အခန်း ၅၃ လျှို့ဝှက်တိုက်ပွဲ
အုန်း!!
ယန်းဟုန်ထျန်းက
စားပွဲရှည်ကြီးပေါ်သို့ လက်ကို ပြင်းပြင်းထန်ထန် ပုတ်ချလိုက်ရာ ကျယ်လောင်စွာ
ထွက်ပေါ်လာသော အသံက ခန်းမတွင်းရှိ လူအားလုံးကို ထိတ်လန့်ရုံသာမက ခန်းမအပြင်ဘက်တွင်
စောင့်နေသော ကောင်းကျင်းကိုပင် တုန်တုန်ယင်ယင် ဖြစ်သွားစေသည်။
သူက သူမကို
လက်ထပ်ချင်တယ်!
ထိုစကားထွက်လာသည်နှင့်
တပြိုင်နက် ယန်းဟုန်ထျန်းက ဒေါသထွက်သွားပြီး ကျွော့ချင်းက အံသြသွားကာ ချင်းဖုန့်က ခဏတာ
စိတ်လွတ်သွားသည်။
"မင်း သူ(မ)ကို လက်ထပ်ချင်တယ်လို့
ပြောနေတာလား?"
တိတ်ဆိတ်နေသည့်
နန်းတော်ခန်းမထဲတွင် ယန်းဟုန်ထျန်း၏ သေမင်းတမန်ကဲ့သို့ အေးစက်နေသည့်အသံက ပို၍ အေးစက်နေပုံပေါ်သည်။
ကျွော့ချင်းနှင့် ချင်းဖုန့်တို့က တစ်ယောက်ကို တစ်ယောက်ကြည့်ကာ အမှတ်တမဲ့ တံတွေးမျိုချလိုက်မိကြသည်။
လို့ရှီးယန်တစ်ယောက်သာ ယန်းဟုန်ထျန်း၏ ဒေါသထွက်နေသော အကြည့်ကို မမြင်သလို
တည်ငြိမ်သော အမူအရာဖြင့် အေးအေးဆေးဆေး ပြန်ဖြေလိုက်သည်။
"ဟုတ်ပါတယ်"
"မဖြစ်နိုင်ဘူး" ဆိုသည့် အသံက သွားကြားထဲမှ ညှစ်ထုတ်လိုက်သလို ထွက်လာပြီး
ယန်းဟုန်ထျန်းက လို့ရှီးယန်ကို ဒေါသထွက်နေလား မထွက်နေလားတောင် ကျွော့ချင်းလည်း မသိနိုင်တော့ပေ။
တိုတိုပြောရရင်တော့
ဒါက မကောင်းဆိုးဝါးရဲ့ လေတိုးသံပါပဲ။
ယန်းဟုန်ထျန်းက လို့ရှီးယန်ကို
စိုက်ကြည့်နေရင်း ယခုန သူ၏ မကောင်းသော အမူအရာများ ပျောက်ကွယ်သွားပြီး "ကိုယ်တော်ရဲ့အရာရှိလို့၊
မင်းက ကျန်းတို့ ချုံယွဲ့ရဲ့ အဆင့်မြင့်ဆုံး ဝန်ကြီးချုပ်ပါ၊ သူ(မ)က တိုင်ပြည်ငယ်လေးကနေ
လာတဲ့ မိန်းခလေးတစ်ယောက်လေ၊ လုံးဝမထိုက်တန်ဘူး၊
တကယ်လို့ မင်းက လက်ထပ်ဖို့ စိတ်အားထက်သန်နေတယ်ဆိုရင် ကျန်းက မင်းနဲ့လိုက်ဖက်တဲ့
အရည်အချင်းရှိတဲ့ မင်းသမီးတွေနဲ့ လက်ထပ်ပေးမယ်၊ ကျန်း မင်းကို ချောင်ယွမ်မင်းသမီးနဲ့
ချက်ချင်း လက်ထပ်ပေးမယ်"
"ဒီဝန်ကြီးနဲ့ မင်းသမီးက အရှင်သခင်နဲ့ လက်အောက်ငယ်သားတွေရဲ့ စည်းမျဥ်းစည်းကမ်းတွေကို
အမြဲတမ်း လိုက်နာခဲ့ပြီး ဒီဝန်ကြီးမှာ မလျော်ကန်တဲ့ အကြံအစည်မျိုး မရှိဝံ့ပါဘူး"
သူ
လက်ထပ်ဖို့ တောင်းဆိုရတဲ့ ပထမအချက်က ချင်းလင်ကြောင့် ဖြစ်ပြီး ဒုတိယကတော့ ယန်းရူရွှယ်ကြောင့်ပါ။
သူ တတ်နိုင်သမျှ မြန်မြန် လက်ထပ်လိုက်ရင် သူမလည်း သူမရဲ့ရှည်ကြာနေတဲ့ ဆန္ဒတွေကို
မြန်မြန် ဖြတ်တောက်နိုင်မှာပါ။
ယန်းဟုန်ထျန်းက
အေးစက်စွာ နှာမှုတ်လိုက်ပြီး "ကျန်း မင်းနဲ့ရွှယ်အာကိုပဲ ချက်ချင်း လက်ထပ်ခွင့်ပေးမယ်၊
သူ(မ)တို့ နှစ်ယောက်က အထောက်အထားတွေ ဖလှယ်ပြီး ဧကရာဇ်ကို လှည့်စားပြီး
ရိုင်းစိုင်းတဲ့ လုပ်ရပ်တွေ လုပ်ခဲ့ကြတယ်။ ထောင်ထဲမှာထားပြီး စုံစမ်းစစ်ဆေးသင့်တယ်!"
"ဘုရင်မင်းမြတ်က ထက်မြက်တဲ့သူပါ။ သူတို့ပြောခဲ့တာတွေက မုသားတွေမဟုတ်ဘူးဆိုတာ
ရှင်းရှင်းလင်းလင်း သိနေမှာပါ၊ အရှင်က တစ်စုံတစ်ယောက်ကို ဟောင်ယွဲ့ကို သွားဖို့
စေလွှတ်ပြီး သူ(မ)တို့ကို လိုက်ပါပို့ဆောင်ပေးတဲ့ အရာရှိတွေနဲ့ အမှုထမ်းတွေကို
စစ်ဆေးလိုက်ရင် သူ(မ)တို့ပြောခဲ့တာတွေက မှန်သလား မှားသလားဆိုတာ သဘာဝကျကျ သိနိုင်ပါလိမ့်မယ်။
ကျွန်တော်မျိုးနဲ့ ချင်းလင်က လတစ်ဝတ်လောက် အပြန်ပြန် အလှန်လှန် ဆက်ဆံခဲ့တာကြောင့် သူ(မ)က
အဲ့ဒီလိုလူ မဟုတ်ဘူးဆိုတာကို ကျွန်တော်မျိုး ယုံကြည်ပါတယ်။ ဧကရာဇ်ကလည်း
ရှင်းရှင်းလင်းလင်း နားလည်နေလိမ့်မယ်လို့ ကျွန်တော်မျိုး မျှော်လင့်ပါတယ်"
"သူ(မ)တို့ပြောတာတွေကို အတည်မပြုနိုင်သေးခင်အထိတော့ ကျန်း
ဆုံးဖြတ်ချက်မချဘဲ စောင့်နေပေးလိုက်မယ်၊ သူတို့ကို ထောင်ထဲအရင်သွင်းထားပြီး
အတည်ပြုချက်ရယူဖို့ စောင့်မယ်"
သူ
ဆိုတဲ့ ယန်းဟုန်ထျန်းက လှည့်စားခြင်း ဒါမှမဟုတ် လှည့်စားခြင်းရဲ့ခြေရာလက်ရာတွေကို
သည်းမခံနိုင်ပါဘူး။ တကယ်လို့ တစ်ယောက်ယောက်က သူ့ကို လှည်းစားဖို့ သတ္တိရှိမယ်ဆိုရင်
လိမ်ညာလှည့်ဖြားခြင်းရဲ့အကျိုးဆက်တွေကို အဲ့ဒီလူ သိသွားအောင် သူက လုပ်ပေးနိုင်တယ်။ ဒါပေမယ့်
အဲဒီအချိန်အထိ သူ(မ)တို့ ထောင်ထဲမှာပဲ နေရမယ်။
ကျွော့ချင်းက
ကြောက်ရွံ့မှုများစွာ မပြသလို ချင်းဖုန့်၏မျက်နှာပေါ်တွင်လည်း ခေါင်းမာသော အကြည့်များသာ
ရှိနေခဲ့သည်။ သို့သော်လည်း လို့ရှီးယန်၏မျက်လုံးများက စိုးရိမ်ပူပန်မှုများဖြင့်
တောက်ပလာခဲ့သည်။
"ကျွန်တော်မျိုးက ချင်းလင်ကို ဝန်ကြီးချုပ်အိမ်တော်ဆီ ပြန်ခွင့်ပြုဖို့ အလေးအနက်
တောင်းဆိုပါရစေ၊ သူ(မ)ကို ဝန်ကြီးချုပ်အိမ်တော်မှာ ထိန်းသိမ်းခွင့်ပေးဖို့
ဘုရင်မင်းမြတ်ကို အလေးအနက် မေတ္တာရပ်ခံပါတယ်။ သူ(မ)ပြောခဲ့တာတွေက ဟုတ်မဟုတ် စစ်ဆေးလို့
မပြီးသေးခင် ဝန်ကြီးချုပ်ရဲ့ အိမ်တော်ကနေ ခြေလှမ်းတစ်ဝက်တောင် ထွက်ခွာခွင့် မပြုပါဘူး။
အဲ့တာက အသေအချာပါပဲ”
ထောင်ထဲမှာနေဖူးတဲ့သူတိုင်းက
အဲ့ဒါကို ဘယ်တော့မှ မေ့နိုင်မှာမဟုတ်ပါဘူး။ နောက်တချိန်မှာ ပြန်ထွက်လာနိုင်ခဲ့တယ်ဆိုရင်တောင်
အရင်နဲ့ အတူတူဖြစ်နိုင်မှာ မဟုတ်တော့ပါဘူး။
လို့ရှီးယန်က
အစကနေ အဆုံးအထိ တည်ငြိမ်အေးဆေးနေပြီး သူ့မျက်နှာမှာ လှုပ်ရှားမှု အနည်းငယ်သာ
ရှိနေသော်လည်း သူ ပြောသော စကားများကို ထပ်တလဲလဲ နားထောင်နေရသော ယန်းဟုန်ထျန်း၏အမူအရာက
အေးစက်လာကာ သူ့ကိုကြည့်နေသော အကြည့်များက ပို၍ပင် အေးစက်လာခဲ့သည်။
အိုးးးး...
ဘုရားရေ၊ ဒီနေ့ လို့ရှီးယန်က ဘာတွေဖြစ်နေတာလဲ?
ကျွော့ချင်းက သူ၏ သူမကို
ကာကွယ်ရန် ကြိုးပမ်းမှုကြောင့် ထိတ်လန့်နေခဲ့ရသော်လည်း သူမလည်း သူ့အတွက် စိတ်မပူပဲ
မနေနိုင်ပေ။ နောက်ဆုံးတွင် ဧကရာဇ်က လွယ်လင့်တကူ ဆက်ဆံ၍ရပုံ မပေါ်ပေ။ ချင်းဖုန့်ကလည်း ဤခဲအိုကြောင့်
အလွန်ကျေနပ်အားရနေခဲ့သည်။ ထိုလူကဲ့သို့ နူးညံ့သိမ်မွေ့သော ယောက်ျားတစ်ယောက်တွင်
ယခုကဲ့သို့ သတ္တိများရှိနေနိုင်မည်ဟု သူမ ဘယ်တုန်းကမှ မမျှော်လင့်ထားခဲ့ပေ။ သို့သော်လည်း မြင့်မားသော
အနေအထားတွင် ရှိနေသော ကြောက်မက်ဖွယ်ကောင်းသော လူကိုသာ ချီတုံချတုံ ငေးကြည့်နေမိသည်။
ဒီနေ့ လို့ရှီးယန်က
အသက်ရှင်နိုင်ပါဦးမလား?
ကံကောင်းထောက်မစွာဖြင့်
သူမတို့ မျှော်လင့်ထားသည့် သွေးသံရဲရဲ မြင်ကွင်းက ဖြစ်မလာခဲ့ပေ။ ယန်းဟုန်ထျန်းက သူ့ရှေ့မှ မြင်ကွင်းကို
အေးစက်စွာ အကြည့်လွှဲလိုက်ပြီး အသံခပ်အုပ်အုပ်ဖြင့် အော်ခေါ်လိုက်သည်။
“ကောင်းကျင်း”
နန်းတော်အပြင်မှ
ချွေးသံတရွဲရွဲဖြင့် စောင့်နေသည့် ကောင်းကျင်းက အလျင်အမြန် ဝင်လာပြီး "ဒီကျွန်
ရောက်လာပါပြီ"
"သူ(မ)တို့ကို နန်းတော်အပြင်မှာ စောင့်ခိုင်းပါ၊ ကျန်း ဝန်ကြီးချုပ်နဲ့
ဆွေးနွေးစရာရှိတယ်"
"အမိန့်တော် အတိုင်းပါ"
ကောင်းကျင်းက
တံခါးကို အမြန်ဖွင့်လိုက်ပြီး သူမတို့နှစ်ယောက်ကို နှင်ထုတ်ကာ တံခါးကို
အမြန်ပြန်ပိတ်လိုက်သည်။
ယန်းဟုန်ထျန်းက
လို့ရှီးယန်ဆီသို့ လျှောက်လာခဲ့ပြီး ပင်မခန်းမဆောင်ကြီးထဲတွင် လူနှစ်ယောက်က မျက်နှာချင်းဆိုင်
ရပ်နေကြသည်။ တစ်ယောက်က ကောင်းကင်တွင် ပူလောင်နေသော နေရောင်ကဲ့သို့ တောက်လောင်နေပြီး
နောက်တစ်ယောက်ကတော့ ပင်လယ်ထဲက ပြာလဲ့လဲ့ လမင်းကဲ့သို့ တိတ်ဆိတ်နေသည်။
အချိန်အတော်ကြာပြီးနောက်
ယန်းဟုန်ထျန်းက "ပြောပါ၊ ငါ အမှန်တရားကို ကြားချင်တယ်"
သူနဲ့ ရှီးယန်တို့က
အတူတကွ ကြီးပြင်းလာကြပြီး တစ်ဦးနဲ့တစ်ဦး ဆက်ဆံရေးကောင်းမွန်ခဲ့ပေမယ့် သူ ထီးနန်းရလာကတည်းက
ရှီးယန်က ဘုရင်နဲ့ ဝန်ကြီးကြားက ကျင့်ဝတ်တွေကို လျစ်လျူမရှုသင့်ဘူးလို့ အမြဲတမ်း အခိုင်အမာ
ပြောဆိုခဲ့တယ်။ ရှီးယန်က အခုလို အလေးအနက်ထားနေတာမျိုး ရှားပါးလွန်းတယ်။ ရှီးယန်လို
ခေါင်းအေးအေးထားတက်တဲ့သူက အခုလို မိန်းမတစ်ယောက်အတွက် ခံစားချက်တွေရှိနေတာက
ထူးထူးဆန်းဆန်း ဖြစ်နေပြီ။ ရှီးယန်ရဲ့ မူမမှန်မှုတွေက သူ့စိတ်ကို ပြန်တည်ငြိမ်စေခဲ့တယ်။
ယန်းဟုန်ထျန်းက
သူ့ကိုယ်သူ ကျန်းဟု မသုံးနူန်းတော့သောကြောင့် လို့ရှီးယန်ကလည်း သူ့ကိုယ်သူ ပြောင်းလဲ
သုံးနူန်းလိုက်သည်။
ဒါက
နှစ်တွေကြာလာတာနဲ့အမျှ သူတို့ကြားက တိတ်တဆိတ် နားလည်မှုပါပဲ။
လို့ရှီးယန်က
သူ့ခေါင်းကို ကူကယ်ရာမဲ့ ခါယမ်းကာ ပြုံးနေရင်း သက်ပြင်းချလိုက်သည်။
"သူ(မ)က
ငါ့ရောဂါကို ကုသပေးနိုင်တယ်၊ အဲ့တာကြောင့် ငါ့အိမ်တော်ကို ပြန်ခေါ်သွားချင်တယ်"
ယန်းဟုန်ထျန်းအပေါ်
သူ့၏နားလည်မှုအရ ထိုအကြောင်းပြချက်က ချင်းလင်ကို သူ သဘောကျသည်ဟု ပြောခြင်းထက် ပိုကောင်းပေလိမ့်မည်။
ဒါက သူမကို
အိမ်ပြန်ခေါ်ဆောင်သွားချင်တဲ့ သူရဲ့ပန်းတိုင်ကို ရောက်ဖို့ ပိုလွယ်တယ်လေ။
"ဘာလဲ?!"
ယန်းဟုန်ထျန်းက
အံ့အားသင့်သွားခဲ့သည်။
ရှီးယန်ရဲ့ရောဂါက
အချိန်အတော်ကြာနေပြီ။ တော်ဝင်သမားတော်တွေတောင် အဲ့ရောဂါကို မကုသပေးနိုင်ခဲ့ကြဘူး။ အခုတော့
ချင်းလင်က ကုသပေးနိုင်တယ်တဲ့လား?
"မင်း အမှန်အတိုင်းပြောနေတာလား?!"
လို့ရှီးယန်က
ခေါင်းညိတ်ပြီး ထပ်ပြောပြလိုက်သည်။
"ငါ
နောက်ဆုံးတစ်ခေါက် နေမကောင်းဖြစ်တုန်းက သူ(မ)က ငါ့ဘေးမှာ ရှိနေတယ်၊ သူ(မ)ကြောင့်သာ
မဟုတ်ရင် အဲဒီညက ငါ မင်းနဲ့ စကားမပြောနိုင်တော့ဘူး"
အဲ့နေ့ညက သူမ
သူ့ကို အသက်ရှုဖို့ဘဲ ပြောခဲ့ပေမယ့် ယန်းဟုန်ထျန်းကို ဆွဲဆောင်ဖို့အတွက် သူ
ဒီလိုပဲ ပြောလိုက်တော့တယ်။
"သူ(မ)??? အဲဒီနေ့က မင်းအခန်းထဲက အစေခံပဲလား?"
ယန်းဟုန်ထျန်း၏
မျက်နှာက ထိုနေ့က သူ သူမနားမှ ဖြတ်သွားခဲ့ပုံကို ပြန်ပြောင်းသတိရသွားပြီး
အေးစက်သွားခဲ့သည်။
"အင်း"
လို့ရှီးယန်၏
တည်ငြိမ်သော မျက်နှာကို ကြည့်ပြီး ယန်းဟုန်ထျန်းက သူ၏ လင်းယုန်မျက်လုံးများကို
ကျဉ်းမြောင်းလိုက်ကာ အေးစက်သော လေသံဖြင့် "မင်းရဲ့ ရောဂါကို ကုသပေးနိုင်လို့
သူ့(မ)ကို လက်ထပ်ချင်တာလား?"
အချိန်အတော်ကြာ
တုံ့ဆိုင်းသွားပြီးနောက် လို့ရှီးယန်က “လုံးဝတော့ မဟုတ်ဘူး”
ယန်းဟုန်ထျန်းက
မျက်ခုံးပင့်လိုက်ပြီး တိုးတိုးလေး ပြောလိုက်သည်။
"ဒါဆို
မင်းက သူ့(မ)ကို တကယ်ကြိုက်နေတာလား?!"
လို့ရှီးယန်၏
ငြိမ်သက်နေသော မျက်နှာတစ်ပြင်လုံးက ထိတ်လန့်တုန်လှုပ်သွားကာ
မျက်မှောင်ကြုတ်လိုက်သည်။ သူက ယခင်ကဲ့သို့ မရွှင်ပျတော့ဘဲ တိတ်ဆိတ်နေခဲ့သည်။
သူ့စိတ်ထဲမှ နိမိတ်ဖတ်သံများက သူ့ကို စိတ်မသက်မသာ ဖြစ်စေသည်။ သေချာသည်မှာ
လက်ကြီးတစ်ဖက်က ပြင်းထန်စွာ ဖိထားတာကြောင့် သူ့ပခုံးများက နစ်ဝင်သွားခဲ့သည်။
ထိုအချိန်တွင် အနည်းငယ် စိတ်လှုပ်ရှားပြီး အနည်းငယ် အေးစက်နေသည့် ယန်းဟုန်ထျန်း၏
ရယ်သံက သူ့နားထဲသို့ ဝင်ရောက်လာသည်။
"ရှီးယန်၊ ဒါက မင်း တခုခုကို ကြိုက်တယ်လို့ မင်း ငါ့ကို ဒုတိယအကြိမ် ပြောဖူးတာဘဲ"
✍️✍️✍️