Part 151
ညဘက်တွင် ထောင်အဖွဲ့၌ ကစားသမား (၁၀)ယောက် ရှိလေသည်။ ကျန်းဟယ်လင်းက ထိုအဖွဲ့တွင် နောက်ဆုံးမှဝင်လာသည့် ကစားသမားဖြစ်ပေသည်။ သူမ မှ လွဲ၍ ကျန်အဖွဲ့သားများမှာ ယောက်ျားသားများဖြစ်ကြသည်။
ထိုမိန်းကလေးအတွက်နှင့် အဖွဲ့သားများက ထောင်ထဲသို့ ဝင်ကြလေသည် ။
ကျန်းဟယ်လင်း၏ ကျွမ်းကျင်မှုမှာ မူလတန်းကြက်ပေါက်ကလေး အဆင့်မျှသာ ရှိသော်လည်း ထို အဖွဲ့သားများက အပြစ်မမြင်နိုင်ကြပေ။ သူတို့အဖို့ မိန်းကလေးဖြစ်နေရန်သာလိုသည်။
အကောင်များနှင့် တိုက်ခိုက်နေကြစဉ် ထိုဂိမ်းစကားပြောခန်းတွင်လည်း ဤသို့သောကောမန့်များ ပလူပျံနေသည်။
"ကောင်မလေးက ဘယ်ကလဲ…"
"အသက်ဘယ်လောက်လဲ…"
"ကျောင်းသူလား…"
"ရည်းစားရှိလား…."
ကျန်းဟယ်လင်းအဖို့ ထိုဂိမ်းထောင်ထဲသို့ ပထမဆုံးအကြိမ်ဝင်ရောက် ခြင်းဖြစ်သည့်အတွက် ထိုနေရာနှင့် မရင်းနှီးပေ။ သူမက အလျင်လိုနေသောကြောင့် ထိုစကားများအား အာရုံ မစိုက်နိုင်သေးပေ။
ကျန်းဟယ်လင်း ကစားသည်မှာ ညံ့သည်ကို တွေ့ကြသောအခါ ကျန်အဖွဲ့သားက သူမအတွက် တိုက်ခိုက်ပေးကြလေသည်။
"မကြောက်ပါနဲ့ မိန်းကလေး…ငါတို့နောက်က လိုက်ခဲ့ပါ…"
ကျန်းဟယ်လင်း ရုတ်တရက် ဖိအားလျော့သွားကာ သက်ပြင်းပင် ချလိုက်ရသေးသည်။
"ကျေးဇူးတင်ပါတယ်…"
"ဝိုး…ကောင်မလေး…မင်းအသံက ကြားဖူးသမျှထဲမှာ နားထောင်လို့အကောင်းဆုံးပဲဟေ့…" အသင်းခေါင်းဆောင်က ချီးကျူးလိုက်သည်။
ဂိမ်းထဲတွင် သူက အသက်ကြီးသော၊ ငယ်သောမိန်းကလေးများနှင့်မကြာခန ကြုံတွေ့ရသည်။ သူတို့က လည်ချောင်းအား အစ်ကာ ညောင်နာနာအသံလေးဖြင့် အသနားခံကာ ပစ္စည်းများနှင့် ဂိမ်းစကင် များအား တောင်းလေ့ရှိကြသည် ။ယနေ့တွင်မူ ထိုမိန်းကလေး၏ အသံသည် လုပ်ယူထားခြင်းမဟုတ်သော ပင်ကိုယ် သာယာနာပျော်ဖွယ်ရှိလှသည့် အသံပိုင်ရှင်လေး ဖြစ်လေသည် ။ အလွန်ကောင်းပေသည်။
ခေါင်းဆောင်မှ ပျော်ရွှင်စွာဖြင့် မေးလေသည်။
"ဒီကောင်မလေးက ငယ်မယ့်ပုံပဲ…ဟုတ်တယ်မလား…မင်းအသံက လုံးဝ သဘာဝကျတယ် …အသက်ဘယ်လောက်ရှိပြီလဲ…"
ကျန်းဟယ်လင်မှ ပြောလိုက်သည်။"
ကျွန်မအသက် (၁၀)နှစ်ပါ…"
"ဟားဟားဟား…ဒီကောင်မလေးက သိပ်ရယ်ရတာပဲ…" ခေါင်းဆောင်မှ ရယ်သည်။
"မင်းအသက် ဘယ်လောက်လဲ…"
ကျန်းဟယ်လင်း နားမလည်နိုင်ဖြစ်သွားသည်။
"ဆယ်နှစ်လို့ပြောတာပါ…ကျွန်မပြောတာ သေချာမကြားရဘူးလား…"
ထိုအဖွဲ့သားများ အားလုံး တိတ်ဆိတ်သွားကြသည်။
တစ်ယောက်ကပြောသည်။
"သူမ အမှန်ပြောနေပုံပဲ…ကလေးသံကလုံးဝ သဘာဝကျတယ် …"
အခြားတစ်ယောက်ကမေးသည်။
"ဘယ်အတန်းရောက်ပြီလဲ…"
ကျန်းဟယ်လင်း မှပြန်ဖြေသည်။
"လေးတန်း ရောက်ပါပြီ…အစ်ကိုကြီး…အစ်ကိုကြီးကရော…"။
"ဒီအစ်ကိုကြီးက အလုပ်လုပ်နေပြီလေ…ညီမလေးရဲ့..."
"အလုပ်မှာ ဂိမ်းဆော့လို့ရတယ်လားဟင်…"
"ဘာဖြစ်လို့လဲ…ဆော့လို့မရဘူးလား…"
ကျန်းဟယ်လင်းမှပြောသည်။
" လူတွေက အလုပ်လုပ်နေရင်းနဲ့ ဂိမ်းမဆော့ကြဘူးလို့ ထင်လို့ပါ…"
"ဟားဟားဟား…ညီမလေးက အရမ်းရယ်ရတာပဲ…"
ထို ရုံးအလုပ်သမားက ပြောလေသည် ။
အားလုံးက စကားပြောရင်းပင် ရှေ့သို့ကာတိုးကာ ထို ထောင်ထဲသို့ ချိုးဖောက်ဝင်ရောက်ရန် ကြိုးစားနေကြသည် ။
ခေါင်းဆောင်ကပြောသည်။
"ညီမလေးစကားပြောတဲ့အသံက K မြို့တော် က ဒေသိယအသံပဲ…"
ကျန်းဟယ်လင်းသည် ရိုးသားစွာဖြင့်ဖြေသည်။
"ညီမကက k မြို့ မှာပါ …"
ခေါင်းဆောင်မှ ကြားဖြတ်ကာပြောသည်။
"တိုက်ဆိုင်လိုက်တာ … အစ်ကိုတို့ကလည်း k မြို့ကပဲလေ …"
ကျန်းဟယ်လင်းသည် ထိုအဖွဲ့ထဲသို့နောက်ဆုံးမှသာ ဝင်ရောက်ညခဲ့သည် ဖြစ်သောကြောင့် "ငါတို့…"ဆိုသည့် အဓိပ္ပါယ်အား နားမလည် ။ ထို့ကြောင့် သူတို့အားလုံးသည် အတူနေကြသည်ဟု တွေးခဲ့သည် ။
ရုံးအလုပ်သမားမှ ထပ်ပြောသည်။
"အဲ့တာက ကံတရားပဲ…ငါလည်း k မြို့ ကပဲ…"။
သူသည် တစ်ချက်ပြုံးကာ ကျန်းဟယ်လင်းအား ချော့မော့၍ပြောလေသည်။
"ညီမလေးရေ…အကုန်လုံးက k မြို့ ကချည်းပဲတဲ့.... သူငယ်ချင်း လုပ်ကြရအောင် …ညီမလေးနာမည်ဘာလဲ…နောက်နေ့ကြရင် တွေ့ကြတာပေါ့…အစ်ကိုက kfc စားဖို့ ဖိတ်ပါတယ်…ကောင်းပြီလား …"
ကျန်းဟယ်လင်းက kfc ကို အမြဲမပြတ် စားနေသူဖြစ်သော်လည်း သူမသည် ရိုးသားသော ကလေးမလေးတစ်ယောက်ဖြစ်သည် ။ တစ်ယောက်ယောက်မှ သူမနာမည်မေးပါက အကျင့်ပါလျက်ပင် ပြန်လည်ဖြေဆိုရန် ပြုလိုက်သည် ။
"ကျွန်မ နာမည်က …"
"သူ့ကိုမပြောနဲ့…"
အေးစက်ကာ ဆွဲဆောင်မှုရှိသော အသံတစ်သံက ရုတ်တရက် နားကျပ်ထဲမှ ထွက်ပေါ်လာလေသည် ။
ထို့နောက် ချက်ချင်းပင် အသံတစ်သံထွက်လာသည်။
"အားဝေ ဒီကောင့်ကို ထုတ်လိုက်စမ်း…"
ခေါင်းဆောင်သည် တုံ့ဆိုင်း မနေပဲ ချက်ချင်းပင်"ကောင်းပြီ…"ဟုဆိုကာ ချက်ချင်းပင် ရုံးအလုပ်သမားအား အဖွဲ့ထဲမှ ထုတ်လိုက်သည် ။
ထို အေးစက်သောအသံသည် အေးစက်စွာဖြင့် ပြောလိုက်သည်။
"သတ်…"
ခေါင်းဆောင် အပါအဝင် လူလေးယောက်သည် ရုတ်တရက်ပင် ထို ရုံးအလုပ်သမားအား တိုက်ခိုက်ကြလေသည်။ အချိန်အနည်းငယ် ကြာသောအခါ ရုံးအလုပ်သမား၏ သွေးမှာ အဖြူရောင်သို့ရောက်ကာ မြို့တော်သို့ပြန်ရောက်သွားလေသည်။
ကျန်းဟယ်လင်းသည် မည်သည်မျှ မတုံ့ပြန်ရသေးခင် ထိုကိစ္စသည် ပြီးဆုံးသွားသည် ။ အဖွဲ့ထဲမှ လူတစ်ယောက် လျှော့သွားပြီဖြစ်သည် ။ သူမ ဆွံ့အကာ ပြောလိုက်သည်။
"ဘာဖြစ်တာလဲ ဘာလို့လဲ…ဘာလို့ကိုယ့်အသင်းထဲကလူကို သတ်လိုက်ရတာလဲ…"
လူအုပ်ကြီးအား ရှင်းထုတ်ခဲ့ပြီးသည့်နောက်တွင် လောလောဆယ်တွင်တော့ လုံခြုံနေသေးသည် ။
အေးစက်နေသော်လည်း အလွန်သဘောကောင်းပုံရသည့် အသံမှ ပြောလေသည်။
"ညီမလေး…အွန်လိုင်းဂိမ်းတွေမှာ တွေ့တဲ့လူစိမ်းတွေကို ကိုယ့်ရဲ့ နာမည်…ဖုန်းနံပါတ်…လိပ်စာ…ဒါမှမဟုတ် ကျောင်းတို့…အတန်းတို့ကိုလည်း မပြောပြရဘူး…ကိုယ့်မိသားစုအကြောင်းတွေကိုရောပဲ…အဲ့တာကိုသိရဲ့လား…တစ်ဖက်လူက လူကောင်းလားလူဆိုးလား မပြောနိုင်လို့ …အဲ့ဒီအကြောင်းမျိုးကို မပြောရဘူး…အကုန်ဖုံးကွယ်ထားရတယ်…"
သူ၏အသံက အေးစက်စက်နိုင်သော်လည်း သူမအား တိုက်တွန်းနေသည့်အသံမှာ သဘောကောင်းကာနူးညံ့သည့် လူတစ်ဦးနှင့် တူပေသည် ။ ထို့ကြောင့် ယခုလေးတွင် ထိုသူအား အဖွဲ့သားများမှ လူဆိုးဟုဆိုကာ သူမကို ကာကွယ်ပေးခဲ့သည်ဟု ထင်ခဲ့သည်။
ကျန်းဟယ်လင်းသည် အခြေအနေ အား သဘောပေါက်သွားကာ အလျင်အမြန်လှုပ်ရှားကာ ပြောလိုက်လေသည် ။
"သဘောပေါက်ပါပြီ…ကျေးဇူးပါ ဦးလေးရေ…"။
အသံသည် ရုတ်တရက် တိတ်သွားကာ ထို့နောက် ဖြေးညှင်းစွာပြောလေသည် ။
"ငါ့ကို အစ်ကိုလို့ပဲခေါ်ပါ…"။
ခေါင်းဆောင်နှင့် အခြားနှစ်ယောက်မှ ကျယ်လောင်စွာ ရယ်လိုက်ကြလေသည်။
ရယ်၍ဝသောအခါမှ ခေါင်းဆောင်ကပြောလေသည်။
"ငါတို့တွေကို အစ်ကိုကြီး လို့ခေါ်နေတာမဟုတ်လား…ဘာလို့ ဦးလေးလို့ ပြောင်းခေါ်ရတာလဲ…"
သူတို့လေးယောက်က သူမ၏ နာမည်အား မေးမြန်းရန် ကြိုးစားသူကို သတ်ခဲ့လိုက်ကြသည်။ ကျန်းဟယ်လင်းသည် ထိုအချိန်တုန်းကတော့နားမလည်လိုက်၊ ထို သူ သေသွားသော အခါ သူပြောသည့် "တွေ့ကြရအောင်…kfc ဝယ်ကျွေးမယ်…"ဟူသော စကားကို စဉ်းစား မိလေသည် ။ ထိုလူသည် လူကောင်းမဟုတ်တော့ ။ ထို့ကြောင့် ထိုသူအား သတ်လိုက်ကြသည့် ခေါင်းဆောင်အပါအဝင် သူတို့လေးယောက်သည် လူကောင်းများ ဖြစ်ကြသင့်သည် မဟုတ်လော …။
ကျန်းဟယ်လင်းကပြောလိုက်သည်။
"အခုအကုန်အလုပ်မှာ မဟုတ်ကြဘူးလား…ဦးလေးတို့အကုန် အလုပ်မှာ မဟုတ်ကြဘူးလား…"
"ဘလာ…ဘလာ…ဘယ်သူကအလုပ်မှာလဲ…အိုး…ဟိုတစ်ယောက်က ငါတို့နဲ့မဟုတ်ဘူး ငါတို့အဖွဲ့ကို ခနပဲ လာ ပေါင်းတာ …"
ခေါင်းဆောင်မှပြောသည်။
"ငါတို့အကုန် ကောလိပ်ကျောင်းသားတွေပါ…"
"အစ်ကိုတို့ကလည်း…ကျောင်းသားပဲလား…ဒါဆို…ဟယ်လို…အစ်ကိုကြီး…"
ကျန်းဟယ်လင်းမှ ယဉ်ကျေးစွာပြောလိုက်သည် ။
ထိုကလေးမလေးသည် အလွန် ချစ်စရာကောင်းလှသည်။
သို့သော်နောက်ဆုံးတွင် သူမသည် ကလေးမလေးတစ်ယောက်သာ ဖြစ်သည် ။ ထိုလူများသည် 'lolita'ဟုသာပြောနေကြသော်လည်း သူတို့သည် နှာဘူးများ မဟုတ်ပေ။ သူတို့ လိုချင်ကြသည်မှာ အလွန်ကြီးမားသည့် ရင်သားနှင့် ဂိမ်းထဲမှ ဇာတ်ကောင်ကိုသာ ပြောဆိုနေကြခြင်းဖြစ်သည်။ လက်တွေ့ဘဝမှ တစ်ကယ့် ကလေးမလေး တစ်ယောက်အား ပြောဆို နေကြခြင်းမဟုတ်ပေ။
သူတို့သည် ကျန်းဟယ်လင်းအား တမင် စနေကြခြင်းသာဖြစ်သည်။ သို့သော် မည်သူမှ အလွန်အကျွံ့မပြောကြပေ။
ကျန်းဟယ်လင်းသည် လမ်းတစ်လျှောက် သူတို့နောက်မှသာ အသာ လိုက်ခဲ့သည် ။ ပစ္စည်းများစုသည် ။ အတွေ့အကြုံများလည်း ရခဲ့သည် ။ လိမ္မော်ရောင် အင်္ကျီအသစ်လည်း ရခဲ့သောကြောင့် သူမ အလွန်ပျော်ရွှင်နေခဲ့သည်။
Xxxxx
Part 152
ယာယီ အဖွဲ့ ခေတ္တဖွဲ့ထားသည့် လူများသည် တကွဲတပြား ဖြစ်သွားကြသည် ။ ကျန်းဟယ်လင်းနှင့် အဖွဲ့ခေါင်းဆောင်သာ ထို အဖွဲ့ထဲတွင် ကျန်နေခဲ့သည်။
သူမ ဦးလေးဟု ခေါ်ခဲ့သည် အေးစက်သော အသံနှင့်လူပင်
"နှုတ်ဆက်ပါတယ် ညီမလေးရေ…နောက်ကျရင်လည်း လူစိမ်းတွေကို ကိုယ့်ရဲ့ အချက်အလက်တွေကို မပြောမိအောင် ဂရုစိုက်ပါ…"
"ဟုတ်ကဲ့ပါ... သိပါပြီ…"
ကျန်းဟယ်လင်းမှပြောလိုက်သည်။
"ကျေးဇူးတင်ပါတယ် …အစ်ကိုကြီး…”
ခေါင်းဆောင်မှ ပြောသည်။
"ဟိုး…ညီမလေးရေ…နင်မကြာခင် အရွယ်ရောက်လာတော့မှာပါ…"
အသင်းအား ဖျက်သိမ်းလိုက်ကြလေသည်။
သို့သော် ကျန်းဟယ်လင်းက ဂိမ်းထဲတွင် တစ်ချက်ကြည့်နေသည်။ ထို အေးစက်စက်အသံနှင့် အစ်ကိုကြီး၏ ဂိမ်းID မှာ သောကတေးသံ ဖြစ်သည်ကို တွေ့လိုက်သည်။
သူသည် ယခုလေးပင် သူမ၏ ကိုယ်ရေးကိုယ်တာ အချက်အလက်များ ပေါက်ကြားတော့မည့် ဘေးမှ တားဆီးခဲ့သူဖြစ်သည် ။ ထို့နောက် ခေါင်းဆောင်အား ထိုသူကို အဖွဲ့ထဲမှ ထုတ်ပယ်ရန် တောင်းဆိုခဲ့သူလည်းဖြစ်လေသည် ။ ထို့ပြင် ထို မကောင်းသော လူကိုလည်း ဂိမ်းထဲတွင် သတ်ခဲ့သေးသည် ။ စကားပြောဆိုနေခဲ့ကြသည့် အချိန်တွင် သူမသည် ထိုသူတို့သည် အဆောင်တွင်အတူတူနေကြသည့် အခန်းဖော်သို့မဟုတ် တစ်ခုခုဖြစ်သည် ကို သူမ ကြားခဲ့လိုက်သည်။
ကျန်းဟယ်လင်းသည် သူ့အား လူကောင်းဟု ထင်သောကြောင့် သူ၏ နာမည်ပေါ်သို့ နှိပ်ကာ သူငယ်ချင်းလုပ်ရန် မေတ္တာရပ်ခံချက် တစ်ခု ပို့ခဲ့သည် ။
သို့သော် ပြန်စာ ကိုမူ လက်မခံခဲ့ရပါ။
K တက္ကသိုလ် ၏ ယောက်ျားလေးဆောင်တွင် တစ်ယောက်ပြီးတစ်ယောက် ဂိမ်းမှ နှုတ်ထွက်လိုက်ကြသည် ။
ချမ်ဝေ့သည် ရှေ့သို့ လှမ်းကြည့်လိုက်ကာ ရုတ်တရက်ပြောလေသည်။
"ဟေ့…ဟိုကလေးက မင်းကို သူငယ်ချင်းလုပ်ဖို့ တောင်းဆိုထားတယ်…လက်ခံလိုက်…ဟေ့ …ဘာလုပ်ဖို့ လစ်လျူ ရှုနေတာလဲ…"
ယွဲ့စုန်သည် ဂိမ်းကိုပိတ်လိုက်ကာ နားကျပ်ကို ချွတ်လိုက်လေသည် ။ ထို့နောက် သူ၏ လည်ပင်းအား ပွတ်ကာ ပြောလိုက်သည်။
"ငါက မူလတန်း ကလေးလေးနဲ့ ဘာလုပ်ရမှာလဲဟ…"
"သူမကို ပြုစုပျိုးထောင်ဖို့လေ…"
ချမ်ဝေမှ အရှက်မရှိစွာ ပြောလိုက်သည်။
" သူမက နှစ်အနည်းငယ်လောက်သာ ပြုစုပျိုးထောင်ပြီးရင် အရွယ်ရောက်လာမှာပဲ…"
ယွဲ့စုန်သည် ခြေထောက်မြှောက်ပြီး သူ့အား ကန်လိုက်လေသည်။
" နေစမ်းပါကွာ…"
ကောင်လေးများရယ်မောနေကြစဉ် ရုတ်တရက် တံခါးပေါက်ရှိ စပီကာမှ အသံထွက်ပေါ်လာသည်။
"ယွဲ့စုန် ၄၁၇…ယွဲ့စုန် ၄၁၇…မင်းကို တစ်ယောက်ယောက် ရှာနေတယ်…"
ယွဲ့စုန်မှ "ဟုတ်ကဲ့…ကျေးဇူးပါအန်တီ…"ဟု ပြောလိုက်သည်။
"ကောင်းပြီ…မြန်မြန်လုပ်…"
အန်တီမှပြောသည်။
" ဒီလောက် အေးနေတဲ့ရာသီဉတုမှာ မိန်းကလေးကို ရပ်စောင့်မနေစေနဲ့…"
"မိန်းမလှ လေးတဲ့ကွ …မြန်မြန်လုပ်ဟ…" အခန်းဖော်များမှ ဆော်ဩကြလေသည်။
ယွဲ့စုန်မှ ကူရာ ကယ်ရာ မဲ့စွာဖြင့် ပြုံးလိုက်ပြီးသည့်နောက် ကုတ်အင်္ကျီ အားယူကာ ထွက်လာခဲ့လိုက်သည်။
"ဟေး…တစ်ချို့တွေကြတော့ ချမ်းသာကြပြီး…တစ်ချို့တွေကြတော့ သနားဖို့ကောင်းတယ်…မတရားလိုက်တာ…"
သူ၏ အခန်းဖော်များထဲမှ တစ်ယောက်ကပြောလေသည် ။
" ယွဲ့စုန်က သူ့နောက်ကိုအမြဲလိုက်နေတဲ့ ကောင်မလေးတွေ အမြဲရှိတယ်…ဒါပေမယ့် သူတို့ကို မဖမ်းမိဘူး…ဘာလို့ အမြဲအဲ့လို ဖြစ်နေရတာလဲ …ဘာလို့လဲ…"
ယခုလေးပင် ဆော့ခဲ့ကြသည့်အွန်လိုင်းဂိမ်းထဲမှ အဖွဲ့ခေါင်းဆောင်ဖြစ်သည့် ချမ်ဝေ့က မှန် တစ်ချပ်အား ထိုသူရှေ့သို့ စကားတစ်ခွန်းမှ မပြောပဲ ဆွဲယူလာကာပြောလိုက်သည်။
" မင်းမျက်လုံးတွေကို ဖွင့်ကြည့်လိုက်…အဲ့တာအဖြေပဲကွ…."
အခန်းဖော်: "ငါ့…ချီး…."
ယွဲ့စုန် အောက်ထပ်သို့ဆင်းသွားသည်။
လာရောက် လည်ပတ်သူများသည် ပထမထပ်ရှိ အိပ်ဆောင် ရုံးခန်းပြတင်းပေါက် ရှေ့တွင်သာ ရပ်စောင့်၍ရလေသည်။ အဆောက် အဦ ထဲတွင်ဖြစ်သော်လည်း တံခါးမှာ အဝင်အထွက် အဆင်ပြေစေရန် အမြဲ လိုလို ဖွင့်ထားလေ့ရှိသည်။
အေးချမ်းသော ရာသီဥတုဖြစ်သောကြောင့် ထူထဲသော ဂွမ်းခန်းစီးများ သည်ပင် မြောက်လေအား ခံနိုင်ရည် မရှိကြ။ အိပ်ဆောင်ထဲမှ အန်တီသည် အခန်းထဲတွင် အပူပေးစက် ဖွင့်ထားကာ ပြတင်းပေါက် အသေးလေးအား ပိတ်ထားလေသည်။ ဧည့်သည်များက အပြင်မှာပင် အေးခဲသွားနိုင်သည် ။ ထို့ကြောင့် အန်တီမှ အမြန်လုပ်ရန် ပြောဆိုခဲ့ခြင်းပင် ဖြစ်သည် ။
ယွဲ့စုန်သည် နှောင့်နှေးခြင်း မရှိပဲ ပထမထပ်သို့ လာခဲ့သည် ။
အန်တီကြီက မညာခဲ့ပေ။ သူ့အား စောင့်ဆိုင်းနေသည့် မိန်းကလေးမှာ အမှတ်တစ်ကယ်ပင် မိန်းမလှလေး ဖြစ်သည်။
"စီနီယာ အစ်ကိုကြီး…"
သူမ ခပ်ပြတ်ပြတ်ပြုံးလိုက်သည် ။ သူမ အေးခဲနေသည်ကို သူ မတွေ့ရပါ ထို့အပြင် ယွမ် တစ်သိန်းလောက်တန်မည့် ကုတ် အား ဝတ်ဆင်ထားလေသည် ။
ယွဲ့စောင်မှ ယဉ်ကျေးစွာ မေးလိုက်သည် "ဘာကိစ္စရှိလို့ပါလဲ…."။
ထို မိန်းမလှလေးသည် သူမ လက်ထဲမှ ပစ္စည်းများအား ရက်ရက်ရောရော လှမ်းပေးလိုက်သည်။
"ငါ ဒီပစ္စည်းတွေ လာပို့တာပါ…ပြီးတော့ ဒါတွေကိုလည်း နင့်ရဲ့အခန်းဖော် ချမ့်ဝေကိုပေးလိုက်ပါ…ဒီလိုဆိုရင် ငါက အနှောင့်အယှက် မဖြစ်တော့ဘူးပေါ့…"
ယွဲ့စုန် ခေါင်းငြိမ့်ကာ "ကောင်းပြီ…"ဟုပြောလိုက်သည်။
သူက ထိုစကားသာပြောခဲ့ပြီး၊ ကောင်မလေးက နှစ်လိုဖွယ် ဆက်လက်ပြုံးရင်းဆက်ပြောလိုက်သည်။
"အဲ့ဒါဆို …ငါအိမ်ပြန်တော့မယ်…"။
ယွဲ့စုန်မှ နောက်ဆုံးတွင်ပြောလိုက်သည် ။
"ငါမင်းကို မှတ်မိပြီ…နေ့ကျောင်းက ကျောင်းသူ ဟုတ်တယ်မလား…"
ထိုကျောင်းသူမှ ပျော်ရွှင်စွာဖြင့်ပြန်ဖြေသည်။
"ဟုတ်တယ်…"
ယွဲ့စုန်မှ မေးသည်။
" ဘာလို့ ဒီအချိန် အထိ နောက်ကျမှပြန်ရတာလဲ…"
"ဘာမှ မဟုတ်ပါဘူး..လုပ်စရာလေးတွေရှိလို့…"
ကောင်မလေးမှ ကျိုးနွံစွာပြောလိုက်သည်။
" ငါက အချိန်ဆွဲလုပ်တာ မကြိုက်ဘူး…ထိထိရောက်ရောက် လုပ်ရတာပဲ ကြိုက်တယ်…"။
ယွဲ့စုန်မှ ပြုံးကာ ခေါင်းငြိမ့်လိုက်သည် ။ မည်သည့်စကားမှ ထပ်မပြောတော့။
သူ အဆောင်သို့ ပြန်ရောက်သောအခါ တံခါး မပိတ်မှီပင် တစ်ယောက်ယောက်သည် အိပ်ယာပေါ်မှ သူ၏ခေါင်းအား လှမ်းပုတ်ကာ မေးလိုက်သည်။
" ဘယ်သူလဲဟေ့ကောင်…"
ချမ့်ဝေသည် အနားကပ်လာကာ မျက်လုံးမှိတ်ပြလျက် သူ့အား မေးလေသည်။
"အဲ့တာ ကျောက်ရှောင်ယွဲ့လား ဝမ့်ရှင်းရှင်းလား …သူမက မင်းကို အအေးမိပျောက်ဆေး ဒါမှ မဟုတ် အချစ် ကွတ်ကီးလေးတွေ လာပေးတာလား…"
"တစ်ယောက်မှ မဟုတ်ဘူး…သူမက ဒီပစ္စည်းတွေလာပေးရုံတင်ပဲ…ဒီတစ်ခုက မင်းဟာ …"
ယွဲ့စုန်သည် ချမ့်ဝေအား ပစ္စည်းများ လှမ်းပေးကာ ကုတ်အား ချွတ်လိုက်သည် ။
ချမ့်ဝေသည် ပစ္စည်းများအား ယူလိုက်ကာမေးလေသည်။
" ဘယ်သူလဲဟ…မြန်မြန်ပြောစမ်းပါ…"
ယွဲ့စုန်က သူ၏ ကုတ်အား ချိတ်လိုက်ကာ ပြောလိုက်သည်။
" ကျန်းချီ…"။
ချမ့်ဝေ ရုတ်တရက် သူ့မျက်နှာသည် မျက်နှာမဟုတ်၊ နှာခေါင်းသည် နှာခေါင်းမဟုတ်ဟု ခံစားလိုက်ရကာာပြောလေသည်။
"အား…သူမလား…"
သူ ပစ္စည်းများအား ဖွင့်လိုက်သောအခါ အနည်းငယ် ဆွံ့အသွားသည်။
"ဘယ်လို အရေးပေါ်ပစ္စည်းမျိုးကို သူမ ဒီလိုအချိန်မှာ ပို့ရတာပါလိမ့် …ဒါပဲလား…ငါတို့ မနက်ဖြန် ပြည်သူ့ ဆက်ဆံရေး ဌာန နဲ့ အစည်းအဝေး လုပ်မယ်…"
အိပ်ယာပေါ်မှ အခန်းဖော်ကပြောသည်။
"အဲ့တာဆို … ယွဲ့စုန် နဲ့ နှစ်ယောက်တည်း တွေ့စရာအကြောင်းမှ မရှိတာ…"
အခြား အခန်းဖော်တစ်ယောက်ကပြောသည်။
"ကျန်းချီက ဘယ်လိုပဲပြောပြော လှပတဲ့မိန်းကလေးပဲ…မင်းဘာလို့ အဲ့လိုလူတွေကိုပဲ ပစ်မှတ်ထားရတာလဲ…"
ချမ့်ဝေ့သည် သူ၏မျက်လုံးလှန်ပြလိုက်သည်။
"မင်းကငါ့ကို အထင်ကြီးနေတာပဲ…ယွမ်မီလျံ နဲ့ချီတန်တဲ့ ကားမျိုး မောင်းတဲ့မိန်းကလေးကို ငါက ဘယ်လိုလုပ် ပစ်မှတ်ထားရဲရမှာလဲဟ…"
အခန်းဖော်တစ်ယောက်မှ ပြောလေသည်။
"အဲ့တာက မေးနေစရာလိုသေးလို့လား…စီနီယာ အစ်မကျန်း ကိုအဆင်ပြေအောင်လုပ်တာပဲနေမှာပေါ့…သူမက ချမ့်ဝေရဲ့ နတ်ဘုရား မလေးပဲဟာ …"
ချမ့်ဝေမှာ တံတွေးဖြင့်လှမ်းထွေးလိုက်သည်။
"အဓိပ္ပါယ် မရှိတာတွေ မပြောစမ်းနဲ့…သူမမှာကောင်လေး ရှိတယ်ကွ…ထွီ…"
သူသည် စိတ်ဆိုးစွာဖြင့်ဆက်ပြောလိုက်သည်။
" စီနီယာ ကျန်းရဲ့ ဂျာကင်က ဘာဖြစ်နေလို့လဲ…အတုမို့လို့လား…ယွမ်တစ်ထောင်ကျော်ကို ငွေသားနဲ့လည်း ဝယ်ခဲ့သေးတယ် …သူမက အဲ့တာကို နှစ်ဦးကြားပြောလို့မရဘူးလား…အကုန်လုံးရှေ့မှာ ပြောစရာလိုလို့လားစီနီယာ အစ်မကျန်းကို…ဒါတမင် နေရာချလိုက်တာပဲ…ရည်ရွယ်ချက်ရှိရှိ လုပ်ခဲ့တာ…"
ယွဲ့စုန်သည် သူ၏ ကုတ်အား ချိတ်ကာ သူတို့ တစ်ယောက်တစ်ပေါက် ပြောနေကြသည်ကို နားထောင်နေခဲ့သည် ။ သို့သော် ကျန်းချီနှင့် စီနီယာ အစ်မကျန်း တို့ကြားတွင် ဘာဖြစ်ခဲ့သည်ကို စဉ်းစား၍မရချေ။
ရာသီဥတု ပိုမို အေးလာသည်နှင့် တစ်ပြိုင်နက် အားလုံးသည် ပေါ့ပါ့ပါးပါး ကုတ် မှ ပိုမိုထူထဲသည့် ကုတ်သို့ ပြောင်းလဲ ခဲ့ကြသည်။
စီနီယာ အစ်မကျန်းသည် ကျန်းချီနှင့် တံဆိပ်တူသည့် တစ်ခုခုကို ဝတ်ဆင်ခဲ့သည်။ အနည်းဆုံးတော့ အားလုံးသည် ဘရန်း တစ်ခုထဲဟု ထင်ခဲ့ကြသည်။ စီနီယာအစ်မကျန်း သည်လည်း သူမ ကိုယ်တိုင် ထိုသို့ ထင်ခဲ့သည်။
ကျောင်းသား သမဂ္ဂ မှ မိန်းကလေးများသည်လည်း အလွန်လှပသောကြောင့် တစ်ယောက်ပြီးတစ်ယောက် မည်သည့်နေရာမှ ဝယ်ယူခဲ့သည်ကို လာရောက် မေးမြန်းကြလေသည် ။
စီနီယာ အစ်မကျန်းသည် သူမ ဝယ်ယူသည့်နေရာအား မကွယ်မဝှက်ပဲ ပြောပြခဲ့သည်။
"ဒီဟာက ထင်ဝှိုက်ထင် ဘက်က နိုင်ငံခြား အရောင်းဆိုင် တစ်ခုက ဝယ်ခဲ့တာ…"။
မိန်းကလေးက စုဝေးကာ ထိုကဲ့သို့သော ကုတ်မျိုးအားဝယ်ယူကြရန် နိုင်ငံခြားအရောင်းဆိုင် မည်သို့ရှာဖွေရမည်ကို ဆွေးနွေးကြလေသည် ။
ထိုအရာသည် ကောလိပ်ကျောင်းသူအများစု၏ စိတ်ဝင်စားမှု အဆင့် ဖြစ်လေသည် ။
သူတို့သည် စိတ်အား ထက်သန်စွာ ပြောဆို နေကြတုန်းမှာပင် ကျောင်းသူသစ် ကျန်းချီ မှ အံ့ဩဟန်ဖြင့် ပြောလိုက်သည်။
"မဟုတ်ဘူး…နိုင်ငံခြားအရောင်းဆိုင်တွေကနေ အစစ်အမှန် ကုန်ပစ္စည်းကို ဝယ်လို့ရတယ်လို့ ဘယ်သူမှ မထင်ပါဘူးနော် …ဟုတ်တယ်မလား…တကယ့်အစစ်ရဲ့စျေးက အဲ့ဟာရဲ့ ဆယ်ဆလောက်ရှိတယ် …နင်က ဘယ်လိုများ ယွမ်ထောင်ဂဏန်းလောက်နဲ့ ဝယ်လာလို့ရတာလဲ…"
မကြာမီတွင် ကျန်းချီသည် ကျောင်းတွင် မနေပဲ နေ့ကျောင်းသို့ သွားရောက်တက်သည်ကို အားလုံးနီးပါး သိရှိခဲ့ကြသည်။
သူမသည် ယွမ်မီလျံနှင့်ချီတန်သည့် ပြိုင်ကားမောင်းကာ ကျောင်းသို့လာသေးသည်။
နောက်တစ်နေ့တွင် စီနီယာအစ်မကျန်းသည် ယွမ်ထောင်တန်သည့်ဂျက်ကတ်အတုအား မဝတ်တော့ချေ။ ထိုအစား သူမသည် ယာယီသဘောဖြင့် ဂျတ်ကတ်အပါးကိုသာဝတ်ဆင်ခဲ့လေသည်။
ထိုဂျတ်ကတ်အပါးအား တစ်နေ့ခန့် ဝတ်ပြီးသောအခါ နေ့လည်ခင်းတွင် သူမ နှာစီးလေတော့သည်။
Xxxxxx