အခန်း ၄၂ နန်းတော်ဧည့်ခံပွဲ အပိုင်း (၆)
အရပ်ရှည်ပြီး သန်မာသည့် အစောင့်နှစ်ယောက်က ချင်းလင်ကို မြေပြင်ပေါ်သို့
ကြမ်းကြမ်းတမ်းတမ်း တွန်းချလိုက်သောကြောင့် သူမ၏သွယ်လျသော လက်မောင်းများက
ကျိုးလုမတတ် ဖြစ်သွားခဲ့သည်။ ချင်းလင်က သူမ၏ သွားများ တင်းတင်းစေ့နေအောင် အံကြိတ်ထားပြီး
သူမ၏ပိန်ပိန်ပါးပါး ခန္ဓာကိုယ်ကို ဘောလုံးတစ်လုံးကဲ့သို့ လျှော့ချလိုက်သော်လည်း အသနားခံရန်
မကြိုးစားခဲ့ပေ။ သူမက အေးစက်စက်အသံဖြင့် ကျယ်ကျယ်လောင်လောင် အော်ဟစ်ငြင်းဆန် နေခဲ့သည်။
“အဆိပ်ကို ငါ
မထည့်ဘူး"
သူမ လက်တွေကို
လိမ်ချိုးလို့ ကျိုးသွားရင်တောင် သူမ ဝန်ခံမှာ မဟုတ်ပါဘူး!
နာကျင်မှုကြောင့်
သူမ၏မျက်နှာက ဖြူဖျော့သွားကာ သူမ၏နှုတ်ခမ်းများကလည်း သူမ ကိုက်ထားသောကြောင့်
သွေးထွက်နေပြီ ဖြစ်သည်။
ကြမ်းပြင်ပေါ်တွင်
ခေါင်းမာမာဖြင့် အရှက်ခွဲမှု့ကို သည်းမခံနိုင်ဖြစ်နေသည့် အမျိုးသမီးကို ကြည့်နေရင်း
ကျွော့ချင်း၏ မျက်လုံးများက စိုးရိမ်ပူပန်မှုများနှင့် စူးစူးရဲရဲ တောက်လောင်လာခဲ့သည်။
သူမက ရှေ့သို့ ခြေတစ်လှမ်း လှမ်းလိုက်သော်လည်း သူမကို လုံးဝ လျစ်လျူရှုထားပုံရသည့်
မော့ပိုင်က သူမထက် ပိုမြန်နေပြီး သူမ ရှေ့သို့ မသွားနိုင်ရန် ဟန့်တားထားလိုက်သည်။
ကျွော့ချင်းက
တုံ့ဆိုင်းနေပြီးမှ ဘယ်ဘက်သို့ အနည်းငယ် ရွှေ့လိုက်သည်။ မော့ပိုင်က သူ့နောက်ကျောတွင်
မျက်စိရှိနေသကဲ့သို့ အလွန်လျှင်မြန်စွာ ရွေ့လျားလာပြီး သူမ၏လမ်းကြောင်းကို ထပ်မံပိတ်ဆို့လိုက်သည်။
ထိုကဲ့သို့ ခနခန ဖြစ်ပြီးနောက် ကျွော့ချင်းက စိတ်ဆိုးသွားပြီး မော့ပိုင်ကို
တွန်းထုတ်ရန် ပြင်နေချိန်တွင်
တောင်ကဲ့သို့ တည်ငြိမ်စွာ ထိုင်နေသော လို့ရှီးယန်က သူမကို ရုတ်တရက်
လှည့်ကြည့်လာသည်။
ကျွော့ချင်းက
မော့ပိုင်၏ပုခုံးများကို ကျော်ကြည့်လိုက်ရာ လို့ရှီးယန်၏နက်နဲတည်ငြိမ်သော မျက်လုံးများနှင့်
တွေ့ဆုံလိုက်ရပြီး သူက သူမကို နက်ရှိုင်းစွာ ကြည့်ကာ မသိမသာ ခေါင်းခါပြလိုက်သည်။ ကျွော့ချင်းက
ထိုသွယ်လျသော မျက်လုံးများထဲတွင် သူမစိတ်ကို အေးချမ်းစေသော ခံစားချက်တစ်မျိုး တွေ့လိုက်ရသည်။
နောက်ဆုံးတွင် ကျွော့ချင်းက ထိုစွမ်းအားကြောင့် ရပ်တန့်သွားခဲ့ပြီး သူမနောက်မှ
ကျောက်တိုင်ကို ဖြည်းညင်းစွာ ပြန်မှီနေလိုက်သည်။ သို့သော်လည်း သူမ၏စိတ်က အနည်းငယ် ရှုပ်ထွေးနေပြီး
သံသယများနှင့် ပြည့်နှက်နေခဲ့သည်။
ယန်းရူရွှယ်က
သူမ၏စကတ်ထောင့်စွန်းကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားလိုက်မိသည်။ ထိုကဲ့သို့သော မြင်ကွင်းမျိုးကို
မြင်ရမည်ဟု သူမ မမျှော်လင့်ခဲ့ပေ။ ယခုပင် အသက်ရှင်နေသောလူတစ်ယောက်က သူမရှေ့တွင် ရုတ်တရက်
သေဆုံးသွားခဲ့သည်။ သူမ အမှန်တကယ်ထိတ်လန့်နေပြီး ကြောက်လန့်တကြား အော်ဟစ်ချင်နေသော်လည်း
သူနှင့်အတူ ရှိနေသောကြောင့် သူမ၏ ခန္ဓာကိုယ်က ထိန်းမနိုင်သိမ်းမရ တုန်ခါနေဆဲဖြစ်သည့်တိုင်
ယန်းရူရွှယ်က သူမ၏နှလုံးသားထဲတွင်တော့ ကြောက်ရွံ့မှုများစွာ မခံစားရတော့ပေ။
ဒါပေမဲ့
အစ်ကိုယန်က ဘာကိုကြည့်နေတာလဲ? သူက နောက်ကို
တစ်ချက် လှည့်ကြည့်လိုက်ပြီးမှ သူ့ခေါင်းကို ပြန်လှည့်လာတာလား?
ယန်းရူရွှယ်က သူ့နောက်သို့ လှမ်းကြည့်လိုက်သော်လည်း
လို့ရှီးယန်၏ ကိုယ်ရံတော်ကိုသာ တွေ့လိုက်ရသည်။ သူမက ခေါင်းကို အမြန်ပြန်ငုံ့လိုက်သည်။
သူမက ခန်းမထဲမှ အလောင်းကြောင့် မျက်လုံးကို ကျယ်ကျယ်ဖွင့်ပြီး မကြည့်ရဲတော့ပေ။
အဲ့တာက
အရမ်းကြောက်ဖို့ ကောင်းတယ်!
တစ်ဖက်တွင်တော့ ချင်းလင်၏စကားလုံးများကြောင့် မျက်လုံးပေါင်းများစွာ
အကြည့်ချင်းအားပြိုင်နေကြကာ အမှောင်လှိုင်းများ တဟုန်းဟုန်းတောက်လောင်နေသည်။ ဧကရီက
ကလည်း ဒေါသများ လွှမ်းမိုးနေပြီ ဖြစ်သည်။
သူမက နိမ့်ကျတဲ့
အစေခံတစ်ဦးဖြစ်နေတာ သိသာထင်ရှားနေပေမယ့် သူမက မွန်မြတ်တင့်တယ်ပြီး သန်မာတဲ့ပုံပေါက်နေသေးတယ်။
ဧကရီက အလျှော့မပေးချင်သော
အမူအရာဖြင့် “မင်းအမှားကို
ဝန်ခံဖို့ ဝန်မလေးတဲ့အချိန်ကို ပန်ကုန်း ကြည့်ချင်သေးတယ်၊ လာကြစမ်း!”
မိန်းမစိုးနှင့်တူသော
လူသုံးယောက်က အမိန့်ကို နာခံရန် ချက်ချင်း ခြေလှမ်းပြင်လိုက်သောကြောင့် ကျွော့ချင်း၏နှလုံးသားက
တုန်ခါသွားပြန်သည်။ ကံကောင်းထောက်မစွာဖြင့် လို့ရှီးယန်က သူမကို စိတ်မပျက်စေဘဲ သူ၏သွယ်လျလျ
ရုပ်သွင်က ဖြည်းညှင်းစွာ မတ်တပ်ထရပ်လာခဲ့ပြီး တိုးညှင်းသော အသံက ဖြေးဖြေးမှန်မှန် ထွက်ပေါ်လာခဲ့သည်။
"ဧကရီမယ်မယ်
ကျေးဇူးပြုပြီး စိတ်အေးအေးထားပါ၊ နန်းတွင်းအစေခံတစ်ယောက်ကြောင့် စိတ်မဆိုးပါနဲ့၊
ဧကရီမယ်မယ် ဒေါသမထွက်ရအောင် လူကို ရှန်အရာရှိလက်ကို လွှဲပေးပြီး တရားစီရင်ခိုင်းလိုက်တာ
ပိုကောင်းပါတယ်”
မာနကြီးလွန်းသည့်
မိန်းမကို သင်ခန်းစာတစ်ခု ပေးနိုင်ခါနီးဖြစ်နေချိန်တွင် တားဆီးခံလိုက်ရသောကြောင့် ဧကရီ၏မျက်နှာက
သိသိသာသာ မည်းမှောင်သွားခဲ့သည်။
တော်ဝင်နန်းတော်မှာ
အရပ်ဘက်မှာရော စစ်ဘက်မှာပါ ဘယ်သူမှ မစော်ကားရဲတဲ့ လူနှစ်ယောက်ရှိတယ်။ တစ်ယောက်က လို့ရှီးယန်ဖြစ်ပြီး
နောက်တစ်ယောက်က စုလင်းပဲ။ လို့ရှီးယန်က
အခုလို ပြောနေမှတော့ သူမကိုယ်သူမ ဂုဏ်တင်ဖို့ အံကြိတ်ပြီး သည်းခံရုံမှတပါး
ရွေးချယ်စရာလမ်း မရှိတော့ဘူး။
ဧကရီက
ခေါင်းညိတ်လိုက်ကာ "ဝန်ကြီးချုပ်လို့က စဉ်းစားပေးတက်တယ်၊ ဒါကြောင့်
ဒီလူတွေကို တရားသူကြီးရှန်ရဲ့လက်ထဲကို အပ်လိုက်မယ်"
လို့ရှီးယန်က
ဘာမှ မဖြစ်သလို အေးအေးဆေးဆေး ပြန်ထိုင်နေလိုက်သည်။ ရှန်ယုလန်က ရှေ့သို့
ခြေတစ်လှမ်းလှမ်းပြီး လက်သီးပေါ် လက်ဝါးအုပ်ကာ အရိုအသေ ပေးလိုက်ရင်း "ဒီအရာရှိက
ဒီကိစ္စကို စုံစမ်းဖို့ အစွမ်းကုန် ကြိုးစားမှာပါ"
ဝန်ကြီးချုပ်လို့ကတော့
ဝန်ကြီးချူပ်လို့ လို့ခေါ်ထိုက်ပါပေတယ်၊
အဆုံးစွန်သော ဒီအရှုပ်အထွေးကို သူ့ဘက်ရောက်အောင်
ယုတ္တိရှိရှိ ပစ်ချလိုက်တယ်။
"ဒီကိုလာကြ၊ သူတို့ကို ဘေးမှာ အရင် ချုပ်ထားလိုက်"
ချင်းလင်က
မိန်းမစိုးများစွာနှင့်အတူ ပင်မခန်းမဘက်သို့ တွန်းပို့ခံလိုက်ရသည်။ ချင်းလင်အတွက်လည်း
နောက်ဆုံးတွင် လို့ရှီးယန်ကို ရှင်းရှင်းလင်းလင်း မြင်ခွင့်ရခဲ့သည်။ သေချာသည်မှာ
သူက ချောမောပြီး ခံ့ညားလွန်းလှသည်။ နောက်ဆုံးတွင် ချင်းလင်က
ပျော်ရွှင်စွာ ပြုံးလိုက်သည်။
သူ့နောက်ကို
လိုက်နိုင်တဲ့ အမျိုးသမီးက ဒုက္ခရောက်မှာ မဟုတ်ဘူး။
ရှန်ယုလန်က
သံသယအဝင်ခံနေရသော အကျဉ်းသားများကို ဘာမှ မေးမြန်းစစ်ဆေးခြင်း မရှိသေးဘဲ ရှရွှင်းစစ်၏
ရင်ခွင်ထဲတွင် လဲလျောင်းနေသေးသော သတ္တမမင်းသမီးဆီသို့ တည့်တည့် လျှောက်သွားကာ
အနည်းငယ် ဦးညွှတ်အရိုအသေပေးလိုက်ပြီး တိုးတိုးလေး ပြောလိုက်သည်။
"သတ္တမမင်းသမီး၊
မင်းသမီးကို အပြစ်ပြုမိသလို ဖြစ်သွားရင် တောင်းပန်ပါတယ်"
ရှန်ယုလန် သူ့လက်ကို
ဆန့်ထုတ်လိုက်သည်နှင့်တပြိုင်နက် ရှရွှင်းစစ်က ကျယ်လောင်စွာ ထအော်တော့သည်။
"မင်းက
ဘာလုပ်ချင်နေတာလဲ?"
ရှန်ယုလန်က
သူ့လက်ကို ပြန်ရုပ်သိမ်းလိုက်ရင်း အေးအေးဆေးဆေး ပြန်ပြောလိုက်သည်။
"သတ္တမမင်းသမီးလေးက
အဆိပ်သင့်ပြီး သေဆုံးသွားခဲ့တယ်။ သက်သေအထောက်အထားတွေကို စောစောစီးစီး ထိန်းသိမ်းထားနိုင်ဖို့အတွက်
အလောင်းကို အမြန်ဆုံး စစ်ဆေးသင့်တယ်"
နူးညံ့သိမ်မွေ့ပုံရသည့်
ရှရွှင်းစစ်၏မျက်ခုံးများက တွန့်သွားခဲ့ပြီး သူက ဒေါသထွက်နေပုံပေါ်ကာ "မင်းပဲ
သတ္တမညီမလေးက အဆိပ်သင့်လို့ သေသွားတယ်ပြောပြီး သေရည်မှာ အဆိပ်ရှိနေတယ်လို့ အတည်ပြုပေးခဲ့တယ်။
ဘယ်လို စမ်းသပ်ချင်သေးတာလဲ?"
"တတိယမင်းသား စိတ်မပူပါနဲ့။ ဒီအရာရှိ လုပ်နေတာက သာမန် အလောင်းကို
စစ်ဆေးရုံပါပဲ။ အလောင်းမှာ တခြားဒဏ်ရာတွေ ရှိ မရှိ စတာတွေကို စစ်ဆေးဖို့ ရည်ရွယ်တာပါ၊
အလောင်းရဲ့ အခြေအနေကို မှတ်တမ်း တင်မှာပါ။ မင်းသမီးလေးရဲ့ ခန္ဓာကိုယ်ကို ထိခိုက်စေမှာ
မဟုတ်ပါဘူး။ တတိယမင်းသားက စိတ်ပူနေရင် စောင့်ကြည့်လို့ ရပါတယ်"
ချင်းလင်က
ယခုအချိန်တွင် မည်သည့်အန္တရာယ်မျှ မရှိသေးပေ။ ထိုကြောင့် ကျွော့ချင်းက တစ်ဖက်သို့
အာရုံပြန်စိုက်လာခဲ့သည်။
ရှန်ယုလန် ပြောတာ
မှန်တယ်။ ဒီလို အဆိပ်သင့်မှုမျိုးမှာက ခန္ဓာကိုယ်ကို မြန်မြန် စစ်ဆေးလေ
ကောင်းလေပဲ။ ကြာလာရင် သေးငယ်တဲ့ အပြောင်းအလဲတွေ စဖြစ်လာတော့မှာ။ ဒီအမှုမှာ အလောင်းကို
သေသေချာချာ ခွဲစိပ်စစ်ဆေးဖို့ အရမ်း အရေးကြီးနေတယ်။
ကျွော့ချင်းက
ရှန်ယုလန်ကို အရမ်းချီးကျူးနေခဲ့သော်လည်း ကံမကောင်းစွာဖြင့် တခြားလူကတော့
ကြောက်စရာကောင်းသည့် မျက်နှာဖြင့် ပြန်မေးလာခဲ့သည်။
"ဒါဆို
မင်းက စစ်ဆေးဖို့ သူမ အဝတ်တွေကို ချွတ်ချင်နေတာလား?"
ရှန်ယုလန်က
မတ်တတ်ရပ်ပြီး ဟန်ဆောင်မှုမရှိဘဲ ပြန်ဖြေလိုက်သည်။ "ဟုတ်ပါတဘ်"
"မရဘူး!"
ရှရွှင်းစစ်က
ထပ်မံအော်ဟစ်လိုက်ပြန်သည်။ သူက သတ္တမမင်းသမီး၏အလောင်းကို
ညင်သာစွာ ချလိုက်ပြီး သူ၏အပေါ်ရုံကို ချွတ်ကာ သူမ၏ပါးလွှာသောကိုယ်ခန္ဓာကို
ဖုံးအုပ်လိုက်သည်။ သူက မတ်တပ်ထရပ်ကာ ခန်းမအလယ်သို့ လျှောက်သွားပြီးမှ ရှန်ယုလန်ကို
ဖြတ်ကျော်သွားကာ ယန်းဟုန်ထျန်းကို ကျယ်လောင်စွာ ပြောလိုက်သည်။
"ငါတို့
ပေ့ချီ(မြောက်ဘက်ချီ)က တိုင်းပြည်သေးသေးလေးဆိုပေမယ့် သတ္တမညီမလေးကတော့
ငါတို့နိုင်ငံရဲ့အမွန်မြတ်ဆုံး မင်းသမီးလေးပဲ။ ယောက်ျားတစ်ယောက်ကို သူ(မ)ကိုယ်ပေါ်ကို
လက်တင်ဖို့ ငါ ဘယ်တော့မှ ခွင့်မပြုနိုင်ဘူး။ သူ(မ) သေနေပြီဆိုပေမယ့် သူ(မ)သိသွားရင်
အရှက်ရလိမ့်မယ်!"
ယန်းဟုန်ထျန်း၏
မျက်နှာက ညိုမဲနေပြီး မသေချာမရေရာသော အနေအထားတွင် ရှိနေသည်။ ရှန်ယုလန်က ရှေ့သို့
တိုးလာပြီး "တတိယမင်းသား၊ မင်းသမီးကို သတ်တဲ့သူကို အမြန်ဆုံး ရှာဖွေနိုင်ဖို့
မင်းသမီးရဲ့ရုပ်အလောင်းကို အမြန်ဆုံး စစ်ဆေးရမှာပါ၊ ခွင့်လွှတ်ပါ”
"မင်းသမီးလေးကို ဘယ်သူထိဝံ့လဲ!" လူတစ်ယောက်က ရှေ့သို့ ပြေးလာပြီး
သတ္တမမင်းသမီးလေး၏ ကိုယ်ခန္ဓာရှေ့တွင် ရပ်လိုက်သည်။ သူက စစ်သူကြီးတစ်ယောက်ဖြစ်သော်လည်း
သူက ဘာကိုမှ ဂရုမစိုက်နိုင်လောက်အောင် ဒေါသတကြီး အော်ဟစ်နေသည်။
“မင်းသမီးလေးက
ခန်းမဆောင်ကြီးထက်မှာ အသတ်ခံရတာ သိသာထင်ရှားနေတယ်၊ အဆိပ်ကို တမင်တကာ ခတ်ထားပြီး သေရည်ထဲမှာလည်း
အဆိပ်ကို တွေ့နေရတယ်။ အခုက လူသတ်သမားကို ရှာရမယ့်အစား မင်းသမီးရဲ့ ခန္ဓာကိုယ်ကို စစ်ဆေးချင်နေတယ်၊
ဒါက သက်သက် စော်ကားချင်နေတာပဲ၊ မင်းတို့ချုံယွဲ့က တခြားသူတွေကို အရမ်းကြီး
အနိုင်ကျင့်မနေနဲ့!!"
"ဒါဆို တတိယမင်းသားက ဘယ်လိုဖြေရှင်းချင်တာလဲ?"
နောက်ဆုံးတွင်
ရှရွှင်းစစ်က နောက်သို့လှည့်ကြည့်ကာ ရှန်ယုလန်ကို မျက်နှာမူလိုက်ရင်း တင်းတင်းမာမာ
ပြန်ပြောလာခဲ့သည်။
"ရှန်လူကြီးမင်းက
စစ်ဆေးချင်ရင် အဝတ်အစားတွေနဲ့ပဲ စစ်ဆေးကြည့်လို့ ရမယ်၊ အဲဒါပြီးရင် ငါ့ညီမလေးကို
ငါတို့တိုင်းပြည်ကို ပြန်ပို့ပေးမယ်၊ ဘာပဲဖြစ်ဖြစ် မင်းက ဘာပဲဖြစ်နေဖြစ်နေ၊
ယောက်ျားကြီးတစ်ယောက်က သတ္တမညီမလေးကို ရုပ်ပိုင်းဆိုင်ရာ စစ်ဆေးမှု ဘယ်တော့မှ
မလုပ်ရဘူး!"
ခန်းမကြီး၏လေထုက
အလွန်လေးလံနေသည်။
အလောင်းကို
စစ်ဆေးဖို့ အတင်းအကြပ် မလုပ်နိုင်ဘူးလား? ဒါပေမယ့် အလောင်းကို စစ်ဆေးခြင်း မရှိဘဲ ဒီအမှုကို
ဘယ်လို ဖြေရှင်းနိုင်မလဲ?!
ရှန်ယုလန်က
လေးလေးနက်နက် တွေးတောနေရင်းမှ ရုတ်တရက် သူ့မျက်လုံးထဲတွင် အလင်းတန်းများ
တောက်ပလာခဲ့သည်။ သူ ခေါင်းပြန်မော့လာချိန်တွင် ရှန်ယုလန်၏ မျက်လုံးများက
ကြည်လင်လာပြီး “ယောက်ျားတွေက မလုပ်နိုင်ပေမယ့် မိန်းခလေးတွေက သူ(မ)ကို ထိလို့ရတယ်
မဟုတ်လား”
"မိန်းခလေး?"
ထိုစကားထွက်လာသည်နှင့်
ခန်းမတစ်ခုလုံးမှလူများ တုန်လှုပ်သွားကြပြန်သည်။
ဘယ်မိန်းခလေးက
အလောင်းစစ်ဆေးမှု လုပ်ဖူးပြီး ဘယ်မိန်းခလေးက အလောင်းတွေကို စစ်ဆေးရဲတာလဲ?
ကျွော့ချင်းက
သူမ၏နှလုံးသားထဲတွင် ဆိုးရွားသော ကြိုတင်သတိပေးချက်တစ်ခု ချက်ချင်း ထွက်ပေါ်လာသလို
ခံစားလိုက်ရသည်။
လို့ရှီးယန်၏မျက်လုံးများထဲတွင် ထူးဆန်းသည့်အရိပ်အယောင်တစ်ခု ပေါ်လာခဲ့သည်။
✍️✍️✍️