Chapter 43
Viewers 5k

အခန်း ၄၃  ငါက ဘယ်သူလဲ?

  "မိန်းခလေးလား?" ရှရွှင်းစစ်က မျက်မှောင်ကြုတ်ကာ "ချုံယွဲ့မှာ အမျိုးသမီးစစ်ဆေးရေးမှူးရှိတာလား?"

  ထိုစကားထွက်လာသည်နှင့် ခန်းမတစ်ခုလုံးမှလူများ တုန်လှုပ်သွားကြပြန်သည်။

ဘယ်မိန်းခလေးက အလောင်းစစ်ဆေးမှု လုပ်ဖူးပြီး ဘယ်မိန်းခလေးက အလောင်းတွေကို စစ်ဆေးရဲတာလဲ?

  မကောင်းသည့် ကြိုတင်သတိပေးချက်တစ်ခုက ကျွော့ချင်း၏နှလုံးသားထဲမှ ချက်ချင်း ထွက်ပေါ်လာခဲ့ပြီး သူမက မော့ပိုင်၏မြင့်မားသောသွင်ပြင် နောက်တွင် ကွယ်နေရင်း တိုင်များကြားထဲမှ အငွေ့ပျံကာ  ပျောက်ကွယ်သွားချင်လုနီးပါး ဖြစ်နေခဲ့သည်။

လို့ရှီးယန်၏ မျက်လုံးများထဲတွင်လည်း ထူးဆန်းသည့်အရိပ်အယောင်တစ်ခု ထွက်ပေါ်လာသော်လည်း ၎င်းက သေးငယ်လွန်းသဖြင့် မည်သူမျှ သတိမပြုမိလိုက်ကြပေ။

  ရှန်ယုလန်က ရှရွှင်းစစ်၏မေးခွန်းကို မဖြေဘဲ "တတိယမင်းသားအနေနဲ့ ရလား မရဘူးလားပဲ ဖြေပါ"

  ရှရွှင်းစစ်က ခဏလောက်စဉ်းစားနေပြီးမှ နောက်ဆုံးတွင် ခေါင်းညိတ်ပြလိုက်ပြီး "ဟုတ်ပြီ၊ သူက မိန်းခလေးဖြစ်နေရင် ငါ မင်းကိုယ်စား စစ်ဆေးခွင့် ပေးနိုင်တယ်"

  ခိုင်လုံသောအဖြေကို ရပြီးနောက် ရှန်ယုလန်က ပြန်လှည့်လာပြီး လို့ရှီးယန်ရှိရာဆီသို့ တည့်တည့်လျှောက်လာခဲ့သည်။ လို့ရှီးယန်က သူ့လက်ညိုးကို ပွတ်နေပြီး သူ့မျက်နှာက တည်ငြိမ်အေးဆေးနေသော်လည်း သူ့နှလုံးသားထဲတွင်တော့ မကျိန်ဆဲဘဲ မနေနိုင်ခဲ့ပေ။

ငမိုက်သား!

  အားလုံးက ရှန်ယုလန် အလောင်းစစ်ဆေးဖို့ မိန်းခလေးတစ်ယောက်အား ရှာနေသည်ကို စောင့်ကြည့်နေကြသည်။

မဟုတ်မှလွဲရော သူက မိန်းခလေးတစ်ယောက်ကို အလုပ်သင်အဖြစ် တိတ်တဆိတ် လက်ခံခဲ့တာလား?

ရှန်ယုလန်က လို့ရှီးယန်ကို ကျော်ဖြတ်သွားပြီး မျက်လုံးအပြာရောင်နှင့် အရပ်ရှည်ရှည်  အမျိုးသားတစ်ယောက်ဆီ လျှောက်သွားကာ ခေါင်းငုံ အရိုအသေပေးလိုက်ရင်း တလေးတစား ပြောလိုက်သည်။

"ချင်းသခင်မလေး၊ ကျေးဇူးပြုပြီး မင်းသမီးလေးကို စစ်ဆေးပေးပါဦး"

  သူက ချင်းလင် ခံစားနေရတာကို စိတ်မရှည်ပုံဖြင့် ကြည့်နေသည့် ချင်းလင်နှင့် တူလွန်းသော ပုံရိပ်တစ်ခု ဝန်ကြီးချုပ်လို့၏ဘေးတွင် ရှိနေသည်ကို သတိပြုမိခဲ့သည်။

သူ အကျဥ်းထောင်ထဲမှာတုန်းက သူမမျက်နှာကို ရှင်းရှင်းလင်းလင်း မမြင်ရပေမယ့် သူမက ချင်းဖုန့် ဖြစ်နေတယ်ဆိုတာ သေချာတယ်လေ။ အဲ့နေ့က သူ့ကို တုန်လှုပ်စေခဲ့သော လူငယ်လေး!

  ခန်းမကြီးထဲတွင် နောက်တစ်ကြိမ် ရုတ်ရုတ်သဲသဲ ဖြစ်သွားပြန်သည်။ သူက အရွယ်ရောက်ပြီး ယောကျာ်းတစ်ယောက်ဖြစ်နေသည်မှာ သိသာထင်ရှားလှပေသည်။

ဘယ်မှာလဲ? မိန်းမငယ်လေးက ဘယ်မှာလဲ??

  ကျွော့ချင်းက သူမစိတ်ထဲမှနေ၍ လို့ရှီးယန်ကို ကျိန်ဆဲနေခဲ့သည်။

 ဒီအချိန်မှာ သူက ဘာလို့ စကားဝင် မပြောတာလဲ?!  

ကျွော့ချင်းက အေးမြသော ကျောက်တိုင်ကို မှီနေရင်း ရှန်ယုလန်ကို လျစ်လျူရှုရန် ကြံရွယ်လိုက်သည်။

       ရှန်ယုလန်က ကျွော့ချင်း၏အတွေးများကို မြင်နိုင်ပြီး ရှေ့သို့ ခြေတစ်လှမ်း ထပ်တိုးလာကာ "ဒီနေ့  မင်းသမီးလေးရဲ့ အလောင်းကို မစစ်ဆေးနိုင်လို့ သဲလွန်စနဲ့ အထောက်အထား အသစ်တွေ ရှာမတွေ့ဘူးဆိုရင် ဒီကိစ္စမှာ ဘယ်သူမှ လွတ်နိုင်မှာ မဟုတ်တော့ဘူး။ ပေ့ချီမင်းသမီးကို အဆိပ်ခတ် သတ်ဖြတ်မှု ဆိုတဲ့ စွပ်စွဲချက်ကနေ မလွတ်မြောက်နိုင်င် သေခြင်းကနေ လွတ်မြောက်ဖို့လည်း ပိုခက်ခဲလာလိမ့်မယ်”

  အဲတာက သူ သူမကို သတိပေးနေတာပါ။ သူမ မစစ်ဆေးပေးရင် ချင်းလင် သေလိမ့်မယ်။

       ရယ်စရာကောင်းတာက တစ်ချိန်က သူမက သူကို့ ဖြောင့်မတ်ပြီး အဆင့်အတန်းမြင့်တဲ့လူတစ်ယောက်လို့ ထင်ခဲ့ပေမယ့် သူက ဒီလိုမျိုး ယုတ်မာတဲ့ လှည့်ကွက်တွေကို လုပ်နိုင်စွမ်းရှိနေတယ်ပေါ့။

  ရှန်ယုလန်က လက်နောက်ပစ်ထားရင်း မတ်မတ်ရပ်နေကာ ဘာမှ ထပ်မပြောတော့ပေ။

 သိပ်မကြာခင်မှာပင် အေးစက်ပြီး အမုန်းအရိပ်အယောင်များ ပြည့်နေသည့် မိန်းခလေးသံတစ်ခုက ဒေါသတကြီး မကျေမနပ် ထွက်ပေါ်လာခဲ့သည်။

          “ကျွန်မ စစ်ဆေးပေးမယ်”

  ထိုအသံနှင့်အတူ အရပ်ရှည်ရှည် ယောက်ျားလေး၏နောက်မှ သွယ်လျသည့် အသွင်အပြင်လေးတစ်ခု ပေါ်ထွက်လာခဲ့သည်။

 ဝန်ကြီးချုပ်ရဲ့ ကိုယ်ရံတော်အဝတ်အစားကို ၀တ်ဆင်ထားတဲ့ အမျိုးသမီးတစ်ယောက်လား...? ဟုတ်တယ်၊ တကယ်ကို အမျိုးသမီးတစ်ယောက်ပဲ။ သူမရဲ့ ဆံပင်ရှည်တွေကို ယောကျ်ားလေးပုံစံထုံးဖွဲ့ထားပြီး အမျိုးသားအဝတ်တွေကို ဝတ်ဆင်ထားပေမယ့် သူမရဲ့ လှပတင့်တယ်တဲ့ မျက်နှာကို ဂရုတစိုက် ကြည့်လိုက်တာနဲ့ သူမက မိန်းခလေးဖြစ်တယ်ဆိုတာကို  သံသယရှိနိုင်တော့မှာ မဟုတ်ဘူး။

 ဘန်း~

       ခွက်တစ်ခွက် ကြမ်းပြင်ပေါ်သို့ ကျကွဲသွားသည့် ပြတ်သားသောအသံတစ်ခု ထွက်ပေါ်လာသောကြောင့် လူတိုင်းက အသံလာရာ အရပ်ဆီသို့ ကြည့်လိုက်ကြရာ စားပွဲရှည်ကြီးရှေ့မှ  ဧကရာဇ်မင်းမြတ်ကိုသာ တွေ့လိုက်ရသည်။ ခွက်တစ်ခွက်က ရွှေဝါရောင်ကြမ်းခင်းပေါ်သို့ ကျနေပြီး သေရည်များ မှောက်နေကာ ခွက်က ပက်လက်လန်နေသည်ကို တွေ့လိုက်ရသည်။ ဧကရာဇ်မင်းမြတ်၏ အနက်ရောင်မျက်လုံးများက ရုတ်တရက် ထွက်ပေါ်လာသော အမျိုးသမီးကို စိုက်ကြည့်နေခဲ့သည်။ မှူးမတ်များက ဧကရာဇ်မင်းမြတ်၏မျက်လုံးများထဲမှ ခံစားချက်များကြောင့် ထိုမိန်းကလေး၏နောက်ခံကို လျှို့ဝှက်စွာ ခန့်မှန်းနေကြသည်။

သူမကို ကြည့်ရတာ  ဧကရာဇ်မင်းမြတ်ကိုတောင် စိတ်ရှုပ်အောင် လုပ်နိုင်ပုံရတယ်၊  ဧကရာဇ်မင်းမြတ်က မယုံနိုင်ဖြစ်နေပုံရပြီး နက်နဲတဲ့ စိတ်ခံစားချက်တွေ ပြည့်နှက်နေပုံရပေမယ့် ဘယ်သူမဆို သိသာထင်ရှားတဲ့ ဒေါသကိုလည်း မြင်နိုင်သေးတယ်။

  ယန်းဟုန်ထျန်းက သူမကို ကြည့်နေသောကြောင့် ကျွော့ချင်းက သူမ၏အရေပြားများပင် ယားယံလာသလို ခံစားနေရသည်။

သူက ဘာလို့ သူမကို ဒီလို ကြည့်နေတာလဲ?! သူ သူမကို သိလား? မဟုတ်သေးဘူး၊ သူက ချင်းဖုန့်ကို သိနေတာလား?! 

ကျွော့ချင်းက လို့ရှီးယန်ကို အကူအညီတောင်းရန် လှမ်းကြည့်လိုက်သော်လည်း သူက ရှားရှားပါးပါး တည်ငြိမ်သော မျက်နှာထား ရှိနေပြီး သူ့မျက်လုံးများတွင်လည်း တွေးတောနေသည့်အရိပ်အယောင်များဖြင့် ပြည့်နှက်နေလေသည်။

  အခု ဘာဆက်ဖြစ်မှာလဲ?! အား!!!!!

ကျွော့ချင်းက အမြင့်ဆုံးနေရာမှ လူကို မကြည့်တော့ဘဲ ‌လက်နောက်ပစ်ထားသည့်လူကို ဒေါသတကြီး လှမ်းကြည့်ရင်း  "အခု စမ်းဆေးရမှာလား? မစစ်ဆေးရဘူးလား?"

  ရှန်ယုလန်က သတိပြန်ဝင်လာပြီး "ချင်းသခင်မလေး... ကျေးဇူးပြုပြီး"

ကျွော့ချင်းက  ရှန်ယုလန်ကို ကျော်ဖြတ်ပြီး ရွှေရောင်ကော်ဇောဆီသို့ လျှောက်သွားနေရင်း သူမ၏ အသံကို နိမ့်ချလိုက်ပြီး မုန်းတီးသောလေသံဖြင့် "ရှင်က အရမ်းရက်စက်တာပဲ!"

  ရှန်ယုလန်က ထိတ်လန့်သွားပြီး မချိပြုံးမပြုံးဘဲ မနေနိုင်တော့ပေ။

 သူ ဒီနေ့ ချင်းသခင်မလေးကို ရှာဖို့ အခွင့်အရေးယူခဲ့တာကြောင့် လို့ရှီးယန်က စိတ်ဆိုးနေပြီး သူ့ကို လွယ်လွယ်နဲ့ အလွတ်မပေးမှာ သေချာနေတယ်။ ပြီးတော့ အခုန ဧကရာဇ်မင်းမြတ်ရဲ့အမူအရာကလည်း  ဆန်းကြယ်လွန်းတယ်။

သူ ဧကရာဇ်မင်းမြတ်ကို နောက်တစ်ခါ လှမ်းကြည့်ခဲ့ပေမယ့် ဖိတ်ကျသွားတဲ့ သေရည်များကို သန့်စင်ဖို့ ကြမ်းပြင်ပေါ် ဝပ်တွားနေတဲ့ မိန်းမစိုးကိုပဲ မြင်လိုက်ရတယ်။

 ယန်းဟုန်ထျန်းက သူ့အကြည့်များကို ပြန်ရုတ်သိမ်းလိုက်ပြီး သေရည်နောက်တစ်ခွက်ကို ကောက်ယူလိုက်ကာ ယခုန ဘာမှ မဖြစ်ခဲ့သည့်ပုံစံပေါ်နေခဲ့သည်။

  ကျွော့ချင်းက သတ္တမမင်းသမီးထံသို့ လျှောက်သွားပြီး ရှရွှင်းစစ်က သူမကို ကြည့်ကာ "သူ(မ)က ဘယ်သူလဲ"

    "ဒါက..."

ရှန်ယုလန်က လို့ရှီးယန်ကို တစ်ချက်ကြည့်လိုက်ပြီး "ဝန်ကြီးချုပ်လို့ရဲ့ မိသားစုဝင်ပါ၊ သူ(မ)က ရိုးရှင်းတဲ့ အလောင်းစစ်ဆေးနည်းတွေကို သိထားပြီး သူ(မ)က မင်းသမီးလေးအတွက် အလောင်းကို စစ်ဆေးပေးမှာပါ။ တတိယမင်းသားမှာ ထင်မြင်ချက် တစ်ခုခုရှိလား?"

  "ဝန်ကြီးချုပ်လို့?"

ဒီအမျိုးသမီးက အရမ်းလှပေမယ့် ကိုယ်ရံတော်ဝတ်စုံကို ဝတ်ဆင်ထားပြီး ညာဘက်ပါးပြင်ကလည်း ရုပ်ပျက်ဆင်းပျက် ဖြစ်နေသေးတယ်။ သူမက လို့ရှီးယန်ရဲ့ မိသားစုဝင်ဖြစ်နိုင်ပါ့မလား?

    ရှရွှင်းစစ်က အတည်ပြုရန်အတွက် လို့ရှီးယန်ကို ကြည့်လိုက်သည်။ လို့ရှီးယန်က နိုးကြားစွာ မတ်တပ်ထရပ်ကာ ကျွော့ချင်းဆီသို့ လျှောက်လာပြီး ကျွော့ချင်း၏ လက်ကို ခါတိုင်းကဲ့သို့ နူးညံ့သော အပြုံးဖြင့် ညင်သာစွာ ဆုပ်ကိုင်လိုက်ရင်း သူမကို လေးလေးနက်နက် ချစ်ခင်မြတ်နိုးစွာ ကြည့်နေလေသည်။ ထို့နောက် သူက "သူ(မ)က ဒီလူရဲ့ ဇနီးပါ”

  အာ?!

  ကျွော့ချင်း၏မျက်နှာတွင် အနက်ရောင်မျဉ်းများ ပြည့်နှက်လာပြန်သည်။

ရှင် ဒီလိုအပြင်းအထန် သရုပ်ဆောင်ပြနေဖို့ အရမ်းကြိုးစားနေစရာ မလိုပါဘူးနော်။ ဟုတ်ပြီလား~

 သေရည်ခွက်ကို ကိုင်ထားသည့်  စုလင်း၏လက်က ခဏလောက် တန့်သွားပြီးမှ သူက သူ့သေရည်ကိုသာ ဆက်သောက်နေခဲ့သည်။

  ရှန်ယုလန်ကတော့ တွေဝေငေးမောလျက် ရှိနေလေသည်။

  ကြမ်းပြင်ပေါ်တွင် တဝက်တစ်ပျက် ဒူးထောက်အနေအထားနှင့် ထိုင်နေသော ယန်းရူရွှယ်က လို့ရှိးယန်၏နောက်ကျောကို စိုက်ကြည့်ရင်း ကြမ်းပြင်ပေါ်သို့ လဲကျလုနီးပါး ဖြစ်သွားခဲ့သည်။

 သူမှာ ဘယ်တုန်းက ဇနီးရှိသွားတာလဲ? အဲ့တာဆိုရင် သူမကရော? သူမကရော?!

  ဧကရာဇ်မင်းမြတ်အတွက် သေရည်ထည့်ပေးရန် ခစားနေသော မိန်းမစိုး၏နဖူးပေါ်တွင် ချွေးအလွှာပါးများ ကပ်လျက် သူ့လက်များက အထိန်းအကွပ်မဲ့စွာ တုန်ခါနေသည်။ သေရည်ခွက်ကို ကိုင်ထားသော ဧကရာဇ်၏လက်မှ သွေးကြောများ ပေါက်ထွက်လုနီးပါးဖြစ်နေသည်ကို မြင်နေရသူမှာ သူတစ်ဦးတည်းသာ ဖြစ်နေသည်။

တကယ်တော့ ဇနီးဆိုတဲ့ စကားလုံးကို ပေါ့ပေါ့ဆဆ သုံးလို့ မရဘူးလေ!

 (T/N: သူတို့ဓလေ့မှာက မိန်းမဘယ်နှယောက်ယူယူ ဇနီးကတစ်ယောက်ထဲပါ၊ ပုံမှန်ဆိုရင်  ဇနီးတစ်ယောက်၊ ကိုယ်လုပ်တော် သုံးယောက်၊ မောင်းမလေးယောက် တရားဝင်ယူလို့ရတယ်ဆိုပေမယ့်၊ ဇနီးတစ်‌ယောက်ထဲကပဲ တရားဝင်ဇနီးပါ။ ကျန်တာတွေက ကျွန်သာသာပါပဲ၊ ရောင်းချင်ရင်တောင် ထုတ်ရောင်းလို့ရတာမျိုးပါ)

          ယနေ့ညတွင် အရပ်ဘက်နှင့် စစ်ဘက်အရာရှိများအားလုံး တယောက်ပြီး တယောက်ဆီမှ စိတ်လှုပ်ရှားရန် တွန်းအားပေးခံနေရတော့သည်။

ဧကရာဇ်မင်းမြတ်က ဝန်ကြီးချုပ်လို့ကို လှပတဲ့ အလှလေးတစ်ယောက် ပေးပို့ခဲ့တယ်လို့ သူတို့ ကြားသိခဲ့ရပြီး ၀န်ကြီးချုပ်လို့မှာ ဘယ်တုန်းက ဇနီးရှိဖူးလို့လဲ?! 

သူတို့အားလုံး တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ရင်း ခန်းမကြီးက တိတ်ဆိတ်ငြိမ်သက်သွားပြန်သည်။

✍️✍️✍️