Chapter 48
Viewers 5k

အခန်း ၄၈ လူသတ်သမားက မင်းပဲ (အပိုင်း ၁)

  အေးစက်စက် အမျိုးသမီးအသံက သူ့စကားကို နှောင့်ယှက်လိုက်သောကြောင့် ယန်းဟုန်ထျန်း၏မျက်နှာကြီး မည်းမှောင်သွားခဲ့သည်။ 

 သူမက သူ့ကို တကယ်ပဲ ဆန့်ကျင်ချင်နေတာလား? အခုန သူမကိုယ်တိုင် ရှရွှင်းစစ်က တရားခံ ဖြစ်နိုင်တယ်လို့ ရှင်းရှင်းလင်းလင်း ကောက်ချက်ချခဲ့ပြီး အခု သူမက ရှရွှင်းစစ်က လူသတ်သမားမဖြစ်နိုင်ဘူး ပြောနေပြန်ပြီ။

ကျွော့ချင်း ထိုသို့ပြောလိုက်ချိန်တွက် သူမထံတွင် အကြောင်းပြချက်ရှိနိုင်မည်ဟု   ရှန်ယုလန်က ယုံကြည်ထားခဲ့သော်လည်း ဧကရာဇ်၏မျက်နှာပေါ်မှ မကျေနပ်မှုများကို မြင်လိုက်ရသောကြောင့် ရှန်ယုလန်က ချက်ချင်း လှမ်းမေးလိုက်သည်။

"သေဆုံးသူက ဦးခေါင်းနောက်ဘက်မှာ အပ်တစ်ချောင်း ထိုးသွင်းခံလိုက်ရပြီး သေဆုံးသွားတဲ့အတွက် မင်းသမီးအနားကို နောက်ဆုံးချဥ်းကပ်ခဲ့တဲ့သူက တတိယမင်းသားလေ၊ သူက ဘာလို့ ပြစ်မှုကျူးလွန်နိုင်ခြေ အနည်းဆုံးလူ ဖြစ်သွားတာလဲ?”

 ကျွော့ချင်းက ပိတ်ကျဲစကန့်လန့်ကာကို ရုတ်သိမ်းလိုက်ပြီး ကြွေပန်းကန်ပြားတစ်ချပ်ကို ကိုင်ကာ ထွက်လာနေရင်းမှ သူမလက်ထဲမှ ပစ္စည်းကို ရှန်ယုလန်အား လှမ်းပေးလိုက်သည်။ ထို့နောက် သူမက "ကျွန်မ ဦးခေါင်းကဒဏ်ရာကို ပြန်ချုပ်နေတဲ့အချိန်မှာ ဒါကို တွေ့မိလို့ပဲ"

ဦးခေါင်း အနောက်ဘက်တွင် ရှိနေသည့် ဒဏ်ရာက ၎င်းထဲသို့ အပ်တစ်ချောင်းကို တိုက်ရိုက်ထိုးသွင်းခြင်းကြောင့် ဖြစ်လာရခြင်းဖြစ်သည်ဟု ယူဆခဲ့သော်လည်း ထိုသို့ဖြစ်မလာခဲ့ပေ။

  "ဒါက..." ရှန်ယုလန်က ကြွေပန်းကန်ပြားကို ကြည့်လိုက်ချိန်တွင် ကြွေပန်းကန်ပြားပေါ်၌ ဆံပင်ထက် အနည်းငယ်ပိုထူပြီး တစ်လက်မခန့်အရှည်ရှိသော အနက်ရောင်အချောင်းလေးတစ်ခုကို တွေ့လိုက်ရသည်။ ရှန်ယုလန်က အချိန်အတော်ကြာအောင် သေချာစွာ ကြည့်ရှု့ပြီးနောက် မဝံ့မရဲ ပြောလာခဲ့သည်။ "ဒါက ငွေအပ် မဟုတ်လား?"

  ရှရွှင်းစစ်ကလည်း စူးစူးဝါးဝါး လှမ်းကြည့်လိုက်သည်။ ထိုအရာက ညစ်ညမ်းနေသော ငွေအပ်တစ်ချောင်း ဖြစ်နေပုံရသည်။

  ကျွော့ချင်းက ခေါင်းညိတ်ပြလိုက်ပြီး "ရှင်တို့ထဲမှာ ဘယ်သူက ဒီလို ပါးလွှာတဲ့ ငွေရောင် အပ်တစ်ချောင်းကို သေသူရဲ့ ဦးခေါင်းခွံကို မထိခိုက်စေဘဲ ဒီလောက် အနီးကပ် အကွာအဝေးကနေ သေသူရဲ့ ဦးခေါင်းနောက်ကို စိုက်အောင် ပစ်နိုင်တဲ့ အရည်အချင်းရှိလဲ?"

  ခန်းမတစ်ပတ်ပြည့်အောင် လှည့်ပတ်ကြည့်ရှုပြီးနောက် ကျွော့ချင်းက သူ့ထက်မြင့်သော ကိုယ်ခံပညာစွမ်းရည်ရှိသည့် လူတစ်ယောက်မျှ မရှိသင့်ဟု ယူဆနိုင်သော စုလင်းကို စူးစူးစိုက်စိုက် ကြည့်နေခဲ့သည်။

  ရှန်ယုလန်က စုလင်းထံ ငွေအပ်ထည့်ထားသော ပန်းကန်ပြားကို ယူလာပေးသည်။ စုလင်းက မျက်မှောင်ကြုတ်ကာ ပွင့်ပွင့်လင်းလင်း ပြန်ဖြေလိုက်သည်။

 “ငါ မလုပ်နိုင်ဘူး”  

  ကျွော့ချင်းက ပခုံးတွန့်ပြလိုက်သည်။

စစ်သူကြီးစုတောင် မစွမ်းဆောင်နိုင်လျှင် ရှရွှင်းစစ်အတွက် ပိုပြီး‌တော့ မဖြစ်နိုင်ကြောင်း သေချာသွားပြီ။ သူမ ရှင်းပြနေစရာ မလိုတော့ဘူး။ သူက မင်းသမီးလေးကို လျှို့ဝှက်လက်နက်နဲ့ နာကျင်စေခဲ့မယ်ဆိုရင် သူ အမြန်ပြေးဖို့ မလိုအပ်ဘူး၊ သူ ပြေးလာခဲ့ရင် သံသယတွေကို ဆွဲဆောင်သလို ဖြစ်သွားနိုင်တယ်။ ဘာကြောင့်လဲဆိုတော့ ရှယွင်ယွင်က အဆိပ်ပြင်းတဲ့ အပ်တစ်ချောင်းနဲ့ ထိုးစိုက်ခံရပြီးနောက် ကျိန်းသေ သေရတော့မှာလေ။

သူမ၏ယုံကြည်မှုက လွန်ကဲနေသောကြောင့် ယန်းဟုန်ထျန်းက အသံမာမာဖြင့် ပြန်မေးလိုက်သည်။

"ဒါဆို လူသတ်သမားက ဘယ်သူလဲဆိုတာ မင်း သိလား"

    "မသိဘူး"

ကျွော့ချင်းက ခပ်မြန်မြန် ပြန်ဖြေလိုက်သည်။

"ကျွန်မ လုပ်နိုင်တာက အလောင်းစစ်ဆေးတာပဲ။ အမှုကိစ္စတွေကို မဖြေရှင်း တက်ဘူး၊ နောက်တဆင့်က သူ့အလုပ်ပဲ"

 သူမက မှုခင်းဆရာဝန်တစ်ဦးဖြစ်ပြီး သူမက သူမကိုယ်သူမ အလုံးစုံပြည့်စုံသော တန်ခိုးရှင်ဟု ဘယ်သောအခါမှ မတွေးခဲ့ပေ။

အရေးအပါဆုံး စစ်သူကြီးကတောင် သူ မလုပ်နိုင်တာကို သူ မလုပ်နိုင်ဘူးလို့ အေးအေးဆေးဆေး ဝန်ခံခဲ့တယ်လေ၊ ဒါကြောင့် သူမ မလုပ်နိုင်တာ ဘာဖြစ်မှာလဲ?

  ကျွော့ချင်းက လို့ရှီးယန်၏အနောက်ဘက်ရှိ စားပွဲရှည်ဆီသို့ ပြန်ဆုတ်သွားပြီး ခဏလောက်ထိုင်ကာ အနားယူချင်ခဲ့သော်လည်း မကျေမနပ်ဖြစ်နေသည့် စူးရှသောအကြည့်များက သူမကို အနီးကပ် စိုက်ကြည့်နေသည်။ အေးစက်မှုတစ်ခုက ကျွော့ချင်း၏ကျောရိုးပေါ်သို့ ပြေးဆင်းလာခဲ့သည်။

သူမနောက်မှာ အခြားတစ်ယောက်ရှိနေတာကို သူမ မေ့သွားတယ်၊ မင်းသမီး!

       ကျွော့ချင်းက စိတ်ပျက်လက်ပျက်ဖြင့် သူမ၏နေရာဟောင်းသို့ ပြန်လာခဲ့ပြီး မော့ပိုင်ဘေးနားတွင် ရပ်နေလိုက်သည်။ ကျွော့ချင်းက ခန်းမအတွင်းရှိ လူအုပ်စုကို ဂရုမစိုက်တော့ဘဲ သူမအနောက်မှ တိုင်ကို မှီကာ မှိန်းနေရင်း  သူမခြေထောက်နှစ်ဖက်ကို နှိပ်နယ်နေခဲ့သည်။ ခန်းမထဲမှ လူများကတော့ သူမကို ကြည့်ကာ မှင်သက်မဆုံး ရှိနေကြဆဲပင်။

  လို့ရှီးယန်က ခေါင်းခါပြီး ရယ်မောလိုက်သည်။

သူမရဲ့ပေါ့ပေါ့ပါးပါး အပြုအမူက အခြားသူတွေရဲ့အမြင်မှာ မောက်မာတယ်လို့ ထင်သွားစေနေနိုင်တာကို သူမ မသိဘူးလား?! 

လို့ရှီးယန်က ပေါ့ပေါ့ပါးပါး ပြုံးလိုက်ပြီး ချောင်းနည်းနည်း ဟန့်လိုက်ကာ "လူသတ်သမားကို ရှာတွေ့ဖို့က မခက်ပါဘူး၊ ရှန်လူကြီးမင်းက  လူသတ်သမားက ဘယ်သူလဲဆိုတာ သိထားပြီးသားပါ"

          ထိုဝါကျက ရှန်ယုလန်ကို လူတိုင်း၏အာရုံစိုက်မှုဆီကို အောင်မြင်စွာ တွန်းပို့နိုင်ခဲ့သည်။

  ဒီယောက်ျားက တကယ်ကို အငြိုးကြီးပြီး ရက်စက်လွန်းတယ်။ သူ့မိန်းမကို အာရုံစိုက်နေကြတာကြောင့် သူ့ကို ထိုးချလိုက်တာ မဟုတ်ဘူးလား? 

ရှန်ယုလန်က အံကြိတ်ကာ "ဝန်ကြီးချုပ်လို့က သူ့လက်အောက်ငယ်သားတွေကို တကယ်ကို ကြည့်နေတာပါပဲ"

  ကံကောင်းထောက်မစွာဖြင့် သူ့စိတ်ထဲတွင် သံသယအတွေးတစ်ခု အမှန်တကယ် ရှိနေခဲ့သည်။ ရှန်ယုလန်က ကြွေပန်းကန်ပြားကို သူ့လက်ထဲတွင် ကိုင်ထားရင်း စူးရှသည့်မျက်လုံးတစ်စုံဖြင့် လူအုပ်ကို တစ်ချက်ကြည့်လိုက်ပြီးချိန်မှ ခန်းမထဲတွင် ပြတ်သားသည့် အသံထွက်ပေါ်လာပြန်သည်။

“ဒီလို ပါးလွှာတဲ့ ငွေအပ်တစ်ချောင်းနဲ့ နန်းတွင်းရဲ့ အရပ်ဘက်နဲ့ စစ်ဘက်အရာရှိတွေရဲ့ ရှေ့မှောက်မှာ  မင်းသမီးကို မျက်နှာချင်းဆိုင် ပစ်သတ်လိုက်တယ်၊ လူသတ်သမားက သူ့လက်ထဲမှာ ဝှက်ထားတဲ့ လက်နက်တစ်ခု ရှိရမယ်၊ ပြီးတော့ သူက ပင်မခန်းမရဲ့ အထက်မှာ ရှိနေရမယ်"

နောက်ဆုံးတော့ အဲ့တာက ဘယ်သူလဲ???

  ဤသည်မှာ လူတိုင်း၏ စိတ်ထဲမှ တူညီသော မေးခွန်းတစ်ခု ဖြစ်သည်။ ဆွေးနွေးမှုကြောင့် ကျယ်လောင်လှသော အသံများက ရာနှင့်ချီသော ခြင်များ ဝိုင်းအော်နေသကဲ့သို့ ဖြစ်လာပြန်သည်။ ၎င်းက လူများကို စိတ်အနှောက်အယှက် ဖြစ်စေပြီး သူတို့ ပြောနေသည့်စကားများကိုလည်း ရှင်းရှင်းလင်းလင်း မကြားရတော့ပေ။

  ရှန်ယုလန်က ဟူရှီအန်းဆီကို လျှောက်သွားလိုက်ပြီး " မင်းသမီးလေး သောက်တဲ့ သေရည်က အဆိပ်မရှိဘူး။ မင်းသမီးလေး မသေခင်တုန်းက မင်းသမီးက ခွက်ကို ချလိုက်တာနဲ့ စစ်သူကြီးဟူက ဘာလို့ သေရည်ခွက်ကို ထိလိုက်တာလဲ? အဲ့တာကို ရှင်းပြနိုင်မလား? သေရည်က မင်းလက်ထဲမှာ အဆိပ်ဖြစ်သွားတယ်၊ ဘာလို့ အဲ့လို အဆိပ်သင့်သွားတာလဲ"

  "ဒါက ဘာကိုဆိုလိုတာလဲ!?" ဟူရှီအန်းက ရှန်ယုလန်ကို ကြည့်ရင်း သူ့ရင်ခုန်သံများက မိုးခြိမ်းသံကဲ့သို့ ဖြစ်လာပြီး "သေရည်က ဘာလို့ အဆိပ်သင့်နေသလဲဆိုတာ ငါက ဘယ်လိုသိနိုင်မှာလဲ? လူသတ်သမားက မင်းသမီးလေးကို လေထဲမှာ သတ်နိုင်တာကြောင့် မင်းသမီးလေးက အဆိပ်ပြင်းတဲ့ သေရည်ကို သောက်ပြီး သေသွားတယ်လို့ ထင်ယောင်ထင်မှား ဖြစ်စေခဲ့တယ်၊ ငါက မင်းသမီးလေး သေဆုံးရတဲ့ အကြောင်းရင်းကို သိဖို့ စိတ်လောကြီးနေဖို့ သေရည်ခွက်ကို ကိုင်လိုက်မိတယ်၊ အဲ့တာကြောင့်  ငါက လူသတ်သမားလို့ မင်း ထင်နေတာလား? ကလေးဆန်လွန်းတယ်!"

  "စစ်သူကြီးဟူ ပြောတာက ကျိုးကြောင်းဆီလျော်ပါတယ်၊ ဒီလို စီရင်ချက်ချတာက တကယ်ကလေးဆန်တယ်"

ရှန်ယုလန်က စိတ်ရှုပ်ထွေးဟန်ဆောင်နေကာ ဟူရှီအန်း၏လက်ကောက်ဝတ်ကို ကြည့်လိုက်ပြီး "ဒါဆို စစ်သူကြီးဟူက  တစ်ခုလောက် ပြောပြနိုင်မလား? စစ်သူကြီးရဲ့ လက်ကောက်ဝတ်မှာ အမြဲဆောင်ထားတဲ့ ပစ္စည်းက ဘယ်ရောက်သွားလဲဆိုတာ ပြောပြလို့ရမလား?"

ဟူရှီအန်းတွင် ရှိနေသော လက်ကောက်က အလွန်ထူးခြားနေပြီး သူက ထိုအရာကို အစကတည်းက သတိပြုမိသော်လည်း ငွေအပ်ကို တွေ့ရှိပြီးနောက် ထိုအရာက အကြောင်းပြချက်မရှိဘဲ ပျောက်ကွယ်သွားခဲ့သည်။

ဒါက မထူးဆန်းဘူးလား?!

       ရှန်ယုလန်က ဟူရှီအန်းကို  သိသာထင်ရှားစွာ သံသယဖြစ်နေကြောင်း  နားလည်နေသည့်တိုင် ရှရွှင်းစစ်က အသံမထွက်လာသေးပေ။ သူက ဘာမှမပြောဘဲ ဟူရှီအန်းကို မော့ကြည့်နေကာ သူ့အမူအရာက မည်းမှောင်နေလေသည်။

  ခဏအကြာတွင် ဟူရှီအန်းက သူ့ခါးပေါ်ရှိ အိတ်ထဲမှ အဖိုးတန်ကျောက်မျက်ရတနာများ ပါဝင်သည့် အနံတစ်လက်မကျော်ရှိသော လက်ကောက်တစ်ဖက်ကို ထုတ်ယူကာ “ဒါက ငါ့အမေ ချန်ထားခဲ့တဲ့ ရတနာတစ်ခုပါ၊ ဒါပေမယ့် ဒါက သာမန်လက်ကောက်တစ်ခုပဲ။ ငါတို့ မြောက်ပိုင်းချီမှာ လက်ကောက်က အမျိုးသားတွေရဲ့ ချမ်းသာမှုနဲ့ အဆင့်အတန်းကို ပြတဲ့သင်္ကေတတွေပဲ။ တတိယမင်းသား လက်ထဲမှာလည်း လက်ကောက်တစ်ခုရှိတယ်။ အဲဒါက ဘာဆန်းလို့လဲ? ငါက လက်ကောက်ကို ပိုက်ဆံအိတ်ထဲ ထည့်သိမ်းထားလိုက်ရုံလေးပဲ၊ တခြားဘာမှ မရှိဘူး"

  ကျွော့ချင်းက သူမမျက်ခုံးလေးကို အနည်းငယ် ပင့်တင်လိုက်သည်။

ဒီလူက မရိုးရှင်းဘူး။ သူက အခုန ခန်းမကြီးထဲမှာ မဆင်မခြင် ပြုမူတက်တဲ့ လူတစ်ဦးလို ပြုမူခဲ့ပေမယ့် အခုတော့ သူက အရမ်းတည်ငြိမ်နေပုံရတယ်။

  သူသာ တကယ်ရိုးရှင်းခဲ့ရင် သူ ဘာလို့ လက်ကောက်ကို ဖွက်လိုက်ရတာလဲ? 

ရှန်ယုလန်က "မင်း ငါ့ကို ခနပေးနိုင်မလား?"

  "ရတယ်... ယူလိုက်" ဟူရှီအန်းက သူ့လက်ထဲမှ ပစ္စည်းကို ရှန်ယုလန်ထံ အပ်လိုက်ကာ ငြိမ်သက်နေပြီး ဘာမှမထူးခြားပေ။

       ရှန်ယုလန်က လက်ကောက်ကို ကောက်ကိုင်လိုက်ပြီး သေသေချာချာ ကြည့်လိုက်ရာ လက်ကောက်က အရမ်းအနုပညာဆန်ပြီး အတွင်းအပြင် ကွက်လပ်လေးများ ရှိနေလေသည်။ လက်ကောက်က နည်းနည်းထူပြီး လေးလွန်းသည်ဟု ခံစားရသောကြောင့် လျှို့ဝှက်လက်နက်အနေဖြင့် သုံးရန်က မဖြစ်နိုင်ပေ။ သူက လက်ကောက်၏ပတ်ပတ်လည်ကို ညင်ညင်သာသာ လိုက်နှိပ်ကြည့်နေပြီး ကျောက်မျက်ရတနာလေးများကို တွန်းထုတ်ရန် ကြိုးစားခဲ့သော်လည်း ထိုအရာလေးများကို သေသေချာချာ မြုပ်နှံထားသောကြောင့် လှုပ်ရှားလာခြင်း မရှိပေ။ သိသာထင်ရှားသည့် အချွန်အတက်များနှင့် ခလုပ်များကိုလည်း မတွေ့ရပေ။

  ဟူရှီအန်းက အေးစက်သည့်မျက်နှာဖြင့် "မင်း ကြည့်ပြီးပြီဆိုရင် ငါ့ကို ပြန်ပေးပါ"

  တကယ်ပဲ သူ မဟုတ်ဘူးလား? 

ရှန်ယုလန်က လေးလေးနက်နက် တွေးတောနေခဲ့သည်။

ခန်းမရဲ့ဒုတိယထပ်မှာ လူ အများကြီး မရှိတာကြောင့် သေရည်ခွက်နဲ့ နီးတဲ့နေရာကို ကပ်နိုင်တဲ့သူက အနည်းငယ်ပဲ ရှိတယ်။ အဲ့ဒါကြောင့် ဟူရှီအန်းက သေရည်ခွက်ကို ကောက်ယူပြီး အဆိပ်ထည့်ဖို့ အခွင့်ကောင်းယူခဲ့တာ ဖြစ်နိုင်ချေ အများဆုံးပဲ။

  ဒါပေမယ့် သူ ဘာကို လျှို့ဝှက်လက်နက်အဖြစ် အတိအကျ အသုံးပြုခဲ့တာလဲ? လက်ကောက်က လျှို့ဝှက်လက်နက်ဆိုရင် အဲ့တာကို သူ  ဘယ်လို သက်သေပြရမလဲ???

  တကယ်ပဲ နည်းလမ်း မရှိတော့ဘူးလား???!

✍️✍️✍️