အခန်း ၅၆ အလည်အပတ်ရောက်လာခြင်း
ပျင်းတယ်!
သေလောက်အောင် ပျင်းစရာကောင်းတယ်!
ကျွော့ချင်းက
သူမကိုယ်သူမ အမှန်တကယ်ကို တန်ဖိုးမရှိသည့်
ငပျင်းတစ်ယောက်ကဲ့သို့ ခံစားနေရသည်။
အရင်က သူမ အလုပ်စဝင်တုန်းက
သုံးရက်တာ အပန်းဖြေခရီးသွားရဖို့ အလုပ်ပတ်ရက်ကို စောင့်ဆိုင်းရတာက ကောင်းကင်ဘုံကို
သွားရသလို ခက်ခဲလွန်းခဲ့တယ်။ သူမလက်ထဲမှာ အဆုံးမရှိတဲ့ အလုပ်ကိစ္စရပ်တွေ အမြဲရှိနေခဲ့တယ်။
တစ်ခါတလေ အားလုံးကို ပစ်ထားပြီး အိမ်မှာ သုံးရက်လောက် အိပ်နေချင်ခဲ့ဖူးသေးတယ်။
အခုတော့ ကောင်းရော... သူမ အိပ်ချင်ရင်တောင်
သေတဲ့ အထိအိပ်နေနိုင်ပေမယ့် သူမရဲ့ခန္ဓာကိုယ်ကြီးက ပိုးကောင်သန်းပေါင်းများစွာ
အကိုက်ခံရသလို မသက်မသာ ခံစားနေရပြီ။
ခုနစ်ရက် . . . . . ခုနစ်ရက်ရှိပြီ...
သူမ
နန်းတော်ကနေ ပြန်ရောက်တဲ့နေ့ကနေ အခုအချိန်အထိဆိုရင် ခုနစ်ရက်ရှိသွားပြီ။
အဲ့ရက်တွေအတွင်း
ဘာတစ်ခုမှ ထူးထူးခြားခြား မဖြစ်ခဲ့ဘူး၊ အတိအကျပြောရရင် ဖြစ်နေရင်တောင် သူမ မသိနိုင်ဘူး။
ယန်းဟုန်ထျန်းက
သူမကို ဒုက္ခမပေးခဲ့သလို လို့ရှီးယန်ကလည်း နေ့တိုင်း မနက်စောစောထွက်သွားပြီး
နောက်ကျမှ ပြန်လာလေ့ရှိသည်။ သူမအတွက်လည်း အပြင်ထွက်သည်ကလွဲလျှင် ဝန်ကြီးချုပ်အိမ်တော်အတွင်း၌
သူမ လုပ်ချင်သည့် မည်သည့်အရာကိုမဆို လုပ်နိုင်သည်။
ဒါပေမယ့်
သူမ ဘာလုပ်နိုင်မှာလဲ???
ဤနေရာတွင်
အလောင်းစစ်ဆေးခြင်းဆိုင်ရာ စာအုပ်များ မရှိသလို ကျွော့ချင်းကလည်း ကဗျာ သို့မဟုတ်
သမိုင်းဆိုင်ရာ အတ္ထုပ္ပတ္တိများကို စိတ်မဝင်စားသောကြောင့် သူမ၏နေ့စဉ်
အချိန်ဖြုန်းသောနည်းလမ်းမှာ သူမရှေ့မှ ရေကန်ကျယ်ကြီးကို ငေးမောကြည့်နေခြင်းပင် ဖြစ်နေတော့သည်။
"ဟေး၊ နင်က အိမ်ထဲမှာနေပြီး ဒီလိုပဲ စိတ်ကူးယဥ်နေလေ့ရှိတာလား?"
ကြည်လင်ပြီး
ကျယ်ပြန့်သောရေပြင်က လူအများကို ခံစားချက်ကောင်းကောင်းလေးများ ပေးနိုင်သော်လည်း
သူမ၏လောကသဘာဝအပေါ် ခံစားနိုင်မှုကတော့ သာမာန်သာဖြစ်သည်။
ဘယ်လောက်ပဲ
ရှုခင်းတွေလှနေပါစေ အဲဒါကို အချိန်အကြာကြီး ကြည့်ပြီးရင် ငြီးငွေ့လာလိမ့်မယ်။
ကျွော့ချင်းက သူမ၏ပါးကို ကိုင်ထားရင်း အချိန်အကြာကြီး တွေဝေနေကာ
နောက်ဆုံးတွင် လို့ရှီးဝူကြောင့် သူမ၏ အာရုံခံစားမှုများ ပြန်ရောက်ရှိလာပြီး
"နင်ကြောင့် အတွေးပျက်သွားပြီ!"
ငါက
စိတ်ကူးယဥ်နေတာ မဟုတ်ပါဘူးနော်... ငါက စဉ်းစားနေတာ... ဟုတ်ပြီလား???
ကျွော့ချင်းက ခပ်ဖျော့ဖျော့
ပြုံးလိုက်သည်။ သူမနှင့် စကားပြောရန် လူမရှိသောကြောင့် သူမက လို့ရှီးဝူကို ဒေါသထွက်အောင် မလုပ်ချင်ခဲ့ပေ။ ထို့ကြောင့်
သူမက လို့ရှီးဝူကို နှိမ့်ချစွာ လှမ်းမေးလိုက်သည်။
"ဒါဆို
ပုံမှန်ဆိုရင် နင်ဘာတွေ လုပ်လေ့ရှိလဲ?"
ငါ တကယ် သိချင်နေတယ်လို့....
လို့ရှီးဝူက
သူမမေးစေ့ကို ဆက်ကိုင်ထားရင်း ပျင်းရိစွာဖြင့် "လက်ရေးလှ လေ့ကျင့်တယ်၊ ဗျပ်စောင်း
အတီးလေ့ကျင့်တယ်၊ စစ်တုရင် ကစားတယ်၊ ပန်းချီဆွဲတယ်၊ နောက်ထပ်လုပ်စရာတွေ
အများကြီးရှိသေးတယ်"
အိုး အိုး~
ကျွော့ချင်းက
"ငါ အဲ့တာတွေကို မမြင်နိုင်ပေမယ့် နင်က အရည်အချင်းရှိတဲ့ မိန်းကလေးလို့တော့
ပြောနိုင်သေးတယ်"
သူမ မချီးမွှမ်းဘဲ မနေနိုင်လောက်အောင်ပါပဲ၊ နောက်ဆုံးတော့
ချမ်းသာတဲ့အိမ်က သခင်မလေးတစ်ယောက်ဖြစ်ဖို့ကလည်း မလွယ်ကူလှပါဘူးလေ။
သူမက
ကြင်နာစွာဖြင့် ချီးမွမ်းစကား ပြောပေးခဲ့သော်လည်း လို့ရှီးဝူက "လျောက်ပြော
မနေပါနဲ့၊ ငါက နင့်လောက် မကျွမ်းကျင်ဘူးဆိုတာ ငါ သိပါတယ်၊ နင်က စစ်တုရင် ကစားတာတွေ
ဗျပ်စောင်းတီးတာတွေ လက်ရေးလှရေးတာတွေ ပန်းချီဆွဲတာတွေ အကုန်လုံးမှာ ကျွမ်းကျင်နေပေမယ့်
ဒီလိုမျိုး တခြားသူတွေကို လှောင်ပြောင်နေစရာ မလိုပါဘူး!"
ကျွော့ချင်းက
အံ့အားသင့်သွားပြီး မချိပြုံး ပြုံးလိုက်မိသည်။
ဘာလို့လဲဆိုတော့
သူမက အဲ့တာတွေကို တစ်ခုမှ မသိဘူးလေ။
ကျွော့ချင်းက
ပခုံးတွန့်ကာ "ငါ မှတ်ဥာဏ်တွေက ပျောက်သွားပြီ။ အဲ့တာကြောင့် ငါ ဘာမှ
မမှတ်မိတော့ဘူး၊ နင် ပြောခဲ့တဲ့ အရည်အချင်းတွေ အားလုံးကို ငါ မေ့သွားပြီ၊ အဲ့တာကြောင့်
ငါက နင့်နောက်မှာ ရှိနေပြီဆိုမှတော့ ငါက နင့်ကို ဘယ်လို လှောင်ပြောင်နိုင်မှာလဲ!?"
"ငါ..." ကျွော့ချင်းက သူမကိုယ်သူမ အေးအေးဆေးဆေး လှောင်ပြောင်နေသည်ကို မြင်လိုက်ရသောကြောင့်
လို့ရှီးဝူက ရှက်ရွံ့သလို ခံစားလိုက်ရသည်။
"ငါက အဲဒီလို
ဆိုလိုတာ မဟုတ်ပါဘူး"
လို့ရှီးဝူက
ထိုအရည်အချင်းများကို သင်ယူလေ့ကျင့်ရန် မည်မျှ ခက်ခက်ခဲခဲ ကြိုးစားရသည်ကို နားလည်ပေးနိုင်သည်။
ချင်းဖုန့်အနေဖြင့် ထိုအရာများကို မေ့သွားခြင်းကပင် အလွန်သနားစရာကောင်းနေပြီ ဖြစ်ကာ ယခု
သူမကိုယ်တိုင် ထုတ်ဖော်ပြောနေသောကြောင့် တစ်စုံတစ်ယောက်၏နာကျင်မှုကို သူမက ထပ်ပြီး
မတူးဖော်ချင်တော့ပေ။
ရိုးရိုးသားသားပြောရလျှင်
ကျွော့ချင်းက လို့ရှီးဝူ၏ မာနကြီးသောမျက်ဝန်းများကို နှစ်သက်သည်။ ကျွော့ချင်းက
အကြောင်းအရာကို လျင်မြန်စွာ ပြောင်းလိုက်ပြီး "ရပါတယ်
တခြားအကြောင်းပြောကြရအောင်"
လို့ရှီးဝူက
သူမကို ကြည့်လိုက်ပြီး "နင်က ဘာတွေပြောချင်တာလဲ?"
"နင်က ဧကရာဇ်နဲ့ အရမ်းရင်းနှီးတယ်လို့ ငါ ကြားတယ်"
ဘာပဲဖြစ်ဖြစ် သူမက အရမ်းပျင်းနေမှတော့ ဒီအကြောင်းအရာကို
မေးမြန်းစုံစမ်းဖို့ အခွင့်အရေးယူလိုက်သင့်တယ်။
လို့ရှီးဝူက
ရှက်ရွံ့စွာ ပြုံးနေရင်း "ငါ အစ်ကိုတော်ဧကရာဇ်ကို ကောင်းကောင်း မသိပါဘူး၊ ငါ
ငယ်ငယ်က ပျင်းနေရင် ငါနဲ့ အစ်ကိုနဲ့က အဒေါ်နဲ့အတူ နန်းတော်ကို လိုက်သွားကြတယ်၊
အဲ့တာကြောင့် အစ်ကိုတော်ဧကရာဇ်ကို မကြာခဏ တွေ့ဖူးတယ်"
"နောက်ဆုံးအကြိမ် နန်းတော်ထဲကို လိုက်သွားတုန်းက သူက အရမ်းရက်စက်တယ်လို့ ထင်ခဲ့မိတယ်"
ကျွော့ချင်းက
သွေးတိုးစမ်းသည့် အနေဖြင့် ညည်းညူပြလိုက်သည်။
လို့ရှီးဝူက အထပ်ထပ်အခါခါ
ခေါင်းညိတ်ရင်း စိုးရိမ်သောကရောက်နေသော အမူအရာဖြင့် ပြန်ပြောလာသည်။ "ငါလည်း သူ့ရဲ့ဒေါသက
အရမ်း ဆိုးဝါးတယ်လို့ ခံစားရတယ်၊ သူ ဒေါသထွက်တဲ့အခါ လူတွေကို သေတဲ့အထိ ကြောက်လန့်စေပေမယ့်
သူက ငါ့အစ်ကိုကိုတော့ ဒေါသထွက်ခဲတယ်"
"ဘာလို့လဲ၊ နင့်အစ်ကိုနဲ့ သူက ဝမ်းကွဲတွေ ဖြစ်နေလို့လား?"
ယန်းဟုန်ထျန်းက
လို့ရှီးယန်အပေါ် အထူးသည်းခံနေပုံရသည်ကို သူမလည်း ခံစားမိခဲ့သည်။
လို့ရှီးဝူက နှုတ်ခမ်းစူရင်း
ဂုဏ်ယူစွာဖြင့် "မဟုတ်ဘူး၊ သူက တခြားညီအကိုတွေ အပေါ်မှာလည်း အရမ်းရက်စက်တယ်။ တကယ်က
ငါ့အစ်ကိုက ထက်မြက်ပြီး အရည်အချင်းရှိလို့"
ငါမှာ
ပြောစရာ စကားမရှိတော့ဘူးဟေ့....
သူမ မျှော်လင့်တာက
သူမအတွင်း ဇာတ်လမ်းတစ်ချို့ကို သိနိုင်မယ်လို့ ထင်ခဲ့မိတာပါ။ သူမက ဒီကောင်မလေးကို မေးလိုက်မိတော့
လို့ရှီးဝူက လို့ရှီးယန်ကိုပဲ ချီးမွမ်းတက်ပုံရတယ်။
ထိုအကြောင်းကို
တွေးလိုက်မိချိန်တွင် ကျွော့ချင်းက လူတစ်ယောက်ကို စဉ်းစားမိသွားပြီး ထိုလူ့အကြောင်းကို
အတင်းအဖျင်းပြောရန် ကြိုးစားလိုက်သည်။
"နင်
စစ်သူကြီးစုလင်းကို သိလား"
"သူ?" လို့ရှီးဝူက သူမမျက်နှာကို ရွံရှာသလို
ကြည့်ကာ မျက်မှောင်ကြုတ်လိုက်ပြီး "မသိဘူး၊ သူက အေးစက်တယ်၊ မာနကြီးတယ်၊
ကိုယ်ကျိုးရှာတက်တဲ့လူလို့တော့ ငါ ကြားဖူးတယ်"
“ဘာလို့
အဲ့လိုပြောကြတာလဲ?”
သူမလည်း
သူ့ကို တွေ့ဖူးပြီး သူက အေးစက်ပြီး မာနကြီးတဲ့ပုံပေါ်တာကတော့ မှန်တယ်။ ဒါပေမယ့် ကိုယ်ကျိုးရှာတက်ပုံတော့
မပေါ်ဘူးလေ။
လို့ရှီးဝူက
လျှို့ဝှက်ဆန်းကြယ်သော အသွင်အပြင်နှင့်အတူ အသံတိုးတိုးလေးဖြင့်
"သူ့မျက်လုံးထဲမှာ အမျိုးသမီးတွေက ဒုက္ခနဲ့ အဆင်မပြေမှုကို ကိုယ်စားပြုတယ်၊
ပိုလို့တောင် လွဲမှားနေတာက သူ့မိသားစုမှာ မိန်းမ မရှိဘူးတဲ့"
"ဘာလဲ? မဖြစ်နိုင်ပါဘူး!"
ဒီလို စစ်ဗိုလ်ချုပ်ကြီးရဲ့
အိမ်တော်မှာ မိန်းမတွေ မရှိဘူးလား?
ကျွော့ချင်းက
"အစေခံတွေတော့ မဖြစ်မနေ ရှိမှာပေါ့၊ ပြီးတော့ သူ့မှာ အမေ၊ ညီမ၊ ဇနီး၊
ကိုယ်လုပ်တော် အဲ့လိုမျိုးတွေ မရှိဘူးလား?"
လို့ရှီးဝူက
"မရှိဘူး!"
ဟုတ်ပါတယ်၊
အတင်းအဖျင်းပြောတာက ဘယ်ခေတ်မှာပဲဖြစ်ဖြစ် ရင်းနှီးဖို့ အလွယ်ကူဆုံး လူမှုဆက်ဆံရေးပါပဲ။
ယခုန ကျွော့ချင်းကို
ငြူဆူနေသည့် လို့ရှီးဝူက ပြေပြေလည်လည်ပုံစံဖြင့် ဆက်ပြောပြလာခဲ့သည်။
"သူ့အဖေက စစ်ပွဲမှာ စောစောသေသွားပြီး
သူ့အမေကလည်း ဖျားနာပြီး သေဆုံးသွားတယ်။ သူ့တို့မှာ သူတို့ညီအစ်ကို သုံးယောက်ပဲ
ကျန်တော့တယ်၊ ဘယ်သူမှ အိမ်ထောင်မရှိဘူး၊ သူတို့မိသားစုမှာ အစေခံတွေ မရှိဘူး၊ မော့မော့တွေတောင်
မရှိဘူး၊ ယောက်ျားတွေပဲရှိတယ်၊ သူက ဒီနှစ် အသက်သုံးဆယ်နီးပါးရှိပြီဆိုတော့ အစ်ကိုတော်ဧကရာဇ်က
နင့်ညီမကို ပေးလိုက်တာ ဖြစ်မယ်!"
"ဘယ်လိုမှ မဖြစ်ဘူး..."
ကျွော့ချင်း၏ခေါင်းတစ်ခုလုံးတွင်
အနက်ရောင်လိုင်းများ တဖျပ်ဖျပ်ခပ်နေတော့သည်။
အဲ့ဒီလို လူရှိတယ်လား???! တကယ်ကို နည်းနည်းတော့
လွဲနေပြီ... အဲ့ဒါဆိုရင် ချင်းမော့က အဲ့ယောက်ျားတွေ ကြားထဲမှာ ဘယ်လို
နေထိုင်နေရမလဲ????
ကျွော့ချင်းက
ထိုလူနှစ်ဦးအကြောင်း အဆက်မပြတ် မေးမြန်းပြီးချိန်တွင် လို့ရှီးဝူက သူမထံသို့ ပြတ်သားသောအကြည့်ဖြင့်
တုံ့ပြန်လာကာ "အဆုံးမှာတော့ နင်က အရမ်းကံကောင်းတယ်လို့ မခံစားရဘူးလား? နင်တို့မိသားစုမှာ
နင် ကံအကောင်းဆုံးပဲ၊ နင်က ငါ့အစ်ကိုနောက်ကို လိုက်ခွင့်ရခဲ့တာ"
လာပြန်ပြီ.... ဒီလို မျက်ကန်းကိုးကွယ်မှုက
ကောင်းမွန်တဲ့ အရာ မဟုတ်ပေမယ့် ဒီတစ်ကြိမ်မှာတော့ သူမ လို့ရှီးဝူရဲ့အမြင်ကို
မငြင်းချင်ဘူး။ နှိုင်းယှဉ်ကြည့်ရင် အဲ့ယောကျာ်းသုံးယောက်မှာ လို့ရှီးယန်က သာမန်အဆန်ဆုံးပဲ။
သူမတို့နှစ်ယောက်
စကားစမြည်ပြောနေကြချိန်တွင် အရပ်ရှည်ရှည် ပုံရိပ်တစ်ခုပေါ်လာပြီး သူမတို့ဆီသို့ ခပ်မှန်မှန်လျှောက်လှမ်းလာခဲ့သည်။
လို့ရှီးဝူက
ဒေါသတကြီးဖြင့် တဖက်သို့ လှည့်သွားခဲ့သည်။
နောက်ဆုံးတော့
သူက သူမဆီကို လာဖို့ ဆန္ဒရှိပြီပေါ့လေ...ဟွန့်...
ကျွော့ချင်းက
ပေါ့ပေါ့ပါးပါး ချောင်းဟန့်လိုက်ပြီး အပြုံးလေးဖြင့် "ငါ ရေငတ်နေတယ်၊
ရေသွားသောက်လိုက်ဦးမယ်"
ကျွော့ချင်းက
မတ်တပ်ထရပ်လိုက်သော်လည်း ကျင်းစက သူမဆီသို့ တည့်တည့်လျှောက်လာပြီး အေးစက်စွာဖြင့်
"ချင်းသခင်မလေး၊ အိမ်ရှေ့ခန်းမှာ ဧည့်သည်တစ်ယောက်ရှိနေပါတယ်"
"ငါ့ကို လာရှာနေတာလား?? ဘယ်သူလဲ"
ကျွော့ချင်းက
အနည်းငယ် အံအားသင့်သွားပေမယ့် သူမထက် ပိုဆိုးနေကာ ဒေါသမျက်လုံးများဖြင့်
ပူလောင်နေသည့် သူမဘေးနားရှိ အမျိုးသမီးလေးကို ကြည့်ရင်း ခက်ချင်း ရယ်မောလိုက်တော့သည်။
"တရားစီရင်ရေးဌာနက လူကြီးမင်းရှန်ယုလန်"
သူ????
သူက ဘာလို့
သူမကို လာရှာတာလဲ???
အလောင်းခွဲစိတ်ဖို့
အတွက်လား?
ဘာပဲဖြစ်ဖြစ်
သူမ ပျင်းရိနေတာကြောင့် သူမ သူနဲ့ သွားတွေ့လိုက်မယ်။
ကျွော့ချင်းက
ကျင်းစနောက်မှ လိုက်ပါသွားခဲ့သည်။
ခြေလှမ်းနှစ်လှမ်းလောက်
လှမ်းပြီးနောက် ကျွော့ချင်းက ရပ်လိုက်ပြီး "ကျွန်မ ဒီကနေ သွားလို့ရပါပြီ၊ ရှီးဝူက
ဗိုက်နာနေတယ်၊ သူ့(မ)ကို သွားကြည့်ပေးလိုက်ပါဦး"
ကျင်းစ၏
မျက်လုံးများက အရောင်လက်သွားပြီး လို့ရှီးဝူက မနေနိုင်တော့ဘဲ သူတို့ကို လှည့်ကြည့်ကာ "ဘာလို့ ငါက ဗိုက်နာနေတာလဲ?"
"နင် တစ်နေ့လုံး ရှာလကာရည်တွေ အများကြီး သောက်နေတာလေ၊ ဗိုက်နာတာနေတာ
အံ့သြစရာ မဟုတ်တော့ဘူး!"
ကျွော့ချင်းက အေးအေးဆေးဆေး ထွက်သွားပြီး သူမ၏ ရယ်မောသံများ ပျောက်ကွယ်သွားချိန်တွင် လို့ရှီးဝူတစ်ယောက်ထဲသာ ရှက်ရွံ့နေသော မျက်နှာဖြင့် ကျန်ရစ်နေခဲ့သည်။ သူမက သူမအင်္ကျီမှ ချည်သားအစကို ဆွဲလိမ်နေရုံသာ တက်နိုင်တော့သည်။
✍️✍️✍️