အပိုင်း ၃၁၉
Viewers 4k

လက်ထပ်ပြီးမှ ချစ်ကြမယ်


အပိုင်း ၃၁၉




ကျီလင်းချန်က သူ့ဇနီးလေးအား ကျီ မိသားစု နေအိမ်သို့ ပြန်မခေါ်သွားခဲ့ပေ။ ယင်းအစား၊ သူသည် Spirit Creek Villa သို့ တိုက်ရိုက်သွားခဲ့သည်။



ဖန့်ရှောင်နွမ်က အကျွမ်းတဝင်ရှိသော အဖြူရောင် အဆောက်အဦးကို ကြည့်ပြီး ဘာပဲဖြစ်ဖြစ် ကားထဲမှ မထွက်ဖို့ ငြင်းဆန်ခဲ့သည်။



ကျီလင်းချန်မှာ စိတ်ရှည်သည်းခံမှု မရှိတော့ဘဲ သူမကို ဧည့်ခန်းထဲသို့ သယ်သွားကာ ဆိုဖာပေါ် ပစ်ချလိုက်သည်။ "ထိုင်!"



ဖန့်ရှောင်နွမ် ဆိုဖာထောင့်ဆီသို့ ပြေးတက်သွားသည်။ ဤနေရာသည် ကျီမိသားစုအိမ်နှင့် မတူပေ။ ဤနေရာတွင် သူမကို ကျောထောက်နောက်ခံပေးမည့်သူမရှိပေ။ Spirit Creek Villa တွင် အခြားမည်သူမျှမရှိသည့်အပြင် သူမရဲ့ယောကျ်ားက သူမကို ဘာလုပ်နေလဲဆိုတာကို ဘယ်သူမှ ဂရုမစိုက်ပေ။ သူမစိတ်ထဲ အတွေးတစ်ခုဝင်လာပြီး သူမ အမြန်ပြောခဲ့သည်။



 "ယောကျ်ား၊ ဖန် မိသားစုက လွန်ခဲ့တဲ့ ဆယ့်ငါးနှစ်က ရှောင်ယွီရဲ့ သေဆုံးမှုအကြောင်း သိနေတယ်။ ဒီနေ့ ရှောင်ယွီက လွန်ခဲ့တဲ့ ဆယ့်ငါးနှစ်တုန်းက သေသွားပြီဆိုတာကို သေချာလေးပြောခဲ့တယ်။ ဒါပေမယ့် အဖေက ဒီကိစ္စကို လျှို့ဝှက်ထားခဲ့တာ။ ရှင်နဲ့ အကိုကြီး တောင် ဒီအကြောင်းကို မသိခဲ့ကြဘူး။ ဒါကို သူတို့ ဘယ်လိုလုပ် သိနေကြတာလဲ။ တစ်ခုခုတော့လွဲနေပြီ!"



သူ သူမကို မရိုက်အောင်လို့  သူ့အာရုံကို အမြန်လွှဲရန် ဤအကြောင်းကို သူမ ပြောပြခဲ့သည်။



နောက်ဆုံးတွင် ကျီလင်းချန်က ၎င်းအတွက် လုံးဝလက်မလျှော့ခဲ့ပေ။ မျက်လုံးတွေကို မှိတ်ထားလိုက်ရုံဖြင့် သူ့အမူအရာက ပုံမှန်ပြန်ဖြစ်သွားသည်။ သူက ဖန့်ရှောင်နွမ်ဆီသို့ တစ်လှမ်းချင်း ချဉ်းကပ်ပြီး သူမကို ဆိုဖာအလယ်သို့ ပြန်ဆွဲလိုက်သည်။



ဖန့်ရှောင်နွမ် အစွမ်းကုန်ရုန်းကန်ခဲ့သည်။ "ယောကျ်ား ကျွန်မ မှားသွားပါတယ်။ ကျွန်မ ထပ်မလုပ်တော့ပါဘူး။ ကျွန်မက ရှင့်ရဲ့တစ်ဦးတည်းသော မိန်းမနော်။ ရှင်ကျွန်မကို သတ်လိုက်ရင် ရှင်ပိုက်ဆံအများကြီးဆုံးရှုံးရလိမ့်မယ်!"



"ကိုယ်က ချမ်းသာတယ်!" ကျီလင်းချန် ပြန်ဖြေလိုက်သည်။ "မင်းအိမ်ကနေ ထွက်ပြေးသွားတာမဟုတ်ဘူးလား။ မင်း မိဘအိမ်ပြန်မယ်လို့ ပြောသွားတာမဟုတ်ဘူးလား။ မနေ့က မင်း ကိုယ့်ကို ဘာကတိပေးခဲ့လဲ။"



ဖန့်ရှောင်နွမ် ပြောလိုက်သည်။ “ယောကျ်ား၊ ဒါက အိမ်ပြင်ထွက်လို့ရအောင် ကျွန်မ ကစားခဲ့တဲ့ လှည့်ကွက်ပါးပါးလေးပါ။ ရှင်က အရမ်းဉာဏ်ကောင်းတယ်လေ။  ကျွန်မ ရှင့်ကို ဘယ်လောက်ချစ်တယ်ဆိုတာ ရှင်သိမှာပဲ!"



ကျီလင်းချန် အကူအညီမဲ့နေခဲ့သည်။ သူ ဆိုဖာပေါ်မှာထိုင်ပြီး မေးလိုက်သည်။ “မင်း ဒဏ်ရာရလား”



“မရဘူး” ဖန့်ရှောင်နွမ် ခေါင်းခါလိုက်သည်။ "ဖန် မိသားစုက အမှိုက်နှစ်ခုက ကျွန်မအတွက် လုံးဝ ယှဉ်စရာမရှိဘူး။"



ကျီလင်းချန်က သူ၏ အောင်ပွဲခံနေတဲ့ ဇနီးလေးကို ကြည့်ကာ သက်ပြင်းချလိုက်သည်။ ရေနွေးတစ်ခွက်ယူဖို့ ထလိုက်ပြီး သူမကို ပေးလိုက်သည်။



"ကျေးဇူးတင်ပါတယ် ယောကျ်ား " ဖန့်ရှောင်နွမ် ရေတစ်ငုံသောက်လိုက်ပြီး ပြောခဲ့သည်။ "ယောကျ်ား၊ ဖန် သားအဖက လွန်ခဲ့တဲ့ ဆယ့်ငါးနှစ်လောက်က ပြန်ပေးဆွဲမှုနဲ့ ပတ်သတ်နေပြီး တစ်ခုခုရှိနေတယ်လို့ ကျွန်မတကယ်သံသယဝင်မိတယ်" 



လွန်ခဲ့တဲ့ ၁၅ နှစ်က သူ့ရဲ့အစ်ကိုကြီးဖြစ်သူက ဘဏ္ဍာရေးဗျူရိုတွင် အလုပ်လုပ်နေချိန်တွင် ဖန် မိသားစုက စတင်ကျဆင်းနေပြီဖြစ်ပြီး ကျီ မိသားစုမှာ တိုးတက်နေခဲ့သည်။ ပထမအချက်မှာ မိသားစုနှစ်စုက ပြိုင်ဖက်တွေဖြစ်သည်။ ထို့အပြင် ဖန် မိသားစု၏ ကုမ္ပဏီသည် ထိုအချိန်က ကြီးမားခဲ့သည်။ ကျီမိသားစုနဲ့ အိမ်ထောင်ရေးက အဆင်မပြေဘူးဆိုရင်တောင်မှ သူတို့နောက်မှာ ကျောထောက်နောက်ခံ ရှိသည်။ ထို့အပြင် ဖန် မိသားစု ဒေဝါလီခံပြီးနောက် လင်းမိသားစုက ကြီးထွားလာခဲ့သည်။ ဒီနောက်ကွယ်မှာ တွန်းအားတစ်ခုရှိရမည်။



ကျီလင်းချန်က ဒါကို မှန်းထားပြီးသားဖြစ်ပြီး သူ့ဇနီးရဲ့စကားက သူ့ရဲ့သံသယတချို့ကို အတည်ပြုပေးခဲ့သည်။ သူ့ရင်ခွင်ထဲက ကြောင်ပေါက်လေးလို နူးညံ့တဲ့ သူ့မိန်းမကို ကြည့်ပြီးပြောလိုက်သည်။ “နောင်မှာ ထပ်ပြီးတိုက်ခိုက်ချင်တယ်ဆိုရင် ကိုယ့်ကို ကြိုပြောပြထားရမယ် ဟုတ်ပြီလား။ ပြီးတော့ မင်းမှာ အနိုင်ယူခွင့်ပဲရှိတယ် မရှုံးရဘူး။ ပြီးတော့ မင်းကို ဒဏ်ရာ ရခွင့် မပေးဘူး!”



"နားလည်ပါပြီ!" ဖန့်ရှောင်နွမ် ပြန်ဖြေခဲ့သည်။



ထိုအချိန်တွင် ဖန် မိသားစုမှ သားအဖက အချင်းချင်း ကူညီခဲ့ကြသည်။ ဤအဖြစ်အပျက်နှစ်ခုပြီးနောက် ကျီမိသားစုကို တိုက်ခိုက်ခြင်းသည် သနားစရာကောင်းသော သေခြင်းဆီသို့သာ ဦးတည်သွားကြောင်း သူတို့နားလည်ခဲ့ကြသည်။ ဒီအချိန်မှာ အိမ်ထဲကို အမျိုးသားတစ်ယောက်ရောက်လာသည်။



အဲဒီလူက ချက်လက်မှတ်ထုတ်ပြီး လွှဲပေးခဲ့သည်။ “ဒီမှာ ယွမ် ၅ သန်း။ ကျင်းမြို့တော် ကထွက်သွားပြီးရင် ဘယ်တော့မှ ပြန်မလာနဲ့။ သဘောတူရင် ငါအခုချက်ချင်းပို့ပေးမယ်။"



မစ္စတာဖန်နဲ့ သူ့သားတို့ တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ ချက်လက်မှတ်ကို ယူလိုက်သည်။ သူတို့ ဒီမှာ ဆက်မနေနိုင်တော့ဘူး ဒါမှမဟုတ်ရင် အသက်ဆုံးရှုံးသွားလိမ့်မည်။



ရက်အနည်းငယ်ကြာပြီးနောက် လျိုစစ်ယန်၏ စုံစမ်းစစ်ဆေးမှုတွင် ရလဒ်အချို့ကို ပြသခဲ့သည်။ လင်း ဂရု သည် နိုင်ငံခြားမှ ၂ ဘီလီယံ စုဆောင်းခဲ့ပြီး ငွေကြေးလည်ပတ်မှု ပြတ်တောက်မှု အကျပ်အတည်းကို အောင်မြင်စွာ လွတ်မြောက်ခဲ့သည်။ ထို့အပြင် နိုင်ငံရေးလောကမှ အကြီးတန်း အမှုဆောင်တစ်ဦးသည် စီးပွားရေးကိစ္စ ဆွေးနွေးရန် ထွက်လာခဲ့သည်။ ထိုအမှုဆောင်မှာ ဖန် မိသားစု၏ ကျောထောက်နောက်ခံပေးတဲ့သူ အတွင်းရေးမှူး ကောင်း ဖြစ်သည်။



စုံစမ်းစစ်ဆေးမှု ရလဒ်များကိုရရှိပြီးနောက် ကျီလင်းချန်ကို ချက်ချင်းဖုန်းဆက်ခဲ့သည်။ “လက်ထောက်ဒါရိုက်တာ ရှီကလည်း အတွင်းရေးမှူး ကောင်း ရဲ့ ကျောင်းသားပဲ ”



“ဒါဆို မှန်နေပြီ။ အတွင်းရေးမှူး ကောင်းက ဒါရိုက်တာ ရှီကို ကယ်တင်ခဲ့တဲ့သူ” ကျီလင်းချန်က ပြန်ဖြေခဲ့သည်။



သူ့ရှေ့က အချက်အလက်တွေကို ကြည့်လိုက်တော့ လျိုစစ်ယန်က အဲဒီအချက်ဆီ တည့်တည့်သွားကာ ပြောလိုက်သည်။ “ရဲတွေက ကျွန်တော့်ရဲ့ ထင်မြင်ချက်တွေကို အခြေခံပြီး စုံစမ်းနေကြပြီ။ အကြောင်းအရာအများကြီးကို တွေ့ထားပေမယ့် ဒါရိုက်တာ ရှီကို ဖမ်းဖို့ ဒီအထောက်အထားနဲ့က မလုံလောက်ဘူး။ အခု လင်းမိသားစုက ပြန်ကောင်းလာပြီ၊ ဒါရိုက်တာရှီကို သူတို့ အကာအကွယ် ပေးထားရင် ကျွန်တော့်အဖေရဲ့ အနေအထားကို ထည့်စဉ်းစားရင်တောင် သူတို့ကို ကျွန်တော်တို့ ဘာမှ လုပ်နိုင်မှာ မဟုတ်ဘူး။ အခုချိန်မှာ သူတို့ကို ဖမ်းလို့မရရင် နောင်မှာ ပိုခက်ခဲလာမှာကို ကြောက်မိတယ်…”



လျိုစစ်ယန်က သူ့ကို အကူအညီတောင်းနေတာကို ကျီလင်းချန်က နားလည်လိုက်သည်။ “စီးပွားရေးလောကထဲမှာ လင်းမိသားစုကို ကျွန်တော် နှိမ်နှင်းနိုင်တယ်၊ ဒါကြောင့် သူတို့ မှာ တခြားအရာတွေကို ဂရုစိုက်ဖို့ အချိန်မရှိဘူး။ ကျွန်တော် ခင်များရဲ့ အချိန်တချို့ကို ဝယ်မှရမယ် "



"ကျေးဇူးတင်ပါတယ်" လျိုစစ်ယန် ပြန်ပြောလိုက်သည်။



ရက်အနည်းငယ်ကြာပြီးနောက် လင်းမိသားစုသည် စုန့် မိသားစုနှင့် စာချုပ်ချုပ်ရန် စီစဉ်ခဲ့သည်။ စာချုပ်လက်မှတ်ရေးထိုးပွဲသို့ သတင်းထောက်များကို ဖိတ်ကြားခြင်းက ကောင်းတဲ့အကြံမဟုတ်ပေ။ ဒါပေမယ့် ဤသည်မှာ သမိုင်းဝင် အခိုက်အတန့်ဖြစ်သည်။ မစ္စတာလင်းသည် ကျီ မိသားစုရဲ့ ပစ်မှတ်ထားတာခံနေရသော်လည်း လင်းမိသားစုက ဆက်ရှင်သန်နိုင်ပြီး ကြီးပွားချမ်းသာနိုင်ကြောင်း စီးပွားရေးလောကရှိလူတိုင်းအား ပြောပြချင်ခဲ့သည်။



လက်မှတ်ရေးထိုးပွဲ အခမ်းအနားကို စတင်ခဲ့သည်။ သူသည် စင်မြင့်ပေါ်တွင် အချိန်အတော်ကြာအောင် စိတ်အားထက်သန်စွာ ပြောဆိုခဲ့သည်။ ထို့နောက် နောက်ဆုံးတွင် ၎င်းသည် အရေးကြီးဆုံး အပိုင်းသို့ ရောက်လာသည်- စာချုပ်ကို လက်မှတ်ရေးထိုးခြင်း ဖြစ်သည်။



ထိုနေရာရှိလူတိုင်းသည် ဤအခိုက်အတန့်ကို စောင့်မျှော်နေကြသည်။ သတင်းထောက်တွေလည်း ရိုက်ကူးဖို့ အဆင်သင့်ဖြစ်နေကြပြီ။ ဒါပေမယ့် စုန့်ကော်ပိုရေးရှင်း၏ ကိုယ်စားလှယ်က ဘောပင်ကို ကောက်ကိုင်လိုက်သည်နှင့် ရုတ်တရက် ဖုန်းဝင်လာခဲ့သည်။



မစ္စတာလင်းက ထိုလူ၏ အမူအရာ ပြောင်းလဲသွားသည်ကို မြင်လိုက်ရသောအခါ ရုတ်တရက် ခံစားချက် ဆိုးရွားသွားခဲ့သည်။