အပိုင်း ၁၄၉-၁၅၀
Viewers 23k

Part 149


    ကျန်းယန်ရှန့် ကျန်းဟယ်လင်၏ခေါင်းကို အသာ ပုတ်ကာပြောလိုက်သည် "ဟုတ်တယ်…"။


    ကျန်းဟွမ်သည် အိမ်ကို ရောက်နှင့်နေပြီးဖြစ်သည်။ ကျန်းယန်ရှန့်မှ အဝတ်အစားများလဲကာ အိမိအောက်ဘက်သို့ရေသောက်ရန် ဆင်းလာသည်ကို တွေ့သောအခါ သူမေးလိုက်သည်


 "ဒီနေ့ ဘာလို့ အိမ်ပြန်နောက်ကျနေရတာလဲ…"။


    ကျန်းယန်ရှန့်က ဆရာမ အား လမ်းညွှန်ချက်တောင်းဆိုနေခြင်းကြောင့်ဖြစ်သည်ဟု ပြောလိုက်သည်။ ကျန်းဟွမ်ကလည်း ထိုအရာကို ကောင်းသည်ဟုထင်သည်။ 


   "ဘယ်လောက်ကျလဲ…အဖေက သမီးကျူရှင်လခပေးမယ်…အခုလောက်ရဲ့လား…"။


 သူ့အဖေစကားကို ကြားချိန်၌   ကျန်းယန်ရှန့်သည်. သူမမိသားစုနှင့် ကျန်းကျစ်ယွမ်တို့ကဲ့သို့သော မိသားစုသည် အချင်းချင်း ညီတူညီမျှ ဆောင်ရွက်နိုင်လျှင် ကမ္ဘာကြီး ငြိမ်းချမ်းမည်ဟု ပင် တွေးမိလိုက်သေးသည်။


    ကျန်းဟွမ်တစ်ယောက် ကျန်းယန်ရှန့် ၏ မျက်လုံးထဲတွင် တစ်ခုခုမှားယွင်းနေသည်ကိုတွေ့ရသောအခါ အနည်းငယ်အပြစ်ရှိသလို ခံစားရကာ "ဘာများဖြစ်လို့လဲ…ဘာအကြပ်အတည်းဖြစ်နေလို့လဲ …အဖေ့က်ိုပြောပါ…"။


    ကျန်းယန်ရှန့်သည် သူမ၏ အငယ်နှစ်ယောက်နှင့် လျန့်ယင်းယင်းအား လှမ်းကြည့်ကာပြောလိုက်သည်


 " ဟိုမှာ စကားသွားပြောရအောင်…"။


    အဖေနှင့်သမီးသည် ဝိုင်အရက်နှင့် ဘား ပါ ရှိသည့် အခန်းထဲသို့ ဝင်သွားလိုက်သည် ။ 


    လျန့်ယင်းယင်းက ကျန်းဟယ်လင်အား "နင် သူတို့နောက် လိုက်သွားလိုက်…"။


    ကျန်းဟယ်လင်သည် နားမလည်နိုင်ဖြစ်ကာ "အဖေနဲ့အစ်မက သူတို့ ကိုယ်ရေးကိုယ်တာ ပြောနေကြတာ သမီးက ဘာလို့လိုက်သွားရမှာလဲ…"။


    မျက်နှာသာရရန် တိုက်ပွဲဝင်ကြခြင်းတွင် လျန့်ယင်းယင်းသည် ကျန်းယန်ရှန့်နှင့် ယှဉ်ပြိုင်လိုသည် ၊ သို့သော်သူမ မလုပ်နိုင်ခဲ့။ သူမက မျက်နှာသာရရန် ဆုံးရှုံးသွားသော  ရှေးခေတ် ကိုယ်လုပ်တော် တစ်ဦးကဲ့သို့ပင်။


ကျန်းရှို့ချန်လည်း မအောင်မြင်ခဲ့ပေ။သူမ ကျန်းဟယ်လင်း အပေါ်တွင်သာ မှီခိုရန် ရှိလေသည် ။


    လွန်ခဲ့သောခြောက်လအတွင်း ကျန်းဟွမ် ဘာဖြစ်သွားသည်ကို သူမ မသိချေ။သို့သော် ကျန်းဟယ်လင်း၏အနေအထားက ကျန်းရှို့ချန်အား ကျော်တက်သွားဟန်ရှိသည် ။ 


    သူမက ကျန်းဟယ်လင် အားပြောသည် "ကစားနေတာရပ်လိုက်…နင့်အဖေကို ရေတစ်ခွက်လောက် ယူသွားပေးလိုက်…ချစ်ဖို့ကောင်းအောင်နေပြလိုက်…"။


    'မျက်နှာသာရရန်တိုက်ခိုက်ခြင်း'ဟူသည့်စကားသည် လျန့်ယင်းယင်း၏ကျိုးစားမှုအား ရှင်းရှင်းလင်းလင်း မဖော်ပြနိုင်ပါ။ သူမဘာကို ဆိုလိုသည်အား ကျန်းဟယ်လင် အနည်းငယ် နားလည်သည်။


    "သမီး မသွားနိုင်ဘူး…"


ကျန်းဟယ်လင်ယ စိတ်ဆိုးစွာဖြင့်ပြောလိုက်သည် ။


    "ဟေ့…နင်ဘာဖြစ်နေတာလဲ…ငါ့စကားတွေက အသုံးမဝင်တော့ဘူးပေါ့ ဟုတ်လား …"


 လျန့်ယင်းယင်း ဒေါသထွက်လာသည် ။


    "သမီးလိုက်သွားရင် …အစ်မက အမေ့ ကို ရိုက်လိမ့်မယ်…"


ကျန်းဟယ်လင်းသည် စိတ်ဆိုးစွာဖြင့်ပြောသည် ။ 


    "နင်ဘာတွေပြောနေတာလဲ…" 


လျန့်ယင်းယင်းသည် စိတ်ရှုပ်လာသောကြောင့် လက်ဆန့်ကာ ကျန်းဟယ်လင်၏ အဝတ်ပေါ်မှနေ၍ ဆွဲစိတ်လိုက်လေသည် ။


    ကျန်းဟယ်လင်းသည် ရုတ်တရက်လျင်မြန်စွာဖြင့်"သမီးကို စိတ်ဆွဲရင်…အစ်မကို သွားပြောလိုက်မယ်…"။


    လန့်ယင်းယင်း ရုတ်တရက် ကြောင်သွားသည် ။


    ကျန်းယန်ရှန့်အား ထိုကိစ္စပေးသိလိုက်လျှင် ၊ ကျန်းယန်ရှန့်ကိုယ်တိုင် သို့ဟုတ် သူမအဖေအား ရိုက်နှက်ရန် သွေးထိုးမည်ဖြစ်သည်။ မည်သို့ပင်ဖြစ်စေ ထိုအရာကို သူမ ခွင့်ပြု၍မရပါ။ မုန်းစရာကောင်းလှသည် ။


    ကျန်းဟယ်လင်းသည် သူမ၏ထိန်းချုပ်မှုအောက်မှ လွတ်မြောက်ခဲ့ပြီးဖြစ်သည် ၊ လျန်ယင်းယင်း၏ စိတ်ရှုပ်ဒေါသ ထွက်နေသည့် ပုံံအား မြင်ရခြင်းသည် သူမ အမေနှင့် တစ်ခန်းတည်း ရှိနေရန် ခက်ခဲလှသည် ။ သူသည် မျက်စိတစ်မှိတ်အတွင်းပြေးသွားကာ အခန်းထဲသို့ ပြန်ရောက်လာခဲ့သည် ။ 


    ကျန်းရှို့ချန် "အိုး…မဖြစ်တော့ဘူး…"။


    လျန့်ယင်းယင်းသည် စိတ်ရှုပ်သွားကာ ကျန်းရှို့ချန်အား လက်ညှိုးထိုးလျက် "နင်ကငါနဲ့ကစားချင်တယ်ပေါ့လေ …နင့်အိမ်စာတွေပြီးပြီလား…"။


    ကျန်းရှို့ချန်သည် သူ့အမေ၏သွေးပါသည်ဖြစ်၍ 

သူလျင်မြန်စွာ ထခုန်လျက် အော်ပြောလိုက်သည်


 " အကုန်ပြီးပြီ…"။ထို့နောက် အဝေးသို့ ပြေးထွက်သွားလေသည် ။ 


    လျန့်ယင်းယင်း တစ်ယောက်ထဲသာ အခန်းထဲတွင် ကျန်ခဲ့လေသည် ။


အချိုပွဲများ ယူဆောင်လာသည့် အိမ်အကူဖြစ်သူရောက်လာသောအခါ "ကလေးတွေဘယ်ရောက်သွားတာလဲ…"။ 


သူတို့သည် ယခုလေးပင် မုန့်စားခြင်သည်ဟု တောင်းဆိုခဲ့ကြသည်။ 


    လျန့်ယင်းယင်း ဒေါသတကြီးပြောလိုက်သည် "သူတို့တွေ အပေါ်တက်သွားကြပြီ…"။ 


     "အချိုပွဲစားဦးမလား မဒမ် …"။


  "ဘာအချိုပွဲလဲ…ကျွန်မ ဝိတ်တွေတက်လာတာ မမြင်ဘူးလား.."။


   အိမ်အကူအန်တီက သူမကို ဆက်မပြောတော့ပဲ အိမ်မပေါ်ထပ်မှ ကလေးများထံ မုန့်သွားပေးပြီး ပြန်ဆင်းလာလိုက်သည်။


အိမ်အကူများက အခန်းထောင့်တွင် စုထိုင်၍ အသီးစားနေကြသည်။ ချမ်းသာသည့် မိသားစုတွင် အလုပ်လုပ်ရခြင်းသည် အကျိုးများစွားရှိသည်။ အစားအသောက်အတွက် ကန့်သတ်ထားခြင်းမရှိ။ 


 သူမက ကျန်တဲ့သူများအားပြောလိုက်သည်။  "ဘယ်လို မကောင်းတဲ့စိတ် မျိုးလဲ မသိပါဘူး…"။


   အန်တီလော့  "သူမ တစ်နေ့တစ်ခြားဒေါသပိုကြီးလာတယ်…သွေးဆုံးရင် ဘယ်လိုများနေမလဲမသိဘူး…"။


   အန်တီဝမ့် က သူမ၏ပါးစပ်ကို အုပ်ကာ ရယ်လေသည်။ 


   "ရှင်က ဘာကိုရယ်နေတာလဲ…" အားလုံ္က မေးသည်။


   အန်တီဝမ့်မှ လက်ယက်ခေါ်လိုက်သောအခါ အားလုံး၏ခေါင်းများသည် စုဝေးလာကြသည်။ အန်တီဝမ့်က သူမ အသံအား နှိမ့်ကာ ပြောလေသည်" ကောင်းပြီ…ယောင်္ကျားနဲ့မိန်းမ ဘဝ က ဟာမိုနီ မမိဘူးဖြစ်နေတယ်…"။


   ရုတ်တရက် အားလုံး မျက်လုံးများသည် အရောင်တောက်လာကာ "မြန်မြန်ပြောစမ်းပါ မြန်မြန်ပြောစမ်းပါ …"။ 


အန်တီဝမ့်သည် သုံးလွှာတွင် ကျန်းရှို့ချန်နှင့် အတူနေသည်ကြောင့် သူမ တစ်ခုခုသိထားဟန်တူသည်။ 


   အန်တီဝမ်မှ အသံတိုးတိုးဖြင့် " ငါအရင်ထဲက သတိထားမိနေတာကြာပြီ…သူမရဲ့တူက ရဲဖမ်းခံပြီးတဲ့နောက် သခင်ကြီးက သူမနဲ့ သိပ်မတွေ့တော့ဘူး…အရင်တုန်းကဆို သူတို့အခန်းတံခါးကို အစောကြီး ပိတ်ကြတာ…ဒါပေမယ့်အဲ့တာက အဓိကမဟုတ်ဘူး…အခုသူမကို ကြည့်စမ်းပါ…အခန်းအလွတ်ထဲမှာပဲ စောင့်ပြီး အချိန်ဖြုန်းနေရတယ်…"။


    လျန့်ယင်းယင်းသည်  ေမာက်မာလေ့ရှိပြီး မကြာသေးမီ ကာလကပင် ပို၍ စိတ်တိုလာခဲ့သည်။ သူမသည် အိမ်အကူများအား အခွင့်ရသည်နှင့် ဆူသည် ၊ အန်တီလော့ မှလွှဲ၍ သူမ မဆူခဲ့ဖူးသည့် သူမရှိပေ။


   ထိုလျှို့ဝှက်ချက်အား ကြားလိုက်ရသောအခါ သူတို့အားလုံး ဝမ်းသာသွားကြသည် ။ 


   သူမနှင့် ထိုက်တန်သည် ။ 


Xxxxxx


Part 150


   ကျန်းယန်ရှန့်သည် ယခုဘဝတွင် ရှုလီချန်  ကြုံတွေ့ရမည့် အရာများအား ေပြာပြခဲ့သည် ။ သူအတွက် မှန်ကန်သည့် အကြံဥာဏ်များကိုလည်း  ပေးခဲ့သည်။


  သို့သော်  ယခုဘဝတွင် သူမဘေးမှ လူများအား ပို၍လေ့လာပြီးနောက် အရင် ဘဝက သူမ မှားယွင်းခဲ့သည်များအား ပိုမိုသိခဲ့ရသည် ။ 


ထို့ကြောင့် ယခုဘဝတွင် သူမ ရှုလီချန်အား ပေးသည့် အကြံဥာဏ်မှာ မှန်ကန်ပါမည်လော။သူမ မသေဆုံးခင်က သူမသည် ကောလိပ်ကျောင်းသူတစ်ယောက်သာဖြစ်သည်။


   ထို့ကြောင့် ကျမ်းဟွမ် ၏ အကြံဥဏ်အား နားထောင်ရန် သူမ ဆုံးဖြတ်လိုက်သည် ။ 


   သူမ ပထမဆုံးစကားအားပြောလိုက်သည်


 " အပြင်မှာ အဖေနဲ့ရွယ်တူ လူတစ်ယောက်က  တရားမဝင်ကလေးတစ်ယောက် မွေးထားတာရှိတယ်…" 


ထိုစကားသည် ကျမ်းဟွမ်၏ မျက်လုံးများ ပြူးကျယ်သွားစေသည် ။ 


    ကျန်းဟွမ်သည် ကျန်းယန်ရှန့်မှ သူ့အား လှောင်ပြောင်ရန် လုပ်နေသည်ဟု ထင်မိလိုက်သေးသည် ။


    ကံကောင်းထောက်မစွာဖြင့် ကျန်းယန်ရှန့်မှ ထပ်ပြောလိုက်သည်


 "အဲ့ဒီ တရားမဝင်လေးက သမီးနဲ့လပိုင်းပဲကွာတယ် ပြီးတော့ သူက သမီးရဲ့အတန်းဖော်…”။


   ကျမ်းဟွမ် သက်ပြင်းချလိုက်သည် ၊ သို့သော် သူအဆင်ပြေသည် ဟူသည့် အဓိပ္ပါယ်မဟုတ် 


   ကျမ်းဟွမ်သည် သူ့ကြောင်းမပြောသေးသရွေ့ အခြားသူများ အတင်းပြောသည်ကို နှစ်ချိုက်စွာ နားထောင်လေ့ရှိသည် ။ 


   ကျန်းယန်ရှန့်သည် ရှုလီချန်၏ မိသားစု အခြေအနေ၏ သုံးသပ်ချက်ကို ပြောပြလိုက်သည် "သမီးသူ့ကို အကြံပေးတာ မှန်တယ်မလား…"။


   ကျန်းဟွမ် "လောလောဆယ်တော့ ဘာမှ မမှားပါဘူး …သမီးရဲ့ ခွဲခြမ်းစိတ်ဖြာတတ်မှုက မှန်ပါတယ်…အဲ့ဒီကလေးကသာ ပိုတော်မယ်ဆိုရင် သူ့အမေနဲ့ ပြတ်ပြတ်သားသား ပေါင်းစည်းသင့်တယ် …သူ့အဖေသတိမထားမိတာက ပိုကောင်းလိမ့်မယ်…အကောင်းဆုံးကတော့ သူ့အဖေဘက်က လျော့ ပေးလိုက်တာပဲ…"။


    "သူ့ဖေနဲ့အမေက အချင်းချင်းသေလောက်တဲ့ ရန်သူတွေ ဖြစ်သွားကြပြီးတော့ ကွဲကြတော့မလိုဖြစ်သွားတယ်ဆိုရင်တောင် သူက သူ့အဖေရဲ့သားပဲ…ဒီလူက ရိုင်းတယ်ဆိုရင်တောင် သူ့ဟာသူဖြစ်တာပဲ…နောက်ဆုံးမှာတော့ သူ့ကို ဆိုးဆိုးရွားရွားဆက်ဆံမှာ မဟုတ်ဘူး…သမီးက ဒီကောင်လေးကို သူ့အဖေဆီက မျက်နှာမခွါဖို့ပြောတယ်…သူ့အဖေနဲ့ကောင်းမွန်တဲ့ဆက်ဆံရေးကိုထူထောင်ဖို့ က အကျိုးကျေးဇူးတွေပဲရှိတယ် ဆိုးကျိုးမရှိပါဘူး…"။


    မျှော်လင့်ထားသည့်အတိုင်းပင် သူသည် အခြားတစ်ယောက်၏ဘဝ အား ပိုမိုကောင်းမွန်အောင် ပြုလုပ်သည့်နေရာတွင် ကျွမ်းကျင်လှသည်။ 


    သို့သော် ကျန်းယန်ရှန့်သည် ချင့်ချိန်တွေးဆကာ "အဲ့တာတော့ မဖြစ်နိုင်ဘူး…"။


ရှုလီချန်သည် သူ့အဖေနှင့် နောက်ပိုင်းတွင် မည်မျှ ပြသနာတက်ခဲ့သနည်း။သူ ရောက်ရှိလာသည်နှင့်တစ်ပြိုက်နက် သူသည် သူ၏ အဖိုးတန် တရားမဝင်သားလေးအား ကြက်မ မှ ကြက်ပေါက်လေးများအား ကာကွယ်သကဲ့သို့ ချက်ချင်းပင် ရင်ခွင်ထဲသို့ထည့်ကာ ကာကွယ်မည်ဖြစ်သည် ။ ရှုလီချန်မှ  ထိခိုက်အေင်လုပ်မည်ကို စိုး၍ပင်ဖြစ်သည်။


   သူ့အဖေသည် ဤသို့ဖြစ်လေလေ ရှုလီချန်သည် ရောင့်တက်လေလေပင် ဖြစ်သည်။


    ထို့ကြောင့်မကြာမီပင် သူ၏ အမေမှ သူ့အား တစ်ခြားနိုင်ငံသို့ပို့ လိုက်တော့မည်ဖြစ်သည်။ 


    ကျမ်းဟွမ်ကမူ သူ၏အဖြေအား သဘောမကျ၍"ဘာလို့ အဲ့လိုမဖြစ်နိုင်ရတာလဲ…"။


    သို့သော် ကျမ်းဟွမ်၏ အတွေ့အကြုံသိမြင်မှုအရ  သူ၏ဖခင်သည် မည်မျှ ဆိုးသွမ်းနေကာစေမူ ၊ သူ၏ ဖခင်အဖြစ်သာ ရှိသေးသည်။


    

    "သူ့ပုံစံက…သမီးရဲ့ အလယ်တန်းတုန်းက ယောင်္ကျားလေး ပုံစံလို့မြင်ကြည့်လိုက်…သူက တော်တော်များများ တူတယ်…

လိင်သာ မတူတာပဲရှိမယ် …."။


    ကျန်းယန်ရှန့်၏ အလယ်တန်း ယောင်္ကျားလေးပုံစံ။


    ကံကောင်းထောက်မစွာ သူမသည် မိန်းကလေးဖြစ်သည်။ ထို့ကြောင့် အဖျက်စွမ်းအား နည်းသည် ။ သူမ၏ အမေသည် ကောင်းကောင်းမွန်မွန် သင်ကြားခဲ့သည့်အတွက် ကျေးဇူးတင်ရမည် ။ ကံကောင်းစွာဖြင့် လူများသည် အလယ်တန်းကျောင်းသို့ တက်ရောက်ပြီးလျှင် ပိုမိုရင့်ကျက်လာတတ်ကြလေသည်။ 


    အေမင်။


......


    ကျန်းဟယ်လင်းသည်  လျန့်ယင်းယင်းလက်မှ လွတ်မြောက်ကာ သူအခန်းသို့ ပြန်လာလိုက်သည် ။ 


သို့သော် သူမ၏ ရင်ဘတ်ထဲတွင် မွန်းကြပ်နေလေသည် ။ သူမအခန်းသို့ပြန်ရောက်သောအခါ ဖုန်းကို ပစ်ပေါက်လိုက်သည် ထို့နောက် အိပ်ယာပေါ်တွင် ခံစားရသက်သာစေရန် လှဲလျောင်းနေခဲ့သည်။ 


    သို့သော် ကလေးတစ်ယောက်သည် အိမ်ထဲတွင် ဘာမှ မလုပ်ပဲ မနေနိုင်ပါ။ သူမ အိပ်ယာမှ ထကာ ကွန်ပြူတာကို ဖွင့်လိုက်သည် ။ 


    ကျောင်းသားများကြားထဲတွင် မကြာသေးမီကမှ ရေပန်းစားနေသည့် ဂိမ်းတစ်ခုရှိသည် ။  သူမ ဂိမ်းအကောင့်ထဲသို့ ဝင်လိုက်ပြီးနောက် ကြီးမားသောရင်သား၊ သေးသွယ်သောခါးနှင့် ရှည်လျား သွယ်လျသည့်ခြေထောက်များ ရှိသည့် အမျိုးသမီး စစ်သည်တော် တစ်ယောက်ကို တွေ့လိုက်ရသည် ။


 'PurpleEyes'ဟူသည့် အသုံးပြုသူ နာမည်နှင့်ဖြစ်သည် ။ ‘coldstar’ , ‘BlackHairTurnedIntoWhite’ နာမည်များ လိုင်းပေါ်တွင် ရှိမရှိ ကြည့်လိုက်သည် ။


    ကျန်းဟယ်လင်း သူမ၏ သူငယ်ချင်းစားရင်းအားကြည့်သောအခါ တစ်ယောက်မှ မရှိသောကြောင့် အံ့ဩသွားသည် ။ 


    သူမ နာရီကို ကြည့်လိုက်သည် ။ ဒီကနေ့အဖို့ အိမ်စာလုပ်စရာ အများကြီးရှိနေသည် ။ ဒီအချိန်တွင် မည်သူမှ အိမ်စာ မပြီးလောက်သေးပေ။ ကျန်းဟယ်လင်၏ အကျင့်ကောင်းတစ်ခုမှာ အိမ်ပြန်ရောက်သည်နှင့် အခြားကိစ္စများ မလုပ်ခင် အိမ်စာများကို အရင် အပြီးသတ်လေ့ရှိသည်။ 


   တစ်ချို့သောကလေးများသည် အိပ်စာမလုပ်ပဲ အားအားယားယားလုပ်နေကာ ၊ မှောင်လာသည့်အချိန်မှသာ စတင်လုပ်လေ့ရှိသည် ။ 


    ကျန်းရှို့ချန်သည် စောင့်ကြည့်သူ မရှိလျှင် ၊ စာရေးခြင်းကိုရပ်နားရန် မစောင့်နိုင်တော့ချေ။ သို့သော် ကျန်းဟယ်လင်း မှ တင်းကျပ်စွာ စောင့်ကြည့်လေ့ရှိသောကြောင့် သူ အိမ်စာများအား အိမ်ပြန်ရောက်သည့်နှင့် အရင်လုပ်ရလေသည် ။


    သူမသည် ကျန်းယန်ရှန့်နှင့် အန်တီ ဝမ့် အား အမိန့်ပေးထားသည် ။ သူမသည် သုံးလွှာတွင် ကျန်းရှို့ချန်အား စောင့်ကြည့်ရန် ပြောထားသည်၊ အကယ်၍ ကျန်းရှို့ချန် စာသေချာမရေးလျင်  ဒုတိယထပ်ရှိ သူမအား လာခေါ်ရန်ဖြစ်သည် ။ ထိုအခါ သူမရောက်လာပြီး "နင် စာသေချာမရေးရင်…ငါအစ်မနဲ့ တိုင်ပြောမှာ…"။


    ထိုအရာကို ကျန်းရှို့ချန် ဘာမှ မတတ်နိုင်၊ သူ့ အိမ်စာများကိုသာ အပြီးသတ်ရန် ရှိလေသည် ။


 သူမ ခဏစောင့်နေသော်လည်း သူမသူငယ်ချင်းများ လိုင်းပေါ်တက်လာသည်ကို မတွေ့ရပေ ။သူမ တောရိုင်းထဲမှ သတ္တဝါ ကြီးအား အရင်သတ်လိုက်သည် ထောင်တွင်း တစ်ခုဖွင့်တော့မည်ဟူသော ကမ္ဘာ့ကြေငြာချက်ကို စောင့်ကြည့်ခဲ့သည် ၊ ထို့ကြောင့် သူမ အလျင်အမြန် ထိုနေရာသို့ တယ်လီပို့ လုပ်လိုက်သည် ၊ ကြမ်းသည့် အဖွဲ့နှင့် ချိတ်ဆက်မိးန်ဖြစ်သည် ။ 


    ထို ချန်နယ်သည် လူများကို သူတို့နှင့် ချိတ်ဆတ်ရန် ခေါ်ဆိုထားသည့် စာများဖြင့်ပြည့်နေသည် ။ 


    သူမ သေချာမမြင်ရသောကြောင့် မျက်နှာပြင်ကို သုတ်လိုက်သည် ။ မည်သို့ပင်ဆိုစေကာမူ သူတို့အားလုံးသည် ထောင်ထဲသို့ရောက်မည်ကိုသိလျက်နှင့်ပင် မူလတန်းကျောင်းမှ ကြက်ပေါက်ကလေးများသည် ၎င်းတို့အသင်းလိုအပ်ချက်အား ဂရုမစိုက် ၊ ချိတ်ဆက်ရန် အဖွဲ့သာ ရှာဖွေကြလေသည် ။ 


   အဖွဲ့တစ်ဖွဲ့မှ ပိုစ့်တင်ထားသည် "ငါတို့ကောင်မလေးလိုတယ်…ငါတို့ကောင်မလေးလိုတယ်…အခြောက်တွေသွားကြ…မိန်းကလေးတွေပဲ…"။


    ကျန်းဟယ်လင်းမ ထိုအဖွဲ့သို့ ပူးပေါင်းရန် စာပို့လိုက်သည် ၊ ခေါင်းဆောင်မှ သူမ၏ ဂိမ်း ID အား ကြည့်ကာ ပြောလိုက်သည်


 "သူမက မိန်းကလေးပဲ…"။


    အဖွဲ့သားတစ်ယောက်ကပြောသည် "ငတုံးရဲ့ …သူက ကောင်လေးပဲဖြစ်ရမယ်…မိန်းကလေးယောင်ဆောင်နေတာ…"။


ကျန်းဟယ်လင်္ အဖွဲ့ထဲသို့ရောက်သောအခါ အဖွဲ့ချန်နယ်ထဲမှ ယောင်္ကျားသံ တစ်သံက စိုးရိမ်တစ်ကြီးမေးလာသည်  "ဒီဂိမ်းIDပိုင်ရှင်ရေ…မင်းက အထီးလား အမ လား…မြန်မြန်ဖြေပြီး သက်သေပြ…အခြောက်ဆိုရင် ဒီကထွက်သွားလိုက်…" ။


    ထိုခေါင်းဆောင်၏အသံကျယ်သည် ကျန်းဟယ်လင်း နားထဲသို့ စူးဝင်သွားသည် ။ ထို့ကြောင့်သူမ အမြန်ပင် အသံလျှော့ကာ မိုက်မှတစ်ဆင့်ပြောလိုက်သည် "ငါက …မိန်းကလေးပါ…"။


   သူမ၏အသံမှာ နူးညံ့လှသည် ။ အလွန် စွဲဆောင်မှုလွန်ကဲလှသော အသံဖြစ်သည်။ 


    ထို အဖွဲ့ချန်နယ်မှလူများ ရုတ်တရက် စိတ်လှုပ်ရှားကုန်ကြသည် 


"မိန်းကလေးတဲ့ဟေ့…တကယ်ကို မိန်းကလေးပဲ…"။


Xxxxxx