Chapter 55
Viewers 5k

အခန်း ၅၅  စိုးရိမ်မှု

  နောက်ဆုံးတွင် ရထားလုံးက နန်းတော်မှ ပြန်လည်ထွက်ခွာလာပြီး ဝန်ကြီးချုပ်အိမ်တော်ဆီသို့ တန်းတန်းမတ်မတ် ဦးတည်မောင်းသွားခဲ့သည်။ အရှိန်က အနည်းငယ် မြန်ဆန်ပြီး ကြမ်းတမ်းလွန်းနေသည်။

  ရထားလုံးထဲတွင် ကျွော့ချင်းက ရထားလုံးပေါ်သို့ တက်လာကတည်းက တခုခုကို တွေးတောနေသော လို့ရှီးယန်ကို ကြည့်ရင်း အနည်းငယ် အပြစ်ရှိသလို ခံစားနေရသည်။

သူမကြောင့်သာ မဟုတ်ရင် သူက ယန်းဟုန်ထျန်းကို စော်ကားနေစရာ မလိုအပ်ဘူးလေ။ ဘာပဲဖြစ်ဖြစ် အမှန်ပြောရရင် အဲ့တာက ဧကရာဇ်လေ...

  ကျွော့ချင်းက သက်ပြင်းချလိုက်ပြီး "ရှင် တခုခုမေးချင်ရင် မေးလို့ရတယ်"

  လို့ရှီးယန်က သတိပြန်ဝင်လာပြီး သူမကို ကြည့်ကာ ရယ်မောလိုက်သည်။

 "မင်းရဲ့ မှတ်ဥာဏ်တွေ ပျောက်ဆုံးသွားတာ‌တောင် ကိုယ့်ရဲ့မေးခွန်းတွေကို ဖြေနိုင်သေးတယ်ပေါ့"

  "ကျွန်မ...မသိတော့ဘူး" 

သူမ မရှင်းပြနိုင်တဲ့ အရာတွေ များလွန်းတယ်။

လို့ရှီးယန်က မေးခွန်းများ ထပ်မေးစရာ မလိုတော့ဘူးဆိုသည့်ပုံစံမျိုးဖြင့် သူ့ပုခုံးတွန့်ကို တွန့်ပြလိုက်ပြီး သူ့ခေါင်းကို ပြန်လှည့်သွားခဲ့သည်။ ကျွော့ချင်းက ခေါင်းငုံထားရင်း ထပ်မေးလိုက်ပြန်သည်။

"လို့ရှီးယန်၊ ကျွန်မ ရှင့်ကို မေးစရာရှိတယ်"

  လို့ရှီးယန်က သူမ မေးခွန်းမေးလာမည်ကို စောင့်ဆိုင်းနေပုံဖြင့် သူမကို ငြိမ်သက်စွာ စိုက်ကြည့်နေခဲ့သည်။

  "ချင်းဖုန့်က ထောင်ထဲမှာ ဘယ်လောက်ကြာကြာ နေရမှာလဲ? ယန်းဟုန်ထျန်းအပေါ် ရှင့်ရဲ့ နားလည်မှုအရ သူ ဘာလုပ်မှာလဲ?"

ချင်းဖုန့်၏အပြုံးက သူမကို စိတ်မသက်မသာဖြစ်နေစေသည်။

တစ်ခုခုဖြစ်လာခဲ့ရင် သူမလည်း စိတ်သက်သာရာရမှာ မဟုတ်ဘူး။

    "ချုံယွဲ့ကနေ ယောင်ယွဲ့ကို အသွားအပြန်လုပ်ဖို့က အနည်းဆုံး လဝက်လောက် အချိန်ယူရလိမ့်မယ်၊ အခြေအနေအရပ်ရပ်ကို စစ်ဆေးပြီး အပြစ်မရှိရင် လဝက်အတွင်း လွှတ်ပေးနိုင်တယ်၊ ဘယ်လို ပြစ်ဒဏ်ပေးမလဲတော့ မသိဘူး"

တကယ်တော့ ယန်းဟုန်ထျန်းက သူ့စိတ်အခြေအနေပေါ်မူတည်ပြီး ကိစ္စတွေကို ဆုံးဖြတ်လေ့ရှိတယ်၊ အဲဒီအချိန်ကျရင် သူ့ရဲ့စိတ်အခြေအနေက ဘယ်လိုဖြစ်နေမယ်ဆိုတာ သူလည်း မသိဘူးလေ။ ချင်းဖုန့်က သေသွားတာမျိုးဖြစ်နိုင်သလို အပြစ်ကနေလွတ်ပြီး နန်းတော်ထဲမှာ ဆက်နေရတာမျိုးလည်း ဖြစ်နိုင်တယ်။

  အနည်းဆုံး လဝက် . . . . . . လတစ်ဝက်လောက် ထောင်ထဲမှာနေရတာက အရမ်းကြောက်စရာကောင်းတယ်။

ကျွော့ချင်းက အကြာကြီး တုံ့ဆိုင်းနေပြီးမှ "ဒီတောင်းဆိုချက်က ရှင့်အတွက် နည်းနည်းခက်ခဲနိုင်မယ်ဆိုတာ ကျွန်မ သိပါတယ်၊ ဒါပေမယ့် ကျွန်မ ပြောချင်နေသေးတယ်"

  သူမ၏ ရှက်ရွံ့နေပြီး တောင်းပန်မှုများပါသော အကြည့်ကို မြင်လိုက်ရရုံဖြင့် လို့ရှီးယန်က သူမ ဘာပြောမယ်ဆိုတာကို သိထားပြီးသား ဖြစ်နေခဲ့သည်။ သူက အပြုံးမပျက်ဘဲ "သူ(မ) ထောင်ထဲမှာ ကောင်းကောင်းနေနိုင်အောင် ကိုယ် အကောင်းဆုံးကြိုးစားပေးပါ့မယ်" 

  လို့ရှီးယန်၏ စဥ်းစားပေးနိုင်မှုက ကျွော့ချင်းကို ကျေးဇူးတင်စေခဲ့သည်။ "ကျေးဇူးတင်ပါတယ်"

  လို့ရှီးယန်က ခေါင်းကို အနည်းငယ် ခါယမ်းလိုက်ပြီး "ကိုယ် အများကြီး မကူညီနိုင်ပါဘူး၊ နောက်ဆုံးတော့ သူ(မ)က နန်းတော်ထဲမှာ ရှိနေသေးတယ်"

       ကျွော့ချင်းက အသက်ပြင်းပြင်းရှူရင်း "ကျွန်မကို နန်းတော်ထဲကနေ ခေါ်ထုတ်လာတဲ့အတွက် ရှင့်ကို ကျေးဇူးတင်ပါတယ်"

ယန်းဟုန်ထျန်းလို လူတစ်ယောက်ကို ရင်ဆိုင်ဖို့ သတ္တိရှိတွေ အမျးကြီး လိုအပ်ပြီး သူမ နည်းနည်းတော့ ကြောက်မိတယ်လို့ ဝန်ခံချင်နေသေးတယ်။

 ပြန်ခါနီးမှာ လို့ရှီးယန်က သူမရဲ့လက်ကို  ဆုပ်ကိုင်လိုက်တဲ့အချိန်မှာ သူမ နှလုံးခုန်မြန်လာတာက ရုပ်ပိုင်းဆိုင်ရာ ထိတွေ့မှုကြောင့် ဖြစ်နိုင်သလို အန္တရာယ်မရှိတော့တာကို သိလိုက်ရတာကြောင့်လည်း ဖြစ်နိုင်တယ်၊ အဲ့တာမှ မဟုတ်ရင်တော့ သူမရဲ့နှလုံးက အကြောင်းမဲ့ လှုပ်ခတ်နေခြင်းပဲ။

  လို့ရှီးယန်က တွေဝေနေပုံရပြီး ကျွော့ချင်းက ပညာရှိစွာဖြင့် သူမ၏ပါးစပ်ကို ပိတ်ကာ ရထားလုံးပြတင်းပေါက်ကို မှီပြီး ခေါင်းကို ငုံ့ထားကာ မျက်လုံးမှိတ်ထားရင်း သူ့ကို စိတ်အနှောင့်အယှက်ပေးနေခြင်းအား ရပ်တန့်လိုက်သည်။

    လို့ရှီးယန်က သူမ၏မျက်လုံးထဲမှ အလင်းလှိုင်းလေးများ လှုပ်ခတ်နေသည်ကို မြင်လိုက်ရသော်လည်း ယခုန ယန်းဟုန်ထျန်း၏ စကားများကို ပြန်တွေးမိသောအခါ သူ တွေဝေမိသွားပြန်သည်။

          သူ တစ်ခုခုကို သဘောကျတယ်လို့  ပထမဆုံးအကြိမ် ပြောခဲ့ဖူးပေမယ့် အဲ့တာက နိဂုံးချုပ်သွားခဲ့တယ်။ ကွယ်လွန်သွားတဲ့ နှောင်းဧကရာဇ်က နှစ်ပေါင်းများစွာ ကလေးမမွေးနိုင်ခဲ့တဲ့ ပင်မနန်းဆောင်ရဲ့ဧကရီဖြစ်တဲ့ သူ့အဒေါ်ဖြစ်သူကို ယန်းဟုန်ထျန်းကို မွေးစားစေခဲ့တယ်။ သူက အဒေါ်ဖြစ်သူရှိရာ   နန်းတော်ကို မကြာခဏ သွားလေ့ရှိပြီး သူနဲ့ ယန်းဟုန်ထျန်းတို့က ဝမ်းကွဲတွေသာမက သူငယ်ချင်းအဖြစ်ပါ ရင်းနှီးလာခဲ့ကြတယ်။

  နောက်ပိုင်းတွင် သူက အရေးပါသော ဝန်ကြီးတွေရဲ့သားတွေ၊ မင်းသားတွေနဲ့အတူ ပညာသင်ကြားဖို့ နန်းတော်ထဲကို ဝင်ခွင့်ရခဲ့တယ်။ တစ်နှစ်မှာတော့ နှောင်းဧကရာဇ်က မွေးကင်းစကျားဖြူတစ်ကောင်ကို ဆုကြေးအဖြစ် ပေးခဲ့တယ်။ ဆရာက မေးခွန်းထုတ်ပြီး ကျောင်းသားတွေကို ယှဉ်ပြိုင်စေခဲ့တယ်။ အောင်နိုင်သူ မည်သူမဆို အဲ့ကျားဖြူလေးကို ရနိုင်လိမ့်မယ်။ မင်းသားတွေ အားလုံးက ကြိုးစားချင်စိတ်ပြင်းပြနေခဲ့ကြတယ်။ ဒါက နှောင်းဧကရာဇ်မင်းရဲ့ရှေ့မှောက်မှာ သူတို့ကိုယ်သူတို့ ပြသဖို့ အခွင့်အရေးကောင်းတစ်ခုဖြစ်ပြီး ဘယ်သူကမှ လက်မလွှတ်ချင်ခဲ့ကြဘူး။

  ဒါပေမယ့် သူကတော့ အဲ့အရာလေးကိုပဲ စိတ်ဝင်စားခဲ့တယ်၊ ကျားဖြူလေးက တစ်လတောင် မပြည့်သေးဘူး။ အဲ့အကောင်လေးက ရိုးသားပြီး ချစ်ဖို့ကောင်းနေတဲ့အပြင် သူရဲ့နှင်းဖြူရောင်အမွေးတွေက နူးညံ့ပြီး သက်တောင့်သက်သာရှိမယ့်ပုံရတာကြောင့် သူက ကျားဖြူလေးကို အရမ်းနှစ်သက်ခဲ့မိတယ်။ ယန်းဟုန်ထျန်းကလည်း သဘောကျနေတာကို သူ သတိထားမိသွားခဲ့တယ်။ အဲဒီအချိန်က ယန်းဟုန်ထျန်းက သူ့ပခုံးကို ကိုင်ထားရင်း “မင်း ဒီကျားဖြူလေးကို ကြိုက်လား”လို့တောင် မေးခဲ့သေးတယ်။

  သူကလည်း ပြင်းပြင်းထန်ထန် ခေါင်းညိတ်ပြလိုက်မိတယ်။

  အချိန်အတော်ကြာပြီးတဲ့နောက်မှာ ပြိုင်ပွဲစတင်ခဲ့တယ်။ ပထမအချီမှာ စစ်တုရင်စွမ်းရည်၊ ဒုတိယအကျော့မှာ ကဗျာရေးဖွဲ့ခြင်း၊ တတိယအချီမှာ လေးပစ်ပြိုင်ပွဲ။ မထင်မှတ်ထားဘဲ ပထမနှစ်ကျော့အပြီးမှာ သူတို့နှစ်ဦးပဲ နောက်ဆုံးအဆင့်ကို တက်လှမ်းနိုင်ခဲ့ကြတယ်။ .

  လေးပစ်ခြင်းက သူ ကျွမ်းကျင်တဲ့ နယ်ပယ် မဟုတ်ပေမယ့် ကံကောင်းထောက်မစွာနဲ့ သူက အမြဲတမ်း အေးဆေးပြီး တည်ငြိမ်နေတက်တာကြောင့် ပစ်မှတ်ကို ထိဖို့ မခက်ခဲဘူး။ သူ အနိုင်ရဖို့ စိတ်ပိုင်းဖြတ်ထားခဲ့ပေမယ့် သူက ကျန်းမာရေးမကောင်းတာကြောင့် သူ့အဖေက သူ့ကို ကျားဖြူလေးကို ပြုစုပျိုးထောင်ခွင့် မပေးတာလည်း ဖြစ်နိုင်သေးတယ်။ ယန်းဟုန်ထျန်းကလည်း ကျားငယ်လေးကို အရမ်းကြိုက်နေပုံရတယ်။ ကျားဖြူလေးကို ယန်းဟုန်ထျန်းရသွားရင်လည်း ကောင်းတာပဲ။ သူ နန်း​တော်ကို ရောက်ရင် ကြည့်လို့ရတယ်လေ။ ဒါက သူတွေးခဲ့မိတဲ့အရာတွေပါ။

       ရလဒ်အနေနဲ့ သူ ခဏလောက် တုံ့ဆိုင်းနေမိတာကြောင့် သူ့လက်ထဲက လေးနဲ့မြှားက သဘာဝအတိုင်း မတည်မငြိမ်ဖြစ်သွားခဲ့တယ်။ သူက အနီရောင်စက်ဝိုင်းရဲ့အနီးဆုံးနေရာကို ပစ်နိုင်ခဲ့ပေမယ့် အလယ်ဗဟိုမှတ်ကို တည့်တည့်ပစ်ခတ်နိုင်ခဲ့တဲ့ ယန်းဟုန်ထျန်းနဲ့  ယှဉ်ရင်တော့ ရလဒ်က သိသာနေပြီးသားပါ။

  အဲ့နောက်မှာ‌တော့ အဲ့နေရာမှာ ရှိနေတဲ့သူတွေ အားလုံးကို အံ့အားသင့်စေမယ့် မြင်ကွင်းတစ်ခု ဖြစ်လာခဲ့တယ်။ ယန်းဟုန်ထျန်းက ရုတ်တရက် နောက်ထပ် မြှားရှည်တစ်ချောင်းကို ဆွဲထုတ်လိုက်ပြီး မြေပြင်ပေါ်မှာ လျှောက်သွားနေတဲ့ည့် ကျားဖြူလေးကို ချိန်ရွယ်လိုက်တယ်။ အဲ့မြှားက အရမ်းမြန်ပြီး အရမ်းအားပြင်တယ်။ မြှားက ကျားဖြူလေးရဲ့လည်ပင်းကို ထိုးဖောက်သွားပြီး အဖြူရောင် အမွေးတွေမှာ သွေးတွေ စွန်းထင်းသွားခဲ့တယ်။ ယန်းဟုန်ထျန်းက သူ့လက်ထဲက လေးနဲ့မြှားကို ပစ်ချလိုက်ပြီး သူ့ကို ပြင်းပြင်းထန်ထန် စိုက်ကြည့်နေပြီးမှ ဘာမှ မပြောဘဲ ပြေးထွက်သွားခဲ့တယ်။

  အဲ့နှစ်တွင် ယန်းဟုန်ထျန်းက အသက် ဆယ်နှစ်၊ ဆယ့်တစ်နှစ်လောက်ပဲ ရှိသေးတယ်။

  အတိတ်က ဒီရေလို မှုန်ဝါးသွားခဲ့ပြီဆိုပေမယ့် အဲ့တုန်းက သူ ယန်းဟုန်ထျန်းကို နားမလည်နိုင်ခဲ့ပါဘူး။ တကယ်တော့ ယန်းဟုန်ထျန်း လိုချင်တာက အဆုံးအဖြတ် တိုက်ပွဲအပြီးမှာ အနိုင်ရဖို့ပါပဲ။ လို့ရှီးယန်က အဲ့တာကို မလိုချင်တော့ဘူးလို့ သူထင်သွားတဲ့အခါ အဆုံးသတ်က ကျားဖြူလေးရဲ့သေခြင်းတရားဖြစ်လာခဲ့တယ်။ (T/N: ပြိုင်ပြီး အနိုင်လိုချင်တာမျိုးထင်တယ်၊ သူများက အလျော့ပေးလို့ ရတာမျိုး မယူဘူးပေါ့)

  လို့ရှီးယန်က ခေါင်းကို ဖြည်းညှင်းစွာ ငုံ့လိုက်ကာ သူ့ဘေးနားမှ   အသက်ကို မှန်မှန်ရှူပြီး ငြိမ်သက်နေသော မိန်းခလေးကို ကြည့်လိုက်သည်။

ဒီတခါ သူမရဲ့ အဆုံးသတ်ကရော ဘာဖြစ်လာမှာလဲ???

သူ သူမကို နာကျင်စေခဲ့တာလား ဒါမှမဟုတ် ကူညီခဲ့တာလား???!

       လို့ရှီးယန်က ကျွော့ချင်း၏လက်ကို ညင်သာစွာ ဆုပ်ကိုင်လိုက်ပြီး သူ့စိတ်ထဲမှ ဆုံးဖြတ်ချက်ချလိုက်သည်။

ဒီတစ်ခါတော့ သူ သူမကို ဘယ်လိုမှ နာကျင်စေမှာ မဟုတ်ပါဘူး၊ ခုနက သူ့ကို ကြည့်တဲ့ သူမရဲ့ပုံစံလေးကို သူ သဘောကျတာကြောင့်ပါ။

  ကျွော့ချင်း၏ မျက်ခွံများက အနည်းငယ်လှုပ်သွားပြီး လို့ရှီးယန်အား သူမ၏လက်ကို ဆုပ်ကိုင်ခွင့် ပြုထားခဲ့သည်။

  ရထားလုံးက ဝန်ကြီးချုပ်အိမ်တော်ဆီသို့ အရှိန်အဟုန်ဖြင့် မောင်းနှင်နေဆဲဖြစ်သည်။

......။.....။.....

  ခရမ်းရောင်ပိတ်ကျဲစ ကန့်လာကာများကို ခန်းဆီး၏မျက်နှာပြင် အပြင်ဘက်တွင် ချိတ်ဆွဲထားပြီး ညလေညင်း ဖြည်းညှင်းစွာ တိုက်ခတ်နေသောကြောင့် လှိုင်းတွန့်လေးများ ဖြစ်ပေါ်လာသည်။ နံ့သာဆီမီးနံ့သင်းသင်းလေးက အခန်းအတွင်းမှ စိမ့်ထွက်လာနေပြီး မုယွီ(တရုတ်ကားတွေထဲမှာ ဆုတောင်းရင် ခေါက်တဲ့ အခေါင်းထွင်းသစ်သားတုံးလေး)ခေါက်သံက ညလယ်တွင် ပဲ့တင်ထပ်နေသည်။ ရှင်းရှင်းလင်းလင်း မမြင်နိုင်သော ခန်းဆီနောက်ဘက်တွင် အမျိုးသမီးတစ်ဦးက  ဘရိုကိတ်ထိုင်ဖုံပေါ်တွင် ဒူးထောက်နေကာ လက်တစ်ဖက်က မုယွီကို ခေါက်နေပြီး အခြားလက်တစ်ဖက်တွင် နံ့သာဖြူပုတီးစေ့များပါသော ပုတီးတစ်ကုံးကို ကိုင်ထားသည်။

  မော့မော့တစ်ယောက်က ကန့်လန့်ကာရှေ့တွင် ရပ်နေကာ ဝင်သင့် မဝင်သင့် ချီတုံချတုံ ဖြစ်နေသည်။ သူမက အချိန်အတော်ကြာအောင် တုံ့ဆိုင်းနေခဲ့ပေမယ့် အသံ မပေးဝံ့သေးပေ။ သူမ လှည့်ထွက်ခါနီးတွင် အမျိုးသမီးထံမှ စိတ်မရှည်သော အသံထွက်လာသည်။

 "ဘာကိစ္စရှိလို့လဲ"

 မော့မော့က ရှေ့ကို ခပ်မြန်မြန်လေး လှမ်းလာပြီး "ဒီနေ့ ဧကရာဇ်မင်းမြတ်နဲ့ ဝန်ကြီးချုပ်လို့က အငြင်းအခုံဖြစ်ခဲ့ပါတယ်"

  အမျိုးသမီးက သူမ၏မျက်လုံးများကို အနည်းငယ်မှိတ်ထားပြီး ဂရုမစိုက်သလိုပုံစံဖြင့်  ခပ်တိုးတိုး ပြန်မေးလိုက်သည်။

“ဘာကိစ္စလဲ?”

    "မိန်းခလေးတစ်ယောက် အတွက်ပါ"

  မုယွီကို ခေါက်နေသည့်လက်က လေထုအလယ်တွင် ရပ်တန့်သွားပြီး  အနည်းငယ် မှိတ်ထားသော အမျိုးသမီး၏မျက်လုံးများက ဖြည်းညှင်းစွာ ပွင့်လာကာ “ဘယ်သူက အရမ်းချစ်စရာကောင်းနေလို့လဲ?”

 စိတ်ဝင်တစားဖြင့် မေးလိုက်သော အသံတွင် အံ့သြမှုသာမက သိချင်စိတ်များပါ ပြည့်နှက်နေသည်။ ထို့အပြင် သူမ၏မျက်လုံးထဲတွင် ရွှင်လန်းမှုများလည်း ရှိနေခဲ့သည်။

  မော့မော့က တွန့်ဆုတ်မနေဝံ့ဘဲ သူမ သိခဲ့ရသည့်အရာများကို တစ်ခုပြီး တစ်ခု ပြန်ပြောပြနေသည်။ "အဲ့ဒါက ဟောင်ယွဲ့က ပို့လိုက်တဲ့ မိန်းခလေးပါပဲ၊ ဒီညမှာ ဝန်ကြီးချုပ်လို့က အဲဒီမိန်းခလေးကို နန်းတော်ဧည့်ခံပွဲကို ခေါ်လာခဲ့ပါတယ်။ သူ(မ)ကို လျှို့ဝှက်ပြီးခေါ်လာခဲ့တာကြောင့် ဧကရာဇ်က ဒေါသထွက်နေပြီး ညစာစားပြီးတဲ့အချိန်မှာ နန်းတော်ကို ခေါ်တွေ့ပါတယ်။ နောက်တော့ ဧကရာဇ်မင်းမြတ်က နောက်ထပ်ဒေါသထွက်ခဲ့ပါတယ်၊ အကြောင်းကတော့ လူမှားကို နန်းတော်ကို ပို့လိုက်တယ်လို့ ကြားသိရပါတယ်၊ အရင်က ချင်းလင်ကို နန်းတော်ကို ပို့လိုက်တယ်လို့ သိထားကြပေမယ့် အဆုံးမှာတော့ လူမှားပြီး ဝန်ကြီးချုပ်အိမ်တော်ကို ပို့လိုက်ပါတယ်။ အခု နန်းတော်ထဲမှာ ရှိနေတဲ့သူက သူ့ညီမပါ”

  ဒီလိုမျိုးတွေ ရှိနေတာလား??? ဧကရာဇ်က ချင်းလင်ကို စိတ်ကူးယဉ်ထားပြီးသားဖြစ်တာကြောင့် ဒေါသထွက်တာလား?? ဒါမှမဟုတ် အခြေအနေကို အခွင့်ကောင်းယူပြီး ဒေါသထွက်ချင်ယောင်ဆောင်ပြီး တစ်ခုခုကို ကြံစည်နေတာလား??? 

အမျိုးသမီးက လှောင်ပြောင်နေပေမယ့် သူမ စိတ်ထဲမှာ နားလည်လိုက်တာတစ်ခုရှိနေသည်။

 လှပတဲ့ မိန်းခလေးတွေက သူရဲကောင်းတွေရဲ့  အားနည်းချက် ဖြစ်နေတုန်းပဲ။

  "ဆက်ပြောပါ"

  "နောက်တော့ ဧကရာဇ်မင်းမြတ်က လို့သခင်ကြီးနဲ့ နာရီဝက်လောက် တိတ်တဆိတ် စကားပြောခဲ့ပေမယ့် သူတို့ ဘာပြောလဲတော့ မသိရပါဘူး။ ဒါပေမယ့် နောက်ဆုံးမှာတော့ ချင်းလင်ကို လို့သခင်ကြီးက ခေါ်ဆောင်သွားခဲ့ပြီး ညီမဖြစ်တဲ့ ချင်းဖုန့်ကတော့ အကျဉ်းထောင်ထဲမှာ အကျဉ်းချခံထားရပါတယ်”

မော့မော့က သူမ သိခဲ့သမျှ ပြန်ပြောပြီးပြီ ဖြစ်သောကြောင့်  ကန့်လန့်ကာအပြင်ဘက်တွင် တိတ်တဆိတ် ရပ်နေကာ အတွင်းမှလူ၏ အမိန့်ကို စောင့်ဆိုင်းနေခဲ့သည်။

  အချိန်အတော်ကြာပြီးနောက် အတွင်းမှ အမျိုးသမီးက နောက်ဆုံးတွင် ပေါ့ပေါ့တန်တန် ပြောလာခဲ့သည်။

“ပြန်လို့ရပြီ”

မော့မော့က ဆက်မနေဝံ့တော့ဘဲ တိတ်တဆိတ် ပြန်ထွက်သွားခဲ့သည်။

  ခဏအကြာတွင် မုယွီခေါက်သံ ထပ်မြည်လာပြန်သည်။ အမျိုးသမီးက မျက်လုံးများကို မှိတ်ထားခဲ့သော်လည်း သူမပါးစပ်ထောင့်မှ ရွတ်ဆိုသံတစ်ခု ထွက်ပေါ်နေပြီး တိတ်ဆိတ်ငြိမ်သက်နေသည့် ဗုဒ္ဓဘာသာခန်းမ၏ မုယွီခေါက်သံက စည်းချက်မညီတော့ပေ။

 ✍️✍️✍️