အပိုင်း ၄
Viewers 93

လက်ထပ်ဖို့ လိမ္မာရေးခြားရှိမှုကို အားကိုးပြီးနောက် ချစ်မိသွားတယ် 


အပိုင်း ၄






 ဒါက ဒီနေ့ သူတို့ရဲ့တွေ့ဆုံမှုအတွင်းမှာ ကျွမ်းရိယွင်ပြောခဲ့တဲ့ အရှည်ဆုံး စာကြောင်းပင်။ သူက မတွန့်ဆုတ်ဘဲ နှလုံးသားမရှိ ပြတ်ပြတ်သားသားနဲ့ သူ့ကို ငြင်းခဲ့တာက ဝမ်းနည်းစရာပင်။ 



ရန်ရန် အံ့ဩသွားသည်။ သေချာပေါက်ကို ကြည့်ကောင်းတဲ့လူတွေကို ဖမ်းရတာ မလွယ်ဘူးဘဲ။ 

 

 

ကျွမ်းရိယွင် ပြောလို့ ပြီးပြီးချင်း ရန်ရန်ရဲ့ မျက်နှာမှာ စိတ်ပျက်ခြင်းတွေ ပေါ်လာပြီး သူ့မျက်လုံးတွေမှာ တောက်ပမှုတွေက မှိန်ဖျော့လာသည်။



 ကျွမ်းရိယွင်က ဘာမှမပြောဘဲ ယဉ်ယဉ်ကျေးကျေးနဲ့ အလင်းရောင်နဲ့ ပြတင်းပေါက် အပြင်ဘက်က အရိပ်ကိုဘဲ အကြည့်ပို့ထားကာ သူ့ရဲ့ခံစားချက်တွေကို ချေဖျက်ဖို့ အချိန်ပေးထားလိုက်သည်။ 

 


ရန်ရန်က စိတ်ကို ဖြေလျှော့လိုက်ပြီး ကျွမ်းရိယွင်က ဒီကိစ္စကို လက်လျော့သင့်တယ်လို့ တွေးလိုက်သည်။ နောက်ဆုံးမှာ၊ သူတို့က ဒီနေ့မှဘဲ ဆုံခဲ့ရတဲ့အတွက် သူတို့မှာ လေးနက်တဲ့ ဆက်ဆံရေးတွေ မရှိထားဘူး။ 



သူမှာထားတဲ့ ကော်ဖီရရင် ထွက်သွားမယ်လို့ စီစဉ်လိုက်သည်။ သူကဆင်ခြေပေးတာမဟုတ်ဘဲ တကယ် အချိန်ပိုဆင်းဖို့ စီစဉ်ထားတာဖြစ်သည်။ 

 


“ဒါပေမယ့်….” ရန်ရန်က ရုတ်တရက် စကားပြောလာပြီး အလုပ်အကြောင်းတွေးနေတဲ့ ကျွမ်းရိယွင်ရဲ့ အတွေးတွေကို ပြန်ဆွဲခေါ်လိုက်သည်။



 “ကောကောမှာ တွေ့ဖို့ကို လက်ခံလိုက်ကတည်းက လက်တွဲဖော်ရှာဖို့ ဆန္ဒမရှိပေမယ့် ရည်ရွယ်ချက်တစ်ခုခုတော့ ရှိတယ် မဟုတ်ဘူးလား?” 

 


“အန်တီကျွမ်းက လက်ထပ်ဖို့ တိုက်တွန်းနေတာလား?” 

 


အရမ်းလိမ္မာပါးနပ်ပြီး ရိပ်စားမိတဲ့ ကျွမ်းရိယွင်က မျက်နှာလွှဲလိုက်ပေမယ့် ကံမကောင်းစွာနဲ့ သူ့လက်တွဲဖော်အတွက် လိုအပ်ချက်က လုံလုံလောက်လောက် သိပ်မသန်မာချေ။ 


 

“တကယ်တော့… ကျွန်တော့်မိသားစုကို come out လုပ်တုန်းက ကျွန်တော့်မိဘတွေက ကျွန်တော့်ကို အရမ်းစိုးရိမ်ခဲ့တာ။ လိင်တူလက်ထပ်ခြင်းဥပဒေက တရားဝင်ဖြစ်နေပေမယ့်လည်း လူမှုအသိုင်းအဝန်းက ဖရိုထရဲဖြစ်နေတုန်းပဲလေ။ ကျွန်တော်က ဘွဲ့ရတော့မယ်ဆိုတော့ ကျွန်တော့်ကို တည်ငြိမ်ပြီး ယုံကြည်စိတ်ချရတဲ့ လက်တွဲဖော်တစ်ယောက် ရှိလာဖို့ သူတို့မျှော်လင့်နေကြတာ။ နယ်ပယ်ထဲမှာ တားဂတ်တစ်ခုဖြစ်နေရင် လူမှုအဖွဲ့အစည်းထဲဝင်ဖို့ ပိုပြီး စိတ်အေးရလိမ့်မယ်လေ” 

 


ရန်ရန်က မိမိကိုယ်ကိုယ် လေးစားမှုအပြည့်နဲ့ ကောလိပ်ကျောင်းသားလေး တစ်ယောက်လို ဖြည်းဖြည်းချင်း ပြောလိုက်သည်။ သူ့ရဲ့မိဘတွေ စိုးရိမ်မှာကို မလိုချင်သလို သူတို့ရဲ့ဒီလိုအသက်ကြီးတဲ့အရွယ်မှာ သူ့အတွက် စိုးရိမ်နေတာကလည်း နည်းနည်းရှက်စရာကောင်းသည်။ 


 

“ကောကော၊ အန်တီကျွမ်းက လက်ထပ်ဖို့ တိုက်တွန်းနေတာကို ကျွန်တော်နားလည်ပါတယ် ကျွန်တော့်မိဘတွေလည်း အဲ့ဒီလိုမျိုးပဲလေ။ အန်တီခုနစ်ယောက် ရှစ်ယောက်လောက်က ကျွန်တော့်ကို မိတ်ဆက်ပေးခဲ့သေးတယ်။ ကျွန်တော့်အသက်က အခုမှ နှစ်ဆယ့်တစ်နှစ်ဘဲရှိသေးပေမယ့် ဒီလမှာ ဘလိုင်းဒိတ်တွေ့တာ ငါးခါရှိနေပြီ…. ဒီလိုမျိုး သဘောမကျဘူး…” 



ရန်ရန်က စကားပြောကောင်းလွန်းလို့ သူတို့မိဘတွေမှာ ဘယ်လိုကပ်ဘေးမျိုး သယ်ထားရလဲဆိုတာ မသိသေးပေ။ 

 


ကျွမ်းရိယွင်က သူမှားကြားမိတယ်လို့ ထင်လိုက်သည်။ ဒီလမှာ အခုမှ ခုနစ်ရက်ဘဲရှိသေးတာ ဘလိုင်းဒိတ်က ငါးခါတောင်ရှိပြီတဲ့လား? ဒါနဲ့ယှဉ်ရင် သူ့အမေရဲ့ လက်ထပ်ဖို့ တိုက်တွန်းညည်းညူတာတွေက ဘာမှမဟုတ်ဘူးဘဲ။ 

 


“ငါတို့တွေက တစ်ယောက်နဲ့ တစ်ယောက်လည်း မရင်းနှီးဘူး၊ ငါက ယုံကြည်ရတယ်ဆိုတာ မင်းဘယ်လိုသိလဲ?” 

 


“ကောကောက ကျွန်တော့်မိဘတွေ မိတ်ဆက်ပေးတဲ့လူ၊ ကျွန်တော့အမေရဲ့ အတန်းဖော်ဟောင်းရဲ့သားလေ။ ကျွန်တော် အကြွင်းမဲ့ယုံကြည်တာပေါ့” 

 


“မင်းရဲ့မိဘတွေလည်း ငါ့ကို တကယ်မသိဘူး” 

 


“သူတို့ နည်းနည်းပါးပါးတော့ သိပါတယ်…. ကောကောနဲ့ယှဉ်ရင် ကျွန်တော်က သာမာန်လူဘဲဆိုတာ သိပါတယ်။ ကောကောက Ivy League ကျောင်းကနေ ပညာသင်ပြီး ပြန်လာတာ။ ကျွန်တော်ကတော့ အထင်ကြီးလောက်စရာမဟုတ်တဲ့ 985 ကျောင်းမှာတက်တယ်။ ကျွန်တော့်ရဲ့ ပုံပန်းသွင်ပြင်က မဆိုးပေမယ့်လည်း ကောကောနဲ့တော့ မယှဉ်နိုင်ပါဘူး” 



ရန်ရန်က တစ်ချိန်လုံး ခေါင်းငုံ့ထားပြီး စကားပြောပြီးတဲ့နောက်မှာ ခေါင်း‌ပြန်မော့လာသည်။ မျက်လုံးချင်း ဆုံသွားတဲ့အခါ ပါးစပ်ထောင့်က အချိုင့်လေးနဲ့ နူးနူးညံ့ညံ့ ပြုံးပြပြီး ပြောလိုက်သည်။ “ကောကောက အရမ်းချောတာပဲ!” 

 


“အဟမ်း…” ကျွမ်းရိယွင်က ဘယ်လောက်ဘဲ အေးစက်နေပါစေ ဒါကို ကြားလိုက်ရတော့ မထိဘဲ မနေနိုင်ပါချေ။ သူက မသိလိုက်ဘာသာနဲ့ ရန်ရန်ရဲ့ အကြည့်ကနေ ရှောင်ထွက်သွားလိုက်သည်။  

 


“ကျွန်တော်က စိတ်ကူးယဉ်ရလောက်တဲ့အထိတော့ မတုံးအသေးပါဘူး။ နောက်ဆုံးတော့ ကျွန်တော်က အရမ်း သာမာန်ဆန်တဲ့လူပဲလေ” 

 


“မင်းရဲ့ ပင်ကိုယ်စရိုက်က အရမ်းကောင်းပါတယ်” 

 


ကျွမ်းရိယွင်ရဲ့ စကားတွေထွက်လာတော့ နှစ်ယောက်စလုံး နည်းနည်းအံ့အားသင့်သွားသည်။ 

 


“ကျေးဇူးပါ” 


 

ခဏလောက် တိတ်ဆိတ်သွားပြီး မရေမရာမှုတွေ နည်းနည်းရှိနေသည်။ ကျွမ်းရိယွင်က လေထုကို အရင် ချိုးဖျက်ပြီး ပြောလိုက်သည်။ “ကိုယ့်မှာ လက်တွဲဖော်ရှာဖို့ ရည်ရွယ်ချက် တကယ်မရှိဘူး” 

 


ရန်ရန်က တိတ်ဆိတ်နေပြီး ကျွမ်းရိယွင်ကို ကြည့်ရတာ တကယ် အေးစက်လှသည်။ သူ့လိုမျိုး ချစ်စရာကောင်းပြီး နူးညံ့သိမ်မွေ့တဲ့ ပုံစံလေးကို တခြားသူတွေ မြင်လို့ရှိရင် သူတို့က အလိုက်သင့်လေး အခြေအနေကို အခွင့်ကောင်းယူပြီး စကားဆက်ပြောကြလိမ့်မည်။ 

 


ဒီလူရဲ့ နှလုံးသားက သံလိုမျိုး မာကြောနေတာပဲ။ ရန်ရန်က သက်ပြင်းချလိုက်ပြီး နံရံကို မှီလိုက်ကာ နောက်ဆုတ်သွားတဲ့ပုံပေါ်ပြီး ပြောလိုက်သည်။ 



“ကျွန်တော် တောင်းပန်ပါတယ်၊ ကောကော ကျွန်တော် အရမ်းအလျင်လိုပြီး မယဉ်မကျေး ဖြစ်သွားတယ်” 

 


“ရပါတယ်” ရန်ရန်ရဲ့ အမူအရာက ရှက်ရွံ့မှုအပြည့်နဲ့ မိမိကိုယ် အပြစ်တင်နေပုံပေါ်တဲ့အတွက် ကျွမ်းရိယွင်မှာ မတတ်နိုင်ဘဲ နောက်ထပ် ထပ်ပြောလိုက်သည်။



 “မင်းရဲ့ စီနီယာနှစ်အတွက် ဘွဲ့ကြိုစာတမ်းနဲ့ အလှုပ်ရှုပ်နေမှာ ပုံမှန်ပါဘဲ” အိမ်မှာ ရန်ရန်ရဲ့ မိဘတွေက သူ့အတွက် ဘလိုင်းဒိတ်တွေ စီစဉ်ပေးတာ အရမ်းများလွန်းတဲ့အတွက် အိမ်ပြန်ချိန်နည်းဖို့ သူ့အတွက် အကြောင်းပြချက်ရှာပေးလိုက်တာပင်။ 


 

“ကျေးဇူးပါ ကောကော ပြောတာမှန်တယ်။ ကျွန်တော် နည်းနည်း အလျင်စလို ဖြစ်သွားတယ်။ ကျွန်တော့်ရဲ့ ပြဿနာကို ကျွန်တော့်ဘာသာ ဖြေရှင်းသင့်တယ်။ ကျွန်တော့်ရဲ့ မျှော်လင့်ချက်နဲ့ ဖိအားတွေကို ကောကောအပေါ် မတင်သင့်ပါဘူး။ ကောကော၊ WeChat မှာအပ်လို့ရမလားဟင်?” 

 


ပြောပြီးတဲ့နောက်မှာ သူက လက်ချောင်းတွေကို တင်းတင်ဆုပ်လိုက်ကာ ပြောလိုက်သည်။ “ကောကောကို နှောင့်ယှက်ဖို့ မဟုတ်ပါဘူး။ ကောကောက ကျွန်တော်ထက် ပိုတော်တယ်လို့ ခံစားရလို့ တစ်ခုခုနားမလည်တာရှိရင် ကောကောကို လာမေးလို့ရမလားဟင်?”



ချိန်းတွေ့တာ ဒါမှမဟုတ် လက်ထပ်တာနဲ့ ယှဉ်ရင်တော့ WeChat အပ်တာက အသေးအဖွဲ့တောင်းဆိုမှုလို့ ဆိုရမည်။ အထူးသဖြင့် သူ့ရဲ့အကြည့်တွေက သူ့လက်ပေါ်ကျသွားပြီး နောက်ထပ်အစင်းကြောင်းကို တွေ့လိုက်တဲ့အခါမှာတော့ ကျွမ်းရိယွင်က မငြင်းလိုက်တော့ပေ။  

 


ဒီကောင်လေးက သူ့ပြဿနာကို ဖြေရှင်းဖို့ တစ်ယောက်ယောက်ကို ရှာနေတာပဲ။ အထူးသဖြင့် ရန်ရန်က သူ့အပေါ်မှာ အထူးတလည်ခံစားချက်တွေ မရှိပါဘူး ဟုတ်တယ်မလား? 



ကျွမ်းရိယွင်က နည်းနည်း စိတ်အေးသွားခဲ့သည်။ “ဗီတာမင်စီနဲ့ ကလယ်စီယမ်တွ များများစား။ မင်းမှာ သွေးကြော အားနည်းနေတာဖြစ်မယ်။ မဟုတ်ရင် ဘယ်လိုလုပ် လွယ်လွယ်နဲ့ ဒဏ်ရာ ရမှာလဲ?” 

 


ဒီအစမရှိ အဆုံးမရှိစကားကို သူနားလည်လား နားမလည်ဘူးလားဆိုတာ ကျွမ်းရိယွင် ဂရုမစိုက်ပါချေ။ ပြောလို့ပြီးတော့ သူက ထုပ်ပိုးထားတဲ့ကော်ဖီကိုယူကာ ငွေရှင်းဖို့ ခေါင်းညိတ်ပြလိုက်ပြီး ထွက်သွားတော့သည်။



 အစက ရန်ရန်ကို သူပြန်ပို့ချင်ပေမယ့် စဉ်းစားကြည့်ပြီးတော့ သူ့‌ဝေဒနာကို ဆက်ပြီး ကုစားခိုင်းဖို့ ဆုံးဖြတ်လိုက်သည်။ 


 

ကျွမ်းရိယွင်က လမ်းကူးလိုက်ပြီး မြေအောက်ထပ်ကနေ ကားကို မောင်းထုတ်လိုက်သည်။ ရန်ရန်က လမ်းတစ်ဖက်မှာ ရပ်နေတာကို မြင်ပေမယ့် သူက နှုတ်ဆက်စကားတောင်မပြောဘဲ ဖြတ်‌မောင်းသွားလိုက်သည်။ 

 


ရန်ရန်က ကျွမ်းရိယွင်ရဲ့ကား ထောင့်ချိုးထဲကွေ့သွားတာကိုကြည့်လိုက်ပြီး ပြုံးလိုက်ကာ ဆန့်ကျင်ဘက်ကို လျှောက်သွားလိုက်သည်။ သူ့လက်ကို ပွတ်လိုက်ပြီး ဖုန်းထုတ်ကာ ဖုန်းခေါ်လိုက်သည်။ 

 


“လျှိုလီ၊ သောက်ဖို့ထွက်လာခဲ့” 

 


ဖုန်းလက်ခံလိုက်တဲ့ တစ်ဖက်‌ကနေ စူးရှတဲ့ အမျိုးသမီးတစ်ယောက်အသံ ထွက်လာသည်။ “ဟေး၊ ဒီနေ့ နင် ယောက်ျားတစ်ယောက်နဲ့ ဘလိုင်းဒိတ် မသွားချင်လို့၊ ငါနဲ့ဒိတ်ဖို့ ဆန္ဒရှိသွားလား?” 


 

“အရေးမပါတာတွေ၊ လာမှာလား မလာဘူးလား? မလာရင် ကောင်လေးတစ်ယောက် ခေါ်လိုက်ပြီး အခန်းတစ်ခန်းယူလိုက်‌တော့မယ်” 


 

“ဟေး၊ နင်က အခန်းတစ်ခန်းယူဖို့ သတ္တိရှိလို့လား ဘယ်သူ့ကို လာပြီး ဖြီးဖြန်းနေတာလဲ?” ကျန်းလီနဲ့ ရန်ရန်က ဂျူနီယာအထက်တန်းကျောင်းကတည်းက အတန်းဖော်တွေဖြစ်သည်။



သူတို့တွေက အတူတူလိုက်ကစားနေတာ ဆယ်နှစ်လောက်ရှိပြီဖြစ်ပြီး တစ်ယောက်အ‌ကြောင်း တစ်ယောက် အတွင်းရောအပြင်ပါ သူတို့ကလွဲပြီး သိတဲ့လူမရှိပေ။  

 

 

“နင်မလာဘူးဆိုရင် စောင့်သာကြည့်နေလိုက်” ရန်ရန်က ခေါင်းက ဆံပင်အတုကို လက်တစ်ဖက်နဲ့ ချွတ်လိုက်ပြီး အသံကို လက်မဝက်လောက် တိုးလိုက်သည်။ 

 


“အခြေအနေ တစ်ခုရှိတယ်။ ကောင်းပြီ တွေ့နေကြနေရာမှာဘဲ တွေ့ကြမယ်” 


 

နာရီဝက်အကြာ နှစ်ယောက်သားက လီယဲ့လို့ခေါ်တဲ့  ကျန်းလီရဲ့အစ်ကိုအပိုင် ရှင်းမြို့မှာ နာမည်ကြီးတဲ့ ဂေးဘာမှာ ဆုံကြသည်။ 


 

ရန်ရန်က အမြဲတမ်း ဘားမှာပဲ ထိုင်ရတာကြိုက်တဲ့အတွက် ကြည့်ကောင်းတဲ့ ယောက်ျားလေးတွေ အားလုံးက သူ့ဆီ ချဉ်းကပ်ဖို့ ရောက်လာ‌လေ့ရှိသည်။ 



ဒီနေ့မှာတော့၊ သူက ပထမဆုံးအနေနဲ့ သီးသန့်ဝိုင်းတစ်ခုတောင်းလိုက်သည်။ ကျန်းလီ ရောက်လာတဲ့အခါ သူက အမူအရာမဲ့တဲ့ မျက်နှာနဲ့ ပျော်ရွှင်စွာ ဝိုင်လောင်းထည့်နေပြီး တွေ့လိုက်ရသည်။ 

 


“ဘာပြဿနာနဲ့ ကြုံလာလို့လဲ? ငါလည်း ပျော်ရအောင် ပြောပြပါဦး” 

 

 

ကျန်းလီက သူ့ပခုံးကိုဖက်လိုက်သည်။ သူက အမျိုးသမီး ဘက်စကတ်ဘောအသင်းရဲ့ ခေါင်းဆောင်ဖြစ်ပြီး ၁၈၂စင်တီမီတာ မြင့်ကာ ရန်ရန်ထက် ပိုမြင့်ပြီး ထွားကြိုင်းလှသည်။ 



သူတို့တွေ ဆုံကတည်းက ကျန်းလီက သူ့ရဲ့ အစ်မကြီးလိုပင်။ ဂျူနီယာ အထက်တန်းတုန်းကဆို အရွယ်ရောက်တာ နောက်ကျတဲ့ရန်ရန်‌လေးကို သူမကပဲ ဂရုစိုက်ခဲ့တာဖြစ်သည်။ အထက်တန်းရောက်တဲ့အခါ ရန်ရန်က သူ့ရဲ့လိင်စိတ်ခံယူမှုကို ရှာတွေ့ခဲ့သည်။ 



သူ့ရဲ့လိင်စိတ်ခံယူမှုနဲ့ ကြည့်ကောင်းမှုကြောင့် အတန်းဖော်တွေဆီကနေ အမြဲတမ်း စနောက်ခံခဲ့ရပြီး ဒီမကောင်းတဲ့ ကျောင်းသားတွေကို ကျန်းလီကဘဲ အနိုင်ယူခဲ့သည်။ 



အဲ့ဒါကြောင့် ရန်ရန်မှာ ပုန်ကန်တတ်တဲ့ အကျင့်စရိုက်ရှိပေမယ့် ကျန်းလီကတော့ သူ့ရဲ့မြင်းရိုင်းကို ထိန်းချုပ်နိုင်သည်။ ရန်ရန်သာ ဂေးမဟုတ်ဘူးဆိုရင် သူတို့‌နှစ်ယောက်အတူတူရှိတာက အကောင်းဆုံးလို့ ရန်ရန်ရဲ့မိဘတွေမှာ အကြိမ်ပေါင်းများစွာ တွေးခဲ့ဖူးသည်။ 

 


ဒါပေါ့၊ သူတို့လည်း ဒီလိုတွေးဖူးသည်။ ကျန်းလီကလည်း လိင်တူသဘောကျတဲ့သူဖြစ်သလို ရန်ရန်ကလည်း သူမသဘောကျတဲ့ ပုံစံမဟုတ်တဲ့အတွက်  သူမရဲ့မောငယ်လေးပဲ ဖြစ်လာရတာကတော့ ဝမ်းနည်းစရာပေါ့။ 


 

“ငါစိတ်ကူးထားတဲ့ လူနဲ့တွေ့ခဲ့တယ်။ အရပ်မြင့်တယ်၊ ခြေတံရှည်တယ် အသောက်အစား အပျော်အပါးကင်းတယ်၊ လုံးဝကိုအနိုင်ခံအရှုံးမပေးဘဲ မျက်နှာကလည်း မယုံနိုင်လောက်အောင် ပေါ်လွင်တယ်။ ဉာဏ်လည်းကောင်းပြီးတော့ စာလေ့လာတဲ့နေရာမှာလည်းတော်တယ်။  သူ့ရဲ့တစ်ကိုယ်လုံးမှာ လိင်ပိုင်းဆိုင်ရာ အစွဲအလမ်းကြီးမှုတွေ နဲ့ထိုးဖောက်ထားပေမယ့် င့ါကိုတော့မနိုင် နိုင်ပါဘူး” 


 

ကျန်းလီက လက်ဆန့်ထုတ်လိုက်သည်။ “ပုံကို မမြင်ရဘဲနဲ့ ငါက ဘာပြောလို့ရမှာလဲ?” 

 


ရန်ရန်က သူမဆီ ဖုန်းပစ်ပေးလိုက်သည်။ “ဓာတ်ပုံအယ်လ်ဘမ်ထဲမှာ”



“ဒါက ဓာတ်ပုံလေးတစ်ခုဘဲကို သီးသန့်အယ်လ်ဘမ်တစ်ခုလုပ်ထားသေးတာလား။ ရန်ရန် နင်တော့ နှလုံးသားကမ္ဘာထဲကို ပြောင်းသွားပြီပဲ” 

 


“သူက အရမ်းကြည့်ကောင်းပေမယ့် သူ့ခြေထောက်တွေကတော့ အားနည်းတယ်။ သူ့အတွက် သီးသန့်ဓာတ်ပုံအယ်လ်ဘမ်တစ်ခုထားတာက၊ နင်က ငါရဲ့ ကျွမ်းကောကောကို လျှော့တွက်နေတာပဲ”