လက်ထပ်ဖို့ လိမ္မာရေးခြားရှိမှုကို အားကိုးပြီးနောက် ချစ်မိသွားတယ်
အပိုင်း ၂
ဘာမှမပြောရသေးခင် ရန်ရန်က အရင်ပြောလာသည်။ “သားရဲ့အကြားအာရုံက ၁၀၀ရာခိုင်နှုန်းပဲ၊ သားမျက်နှာအရှေ့မှာ ဘာတွေ တီးတိုးပြောနေကြတာလဲ? ပို့လာတဲ့ ဓာတ်ပုံက ဘာဖြစ်နေလို့လဲ? သားစိတ်မဝင်စားရလောက်အောင် အရမ်းရုပ်ဆိုးနေလို့လား?”
မာမားရန်က မဆိုင်းမတွ ပြန်ဖြေခဲ့သည်။ “ဟုတ်တယ်!”
ဒီကောင်လေးက လူကောင်းလေးဖြစ်ရမယ်။ အဲ့ဒီကလေးက အရမ်းကြည့်ကောင်းပြီး အရပ်လည်းရှည်တယ်၊ ကြည့်ကောင်းပြီး ထက်မြတ်တဲ့သူပဲ။ သူမရဲ့ သားအတွက် စိုးရိမ်နေပေမယ့် တောင်တွေကို ဖြတ်ပြီး မီးပင်လယ်ကို ကျော်ဖို့ သူ့ကို သူမ မလှည့်စားနိုင်ဘူး။
သူမသားရဲ့ ပုံပန်းသွင်ပြင်ကို တစ်ချက်ကြည့်လိုက်သည်။ သူက ကြည့်ကောင်းပေမယ့် အရမ်းတက်ကြွလွန်းပြီး သူ့ရဲ့ပညာရှင်အထက်တန်းစား အမျိုးအစားနဲ့ မလိုက်ဖက်ပါချေ။ ဒါ့ပြင်၊ စခရင်ရှော့ထဲမှာ တောက်ပနေတဲ့ အမျိုးသားရုပ်မြင်သံကြားဌာနရဲ့ လိုဂိုလည်း ပါရှိသည်။
အမျိုးသား ရုပ်မြင်သံကြားဌာနကနေ အင်တာဗျူးခံရတဲ့လူငယ်လေးက သူမရဲ့သား ငါးဆားနူကို အမှန်တကယ် စိတ်ဝင်စားသွားရင် နိုင်ငံရဲ့ ‘ပိုင်ဆိုင်မှု’ ဆုံးရှုံးရတဲ့အတွက် အရမ်း စိတ်တိုရမှာ မဟုတ်ဘူးလား?
မာမားရန်က မှန်သားပြင်ထဲက Dr.ကျွမ်းကို ထိခိုက်စေမယ့် ကိစ္စတွေကို တွေးလိုက်ပြီး လွန်ခဲ့တဲ့ ဆယ်မိနစ်က အကောင်းမြင်ပြီး တက်ကြွနေတဲ့ သူမကို ကိုယ့်ဘာသာကိုယ် ရှုံ့ချလိုက်သည်။
အတွေးပေါင်းများစွာက မာမားရန်ရဲ့ စိတ်ထဲ ဖြတ်သန်းသွားသည်။ နောက်ဆုံးတော့ ပါပါးရန်က အသိပြန်ဝင်လာလာကာ ဓာတ်ပုံကို ကြည့်ဖို့ သူ့မိန်းမရဲ့ ဖုန်းကို ယူလိုက်ပေမယ့် ရှင်းရှင်းလင်းလင်း မမြင်လိုက်ရဘဲ ဖုန်းက တခြားလူ လက်ထဲရောက်သွားသည်။
ရန်ရန်က သူ့အမေရဲ့ သဘောထားက 180° ပြောင်းလဲသွားတာကို အံ့ဩသွားသည်။ အရင်ဆုံးသူ သိပ်ပြီး စိတ်မဝင်စားနေပေမယ့် အခုတော့ ကျောင်းအလှလေးရဲ့သားက ချောလား ရုပ်ဆိုးလားဆိုတာ မြင်ချင်သွားသည်။
ဒါပေမယ့် သူ့မိဘတွေရဲ့ တိုက်ခိုက်တာကို ရှောင်ရှားဖို့ မတ်တပ်ရပ်လိုက်ပြီး ဖုန်းကို သူ့ခေါင်းနားမြှောက်လိုက်ကာ စခရင်ကို ကြည့်လိုက်တဲ့အချိန် ဒီနေ့ရဲ့ ဧည့်ခန်းက အလင်းရောင်က အရမ်းကို မျက်စိကျိန်းနေတယ်လို့ ခံစားလိုက်ရသည်။ မဟုတ်ရင် သူဘယ်လိုလုပ် မျက်စိ စူးသွားမှာလဲ။
ဖုန်းစခရင်ထဲက အမျိုးသားမှာ ဆရာဝန်နဲ့ သုတေသီတွေ ဝတ်တဲ့ ကုတ်အဖြူကို ဝတ်ထားပြီး ဆုံလည်ကုလားထိုင်ပေါ်တွင် ခပ်မတ်မတ်ထိုင်နေသည်။ သူ့ရဲ့မျက်လုံးတွေက ကင်မရာကို နည်းနည်း ငုံ့ကြည့်နေပြီး သူ့ရဲ့ခန္ဓာကိုယ်ကတော့ တည်ငြိမ်စူးရှမှုတွေ အပြည့်နဲ့ နူဝါရဲ့ပီရှဲ လို့ခေါ်တဲ့ မျက်နှာမျိုးရှိသည်။ သူ့ရဲ့ ခပ်မြင့်မြင့်အရိုးတွေ၊ နက်ရှိုင်းတဲ့ မျက်အိမ်တွေနဲ့ အလှအပရဲ့လယ်ဗယ်တစ်ဆယ်တောင်မှ မပြေပြစ်နိုင်တဲ့ အသားအရည်ရှိသည်။
တသီးတခြားနေတတ်ပြီး၊ အသောက်အစားရှောင်ကာ လွှမ်းမိုးချုပ်ကိုင်မှုတွေက ရန်ရန် အကြိုက်ဆုံးပုံစံဖြစ်သည်။ နှစ်စက္ကန့်လေးပဲ သူကြည့်လိုက်ရပေမယ့် သူ့ရင်ဘက် အိတ်ကပ်ထဲက ဘောပင်မှာတော့ မြင်ကွင်းတွေ ပြည့်သွားသည်။
ဒီအမျိုးသားသာ သူ့ကို အိပ်ယာထဲခေါ်သွားရင် သူကတော့ တိုက်ရိုက် လှဲပေးလိုက်ဖို့ ဆန္ဒရှိတယ်။ ဒါပေါ့၊ တက်စီးပေးပြီး ကိုယ့်ဘာသာကိုယ် လှုပ်ရှားပေးရလည်း ကိစ္စမရှိဘူး။
ရန်ရန်က ပြုံးလိုက်ပြီး ဓာတ်ပုံနဲ့ ကျွမ်းရှန်းရဲ့ လုပ်ငန်းကပ်ပြားကို သူ့ WeChat အကောင့်ဆီ ကျွမ်းကျွမ်းကျင်ကျင်နဲ့ forward လုပ်လိုက်ပြီး နောက်တော့ သူ့အမေဆီ ဖုန်းပြန်ပေးလိုက်သည်။
“ဘယ်အချိန် ဘယ်နေရာမှာ တွေ့မှာလဲ?”
“ဘာအတွက် တွေ့မှာလဲ?! မတွေ့ရဘူး!” မာမားရန်က အရမ်းစိတ်တိုလွန်းလို့ အသံက ပွင့်ထွက်လာသည်။ အဲ့ဒီတော့မှဘဲ ပါပါးရန်လည်း ဓာတ်ပုံကို တွေ့ရတော့သည်။ ခါတိုင်းလိုဘဲ သူက မိသားစုထဲမှာ နောက်ဆုံးမှအချက်အလက်တွေကို အမြဲတမ်းရတဲ့သူပဲ။
“ဒီကလေးက အရမ်းကြည့်ကောင်းတယ်….”
သူက ထပ်ကြည့်လိုက်ပြီး သူ့ဇနီးရဲ့ စိုးရိမ်ပူပန်မှုကို ချက်ချင်း သဘောပေါက်သွားသည်။ သူ့ရဲ့စီနီယာနှစ်ကနေဘွဲ့ရတော့မည် ဖြစ်ပေမယ့် စာတမ်းတွင် တိုးတက်မှုတစ်စုံတစ်ရာမရှိတဲ့ သူတို့ရဲ့ ရန်ရန်ကို တွေးလိုက်သည်။
သူက အလုပ်သင်လုပ်ဖို့ မရှာသလို ဘွဲ့လွန်ဝင်ခွင့်စာမေးပွဲအတွက် မပြင်ဆင်ထားပေ။ သူက တိုက်ရိုက်ထုတ်လွှင့်မှုမှာဘဲ မကြာခဏ နစ်မြုပ်နေပြီး သူဘယ်လိုလုပ်နေလဲဆိုတာ မသိပေ။
တိုက်ရိုက်ထုတ်လွှင့်မှုပြီးတဲ့အခါ သူက အပြင်ထွက် ဘားသွားကာ ယောက်ျားလေးဘယ်နှယောက်လောက်ကို ဆွဲဆောင်နေလဲဆိုတာ မသိပေ… နောက်ဆုံးမှာတော့ သူက ကျွမ်းရှန်းရဲ့ ထူးချွန်တဲ့သားနဲ့ ယှဉ်လို့တောင် မရဘူး။
ရန်ရန်က ဖုန်းကိုထုတ်လိုက်ကာ အခုလေးတင် ရလာတဲ့ ဓာတ်ပုံကို album ထဲသိမ်းလိုက်ပြီး ကျေနပ်စွာနဲ့ ဖုန်းကိုလှုပ်ယမ်းရင်း ထွက်သွားလိုက်သည်။ “ဒါမှမဟုတ် အန်တီကျွမ်းနဲ့ သားဘာသာဘဲ တိုက်ရိုက် ချိန်းလိုက်သင့်လား?”
ပြီးသွားပြီ! ဒီကောင်ဆိုးလေးက ကျွမ်းရှန်းရဲ့ WeChat အကောင့်ကို ယူပြီး ထွက်သွားပြီ! အခုတော့ မာမားရန်က ပိုလို့တောင် စိတ်တိုသွားသည်။ သူမက သူ့သားနောက်ကို လိုက်ပြီး ခုန်ကာ ခေါင်းကို ရိုက်ထည့်လိုက်သည်။
“ ရွှေခြင်္သေ့လည်ဆံမွှေးပုံနဲ့ ရှောင်ကျွမ်းက မင်းကို သဘောကျမယ်တဲ့လား? အိမ်မက် မက်နေလိုက်!”
“ဆံပင်အတုတပ်သွားလို့ရတယ်လေ” ရန်ရန်က ရန်ရန်က ပြုံးပြုံးရွှင်ရွှင်နဲ့ ခေါင်းကို ညင်သာစွာ ခါယမ်းကာ လိမ္မာပါးနပ် သဘောကျစွာနဲ့ လှည့်လိုက်သည်။
မာမားရန်ရဲ့ ဦးရေပြားမှာ ထုံနေပြီး ထိန်းမနိုင်သိမ်းမရ ပြင်းထန်တဲ့ ခံစားချက်မျိုး ခံစားလိုက်ရသည်။
.........
ရန်ရန်က ခဲတံကို ကိုက်ပြီး စာရွက်ပေါ်မှာ စိတ်ကူးမြေပုံတစ်ခု ရေးဆွဲလိုက်သည်။ ထိပ်မှာတော့ - သိထားသောအချက်များ၊ နှစ်ဆယ့်ခုနစ်နှစ်ရှိပြီဖြစ်တဲ့ Dr.ရန်ပါ့ကို သူ့အမေက ဘာလို့ဘလိုင်းဒိတ်တွေ့ဖို့ စီစဉ်နေလဲဆိုတာ ရှာမယ်
အကြောင်းအရင်း ခွဲခြမ်းစိပ်ဖြာခြင်း
၁ - Xရဲ့ ခန္ဓာကိုယ်အစိတ်အပိုင်း တစ်ခုခုက အလုပ် မလုပ်တာ (ငါလုပ်နိုင်တယ်၊ ဟားဟားဟားဟား)
၂ - အလုပ်သရဲက ပေါင်းသင်းဆက်ဆံရေး မရှိတာ (လိမ္မာရေးခြားရှိပြီး၊ နားလည်မှုနဲ့ သူ့အလုပ်ကို ပံ့ပိုးပေးသင့်တယ်)
၃ - ပေါင်းသင်းဆက်ဆံရေးမှာ မတည်မငြိမ်ဖြစ်တတ်တယ် (အသံက နည်းနည်းရင်းနှီးတယ်… အသိဉာဏ်ရှိပြီး စာနတတ်ဖို့လိုတယ်၊ အတိုချုပ် ပြောရရင် လမ်းမခွဲခင် သူနဲ့အိပ်ပါ)
4 - ဒါက လူကြီးတွေရဲ့ စိုးရိမ်မှုသက်သက်ဘဲ (ကျေးဇူးပြုပြီး လူကြီးတွေရှေ့မှာ လိမ္မာရေးခြားရှိရမယ်)
…
အတိုချုပ်ရရင် ရန်ရန်က တစ်ဖက်မှာ နိဂုံးချုပ်လိုက်သည် - အောင်မြင်နိုင်ချေ အမြင့်ဆုံးနဲ့ အထိရောက်ဆုံးနည်းဗျူဟာ (လှရမယ်၊ အာရုံစိုက်ရမယ်၊ လှပရမယ် ကြည့်ကောင်းဖို့မဟုတ်ဘူး)
ရန်ရန် တကယ်ငါးဖမ်းချင်ရင် သူက မပြင်မဆင်ဘဲ ဘယ်တော့မှ တိုက်ပွဲမဝင်ပါချေ။ သူက ယဉ်ကျေးတဲ့အတွက် သေချာပေါက် သူ့အမေရဲ့ အတန်းဖော်ဟောင်းကို တကယ်ဆက်သွယ်မှာ မဟုတ်ဘူး။
ဒါက အရမ်းစိတ်အားထက်သန်တဲ့ပုံ ပေါ်စေတယ်။ သူကလိမ္မာယဉ်ကျေးတဲ့ လူအနေနဲ့ ဘလိုင်းဒိတ်သွားဖို့ သေချာပေါက် ရှက်နေသင့်တယ်။
ဖိအားတွေက မာမားရန်ပေါ်မှာ လုံးဝကျရောက်နေသည်။ ထို့ကြောင့် သူမက ကျွမ်းရှန်းကို ရန်ရန်နဲ့ တွေ့ဆုံရန် ပြောလိုက်ပြီး မိဘတွေကိုပါ မပါဝင်လိုပါက တစ်ယောက်ထဲ သွားနိုင်ကြောင်း ပြောလိုက်သည်။
အတန်းဖော်ဟောင်း ကျွမ်းရှန်းက နောင်မှာ အတန်းဂရုချက်ထဲတွင် သူမအားအပြစ်တင်ပြီး ရန်ရန်ရဲ့နှောင့်ယှက်မှုများအား တိုင်ကြားလာမည်ကို မာမားရန်က စိုးရိမ်နေသည်။
အဲ့ဒါကြောင့် သူမမှာ ရွေးချယ်စရာမရှိတော့ဘဲ သဘောတူလိုက်ရသည်။ နှစ်ယောက်သားက ဒီမြင်းရိုင်းပေါ်မှာ ကုန်နှီးတင်ဖို့ ကြိုးစားနေတာကိုဘဲ စောင့်ကြည့်နေရမှာလား?
ဒါပေမယ့် အံ့ဩစရာက ရန်ရန်မှာ သူတို့ စိတ်ကူးထားတဲ့အတိုင်း မရိုင်းစိုင်းခဲ့ပေ။ သူတို့အရှေ့က အနက်ရောင် သစ်အယ်သီးဆံပင်နဲ့ အောက်ကအဖြူရောင်ရှပ်ကိုမှ အဝါရောင်ဆွယ်တာနဲ့ သူတို့သားကို ကြည့်ပြီး ပါပါးရန်နဲ့ မာမားရန်တို့ရဲ့ အမူအရာမှာ မယုံနိုင်စရာဖြစ်သွားသည်။ ရန်ရန်က တစ်ဖက်က ရိုးသားကာ၊ တစ်ဖက်က ချိုမြိန်ပြီး တစ်ဖက်က ရှက်ရွံ့သလို ပြုံးပြလိုက်သည်။
သူ့ကို သရုပ်ဆောင်ကျောင်း မပို့ခဲ့ရတာ သူမတို့နိုင်ငံရဲ့ ရုပ်ရှင်နဲ့ ရုပ်မြင်သံကြားလောကမှာ အကောင်းဆုံး သရုပ်ဆောင်တစ်ယောက် ဆုံးရှုံးသွားတာပဲ။
မာမားရန်က နဖူးကိုရိုက်လိုက်ပြီး နောက်မှ သူမသားရဲ့ အထောက်အထား အစစ်အမှန်ကို သူမရဲ့အတန်းဖော်ဟောင်းအရှေ့မှာ ဖော်ထုတ်လိုက်သင့်လားဆိုတာ တွေးလိုက်သည်။
ပါပါးရန်ကတော့ သေမျိုးတစ်ယောက်အနေနဲ့ သူ့သားရဲ့ ညတွင်းချင်း ပြောင်းလဲသွားတဲ့ ဝိဉာာဉ်ကို မထိန်းချုပ်နိုင်လို့ တရားစာများအား တတွတ်တွတ် ရွတ်နေသည်။
ရန်မိသားစုဝင် သုံးယောက်က အရင်ရောက်လာသည်။ သူတို့သီးသန့်အခန်းထဲ ဝင်တဲ့အချိန် မာမားကျွမ်းရှန်းနဲ့ သူ့သားလည်း မြေအောက်ကားပါကင်မှာ ရောက်လာသည်။ နှစ်ယောက်သားက တိတ်တဆိတ်ဘဲ အပေါ်ထပ်ကို တက်သွားကြသည်။
ကျွမ်းရှန်းက မာနကြီးပြီး အေးစက်ပုံပေါ်ကာ ကျွမ်းရိယွင်ကလည်း သူ့မိဘလိုဘဲ တည်ငြိမ်ပြီးလူတွေကို အကွာအဝေးတစ်ခု ခြားထားသည်။ ဒါက သီးသန်းအခန်း 803 အရှေ့မှာ ရပ်လိုက်တဲ့အထိဘဲဖြစ်ပြီး တံခါးတွန်းဝင်လိုက်တော့ ကျွမ်းရှန်းက လွန်ခဲ့တဲ့ရက်တွေတုန်းက သူမရဲ့ အခန်းဖော်ဟောင်းနဲ့ တွေ့ခဲ့တုန်းကပြသခဲ့တဲ့ ဖော်ရွေတဲ့ပုံစံကိုပြောင်းသွားသည်။
“လမ်းမှာ ကားပိတ်နေတော့ ရိယွင်က ကွေ့ပတ်မောင်းလာပြီး ငါ့ကို လာကြိုတာ နောက်ကျသွားတာ၊ တောင်းပန်တယ်နော်”
“နောက်မကျပါဘူး၊ နောက်မကျပါဘူး ငါတို့က စောစောရောက်နေတာ” ပြုံးနေတဲ့လူကို ဘယ်လိုလုပ် မျက်ကွယ်ပြုလို့ရမှာလဲ။ ဒီဘလိုင်းဒိတ်ကို မာမားရန်က ဘယ်လောက်ဘဲ ယုံကြည်စိတ်ချအကောင်းမြင်နေပါစေ သူတို့က ကြင်နာတတ်ပြီး သည်းခံတတ်တဲ့လူတွေလို့ မှတ်ယူထားတဲ့အတွက် ဒေါသထွက်ဖို့ခက်တယ်လေ။
ကျွမ်းရှန်းက စိတ်အားထက်ထက်သန်သန်နဲ့ မာမားရန်ရဲ့လက်ကို လာကိုင်သည်။ သူမက လဖဝါးကိုကိုင်ထားပေမယ့် အကြည့်တွေက ရန်ရန်ဆီရောက်တဲ့အခါမှာ အံ့အားသင့်သွားငည်။
“ဒါက ရန်ရန်လား?” သူမက မေးလိုက်သည်။
“မင်္ဂလာပါ အန်တီကျွမ်း” ရန်ရန်က ထရပ်လိုက်ကာ အရမ်းယဉ်ယဉ်ကျေးကျေး၊ သဘောထားကြီးစွာနဲ့ ကျွမ်းရှန်းအတွက် ထိုင်ခုံ ဆွဲယူလိုက်သည်။
သူက ကျွမ်းရိယွင်လောက် အရပ်မမြင့်ပေမယ့် ၁.၈မီတာလောက်ရှိပြီး၊ ရှည်လျားပြီး ဖြောင့်ဆင်းကာ လှပပြီး သိမ်မွေ့တဲ့ပုံစံနဲ့ ပြုံးလိုက်တဲ့အခါ နည်းနည်းချစ်စရာကောင်းတဲ့ ပါးချိုင့်လေးတစ်ဖက်ရှိသည်။
ဂရုချက်ထဲမှာ ချမ့်ရူချမ်း ပြောခဲ့တာတွေက ဂုဏ်ယူတာလား ဒါမှမဟုတ် နှိမ့်ချထားတာလား။ အတန်းဖော်ဂရုထဲက စာတွေကို သူမ တွေ့သည်။ တချို့ အတန်းဖော်တွေက ချမ့်ရူချမ်းရဲ့သားရဲ့ ကြည့်ကောင်းတာကို ချီးကျူးကြပေမယ့် ချမ့်ရူချမ်းကတော့ သူ့သားက သူမစကားနားမထောင်ကြောင်း မကျေမနပ် ညည်းညူခဲ့သည်။
“ကျေးဇူးပါကွယ်” ကျွမ်းရှန်းက နေရာမှာထိုင်ဖို့ အလျင်မလိုနေဘဲ သူမသားကို မိတ်ဆက်ပေးလိုက်သည်။
“ဒါကရိယွင်။ သူက သိပ္ပံနည်းကျသုတေသနလုပ်တယ်၊ ပိုက်ဆံလည်းရှာနိုင်ပြီး ဗဟုသုတလည်းရှိပေမယ့် စိတ်ဝင်စားဖို့တော့ မကောင်းဘူး။ ရန်ရန် နောက်နောင်သူ့ကို ပိုပြီး သင်ပြပေးပါဦး”
ရန်ရန် ဒါကိုကြားတော့ နောက်ဆုံးမှာ ကျွမ်းရိယွင်ကို ပွင့်ပွင့်လင်းလင်း ကြည့်ချင်သွားသည်။ သူ့ရဲ့ သရုပ်ဆောင်မှုကို ချို့ယွင်းချက်မရှိစေဖို့ ကျွမ်းရိယွင်ကို သူ မကြည့်ခဲ့တာဘုရားပဲသိလိမ့်မယ်။ သူ့အရှေ့မှာ ကြည့်ကောင်းတဲ့လူရှိနေတာကို သိပေမယ့် သူ့ကိုမကြည့်နိုင်တာက သေအောင်မွန်းကြပ်စေသည်။
တစ်နိုင်ငံလုံးဆိုင်ရာ တီဗီအင်တာဗျုးအစီအစဉ်သည် အရမ်းကို အကြမ်းစားဖြစ်ပြီး လူတွေကို ကြည့်ရတာ ရုပ်ဆိုးစေသည်။ ရန်ရန်နဲ့ မျက်နှာချင်းဆိုင် တွေ့လိုက်ရမှဘဲ ကျွမ်းရိယွင်ရဲ့မျက်နှာက ဘယ်လောက်တောင် သေစေလောက်လဲဆိုတာ သူ သဘောပေါက်သွားသည်။