Chapter 51
Viewers 5k

အခန်း ၅၁ ထိုယောကျာ်း၏အတွေးများ (အပိုင်း ၁)

  ကျွော့ချင်းက အသက်ကို ပြင်းပြင်းရှူကာ သူမကိုယ်သူမ တည်ငြိမ်အောင် ပြန်ထိန်းလိုက်ပြီး "ရှင် လူမှားနေတာ၊ ကျွန်မက ချင်းလင် မဟုတ်ဘူး၊ ချင်းဖုန့်..."

အရာအားလုံးက သူ့စကားတွေပဲလေ...သူ့ဘာသာ တစ်ဖက်သတ်ပြောနေတာ။ သူမက ချင်းလင်ဆိုတာ သက်သေမပြနိုင်ရင် သူ ဘာလုပ်နိုင်မှာလဲ?!

  သူသာ သက်သေမပြနိုင်ရင် သူမကလည်း အသေခံပြီး ငြင်းဆန်နေမယ့်ပုံပဲ။ ကောင်းပြီလေ.. အဲ့တာဆိုရင်  သူ့ကို အပြစ်မတင်နဲ့တော့....

  ယန်းဟုန်ထျန်း၏ မျက်လုံးများတွင်  လှောင်ပြောင်ရိပ်များ တောက်ပလာသောကြောင့် ကျွော့ချင်းက သူမ၏ နှလုံးသားထဲမှ အေးခဲသွားသလို ခံစားလိုက်ရသည်။

       သူမ ထိတ်လန့်ချိန်ပင် မရလိုက်ဘဲ ယန်းဟုန်ထျန်းက သူ့လက်တစ်ဖက်ဖြင့် ကျွော့ချင်း၏မေးစေ့ကို ဆွဲကိုင်လိုက်ပြီး အခြားလက်တစ်ဖက်ဖြင့် သူမ၏ဝတ်ရုံကို ဆွဲဖြဲလိုက်သည်။

အား

ကျွော့ချင်းက သူမ၏ရင်ဘတ်နားမှ အေးစက်မှုတစ်ခု ခံစားလိုက်ရသော်လည်း သူမ၏မေးစေ့ကို ဆုပ်ကိုင်ခံထားရတာကြောင့် သူမ၏ခေါင်းကို ငုံမကြည့်နိုင်ခဲ့ပေ။ သို့တိုင်အောင် အဝတ်များစုတ်ပြဲသွားသည့်အသံနှင် သူမ၏ ညာဘက်ပခုံးမှ နာကျင်ကိုက်ခဲမှုတို့ကြောင့် ဘာဖြစ်နေသည်ကို ခန့်မှန်းရန် မခက်ခဲတော့ပေ။ ယခုအချိန်တွင် သူမ၏ခန္ဓာကိုယ်အပေါ်ပိုင်း တဝက်နီးပါးက အဝတ်ဗလာဖြစ်နေမည်ကို သူမ သေချာပေါက် ပြောနိုင်သည်။

  ခု သူမက အတွင်းဝတ်များကို ၀တ်ဆင်ထားဆဲဖြစ်သော်လည်း ခေတ်မှီကျောပြောင်အင်္ကျီများကဲ့သို့ ဖြစ်နေပြီး ကျွော့ချင်းက မကြုံစဖူး အရှက်ရသွားသလို ခံစားလိုက်ရသည်။ သူမက သူမ၏မာန အနည်းငယ်ကြောင့် သူမ‌‌ရှေ့မှလူကို အေးစက်စွာ ကြည့်ရင်း အေးစက်သော လေသံဖြင့် "ရှင် ဘာလိုချင်သေးလို့လဲ!"

သူမကို ပိုင်ဆိုင်လိုက်တာနဲ့ သူမက နာခံမှုရှိရှိနဲ့ သူ့မိန်းမဖြစ်လာလိမ့်မယ်လို့ သူ ထင်နေရင်တော့  သူ ဘယ်လောက် မိုက်မဲတယ်ဆိုတာကို သူ သိသွားဖို့ သူမ လုပ်ပေးနိုင်ပါတယ်။

  "ရှက်နေတာလား?" သူ့မျက်လုံးများက ကျွော့ချင်း၏ ချောမောလှပသော ခန္ဓာကိုယ်ကို လိုက်လံကြည့်ရှုနေခဲ့သည်။ ယန်းဟုန်ထျန်းက ကျွော့ချင်း၏ မျက်လုံးများထဲမှ ဒေါသနှင့် အရှက်ရမှုကို နှစ်သက်နေပုံရသည်။ သူက သူ့လက်ကို အနည်းငယ် ဖြေလျှော့ပြီး သူမ၏လည်ပင်းနောက်ဘက်သို့ ဖြည်းညှင်းစွာ လျှောချလိုက်သည်။ သူ့လက်တစ်ဖက်က သူမခါးကို ဖက်ထားပြီး ကျန်တစ်ဖက်ကို သူမနားရွက်အား ပွတ်သပ်နေကာ သူမ၏လည်ပင်းနောက်ဘက်တစ်ဝိုက်တွင် လေတိုးသံများဖြင့် တိုးတိုးလေး ပြောလာခဲ့သည်။

"မင်းက ကျန်းရဲ့လူ ဖြစ်လာမှာလေ၊ ရှက်နေစရာ မလိုပါဘူး!"

  သန်မာသော လက်ကြီးနှစ်ဖက်က သူမကို တင်းတင်းကြပ်ကြပ် ပွေ့ဖက်ထားသည်။ ကျွော့ချင်းက သူမလက်ကို ထိုလက်များကြားတွင် အလျားလိုက်ချထားပြီး သူမ ခွန်အားရှိသမျှသုံးကာ တွန်းထုတ်ပစ်လိုက်သည်။ ကံမကောင်းစွာဖြင့် သူမ၏နည်းပါးသော ခွန်အားက ကားရှေ့ကို ပိတ်ဆို့ထားသော ခြင်တစ်ကောင်၏လက်မောင်းများကဲ့သို့ဖြစ်ပြီး သူမတို့၏ခန္ဓာကိုယ်များက တင်းကျပ်စွာ ဖက်တွယ်နေကြဆဲပင်။

  သူ့ခန္ဓာကိုယ်က အရမ်းပူနေပြီး သူ့လက်ကို သူမရင်ဘတ်ပေါ်သို့ တင်လိုက်သောကြောင့် ကျွော့ချင်း၏နှလုံးခုန်သံများက ပြင်းထန်လာပြန်သည်။ ကျွော့ချင်းက ​​သူမအသက်ရှုမဝတော့သလို ခံစားနေရသည်။

  "ရှင်..." ကျွော့ချင်းက သူနှင့် ညှိုနိုင်းရန် ကြိုးစားချင်နေခဲ့ပြီး လိင်စိတ်နိုးကြွနေသည့် ယောက်ျားတစ်ယောက်က ညှိုနိုင်းရန် မလွယ်ဘူးကြောင်း သူက သက်သေပြလိုက်သည်။ ယန်းဟုန်ထျန်းက သူမ၏နှုတ်ခမ်းများကို နမ်းလိုက်ပြီး သူမ၏နှုတ်ခမ်းများ ပူထူလာသည်။ သူ၏ လွှမ်းမိုးမှုနှင့် အပူရှိန်ကြောင့် ကျွော့ချင်း တခဏတာ မှိန်းမူး တွေဝေသွားသော်လည်း သူမရင်ဘတ်ရှိ ပူလောင်သော အပူက သူမကို ချက်ချင်း ပြန်နိုးကြားလာစေခဲ့သည်။

  ထိုအချိန်တွင် ယန်းဟုန်ထျန်း၏လက်က သူမ၏ညာဘက်ရင်အုံကို လာထိနေခဲ့သည်။ ကျွော့ချင်းက အပြင်းအထန် ရုန်းကန်နေပြီး အကြိမ်အနည်းငယ်ကြာပြီးနောက် နောက်ဆုံးတွင် သူမ မလွတ်မြောက်နိုင်တော့ကြောင်း  သိလိုက်ရသည်။ ကျွော့ချင်း၏နှလုံးသားက နာကျင်သွားကာ သူမက ထိုမရိုးသားသော နှုတ်ခမ်းနှင့် လျှာကို အထိန်းအကွပ်မရှိ ပြင်းပြင်းထန်ထန် ရက်ရက်စက်စက် ကိုက်ချလိုက်တော့သည်။ ယန်းဟုန်ထျန်းက နာကျင်စွာ ညည်းတွားလိုက်ပြီး မကြာခင်မှာပင် သွေးနံ့ကို မြည်းစမ်းလိုက်ရသည်။

  ကျွော့ချင်း ထပ်ကိုက်တော့မည့်အချိန်မှာပင် ယန်းဟုန်ထျန်းက သူမကို လွှတ်ပေးလိုက်သည်။ ကျွော့ချင်းက အလျင်အမြန် နောက်ပြန်ဆုတ်သွားပြီး သူနှင့် မီတာအနည်းငယ်အကွာတွင် ရပ်‌နေခဲ့ပြီး နောက်တစ်ကြိမ် သေသေချာချာ မတ်မတ်ရပ်လိုက်ပြီး သူ့ကို စူးစူးရဲရဲ စိုက်ကြည့်နေလိုက်သည်။

နောက်ဆုံးတော့ သူမ အသက်ကို ကောင်းကောင်းရှူနိုင်သွားပြီ။

ကျွော့ချင်းက အသက်ဝဝရှုနိုင်ရန် အစွမ်းကုန်ကြိုးစားနေရပြီး သူက သူမကို ထိုကဲ့သို့ရူးသွပ်စွာ ပြုမူခဲ့သောကြောင့် သူ့ကို ပြင်းပြင်းထန်ထန် ရှုံ့ချနေမိသည်။

ယန်းဟုန်ထျန်းက သူ့ပါးစပ်ထောင့်မှ သွေးများကို သူ့လက်မဖြင့် ဖြည်းညှင်းစွာ သုတ်နေရင်း အမှန်တကယ် ရယ်မောနေ‌လေသည်။

"မင်းက တကယ်ကို ရက်စက်လွန်းတယ်"

          သူမက  ပထမဆုံးစတွေ့တုန်းကနဲ့ အရမ်းကွာခြားနေပေမယ့် ဒါကလည်း ကောင်းပါတယ်၊ သူက ရက်စက်တဲ့ သူမကို သဘောကျနေဆဲပဲ။ .ကြမ်းတမ်းတဲ့ အမျိုးသမီးတွေကို အနိုင်ယူရတာက ပျော်စရာကောင်းတယ်လေ။

       ယန်းဟုန်ထျန်းက ကျွော့ချင်း၏ ညာဖက်ပခုံးကို ငုံ့ကြည့်ရင်း သူ့၏ မျက်လုံးများကို မှေးကျဥ်းကာ အေးစက်စွာ ထပ်ပြောလိုက်သည်။

"အခု မင်းက ချင်းလင် မဟုတ်ဘူးလို့ ပြောရဲသေးလား"

သူက ပြီးခဲ့သည့် နှစ်အနည်းငယ်အတွင်းမှာကတည်းက သူမရဲ့အကြောင်းတွေကို ရှင်းရှင်းလင်းလင်း စုံစမ်းထားခဲ့ပြီးပြီ။ သူမပခုံးပေါ်က စကားလုံးတွေအကြောင်းကိုလည်း သူ သိထားပြီးပြီ။ အခု သူမ ဘယ်လို ငြင်းမလဲဆိုတာ ကြည့်ကြသေးတာပေါ့....

       ဒါက ဘာအဓိပ္ပါယ်လဲ? သူ သူမကို ပြင်းပြင်းထန်ထန် နမ်းလိုက်တာက သူမက ချင်းလင်ဆိုတာကို  သက်သေပြချင်တဲ့ အတွက်ကြောင့်လို့ ဆိုလိုချင်တာလား?!

  ယန်းဟုန်ထျန်း၏ မျက်လုံးများက သူမ၏ ညာဖက်ပခုံးပေါ်သို့ စိုက်ကြည့်နေသောကြောင့် ကျွော့ချင်းက စိတ်ရှုပ်ထွေးစွာသွားပြီး သူမလည်း ခေါင်းငုံ့ကြည့်လိုက်သည်။ အနီရောင် စာလုံးငယ်လေးက သူမ၏ ညာဘက်ပခုံးအနီးတွင် ဖျတ်ခနဲပေါ်လာပြီး သူမကို ထိတ်လန့်သွားစေခဲ့သည်။ သို့သော် သူမ၏ညာဘက်ရင်အုံတွင် ထိုစကားလုံးများ အဘယ့်ကြောင့် ရှိနေသည်ကို သူမ နားမလည်နိုင်ခဲ့ပေ။ သူမ ထိုစကားများကို လက်ဖြင့် ထိကြည့်လိုက်ရာ သူမ၏ အသားအရေက အလွန်ချောမွေ့နေဆဲ ဖြစ်သည်။ ခဏအကြာတွင် စကားလုံးများက တဖြည်းဖြည်း မှိန်ဖျော့လာပြီး နောက်ဆုံး ပျောက်ကွယ်သွားခဲ့သည်။

    ဒီ . . . . . ဒီသဘောတရားက ဘာကိုဆိုလိုတာလဲ??? ဘာကြီးလဲ???! 

ကျွော့ချင်းက ထိတ်လန့်တုန်လှုပ်နေပြီး ယန်းဟုန်ထျန်းကလည်း တစ်ခုခုမှားနေသည်ကို ချက်ချင်း နားလည်လိုက်သည်။

ငယ်စဉ်ကတည်းက သူမခန္ဓာကိုယ်ပေါ်မှာ ရှိနေတဲ့ အမှတ်အသားတစ်ခုကို မြင်လိုက်ရတာကို သူမက ဘာလို့ အရမ်းအံ့သြသွားတာလဲ?!

  ယန်းဟုန်ထျန်း၏ နောက်တစ်ကြိမ် ချဉ်းကပ်လာမှုက ကျွော့ချင်း၏တွေဝေနေမှုကို လွင့်ပျယ်သွားစေခဲ့သည်။

အခုအချိန်က လက်ရေးလှ လေ့လာရမယ့် အချိန်မဟုတ်သေးဘူးဟ!

  ကျွော့ချင်းက ခြေတစ်လှမ်းဆုတ်ပြီး "ခဏနေဦး၊ ကျွန်မ ပြောစရာရှိတယ်!"

  ယန်းဟုန်ထျန်းက အမှန်တကယ် ရှေ့သို့ တိုးမလာဘဲ လက်ပိုက်ထားပြီး သူမကို အေးစက်စွာ စိုက်ကြည့်နေလေသည်။

  ကျွော့ချင်း၏ရင်ဘတ်က တဒိန်းဒိန်း စောင့်ခုန်နေပြန်သည်။

ဒီခန္ဓာကိုယ်က ချင်းလင်ဖြစ်ပေမယ့် ဝန်ကြီးချုပ်ရဲ့ အိမ်တော်မှာ ပေါ်လာခဲ့တာလား? ဒါကို ဘယ်လို ရှင်းပြရမှာလဲ???!!

  စေ့ဆော်မှုတခုဖြင့် ကျွော့ချင်းက သူမ၏ခေါင်းကို တည်ငြိမ်စွာ ပြန်မော့လိုက်ပြီး သူမ၏ မျက်နှာပေါ်တွင် တွေဝေနေပြီး ရှုပ်ယှက်ခတ်နေသော အကြည့်များဖြင့် သူ့ကို ပြန်ပြောလိုက်သည်။

"ဒီကို လာတဲ့လမ်းမှာ စောင့်ကြပ်တဲ့ အရာရှိတွေက ကျွန်မတို့ ညီအစ်မ သုံးယောက် မရိုးမသား ကြံစည်မှာကို ကြောက်လို့ နေ့တိုင်း ဆေးတွေ တိုက်ခဲ့ကြတယ်။ အဲ့တာကြောင့် လဝက်လောက်ကြာတဲ့အထိ သတိလစ်မေ့မြောနေခဲ့တယ်၊ အိပ်ရာကနိုးလာတော့ မူးဝေနေပြီး အကြောင်းအရာတော်တော်များများကို မေ့သွားခဲ့တယ်။ လူတိုင်းက ကျွန်မက ချင်းဖုန့်လို့ ပြောကြတယ်၊ ကျွန်မပခုံးပေါ်မှာ စကားလုံးတွေရှိနေပေမယ့် ကျွန်မ မသိတော့ဘူး။ အဲ့တာ အကုန်ပဲ၊ ရှင် ခုနကပြောခဲ့တာကို ကျွန်မ တကယ်ကို မသိတော့ဘူး"

  "မေ့သွားတာလား!?" ယန်းဟုန်ထျန်းက ကျယ်လောင်စွာ ရယ်မောလိုက်ပြီး "ချင်းလင်၊ ချင်းလင်၊ မင်းတကယ်ပဲ မင်း ကျန်းကို ခြယ်လှယ်နိုင်မယ်လို့ ထင်နေတာလား?!"

  အခု ဘယ်သူက ဘယ်သူနဲ့ ကစားပြီး ဘယ်သူက ဘယ်သူ့ကို ခြယ်လှယ်နေတာတုန်း! ငါက လှည့်စားခံခဲ့ရတာပါနော်... ဟုတ်ပြီလား?!

  "သတိမေ့တယ်ပေါ့လေ"

ကစားကွက်က တကယ်မိုက်ပေမယ့် တခြား ဘာတွေ လုပ်နိုင်မှာလဲ?!

  "ရှင် ကျွန်မကို မယုံရင်တောင် ကျွန်မ ဘာမှ မတတ်နိုင်ဘူး။ ကျွန်မ ပြောသမျှက အမှန်တွေပဲ၊ ရှင် ယောင်ယွဲ့က အရာရှိတွေကို မေးလို့ရတယ်"

ဆေးတိုက်ခံရတာက သူမ လိမ်တာ မဟုတ်ဘူး။ 

ကျွော့ချင်းက သူမ၏ခေါင်းကို အနည်းငယ်ငုံ့ထားရင်း တတ်နိုင်သမျှ ချိုသာစွာ ဆက်ပြောလိုက်သည်။

"အမှားတစ်ခုခုတော့ ရှိနေနိုင်ပေမယ့် ကျွန်မက ဝန်ကြီးချုပ်အိမ်တော်ထဲဝင်ပြီးပြီ ဆိုတော့ လို့ရှီးယန်နဲ့ပဲ အတူ ရှိနေသင့်တယ်"

  သူမက သူ့အနားမှာ တကယ်ပဲ အဲ့လောက်တောင် မနေချင်တာလား?! သူမ အရာအားလုံးကို စီစဉ်ခဲ့တာ မဟုတ်ဘူးလား? ဟောင်ယွဲ့ကနေ သူ ဘာမှ ရှာမတွေ့ဘူးလို့ သူမ ထင်နေတာလား?! လောကကြီးမှာ သူ့ဆီကနေ ဖုံးကွယ်ထားနိုင်တာ ဘာမှ  မရှိပါဘူး။

       ယန်းဟုန်ထျန်းက လိမ္မာရေးခြားရှိဟန်ဆောင်နေသော သူမကို အေးစက်စွာ စိုက်ကြည့်ရင်း ယဉ်ကျေးသိမ်မွေ့ခြင်းက သူမအတွက် လုံးဝ မသင့်တော်ကြောင်း သူ သေချာနေပြီ ဖြစ်သည်။ ယန်းဟုန်ထျန်းက ကျွော့ချင်းဆီသို့ တစ်လှမ်းချင်း ချဉ်းကပ်လာရင်း အေးစက်စွာဖြင့် နှာမှုတ်လိုက်သည်။

"မင်းက မင်းရဲ့ အထောက်အထားကို မင်း မေ့သွားပုံရတယ်။ မင်းမှာ ရွေးချယ်ဖို့ အရည်အချင်း လုံးဝ မရှိဘူး! ရှီးယန်က မင်းရဲ့ အထောက်အထားနဲ့ မင်းရဲ့ လှည့်စားမှုကို သိသွားရင် မင်းကို လိုချင်နေအုန်းမယ်လို့ မင်းထင်နေတာလား??!"

  ဒီလူက ဘယ်အရာကိုမှ လွယ်လွယ် လက်မခံချင်ဘူးပေါ့လေ! ဒါဆို သူမကလည်း သနားစရာကောင်းတဲ့ပုံလေးလို ဟန်ဆောင်ပြီး ကစားနေစရာ မလိုတော့ဘူးပေါ့။ 

ကျွော့ချင်းက သူမခေါင်းကို ဂုဏ်ယူစွာ ပြန်မော့လိုက်ပြီး သူ့ကို ပြန်ကြည့်ကာ ရယ်မောလိုက်သည်။

"တကယ်လို့ ကျွန်မ မှတ်မိတာ မှန်ရင် လို့ရှီးယန်က ပင်မခန်းမထဲမှာ ကျွန်မက သူ့မိန်းမလို့ ပြောခဲ့တာ"

  ယန်းဟုန်ထျန်း၏ မျက်နှာက ရုတ်တရက် မည်းမှောင်သွားပြီး "မင်းက ကျန်းရဲ့မိန်းမလို့ ကျန်း ပြောခဲ့တယ်"

  မဖြစ်နိုင်ဘူး!! 

ယခုအချိန်တွင် သူမခွန်အားက သူနှင့်မယှဉ်နိုင်ကြောင်း ကျွော့ချင်းက ကောင်းကောင်းသိနေခဲ့သည်။ ထို့ကြောင့် ကျွော့ချင်းက လို့ရှီးယန်ကို စိတ်ထဲမှ တောင်းပန်လိုက်ပြီး ဇွတ်အတင်း မျက်မှောင်ကြုတ်ကာ  "ဒါပေမယ့် ကျွန်မက လို့ရှီးယန်ရဲ့ မိန်းမ ဖြစ်နေပြီ"

    "မင်း... ဘာ... မင်း ဘာပြောလိုက်တာလဲ?!"

  အံသွားများပေါက်လုမတတ် အံ့ကြိတ်ထားရာမှ ထွက်လာသော ယန်းဟုန်ထျန်း၏အသံက လူအများ၏နှလုံးသားကို တုန်လှုပ်စေလောက်အောင် အေးစက်နေခဲ့သည်။ 

ဘာပဲဖြစ်ဖြစ် သူမက နန်းတော်ထဲမှာ နေဖို့ မသင့်တော်ဘူး။ 

ကျွော့ချင်းက သူမ၏ စိတ်ထဲမှ ဆုံးဖြတ်ချက်တစ်ခုကြောင့် မျက်ခုံးပင့်ကာ အနည်းငယ် ပြုံးလိုက်ပြီး "ကျွန်မ ဝန်ကြီးချုပ်အိမ်တော်ကို ဝင်ခဲ့တာ လတစ်ဝက်နီးပါး ရှိနေပြီ။ ကျွန်မ သူနဲ့အတူ စားသောက်နေထိုင်တယ်။ ကျွန်မတို့ စောင်အောက်မှာ ရိုးရိုးသားသား စကားစမြည်ပြောနေမယ်လို့တော့ ရှင် မထင်ဘူးမလား?"

  "မင်း... သေဖို့ ထိုက်တန်တယ်"

ထိုအော်ငေါက်သံနှင့်အတူ ကျွော့ချင်းက သူမ၏လည်ပင်းမှ နာကျင်မှုကို ခံစားလိုက်ရသည်။ သူ့လက်ထဲမှ ခွန်အားက ကရုဏာတရား လုံးဝ မရှိသောကြောင့် သူမ လုံးဝ အသက်ရှူမဝတော့ပေ။ သွေးများက သူမ၏ဦးခေါင်းထိပ်သို့ တဟုန်ထိုး စီးဝင်သွားပြီး ကျွော့ချင်းက သူ သူမကို အမှန်တကယ် လည်ပင်းညှစ်သတ်ပစ်ချင်နေကြောင်း လေးလေးနက်နက် သဘောပေါက်သွားခဲ့သည်။

  ကယ်…ကယ်ကြပါ…”

သဲသဲကွဲကွဲ မကြားရဘဲ ပေါက်ကွဲလုမတတ် အော်ဟစ်အကူအညီတောင်းသည့် အော်ဟစ်သံထွက်လာခဲ့သော်လည်း သူမကို ဘယ်သူကမှ မကယ်တင်နိုင်တော့ပေ။

  ကျွော့ချင်းက သူမ သေတော့မည်ဟု တွေးလိုက်မိချိန်တွင် ရှင်းလင်းပြတ်သားသော အသံတစ်ခုက အဝေးမှ ထွက်ပေါ်လာသည်။

"အရှင်မင်းကြီး၊ ကျွန်တော်မျိုး လို့ရှီးယန်မှာ အရေးတကြီး  ပြောစရာရှိပါတယ်"

✍️✍️✍️