အပိုင်း ၃
Viewers 89

လက်ထပ်ဖို့ လိမ္မာရေးခြားရှိမှုကို အားကိုးပြီးနောက် ချစ်မိသွားတယ် 


အပိုင်း ၃





  


သူ့မှာ နက်နဲပြီး ချောမောတဲ့ပုံပန်းသွင်ပြင်၊ အေးစက်တဲ့ စိတ်နေစိတ်ထားနဲ့ အရပ်က ၁.၉မီတာလောက် မြင့်သည်။ သူ့မှာ လွှမ်းမိုးနိုင်တဲ့ အရှိန်အဝါတွေရှိသည်။ သီးသန့်အခန်းထဲမှာ သူရပ်လိုက်တဲ့အခါ ပတ်ဝန်းကျင်ကို လုံးလုံးလျားလျား လွှမ်းမိုးသွားသည်။ 

 


ရန်ရန်က သူ့မျက်လုံးတွေနဲ့ ဆုံသွားတော့ ရှက်သွေးဖြာသွားပြီး ကြည့်လွှဲလိုက်ကာ နူးနူးညံ့ညံ့နဲ့တိုးတိုးလေးပြောခဲ့သည်။ “မင်္ဂလာပါ ကျွမ်းကောကော….” 

 


ချမ့်ရူချမ်း - “…” သိသိသာသာကို သူ့ကိုမွေးပြီး ပျိုးထောင်ခဲ့တာ သူမပါ။ ဒီစကေးတွေကို သူဘယ်က သင်လာခဲ့တာလဲ? သူမတောင် ယုံမိတော့မလို့။ 

 


ပါပါးရန် - “…” သူဘာမှမမြင်လိုက်ဘူး။ 

 


ကျွမ်းရှန်းက မျက်ခုံး နည်းနည်းပင့်လိုက်ပြီး ရန်ရန်က ဒါကို ရည်ရွယ်ချက်ရှိရှိနဲ့ လုပ်တာလား၊ ရန်မိသားစုရဲ့ အလေ့အကျင့်ပဲလားဆိုတာ သူမ နည်းနည်းမသေချာပေ။ 



သူမက ကျွမ်းရိယွင်ကို ကြည့်လိုက်တော့ ထူးထူးခြားခြား ဘာမှမတွေ့ပေ။ သူက တုန့်ပြန်သလို ခေါင်းဘဲညိတ်လိုက်ပြီး ရန်ရန်ရဲ့မိဘတွေကို နှုတ်ဆက်လိုက်သည်။ 


 

အပြန်အလှန် နှုတ်ဆက်ပြီးတဲ့နောက် ထိုင်လိုက်ကြသည်။ စားပွဲနှစ်ဖက်မှာ လူငါးယောက်ရှိနေပြီး တစ်ယောက်ချင်းစီမှာ ကိုယ်ပိုင်အတွေးတွေနဲ့ဖြစ်သည်။ 

 


သူမရဲ့သားက ရှောင်ကျွမ်းနဲ့ မတန်ဘူးလို့ ချမ့်ရူချမ်းက ခံစားလိုက်ရတဲ့အတွက် တုန့်ဆိုင်းသွားပြီး တမင်ဖျက်စီးချင်သွားသည်။ ရန်ရှီမင်ဖြစ်တဲ့ ပါပါးရန်က ပိုပြီးတော့တောင် လက်တွေ့ကျသေးသည်။ ကိုယ့်သားကိုတောင် မထိန်းနိုင်ရင် ဘာလို့ တခြားသူရဲ့သားရဲ့သေခြင်းရှင်ခြင်းကို စိတ်ပူနေရမှာလဲ။ 



သူ့သားက တကယ် လိမ္မာသလို ဟန်ဆောင်နေတော့ သူ့ရဲ့ကျန်နေတဲ့ဘဝမှာ နောက်တရတော့မှာ မဟုတ်ဘူး။ ကျွမ်းရှန်းက ရန်ရန်ကို အေးအေးဆေးဆေးနဲ့ကြည့်လိုက်သည်။



ကျွမ်းရိယွင်က ဒါကို မြန်မြန်အဆုံးသတ်ပြီး မြန်မြန်ထွက်သွားချင်ပေမယ့် သူ့ရဲ့မျက်နှာချင်းဆိုင်က ရန်ရန်ကတော့ ကျွမ်းရိယွင်ရဲ့ နှုတ်ခမ်းတွေကို ကြည့်နေသည်။ 

 


အထူက အတော်အသင့်နဲ့ အဖျားတွေက ချွန်ထက်တယ် ကြည့်ရတာ ရေခဲနဲ့ နှင်းလိုဘဲ။ အဲ့ဒီနှုတ်ခမ်းတွေကို နမ်းတဲ့အခါ အရည်ပျော်သွားမလား သိချင်တယ်။ 



ရန်ရန်ရဲ့အတွေးတွေက အရိုင်းဆန်စွာနဲ့ အမြန် ရွေ့လျားသွားသည်။ ဒီနှုတ်ခမ်းကို မြည်းကြည့်ဖို့ သုံးရက်အတွင်း အခွင့်အရေးများ ရှိမလား? 


 

အကြည့်တစ်ချက်က သူ့ရဲ့မျက်ခုံးတွေ၊ နှုတ်ခမ်းတွေနဲ့ နှာခေါင်းကို ဖြတ်သွားသည်။ ကျွမ်းရိယွင်ကတော့ တောင်တစ်တောင်လို မလှုပ်မရပ်ပင်။ စားသောက်နေတုန်းမှာ လူကြီးတွေက ရယ်မောပြောဆိုနေကြသည်။



 အကြောင်းအရာက သူ့ဆီရောက်လာတဲ့အခါ သူကယဉ်ယဉ်ကျေးကျေးနဲ့ စကားတချို့ပြန်ဖြေပေမယ့် စိတ်အားထက်သန်မှုမရှိနေဘဲ ရန်ရန်ကိုလည်း စေ့စေ့ကြည့်လေ့မရှိပေ။ 



ဒါပေမယ့် သူက မျက်မမြင်မှ မဟုတ်ဘဲ။ သူ့ရဲ့အမြင်က 5.2 ရှိပြီး ရန်ရန်ရဲ့ လှုပ်ရှားမှုသေးသေးလေးတွေအားလုံးကို သူမြင်နိုင်သည်။ 

 


ကျွမ်းရိယွင်က ကောင်းတယ်လို့ ချမ့်ရူချမ်း ခံစားရသည်။ သူ့ရဲ့အပြုအမူက ရှင်းလင်းပြီး မပြတ်မသားမဖြစ်ချေ။ သူက သူမရဲ့သားကို မကြိုက်တဲ့အတွက် နားလည်မှုမလွဲစေဖို့  သူ့ကိုတောင် မကြည့်ပေ။



 အစားစားနေတုန်း သူမဖြည်းဖြည်းချင်း စိတ်အေးသွားပြီး ကျွမ်းရှန်းနဲ့ ပိုပြီး အသက်ဝင်စကားပြောတော့သည်။ 

 


ချမ့်ရူချမ်းမှာ ပျော်စရာကောင်းတဲ့ မိသားစုရှိတဲ့အတွက် ကျွမ်းရှန်းက ချီးကျူးပြီး ချမ့်ရူချမ်းကတော့ သူမရဲ့သားက လူကောင်းလေးဖြစ်တဲ့အတွက် ချီးကျူးသည်။



 အမျိုးသမီးနှစ်ယောက်က တစ်ယောက်နဲ့တစ်ယောက် စီးပွါးရေးအကြောင်းတွေ ပြောနေကြပြီး နောက်တော့ ရန်ရန်ကို ကြည့်လိုက်သည်။ ကျွမ်းရှန်းက လိမ္မာပါးနပ်စွာနဲ့ မေးလိုက်သည်။ “သားမှာ နားပေါက်တွေ ဘာလို့ ဒီလောက်များရတာလဲ?” 

 


ဘယ်ဘက်မှာ လေးပေါက်ရှိပြီး ညာဘက်တွင်သုံးပေါက်ရှိ‌နေကာ တော်တော်တော့များသည်။ 

 


လေထုက ရုတ်တရက် တန့်သွားသည်။ ဒါကိုမြင်တော့ ကျွမ်းရှန်းက ထပ်ပြောလိုက်သည်။ “ကြည့်ပါဦး အန်တီ အချိန် မှားမေးမိတာပဲ။ နားဖောက်တာက မိန်းကလေးတွေ အတွက်ပဲ မဟုတ်ပါဘူး။ နားပေါက်တွေဖောက်တာက ပုဂ္ဂိုလ်ရေးအရ ကိုယ်ပိုင်ရွေးချယ်မှုပဲလေ”



ဒီလို သဟဇာတဖြစ်ပြီး နွေးထွေးနေတဲ့ လေထုက အခြလေးတင် ဂယက်ထသွားပုံပေါ်သည်။ ကျွမ်းရှန်းရဲ့စကားတွေက သိသိသာသာကိုဘဲ ရိုင်းခြင်းမရှိဘဲ အနည်းငယ် ကျေနပ်စရာကောင်းသည်။ 

 


ကျွမ်းရိယွင်မှာ နည်းနည်း ပျင်းလာသည်။ သူ့အမေက သူနဲ့ဆ်ု အမြဲတမ်း ရူးကြောင်ကြောင်နိုင်ပေမယ့် သူမဘာသာစီစဉ်တဲ့ ဘလိုင်းဒိတ်က တစ်ခြားလူ‌တွေကို ဒီအချိန်မှာ အရမ်းမယဉ်မကျေးနဲ့ ကသိကအောက်ဖြစ်စေသည်။ 



သူတစ်ချက်ကြည့်လိုက်တော့ နားပေါက်ခုနစ်ပေါက်က အရမ်းများလွန်းတယ်လို့ နားလည်သွားတဲ့အတွက် သူတို့ကို အထူးတလည်ဘာမှ ပြောစရာမလိုတော့ပါချေ။ ဒီသိုးငယ်လေးလို ကောင်လေးက မငိုဘူးလား။ 

 


“ကျွန်တော်ကလေးတုန်းက ကျန်းမာရေးမကောင်းတော့ မားက ကျွန်တော့်ကို နှစ်နည်းနည်းလောက် မိန်းကလေးလို ပျိုးထောင်ခဲ့တာ…. အဲ့ဒါကြောင့် ကျွန်တော့်မှာ နားပေါက်တွေ ရှိနေတာပါ။ နားပေါက်တွေ ပိုများရင် ပိုပြီးထိရောက်တယ်လို့ ကြားဖူးတယ်။ အဲ့ဒါကြောင့် အများကြီး ဖောက်ထားတာ” 



ရန်ရန်က ညင်သာတဲ့အသံလေးနဲ့ပြောလိုက်သည်။ သူက နည်းနည်း ရှက်ကိုးရှက်ကန်းနဲ့ အကြည့်လွှဲလိုက်တော့ ‘တိုက်တိုက်ဆိုင်ဆိုင်’ ကျွမ်းရိယွင်နဲ့ တိုးသွားသည်။ 

 


“ဒါပေမယ့် အခုတော့ အဆင်ပြေသွားပါပြီ၊ အထူးတလည် ဂရုစိုက်နေစရာမလိုတော့ပါဘူး” သမင်တစ်ကောင်လိုမျိုး ရှက်ရွံ့နေသည်။ 



ကျွမ်းရိယွင်မျက်လုံးတွေ မော့ကြည့်လိုက်တော့ သူ့ရဲ့မျက်လုံးတွေက နတ်သူငယ်လိုမျိုး အံ့အားသင့်စရာကောင်းအောင် တောက်ပနေတာကို သူသဘောပေါက်သွားသည်။ 

 

 

သူ့ရဲ့ ဖြူဖြူသွယ်သွယ်လက်တွေက စားပွဲအစွန်းကို ဆုတ်ကိုင်ထားသည်။ သူကအရမ်းစိတ်လှုပ်ရှားနေတယ်ဆိုတာ သိသာနေပြီး သူ့ရဲ့လက်တွေက ဆုတ်ထားတာကြောင့် နီရဲနေသည်။ 



သူက မသိစိတ်ကနေ လက်သည်းနဲ့ ဆိတ်နေသေးသည်။ အဖြူကနေ အနီရောင် အစင်းကြောင်းတွေ ပြောင်းသွားတာကို ကြည့်ရင်း ကျွမ်းရိယွင်မှာ မသက်မသာနဲ့ အကြည့်လွှဲလိုက်သည်။ 

 


စားသောက်လို့ ပြီးခါနီးပြီဖြစ်သည်။ ကျွမ်းရှန်းက တစ်ခုခု ပြောချင်နေသေးပေမယ့် ကျွမ်းရိယွင်က  လက်ဦးမှုယူပြီး သူမအတွက် အသီးစိတ်တွေ ယူပေးလိုက်သည်။ အမြဲတမ်းမမြင်ရတဲ့ ဒီအပြုအမူက ကျွမ်းရိယွင်ရဲ့ စိတ်မကျေမနပ်ဖြစ်တာကို ပြနေတာပင်။



 သူ့ရဲ့ အာရုံတွေကလမ်းလွဲသွားပြီး နောက်ထပ် ဘာမှ မပြောလာတော့ပေ။ အခုလေးတင် ဆုံလိုက်ရတဲ့ ရန်ရန်အတွက် ကျွမ်းရိယွင်မှာ တကယ် ဘာအမြင်မှမရှိဘူးလား? 


 

လူငါးယောက်က တစ်ယောက်ပြီးတစ်ယောက် တူတွေကို ချလိုက်ကြပြီး သစ်သီးတွေကိုစားကာ စကားပြောနေကြသည်။ ရန်ရန်က အသံတိုးတိုးနဲ့ မေးလိုက်သည်။ “ WeChat မှာအပ်လို့ရမလား?” 


 

ဒီမေးခွန်းက ဘယ်သူ့ကိုမေးတာလဲဆိုတာ သိသာသည်။ ရန်ရန်ကို ကြည့်ရတာ စိတ်လှုပ်ရှားပြီး ရှက်နေပေမယ့် မေးချင်နေတဲ့ပုံပင်။ သူ့ပုံစံက အပြစ်ကင်းကာ၊ နူးညံ့ပြီး အနိုင်ကျင့်ရလွယ်တဲ့ ပုံမျိုးဖြစ်သည်။ 



သူ့ကို  ကြည့်ရတာ သိမ်မွေ့တဲ့ပုံပေါ်ပေမယ့် သတ္တိရှိတဲ့ပုံစံက အပူပိုင်းမိုးသစ်တောတွင် နေထိုင်ကြသည့် တဝီဝီလုပ်နေသည့် ပျားတွေကို အမှတ်ရသွားစေသည်။



 ကြည့်ရတာ ချစ်စရာကောင်းပေမယ့် အမှန်တကယ်မှာ ရက်စက်ကြမ်းကြုတ်လှသည်။ ဒါပေမယ့် ရန်ရန်ကို ကြည့်ရတာ ကြမ်းတမ်းမယ့်ပုံမပေါ်ဘူး၊ သူကအရမ်း ယဉ်ကျေးတဲ့ပုံပေါ်တယ်။ 

 


အစက သူနောက်မှပြောချင်ပေမယ့် စိတ်ပြောင်းသွားပြီး ရန်ရန်နဲ့ မျက်နှာချင်းဆိုင်ရှိနေတုန်း ပြောလိုက်သည်။ ကိုယ့်ခြေထောက်ကို တူးနေတာ ရပ်လိုက်ရုံပဲ။ တစ်ဖက်လူရဲ့ အပြုအမူက သိသာနေတဲ့အတွက် သူက တိုက်ရိုက် ငြင်းလိုက်ရုံပင်။ 


 

“ခဏနေကျရင် အလုပ်အချိန်ပိုသွားရတော့မယ်။ လမ်းတစ်ဖက်မှာ ကော်ဖီတစ်ခွက် သွားဝယ်ကြမလား?” 

 


ရန်ရန်က နည်းနည်းတည်ငြိမ်သလို ခေါင်းညိတ်လိုက်ပေမယ့် သူ့မျက်နှာပေါ်က အပြုံးကိုတော့ မထိန်းလိုက်နိုင်ပေ။ 

 


ကလေးတွေက နှစ်ယောက်ထဲ စကားပြောချင်နေတာဘဲ။ သူတို့သဘောကျတာဖြစ်ဖြစ် သဘောမကျတာဖြစ်ဖြစ် လူကြီးသုံးယောက်ကတော့ အကြာကြီး မနေလိုက်‌ပေ။ ကုတ်အင်္ကျီနဲ့ အိတ်ကို ဆွဲယူပြီး နှုတ်ဆက်လိုက်ကာ အောက်ဆင်းသွားကြသည်။ 



ရန်ရန်နဲ့ ကျွမ်းရိယွင်တို့က သူတို့ကို လိုက်ပို့လိုက်သည်။  ရန်ရန်ရဲ့ မိဘတွေက သူတို့ကို ပြန်လှည့်ကြည့်လိုက်တော့ သူတို့က စားသောက်ဆိုင်‌ကနေထွက်ပြီး မျက်နှာချင်းဆိုင်က ကော်ဖီဆိုင်ဆီ သွားကြသည်။ 

 


ထမင်းစားအတွင်း ကော်ဖီဆိုင်မှာ လူအများကြီး မရှိနေတဲ့အတွက် နှစ်ယောက်သားက ထောင့်နားက နေရာမှာ ထိုင်လိုက်သည်။ မြို့လယ်မှာရှိတဲ့ ကော်ဖီဆိုင်က သိပ်မသေးပေ။ ကော်ဖီဆိုင်ထဲမှာ ပေါင်မုန့်အနံ့နဲ့ ပေါင်းစပ်ထားတဲ့ ကော်ဖီရနံ့တွေက ပြည့်ဝနေပြီး အပြင်အဆင်ကလည်း အရမ်း ချစ်စရာကောင်းသည်။ 

 

 

စားပွဲထိုးက အော်ဒါယူဖို့ရောက်လာသည်။ ရန်ရန်က မီနူးကို ယူလိုက်ပြီး စားပွဲထိုးနဲ့ ပြောနေကာ သူ့အသံကသိမ်မွေ့နေပြီး အထဲကလင်းရောင်နဲ့ မျက်နှာကျက်ကနေ ကြမ်းပြင်အထိရှိတဲ့ ပြတင်းပေါက်ရဲ့ အပြင်ဘက်က အလင်းရောင် တွေက လူ‌အပေါ် အလင်းဖျော့ဖျော့လေးကျရောက်နေပြီး ကြည့်ရတာ ပိုးသားလေးလို နူးညံ့စေသည်။



 ရှည်သွယ်တဲ့ လက်ချောင်းလေးတွေက မီနူးအပေါ်မှာ ဟိုဟိုသည်သည်နှိပ်နေပြီး လက်သည်းတွေက တစ်လက်လက်တောက်‌ပနေတဲ့ အပြာရောင်အမှတ်လေး မှတ်လိုက်သည်။



ကျွမ်းရိယွင် နည်းနည်းစိတ်ရှုပ်သွားသည်။ ဒီလိုနူးညံ့တဲ့ သတ္တဝါလေးတွေနဲ့ အရင်က သူတစ်ခါမှ  စားပွဲထိုး ထွက်သွားသွားချင်း သူက အဓိကအကြောင်းအရာကို ပြောလာသည်။



 “ငါဒီနေ့လာခဲ့တာက ငြင်းလို့မရလို့ဘဲ” စကားလုံးတွေက အရမ်းကို လိမ္မာပါးနပ်သည်။ ရန်ရန်က စီနီယာနှစ်ပဲ ရှိသေးတာဖြစ်သည်။ အရမ်းတည့်တိုးပြောပြီးတော့ ကော်လိပ်ကျောင်းသားလေးကို မနာကျင်စေချင်ပေ။ 

 


သေချာပေါက်ကို ကောလိပ်ကျောင်းသားလေးက သဘောပေါက်သည်။ သူ့ရဲ့ကောကောက ကြည့်ရတာ အေးစက်ပေမယ့် တကယ်တော့ မအေးစက်ပါချေ။ ဒီအပြုအမူကို သူ့ကိုတိုက်ရိုက်ငြင်းတာမဟုတ်ဘဲ ဘလိုင်းဒိတ်သွားဖို့ပါ ငြင်းတာမှန်း သူလည်းသိသည်။ 



သူက ယဉ်ယဉ်ကျေးကျေးနဲ့ဘဲ သူ့ကို ငြင်းလိုက်သည်။ ဒါပေမယ့် ရန်ရန်က ပြင်ဆင်လာတဲ့အတွက် ကျွမ်းရိယွင်ရဲ့ အတိုင်းအတာက သူကစားဖို့ အခန်းလုံလောက်ရုံပင်။ 


 

“အင်း… ကျွန်တော်က နှစ်ယောက်ထဲ ခေါ်လာတာဆိုတော့ အများကြီး မျှော်လင့်မိသွားတာပဲ။ ကျွန်တော်က အရမ်းတုံးတာပဲ”



 ရန်ရန်က ပြောနေရင်း အသံက တိုးတိုးလာကာ သူ့ရဲ့ မျက်ခုံးနဲ့ မျက်လုံးတွေက ညွှတ်ကျသွားပြီး ချက်ချင်း စိတ်ပျက်လက်ပျက် အမူအရာဖြစ်သွားသည်။ 


 

သူ့ရဲ့စိတ်ပျက်လက်ပျက် အကြည့်ကို ကျွမ်းရိယွင်မြင်လိုက်ရသည်။ ဒီအကြောင်းကို သူအစကတည်းက တွေးခဲ့ပေမယ့်လည်း တခြားဟာတွေကို ပြောဖို့ သူအလျင်မလိုနေပေ။  

 


သူ့ရဲ့ ပင်ကိုယ်စရိုက်က နူးညံ့ပြီး ဘာမှ မဖုံးကွယ်ထားပါချေ။ သူကြိုက်တယ် မကြိုက်ဘူးဆိုတာ မျက်နှာမှာပေါ်နေပေမယ့် သူကအရမ်း သတ္တိရှိသည်။ 



သူက ရှက်သွေးဖြာနေရင်တောင်မှ သူ့ရဲ့ ခံစားချက်‌ေတွကို ဖော်ပြရဲသေးသည်။ သူက ရန်ရန်ကို လုံးဝမကြိုက်ပေမယ့် သူတို့ကြားမှာ မတူညီနဲ့ ကမ္ဘာတွေရှိသည်။ 

 


ဒီနာခံမှုရှိပြီး နူးညံ့သိမ်မွေ့တဲ့လူငယ်လေးက လူ့အဖွဲ့အစည်းထဲ မဝင်ရောက်ဖူးသေးပေမယ့် ရိုးရှင်းတဲ့ ဆွဲဆောင်မှုတော့ရှိသည်။ သူက အရမ်းလှပပြီး တောက်ပတဲ့မျက်လုံးတွေနဲ့လည်း ကြည့်တတ်သေးသည်။ 



ကျွမ်းရိယွင် သူ့ဘာသာသူ တွေးလိုက်တယ်၊ တကယ်လို့ သူသာ လိင်တူသဘောကျတဲ့သူဆိုရင် သေချောပေါက် ခံနိုင်ရည်ရှိမှာ မဟုတ်ဘူး။ မိသားစုတစ်ခု ထူထောင်ဖို့မပြောနဲ့ သူက ယောက်ျားတွေကိုလည်း မကြိုက်သလို မိန်းမတွေကိုလည်း မကြိုက်တာက ဝမ်းနည်းစရာဘဲ…. 

 


“ငါ့မှာ လက်တွဲဖော်ရှာဖို့ စိတ်ကူးမရှိဘူး။ မင်းကို ခေါ်ထုတ်လာတာကလည်း ရှင်းရှင်းလင်းလင်း လုပ်ချင်လို့။ မင်းကို နားလည်မှု လွဲသွားစေတဲ့အတွက် တောင်းပန်ပါတယ်”