရန်ရန်ကို ဘွဲ့ရဖို့ လွယ်ကူလိမ့်မယ်လို့ အထင်မှားသွားစေခဲ့သည်။
Professional သင်တန်းတွေက အမျိုးမျိုးရှိပေမယ့် သိပ်မနှံ့စပ်ပေ။ အတန်းစည်းကမ်းတွေက သာမာန်ကာလျှံကာဖြစ်ပြီး အလုပ်သင်လုပ်တဲ့အခါမှာတောင် စည်းကမ်းတွေကို သူမှတ်မိသည်။
မမျှော်လင့်ထားစွာနဲ့ ဘွဲ့ကြိုစာတမ်းရေးဖို့ အချိန်ရောက်လာတဲ့အခါ ဌာနက လုံးဝမလျှော့ပေါ့တော့ပေ။ အထူးသဖြင့် သူ့အားတာဝန်ပေးသည့် ကြီးကြပ်ရေးမှူးမှာ ဌာနမှူးပင်...
သူဘယ်လောက်တောင် အလုပ်များနေလိုက်သလဲ? Cool Cat Emotion ဇုံက ကြယ်ပွင့် anchor ဖြစ်တဲ့ အစ်ကိုရန်မှာ လဝက်လောက် ပျောက်သွားသည်။ မှောင်မဲနေတဲ့ တိုက်ရိုက်လွှင့်တဲ့အခန်းထဲမှာ သူငယ်ချင်းတွေက နေ့တိုင်း ငိုကြွေးအော်ဟစ်နေကြသည်။
တခြားလူတွေကို အပြစ်မတင်နိုင်ဘူး၊ အလေးအနက် မထားတဲ့အတွက် သု့ကို အပြစ်တင်မယ်။ အကြောင်းအရာကို ရွေးချယ်တဲ့အခါ သူက အိပ်ဆောင်ကလူတွေနဲ့ ကံစမ်းလိုက်ပြီး ဌာနဥက္ကဋ္ဌက ရွေးချယ်ထားတဲ့ ခေါင်းစဉ်ကို မျက်စိစုံမှိတ် ရွေးယူလိုက်ပြီး အဆုံးသတ်လိုက်သည်။
ဌာနအကြီးအကဲရဲ့ အဓိက သုတေသန ဦးတည်ချက်မှာ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ဒီဇိုင်းရေးဆွဲခြင်းဖြစ်တာကြောင့် ခေါင်းစဉ်ကို ဆုံးဖြတ်ပြီစချိန်မှစ၍ ကွင်းဆင်းသုတေသနလုပ်ရန် တာဝန်ပေးအပ်ခြင်းခံရသည်။
ဌာနမှူး၏ ဘွဲ့လွန်ကျောင်းသားတွေရဲ့လမ်းညွှန်မှုကြောင့် သူသည် တစ်ပတ်လျှင် ခုနစ်ကြိမ်လောက် မြို့ပြင်သို့သွားရတော့သည်။
ရန်ရန်မှာ ထိပ်ပြောင်တော့မယ်လို့ ခံစားနေရပြီး သူ့ရဲ့ရွှေရောင်ဆံပင်တွေကလည်း အနက်ရောင် ဆံပင်တွေအများကြီးပေါက်လာပေမယ့် သူ့မှာ ညှပ်ဖို့ အချိန်မရှိတဲ့အတွက် ကိုးရို့ကားယားနဲ့ ခေါင်းပေါ်မှာ မြင်းမြှီးသေးသေးလေး စည်းကာ အချက်အလက်တွေကို စာကြည့်တိုက်ထဲတွင် အရူးအမူး ရှာတော့သည်။
သူ့အခန်းဖော်က သူက လေးနှစ်လောက် အနားယူခဲ့တဲ့အတွက် တစ်လစာပြန်ပေးဆပ်ရတာလို့ သူ့ကိုရယ်ကာ ပြောခဲ့သည်။ “မင်းဟိုဟိုဒီဒီ လျှောက်လည် ခဲ့တဲ့အတွက် ဒါက ပြန်ပေးဆပ်ရတာဘဲ”
“ဟားဟား” ရန်ရန်က မျက်လုံးလှိမ့်လိုက်ပြီး သူ့လက်ထဲကစာအုပ်နဲ့ သူ့ဆီပစ်လိုက်ကာ ပြောလိုက်သည်။ “ငါ့ကို ကူကြည့်ပေးပါဦး၊ ဒီစကားလုံးက ဘာကိုပြောတာလဲ?”
အရမ်းအလုပ်များနေတဲ့အတွက် ရန်ရန်မှာ ကျွမ်းရိယွင်အကြောင်းကိုတောင် မေ့လုမေ့ခင်ပင်။ အဲ့ဒီအကြောင်းကို သူစဉ်းစားတဲ့အချိန်တိုင်း ဝမ်းနည်းသလို ခံစားရသည်။
သူ မပေါ်လာတာ အရမ်းကြာသွားတဲ့အတွက် ကျွမ်းရိယွင်မှာ သူ့ကို လုံးဝသတိရတော့မှာ မဟုတ်ဘူး။ သူ ကျွမ်းရိယွင်ကို စွန့်လွှတ်ဖို့ ဆုံးဖြတ်ခဲ့ပေမယ့် မမျှော်လင့်ထားစွာနဲ့ ကျွမ်းရိယွင်က သူ့ဆီရောက်လာသည်။
ဘွဲ့ကြိုစာတမ်း ပရော့ဂျက်ပြီးမယ့် ညမှာ ကျွမ်းရိယွင်ဆီကနေ WeChat မက်ဆေ့ခ်ျကို ရန်ရန်ရခဲ့သည်။ အကြောင်းအရာက အရမ်းတိုပြီး သူ့ကို တိုက်ရိုက်ဘဲမေးထားသည်။
[မနက်ဖြန်ကျရင် အတူတူစားဖို့ အားလား?]