Part 157
နောက်ဆုံးစာမေးပွဲသည် ဇန်နဝါရီလ နောက်ပိုင်းတွင်ဖြစ်သည်။ အိမ်စာများ စစ်ဆေးရသည့် ဝန်ထုပ်ဝန်ပိုး မရှိသည့်အတွက် ဆရာမများသည် အဖြေလွှာများအား လျှင်မြန်စွာ စစ်ဆေးနိုင်သည် ။ ယခု အခေါက်တွင် စာမေးပွဲရလဒ်သည် ခါတိုင်း လပတ်စာမေးပွဲ ထက်ပင် လျှင်မြန်စွာ ထွက်လာလေသည် ။ မေးခွန်အဖြေလွှာများအား ခွဲခြမ်း စိတ်ဖြာပြီးသည့်နောက်တွင် အဆင့်သတ်မှတ်ချက် အသစ် ပေါ်ထွက်လာလေသည် ။
ယခု စာသင်နှစ်အပြီးတွင် ကျန်းကျစ်ယွမ်သည် အထက်တန်းကျောင်း၏ စည်းချက်အား အပြည့်အဝ လိုက်လျောညီထွေဖြစ်လာသည် သူသည် အဆင့်များ တစ်ဆင့်ပြီးတစ်ဆင့် တက်လာကာ စာသင်နှစ်အဆုံးတွင် စာသင်ခန်း(၂)၏ ဒုတိယ နေရာသို့ ရရှိခဲ့လေသည် ။
ယခု စာမေးပွဲတွင် ပထမနှင့် ဒုတိယ၏ ရမှတ်များက အတန်းထဲရှိ ကျန် ကျောင်းသားများ၏ ရမှတ်ထက် သာလွန်ခဲ့ကြလေသည် ။
အကုန်လုံးမှ ချီးကျူးပြီးသည့်နောက်တွင် ဆရာမသည် တိုက်ရိုက်ကြေငြာခဲ့လေသည်
"ချန်ရန်နဲ့ ကျိုးကျစ်ယွမ် မင်းတို့ရဲ့ ပစ္စည်းတွေယူပြီး ပထမအတန်းကို သွားပြီးတော့ ဆက်ပြီးကြိုးစားနေကြပါ…နောင် ငါ့အတန်းကို ပြန်ရောက်လာရင်တော့…မင်းတို့ကို တင်းတင်းကျပ်ကျပ်နဲ့ကို လေ့ကျင့်ပေးလိုက်မှာစောင့်နေ…"။
အတန်းဖော်များက ရယ်ကြလေသည်။ သူတို့၏ မနာလိုမှုများမှာ ထင်ရှားနေသည် ။
ဆရာအား ကျေးဇူးတင်ပြီးသည့်နောက် ကျောင်းသားနှစ်ယောက်သည် ထွက်သွားကြလေသည် ။ ကျိုးကျစ်ယွမ်သည် မိန်းကလေးအား လူကြီးလူကောင်း ဆန်စွာဖြင့် အရှေ့မှ ပေးသွားလိုက်လေသည် ။
သူက စိတ်တည်ငြိမ်နေသည်။ အဘယ့်ကြောင့်ဆိုသော် ထိုရလဒ်သည် ရုတ်တရက်ကောင်းကင်မှကျလာသည် မဟုတ်သောကြောင့်ဖြစ်သည်။ ထိုရလဒ်ရအောင် တစ်ဆင့်ပြီးတစ်ဆင့် သူ ကြိုးစားခဲ့ရသည် ။ ထိုအဆင့်တွင် သူဘယ်ရောက်နေပြီနှင့် ဘယ်ကို ဆက်သွားမည်ကိုလည်း သူ အသေအချာ သိနေခဲ့သည်။
ထို့ကြောင့် သူပျော်ရွှင်နေသော်လည်း အံ့ဩခြင်းမရှိပေ ထို့ပြင် စိတ်လည်း တည်ငြိမ်လျက် ရှိနေသည် ။ သို့သော် သူစာသင်ခန်းမှ မထွက်မီတွင် မနေနိုင်သောကြောင့် တစ်ချက် လှည့်ကြည့် လိုက်လေသည်။
ကျန်းယန်ရှန့်သည် တိတ်ဆိတ်စွာပင် သူ့အား လက်မ ထောင်ပြနေသည်။
ကျန်းယန်ရှန့်သည် ကျန်းကျစ်ယွမ် စာသင်ခန်းမှ ထွက်သွားပြီးသည့်နောက်တွင် နောက် နှစ်နှစ်နှင့် တစ်ဝက် ကြာသည်အထိ ထို စာသင်ခန်း (၂)သို့ ပြန်မလာနိုင်သည်ကို သူမသိသည်။ သူသည် ချန်ပီယံ ဟူသည့် သရဖူကို အရယူကာ သူ့၏ အိမ်မက် Q တက္ကသိုလ် ကို မရောက်မခြင်း ဆက်လက်တိုက်ပွဲဝင်သွားမည် ဖြစ်သည် ။
ကျန်းယန်ရှန့်သည် ခေါင်းမော့ကာ ပြုံးပြလိုက်လေသည် ။
ကျန်းကျစ်ယွမ်သည်လည်း ပြန်လည် ပြုံးပြကာ စာသင်ခန်း (၂)မှ ထွက်ခွါသွားလေသည် ။
အတန်းတိုင်းမှ လူများသည် ကော်ရစ်ဒါ သို့ ထွက်လာကြသည်ကို မြင်နိုင်ပေသည် ။ သိသာထင်ရှားစွာပင် အတန်းတိုင်းသည် ပြန်လည် ချိန်ညှိနေကြသည် ။ အတန်းသစ်သို့ လာမည့် ကျောင်းသားများ အတွက် လိုအပ်သည့်အရာများအား စီစဉ်နေကြခြင်းဖြစ်သည်။
ကျောင်းသားများ၏ အမူအရာများမှာ ကွဲပြားလှသည် ။ အဘယ့်ကြောင့်ဆိုသော် တစ်ချို့ကျောင်းသားများသည် ညံ့သောအတန်းမှ တော်သော အတန်းသို့ ဝင်လာကြစဉ်တွင် အချို့ကျောင်းသားများက တော်သော အတန်းမှ ညံ့သော အတန်းသို့ ကျရောက်သွားခြင်းကြောင့်ဖြစ်သည် ။
ကျန်းကျစ်ယွမ်သည် သူကဲ့သို့ လွယ်အိတ်အား သယ်ဆောင်လာသည့် ရှုလီချန်အား ကော်ရစ်ဒါတွင် တွေ့သော အခါ ထိတ်လန့်သွားသည် ။
အဘယ့်ကြောင့်ဆိုသော် ရှုလီချန်သည် အခန်း(၈)မှ ဖြစ်သောကြောင့်ပင်။ ထိုအခန်းမှ လူအနည်းငယ်လောက် သည်သာ စာမေးပွဲ အောင်နိုင်ချေ ရှိကြသည် ။ အဘယ့်ကြောင့်ဆိုသော် သာမန် အတန်းမှ ကျောင်းသားများသည်ပင် အခန်း(၈)မှ ကျောင်းသားများထက် အဆင့် မဆိုးကြသောကြောင့် ဖြစ်ပေသည်။
ရှုလီချန်တွင် အရိုးစွဲနေသည့် ခေါင်းမာမှုရှိသည် ၊ ကျန်းယန်ရှန့်သည် ထိုအကျင့်အား ကောင်းစွာသိလေသည် ။ ထို့ကြောင့် သူမသည် အစွန်းရောက် ချည်းကပ်နည်းတစ်ခုအား အသုံးပြုခဲ့သည် ။ အသေအချာပင်၊ သူ ထို လုပ်ယူထားမှုအားသဘောကျခဲ့သည် ။ နောက်ဆုံး လပတ် စာမေးပွဲတွင် သူသည် အောက်ခြေအဆင့် ၁၀၀ ရရှိခဲ့သည် ။
ကျန်းယန်ရှန့်၏ အိမ်နားတွင် နောက်ဆုံးအကြိမ် နှစ်ယောက်ထဲ တွေ့ခဲ့ပြီးသည့်နောက်တွင် ရှုလီချန်သည် ကျန်းယန်ရှန့်မှ သူ့အား အမြင်ပြောင်းလဲစေချင်ခဲ့လေသည် ။ ထို့ကြောင့် လွန်ခဲ့သည့်ရက်များတွင်မူ သူ သည် သင်ခန်းစာများအား သေချာ လေ့လာခဲ့သည် ။
ရှုလီချန်သည် အမှန်တစ်ကယ်တွင် ဥာဏ်ကောင်းသော သူဖြစ်သည်။ အခြားနည်းလမ်းဖြင့်ဆိုရသော် အောက်ခြေအဆင့် ၁၀၀ အား သူ၏ အားထုတ်မှု တစ်ခုထဲနှင့် ရောက်ရှိခဲ့သည်။ သူက ပုံမှန်အားဖြင့် ထိုသို့ စာကြိုးစားလေ့မရှိပေ။
သူစာသေချာကြိုးစားနေသည်နှင့် အမျှ အလျင်အမြန်တက်နိုင်မည်ဟု တွေးခဲ့မိသည် ။
သို့သော် ရှုလီချန်သည် တစ်ခုကိုတော့ ကျော်ကာ ကြည့်မိသွားလေသည် ။ ထိုသည်မှာ အခြားသူများသည်လည်း စာကြိုးစားကြခြင်းပင်ဖြစ်သည် ။
လွန်ခဲ့သော လပတ်စာမေးပွဲတွင် အခန်း(၈)မှ ရှုလီချန်သည် သာမန်အတန်းမှ ကျောင်းသားအတော်များများ၏ ရမှတ်များထက် သာလွန်ခဲ့သည် ။ ဆရာများက ရှုလီချန်အား ဉပမာ အနေဖြင့် သူတို့အတန်းများအား လှုံ့ဆော်ခဲ့ကြလေသည် ။
ရှုလိီချန်သည် သူ သေချာကြိုးစားလျှင် အောက်ခြေအဆင့် ၁၀၀မှ ကျော်နိုင်သည် သုံးသပ်ခဲ့သည်။
သို့သော် သူ့ထက် ရမှတ်သာလွန်ခဲ့သည့် အခြားအတန်းမှ ကျောင်းသားများသည်လည်း တစ်ယောက်ပြီးတစ်ယာက် ဒေါသထွက်ကာ လွန်ခဲ့သော လတွင် အသေအကြေစာ လုပ်နေခဲ့ကြသည်ကိုတော့ ရှုလီချန် မသိရှိခဲ့ပေ။
ရှုလီချန်သည် သူ စာကြိုးစားပြီးသည့်နောက်တွင် ထိုကဲ့သို့ နောက်ဆံုးအဆင့် သတ်မှတ်ချက်ထွက်လာသောအခါ ထိုနေရာတွင် ဆွံ့အနေခဲ့သည် ။
ဆရာမှ သူ့အား ပြုံးကာ ချီးကြူးပြီးသည့်နောက်တွင် ပစ္စည်းများသိမ်းကာ အခန်း (၅)သို့ သွားရန် ပြောလိုက်သည်
သူ အခန်းအသစ်ထဲသို့ ခြေချလိုက်စဉ်မှာပင် တက်ကြွလာခဲ့ပြန်သည် ။ အရင်ကမူ စာတော်သော ကျောင်းသားများနှင့် တစ်ခန်းထဲ မနေဖူးချေ။ ဤကျောင်းသားကောင်းများသည် သူ့အား မနှစ်သက်နိုင်သကဲ့သို့ သူ့အားဖယ်ထုတ်ရန်လည်း အင်အားစုများ ပူးပေါင်းကြပေမည်။
သူ ရှုလီချန်သည် အခြားသူများ အနိုင်ကျင့်ရန်အလွယ်ကူပေ။
ရှုလီချန်သည် စာသင်ခန်းထဲသို့ ဝင်လာသောအခါ
သူသည် သူ၏ ခပ်မိုက်မိုက်ပုံစံနှင့် လွှမ်းနိုင်သည့်သည့် လက္ခဏာ အား ခြုံလွှမ်းထားခဲ့လေသည် ။ သူသည် ထိုကျောင်းသားများ၏ ဧည့်ဝတ်ကျေမှုအား အချိန်မရွေး တွေ့ဆံုရန် အဆင်သင့် ဖြစ်နေခဲ့သည်။
မမျှော်လင့်ထားစွာဖြင့်ပင် အတန်းသစ်မှ ဆရာက မေးလေသည် "မင်းက အခန်း(၈)ကပြောင်းလာတဲ့ ကျောင်းသား ရှုလီချန် ဟုတ်တယ်မလား…”။
သူသည် ခေါင်းကို မော့ကာ ဖြေလိုက်သည် "ဟုတ်ပါတယ်…"။
သူ၏မျက်နှာပေါ်မှ လှောင်ပြောင်မှုအား မဖော်ထုတ်လိုက်ရသေးမီတွင် အတန်းပိုင်ဆရာမသည် သူမ၏လက်များအား သူ့ဆီသို့ဆန့်တန်းကာ အတန်းသားများဘက်သို့ပြောလိုက်လေသည် "ကျောင်းသားတွေရေ…ရှုလီချန်ကို ကြိုဆိုလိုက်ရအောင်…"။
မထင်မှတ်သည့် လက်ခုပ်သံများက ရှုလီချန်အား နောက်ဆုတ်လိုက်မိသည်အထိ ကြောက်လန့်သွားသသည်။ သူ၏ ကျောပိုးအိတ်သည် စာသင်ပုန်း အား ကပ်လျက်။
ဘာတွေဖြစ်နေတာလဲ…ဘာတွေဖြစ်နေကြတာလဲ…။
အဘယ့်ကြောင့် သူတို့အားလုံးသည် စပ်စုကာစိတ်အားထက်သန်သော အကြည့်များ ရှိနေကြပါသနည်း။ သူ့အား အမှန်တစ်ကယ်ပင် ကြိုဆိုကြသည်လော။
Xxxxx
Part 158
အတန်းပိုင် ဆရာမသည် အတန်းထဲရှိ အခန်းဖော်များကို အားရှိစေရန် ရှုလီချန် အသုံးပြုခဲ့ခြင်းဖြစ်လေသည် ။
"မင်းသေချာအလုပ်ကြိုးစားနေသ၍… မင်းအကျိုးကျေးဇူးကို ခံစားရမယ်…"။
"မင်းက အခန်း(၈)က ကျောင်းသားဆိုရင်တောင်…မင်းအလုပ်ကြိုးစားရင် …ရှေ့ဆက် လျှောက်လှမ်းနိုင်လိမ့်မယ်…"။
"အဲ့တာက မင်းဘယ်နေရာမှာလဲ ဘယ်ကိုဆက်သွားနိုင်တာလဲဆိုတာကို သတ်မှတ်ထားတာမျိုးမဟုတ်ဘူး…အဲ့ဒါက မင်းကိုယ်တိုင်နဲ့ မင်းရဲ့ စိုက်ထုတ်အားပဲ…"။
"အလုပ်ကြိုးစားခြင်း တစ်ခုကပဲ မင်းကို စိတ်မပျက်စေမှာ …"။
ထို့နောက် ချက်ခြင်းပင် ၊ အလုပ်ကြိုးစားသည့် အတန်းဖော် ရှု ထွက်ပေါ်လာခဲ့သည်။
ထိုအတန်းဖော်မှ မတ်တတ်ရပ်ကာ ရှုလီချန်အား နွေးထွေးကြိုဆိုသည့် အကြည့်ဖြင့် ကြည့်နေလေသည် ။
ရှုလီချန်သည် သူပြန်မထိုင်မခြင်း ကြောင်အမ်းအမ်းဖြစ်နေလေသည် ။
အတန်းပိုင်ဆရာမသည် အတန်းဖော်များနှင့်သူ့အျား အချိန် အတော်ကြာ အောင် မိတ်ဆက်ပေးနေခဲ့သည်။
ဘယ်ဘက်တွင် အတန်းခေါင်းဆောင် ရှိသည်၊ ညာဘက်တွင် လေ့လာရေးကော်မတီရှိသည် ၊ ထိုနောက်ဖက်တွင် စည်းကမ်းထိန်းသိမ်းရေးကော်မတီရှိသည် ၊ အရှေ့ဘက်တွင် ထိုနေရာသည် နောက်ဆုံးစာမေးပွဲတွင် ပထမ နေရာဖြစ်လေသည် ။ သူသည် နောက် နှစ်မှတ် မြင့်လျှင် အထက်တန်း သို့တောင် ဝင်သွားနိုင်လေသည် ။
ဤသို့ဖြင့် ရှုလီချန်သည် ရှေ့နှင့်နောက်ဘက်ရှိ ကျောင်းသားကောင်းများနှင့်ဝန်းရံထားသည့် အတန်းသစ် အုပ်စုထဲသို့ ပေါင်းထည့်ခံလိုက်ရလေသည်။
သူ ဘာရယ်ကြောင့်မှန်းမသိသော်လည်း ဘဝင်ကျနေသည့် ခံစားချက်ကိုတော့ အမြဲ ခံစားမ်နေလေသည် ။
ကျန်းယန်ရှန့်၏ အဆင့်သတ်မှတ်ချက်သည်လည်း များစွာ တိုးတက်ခဲ့လေသည်။ သူမသည် စာသင်ခန်း (၂)တွင် အလယ်အဆင့်ဟု သတ်မှတ်ထားခံ ခဲ့ရသည်။
၎င်းသည် အဓိကအားဖြင့် သင်္ချာနှင့် ရူပဗေဒ ေပါ်မူတည်နေလေသည် ။ သူမ အမှတ်နည်းခဲ့သည့် ထို နှစ်ဘာသာမှာ ယခုတွင် အမှတ်များစွာ သူမ ရရှိခဲ့လေသည် ။ အချိန်ကုန် လူပင်ပန်း မဖြစ်တော့ပေ။
ထို အဆင့်သတ်မှတ်ချက်များအား မြင်ရသည်က ကျန်းယန်ရှန့်သည် ယခုလောလောဆယ်တွင်တော့ စာသင်ခန်း(၂)တွင်သာ ရှိနေဦးမည်ဟု သဘောပေါက်ခဲ့သည်။ သူမသည် စိတ်သက်သာရ ရဟန်ဖြင့် သက်ပြင်းချလိုက်လေသည် ။
သူ၏ကိစ္စများ ပြီးသောအခါ၊ ဘုတ်ပေါ်တွင် ရှုလီချန်၏ အဆင့်အား သူမ ပြန်လည်ကြည့်ရှုခဲ့လေသည်။ နောက်ဆုံးအဆင့် ၁၀၀မှ စကြည့်သောအခါ သူ၏ နာမည်အား ရှာ၍မတွေ့ပေ။
ကျန်းယန်ရှန့်သည် "ငါ အပေါ်ကို ဆက်ကြည့်ရမှာလား…"။
ကျန်းယန်ရှန့်သည် ဟိုးအောက်မှ သူမအကြည့်အားခွါလိုက်ကာ နောက်ဆုံးတွင် ရှုလီချန်အား တွေ့လေသည် ။ အနည်းငယ် ပြောင်းလဲ ပြီးသည့်နောက်တွင် အဆင့်သတ်မှတ်ချက်သည် ၇၀ ကျော် အထိ ဆင်းသွားပြီး လပတ်စာမေးပွဲတွင် ၎င်း၏အဆင့်သည် နောက်ပြန်ဆုတ်သွားခဲ့သည် ။
သို့သော် ကျန်းယန်ရှန့်သည် ရှုလီချန်ကဲ့သို့ စိတ်ရှုပ်မသွားပေ။ ဘာသာရပ်အသီးသီးတွင် သူ၏ အဆင့်များသည် အတော်လေး တည်ငြိမ်ကြောင်း တွေ့ရပြီး ယခင် လပတ် စာမေးပွဲများနှင့် နှိုင်းယှဉ်လျှင် တိုးတက် အောင်မြင်ခဲ့လေသည် ။
ထိုအကြောင်းအား အချိန်အနည်းငယ်မျှ စဉ်းစားပြီးသော အခါတွင် သူ့အဆင့်များ အဘယ့်ကြောင့် ဆင်းသွားရသည်ကို သဘောပေါက်သွားသည် ။
စာသင်နှစ်အဆုံးတွင် သူမ၏ အတန်းဖော်များ အချင်းချင်း ထိုးဖောက်ကြပုံကို သူမ သိထားသည် ။
ရှုလီချန်သည် ထိုအကြောင်းအား မသိဟု သူမ ခန့်မှန်းခဲ့သည် ။ သူစာသေချာကြိုးစာသည်ဟု အမြဲခဲစားရသော်လည်း သူ့ထက် စာပိုကြိုးစားသည့် တစ်ယောက်ယောက် အမြဲရှိနေသည်ကိုတော့ သူ မသိချေ။
သို့သော် ကိစ္စမရှိပေ။ ထိုအဆင့်သည် သူ့အဖို့ အခန်းပြောင်းရန် လုံလောက်ပေသည် ။ (ပထမ သူ ဘိတ်ချေးကနေ ၁၀၀ ကိုရောက်လာတယ် ခုကျ ၇၀ ကို ပြန်ကျသွားတယ် ဒါပေမဲ့အခန်းခွဲတဲ့အခါကျ တိုးတက်လာတာပဲမို့ ရှေ့အခန်းကိုရောက်သွားတာ )
ကျန်းယန်ရှန့်သည် ရှုလီချန် မည်သည့်အတန်းသို့ ရောက်သွားသည်ကို မေးလိုသော်လည်း ကျောင်းပြီးချိန် ရှုလီချန်အား တွေ့လိုက်ရသောအခါ သူသည် ကျန်းယန်ရှန့်အား မြင်သည်နှင့် မျက်နှာလွှဲကာပင် အဝေးသို့ ထွက်သွားလေသည် ။
ကျောင်းသည် အတန်း ဝေယျာဝိစ္စများအား တစ်ရက်နှစ်ရက်ခန့် ပြုလုပ်ပြီးနောက် ၊ ထို့နောက်တွင် ဆောင်းရာသီ အားလပ်ရပ်ပင်ဖြစ်လေသည် ။
ကျောင်းနောက်ဆုံးနေ့တွင် ကျန်းဟယ်လင်းသည် သူမ၏ လတ်မှတ်အား အိမ်သို့ယူလာကာ ကျန်းဟွမ်ကို "အဖေ…"ဟု အော်ခေါ်ကာကာ ကြယ်ဆုလက်မှတ်အား သူ့မျက်နှာရှေ့သို့ ထိုးပေးခဲ့လေသည်။
ထို မိိန်းကလေး၏မျက်လုံးများသည် တောက်တောက်ပပ ပြုံးနေကာ မျှော်လင့်ချက်များဖြင့်ပြည့်နေလေသည် ။
ကျန်းဟွမ်မှ စိတ်အားထက်သန်စွာဖြင့် ပြောခဲ့သည် "ဟားဟား…တကယ် အံ့ဩဖို့ကောင်းတာပဲ…ဆုထပ်ယူရပြန်တာလား…အဖေ့ကို ပြောစမ်းပါဦး…ဒီတစ်ခေါက် စာမေးပွဲ မှာ ဘယ်လောက်ကောင်းကောင်း လုပ်လိုက်သလဲ…"။
ကျန်းဟယ်လင်းမှ ရင်ကော့ကာ "ပထမနေရာ…"။
"ဝိုး…"ကျန်းဟွမ်က လက်ခုပ်တီးကာ " အံ့ဩစရာပဲ…."။
ကျန်းဟယ်လင်သည် သူမ၏ ခေါင်းကားမော့ကာ "အဖေ…"။
ကျန်းဟွမ် "ဟေ…"။
ကျန်းဟယ်လင်းသည် သူမ၏ တောက်ပနက်မှောင်နေသာမျက်လုံးများဖြင့် သူ့အားကြည့်နေလေသည် ။
ကျန်းဟွမ်မှ မေးလေသည် "အဖေ့ကိုပြောပါ…တစ်ခုခု လိုချင်တာ ရှိလို့လား…."။
သူမသည် ထိုသို့သာ ဆက်ကြည့်နေလေသည် ။
ကျန်းဟွမ်သည် နားမလည်နိုင်ဖြစ်သွားသည် ။
ကျန်းယန်ရှန့် စိတ်မရှည်တော့သောကြောင့် ချောင်းအကျယ်ကြီး ဆိုးပြလေသည်။
ကျန်းဟွမ်သည် သူမအား ကြည့်လိုက်သည် ။
ကျန်းယန်ရှန့် မျက်လုံး မှိတ်ပြသည် ။
ကျန်းဟွမ် နားမလည်။
သူမ၏ရင်ဘတ်ကို ဖိကာ အသက်ဝဝရှုလိုက်ပြီးနောက် နေရာတစ်ခုသို့ မေးငေါ့ပြလေသည် ။
ကျန်းဟွမ် နောက်သို့လှည့်ကာ ကြည့်သော်လည်း ထိုနေရာတွင် ဘာမှမရှိပေ။
သူ ကျန်းယန်ရှန့်ဘက်သို့ တစ်ခါပြန်လှည့်ကာ ကြည့်လေပြန်သည် ။
ကျန်းယန်ရှန့် သူ့အဖေ လက်ထဲမှ လက်မှတ်ကို မျက်လုံးဖြင့် ညွှန်ပြလိုက်သည်။
ကျန်းဟွမ်သည် သူ၏လက်ထဲမှ ဆုချလိုက်သည့် လက်မှတ်အား ကြည့်လေသည် ။
ကျန်းယန်ရှန့် သူမ မေးစ်ိဖြင့် ထပ်ကာထပ်ကာ ညွှန်ပြနေသည် ။
ကျန်းဟွမ် ခေါင်းကိုလှည့်ကာ ထိုနေရာသိူ့ ထပ်ကြည့်သည်။ နံရံမှ လွှဲ၍ ဘာမှ မရှိ။
ကျန်းဟွမ် ရုတ်တရက် သတိဝင်သွားသည် ။
"အိုး…ဟုတ်တာပေါ့ …လတ်မှတ်ကိုချိတ်ရမယ်…လတ်မှတ်ကိုချိတ်ရမယ်…ဟားဟား ကတ်ကြေးနဲ့ တိပ် သွားယူ…အဖေက အောင်လတ်မှတ်ကို ကပ်ပေးမယ်…"။
ကျန်းဟယ်လင်း ၏ မျက်နှာ လင်းထိန်သွားသည် ။ သူမ၏ လက်များကို အင်္ကျီအိတ်ထဲသို့ ထည့်ကာ ပြုံးနေလေသည် ။
သူမ၏ ဘယ်လက်နှင့် တိတ်ခွေအားထုတ်လိုက်ကာ ညာလက်တွင် ကတ်ကြေးပါလာလေသည် ။ သူသည် တစ်ခါတည်း ပြင်ဆင်လာခဲ့ခြင်း ဖြစ်သည် ။
ကျမ်းဟွမ် အလွန်ပျော်ရွှင်နေလေသည် ။
သူသည် လတ်မှတ်အား နံရံပေါ်တွင် ကပ်ပြီးသည့်နောက် နောက်သို့ ခြေလှမ်း အနည်းငယ်ဆုတ်ကာ ခါးထောက်လျက် ကြည့်ရှုနေလေသည် ။ ထို့နောက် တောက်ပနေသော သူ့ သမီးငယ်လေး၏ မျက်နှာအား ကြည့်လိုက်လေသည် ။
ရုတ်တရက်သူသည် ကလေးများ ပျိုးထောင်ရခြင်း၏ ပျော်ရွင်မှုကို အသိအမှတ်ပြုလိုက်သည် ။
သူသည် ယခုတွင် အသက်ကြီးလာခဲ့သည် ဟု ခံစားခဲ့ရသည် ။ သူငယ်ရွယ်စဉ်တွင် ထိုသို့သောာကိစ္စများအား သူမလုပ်နိုင်သောကြောင့် သူ့မိန်းမထံတွင်သာ လွှဲခဲ့ရသည် ။ သူပြန်ရောက်သောအခါ သူ့မိန်းမသည် အားလုံးပြီးစီးကာ သူမသည် သူ့ကို တမင်ဆွဲခေါ်သွားပေလိမ့်မည်။ ထို့နောက် ယန်ယန် သည် မည်သည့်ဆုရသည်ကို အသံကျယ်ကျယ်နှင့် အော်ပြောကာ မျက်လုံးမှိတ်ပြလေသည် ။
ထို့ကြောင့် "ယန်ယန်က အံ့ဩဖို့ကောင်းလိုက်တာ…"ဟူ၍ ပြောဆိုကာ ချီးကျူးလေတော့သည် ။
ထိုအချိန်တွင် သူ့ကလေးအား အများကြီး ပေးစွမ်းနိုင်သော်လည်း သူ၏ နှလုံးသားက မူ အမှန်တစ်ကယ် မနစ်မြုပ်နေခဲ့ပေ။
သို့သော် ယခုတွင် သူသည် အမှန်တစ်ကယ်ပင်အိုမင်းနေပြီဖြစ်သည်။ အခြေကျပြီးသည့်နောက်တွင် သူ၏ စိတ်နှစ်လုံး သည် အရှိန်လျော့သွားပုံရသည် ။ သူ့သမီးငယ်လေး၏ တောက်ပသော မျက်နှာအား ကြည့်ကာ သူ၏ နှစ်လုံးသား အောက်ခြေမှ ပျော်ရွှင်မှုကို ခံစားလိုက်ရသည်။
အချို့သောလူများအဖို့ ဝမ်းနည်းစရာ ကောင်းသည်မှာ သူတို့သည် ဖခင်များဖြစ်လာသော အခါတွင် အဆင်သင့် မဖြစ်တတ်ကြသေးပေ။
သူတို့ နောက်ဆုံးတွင် အဆင်သင့် ဖြစ်သောအခါ၊ ကလေးများသည် အရွယ်ရောက်နှင့်နေပြီးဖြစ်သည် ။
Xxxxx