Part 153
ကျန်းကျစ်ယွမ် အရိုက်ခံရသည့်ကိစ္စမှ လွဲ၍ ကျန်းယန်ရှန့်က ရှုလီချန်ကို လိုက်ရှာရန် ဘယ်တုန်းကမှ အစပျိုး မလုပ်ဆောင်ခဲ့ပေ။
ကျောင်းတွင် သူတို့နှစ်ယောက် မကြာခဏ တွေ့ဖြစ်ကြသော်လည်း လွန်ခဲ့သော နှစ်ရက်တွင် ရှုလီချန်အား သိပ်မတွေ့ရတော့ပေ။
သူမ ရှုလီချန်အား ကျောင်းအားကစားလုပ်ချိန် နှစ်ချိန်လောက်တွင်သာ တွေ့ရတော့သည် ။ တစ်ခြား အချိန်များတွင်မူ အရင်ကလောက် သူ့အား စာသင်ခန်း အပြင်ဘက်တွင် မတွေ့ရတော့ချေ။
ကျန်းယန်ရှန့်သည် သူ့အား ထပ်မံ ရှာဖွေခြင်း မပြုခဲ့။
လူတိုင်းက အမှီအခိုကင်းလွပ်လပ်သည့် လူများ ဖြစ်ကြသည် ။ အရင်ဘဝမှ သူငယ်ချင်းသာမက ယောက်ျားနှင့် မိန်းမ လင်မယားသည်ပင်လျှင် တစ်ခါတစ်လေ ခွဲနေရသည့် အချိန်များရှိသည် ။
သူမဘက်က အကူအညီနှင့် ချစ်ခင်မှုအတွက် ဤမျှလောက်သာ တတ်နိုင်ပေသည်။
အဘယ့်ကြောင့်ဆိုသော် သူမအတွက် ဆရာ နှစ်ယောက်နှင့်အတန်းအား သင်ရသေးသည့်အတွက်ကြောင့် ညနေပိုင်းရော ကျောင်းဆင်းချိန်တွင်ပါ မအားမလပ် ဖြစ်နေ၍ပင်။ မိုးလင်းမှ မိုးချုပ်အထိ ကျောင်းတွင်သာ အလုပ်ရှုပ်နေခဲ့လေသည် ။
ရှုလီချန်နှင့် နောက်တစ်ခေါက် ပြန်တွေ့ချိန်တွင် စနေ နေ့ပင် ရှိနေပြီဖြစ်သည် ။
ဖုန်းသံမြည်လာချိန်တွင် ကျန်းယန်ရှန့်မှ ကောက်ယူ၍ ဖြေလိုက်သည် ။
"ဟယ်လို…"
တစ်ဖက်မှ ရှုလီချန်၏ အသံ ထွက်ပေါ်လာလေသည်။
" ငါ နင့် အိမ်ရဲ့ဂိတ်အပြင်ဘက်မှာ ရောက်နေတယ်…"
ရှုလီချန်က နှုတ်ခမ်းအား တစ်ချက် ကိုက်လိုက်ကာ သူပြောနေကြစကား တစ်ခွန်းအား စဉ်းစားနေမိသည်။
" ငါ့ကို အပြင်မှာ လာတွေ့လို့ရမလား…"
ကျန်းယန့်ရှန့်မှပြောလိုက်သည်။
"ကောင်းပြီ…အဲ့ဒီမှာပဲစောင့်နေလိုက်…."
သူမဖုန်းချလိုက်ပြီးသည့်နောက်တွင် အဝတ်အစားလဲကာ ကုတ်အင်္ကျီအား ဆွဲယူကာအပြင်သို့ ထွက်ခဲ့လိုက်သည်။
ကျန်းဟယ်လင်းသည် သူမ လှေကားသို့ ဆင်းလာစဉ်တွင် သူမဆီသို့ပြေးလာသည်။
" အစ်မ…အပြင်သွားမလို့လား…"
"အတန်းဖော်တစ်ယောက် က ပြောစရာရှိတယ်ဆိုပြီး လာတွေ့လို့ပါ…"
ကိစ္စများသည် မကြာသေးမီကပင် အားလုံး အဆင်ချောနေခဲ့သည်။ ထို့ကြောင့် ကျန်းယန်ရှန့်၏ စိတ်ထဲတွင် သက်တောင့်သက်သာ ရှိနေသည် ။ သူမ၏ခေါင်းအား ပုတ်ကာပြောလိုက်သည်။
"ခဏပဲကြာမှာ…ပြန်လာခဲ့မယ်…"
အပြင်တွင် အတော်အေးနေသည် ။ ကျန်းယန်ရှန့်က သူမ၏ကုတ် အင်္ကျီအား တင်းကျပ်စွာ ဝတ်ဆင်လျက် ခြံဝန်းသို့ဖြတ်လာကာ တံခါးပေါက် အသေးအား ဖွင့်လိုက်သည် ။
အပြင်တွင် ကျန်းယန်ရှန့်နှင့် ရင်းနှီးနေသည့် ဆိုင်ကယ်တစ်စီး ရပ်ထားသည်ကို တွေ့လိုက်သည် ။ ထိုအကြောင်းပြောမှ ပင် သူမသည် ရှုလီချန်ကြောင့်ပင် ဆိုင်ကယ်စီးသည့် အကျင့်ရသွားခြင်းဖြစ်သည်။
သို့သော် သူမအသက် ၁၈ ပြည့်ကားလိုင်စင် ရသောအခါ ဆိုင်ကယ်အား ချောင်ထိုး ထားခဲ့လိုက်သည်။
ရှုလီချန်က ထိုရပ်ထားသော ဆိုင်ကယ်ကား မှီလျက် ရပ်နေသည်။ ခြေထောက်တစ်ဖက်အား ထောက်ကာ ကျန်တစ်ဖက်ကို ကွေးထားသည် ။ သူသည် ပါးစပ်တွင် စီးကရက်တစ်လိပ်သား ဟန်ပါပါဖြင့် ကိုက်ထားကာ မီးခိုးငွေ့များကို မှုတ်ထုတ်နေသည် ။
သူ့မျက်နှာမှာ ပုံမှန်ကဲ့သို့ မှိုင်းညှို့နေသည့် မျက်လုံးများနှင့်ပင် ဖြစ်သည်။ သူသည် တီဗီများတွင်ပါလေ့ရှိသော တက်သစ်စ idol များထက် အနည်းငယ် သန်မာသော်လည်း ကျန်းယန်ရှန့်ကမူ သူ့အား အလွန် တုံးအသည်ဟုသာ ထင်ခဲ့သည် ။
သူမ လမ်းလျောက်သွားကာမေးလိုက်သည်။
"ဒီနေ့လို အေးစက် နေတဲ့နေ့မျိုးကို နင်က ဆိုင်ကယ်မောင်းလာတယ်ပေါ့…နင့်ဦးနှောက်ရော ကောင်းသေးရဲ့လား…"
ရှုလီချန်က သူ့ကိုယ်သူ အတင်းအကျပ်ခုခံလေသည်။
"ငါဘယ်သွားလဲဆိုတာ အိမ်ကမသိစေချင်လို့…အဲ့တာကြောင့် ဒရိုင်ဘာ ခေါ်မလာခဲ့တာ…"
သူ့ အဖေနှင့်အမေက သူ ဘယ်နေရာသို့ ရောက်နေသည်ကိုသာ ပို၍ပင် ဂရုစိုက်သလို ရှိလေသည်။
တစ်ကယ်တွင် သူ့မိဘများနှင့် ရက်အတော်ကြာ တွေ့ရလေ့မရှိသောကြောင့် သူ့မိဘများ ဘယ်သို့သွားကာ ဘာလုပ်နေကြသည်ကို သူမသိရပေ။ အပြန်အလှန်အားဖြင့် ကျောင်းမှ သူ၏ မိဘများအား စကားပြောရန် ခေါ်သည့် အခါတွင်တောင်မှ သူဘယ်ရောက်နေသည်၊ ဘာလုပ်နေသည်ကိုပင် မသိကြချေ။
"ဒါဆိုလဲ…ဘာလို့ကားငှါးမလာတာလဲ…"ကျန်းယန်ရှန့်မှ မေးသည်။
"နင့်မှာ ကားခေါ်တဲ့ဟာ မရှိလို့တော့ လို့တော့မပြောနဲ့နော်…နင်က ဖုန်းကို ဘယ်လိုသုံးရမလဲ မသိတဲ့ အဖိုးကြီးလား…"
ကျန်းယန်ရှန့် ငေါက်လိုက်သည် ။
ရှုလီချန်မှ ပြန်မငြင်းနိုင်ခဲ့ပေ။
သူက မိသားစုတွင် တစ်ဦးတည်းသော ကလေးဖြစ်သည်။ သူ့အဖို့ သီးသန့်ယာဉ်မောင်းနှင့် သီးသန့်ကား တစ်စီးရှိသည်။ သူသည် ကိုယ်တိုင် ဆိုင်ကယ် မောင်းနိုင်သော်လည်း ကားခေါ်ရန်တော့ မလိုအပ်ပေ
သူက ရွံစရာကောင်းသည့် ဥာဏ်ရည်ဥာဏ်သွေးနောက်ကျသူဟု ကျန်းယန်ရှန့် မျက်လုံးထဲတွင် မြင်နေသည်ဟု ခံစားခဲ့ရသည် ။
ရှုလီချန် စိတ်ဆိုးကာ စီးကရက်တစ်လိပ်အား ဆွဲထုတ်လိုက်သည် ။သို့သော် သူ့ ပါးစပ်တွင် တစ်လိပ်က ရှိနှင့်နေပြီးသည်ကို သတိထားမိသွားသည် ။
သူမျက်ခုံးတစ်ချက်ပင့်လိုက်ကာ ကျန်းယန်ရှန့်ဆီသို့ လက်လှမ်းလိုက်သည်။
"စီးကရက် သောက်ဦးးမလား…"
ထို့နောက်ရွဲ့၍ပြောသည်။
"မေ့လိုက်ပါ…နင့်လို လိမ္မာတဲ့ကောင်မလေးက ဘယ်လ်ုလုပ်သောက်မှာလဲ…"
သူက ကျန်းယန်ရှန့်အား အမူအရာအမျိုးမျိုးနှင့် စနေခဲ့သည် ။
ကျန်းယန်ရှန့်က ထိုစီးကရက်ကို ယူလိုက်ကာ အခြားလက်တစ်ဖက်အား ပုတ်လိုက်သည် ။ စီးကရက်က လေထဲတွင် တစ်ပတ်လည်သွားကာ ပြန်အကျတွင် သူမ ပါးစပ်နှင့် ဖမ်းကိုက်လိုက်သည် ။
"ငါဘာမြင်လိုက်ရတာပါလိမ့်…"
ရှုလီချန်မှ ဘေးသို့စောင်းကာ ကြည့်လိုက်သည်။
"နင်က ဆေးလိပ်သောက်နေကျလူပဲ…"
ထိုအကွက်အား ရှုလီချန်သိသည် ။ ဆေးလိပ်သောက်တတ်ရုံနှင့် ထိုသို့မလုပ်တတ်ပေ။ ထိုအရာသည် ထပ်ကာထပ်ကာ အချိန်အတော်ကြာ လေ့ကျင့်ရသည်။ ထိုသို့လုပ်တတ်ရန် လက်သွက်ရသည် ။ သူ၏ သူငယ်ချင်းသည် အချိန် နှစ်နှစ်အကြာ လေ့ကျင့်နေခဲ့သော်လည်း နောက်ဆုံးတွင် စီးကရက်အား မဖမ်းနိုင်ပဲ ရှိလေသည် ။
ရှုလီချန်က ကျန်းယန်ရှန့်၏ စီးကရက်အား မီးညှိပေးရန် ရှေ့သို့တိုးလိုက်သည်။ ထိုစဉ် ကျန်းယန်ရှန့်က မီးငြိမ်းလိုက်လေသည် ။
"ငါ့အရှေ့မှာ အဲ့တာမျိုးတွေမလုပ်ဖို့ နင့်ကို ဘယ်နှစ်ခါ ပြောထားရမှာလဲ…"
သူမက ပြောလိုက်သည် ။
ရှုလီချန် အမှန်တကယ်ပင် နားမလည်ပေ။
"ဘယ်တစ်ခုလဲဟ…"
"ဆေးလိပ်သောက်တာ…အရက်သောက်တာ…ဆိုင်ကယ်မောင်းတာ …ကောင်မလေးတွေရှုပ်တာ…အထာကျချင်ယောင်ဆောင်တာ…"
ကျန်းယန်ရှန့် တစ်ခုခြင်းဆီ ရေတွက်ပြလိုက်သည် ။
“နင့်ကိုယ့်နင် ပြိုင်ဘက်ကင်းပြီး ရင့်ကျက်နေတယ်လို့ နင်ထင်နေလား…နင့်ကိုပြောပြမယ်…တစ်ကယ် ရင့်ကျက်သွားတဲ့လူတွေက အဲ့တာမျိုးတွေမြင်ရင် ရယ်ပဲ ရယ်ချင်တော့တယ်…"
ရှုလီချန်သည် ကျန်းယန်ရှန့်၏ အဆိပ်ပြင်းလှသောလျှာနှင့် နေသားတကျပင်ဖြစ်နေသည်ကို တွေ့ခဲ့ရသည် ။ သူနှင့် မျက်နှာခြင်းဆိုင်သည်နှင့် သူမသည် အလွန် ဒေါသကြီးနေကာ လုံးဝပင် ယဉ်ယဉ်ကျေးကျေးမရှိပေ။ သို့သော် အံ့ဩစရာကောင်းသည်မှာ ထိုအရာများထဲမှ ရှုလီချန်သည် ဖော်မပြနိုင်သော ရင်းနှီးမှုနှင့် နွေးထွေးမှုတို့ကို အမြဲ ကြားနိုင်ခဲ့သည်။
သူက တုံ့ပြန်လိုက်သည်။
"ဒီလိုပြောရအောင် နင်က ဘယ်သူမို့လို့လဲ…နင်ကငါနဲ့ အသက်အတူတူပဲမဟုတ်ဘူးလား…ငါ့ကိုပြောစမ်းပါ…နင်က ဘယ်လိုများ ရင့်ကျက်နေနိုင်ရတာလဲဟာ…"
ကျန်းယန်ရှန့်သည် ထိုမေးခွန်းအား အလေးအနက် စဉ်းစားခဲ့သည် ။
"ဒီ စီးကရက်လိုမျိုးပေါ့…"
သူမလက်ထဲမှ စီးကရက်အား မြှောက်ပြကာ ပြောလိုက်သည် ။
"ငါ လုပ်နိုင်တယ်…"
သူမက ဆိုင်ကယ်ထိုင်ခုံပေါ်တွင် စီးကရက်ကို လုံးချေပစ်လိုက်သည်။
"ဒါပေမဲ့ …ငါမလုပ်ဘူး…”။
ရှုလီချန်က ထိုစကားများကြောင့် အနည်းငယ် အံ့ဩသွားသည် ။ သူ ထိုအဓိပ္ပါယ်အား လန့်သွားကာ သဘောကျသွားသည် ။
Xxxxx
Part 154
ကျန်းယန်ရှန့်က သူမ၏လက်အားမြှောက်လိုက်ကာ သူ၏ပါးစပ်မှ ဆေးလိပ်အား ဆွဲယူကာ ဆိုင်ကယ်ထိုင်ခုံပေါ်သို့ ဖိလိုက်သည် ။ ဆေးလိပ်မီးကြောင့် သားရေထိုင်ခုံတွင် အပေါက်ဖြစ်သွားသည်။
ရှုလီချန်မှ ဒေါသထွက်ခြင်း စိတ်တိုခြင်းမရှိပဲ မျက်ခုံးကို ပင့်လိုက်သည်။
"အိုး…ရင့်ကျက်လိုက်တာ …"
( ကျန်းယန်ရှန့်က အရင်ဘဝတွင် သူမ စိတ်ညစ်လျှင် ဆေးလိပ်မီးဖြင့် သူမလက်မောင်းအား ထိုးလေ့ရှိလေသည်။ မကြာမီ ရှုလီချန် ထိုအကြောင်းအား သိသောအခါ သူမ အား ထပ်မံပြုလုပ်ခွင့် မပြုတော့ချေ။
ရှုလီချန်က သူမဆီသို့ လက်မောင်းအား ဆန့်တန်းပေးလျှက် ပြောလိုက်သည်။
"ငါ့ကို ထိုးလိုက်…"။
ကျန်းယန်ရှန့်မှ ထိုးလိုက်လေသည် ။ ရှုလီချန်သည် တစ်ချက် ငြီးငြူခြင်းမရှိပဲ ငြိမ်ခံနေလိုက်သည် ။
သို့သော် ထိုသို့ထိုးခြင်းသည် တစ်ခါတည်းသာဖြစ်သည် ။ မကြာမီ ကျန်းယန်ရှန့် မပျော်မရွှင်ဖြစ်လာသောအခါ သူမက ရှုလီချန်၏ အဝတ်၊ ကျောင်းလွယ်အိတ်နှင့် ဆိုင်ကယ်ထိုင်ခုံတို့ကိုပါ ထပ် ထိုးပေလိမ့်မည် ။
ဝမ့်ချန်က သူမ၏ ခြေထောက်အား ဆောင့်လိုက်သည်။
"ကျန်းယန်ရှန့်…တရားလွန်မလာနဲ့…"
သူမသည် ခြေထောက်ကိုဆောင့်ကာ ရှုလီချန်အားပြောသည်။
" တစ်ခုခုပြောလေ…"
သို့သော် ရှုလီချန်သည် ပြုံး၍စီးကရက်အားကိုက်ကာ ကျန်းယန်ရှန့်အား ကြည့်နေလေသည် ။
ကျန်းယန်ရှန့်က သူမလုပ်ချင်တာလုပ်ပြီး လိုချင်တာ ရသည့် အချိန်များတွင် စိတ်လွတ်သွားတတ်သည် ။ သူသည် ကမ္ဘာဆုံးသည့်တိုင်အောင် သူမအား အဖော်လုပ်ပေးလိုက်ချင်သည်။
ကျန်းယန်ရှန့်က ရှုလီချန်၏ နောက်ပြောင်သည့်အမူအရာနှင့် စိတ်ကူးယဉ်ဆန်သော မျက်နှာအား ကြည့်လိုက်လေသည် ။
ထိုအရာက အပေါင်းအဖော်ပြုမှု မဟုတ်သကဲ့သို့ အပြန်အလှန် နွေးထွေးမှုလည်းမဟုတ်ပါ။ကြောင်တောင်တောင် ကလေးနှစ်ယောက် တစ်ယောက်နှင့်တစ်ယောက် နစ်မြုပ်အောင် ပြုလုပ်နေကြခြင်းမျှသာ ဆိုသည်မှာ ထင်ရှားလှသည် ။)
ကျန်းယန်ရှန့်သည် ဆေးလိပ်အား မြေပြင်ပေါ်သို့ တောက်ထုတ်လိုက်သည်။
"ငါ့မှာ ပြောစရာရှိတယ်…"
သူမအား စကားပြောနေသည့် ရှုလီချန်သည် ယခုအခါတွင် စကားတစ်လုံးမှ မပြောတော့။
ကျန်းယန်ရှန့်၏ ကြေငြာချက်မှာ ပို၍ ရှင်းလင်းလာခဲ့သည်။
"နင့်အမေနဲ့ စကားပြောပြီးပြီလား…"
ရှုလီချန်က မည့်သည့်စကားမှ ဆက်လက်ပြောဆိုခြင်းမပြုပဲနေလေသည်။ သူ၏ လက်ချောင်းများအား ပွတ်နေသည့် ဟန်သည် သူ၏ စိတ်ခံစားချက်များအား ဖြေလျှော့ရန် ဆေးလိပ် သောက်ခြင်နေသည့်ပုံ ပေါ်နေသည် ။
ကျန်းယန်ရှန့် သူ့အား တစ်ချက် ကန်လိုက်သည်။
" နင့်အမေ ဘာပြောလဲ…"
ရှုလီချန်က ခေါင်းမော့လာသည်။
" ငါ့အမေက ဟိုးတုန်းကတည်းက သိနေခဲ့တာ…"
ကျန်းယန်ရှန့် မှပြောသည်။
" နင့် အမေက အရမ်း အစွမ်းထက်တယ်…"
ပိုင်ဆိုင်မှုများအား တိတ်တဆိတ် လွှဲပြောင်းခြင်းသည် မအောင်မြင်ခဲ့သော်လည်း သူမသည် ရှုလီချန် အမေ၏ ရက်စက်ကြမ်းကြုတ်သည့် ဟန်ပန်အား သဘောကျခဲ့သည် ။
ရှုလီချန်သည် အောက်သို့အတန်ကြာငုံ့သွားသည်။
"သူမ ငိုခဲ့တယ်…"
"ငါဒီအရွယ်အထိ ရောက်လာခဲ့ပြီးမှ …ငါ့အမေငိုတာ ပထမဆုံးမြင်ဖူးတာပဲ…"
ထို ခပ်တုံးတုံး လူငယ်လေး၏ လေသံထဲတွင် စိတ်ရှုပ်ထွေးမှုများ ပါဝင်နေသည်။
"သူမလို ရက်စက်တတ်တဲ့လူတစ်ယောက်က ငိုလိမ့်မယ်လို့ ငါတစ်ကယ်ကို မျှော်လင့်မထားဘူး…"
"အဓိပ္ပါယ်မရှိတာ…"
ကျန်းယန်ရှန့်မှ ပြောလိုက်သည်။
"နင်ရော အဆင်မပြေတာတွေဖြစ်လာရင်မငိုဘူးလားပြော.... နင့်အမေကဘာပြောသေးလဲ…"
"သူမက ငါ့အဖေ သတိထားစရာဖြစ်အောင်မနေဖို့ပြောတယ်…"
ရှုလီချန်မှ ခါးသီးစွာပြောလိုက်သည် ။
ကျန်းယန်ရှန့်မှ ခေါင်းညိမ့်လိုက်သည်။
" အဲ့တော့ နင့်အမေ…သူမက ပြင်ဆင်ပြီးပြိီလား…"
ရှုလီချန်ပြန်ဖြေသည်။
"အင်း…သူတို့အိမ်ထောင်ရေးကအဆုံးသတ်ဖို့အကြောင်းဖန်လာပြီ…ငါ့အမေက အဲ့ဒီဆက်ဆံရေးထဲမှာ ဆက်မနေနိုင်တော့ဘူး…အဓိက ကတော့ သူတို့ရဲ့ ပိုင်ဆိုင်မှုတွေကြောင့်ပဲ…"
ကျန်းယန်ရှန့်သည် တုံ့ဆိုင်းမနေပဲ ပြောလိုက်သည်။
" အသည်းနုမနေနဲ့…စိတ်ရှုပ်မနေနဲ့…နင့်အမေနဲ့ပဲ နင် ရပ်တည်ရမယ်…နင်နဲ့နင့်အမေက စိတ်ဝင်စားတာခြင်းတူတယ် …"
သူမထိုသို့ပြောပြီးသောအခါ လက်နှစ်ဖက်အား အင်္ကျီ ထဲသို့ ထိုးထည့်လိုက်သည် ။
ပုံမှန်ဆိုလျှင် အပြင်ထွက်ချိန်တိုင်း သူမအား ပို့ကြိုမည့်ကားရှိသောကြောင့် သူမ ကုတ်အပါးကိုသာ အမြဲဝတ်ဆင်လေ့ရှိသည် ။ ကျောင်းမှ မထွက်ခင် တွင်လည်း ကစားကွင်းသို့သွားကာ လေ့ကျင့်ခန်းအနည်းငယ် လုပ်လေ့ရှိသောကြောင့် သူမ အအေးဒဏ်ကို မခံစားရ။
ယခု အိမ်အပြင်တွင် အချိန်အတော်အကြာ ရောက်နေသောအခါ သူမ စတင် အေးလာလေသည်။
သူမ ကုတ်အင်္ကျီအထူ ဝတ်လာခဲ့သင့်သည်ဟု တွေးလိုက်မိသည် ။
ရှုလီသည် တစ်ခုခု ပြောရန် ကြိုးစာနေတုန်းပင် တံခါးဖွင့်သံအား ကြားလိုက်ရကာ အသံတစ်သံ ထွက်ပေါ်လာခဲ့သည်။
"အစ်မ…"
ထိုအသံထွက်ပေါ်လာရာသို့ သူတို့နှစ်ယောက် တစ်ပြိုင်နက် ကြည့်ခဲ့မိကြသည် ။
ကျန်းဟယ်လင်းသည် သူမ၏ ခေါင်းလေးအားထွက်ကာ ကျန်းယန်ရှန့်အား ဂိတ်ပေါက်ဝတွင် ရပ်နေသည်ကို တွေ့လိုက်ရသည်။
"ကောင်းလိုက်တာ…အစ်မက ဒီရောက်နေတာပဲ…"
သူမသည် သူမ၏လက်မောင်းသေးသေးလေးများထဲတွင် ကုတ်အင်္ကျီအထူအား ကိုင်ထားသည်။
"အစ်မ ကုတ်အပါးလေး ဝတ်သွားတယ်ထင်လို့…ကုတ်အထူ ယူလာပေးတာပါ…"
ထိုအရာသည် ကျန်းယန်ရှန့် လိုအပ်နေသည့်အရာပင် ဖြစ်ပေသည် ။
သူမယူကာ ဝတ်ဆင်လိုက်သည် ။ ထို့နောက် ကျန်းဟယ်လင်းမှ ပြောလာသည်။
"သမီး အစ်မ အခန်းထဲကိူမဝင်ခဲ့ပါဘူး…အန်တီေလာ့ကို ဝင်ယူဖို့ အကူအညီ တောင်းခဲ့တာပါ…"
မိသားစု တစ်ခုလုံးတွင် အန်တီလော့ တစ်ယောက်သာလျှင် သူမ၏ အခန်းထဲသို့ လွပ်လပ်စွာ ဝင်ထွက်နိုင်ရန် ခွင့်ပြုထားလေသည် ။
ကျန်းယန်ရှန့်သည် ကျန်းဟယ်လင်း၏ခေါင်းအား အသာပုတ်ကာပြောလိုက်သည်။
"အစ်မ သိပါတယ်…"
ထို့နောက် သူမတွေးခဲ့သည်က ကျမ်းဟွမ်သည် ကျန်းရှို့ချန်အား ကျန်းဟယ်လင်းထက် ပို၍ချစ်ခဲ့ပါက ကျမ်းဟွမ်အား ရိုက်ပစ်လိုက်မည်ဟု တွေးခဲ့လေသည်။
သူမမှပြောသည်။
"အထဲပြန်ဝင်တော့…အစ်မ အတန်းဖော်နဲ့ပြောစရာရှိသေးတယ်…"
ကျန်းဟယ်လင်းသည် ရိုသေစွာဖြင့် နာခံလိုက်ပြီးလျှင် ရှုလီချန်ဘက်သို့ လှည့်ကာနှုတ်ဆက်လိုက်သည်။
"ဟယ်လို အစ်ကိုကြီး…မင်္ဂလာပါ…"
ရှုလီချန်သည် အထူးအဆန်းဖြစ်ကာ "မင်္ဂလာပါ…" ဟုပြောလိုက်လေသည်။
ကျန်းဟယ်လင်က နောက်သို့ပြန်လှည့်ကာ တစ်ချိုးတည်း ပြေးလေသည် ။ သူသည် ထူထူထဲထဲ ဝတ်မလာခဲ့သောကြောင့် အအေးဒဏ်အား ခံစားနေရပြီဖြစ်သည်။
ကျန်းယန်ရှန့်သည် ပြန်လှည့်ကြည့်သောအခါ ရှုလီချန်သည် ထိုတံခါးပေါက်ဝသို့ ငေးကြည့်နေသည်အား တွေ့ရသော အခါ အော်လိုက်လေသည်။
"ဟေး…”
ရှုလီချန်က သူမအား ကြည့်လေသည် ။ ထို့နောက် တစ်စုံတစ်ရာအားပြောရန် တုံ့ဆိုင်းနေလေသည်။
ကျန်းယန်ရှန့်မှ ပြောလေသည်။
"နင်ပြောစရာရှိရင် ဒီတိုင်းပြောလိုက်.."
ရှုလီချန်က ပြောသည်။
" အဲ့ဒါ နင့်ညီမလေးလား…"
"ဟုတ်တယ်…"
"နင်နဲ့ အမေမတူတဲ့တစ်ယောက်ပေါ့…"
သူထိုသို့မေးလိုက်သောအခါ ကျန်းယန်ရှန့်မှ ခနဲ့လိုက်သည်။
"နင့် ဒရိုင်ဘာက အတော်စုံစမ်းနိုင်တာပဲပေါ့နော်…"
"သူက ဘယ်လိုလုပ်နိုင်ရမှာလဲ…"
ရှုလီချန်မှ စိတ်ပျက်စွာ ပြောလေသည်။
"နင့်ဒရိုင်ဘာရဲ့ ပါးစပ်ကလည်း တစ်ချက် မဟဘူး…သူ့ကို ဒီတိုင်း နင့်အဖေရဲ့ ကုမ္ပဏီ နာမည်ပဲ မေးလိုက်တာ…"
"ဘယ်လိုပဲဖြစ်ဖြစ် ကုမ္ပဏီ နာမည်သိရင် စုံစမ်းရ လွယ်နေတာပဲ…ငါ့အဖေရဲ့အတွင်းရေးမှုးကို အဲ့အကြောင်းမေးကြည့်လိုက်တာ…သူတို့က အတော်လေး အရည်အချင်းရှိပြီး စုံစမ်းနိုင်ကြတယ်…"
မျိုးရိုးအမည်နှင့် ကုမ္ပဏီ အမည်ကို သိထားခြင်းသည် ကျန်းယန်ရှန့် စီးသည့် ကားအား ကြည့်လိုက်သည်နှင့် မီလျံနှင့် ချီ ကြောင်း သိနိုင်ပေသည် ။ အတွင်းရေးမှုးများသည်လည်း အဆက်အသွယ်ကောင်းကြသောကြောင့် ဖုန်းခေါ်ဆိုပြီးသည်နှင့်ပင် အတင်းအဖျင်း သတင်းများအား ကြားသိလာခဲ့ရပေသည် ။
ထို့ကြောင့် ကျန်းယန်ရှန့်က ရှုလီချန်၏ မိသားစုအကြောင်း အတင်းအဖျင်းပြော စကားများအား သူမ ကြားခဲ့ရကြောင်းပြောသောအခါ ရှုလီချန်သည် ထိုအရာအား လုံးဝပင် သံသယ မဝင်ခဲ့ပေ။
"နင်က ငါရဲ့ လိပ်စာကိုပါ ရှာနိုင်တယ်ပေါ့…နင့်အဖေရဲ့ အတွင်းရေးမှူးက တစ်ကယ်ကို အံ့ဩစရာကောင်းတာပဲ…ဟုတ်တယ်မလား…"
ကျန်းယန်ရှန့်က ပြောလိုက်သည် ။
ထိုအရာအား သူမ သိပ်မယုံချင်ပါ။ ထို အတွင်းရေးမှုးဆိုသည့် လူများသည် ပုံမှန်အားဖြင့် အထူးခေတ်မှီကြကာ ချောချောမွေ့မွေ့ရှိကြသူများဖြစ်သည် ။ ရှုလီချန် အဖို့ အတင်းအဖျင်းနှင့် သတင်းများ စုံစမ်းပေးနိုင်ခြင်းက အဆင်ပြေသည် ။ သို့သော် လိပ်စာကိုမူ စုံစမ်းမေးမြန်းပါက အဆိုပါ အတွင်းရေးမှုးများသည် မတော်တစ်ဆ မှုများ ဖြစ်လာပါက သူတို့၏ တာဝန်သာ ဖြစ်သောကြောင့် ထိုကဲ့သို့ အိမ်လိပ်စာအား တွေ့ရှိခဲ့လျှင်တောင် အလွယ်တစ်ကူ ထုတ်ပြောမည် မဟုတ်ချေ။
Xxxxxx