အခန်း ၄၅ အလောင်းမှ သဲလွန်စများ
"ခဏနေပါဦး"
အေးစက်စက် အမျိုးသမီးအသံက ထပ်မံ ထွက်ပေါ်လာပြန်သည်။
ကျွော့ချင်း၏ မျက်လုံးများထဲမှာ အလင်းရောင်လေးများ တောက်ပနေပြီး သူမက သေဆုံးသူ၏ဦးခေါင်းနောက်ဖက်မှ
ဆံပင်များကို ဂရုတစိုက် ဖယ်ကြည့်လိုက်ကာ တည်ငြိမ်အေးဆေးစွာ ဆက်ပြောနေခဲ့သည်။
"သေဆုံးသူရဲ့ ဦးခေါင်းနောက်ဘက်က နောက်စေ့အထက်
တစ်လက်မနေရာမှာ ဒဏ်ရာတစ်ခု ရှိနေတယ်။ ဒဏ်ရာအစွန်းတွေက သေးငယ်တဲ့ အပ်နဲ့ ထိုးထားသလိုမျိုး
သပ်သပ်ရပ်ရပ်ဖြစ်နေပြီး ဒဏ်ရာ ပတ်ပတ်လည်က ဦးရေပြားက ညိုပြာရောင်ဖြစ်နေတယ်။ နှိပ်ကြည့်လိုက်တော့
အနက်ရောင် အမဲစက်အနည်းငယ်နဲ့ သွေးတွေ ပြည့်လျှံနေတာကို တွေ့ရတယ်”
ဦးခေါင်းရဲ့
အနောက်ဘက်မှာ ဘာလို့ အပေါက်ရှိနေတာလဲ?
ပင်မခန်းမတွင်
ဆွေးနွေးမှုများစွာ ရှိနေခဲ့သော်လည်း ကန့်လန့်ကာအနီးတွင် ရပ်နေသော လူအနည်းငယ်ကတော့
ငြိမ်သက်စွာ တွေးဆနေကြသည်။
ရှန်ယုလန်ကတော့
အရမ်းကို စူးစမ်းချင်စိတ်များ ပေါက်ဖွားနေတော့သည်။
သူမ ဒါတွေကို
ဘယ်ကနေ သင်ယူခဲ့တာလဲ? သူမရဲ့ အလောင်းစစ်ဆေးခြင်း
အဆင့်တွေ၊ အလောင်းရဲ့ လက္ခဏာများကို ဖော်ပြချက်တွေနဲ့ သူမရဲ့စစ်ဆေးမှု အသေးစိတ်အချက်အလက်တွေကို ကြည့်ရင် သူမက ဘယ်ထူးချွန်တဲ့ ပညာသင်ထက်မဆို မနိမ့်ကျလောက်ဘူး။
ယန်းဟုန်ထျန်းလည်း
အံ့သြနေခဲ့သည်။
အေးဆေးတည်ငြိမ်ပြီး
အာရုံစူးစိုက်မှုအပြည့်နဲ့ အလောင်းကို
မျက်နှာမူထားတဲ့ မိန်းခလေးက အမှန်တကယ်ကို သူ သိခဲ့တဲ့ လှပတဲ့ မိန်းမပျိုလေး
ဟုတ်ရဲ့လား?! သူ လူ မှားနေတာလား?! မဟုတ်ဘူး၊ ဒါက
မဖြစ်နိုင်ဘူး! နှစ်တွေကြာလာတာနဲ့အမျှ
သူမရဲ့ အသွင်အပြင်က သူ့စိတ်ထဲမှာ မကြာခဏ ရှိနေခဲ့တာကြောင့် သူ လူမှား
မှတ်ထားတာမျိုး မဖြစ်နိုင်ဘူး! သူ့ရှေ့ကလူက အရမ်းထူးဆန်းနေပေမယ့် အရင်ကလို
ဆွဲဆောင်မှုအပြည့်နဲ့ ချစ်စရာကောင်းနေသေးတယ်!
ဆိုတော့ သူမမှာ မျက်နှာ
ဘယ်နှစ်ခု ရှိနေတာလဲ!
ယန်းဟုန်ထျန်းထက်
ပို၍ စိတ်ရှုပ်ထွေးနေသည့်သူ နောက်တစ်ယောက် ရှိနေခဲ့ပြီး ထိုလူက ချင်းလင် ဖြစ်သည်။
သူမတို့ သုံးယောက်က
အတူတူ ကြီးပြင်းလာကြပြီး ကဗျာတွေ ပန်းချီတွေကို အတူတူ သင်ယူ ရွတ်ဆို ရေးဖွဲ့ခဲ့ကြပေမယ့်
သူမတို့က အလောင်းတွေကို ခွဲစိပ်မှု ဘယ်လိုလုပ်ရမယ်ဆိုတာကို ဘယ်တုန်းကမှ မသိခဲ့ဘူးလေ။ အခုဟာက အဓိပ္ပါယ်ရှိလို့လား? ဘာတွေဖြစ်နေတာလဲ? !
လို့ရှီးယန်က
ကန့်လန့်ကာ အပြင်ဘက်တွင် တိတ်တိတ်ဆိတ်ဆိတ် ရပ်နေဆဲဖြစ်သည်။ သို့သော်လည်း သူ့စိတ်များက
ကျွော့ချင်းထံတွင် မရှိဘဲ ယနေ့ ပုံမှန်မဟုတ်သည့်ပုံစံပေါ်နေသော ယန်းဟုန်ထျန်းအပေါ်မှာတွင်
ရှိနေခဲ့သည်။ သူ့မျက်လုံးများထဲတွင်လည်း ရှုပ်ထွေးနက်နဲနေသည့် စိတ်ခံစားမှု
အများအပြား ရှိနေခဲ့သည်။ ထိုအရာက လို့ရှီးယန်အတွက် ဆိုးရွားသည့်
ကြိုတင်သတိပေးချက်တစ်ခု ဖြစ်နေခဲ့သည်။
ချင်းညီအစ်မတွေနဲ့
ပတ်သတ်ပြီး ဖုံးကွယ်ထားရတဲ့ အကြောင်းအရာတွေ....????? ရှိနေသေးတာလား????
ယန်းရူရွှယ်ကလည်း
ကန့်လန့်ကာထဲမှ အမျိုးသမီးကို မမှိတ်မသုန် စိုက်ကြည့်နေပြီး သူမစကတ်၏ချည်သားအစကို
လက်နှစ်ဖက်ဖြင့် စုတ်ချေနေကာ သူမ၏နှလုံးသားက တုန်ယင်နေလေသည်။ ထိုအရာက ကြောက်စိတ်ကြောင့်လား
ဝမ်းနည်းခြင်းကြောင့်လားပင် သူမကိုယ်တိုင်လည်း မသိတော့ပေ။
အစ်ကိုယန်က
အလောင်းတွေနဲ့ ရင်းနှီးနေတဲ့ အမျိုးသမီးကို ဘာလို့ နှစ်သက်ရတာလဲ? ဘာကြောင့် သူမကို မရွေးချယ်တာလဲ?
သူမက သတ္တိမရှိလို့လား?! ဘာကြောင့်လဲ???
နောက်ဆုံးတွင်
စုလင်းတောင်မှ သူ့၏အရက်ခွက်ကို ပြန်ချလိုက်ပြီး သူ့အတွေးထဲသို့
နှစ်ဝင်သွားတော့သည်။
ဒီအမျိုးသမီးက
ချင်းဖုန့်ဖြစ်နိုင်တယ်။
စိတ်ဝင်စားစရာပဲ! ချင်းမိသားစုက တစ်ယောက်က
ဧကရာဇ်ကို လုပ်ကြံသတ်ဖြတ်ဖို့ ကြိုးစားတယ်၊ ပြီးတော့ လူတွေရှေ့မှာတောင် ထက်မြက်တဲ့
စကားလုံးတွေကို ပြတ်ပြတ်သားသား ပြောရဲသေးတယ်၊ နောက်တစ်ယောက်ကတော့ အလောင်းကို
အေးအေးဆေးဆေးနဲ့ ကျွမ်းကျွမ်းကျင်ကျင် စစ်ဆေးနိုင်တယ်...
သူက သူ အိမ်သို့
ပြန်ရောက်ပြီးနောက် တစ်ကြိမ်သာဆုံဖူးခဲ့သည့် ချင်းမိသားစုမှ ကလေးမလေးကို ပြန်တွေးမိကာ
အနည်းငယ် စိတ်ဝင်စားလာတော့သည်။
( Spoil from me: တစ်ခါဘဲ တွေ့ဖူးသေးတာပေါ့နော်၊ နောက်တစ်ခါတွေ့ရင် ဓားနဲ့အခုတ်မခံရဖို့
ဆုတောင်းနော် အကိုကြီး၊ ဒါပေမယ့် အဲ့ဆုတောင်းက မပြည့်လောက်ဘူးရယ်)
"ငွေအပ်" ဟု ပြောလိုက်သည့်
အေးစက်စက်အမျိုးသမီးအသံက လူတိုင်းကို သူတို့၏အသိအာရုံများဆီ တစ်ဖန်ပြန်ရောက်လာအောင်
အောင်မြင်စွာ ဆွဲခေါ်နိုင်ခဲ့သည်။
အထည်စကို
ကိုင်ဆောင်ထားသော နန်းတွင်းအစေခံတစ်ဦးက ပိတ်စ ကန့်လန့်ကာကို
ဖြတ်ကျော်သွားပြီး သူမလက်ထဲတွင်ရှိနေသော အရာများကို ကျွော့ချင်းအား ပေးအပ်လိုက်သည်။
ကျွော့ချင်းက
ရှည်လျားသော အပ်တစ်ချောင်းကို ထုတ်ယူပြီး သွေးယိုစိမ့်နေသော နေရာများကို ရှောင်ကာ
ဒဏ်ရာထဲသို့ ညင်သာစွာ ထိုးထည့်လိုက်သည်။ အချိန်အတော်ကြာပြီးနောက် သူမက
ငွေရောင်အပ်ကို ပြန်ထုတ်ယူလိုက်ရာ အပ်က အနက်ရောင် ဖြစ်သွားခဲ့သည်။ ကျွော့ချင်းကတော့ သူမလက်ထဲမှ အပ်ရှည်ကြီးကို
ပြန်ချလိုက်ပြီး အေးဆေးတည်ငြိမ်စွာ ခွဲခြမ်းစိပ်ဖြာနေခဲ့သည်။
"ငွေအပ်ကို ဒဏ်ရာထဲ ထည့်လိုက်တော့ ငွေအပ်က
မည်းသွားတယ်။ အဲ့တာကြောင့် အဆိပ်တုံ့ပြန်မှုက သိသာထင်ရှားနေတယ်။ ဒဏ်ရာရဲ့
တည်နေရာနဲ့ အဆိပ်ရဲ့ လက္ခဏာတွေအပေါ် မူတည်ပြီး သံသယဖြစ်မိတာက အဆိပ်ပါတဲ့သေရည်က သေဆုံးသူကို
သေစေခဲ့တာ မဟုတ်ဘူး၊ တကယ်သေစေတာက ဦးခေါင်းနောက်ကျောက ဒဏ်ရာပဲ၊ အဆိပ်ရှိတဲ့ သေရည်က လမ်းလွှဲရုံသက်သက်ပဲ”
ရှရွှင်းစစ်က
လှောင်ပြောင်သံဖြင့် မေးလာခဲ့သည်။
"မင်းက အပ်ရာလေးတစ်ခုကို တွေ့ပြီး
ဒီလိုမျိုး နိဂုံးချုပ်လိုက်တာလား? အရမ်းကို တော်လွန်းနေသလားလို့"
ဒါက ဘယ်လို
မထီမဲ့မြင်ပြုတာမျိုးလဲ?
ကျွော့ချင်းက
သူမလက်ထဲမှ လက်အိတ်များကို ချွတ်နေရင်း ကန့်လန့်ကာထဲမှ
ထွက်လာကာ ရှရွှင်းစစ်၏အကြည့်များကို ရင်ဆိုင်လိုက်သည်။
"ပထမအချက်က သေဆုံးသူရဲ့
ခန္ဓာကိုယ်ပေါ်က ဒဏ်ရာတိုင်းက အရေးကြီးတယ်၊ အခု တွေ့ရတဲ့ သံလွန်စတွေအရ အထူးသဖြင့်
အဆိပ်သင့်လို့ သေသွားတာ ဖြစ်နိုင်တယ်လို့ ကောက်ချက်ချနိုင်တယ်။
ဒုတိယအနေနဲ့ ဒဏ်ရာကြောင့် အဆပ်သင့် သေဆုံးသွားတာလို့ ကောက်ချက်ချခဲ့ပေမယ့်
သံသယဖြစ်နေရင် နောက်ထပ် အလောင်းကို ခွဲစိပ်စစ်ဆေးတာက အကောင်းဆုံးပဲလို့ အကြံပြုချင်တယ်"
ကျွော့ချင်း၏အမူအရာက
ပုံမှန်အတိုင်းဖြစ်နေပြီး စိတ်အနှောက်အယှက်လည်း ဖြစ်နေပုံ မပေါ်သလို အလျှော့လည်း မပေးခဲ့ပေ။ သူမ၏ နှိမ့်ချမှုလည်း မရှိသလို
မောက်မာခြင်းလည်း မရှိသော အဖြေကြောင့် ရှရွှင်းစစ်က ခဏတာမျှ မည်သို့ တုံ့ပြန်ရမည်
မသိဖြစ်နေခဲ့သည်။
လို့ရှီးယန်ရဲ့အမျိုးသမီးကို သူ လျှော့မတွက်ခဲ့သင့်ဘူး။
"မင်း ဘယ်လို ဆက်လုပ်ချင်တာလဲ?"
အမြင့်တစ်နေရာတွင်
ခန့်မှန်းရခက်သည့် အနေအထားဖြင့် ထိုင်နေသည့် ယန်းဟုန်ထျန်းက နောက်ဆုံးတွင် စကားဝင်ပြောလာခဲ့သည်။
ကျွော့ချင်းက
အေးအေးဆေးဆေး စကားပြောလိုက်သော်လည်း လူတော်တော်များများက သူမ ဘာကိုဆိုလိုမှန်း ချက်ချင်း
နားမလည်နိုင်ကြပေ။
ရှန်ယုလန်၏မျက်ခုံးများကလည်း ပင့်တက်သွားခဲ့ပြီး
သူက သက်ပြင်းချလိုက်ရင်း "စစ်ဆေးဖို့ ဝမ်းဗိုက်ကို ဖွင့်ချင်တာလား"
ဝမ်းဗိုက်.....အပေါက်..... ဖွင့်တာလား???
ယခုတကြိမ်တွင် အားလုံးက
သဘောပေါက်သွားပြီး တယောက်ပြီး တယောက် သက်ပြင်းမောများ မှုတ်ထုတ်နေကြသည်။
ရှရွှင်းစစ်က သည်းမခံနိုင်တော့ဘဲ
ဒေါသတကြီး အော်ပြောလာခဲ့သည်။
"မဖြစ်နိုင်ဘူး၊
ငါ့ညီမလေးရဲ့ ခန္ဓာကိုယ်ကို မင်း ဒီလိုဆက်ဆံတာကို ဘယ်တော့မှ သည်းမခံနိုင်ဘူး!! မင်း
ကန့်သတ်ချက်တွေကို ကျော်မလာနဲ့!!"
ရှန်ယုလန်က
ခဏလောက်စဉ်းစားနေပြီးမှ "ဒါကို စစ်ဆေးဖို့ တခြားနည်းလမ်းတွေ သုံးလို့ ရလား?
ငွေအပ်နဲ့ ထိုးပြီး စမ်းကြည့်လို့ ရတယ်လေ"
"မရတော့ဘူး" ကျွော့ချင်းက ခေါင်းခါလိုက်ပြီး "အဆိပ်က
ပြန့်သွားပြီ။ မသေဆုံးခင်မှာ အဆိပ်တွေက သွေးလည်ပတ်မှုနဲ့အတူ ခန္ဓာကိုယ်ရဲ့
အသွေးအသားထဲကို ရောက်နေပြီ၊ မဟုတ်ရင် ခန္ဓာကိုယ်တစ်ခုလုံးက အရေပြားတစ်ခုတွေက ပြာနှမ်းနေမှာ
မဟုတ်ဘူး။ ငွေအပ်တွေက အဆိပ်ကို တုံ့ပြန်လွယ်တယ်၊ အဆိပ်တွေရှိနေသရွေ့ အပ်က မည်းသွားလိမ့်မယ်၊
သူ(မ)ကို သေဆုံးသွားစေတဲ့ အဆိပ်က သူ(မ)သောက်တဲ့ သေရည်ကြောင့် ဟုတ် မဟုတ် သက်သေ မပြနိုင်ဘူး
ဒါမှမဟုတ် ဦးခေါင်းနောက်ဘက်က အပေါက်ကြောင့်လို့လည်း အတိအကျ မပြောနိုင်ဘူး”
ငွေအပ် အနည်းငယ်ကို
အခြေခံပြီး ကောက်ချက်ဆွဲနိုင်ရင် သူမရဲ့ အသက်မွေးဝမ်းကြောင်းက အလောင်းခွဲစိတ်တဲ့သူ
ဘယ်တော့မှ ဖြစ်မလာနိုင်ဘူးလေ။
ကျွော့ချင်း
ထိုသို့ပြောပြီးနောက်တွင် ရှရွှင်းစစ်က "မင်းပြောတော့ တစ်ကိုယ်လုံး
အဆိပ်တွေနဲ့ ဖုံးလွှမ်းနေပြီဆို... မင်း ခွဲစိပ်မှုလုပ်ရင်တောင် ဘာမှ
သက်သေမပြနိုင်တော့ဘူး!"
“သေချာပေါက်
အဲဒါကို သက်သေပြနိုင်တယ်”
ကျွော့ချင်းက
ခိုင်မာသော လေသံဖြင့် အတည်ပြုလိုက်ပြီး ထပ်ရှင်းပြလိုက်သည်။
“မြွေအဆိပ်ကြောင့်
သေဆုံးသွားတဲ့ သေဆုံးသူတွေက များသောအားဖြင့် နှလုံးနဲ့ ကျောက်ကပ် ပျက်ဆီးချို့ယွင်းလို့
သေဆုံးသွားကြရတာ။ တကယ်လို့ အဆိပ်က ပါးစပ်ထဲကနေ ဝင်သွားတာကြောင့် သေဆုံးသွားတာဆိုရင်
ပါးစပ်၊ လည်ချောင်း၊ အစာပြွန်၊ အထူးသဖြင့် အစာအိမ်မှာ အဆိပ်တွေ အကြာကြီး ရှိနေတာကြောင့်
အဆိပ်က အစာအိမ်ကို တိုက်စားသွားမှာ။ ကိုယ်တွင်းအင်္ဂါတွေက သိသိသာသာ ပျက်စီးနေပြီး သံချေးတက်နေသလို
မီးလောင်သလို ဒဏ်ရာတွေတောင် ရှိနေလိမ့်မယ်။ ဦးခေါင်းနောက်ကျောက အဆိပ်ကြောင့်ဆိုရင်
အဆိပ်က အခြား အာရုံကြောလမ်းကြောင်းကနေတဆင့် ဖြတ်သန်းသွားတာကြာင့် အစာအိမ်နဲ့
အစာပြွန်မှာ အထူးထင်ရှားသော သဲလွန်စတွေ မတွေ့နိုင်တော့ဘူး။ အလောင်းကို
ခွဲစိပ်စစ်ဆေးလိုက်ရင် သေဆုံးသူက ဘယ်နည်းနဲ့ အဆိပ်ခတ်ခံရတာကို ရှင်းရှင်းလင်းလင်း
အတည်ပြုနိုင်လိမ့်မယ်"
ရှန်ယုလန်က
အလောင်းကောင်၏ အင်္ဂါအမျိုးမျိုးကို သူမ နားလည်နေခြင်းကြောင့် အံ့သြသွားသော်လည်း
သူမ ပြောနေသောစကားများက အမှန်အတိုင်းပင်။ ချုံယွဲ့တစ်ခုလုံးကို
ကြည့်လျှင်ပင် ဤကဲ့သို့ ခွဲစိတ်စစ်ဆေးမှုက တစ်နှစ်လျှင် အကြိမ်အနည်းငယ်သာ
ဖြစ်ပွားနိုင်ပေသည်။ ထို့အပြင် မိသားစုဝင်များက အများကြီး သည်းခံနိုင်ရည်ရှိဖို့ လိုသည်။
သူ မျှော်လင့်ထားသလိုပင်
ရှရွှင်းစစ်က "မင်း ဘာပဲပြောပြော ငါ့ညီမရဲ့ဆံပင်ကိုတောင် ဘယ်တော့မှ
မထိစေရဘူး!"
ထိုစကားကိုပြောပြီးနောက်
ရှရွှင်းစစ်က ကန့်လန့်ကာကို ဖွင့်ပြီး ကန့်လန့်ကာထဲသို့ လှမ်းဝင်လိုက်သည်။
သို့သော် သွယ်လျသောလက်တစ်စုံက သူ့ရှေ့မှ ဟန့်တားနေခဲ့သည်။ ရှရွှင်းစစ်က စိတ်ရှုပ်နေသော
မျက်နှာဖြင့် သူမကို ကြည့်လိုက်သော်လည်း ကျွော့ချင်း၏ မျက်နှာက ခါတိုင်းလိုပင်
ဖြစ်နေသေးသည်။ သို့သော် သူမအသံက ကျယ်လောင်လွန်းနေပြီး အေးစက်လွန်းနေကာ
“တတိယမင်းသား၊ ရှင့်ရဲ့ညီမတော်က သေရည်ကြောင့် အဆိပ်သင့်တာ မဟုတ်ဘဲ သေတဲ့အထိ
ဦးခေါင်းနောက်ကို တခုခုနဲ့ အထိုးခံရတာဆိုရင် ရှင်က သူ(မ)ဘေးကို အပြေးအလွှား
အရင်ရောက်သွားပြီး သူ(မ)ကို ပထမဆုံးပွေ့ဖက်တဲ့သူပဲ၊ သံသယတွေ ကြီးကြီးကျယ်ကျယ် မဖြစ်စေချင်ရင်
ရှင် သူ(မ)ရဲ့ခန္ဓာကိုယ် အနားကို မသွားသင့်ဘူး"
"မင်း...မင်းက တော်တော် စက်ဆုပ်ရွံရှာဖို့ကောင်းတာပဲ!!"
ကျွော့ချင်း၏ စကားကို ရှင်းရှင်းလင်းလင်း ကြားပြီးနောက် ရှရွှင်းစစ်က ဒေါသမထွက်ဘဲ မနေနိုင်တော့ပေ။
✍️✍️✍️