အခန်း ၅၀ အဲ့တာက ဘယ်လိုဖြစ်နိုင်မှာလဲ?!
ကျွော့ချင်းက
သူမ၏အတွေးထဲတွင် နစ်ဝင်နေခဲ့ပြီး လို့ရှီးယန်နှင့် ဘေးချင်းကပ်လျက် လျှောက်နေခဲ့သည်။
လို့ရှီးယန်ကတော့ ဘာအလွဲအချော်မှ မရှိပုံရပြီး
ပုံမှန်ကဲ့သို့ပင်။ ကောင်းကျင်းက ခေါင်းငုံ့နေကာ သူ့မျက်လုံးများထဲမှ ရှုပ်ထွေးနေသော
အလင်းရောင်ကို ဖုံးကွယ်ထားသည်။ လူသုံးဦးက
ခန်းမနောက်ဘက်သို့ ဦးတည်၍
လှည့်ပတ်သွားလာပြီးနောက် ပင်မခန်းမထက် အနည်းငယ်သေးငယ်သော နန်းတော်ရှေ့တွင်
ရပ်တန့်လိုက်ကြသည်။ ခန်းမအတွင်းတွင် ဖယောင်းတိုင်မီးများထွန်းထားသော်လည်း တံခါးများကို
တင်းကျပ်စွာ ပိတ်ထားသည်။
ကျွော့ချင်းက
မျက်လုံးများကို မော့ကြည့်လိုက်သော်လည်း မမျှော်လင့်ဘဲ ပင်မခန်းမကြီးမှ ပျောက်ကွယ်သွားသည့်
ချင်းလင်ကို တွေ့လိုက်ရပြီး သူမကို သက်တော်စောင့်များက စောင့်ကြပ်နေသည်။ သူမတို့မျက်လုံးများက
ခဏတာအတွင်း ဆုံမိသွားကြပြီး ချင်းလင်၏ မျက်လုံးများတွင် မေးခွန်းများစွာကို သူမ မြင်နိုင်သော်လည်း
သူမလည်း ဘာမှ မတတ်နိုင်တော့ပေ။ မူလက အလွန်ရင်းနှီးသော ညီအစ်မများ ဖြစ်သော်လည်း
သူမကတော့ ထိုကဲ့သို့ မဟုတ်သောကြောင့် မည်သို့
ရှင်းပြရမည်ကို တွေးပင် မတွေးနိုင်တော့ပေ။
"ဧကရာဇ်အရှင်က ချင်းလင်ကို နန်းတော်ထဲ ၀င်ဖို့ အမိန့်ရှိပါတယ်" ကောင်းကျင်း၏အသံက
သာမန်မိန်းမစိုးများ၏အသံနှင့် မတူဘဲ လေးလေးပင်ပင် ရှိနေသည်။
ချင်းလင်က ကျွော့ချင်းကို
လေးလေးနက်နက် စေ့စေ့ကြည့်ပြီးနောက် နန်းတော်ခန်းမ၏တံခါးဆီသို့ တန်းတန်းမတ်မတ်
လျှောက်သွားခဲ့သည်။ နန်းတော်ခန်းမအတွင်းမှ ကြွေထည်ကွဲအက်သံများ ရုတ်တရက်
ထွက်ပေါ်လာသည့် အချိန်အထိ ကျွော့ချင်းက သူမစိတ်ထဲတွင် ရှုပ်ထွေးနေသော ကိစ္စများကို
တွေးတောကာ တွေဝေနေဆဲဖြစ်သည်။
သူမနှင့် လို့ရှီးယန်က
နန်းတော်အပြင်ဘက် ကျောက်ခမ်းလမ်းပေါ်တွင် ရပ်နေခဲ့သည်။ အလှမ်းဝေးသောကြောင့်
သူတို့ပြောနေသည့်စကားများကို မကြားနိုင်သော်လည်း အတွင်းမှ ကျယ်လောင်သော ဆူညံသံက
အတွင်းမှလေထုကို ပြသရန် လုံးဝ လုံလောက်နေခဲ့သည်။
ကျွော့ချင်းက
ချင်းလင်အတွက် စိတ်ပူနေချိန်တွင် အတွင်းမှ တံခါးက ရုတ်တရက် ပွင့်လာခဲ့သည်။ ကောင်းကျင်းက
ချင်းလင်ကို ကူတွဲပေးထားပြီး သူမ၏ ခန္ဓာကိုယ်တွင် ထိခိုက်မှု မရှိသော်လည်း
သူမ၏မျက်နှာမှာ ကြောက်စရာကောင်းလောက်အောင် ဖြူဖျော့နေလေသည်။ ကောင်းကျင်းက
ချင်းလင်ကို ကိုယ်ရံတော် တစ်ယောက်ဆီကို လွှဲပေးပြီးနောက် ကျွော့ချင်းထံသို့ ရောက်လာခဲ့သည်။
"ချင်းသခင်မလေး၊ ကျေးဇူးပြုပြီး နန်းတော်ခန်းမထဲကို လိုက်ခဲ့ပေးပါ"
ထိုစကားက
ကျွော့ချင်းကို အံ့အားသင့်သွားစေခဲ့သည်။ ဧကရာဇ်က သူမတို့ကို တယောက်ချင်း ခေါ်တွေ့ချင်နေသည်ဟု
တွေးကာ သူမ ဒေါသထွက်သွားပြန်သည်။
ကျွော့ချင်း
တွေးထားသလိုပင် လို့ရှီးယန် ဘာမှ မပြောနိုင်သေးခင် ကောင်းကျင်းက
"ဝန်ကြီးချုပ်လို့၊ ဧကရာဇ်က ချင်းသခင်မလေးကိုပဲ ဝင်ခွင့်ပြုမယ်လို့ အမိန့်ပေးလိုက်ပါတယ်"
ကျွော့ချင်းကတော့
မျက်မှောင်ကြုတ်နေခဲ့သည်။
သူမကို
တစ်ယောက်တည်း စစ်ဆေးမေးမြန်းရင် သူမက နုံအဟန်ဆောင်လို့ရပေမယ့် အဲ့အရာက နည်းနည်းတော့ ခက်ခဲမယ့်ပုံပေါ်နေတယ်။
လို့ရှီးယန်က
သူမ၏ ပုခုံးကို ပုတ်ကာ သူမကို ပြုံးပြလိုက်ပြီး
အသံတိုးတိုးဖြင့် "သွားလေ၊ ကိုယ် အပြင်မှာ စောင့်နေပေးမယ်"
ကျွော့ချင်း
မော့ကြည့်လိုက်ရာ ကြည်လင်အေးဆေးသော မျက်လုံးများကို တွေ့လိုက်ရသည်။ သူ ပြောလိုက်သည့်စကားများက
ရိုးရိုးသာမာန် ပြောရိုးပြောစဥ်သာ ဖြစ်သော်လည်း
ဘာကြောင့်မှန်းမသိ သူမကို လုံခြုံသွားသည်ဟု
ခံစားရစေသည်။
နောက်ဆုံးတော့
ကောင်းကင်ကိုပဲ ကျေးဇူးတင်လိုက်တော့တယ်၊ ကောင်းကင်က သူမကို ကူးပြောင်းပေးပြီး
သူနဲ့ တွေ့ဆုံခွင့်ပေးခဲ့တယ်လေ...
ဘာပဲဖြစ်ဖြစ် သူမက တစ်စုံတစ်ယောက်ရဲ့
ခန္ဓာကိုယ်ကို အသုံးပြုနေပြီး အချို့အရာတွေကနေ လွတ်မြောက်ဖို့ ကြိုးစားနေတာက မသင့်တော်ဘူးလေ။
ကျွော့ချင်းက
စိတ်သက်သာရာရစွာ ပြုံးလိုက်ပြီး မဆိုင်းမတွပင် နောက်သို့လှည့်ကာ နန်းဆောင်ထဲသို့ ဝင်သွားတော့သည်။ သူမက ရှေ့သို့
ပြတ်ပြတ်သားသား လျှောက်လှမ်းနေသောကြောင့် သူမ လှည့်ထွက်သွားပြီးနောက် လို့ရှီးယန်၏
နူးညံ့သော အပြုံးက သူ့နှုတ်ခမ်းပေါ်တွင် အေးခဲသွားသည်ကို သူမ မြင်လိုက်ရပေ။ သူ့၏
မျက်လုံးများက အနည်းငယ် ကျဉ်းမြောင်းနေကာ ယခုအချိန်တွင် သူ ဘာကို တွေးနေလဲဆိုတာကို
သိနိုင်ရန် ခက်ခဲလှသည်။
ကျွော့ချင်းက
ခန်းမထဲသို့ ဝင်လာခဲ့ပြီး ကောင်းကျင်းက သူမနှင့်အတူ မလိုက်လာဘဲ ခန်းမအပြင်ဘက်တွင်
ရပ်နေကာ တံခါးကို ပိတ်ပေးလိုက်သည်။
ထွက်သွားရန်
မဖြစ်နိုင်တော့သည့် ကျွော့ချင်းကတော့ ရှေ့သို့ ဆက်လျှောက်ရန်မှပါး ရွေးချယ်စရာ မရှိတော့ပေ။
မြေပြင်ပေါ်တွင် ပြန့်ကျဲနေသည့် ကြွေထည်အပိုင်းအစတချို့က အခုနက ရိုက်ချိုးခံထားရပုံပေါ်သည်။ ဤနေရာက ယခုနန်းဆောင်၏ပင်မခန်းမလောက်
မကျယ်ဝန်းသော်လည်း သာမန်အစည်းအဝေးခန်းမများထက် များစွာ ကျယ်ဝန်းနေသေးသည်။ သို့သော်
တစ်ချက်ကြည့်လိုက်ရုံဖြင့် ခန်းမအလယ်တွင်
ရပ်နေသောလူကို မြင်တွေ့နိုင်ဆဲပင်။ သူ၏ရွှေအနက်ရောင်နှင့် ကျောက်စိမ်းသရဖူက
မရှိတော့ပဲ အဝါရောင်တောက်တောက် ၀တ်စုံကိုလည်း လဲလှယ်ထားခဲ့သည်။ ထိုလူက အောက်ခံအနက်ရောင်ပါသော
ဘရိုကိတ်၀တ်စုံကို ၀တ်ဆင်ထားပြီး သူ့မျက်လုံးများက အေးစက်နေကာ သူ့မျက်နှာက
တင်းမာနေသည်။ သူရင်ဘတ်၏အနိမ့်အမြင့်ကြောင့်သာ ယခုအချိန်တွင် သူ၏စိတ်အခြေအနေက
မတည်မငြိမ် ဖြစ်နေကြောင်း သိနိုင်ခြင်း ဖြစ်သည်။ ခန်းမထဲတွင် ထွန်းထားသည့်
ဖယောင်းတိုင်များကလည်း သိပ်ပြီး တောက်ပမနေပြန်ပေ။ ထို့ကြောင့် သူ့အမူအရာကို
ရှင်းရှင်းလင်းလင်း မမြင်နိုင်ပေ။ သို့တိုင်အောင် ကျွော့ချင်းက ထိုလူ၏ခန္ဒာကိုယ်မှ
ဖြာထွက်နေသော ခြိမ်းခြောက်နိုင်သည့် လွှမ်းမိုးမှုများကို နက်နက်နဲနဲ ခံစားနေမိပြီ
ဖြစ်သည်။
ကျွော့ချင်းက
ရှေ့သို့ လှမ်းနေသော ခြေလှမ်းများကို ရပ်တန့်လိုက်ပြီး အပြောင်းအလဲအားလုံးကို
မမြင်သလို သဘောထားကာ ဘာအမူအရာမှ မပြဘဲ အသံတိတ် တုံ့ပြန်ရန် ကြံရွယ်ကာ ခေါင်းကို
အနည်းငယ် ငုံ့ထားလိုက်သည်။
နှစ်ယောက်လုံးက
စကားမပြောသောကြောင့် သူမတို့၏ပတ်ဝန်းကျင်က တိတ်ဆိတ်ငြိမ်သက်နေပြီး ယန်းဟုန်ထျန်းထံမှသာ
အသက်ရှူသံ အနည်းငယ် ကြားနေရသည်။ ကျွော့ချင်းကတော့ ထိုအတိုင်း ခေါင်းငုံ့နေပြီး ဘာမှ
မပြောနေတော့ပေ။
ယန်းဟုန်ထျန်းက
ထိုမျှလောက် စိတ်မရှည်နိုင်သည်ကတော့ စိတ်မကောင်းစရာ ဖြစ်လာခဲ့သည်။
"ခေါင်းကို မော့လိုက်"
ခပ်တိုးတိုး
ဟိန်းဟောက်သံ တစ်ခုကြားလိုက်ရပြီး တပြိုင်နက်တည်းမှာပင် ကျွော့ချင်းက သူမ၏မေးရိုးဆီမှ
နာကျင်မှုကို ခံစားလိုက်ရသည်။ လက်ကြီးကြီးတစ်ခုက သူမ၏မေးစေ့ကို တင်းကျပ်စွာ
ဆုပ်ကိုင်ထားပြီး ကရုဏာမထားဘဲ သူမမျက်နှာကို ဆွဲမော့လိုက်သည်။
"တခြားတစ်ယောက်ကို
နန်းတွင်းထဲ ဝင်ခိုင်းလိုက်တာနဲ့ ကျန်း(ငါကိုယ်တော်)ကို ရှောင်နိုင်မယ်လို့
မင်း ထင်နေတာလား? ဒီတစ်သက်မှာ မင်းက ကျန်းရဲ့မိန်းမပဲ
ဖြစ်ရမယ်လို့ လွန်ခဲ့တဲ့ သုံးနှစ်ထဲက ကျန်း ပြောခဲ့ပြီးသား၊ မင်း
မလွတ်မြောက်နိုင်ဘူး”
နက်နဲသောအသံက
ကျယ်လောင်ခြင်းမရှိသော်လည်း နားထောင်သူ၏နှလုံးကို တုန်လှုပ်သွားစေရန် လုံလောက်နေလေသည်။
သူ့မျက်လုံးများမှ ပြင်းထန်သော ဂနာမငြိမ်မှုများက ကျွော့ချင်း၏နှလုံးသားကို အနည်းငယ်
တုန်ခါသွားစေခဲ့သည်။ ဤလူက ရန်လိုပြီး ပိုင်စုးပိုင်နင်းဆန်လွန်းလှသည်။ သူမ၏မေးရိုးက
နာကျင်နေသော်လည်း ကျွော့ချင်းက ငြိမ်သက်နေဆဲ ဖြစ်သည်။
ဘာတွေဖြစ်နေမှန်း
မသိခင်မှာ တိတ်တိတ်နေလိုက်တာက ပိုကောင်းတာပေါ့၊ သူက အင်အားအများကြီးမသုံးဘဲ သူမကရဲ့လည်ပင်းကို
ညှစ်သတ်နိုင်တယ်လေ။
ကျွော့ချင်း၏တိတ်ဆိတ်မှုက
ယန်းဟုန်ထျန်းကို ပိုပြီး ဒေါသထွက်စေခဲ့သည်။ "ဘာလဲ? မင်း အခုန နန်းတော်ခန်းမမှာတုန်းက
အရမ်း စကားကြွယ်နေပြီး မယဉ်ကျေးနေဘူး မဟုတ်လား? အခု ဆွံ့အသွားပြီလား"
ဒေါသကြောင့်
ယန်းဟုန်ထျန်း၏ လက်များက တဖြည်းဖြည်း ပိုမို တင်းကျပ်လာသည်ကို ခံစားလိုက်ရသောကြောင့်
ကျွော့ချင်းက သတိကြီးကြီးဖြင့် ပြန်ပြောလိုက်သည်။
"ချင်းဖုန့်မှာ
ပြောစရာ မရှိပါဘူး။ ချင်းဖုန့်က ဧကရာဇ်မင်းမြတ်ရဲ့ ချီးမြှင့်မှုကြောင့်
ဝန်ကြီးချုပ်ရဲ့ အိမ်တော်ထဲကို ဝင်လိုက်ရတာပါ"
"ကောင်းတယ်... အရမ်းကောင်းတယ်!"
ကျွော့ချင်း၏စကားဆုံးသွားသည်နှင့် ယန်းဟုန်ထျန်း၏ဒေါသများက
ပိုမို တောက်လောင်လာပြီး အံကြိတ်သံများနှင့်အတူ "ဟုတ်တယ်၊ ကျန်းက
ချင်းဖုန့်ကို ဝန်ကြီးချုပ်အိမ်တော်ကို
သွားဖို့ ခွင့်ပြုခဲ့တယ်၊ ဒါပေမယ့် မင်း... ချင်းလင်ကို မဟုတ်ဘူး"
ချင်းလင်?!!
ကျွော့ချင်းက
သူမ၏ မေးရိုးမှ နာကျင်မှုကို မသိနိုင်တော့လောက်အောင် အံ့အားသင့်သွားခဲ့သည်။
သူမက ချင်းလင်လား???
မဖြစ်နိုင်ဘူးမလား?!
ကျွော့ချင်း၏
စိတ်ထဲတွင် ရုတ်တရက် ချင်းလင်၏ ရှုပ်ထွေးသော မျက်လုံးများ ပေါ်လာသည်။
သူမသာ ချင်းလင်ဖြစ်နေရင်
အခုန အဲ့မိန်းကလေးက ချင်းဖုန့်ဖြစ်နိုင်တယ်လေ?
ယန်းဟုန်ထျန်း
သူမကို မြင်တာနဲ့ အရမ်းထူးဆန်းနေတာ အံ့ဩစရာ မဟုတ်တော့ဘူး။ သူက တစ်ချိန်လုံး မမှားခဲ့ဘဲ
သူ လိုချင်တဲ့သူက ချင်းလင်ပဲ။
ဘုရားသခင်! ငါ
တကယ်ကို မူးလဲချင်လာပြီလို့! မဟုတ်သေးဘူး စိတ်အေးအေးထား! စိတ်ကို အေးအေးထား!
သူ့ရှေ့မှ
အေးခဲနေသော အမျိုးသမီးကို စိုက်ကြည့်ရင်း ယန်းဟုန်ထျန်းက ရုတ်တရက်
လှောင်ပြောင်လိုက်သည်။
"ကျန်း
မင်းကို မတွေ့ရတာ သုံးနှစ်လောက်ရှိပြီ၊
ဒါပေမယ့် မင်းက မမျှော်လင့်ပဲ တကယ်ကို အစွမ်းထက်တဲ့လူ ဖြစ်လာတာပဲ၊ မင်းညီမကို
မင်းကိုယ်စား နန်းတော်ထဲဝင်ဖို့ စည်းရုံးနိုင်တယ်၊ ပြီးတော့
ဒီလိုအချိန်တိုလေးအတွင်းမှာ ရှီးယန်ကို စိတ်ရှုပ်ထွေးစေပြီး အမှုကို ဖြေရှင်းဖို့
အလောင်းကို ခွဲစိပ်စစ်ဆေးနိုင်တယ်၊ တကယ့်ကို အံ့သြစရာကောင်းပါပေတယ်”
ကျွော့ချင်းက အသက်ကို ပြင်းပြင်းရှူကာ
ငြိမ်သက်သွားပြီး "ရှင် လူမှားနေတာ၊ ကျွန်မက ချင်းလင် မဟုတ်ဘူး၊
ချင်းဖုန့်..."
အရာအားလုံးက
သူ့စကားတွေပဲလေ...သူ့ဘာသာ တစ်ဖက်သတ်ပြောနေတာ။ သူမက ချင်းလင်ဆိုတာ သက်သေမပြနိုင်ရင်
ဘယ်လိုလုပ်မလဲ?!
သူမက ဝန်မခံဘူးပေါ့...
ကောင်းပြီလေ.. အဲ့တာဆိုရင် သူ့ကို အပြစ်မတင်နဲ့တော့....
✍️✍️✍️