အပိုင်း ၁၉၁ ( Rich Second Generation 15 )
Viewers 18k

ယနေ့၌ ယန်ကျင်းဇီသည် သူနှင့် လုကျင်းရှိူ့၏ အိမ်မှ ထွက်လာခါစတွင်ပင် အိမ်မှ ဖုန်းထပ်ဝင်လာခဲ့ပြီး သူ့ဖခင်က အလုပ်ခရီးမှ ပြန်ရောက်လာပြီဟု ဆိုကာ သူ့ကို သွားကြိုခိုင်းခဲ့သည်။


သူသည် သက်သေရရန် စိတ်လောနေသော်ငြား သူ့ဖခင်ကို သွားကြိုရဦးမည်ပင်။ ယန်ကျင်းဇီသည် လေဆိပ်သို့ သွားခဲ့သော်လည်း တိုက်ဆိုင်စွာဖြင့် လေယာဉ်က အချိန်နှောင့်နှေးနေပြန်သည်။


သူသည် လေဆိပ်တွင် ထမင်းစားကာ စာအုပ်များစွာကို ဖတ်ခဲ့ပြီး ထိုအခါမှသာ နောက်ဆုံးတွင် သူ့ဖခင်ကို တွေ့ရပြီး အိမ်သို့ပြန်မောင်းလာခဲ့သည်။


ရလဒ်ကမူ သူ့အစ်ကိုတွင် တစ်ခုခုလုပ်စရာရှိနေခဲ့ပြီး ညနေမှသာ ပြန်လာမည်ဖြစ်သည်။ သူ့ဖခင်က သူ့ကို စာကြည့်ခန်းသို့ တန်းခေါ်သွားကာ လုကျင်းရှိူ့အကြောင်း မေးတော့သည်။


ယန်ကျင်းဇီ : “ ... ” ဒီလိုသာဆက်သွားနေရင် သူ ပြန်ပြီး သူ့အိမ်အသစ်ကို သန့်ရှင်းရေးလုပ်ဖို့ အချိန်မရှိလောက်တော့ဘူး!


သို့သော် လုကျင်းရှိူ့ကို စိတ်ပူနေလျှင်တောင်မှ ယန်ကျင်းဇီသည် သူ့ဖခင်၏ လုကျင်းရှိူ့အကြောင်း မေးသော မေးခွန်းကို ဖြေဆဲဖြစ်သည်။


“ အဖေ၊ လုကျင်းရှိူ့က လုရွေ့ချွင်ထက် အများကြီး ပိုကောင်းတယ်လို့ ကျွန်တော် ထင်တယ်။ ကျွန်တော်က လုရွေ့ချွင်ကို ကြည့်နိုင်တယ် ဆိုတာ သူ့ရဲ့ကောင်းချီးပဲ။ ဒါတောင်မှ သူက ဖောက်ပြန်ရဲသေးတယ်! ” ယန်ကျင်းဇီက ဆိုသည်။


အဖေယန် : “ ... ” သား၊ မင်း အရမ်းယုံကြည်မှုများနေတာလား? မင်း သူ့ကို ကြည့်တာက လုရွေ့ချွင်ရဲ့ ကောင်းချီးလို့ ဘယ်လိုဖြစ်လာတာလဲ?


ယန်ကျင်းဇီက သူ့သားအရင်း ဖြစ်နေလျှင်တောင်မှ ဖခင်ယန်သည် ယန်ကျင်းဇီက လုရွေ့ချွင်လောက် မတော်ဟု ဝန်ခံရမည်ဖြစ်သည်။


သို့ရာတွင် သူ့သားက နည်းနည်းတုံးပြီး လုရွေ့ချွင်ထက် များစွာဗဟုသုတနည်းသော်ငြား သူ့သားက ကောင်းမွန်ပြီး အနည်းဆုံးတော့ လုရွေ့ချွင်လောက် မဆိုးချေ။


ဖခင်ယန်က အကူအညီမဲ့စွာ ပြောသည် : “ လုကျင်းရှိူ့က တကယ်ပဲ လုရွေ့ချွင်ထက် ပိုကောင်းတယ်။ ဒါပေမယ့် မင်း သတိထားရမယ်၊ လုကျင်းရှိူ့ကို စိတ်အနှောင့်အယှက် မဖြစ်စေနဲ့။ ”


သူ့သားက လုကျင်းရှိူ့ကို ကြိုက်နေသည်ဟု သတင်းကြားလိုက်ရပြီးနောက် သူသည် အံ့ဩသွားရသည်။


သူ့သားက လုကျင်းရှိူ့ကို အနှောင့်အယှက်ပေးပြီး စိတ်ဆိုးအောင် လုပ်မိကာ လုကျင်းရှိူ့က သူတို့နှင့်ဆန့်ကျင်၍ အလုပ်လုပ်သွားသည်နှင့် အဆုံးသတ်သွားလျှင်... သူ သူ့သားကို သတ်ချင်မိလိမ့်မယ်!


“ အဖေ၊ မစိုးရိမ်ပါနဲ့။ ကျွန်တော် သူ့ကို သဘောကျပြီး သူ့ကို ပိုးပန်းချင်မှတော့ သူ စိတ်အနှောင့်အယှက်ဖြစ်အောင် လုပ်ဖို့ မဖြစ်နိုင်ဘူး။ ” ယန်ကျင်းဇီက လေးနက်ပုံပေါ်သည်။


“ မင်း တကယ်ပြောတာလား? ” ဖခင်ယန် အံ့ဩသွားသည်။ အစပိုင်းတွင် သူသည် သူ့သားက လုရွေ့ချွင်ထံမှ ဖောက်ပြန်ခံရပြီး အဆင်မပြေဖြစ်သောကြောင့် လုကျင်းရှိူ့ကို ကြည့်သည်ဟု ထင်ခဲ့သည်။ သို့သော် ယခုမူ... သူ့သားက လုကျင်းရှိူ့ကို တကယ် ကြိုက်တာလား?


“ ဒါပေါ့၊ အမှန်ပဲ! ” ယန်ကျင်းဇီက လေးနက်ပုံရသည် : “ အဖေ၊ ကျွန်တော် လုကျင်းရှိူ့ကို တကယ် ကြိုက်တယ်။ ”


အဖေယန် : “ ... ”


ဤအချိန်တွင် ဖခင်ယန်သည် သူ့သားကို နည်းနည်းစိတ်ပူမိသွားသည်။ လုကျင်းရှိူ့က လိုက်ဖို့ မလွယ်ချေ။ သူ့သားက အချိန်အကြာကြီး အလုပ်ရှုပ်ပြီး ‌အဆုံးတွင် ဘာမှမရဘဲ နေလောက်သည်။


သို့သော် ဘာမှမရလျှင်တောင်မှ သူ့သားက လုကျင်းရှိူ့နောက်ကို လျှောက်လိုက်ရင်း တစ်ခုခုသင်ယူနိုင်၏... နောက်ဆုံးတွင် အဖေယန်သည် ဤကိစ္စကို ဂရုမစိုက်တော့ရန် ဆုံးဖြတ်လိုက်တော့သည်။ 


သူ့ဖခင်ထံ၌ စစ်ဆေးမေးမြန်းခံပြီးနောက် ယန်ကျင်းဇီဟာ သူ့မိခင်၏ချဉ်းကပ်ခြင်းကို ခံရကာ ကိစ္စပေါင်းသောင်းခြောက်ထောင် မေးမြန်းခံရပြန်သည်။


ယန်ကျင်းဇီသည် တစ်ထပ်တည်း ဖြေဆိုဆဲဖြစ်သည် — သူက လုကျင်းရှိူ့ကို ချစ်မိနေသော်လည်း ဖမ်းမိသေးပေ။


ဤအခြေအနေတွင် မိခင်ယန်၌ ဘာမှပြောစရာမရှိချေ : “ အချိန်ယူပြီး သူ့နောက်သာလိုက်! ” သူ(မ)ရဲ့သားက လုကျင်းရှိူ့ကို လိုက်နိုင်မှသာ ထူးဆန်းနေမှာ! ဘာပဲဖြစ်ဖြစ် သူ(မ)သာ လုကျင်းရှိူ့ဆိုလျှင် သေချာပေါက် ဒီလူကို အထင်သေးမည်ပင်။


“ အင်း! ” ယန်ကျင်းဇီသည် ပြန်ဖြေပြီး အခန်းသို့ ပြန်၍ သူ့ပစ္စည်းများကို သိမ်းဆည်းလေသည်။


နောက်ဆုံးတစ်ခေါက်တွင် သူသည် လုမိသားစုဗီလာသို့ အဝတ်တချို့ကိုသာ ယူသွားခဲ့သည်။ ယခုမူ ကွဲပြားသွားပြီဖြစ်ပြီး သူသည် သူ၏ ပိုင်ဆိုင်မှုပစ္စည်းများအားလုံးကို ရွှေ့သွားချင်သည်။


ထို့အပြင် လုရွေ့ချွင်နှင့် သက်ဆိုင်သော ပစ္စည်းများကိုလည်း ရှင်းလင်းကာ လွှတ်ပစ်သင့်သည်။


အဆုံးတွင် ယန်ကျင်းဇီသည် ပစ္စည်းများစွာကို လွှတ်ပစ်ခဲ့ပြီး သူ့အိမ်အသစ်သို့ သယ်သွားရန် ပစ္စည်းသေတ္တာကြီး နှစ်ခုကို သိမ်းထုတ်ခဲ့သည်။


အစ်ကိုကြီးယန်သည် ပြန်လာလာချင်း ဤမြင်ကွင်းကို တွေ့လိုက်ရကာ အနည်းငယ် ဆွံ့အသွားသည် : “ မင်း လုအိမ်မှာ နေဖို့ တကယ် စီစဉ်နေတာလား? ”


ယန်ကျင်းဇီက ပြန်ပြော၏ : “ ဒါပေါ့! လုကျင်းရှိူ့ကို လိုက်ရတာ မလွယ်ဘူး။ စစ်ပွဲအရှည်ကြီး တိုက်ဖို့ ကျွန်တော် ဆုံးဖြတ်ပြီးပြီ။ ”


အစ်ကိုကြီးယန် : “ ... ”


အစ်ကိုကြီးယန်က ယန်ကျင်းဇီကို ဓာတ်ပုံအတွဲလိုက် ထုတ်ပေးသည် : “ မင်း လုကျင်းရှိူ့ကို လိုက်ချင်ရင် လက်ထပ်ပွဲကို အရင်ဖျက်သိမ်းရမယ် မဟုတ်ရင် ဒါက ဘယ်လိုဖြစ်နေမှာလဲ? ”


ယန်ကျင်းဇီသည် ဓာတ်ပုံများကို ကိုင်ကာ လှန်လှောကြည့်သည်။ ဓာတ်ပုံများက အလွန်ကောင်းသောကြောင့် သူ လေတောင် ချွန်မိသည် : “ လုရွေ့ချွင်က ဘယ်လိုကစားရမလဲ တကယ် သိတာပဲ! ” လျှို့ဝှက်စုံထောက်ကလည်း အရမ်းကြမ်းတမ်းတယ်၊ ဒီလိုပုံတွေတောင် တကယ်ကြီး ရနိုင်တယ်! 


ယန်ကျင်းဇီကို ဓာတ်ပုံများ ပေးပြီးနောက် အစ်ကိုကြီးယန်သည် ယန်ကျင်းဇီကို အာရုံစူးစိုက်နေခဲ့ပြီး ဤပုံများကို မြင်ချိန်တွင် ယန်ကျင်းဇီ ဝမ်းနည်းမည်ကို ကြောက်နေခဲ့သည်။ သို့သော် ရလဒ်ကမူ ယန်ကျင်းဇီက အလွန်ပျော်နေပုံပေါ်၏။


အိုကေ၊ သူ့ညီကို ကြည့်ရတာ တကယ် စိတ်ပြောင်းသွားတဲ့ပုံပဲ။ သူတို့ ဘာမှစိုးရိမ်စရာမရှိတော့ဘူး။


“ လုရွေ့ချွင်ရဲ့ ခန္ဓာကိုယ်က တကယ် ဆိုးတာပဲ၊ ကျွန်တော့်ထက်တောင် အများကြီး ဆိုးတယ် ကျွတ်ကျွတ်။ ” ယန်ကျင်းဇီက ဆက်ပြောသည် : “ ဒီလိုအားနည်းတဲ့ ကြက်ကလေးကတောင် အပေါ်ကလူ လုပ်နေသေးတယ်။ ကျွန်တော့်လောက်တောင် လုံးဝ မကောင်းဘူး။ ”


အစ်ကိုကြီးယန်သည် သူ့ညီ၏ လုရွေ့ချွင်ကို တန်ဖိုးဖြတ်မှုအား နားထောင်နေပြီး ဆက်နားထောင်လေလေ တစ်ခုခုမှားနေသည်ဟု သူ ခံစားရလာလေလေ ဖြစ်လာသည် : “ နေဦး၊ မင်းက top လား? ”


“ ဒါပေါ့! ” ယန်ကျင်းဇီက မတုံ့ဆိုင်းပေ။


အစ်ကိုကြီးယန် ဆွံ့အသွားရသည်။


ယန်ကျင်းဇီသည် လုရွေ့ချွင်ကို အလုပ်ကြိုးစားသော ဇနီးငယ်လေးကဲ့သို့ ယခင်က လိုက်နေခဲ့သည်။ သူသည် သူ့ညီက bottom ဟု အမြဲထင်ခဲ့၏... ဒါ၊ ဂေးအသိုင်းအဝိုင်းထဲမှာ ဘယ်နေရာပဲဖြစ်ဖြစ် တစ်ယောက်တည်းဖြစ်နေတဲ့ top ကို ရှာဖို့ မခက်ခဲဘူးလား?


သူ့ညီက ငယ်ငယ်ကတည်းက အမျိုးသားတွေကို ကြိုက်တော့ သူတို့က သူ့ကို bottom လို့ အလိုလို သတ်မှတ်လိုက်တာ!


ဆန့်ကျင်ဘက်အားဖြင့် လုရွေ့ချွင်။ လုရွေ့ချွင်က သူ့ညီနှင့် စေ့စပ်ထားသော်ငြား ယောက်ျားများကို ကြိုက်သည်ဟု လုံးဝ မပြောနိုင်ပေ။ လက်ထပ်စာချုပ်ကြောင့်သာ ကွေးလိုက်ရခြင်း ဖြစ်လောက်သည်... သူတို့သည် လုရွေ့ချွင်က top ဟု အမြဲထင်ခဲ့သည်။


နောက်ဆုံးတော့ သူ့ညီက top တဲ့လား?


“ ဒါဆို မင်း လုကျင်းရှိူ့ကို လိုက်နေတာ... ” အစ်ကိုကြီးယန် ရှော့ခ်ရသွားသည်။


သူ့ညီက လုကျင်းရှိူ့ကို လိုက်တယ်၊ ဒါ... ဒါ...


“ ကျွန်တော်က top မို့လို့ လုကျင်းရှိူ့ကို လိုက်လို့မရဘူးလား? ” ယန်ကျင်းဇီက လိုက်လျောညီစွာ မေးမြန်းသည်။


အစ်ကိုကြီးယန် : “ ... ” သူ သူ့ညီကို ရိုးတွင်းခြင်ဆီထဲကကို လေးစားမိတယ်။


သူ့ညီက လုကျင်းရှိူ့ကို ဖိနှိပ်ချင်တယ်!


လုကျင်းရှိူ့သာ သိရင် သူ့ညီ လုကျင်းရှိူ့ဆီက အသတ်ခံရလောက်မလား?


အစ်ကိုကြီးယန် ထိတ်လန့်ကာ ဆွံ့အနေစဉ် သူ့ဖခင်က လုကျင်းရှိူ့နှင့် သီးသန့်စကားပြောရန် ဆုံးဖြတ်ထားသည်။


လုကျင်းရှိူ့ သူ့သားကြောင့် ဖိအားများပြီး သူ့သားကို ရိုက်လိုက်မှာ စိုးရိမ်၍ပင်။


ကမ္ဘာကြီးမှ မိဘများကို တကယ် စာနာမိသည်။


ယန်မိသားစုဝင်များသည် ယန်ကျင်းဇီကို အထူးစိတ်ပူနေပြီး ယန်ကျင်းဇီကမူ...


ယန်ကျင်းဇီက သူ့ပါးစပ်ကို သုတ်ပြီးသည်နှင့် ခရီးဆောင်အိတ် နှစ်အိတ်ကို ယူပြီး လုကျင်းရှိူ့ထံသို့ သွားလေသည်။


အဖေယန်သည် သူ့ကို “မိန်းကလေးတစ်ဦး အရွယ်ရောက်လာလျှင် လက်ထပ်ပေးရမည်မှာ သေချာသည်” ဟူသော အတွေးမျိုးဖြင့် ကြည့်ကာ အမေယန်ကို ပြောလိုက်သည် : “ မနက်ဖြန် လုကျင်းရှိူ့နဲ့ စကားသွားပြောဦးမယ်။ ငါတို့က လုရွေ့ချွင်နဲ့ လက်ထပ်ပွဲကို ဖျက်သိမ်းတော့မယ် ဆိုတော့ လုကျင်းရှိူ့နဲ့ ပိုရင်းနှီးပြီး ဆက်ဆံရေးကောင်းတွေ လုပ်ထားမှပဲ။ ကျင်းဇီရဲ့ကိစ္စလည်း ရှိတယ်... အိုက်ယား၊ လုကျင်းရှိူ့က ကျင်းဇီရဲ့နုံအရိုးစင်း‌တာတွေကို မြင်ပြီး ကျင်းဇီကို အပြစ်မတင်ဖို့ ငါ မျှော်လင့်တယ်။ ”


သူ့ဖခင်က လုကျင်းရှိူ့ထံသို့ သွားပြီး သူ့အတွက် အသနားခံရန် စီစဉ်ပြီးပြီဖြစ်ကြောင်း ယန်ကျင်းဇီ မသိသေးပေ။


သူသည် ကြီးမားသော ခရီးဆောင်အိတ်နှစ်အိတ်ကို သယ်ပြီး နောက်ဆုံး သူ အိမ်ပြန်ရောက်သောအခါ ညကိုးနာရီပင် ထိုးတော့မည်ဖြစ်သည်။


အိမ်က တိတ်ဆိတ်နေသည်။ အဒေါ်ဝမ်၊ နာနီက သူ(မ)၏အခန်းထဲတွင် TV ကြည့်နေလောက်သည်။ လုကျင်းရှိူ့အတွက်မူ...


ယန်ကျင်းဇီသည် မာစတာအိပ်ခန်းထဲသို့ ဝင်ပြီး လုကျင်းရှိူ့က ခုတင်ပေါ်တွင် လှဲနေလျက် စောင်ခြုံထားကာ ခေါင်းတစ်လုံးသာ ပေါ်နေသည်ကို တွေ့လိုက်ရသည်။


တံခါးပွင့်သံကို ကြားရသဖြင့် ဖြစ်နိုင်သည်၊ လုကျင်းရှိူ့က ခေါင်းလှည့်ကာ သူ့ကို ကြည့်လာပြီး သူ့အကြည့်က မှောင်မိုက်ကာ သုန်မှုန်နေသည်။


“ ကျင်းရှိူ့၊ ကိုယ် ပြန်လာပြီ။ ” ယန်ကျင်းဇီက ဆက်ပြောလိုက်သည် : “ ကိုယ့်အဖေ ဒီနေ့ ပြန်လာတော့ ကိုယ် အချိန်ခဏကြာသွားတယ်။ ”


“ အင်း ” လုကျင်းရှိူ့က ပြန်ဖြေကာ ယန်ကျင်းဇီကို နီးနီးကပ်ကပ် စိုက်ကြည့်နေသည်။


ယန်ကျင်းဇီကို သူက ကြည့်နေပြီး ယန်ကျင်းဇီက သူ့အိတ်ကို ချကာ လုကျင်းရှိူ့ကို နမ်းရန် ရှေ့တိုးလိုက်သည် — လုကျင်းရှိူ့က သူ့ကို အလွန်စူးစူးစိုက်စိုက် ကြည့်နေရာ သူ အသည်းယားလာသည်။


လုကျင်းရှိူ့သည် ယန်ကျင်းဇီကို ဂရုတစိုက် လေ့လာကြည့်ရှုနေသည်။


သူသည် သူက လူအကဲခတ်ရာတွင် အရမ်းတော်သည်ဟု ထင်ခဲ့ဖူးသည်။ သို့ရာတွင် ယန်ကျင်းဇီ သရုပ်ဆောင်နေသည်ကို သူ ပြောတောင် မပြောနိုင်ပေ။


ယန်ကျင်းဇီကို ကြည့်ရသည်မှာ သူ့ကို အရမ်းချစ်ကျွမ်းဝင်နေသကဲ့သို့ပင်။


“ ကျင်းရှိူ့... ” ယန်ကျင်းဇီသည် လုကျင်းရှိူ့ကို လုရွေ့ချွင်၏ ဖောက်ပြန်မှု သက်သေရလာပြီဟု ပြောချင်သော်ငြား သူ ဘာမှမပြောရသေးခင် လုကျင်းရှိူ့၏ လက်တစ်ဖက်က ရုတ်တရက် ထွက်လာပြီး သူ့လည်ပင်းနားတွင် ရစ်ပတ်လာခဲ့သည်။ 


တစ်ချိန်တည်းတွင် လုကျင်းရှိူ့က ရှေ့တိုးပြီး သူ့ကို နမ်းလာသည်။


၎င်းက ပွေ့ဖက်ကာ နမ်းခြင်း ဖြစ်ပြီး ယခင်အနမ်းများကဲ့သို့ မဟုတ်ချေ။


ယန်ကျင်းဇီ ကြက်သေသေသွားသည်။


မူလပိုင်ရှင်က လုရွေ့ချွင်ကို သူ့နှလုံးသားတစ်ခုလုံး ပုံအပ်ကာ ကြိုက်ခဲ့သော်ငြား လုရွေ့ချွင်က မူလပိုင်ရှင်ကို ကြိုးလှန်းထားခြင်းသာ ဖြစ်ရာ မူလပိုင်ရှင်နှင့် ထိတွေ့ရင်းနှီးသော ဆက်ဆံရေး ရှိရန် တစ်ခါမှ မလိုလားခဲ့သဖြင့် မူလပိုင်ရှင်၏ အတွေ့အကြုံမှာ သုညသာ ဖြစ်သည်။


ယန်ကျင်းဇီအတွက်မူ ယန်ကျင်းဇီက ယခုတလော အလွန်အတင့်ရဲနေပြီး လုကျင်းရှိူ့ကို အမြဲသွားနမ်းနေသော်လည်း ယခင်က သူ သူ့ကို ဤကဲ့သို့ မနမ်းခဲ့ဖူးပေ။ ရုတ်တရက် ဤကဲ့သို့ အနမ်းခံရသော် သူသည် အလွန်စိတ်လှုပ်ရှားသောကြောင့် တောင့်တင်းသွားကာ လုကျင်းရှိူ့ကို သူ့ပါးစပ်ဖွင့်ရန် ခွင့်ပြုလိုက်သည်။  


လုကျင်းရှိူ့သည် ယန်ကျင်းဇီ၏ အံ့အားသင့်နေသော အမူအရာကို ကြည့်ပြီး သူ့စိတ်ထဲတွင် လှောင်ရယ်လိုက်၏။


ဒါ သူ့ကို ကြောက်သွားတာလား? သူ ဒီလိုစောစောလုပ်ခဲ့သင့်တာ...


သူသာ စောစောကတည်းက လက်ဦးမှုရယူခဲ့လျှင် ယန်ကျင်းဇီက သူနှင့် ဤမျှရင်းနှီးစွာ မလုပ်နိုင်မှန်း သူ စောစောရှာတွေ့နိုင်ခဲ့မည်ပင်။


တွေ့လား? ယန်ကျင်းဇီက အချစ်စကားတွေ အများကြီး ပြောပေမယ့် သူဆီက အနမ်းလည်း ခံရရော လှုပ်တောင် မလှုပ်ရဲဘူးမလား?


နောက်ကျတော့ သူက သူ့ကို ရှောင်သွားပြီး သူ့ကို ငြင်းဖို့ အကြောင်းပြချက် ရှာတော့မှာလား?


လုကျင်းရှိူ့၏ မျက်လုံးများမှာ ကျယ်ဝန်းနေပြီး ယန်ကျင်းဇီကို လေးလေးနက်နက် ကြည့်နေကာ တစ်ချိန်တည်းတွင် ယန်ကျင်းဇီ၏အမူအရာကို လေ့လာနေလျက် နမ်းနေသည်။


ထို့နောက် သူသည် ယန်ကျင်းဇီ၏ မျက်လုံးများထဲတွင် ပီတိကို မြင်လိုက်ရသည်။ ချက်ချင်းဆိုသလိုပင် ယန်ကျင်းဇီက သူ့ကိုယ်သူ ခုတင်ပေါ်သို့ ပစ်တင်ကာ သူ့ကို ခုန်အုပ်ပြီး သူ့နှုတ်ခမ်းကို အရင်ဆုံး တတိတိ ကိုက်ခဲပြီးနောက် သူ့ပါးစပ်ထဲသို့ လျှာအတင်းဝင်လာကာ ရောယှက်ပြီး နောက်ဆုံးတွင် သူ့လျှာကို စုပ်ကာ မလွှတ်တော့ချေ။


လုကျင်းရှိူ့ : “ ... ” ဒီအခြေအနေက သူ တွေးထားတာနဲ့ မတူဘူး။


ယန်ကျင်းဇီက ဒီလိုပုံစံ ဖြစ်နေတာ၊ ဘာလို့ သူက လုံးဝ အတွေ့အကြုံမရှိတဲ့ လူငယ်တစ်ယောက်နဲ့ တူနေတာလဲ?


နေဦး၊ ယန်ကျင်းဇီက သူ့ပါးစပ်ကို ဒီလိုကိုက်နေရင် မနက်ဖြန် သူ့ပါးစပ်က ထူးဆန်းတဲ့ပုံ ပေါ်နေမှာလား?


လုကျင်းရှိူ့၏အတွေးက လမ်းကြောင်းပြောင်းသွားပြီး ထို့နောက် သူသည် ယန်ကျင်းဇီက အဆုံးမရှိ ကိုက်ဝါးနေကြောင်း သဘောပေါက်သွားသည်။


ယန်ကျင်းဇီက သူ မကြိုက်တဲ့ လူတစ်ယောက်ကိုလည်း ဒီလိုလုပ်နိုင်တာလား?


ဒါမှမဟုတ် အခြားအကြောင်းအရင်း ရှိနေတာလား? ဥပမာ... နောက်ဆက်ဖြစ်မှာကို ရှောင်ရှားဖို့ သူ့ကို ဆက်နမ်းနေဖို့ စီစဉ်နေတာလား?


လုကျင်းရှိူ့သည် စောင်အပြင်တွင် ပေါ်နေသည့် သူ့လက်များကို ကြည့်လိုက်သည် — သူ အဝတ်အစား မဝတ်ထားမှန်း ယန်ကျင်းဇီ သတိထားမိလောက်ပြီမလား?


ယန်ကျင်းဇီကို နက်ရှိုင်းစွာ တစ်ချက်ကြည့်ပြီးနောက် လုကျင်းရှိူ့သည် သူ့အပေါ်မှလူကို ဘေးသို့တွန်းဖယ်ကာ အပေါ်မှပြန်ဖိလိုက်သည်။


သူသာ မတ်တပ်ရပ်နေလျှင် ခြေထောက်တစ်ဖက်တည်းသာ ရှိသောကြောင့် ယန်ကျင်းဇီကို မတွန်းနိုင်လောက်ပေ။ သို့သော် ယခု လှဲနေသောအခါ ကုတ်ကန်ရန် နေရာရှိပြီး များစွာပိုကောင်းသွားသည်... အဓိကမှာမူ ယန်ကျင်းဇီကလည်း မထင်ထားသောကြောင့် ဖြစ်သည်။


ယန်ကျင်းဇီသည် သေချာပေါက် မထင်ထားခဲ့ပေ။ ယခု သူ မူးဝေနေပြီဖြစ်သည်။


လုကျင်းရှိူ့က အနမ်းတွေ ကမ်းလှမ်းဖို့ လက်ဦးမှုရယူခဲ့တယ်!


သူသည် ယခင်က လုံလုံလောက်လောက် တကယ် မလုပ်ခဲ့မိပေ။ သူ လုကျင်းရှိူ့ကိုတောင် အနမ်းပေးဖို့ လက်ဦးမှုယူခိုင်းထားရတယ်!


အနာဂတ်မှာ သူ ဘာအနမ်းမျိုး နမ်းရမလဲ? သူ လုကျင်းရှိူ့နှင့် လေ့ကျင့်သင့်သည်။


ထို့နောက် အနာဂတ်ရှိ ပိုမိုကောင်းမွန်သော ဘဝကို စတင်စိတ်ကူးယဉ်နေသည့် ယန်ကျင်းဇီဟာ လှဲချခံလိုက်ရသည်။ ဤအချိန်တွင် ယန်ကျင်းဇီသည် လုကျင်းရှိူ့က အဝတ်မဝတ်ထားမှန်း သတိထားမိသွားသည်။


“ မင်း ဘာအဝတ်မှ မဝတ်ထားဘူးလား? ” ယန်ကျင်းဇီသည် လုကျင်းရှိူ့ကို ရှော့ခ်ရစွာ ကြည့်မိသည်။


လုကျင်းရှိူ့သည် ယန်ကျင်းဇီ၏ မယုံနိုင်သော အမူအရာကို ကြည့်ပြီး ခဏတာ အသက်မရှူနိုင်ဖြစ်သွားရသည်။


ထင်ထားသည့်အတိုင်း ယန်ကျင်းဇီက ခုခံငြင်းဆန်နေသေးသည်... သူက အရှက်မရှိဘူးလို့ ယန်ကျင်းဇီ ခံစားရမှာလား?


သို့သော် လုကျင်းရှိူ့ ထိုသို့တွေးနေစဉ် သူ့ကို ယန်ကျင်းဇီက ပွေ့ဖက်ပြီး အားပါးတရ နမ်းရှိုက်လိုက်သည် : “ မင်း ကိုယ် ပြန်လာမှာကို စောင့်နေတာလား? ဘုရားရေ၊ ကိုယ် အရမ်းကံကောင်းတာပဲ။ ”


ခုခံငြင်းဆန်မှုလား? မတည်ရှိချေ။


ယန်ကျင်းဇီ အရမ်းပျော်လွန်းလို့ ရူးတော့မယ်!


အသက်နှစ်ဆယ်ကျော်ခါစ ဘယ်ယောက်ျားက သူ့လက်တွဲဖော်နဲ့ အတူနေဖို့ တစ်နေ့လုံး မတွေးလို့လဲ? သူလည်း ချွင်းချက်မဟုတ်ပေ။


သူသည် လုကျင်းရှိူ့၏ ခန္ဓာကိုယ်ကို ယခင်က စိတ်ပူနေခဲ့ရာ ဘာမှမလုပ်ရဲဘဲ သည်းခံနေခဲ့သည်။ ယခုမူကား...


ယန်ကျင်းဇီသည် လုကျင်းရှိူ့ကို နောက်ထပ်အကြိမ်အနည်းငယ် နမ်းပြီးနောက် လုကျင်းရှိူ့ကို လွှတ်လိုက်သည် : “ ကျင်းရှိူ့၊ ကျင်းရှိူ့၊ ကိုယ် မင်းကို ချစ်တယ်။ ကိုယ် အရမ်းပျော်တယ်။ ” 


“ မင်းရဲ့ခန္ဓာကိုယ် အဆင်ပြေရဲ့လား? ”


“ ကိုယ် ပိုဂရုစိုက်ပြီး မင်းကို မထိခိုက်စေဖို့ ကတိပေးတယ်! ”


“ မင်း သက်တောင့်သက်သာရှိအောင် ကိုယ် သေချာလုပ်ပါ့မယ်! ”


“ ခဏ... တကယ်တော့ ကိုယ် ဆေးတချို့ ဖွက်ထားတယ်... ”


ယန်ကျင်းဇီသည် စကားပြောရင်း အဝတ်ချွတ်ကာ ကိုယ်တစ်ပိုင်းဗလာဖြင့် အိပ်ရာထဲမှ တွားသွားထွက်ပြီး ခုတင်ဘောင်ပေါ်မှ အံဆွဲတစ်ခုကို ဖွင့်ကာ ပစ္စည်းများကို စတင်တူးထုတ်တော့သည်။


Light lubrication ချောဆီအမျိုးအစားမျိုးစုံ ထွက်လာသည်။


လုကျင်းရှိူ့ : “ ... ” နောက်တစ်ခေါက်ပဲ၊ ဒီအခြေအနေက သူ့စိတ်ထဲကအတိုင်းနဲ့ တော်တော်မတူဘူး။


ဘယ်လိုလုပ်ပြီး ယန်ကျင်းဇီက ဒီဟာတွေကို ကြိုတင်ပြင်ဆင်ထားတာလဲ?


“ မင်း ဘာအနံ့ကြိုက်လဲ? ” ယန်ကျင်းဇီက လုကျင်းရှိူ့ကို စိတ်လှုပ်ရှားစွာ ကြည့်နေသည်။


လုကျင်းရှိူ့သည် ခုတင်ပေါ်တွင် လှဲနေပြီး ယန်ကျင်းဇီကို မိန်းမောစွာ ကြည့်နေမိသည်။ သူသည် ယန်ကျင်းဇီက အလွန်စိတ်လှုပ်ရှားနေမှန်း မြင်နိုင်ပြီး သူ့ခန္ဓာကိုယ်ကလည်း စိတ်လှုပ်ရှားနေ၏။


“ ကြုံရာတစ်ခု သုံးလိုက်ကြတာပေါ့။ တစ်ခုချင်းစီ သုံးကြည့်ဖို့ အခွင့်အရေး အမြဲရှိတာပဲ... ခဏ၊ ကိုယ် ရေအရင်ချိုးဦးမယ်။ ကိုယ့်ခန္ဓာကိုယ်မှာ အနံ့ရှိနေတယ်။ ” ယန်ကျင်းဇီသည် တစ်ခုခုကို ထပ်တွေးမိပြီး သူ့ကိုယ်ပေါ်မှ နောက်ဆုံးအဝတ်အစားကို ချွတ်ပြီးပြီးချင်း ရေချိုးခန်းထဲသို့ အမြန်ပြေးဝင်သွားသည်။


ဒါ သူ့ရဲ့ပထမဆုံးအကြိမ်! ပထမဆုံးအကြိမ်!


သူ အရင်ဆုံး သန့်ရှင်းနေရမယ်!


ယန်ကျင်းဇီ စကားတစ်ခွန်း ပြောခဲ့သည် : “ ကျင်းရှိူ့၊ ကိုယ့်ကိုစောင့်ဦး! ” ပြီးနောက် သူသည် ရေချိုးခန်းထဲသို့ ပြေးသွား၏။


ဆေး၊ ဆေး၊ ဆေး၊ ဆေး၊ ဆေး၊ ဆေး၊ ဆေး၊ ဆေး၊ ဆေး၊ ဆေး၊ ဆေး!


လုကျင်းရှိူ့သည် ပိတ်ထားသော ရေချိုးခန်းတံခါးကို ကြည့်ပြီး အသက်ပြင်းပြင်းရှူလိုက်သည်။


သူ့နှလုံးခုန်သံဟာ ခဏတာ မြန်ဆန်သွားပြီး ခဏတာ နှောင့်နှေးသွားခဲ့ရာ အနည်းငယ်တော့ ပင်ပန်းသွားရသည်။


ယခု သူသည် သွေးရူးသွေးတန်း စတင်တွေးမိပြန်သည်။


ယန်ကျင်းဇီက ဒီအချိန်မှာ ရေသွားချိုးတယ်၊ ဒါ သူ့ကို ရှောင်ဖို့လား?


ယန်ကျင်းဇီက သူဆီက လွတ်အောင် ကြိုးစားဖို့ ရေချိုးခန်းကို သွားတာလား?


ခဏ... ယန်ကျင်းဇီက ငြင်းဖို့ အကြောင်းပြချက် ရှာမှာလား ဒါမှမဟုတ် ဒီအတိုင်း ထွက်သွားမှာလား?


ယန်ကျင်းဇီ ထွက်သွားမယ်ဆိုရင် သူ ယန်ကျင်းဇီကို ရှယ်ယာဝယ်ဖို့ ငွေမပေးတော့ဘူးလို့ သူ သွယ်ဝိုက်ပြောသင့်လား?


မည်သို့ပင်ဖြစ်စေ သူသည် ယနေ့ အများအပြား လုပ်ခဲ့ပြီးပြီဖြစ်ကာ အရှုံးမပေးနိုင်ပေ။


ရေချိုးခန်းထဲတွင် ရေစီးသံများ ရှိနေသည်။ လုကျင်းရှိူ့သည် အသက်ပြင်းပြင်းရှူပြီး ထထိုင်ကာ ယန်ကျင်းဇီ ထုတ်ထားသော ပစ္စည်းပုံကို ကြည့်လိုက်သည် — ဤပစ္စည်းများမှာ ယန်ကျင်းဇီက သူ့အတွက် ပြင်ဆင်ထားခြင်း လုံးဝ မဟုတ်သည်လည်း ဖြစ်နိုင်သည်။


ဤသို့တွေးမိရင်း လုကျင်းရှိူ့သည် ခုတင်ပေါ်တွင် ယန်ကျင်းဇီ လွှတ်ပစ်ထားသည့် ဝတ်စုံကို အလိုအလျောက် ဆုပ်ကိုင်မိလိုက်ကာ သူ့လက်များ တင်းတောင့်သွားရသည်။


ယန်ကျင်းဇီ၏ဝတ်စုံထဲတွင် အိတ်ကပ်ရှိပြီး ယခု ထိုအိတ်ကပ်ထဲတွင် တစ်ခုခုက ဖောင်းပွနေသည်။


လုကျင်းရှိူ့ မျက်မှောင်ကြုံ့သွားသည်။


ယခင်ကသာဆိုလျှင် သူသည် ယန်ကျင်းဇီ၏ ပစ္စည်းများကို ဘယ်တော့မှ ထိမည်မဟုတ်သော်လည်း ယခုမူ...


လုကျင်းရှိူ့သည် အထဲမှ စာအိတ်တစ်အိတ်ကို ထုတ်ယူကာ စာအိတ်ထဲမှ ပစ္စည်းများကို ထုတ်ယူလိုက်သည်။


၎င်းမှာ ဓာတ်ပုံများ ဖြစ်ပြီး လုရွေ့ချွင်နှင့် အခြားသူတစ်ဦး၏ ရင်းနှီးကျွမ်းဝင်နေသော ဓာတ်ပုံများ ဖြစ်သည်။


လုကျင်းရှိူ့ အံ့ဩသွားသည်။


ဤအခိုက်အတန့်တွင် ယန်ကျင်းဇီက သူ့ကိုယ်ကို ရေချိုးပဝါတစ်ထည်နှင့် သုတ်ရင်း ‌အမြန်ပြေးထွက်လာကာ သူ့ကို အောင်ပွဲရသည့်သဖွယ် ကြည့်လာသည် : “ ကိုယ် ရေချိုးပြီးပြီ! မြန်တယ်မလား! ”


“ ဒါ... ” လုကျင်းရှိူ့က ဓာတ်ပုံများနှင့် မေးမြန်းသည်။


“ ကိုယ့်အစ်ကိုက လုရွေ့ချွင် ဖောက်ပြန်တာကို သက်သေရအောင် ကူညီပေးခဲ့တယ်! နောက်ဆုံးတော့ ကိုယ် အဲ့ကောင်နဲ့ လက်ထပ်ပွဲကို ဖျက်သိမ်းနိုင်ပြီလေ! ” ယန်ကျင်းဇီသည် ပဝါကို လွှတ်ပစ်ပြီး အိပ်ရာပေါ်သို့ အမြန်တက်သည်။


“ နေဦး... ” တကယ်ပင် တစ်ခုခုမှားနေပြီးမှန်း လုကျင်းရှိူ့ ယခု သေချာသွား

ရသည်။


ဒီအချိန်မှာ သူ ဘယ်လိုလုပ် စောင့်နိုင်မှာလဲ! ယန်ကျင်းဇီသည် လုကျင်းရှိူ့၏လက်ထဲမှ ဓာတ်ပုံများကို ဆွဲယူပြီး ကြမ်းပြင်ပေါ်သို့ လွှတ်ပစ်ကာ ရေစက်များနှင့် အပြည့်အဝ မခြောက်သွေ့သေးသော သူ့ရင်ဘတ်ကို ပုတ်လိုက်သည် : “ ဒီအချိန်မှာ သူများတွေကို မကြည့်နဲ့! ကိုယ့်ကိုပဲကြည့်! ”