Part 191
မိုလင်းတစ်ယောက် ကေမြို့တွင် ရှိနေစဉ်အတွင်း အလုပ်ရှုပ်နေတော့သည်။
သူမ ရေချိုးခန်းသို့ သွားပြီး ပလုတ်ကျင်းလိုက်သည် ထို့နောက် ကျန်းယန်ရှန့်ကို နှုတ်ဆက်ပြီး ယွဲ့စုန့်နှင့်တွေ့ရန် ထွက်သွားလိုက်သည်။
ယွဲ့စုန့်သည် ချောမောခန့်ညားသူဖြစ်ပြီး တည်ငြိမ်လှသော အမူအရာကြောင့် ကျောင်းသားတစ်ယောက်ဟု မထင်ရပေ။ အဘိုးဖြစ်သူက သူ့ကို စီးပွားရေးအကြောင်း သင်ပြထား၍ အလုပ်ကိစ္စများတွင် အလွန်ကျွမ်းကျင်းမှု ရှိလေသည်။
ကျန်းယန်ရှန့်နှင့် ရှုလီချန် ကဲ့သို့သော အထက်တန်းကျောင်းသားများနှင့် နှိုင်းယှဉ်လိုက်ပါက ယွဲ့စုန့်သည် စီးပွားရေး လုပ်ငန်းထဲသို့ ထူးချွန်စွာ ဝင်ရောက်လာခဲ့ပြီး လုပ်ငန်းရှင် တစ်ဦးတွင် ရှိသင့်သည့် အရည်အသွေးများရှိသူ ဖြစ်လေသည်။
ထို့ကြောင့် ယွဲ့စုန့် သည် 'နေအဖွဲ့အစည်းမှ ထွက်ခွာခြင်း' အတွက် နောက်ထပ်ရင်းနှီး မြှုပ်နှံသူ ဖြစ်လာနိုင်သည်ဟု မိုလင်း ခံစားမိလေသည်။
ယွဲ့စုန့်ကလည်း ကွင်းဆင်း လေ့လာရန် တောင်းဆိုခဲ့သဖြင့် သူမက ဝမ်းပန်းတသာ လက်ခံလိုက်လေသည်။
“ကျွန်မ စီစဉ်ပေးပါ့မယ်..."
"ကျွန်တော်လည်း အမြန်ဆုံး အဆင်ပြေနိုင်ဖို့ မျှော်လင့်ပါတယ်...ကျောင်းပြန်တက်ရတော့မယ်လေ..."
ယွဲ့စုန့်သာ သူမကို မပြောထားလျှင် သူက ကျောင်းသားဖြစ်ကြောင်း မိုလင်း မေ့သွားမည် ဖြစ်သည်။
"နောက်မှ သေချာလားဆိုတာ လှမ်းပြောလိုက်မယ်နော်...ဒီနေ့ 'ကျောင်းပြန်တက်ရတော့မယ်' ဆိုတဲ့ စကားကို ဒုတိယအကြိမ် ကြားလိုက်ရတာပဲ..."
ယွဲ့စုန့်သည် ယနေ့ အထက်တန်း ကျောင်းသူ၊ကျောင်းသားများက မိုလင်းနှင့် တွေ့ဆုံမည် ဖြစ်ကြောင်း ယခင်တစ်ခေါက်ကပြောခဲ့သဖြင့် သူ မှတ်မိနေလေသည်။
“အထက်တန်းကျောင်းသားတွေကော ဘယ်လိုလဲ...”
"အားလုံး အဆင်ပြေသွားပါပြီ...သူတို့မိဘတွေ ကိုယ်တိုင် မလာဘူးလေ... ရှေ့နေတစ်ဦးစီ လွှတ်ပြီး သူတို့ကိုယ်တိုင် လုပ်ငန်းကိစ္စပြောခဲ့တာ...”
“ဂုဏ်ယူပါတယ်...ဒါဆို အစ်မ ဖုန်းခေါ်တာကို စောင့်နေမယ်နော်..."
ထို့နောက် မိုလင်းက ယွဲ့စုန့်ကို နှုတ်ဆက်လိုက်ပြီး ခရီးဆောင်အိတ်ယူရန် ဟိုတယ်ကိုသွားနေရင်း လမ်းတွင် ဒါရိုက်တာရှယ်ကို ဖုန်းဆက်လိုက်သည်။
"ကျန်းမိန်းကလေးနဲ့ ရှုသူဌေးလေးတို့ကယွမ် ၄၄ သန်း ရင်းနှီးမြှပ်နှံကြမှာ...”
ဒါရိုက်တာရှယ်က ဝမ်းသာအားရပြောလိုက်သည်။
"ကောင်းတယ်...အရမ်းကောင်းတယ်..."
မိုလင်းက ရှုလီချန် တောင်းဆိုထားသည်ကို ပြောပြလိုက်သည်။
"သူက တိုက်ခိုက်ရေးဝတ်စုံကို တစ်ကယ်ဝတ်ချင်နေတာ..."
ဒါရိုက်တာရှယ်က ကျယ်လောင်စွာ ရယ်မောလိုက်သည်။
"ကျွန်တော် သိပါတယ်... အဲ့ဒီနေ့က တိုက်ခိုက်ရေးဝတ်စုံကို သူ မျက်လုံးကျွတ်ကျမတတ် စိုက်ကြည့်နေတာ မခွာတော့ဘူး.... ကျန်းမိန်းကလေးက သူ့ကို ဆွဲခေါ်သွားတာ...”
ကျန်းယန်ရှန့်သည် အဘယ်ကြောင့် မမလေး ကျန်း ဖြစ်သွားပြီး ရှုလီချန် သည် ရှောင်ရှု ဖြစ်သွားသည်ကို မိုလင်း အံ့သြသွားမိသည်။ ဒါရိုက်တာ ရှယ် က ရုတ်တရက် အတင်းအဖျင်းပြောလာသည်။
" ဟေး ရှောင်မို ...ဒီကလေးနှစ်ယောက်က ဘာလဲ…”
"ကျွန်မလည်း မသိဘူး...ဒါပေမယ့် မမလေးကျန်းက သူဌေးလေးရှုကို တော်တော်နိုင်တယ်....ဒါဆို သူတို့နှစ်ယောက်ကို ရှင့်ဆီ အပ်ထားလိုက်မယ်နော်....ပြီးတော့ ကျွန်မတို့အတွက် ရင်းနှီးမြှုပ်နှံဖို့ အလားအလာရှိတဲ့ကို တွေ့ခဲ့တယ်...သူကလည်း တတ်နိုင်သမျှ မြန်မြန်လေး ရိုက်ကွင်းကို လာကြည့်ချင်နေတယ် ....”
ဒါရိုက်တာရှယ် အံ့အားသင့်ပြီး ဝမ်းသာသွားကာ ချက်ချင်း သဘောတူလိုက်သည်။
"ရပါတယ်...လာကြည့်လို့ရတယ်...ရှောင်မို...နင်က အရမ်းတော်တာပဲ... သူ ဘယ်တော့ လာမှာလဲ..."
"ကျွန်မ သူ့ကို ချိန်းထားလိုက်မယ်လေ..."
ထို့နောက် မိုလင်းမှာ လေဆိပ်ကိုရောက်လာပြီး လုံခြုံရေးဂိတ်ကို ကျော်ဖြတ်ပြီးချိန်မှာပင် ယွဲ့စုန့်ကို ချက်ချင်း ဖုန်းဆက်လှမ်းပြောလိုက်သည်။
"ဘယ်ချိန်မဆို ဖြစ်တယ်...."
ယွဲ့စု့န့်က ပြန်ပြောလိုက်သည်။
"နှစ်ရက်လောက် ကြာမှာဆိုတော့...မနက်ဖြန်မနက်ကျရင် ကျွန်တော် ထွက်လာခဲ့မယ်လေ...."
မိုလင်းက နှစ်ဦးနှစ်ဘက်စလုံးကို အချိန်ညှိပေးလိုက်ပြီး တစ်နေ့တာ အလုပ်များ ပြီးသွား၍သဖြင့် သူမ စိတ်အေးလက်အေး လေယာဉ်ပေါ် တက်လာသည်။
ဒါရိုက်တာရှယ်နှင့် တွေ့ဆုံရန် ယွဲ့စုန့်က မနက်အစောလေယာဉ်ဖြင့် ထွက်လာမည် ဖြစ်သည်။ယွဲ့စုန့်သည် ရုံးသွားသကဲ့သို့ ဈေးကြီးသည့် ဝတ်စုံကို မဝတ်ထားဘဲ ပေါ့ပေါ့ ပါးပါး ၀တ်ဆင်ထားပြီး ကျောပိုးအိတ်ကို လွယ်ထားကာ တစ်ခြား ခရီးဆောင်အိတ်လည်း မပါလာခဲ့ပေ။
ယွဲ့စုန့်က အဘိုးဖြစ်သူကို နှုတ်ဆက်လိုက်လေသည်။
"တစ်ခြားကိစ္စမရှိရင် ဒီည ပြန်လာခဲ့မယ်...အဘိုး"
ယခုလို ပေါ့ပေါ့ပါးပါး ၀တ်ဆင်လိုက်လျှင် ယွဲ့စုန့်မှာ ငယ်ရွယ်သူဖြစ်မှန်းသိသာထင်ရှားလေသည်။
ဒါရိုက်တာရှယ်မှာ ရွှေသခင်များစွာကို ရင်းနှီးမြှုပ်နှံရန် ဆွဲဆောင်နိုင်ခဲ့သော မိုလင်းကို မချီးကျူးပဲ မနေနိုင်တော့ပေ။
ဒါရိုက်တာရှယ်သည် ယွဲ့စုန့်ကို လုပ်ငန်းစုကြီးတစ်ခု၏ မြေးဖြစ်သူမှန်း သိထားသည်။ကောင်လေးမှာ ငယ်ရွယ်သော်လည်း သူ့ပုံစံမှာ သူဌေးတစ်ယောက်ဖြစ်ကြောင်း ထင်ရှားလေသည်။ ထို့ကြောင့် ဒါရိုက်တာရှယ်က သူ့ကို လျစ်လျူမရှုရဲဘဲ ယွဲ့စုန့်ကို နှုတ်ဆက်လိုက်သည်။
"သူဌေး ယွဲ့..."
ယွဲ့စုန့်က ခပ်ဖွဖွပြုံးလိုက်ရင်း ပြောလိုက်သညါယ်။
"မဟုတ်ပါဘူး... အဘိုးကမှ သူဌေးယွဲ့ပါ..."
"ဒါဖြင့် သူဌေးလေးယွဲ့ ပေါ့...."
ဤသို့ဖြင့် သူဌေးလေးယွဲ့ဟု အမည်တွင်သွားတော့သည်။
ထို့နောက် ယွဲ့စုန့် သည် ရိုက်ကူးရေးနေရာကို ကြည့်ကာ ကြုံတွေ့နိုင်သည့် အခက်အခဲ များစွာကို မေးမြန်းခဲ့သည်။ သေချာသည်မှာ ယွဲ့စုန့်သည်အထက်တန်း ကျောင်းသားနှစ်ယောက်နှင့် ပြောဆိုဆက်ဆံရသည်ထက် ပို၍ ခက်ခြင်း ဖြစ်သည်။ ဒါရိုက်တာ ရှယ် နှင့် ထုတ်လုပ်သူ တို့ကလည်း သူ့ကို အဆင်ပြေအောင် ဆောင်ရွက်ပေးကြသည်။
နေ့လည်စာစားချိန်ရောက်သောအခါ ရှုလီချန် လုပ်သလို ဖန်ခွက်တွေဘာတွေ မတိုက်ရဘဲ အားလုံးက စာသင်ခန်းထဲရောက်နေသကဲ့သို့ စကားများများ မပြောကြပေ။ဒါရိုက်တာရှယ်မှာလည်း ယွဲ့စုန့်မေးသမျှ မေးခွန်းများကို တရစပ်ဖြေနေရသဖြင့် လက်ထောက်ဒါရိုက်တာတို့မှာ နားငြီးနေကြပြီး အစားကို ဖြောင့်အောင်ပင် မစားနိုင်တော့ချေ။
အတော်ကြာမေးပြီးကာမှ ယွဲ့စု့န့်က ပြောလိုက်လေသည်။
“ ကျွန်တော် မေးစရာတွေ မရှိတော့ပါဘူး...အရင်စားကြရအောင်...”
ဒါရိုက်တာ ရှယ် သက်ပြင်းတစ်ချက်ချလိုက်သည်။
ထုတ်လုပ်သူက ဝင်ပြောလေ၏။
"သူဌေးလေး ယွဲ့ လည်း ကေမြို့က ဟုတ်တယ် မလား...ကေမြို့က တစ်ကယ့်ကို ထူးချွန်ထက်မြက်တဲ့ သူတွေကို မွေးထုတ် ပေးတာပဲ.... လွန်ခဲ့တဲ့ရက်က ရင်းနှီးမြှုပ်နှံသူ နှစ်ယောက် ရောက်လာသေးတယ်...သူတို့လည်း ကေမြို့ကပဲ.. အရမ်းလည်း ငယ်ကြသေးတယ်...”
"အဲဒီ အထက်တန်းကျောင်းသား နှစ်ယောက်လား..."
"အိုး..သူဌေးလေးယွဲ့ရော သူတို့ကို သိတာလား...ဟုတ်တယ်...သူတို့က အထက်တန်း ကျောင်းသားတွေပါ... ”
လွန်ခဲ့သော နှစ်ရက် ကတည်းက ထို 'အထက်တန်း ကျောင်းသား' နှစ်ယောက် အကြောင်းကို ထပ်ခါတလဲလဲ ကြားခဲ့ရ၍ ယွဲ့စုန့် စိတ်ထဲတွင် အနည်းငယ် သိချင်နေမိသည်။မိုလင်းက ဖောက်သည်များအကြောင်းကို ပြောပြမည်မဟုတ်ကြောင်း သူသိသော်လည်း ရိုက်ကူးရေး အဖွဲ့သားများမှာမူ ပြောကောင်းပြောနိုင်သည်။
“သူတို့အိမ်က ဘာလုပ်ကြလဲ....”
ထုတ်လုပ်သူကလည်း ပြန်ဖြေလိုက်သည်။
“အဲ့တာတော့ ကျွန်တော် မသိဘူး...ကောင်မလေးရဲ့ မျိုးရိုးနာမည်က ကျန်း ပဲ...ကောင်လေးရဲ့ နာမည်က ဘာပါလိမ့်...”
ထမင်းစားပွဲမှ အဖွဲ့သားများက တစ်ပြိုင်နက် ပြောလိုက်ကြသည်။
“ရှု.. မျိုးရိုး နာမည်က ရှု...”
ယွဲ့စုန့်က ကေမြို့တွင် နေထိုင်သော မျိုးရိုးအမည် ကျန်း နှင့် ရှု တို့ကို ခဏမျှစဉ်းစားကြည့်သည်။
လက်ထောက် ဒါရိုက်တာ တစ်ယောက်က သူ့ဖုန်းကို ထုတ်လိုက်ပြီး ပြလိုက်သည်။
“ဒါက သူတို့နှစ်ယောက်လေ..”
Xxxxxx
Part 192
ဖုန်းကို ဘေးရှိလူက လက်ဆင့်ကမ်းပေးလိုက်ရာ ယွဲ့စုန့်က ယူကြည့်လိုက်သည်။ ဓာတ်ပုံထဲတွင် ဒါရိုက်တာရှယ် နှင့် အခြား လက်ထောက်ဒါရိုက်တာများ အပြင် ဆယ်ကျော်သက်လူငယ်စုံတွဲတစ်တွဲကို တွေ့လိုက်ရသည်။မိန်းကလေး၏ မေ့ပျောက်ရန် ခဲယဉ်းသွားကာ ရုပ်ရည်သွင်ပြင်ကြောင့် ယွဲ့စုန့် ပြန်အမှတ်ရသွားသည်။
ယွဲ့စုန့် သူမ ဖြစ်လိမ့်မည်ဟု မမျှော်လင့်ထားပေ။သူ အနီးကပ် ကြည့်လိုက်ရာ သူမသည် ဓာတ်ပုံထဲတွင် မိတ်ကပ်လိမ်းထားသဖြင့် မိတ်ကပ်လိမ်းခြင်းကို ကြိုက်ပုံရပြီး လူကြီး တစ်ယောက်လို ဟန်ဆောင်တတ်သည်။သူမဆိုးထားသော နှုတ်ခမ်းနီ၏အရောင်သည် လှပသော်လည်း သူမ မျက်နှာကို အေးစက်သွားစေသည်။ယွဲ့စုန့်က ဓာတ်ပုံထဲမှ ကောင်မလေးကို ကြည့်ပြီး ပြုံးလိုက်သည်။ထို့နောက် အလွန်ချောမောသော အထက်တန်း ကျောင်းသားလေးကို ကြည့်လိုက်မိသည်။
'သူက သူမရဲ့ ရည်းစားလား....သူတို့ စုံတွဲက အတူတူ ရင်းနှီးမြုပ်နှံခဲ့ကြတာလား...'
ယွဲ့စုန့်က ဖုန်းကို ပြန်ပေးလိုက်သည်။
"သူတို့နှစ်ယောက်ကို ကျွန်တော်မသိပါဘူး...ဒါပေမယ့်…သူတို့က အရမ်းငယ်ပုံ ရတယ်နော်...."
ထမင်းစားနေသော အဖွဲ့သားများအားလုံး တစ်ပြိုင်နက်တွေးမိသွားကြသည်။
'မင်းလည်း အသက်မကြီးသေးပါဘူး...'သူတို့တွေးရုံသာ တွေးကြပြီး နှုတ်မှမူ တစ်ခွန်းမှ မပြောရဲပေ။
ယွဲ့စုန့် ညနေစောင်းမှ ထွက်သွားသောအခါ ထုတ်လုပ်သူက သူ့ကို လေဆိပ်သို့ လိုက်ပို့ပေးပြီး နှုတ်ဆက်လိုက်သည်။သူဌေးယွဲ့ ထွက်သွားသည့်အခါ ထုတ်လုပ်သူက ပြန်လှည့်၍ ဆိုက်ရောက်ဂိတ်သို့ သွားကာ နာရီဝက်ခန့် စောင့်နေလိုက်လျှင် ရှုလီချန် ရောက်လာလေ၏။
ထုတ်လုပ်သူက သူ့လက်ကို ဝှေ့ယမ်းပြီး
လှမ်းအော်လိုက်သည်။
"ရှောင်ရှု.."
"အစ်ကိုကြီး ဝမ်.."
ရှုလီချန်မှာ ထုတ်လုပ်သူအား သတိရဆဲဖြစ်ပြီး သူနှင့် အတူတူ သောက်ဖူးသူတိုင်းကို မှတ်မိနေလေသည်။ သူက သူ့အဖေအရွယ်ရှိ အသက်ကြီးလှသော အစ်ကိုများနှင့် ခင်မင်တတ်သူ ဖြစ်၍ သူ့လက်ကို အားကြိုးမာန်တက် ပြန်ဝှေ့ယမ်းကာ နှုတ်ဆက်လိုက်လေသည်။
"ကျွန်တော် ဒီမှာ..."
ထုတ်လုပ်သူက ရယ်မောလိုက်ပြီး ရှုလီချန်ကို ဖက်လိုက်သည်။ထို့နောက် နှစ်ယောက်သား ကားပေါ်တက်လိုက်ကြသည်။
"ဒါရိုက်တာရှယ်က မင်းအတွက် ဇာတ်ဝင်ခန်းတွေ စီစဉ်ပေးထားတယ်ကွ..."
"အစ်ကိုကြီး ဝမ်...တိုက်ခိုက်ရေးဝတ်စုံကို ဝတ်ချင်တယ်...ကျွန်တော် အစ်ကိုကြီး ရှယ်ကို ဖုန်းနဲ့ သေချာပြောထားတယ်လေ..."
" ဒါပေမယ့် ဝတ်ထားရင် ချွေးတွေဘာတွေထွက်ပြီး မအိုက်ဘူးလား...”
“ကျွန်တော်တို့ အားလုံးက ယောက်ျားတွေလေ... နံစော်တာကို ဂရုစိုက်မနေပါဘူး...."
"ဟားဟား...ဟားဟား..."
ကျန်းယန်ရှန့်သည် ပြန်လည်မွေးဖွားပြီး ကတည်းက သူမ၏ အလုပ်နှင့် အနားယူချိန်သေချာသတ်မှတ်ပြီးက အထက်တန်းကျောင်းသူလေးအဖြစ် ပုံမှန် ဖြတ်သန်းခဲ့သည်။
သူမက နေ့စဉ်အချိန်ဇယားဖြင့် လည်ပတ်တတ်သူမို့ သူ့ဟာနှင့်သူ အဆင်ပြေနေ၏။
သို့သော် ယခု ညကြီးသန်းခေါင်တွင် ဖုန်းမြည်သံကြောင့် ကျန်းယန်ရှန့် နိုးလာရ၍ စိတ်အနှောင့်အယှက် ဖြစ်သွားရသည်။ထို့ပြင် ဗီဒီယိုကော်လ် ခေါ်ဆိုသူသည် ရှုလီချန်ဖြစ်နေသောအခါ သူမပို၍ပင် စိတ်ဆိုးသွားသည်။ထို့နောက်သူမကဗီဒီယိုကောလ်ကို ကိုင်လိုက်သည့်အခါ ရှုလီချန်သည် မျက်နှာတွင် အိုးမည်းများနှင့်သွေးစက်များ ပေတူးနေပြီး အားရပါးရ ပြုံးပြနေလေသည်။
"ငါ့ကိုကြည့်စမ်း.... ကျန်းယန်ရှန့်.. ငါ့ကိုကြည့်စမ်း.."
သူက ကင်မရာကို zoomချဲ့၍ တိုက်ခိုက်ရေးဝတ်စုံကို ပြလိုက်ပြီး ပြောလိုက်ပြန်သည်.
“ငါ ချောတယ်မလား...ဝေါင်း... ငါအရမ်းလှတာပဲ..."
“…”
ကျန်းယန်ရှန့်မှာ သူမ၏ ခေါင်းထိပ်တွင် မီးတောင်တစ်ခု ပေါက်ကွဲသွားသကဲ့သို့ခံစားလိုက်ရသည်။
ဖုန်းထဲမှာသာ မဟုတ်လျှင် ရှုလီချန် ၏ မျက်နှာကို သူမ လက်သီးနှင့် ပိတ်ထိုးမိမည် ဖြစ်သည်။
"ရှုလီချန် နင်ရူးနေလား...အခု ဘယ်အချိန်လဲ သိလား..."
သူမ အော်ဟစ်ပစ်လိုက်ချင်သော်လည်း ညနက်သန်းခေါင်တွင် ရုတ်တရက်နိုးလာ၍ အော်ချင်စိတ် မရှိပေ။
ကျန်းယန်ရှန့်မှာ သူ့ဆီသို့ လူကိုယ်တိုင် ရောက်မလာနိုင်သဖြင့် ရှုလီချန် သူမကို ကြောက်မနေပေ။
“မနက် ၃ နာရီလေ...နူညံ့နေတဲ့ ကုတင်ပေါ်မှာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေတဲ့ နင့်ကို ကြည့်စမ်း... ဒီအချိန်မှာတချို့လူတွေ ဘာလုပ်နေလဲ သိလား...အခုငါတို့ ရိုက်ကူးရေး လုပ်နေတုန်းပဲ..... ဒီလူတွေကိုကြည့်လိုက်.... ပြီးရင် နင့်ကိုယ်နင် ပြန်ကြည့်....ဟေး ငါ့ကိုပြန်ကြည့်... မြန်မြန်လုပ်... မြန်မြန်..."
“နင် အဲဒီကို ရောက်နေပြီလား... ငါ့ကိုဘာလို့ မပြောတာလဲ..."
"နင့်ကို ငါအကုန် ပြောပြရအောင် နင်က ငါ့အမေမှ မဟုတ်ဘဲ....ရက် နည်းနည်းကြာမှ ကျောင်းစတက်တော့မယ်လို့ အစ်ကိုကြီးရှယ်ကို ပြောပြီးတော့ ရိုက်ကူးရေးလုပ်ဖို့ တတ်နိုင်သမျှ အမြန်ဆုံး စီစဉ်ပေးပါလို့ ပြောလိုက်တာ... ဒီနေ့ ဒီကို လာနိုင်ရင် ရိုက်ပေးမယ်ဆိုတော့ ငါအတင်း မြန်မြန် လာခဲ့တာလေ...ငါဒီမှာ ခြောက်နာရီလောက် ကြာအောင် စောင့်နေရတယ်ဟ... နောက်ဆုံးတော့ ကင်မရာ ပေါ်ရောက်ဖို့ အလှည့်ရောက်လာပြီပေါ့....မလွယ်ပါဘူးဟာ... အရမ်းခက်တဲ့အလုပ်ပဲ..."
သူ့နောက်တွင် အဖွဲ့သားများမှာ အလုပ်များနေကြပြီး အခြေအနေကို ကျန်းယန်ရှန့် စိတ်ကူးကြည့်နိုင်သည်။အထူးသဖြင့် ယခင်ဘဝက ထိုရုက်ရှင် ပေါက်ပြီးနောက် အင်တာနက်တွင် ရိုက်ကွင်း ဗီဒီယိုများ ပြည့်နှက်နေသည်။ ထို့ကြောင့် ရိုက်ကူးရေးအတွက် မညိသို့ ကြိုးစားရသည်ကို သူမ သိထားလေသည်။
ကျန်းယန်ရှန့်က မျက်လုံးကို ပွတ်လိုက်ပြီး ပြောလိုက်သည်။
"နင့်ကို ငါ ထပ်ပြီးပြောမယ်... ဒါရိုက်တာကို ဇာတ်ကွက်တွေ မပြောင်းခိုင်းနဲ့နော်....”
"နင်က ငါ့အမေထက်ကို ပါးစိပါးစပ်များတာပဲ... ငါသိပါတယ်...နင် မီးဖွင့်လိုက်ပါ့လား...နင့်ဆံ့ပင်ရယ်... ဖြူဖျော့ပြီး အပြာရောင်ပေါက်နေတဲ့မျက်နှာကိိုကြည့်လိုက်စမ်း…သရဲမကြီး ကျနေတာပဲ.....”
“…”
“ငါနင့်ကို နောက်တစ်ခု မေးမယ်…”
"ပြောလေ..."
“နင်…”
ဖုန်း၏ အလင်းရောင်ကြောင့် ကျန်းယန်ရှန့်၏ မျက်နှာမှာ နီမြန်းနေလေသည်။
“နင် ဆောင်းရာသီ အားလပ်ရက်အတွက် အိမ်စာတွေ ပြီးသွားပြီလား...”
Xxxxxx