Chapter 31
Viewers 392

အပိုင်း ၃၁ ကံဆိုးမှု (အပိုင်း ၁)

  ညမိုးချုပ်လာပြီ ဖြစ်သောကြောင့် လမင်းကြီးက သစ်ကိုင်းထိပ်ဖျားသို့ ရောက်လာကာ အချိန်က ဟိုင်ရှီ(ည ၉နာရီမှ ၁၁နာရီအထိ)ဖြစ်နေသော်လည်း ခန်းမဆောင်ကြီးထဲတွင် မီးလုံးများက လင်းထိန်နေသေးသည်။ လို့ရှီးယန်က ပင်မထိုင်ခုံတွင် ထိုင်နေပြီး သစ်သားကုလားထိုင်၏လက်ကိုင်ကို လက်ညိုးဖြင့် ညင်သာစွာ တောက်နေသောကြောင့် အသံများ ထွက်နေခဲ့သည်။ ထိုအသံက အကျယ်ကြီး မဟုတ်သော်လည်း တိတ်ဆိတ်နေသည့် ခန်းမကြီးထဲမှာတွင် ပြတ်ပြတ်သားသား ရှင်းရှင်းလင်းလင်း ကြားနေရသည်။ လို့ရှီးဝူက သူမ၏ခေါင်းကို အနည်းငယ်မော့ကာ လို့ရှီးယန်ကို တိတ်တဆိတ် စိုက်ကြည့်နေသည်။ သူမ၏ အစ်ကိုကြီးက သူမကို စကားမပြော၊ မအော် မငေါက်ဘဲ၊ သူ့၏မျက်နှာပေါ်တွင် စိတ်ခံစားမှုနှင့် ဒေါသများ ကင်းမဲ့နေခဲ့သည်။ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် သူမ ခေါင်းမှ ခြေဖျားအထိ စိုစွတ်နေပြီး ယခုအခါ သူမက အအေးဒဏ်နှင့် ဆာလောင်မှုကြောင့် တုန်လှုပ်နေခဲ့သည်။ သို့သော် လို့ရှီးဝူက စကားတစ်ခွန်းမှ မပြောရဲဘဲ နာခံစွာ ခေါင်းငုံ့ထားဆဲဖြစ်သည်။

    သူမ စာတစ်စောင် ချန်ထားခဲ့ပြီး ထွက်ပြေးသွားခဲ့ခြင်းက သူမ၏စိတ်အားထက်သန်နေသော တွန်းအားတစ်ခုကြောင့်သာ ဖြစ်သည်။ ထို့နောက်တွင် သူမ ပြန်မလာတက်တော့ပေ။ ကျင်းစနှင့် သူမ၏အစ်ကိုက သူမကို မကြာခင်မှာ လာရှာမည်ဟု သူမ မှန်းဆထားခဲ့ပြီး တကယ်လဲ လာရှာခဲ့ကြသည်။  

ဒီလို မိုးသည်းသည်းထန် ရွာမယ်ဆိုတာနဲ့ သူမရဲ့အစ်ကိုကြီးက ဒီလောက်ကြောက်စရာကောင်းမှန်း ကြိုသိခဲ့ရင် သူမ အပြင်ကို ထွက်ရဲခဲ့မှာ မဟုတ်ဘူး။ အခုလည်း သေတောင် ထွက်မပြေးရဲတော့ဘူး!

"မော့ပိုင်" လို့ရှီးယန်၏ လေးနက်သောအသံက ရုတ်တရက် ထွက်ပေါ်လာပြီး လို့ရှီးဝူကို ထိတ်လန့်သွားစေပြန်သည်။ သူမ နောက်တစ်ကြိမ် ချောင်းကြည့်လိုက်ရာ လို့ရှီးယန်က သူမကို လုံးဝမကြည့်တော့သည်ကို သူမ တွေ့လိုက်ရသည်။ သူက အနားရှိ မော့ပိုင်အား အသံတိုးတိုးလေးဖြင့် "ချင်းဖုန့်၊ ထျန်းယုနဲ့ တခြားသူတွေကို သွားပြောလိုက်ပါ။ ရှီးဝူကို ရှာတွေ့လို့ ထပ်ရှာစရာ မလိုတော့ဘူးလို့ သွားပြလိုက်"

  "ဟုတ်ကဲ့"

မော့ပိုင်က ကျင်းစဘေးမှ ဖြတ်သွားချိန်တွင် ကျင်းစကို တည်ငြိမ်သောအကြည့်တစ်ချက်ပေးကာ ချက်ခြင်းထွက်သွားခဲ့သည်။

  လို့ရှီးဝူက လေထဲမှာ ကြွေကျလာနေသည့် သစ်ရွက်ခြောက်ကဲ့သို့ တုန်ယင်နေသည်ကို မြင်နေရသောကြောင့် ကျင်းစက တစ်ခုခု ပြောရန် ပြင်လိုက်သော်လည်း မော့ပိုင်၏အကြည့်ကြောင့် နောက်ဆုံးတွင် သူ ပြောမည့်စကားများကို ပြန်မျိုချလိုက်ရသည်။

ခန်းမကြီးက တိတ်ဆိတ် ငြိမ်သက်သွားပြန်သည်။

  နာရီဝက်ခန့် အကြာတွင် လို့ရှီးဝူက သည်းမခံနိုင်တော့ပေ။

သူမကို အစ်ကိုကြီး ကျေနပ်သလောက် ရိုက်တာ ဒါမှမဟုတ် ဆူပူကြိမ်းမောင်းတာကို သူမ ခံနိုင်တယ်။ ဒီလိုမျိုး ထပ်ပြီး မခံစားချင်တော့ဘူး။

လို့ရှီးဝူက သူမ၏ခေါင်းကို မော့လိုက်ပြီး "အစ်ကို..."

       ကံမကောင်းစွာဖြင့် သူမ စကားတစ်ခွန်းတည်းသာ ပြောပြီးနောက် လို့ရှီးယန်၏ အသံ ရုတ်တရက် ထွက်ပေါ်လာပြီး "လာကြ၊ သခင်မလေး အနားယူဖို့ သူ့(မ)အခန်းထဲ ပြန်သွားနိုင်အောင် ကူညီပေးလိုက်ကြ။ ငါ့အမိန့်မပါဘဲ သူ့(မ)ကို အခန်းထဲကနေ ထွက်ခွင့်မပေးဘူး!"

       ကိုယ်ရံတော်များ ဝင်လာပြီး လို့ရှီးဝူ၏နောက်တွင် ရပ်နေကာ တစ်ယောက်ကို တစ်ယောက် ကြည့်နေရင်း လို့ရှီးဝူကို ထွက်သွားရန် တွန်းအားပေးနေကြသည်။

  "အစ်ကို!! အစ်ကို ကျွန်မကို ဒီလို ပိတ်လှောင်မထားလို့ မရဘူး?!" လို့ရှီးဝူက သတိပြန်ဝင်လာပြီး ကျယ်လောင်စွာ အော်လိုက်သည်။ ကံမကောင်းစွာဖြင့် လို့ရှီးယန်က သူမကို အစကနေ အဆုံးအထိ လှည့်တောင် မကြည့်ခဲ့ပေ။

  လို့ရှီးယန်က လူအများရှေ့တွင် အမြဲတည်ငြိမ်နေပြီး ဒေါသအရိပ်အယောင်မပြနေသော်လည်း ကျင်းစက သူ အလွန်ဒေါသထွက်နေမှန်း သိထားပြီး ဖြစ်သည်။ ထို့ကြောင့် ကျင်းစက ရှေ့ကို တိုးလာပြီး "သခင်၊ ဒီအဖြစ်အပျက်က ဒီလက်အောက်ငယ်သားကြောင့်ဖြစ်တာပါ၊ သခင်မလေးနဲ့ ဘာမှ မဆိုင်ပါဘူး၊ ဒီလက်အောက်ငယ်သားကို အပြစ်ပေးပါ..."

  လို့ရှီးယန်က ကျင်းစ ပြောနေသည့်စကားများကို တားဆီးရန် သူ့လက်ကို ညင်သာစွာ မြှောက်ကာ အချက်ပြလိုက်ပြီး "ငါ့မှာ ကိုယ်ပိုင်ဉာဏ်ရှိတယ်။ မင်း ထွက်သွားပြီး အနားယူလို့ရတယ်"

  "ဟုတ်ကဲ့"

သခင်က သူ ပြောတာကိုတောင် မကြားချင်တော့ဘူး။

ကျင်းစ၏နှလုံးသားပင်လျှင် တုန်လှုပ်သွားရပြီး သူက ဦးညွှတ်ကာ ထွက်ခွာသွားခဲ့သည်။

  ကျင်းစက တောင့်တောင့်တင်းတင်း လှည့်ထွက်သွားပြီး သူ့နောက်ကျောကပင် အေးစက်နေပုံရသည်။ လို့ရှီးယန်က သူ့ခေါင်းကို အားအင်မဲ့စွာ ခါယမ်းလိုက်သည်။

ရှီးဝူက ကျင်းစကို သဘောကျနေတယ်။ ကျင်းစက ဒီမိန်းကလေးကို စိတ်မဝင်စားတာကို သူ အချိန်အတော်ကြာကတည်းက သိနေခဲ့တယ်။ ပြီးတော့ သူက ကလေးဆန်တဲ့သူ မဟုတ်ဘူး၊ သူတို့ တကယ်ချစ်ပြီး လက်ထပ်လိုက်မယ်ဆိုရင် လှပတဲ့ အိမ်ထောင်ရေးတစ်ခု ဖြစ်လာမှာ သေချာတယ်၊ ဒါပေမယ့် ကျင်းစရဲ့ ခေါင်းမာတဲ့စိတ်က သခင်နဲ့ ကျွန်ကြားက ခြားနားမှုကို အခိုင်အမာ စည်းခြားထားခဲ့တယ်။ သူက သူတို့အတွက် ဆုံးဖြတ်ချက်ချပေးရင်တောင် ကျင်းစက သဘောတူမှာ မဟုတ်ဘူး။ သူက ဒီကိစ္စကို အားလုံးမြင်နေရပေမယ့် ရှီးဝူက စိတ်အားထက်သန်လွန်းနေတာကြောင့် သူ့ကို ခေါင်းမကိုက်စေဖို့ ခဲယဉ်းလွန်းလှတယ်။

  လို့ရှီးယန်က သူ၏ပုခုံးများကို ညင်သာစွာ ပွတ်သပ်ရင်း မတ်တပ်ထရပ်ကာ သူ့အခန်းထဲသို့ ပြန်သွားတော့မည်ဖြစ်သော်လည်း မော့ပိုင် အလျင်စလို လျှောက်လာသည်ကို သူ မြင်လိုက်ရသည်။ မော့ပိုင်၏ခြေလှမ်းများက အနည်းငယ် လျင်မြန်နေပုံရသောကြောင့် လို့ရှီးယန်၏စိတ်ထဲမှ ဆိုးရွားသော ကြိုတင်သတိပေးချက်တစ်ခု နားမလည်နိုင်စွာ ထွက်ပေါ်လာခဲ့သည်။ ထို့ကြောင့် သူက အလောတကြီး လှမ်းမေးလိုက်သည်။

"ဘာဖြစ်လို့လဲ?"

    "ချင်းဖုန့် ပျောက်သွားပြီ"

    ပျောက်သွားတာလား?! 

လို့ရှီးယန်က ရုတ်တရက် သူ့ခေါင်းကို မော့လိုက်ပြီး သူ့မျက်လုံးများတွင် ရှုပ်ထွေးမှု အရိပ်အယောင်များ ရှိနေလေသည်။

  လို့ရှီးယန်က သေသေချာချာ မေးရန်ပင် မလိုဘဲ မော့ပိုင်က "ရေပူစမ်း ဥယျာဉ်တစ်ခုလုံးကို ရှာဖွေခဲ့ပေမယ့် သဲလွန်စ မတွေ့ခဲ့ဘူး။ နေ့ခင်းပိုင်းမှာတော့ အိမ်ဝန်းထဲက လူတွေအားလုံးက သခင်မလေးရှီးဝူကို ရှာဖို့ အပြင်ထွက်ခဲ့ကြတယ်။ သူ(မ) ဘာဖြစ်သွားမှန်း ဘယ်သူမှ မသိလိုက်ကြဘူး၊ အခု ပျောက်နေတယ်"

  သူမ ထွက်ပြေးသွားတာဖြစ်နိုင်လား? မဖြစ်နိုင်ဘူး... သူမက မိုက်မဲတဲ့သူ မဟုတ်ဘူး။ သူမ ထွက်ပြေးချင်ရင် တခြား အခွင့်အလမ်းတွေ ရှာနိုင်ပြီး ဒီလို လူနေကျဲပါးတဲ့ နေရာကို သူမ ရွေးချယ်မှာ မဟုတ်ဘူး။ အဲ့တာအပြင် သူမ ဒီလို ထွက်ပြေးသွားရင် သူမရဲ့ညီအစ်မတွေကို တွေ့ဖို့ ပိုခက်သွားလိမ့်မယ်။ ဒါမှမဟုတ် သူမကို တစ်ယောက်ယောက်က ဖမ်းသွားတာလား?! 

ထိုအတွေးကို တွေးမိသွားချိန်တွင် လို့ရှီးယန်၏မျက်နှာက မည်းမှောင်သွားပြီး သူ့အသံက အနည်းငယ် အလောတကြီး ထွက်ပေါ်လာခဲ့သည်။

"ငါတို့ ဒီကိုခေါ်လာတဲ့ အစောင့်တွေကို စုပြီး သူ(မ)ကို ရှာဖို့ တောင်ဘက်ကို သွားရှာကြ"

  "ဟုတ်ကဲ့"

မော့ပိုင်က အမှတ်တမဲ့ အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။

ဒီချင်းဖုန့်က သူ့သခင်ရဲ့စိတ်ကို တုန်လှုပ်နိုင်စေပုံရတယ်။

.....။......။.....

    သူမက ဝက်တစ်ကောင်ပဲ.....

    သူမက ငတုံးတစ်‌ယောက်ပဲ....

    သူမက တုံးအမိုက်မဲတဲ့ ဝက်တစ်ကောင်ပဲ....

    သူမက ပြန်ကုသနိုင်ဖို့ မျှော်လင့်ချက်မဲ့နေတဲ့  တုံးအမိုက်မဲတဲ့ ဝက်တစ်ကောင်ပဲ....

    လို့ရှီးဝူရဲ့ အသက်နဲ့ သေခြင်းတရားကို သူမက ဘာကြောင့် ဂရုစိုက်ချင်ခဲ့ရတာလဲ? သတင်းရဖို့ အတွက် ဥယျာဉ်ငယ်လေးမှာ အေးအေးဆေးဆေး စောင့်ဆိုင်းမနေဘဲ ဥယျာဉ်ငယ်လေးတစ်ဝိုက်မှာ ဘာလို့ အလုပ်မရှိ အလုပ်ရှာပြီး လိုက်ရှာခဲ့မိတာလဲ? ကောင်းကင်ကရော ဘာကြောင့် ရုတ်တရက် မိုးသည်းထန်စွာရွာလာရတာလဲ? သူမကရော ဘာလို့ လမ်းပျောက်နေရတာလဲ?!

  ဟုတ်တယ်၊ သူမ လမ်းပျောက်နေခဲ့တာ။ ဒါ သူမဘဝမှာ ပထမဆုံးအကြိမ် လမ်းပျောက်ဆုံးသွားခြင်းပဲ။ မှတ်မိနိုင်စွမ်းမြင့်မားလွန်းတဲ့ သူမက တကယ်ကို လမ်းပျောက်ဆုံးသွားနိုင်တဲ့ မှတ်ဉာဏ်တစ်ခုရှိနေတယ်ပေါ့! @#$#%……

  သူမ နှလုံးသားထဲတွင် အဆက်မပြတ် ကျိန်ဆဲနေခဲ့သော်လည်း ကျွော့ချင်းတစ်ယောက် သူမ၏ခြေလှမ်းများကို မရပ်တန့်ဝံ့ပေ။ မိုးသည်းထန်စွာရွာသွန်းပြီးနောက် တောင်တန်းများက မြူခိုးများဖြင့် ပြည့်နေပြီး မြင့်မားသောသစ်ပင်ကြီးများက သူမကို ဝန်းရံထားခဲ့သည်။ ပတ်ဝန်းကျင်တစ်ခုလုံး မှောင်မိုက်နေပြီး ဘာမှ မမြင်နိုင်လောက်အောင်ဖြစ်နေကာ သူမကို တုန်လှုပ်ချောက်ချားသွားစေခဲ့သည်။ သို့သော်လည်း သူမက မရပ်တန့်ရဲသောကြောင့် ရှေ့သို့သာ တိုးသွားနေရတော့သည်။ 

ရေပူစမ်းဥယျာဉ်ရဲ့တောင်ပေါ်မှာ ရှိနေတာကြောင့် တောရိုင်းတိရိစ္ဆာန်ကြီးတွေနဲ့ တွေ့ဖို့တော့ မဖြစ်နိုင်ဘူး။ ရေပူစမ်းရှိနေရင် ဒီနေရာမှာ ရေရှိနိုင်လိမ့်မယ်။ သူမ ရေထွက်နေတဲ့ နေရာကို ရှာတွေ့တာနဲ့ သူမ ဆက်လျောက်နိုင်လိမ့်မယ်။

ညလေညင်းက အေးစိမ့်စိမ့်ဖြစ်နေပြီး သူမရဲ့ဗိုက်ကလည်း ဆာလောင်နေပြီ။ သူမ အမှောင်ထဲမှာ ဘယ်လောက်ကြာကြာ လျှောက်လှမ်းနေမိလဲ မသိတော့ဘူး။

နောက်ဆုံး အဝေးတစ်နေရာမှ မီးရောင်တစ်ခု တောက်ပနေသည်ကို မြင်လိုက်ရချိန်တွင် ကျွော့ချင်း ငိုချင်နေပြီ ဖြစ်သည်။ 

မီးရှိရင် တစ်ယောက်ယောက် ရှိမှာ သေချာတယ်! 

ကျွော့ချင်းက သူမ၏အရှိန်ကို အရှိန်မြှင့်လိုက်ပြီး မီးရောင်ရှိသည့်နေရာဆီသို့ အလျင်အမြန် လျှောက်လာခဲ့သည်။

  နီးကပ်လာသည်နှင့်အမျှ ကျွော့ချင်းက သူမရှေ့တွင် မျှော်လင့်ချက်ရှိနေသည်ကို ခံစားလိုက်ရချိန်တွင် အော်ငေါက်သံတစ်ခုက သူမကို ပြင်းပြင်းထန်ထန် ထိတ်လန့်တုန်လှုပ်သွားကာ သူမ မလှုပ်ဝံ့တော့ပေ။

 "ပါးစပ်ပိတ်ထား၊ မင်း ထပ်ငိုရင် ငါ မင်းကို သတ်ပစ်မယ်!"

  ကျွော့ချင်းတစ်ယောက် အေးခဲသွားတော့သည်။

မိုးနတ်မင်းရေ...  ငါ ကံမကောင်းပါလား?

နောက်ဆုံးတွင် သူမက မျှော်လင့်ချက်ကို မြင်ခဲ့ရသော်လည်း စိတ်ပျက်လက်ပျက်ဖြင့်သာ အဆုံးသတ်ခဲ့ရသည်။ ကျွော့ချင်းက မီးအလင်းရောင်ထွက်နေသည့် တောင်ထိပ်နှင့် အလွန်နီးကပ်နေပြီး အတွင်းမှ လူများကို အနှောင့်အယှက်ဖြစ်စေမည်ကို စိုးရိမ်သောကြောင့်  အသက်ကို ပြင်းပြင်းရှူကာ ခနလောက်ငြိမ်သက်နေပြီးမှ သူမခြေထောက်များကို ညင်သာစွာ မြှောက်ကာ အပေါ့ဆုံးခြေလှမ်းများဖြင့် ပြန်ထွက်လာခဲ့သည်။

       သူမ ခြေလှမ်း အနည်းငယ် လှမ်းပြီးနောက် ကြမ်းတမ်းပုံရသည့် အမျိုးသားအသံတစ်သံကို ကြားလိုက်ရသည်။ "မင်းတို့ ချီမိသားစုက လူတွေ... ဘယ်သူမှ မကောင်းဘူး။ မင်းတို့က လောင်းကစားရုံဖွင့်ပြီး ငါ့ပိုက်ဆံတွေကို လိမ်တယ်။ ငါက အနိုင်ကျင့်ဖို့ လွယ်တယ်လို့ မထင်နဲ့။ ငါ ဘယ်သူလဲဆိုတာ မမေးနဲ့။ ချီမိသားစုက မင်းကို ရွေးဖို့ ပိုက်ဆံတွေကို နာနာခံခံ ယူလာစေဖို့ ဆုတောင်းနေတာက မင်းအတွက်  အကောင်းဆုံးပဲ၊ မဟုတ်ရင် ရက်စက်တဲ့အတွက် ငါ့ကို အပြစ်မတင်နဲ့!"

  ချီမိသားစု?! ဒီလို တိုက်ဆိုင်မှုက မဖြစ်နိုင်ဘူး မဟုတ်လား?! ဒီလူက ချီထျန်းယုက ချမ်ကျင်းကို ဖမ်းပေးဖို့ တောင်းဆိုတဲ့လူ ဖြစ်နိုင်မလား? ဒီလူက မတုံးဘူး။ ဒီလူက သူ့နှာခေါင်းအောက်မှာ ပုန်းနေမယ်လို့ ချီထျန်းယုက ဘယ်လိုတွေးမိမှာလဲ? ပြီးတော့ ထူထပ်နေတဲ့တောတွေတောင်က လူတစ်ယောက် တစ်နှစ်လောက် ပုန်းနေဖို့ ခက်ခဲစေမှာ မဟုတ်ဘူး။

  ထိတ်လန့်နေပုံရသော အမျိုးသမီးအသံ တိုးတိုးလေးတစ်ခုလည်း ထွက်ပေါ်လာခဲ့ပြီး "ငါ့ကို မသတ်ပါနဲ့၊ ငါ့အစ်ကိုက ငါ့ကို ပြန်ရွေးမှာပါ!"

  မိန်းကလေးကလည်း သူမက အစေခံဖြစ်ကြောင်း ထုတ်ဖော်ပြောသည်အထိ လုံလောက်အောင် မမိုက်မဲပေ၊ ထို့သို့မဟုတ်ရင် လူဆိုးက ဒေါသထွက်ပြီး သူမ အသက်ဆုံးသွားပေလိမ့်မည်။ ကျွော့ချင်းက သူမခြေထောက်များကို ထပ်မြှောက်လိုက်ပြီး သူမ ချောချောမွေ့မွေ့ဖြင့် ထွက်သွားနိုင်ရန် စိတ်ထဲမှ တိတ်တဆိတ် ဆုတောင်းရင်း နောက်တစ်ကြိမ် ခြေလှမ်းပြန်စလိုက်သည်။

သူမကို ဒီမိန်းခလေးကို ကယ်ဆယ်ဖို့ လူသွားရှာလာတဲ့အထိ ဒီမိန်းခလေး အချိန်အကြာကြီး တောင့်ခံထားနိုင်ပါစေ။

  ကျွော့ချင်းက သူမကိုယ်သူမ နှစ်သိမ့်နေ၍မှ မပြီးသေးခင် မိန်းကလေး၏ အထိတ်တလန့် အော်ဟစ်သံကို ကြားလိုက်ရသည်။

"နင်... ဘာလုပ်ချင်လို့လဲ! ထွက်သွားစမ်း!!"

"စိတ်မပူပါနဲ့၊ ငါ မင်းကို သတ်မှာ မဟုတ်ပါဘူး။ မင်းမှာ နူးညံ့တဲ့အသားအရည်နဲ့ နုနယ်တဲ့အသားရှိတယ်။ ငါ သခင်မလေးတွေရဲ့အရသာကို မမြည်းစမ်းဖူးသေးဘူး!"

       SHIT! 

ညစ်ညမ်းသော ဘာသာစကားက ကျွော့ချင်း၏ရင်တွင်းမှ ပေါက်ကွဲထွက်လာခဲ့သည်။  

မင်းရဲ့ခြေချောင်းတွေနဲ့ တွေးကြည့်ရင်တောင် နောက်ထပ် ဘာဖြစ်လာမယ်ဆိုတာ မင်း သိနိုင်တယ်။ (ဦးနှောက်နဲ့မတွေးဘဲ ခြေထောက်နဲ့တွေးရင်တောင် မှန်းလို့ရတယ်လို့ပြောချင်တာပါ)

  "နင် ငါ့ကို နာကျင်စေခဲ့ရင် ငါ့အစ်ကိုက နင့်ကို ပိုက်ဆံပေးမှာ မဟုတ်ဘူး!"

မိန်းကလေးက ထိုလူ့ကို ချော့မော့ရန် ကြိုးစားနေသော်လည်း ကံမကောင်းစွာဖြင့် ထိုယောက်ျားက မတုန်လှုပ်ဘဲ တံတွေးထွေးကာ ကျိန်ဆဲလိုက်ပြီး "ပိုက်ဆံ မပေးဘူးလား။ အဲ့တာဆိုရင် အလောင်းကို လာကောက်ပါလေ့စေ"

  "ကျေးဇူးပြုပြီး မလုပ်ပါနဲ့!"

  "ကူညီကြပါ----"

  အဝတ်များစုတ်ပြဲသံ၊ မိန်းခလေး၏အော်ဟစ်သံများနှင့် ယောက်ျားတစ်ယောက်၏ ရယ်မောသံများ ထွက်ပေါ်လာပြီး အရာအားလုံးက ပြကွက်တစ်ခုလို ဖြစ်လာကာ ကျွော့ချင်း၏နှလုံးသားကို ကိုက်ဖြတ်နေတော့သည်။ မုဒိမ်းမှု့ဖြင့် သေဆုံးခဲ့ရသော မရေမတွက်နိုင်သည့် အမျိုးသမီးများ၏အလောင်းများက သူမစိတ်ထဲတါင် တဖျပ်ဖျပ် ပေါ်လာပြီး ကျွော့ချင်း၏လက်သီးဆုပ်များက ပိုတင်းကြပ်လာခဲ့သည်။ 

ငါ...အဲ့တာ...!

 သူမ ကောင်မလေးကို ဂရုမစိုက်ဘဲ ထွက်သွားရင် သူမဘဝတစ်လျှောက်လုံး စိတ်မချမ်းမသာ ဖြစ်နိုင်ပေမယ့် ပြေးဝင်သွားခဲ့ရင်လည်း ရလဒ်က ပိုဆိုးသွားရုံအပြင် ဘာမှ မရှိဘူး။ 

ဘယ်လို လုပ်ရမလဲ? . . . . . . မြန်မြန် စဉ်းစားစမ်း!

✍️✍️✍️