လက်ထပ်ပြီးမှ ချစ်ကြမယ်
အပိုင်း ၃၂၀ (ဇာတ်သိမ်း)
အဆုံးတွင် စုန့်ကော်ပိုရေးရှင်း၏ ကိုယ်စားလှယ်က "နားလည်ပါပြီ" ဟုသာပြောခဲ့သည်။ ထို့နောက် ဖုန်းချလိုက်သည်။ သူ မတ်တပ်ထရပ်ပြီး မစ္စတာလင်းကို ဦးညွှတ်ခဲ့သည်။ “တောင်းပန်ပါတယ် မစ္စတာလင်း။ ကုမ္ပဏီရဲ့ အစီအစဥ်တွေ ပြောင်းသွားပြီ။ ဒီနေ့ စာချုပ်မှာ လက်မှတ်ထိုးဖို့ မဖြစ်နိုင်တော့မှာကို ကျွန်တော် ကြောက်မိတယ်။”
"ဘာလို့လဲ" မစ္စတာလင်း၏ မျက်လုံးများ ပြူးကျယ်သွားသည်။ "ကျုပ်တို့အရင်က ကောင်းကောင်းဆွေးနွေးထားကြတယ် မဟုတ်လား"
“မစ္စတာ လင်း၊ ခင်များမှာ မေးစရာတွေရှိရင် ကျွန်တော်တို့ ဥက္ကဌကို ဆက်သွယ်လို့ရတယ်” ကိုယ်စားလှယ်က ပြောလိုက်သည်။
ထို့ကြောင့် သူသည် ထိုနေရာမှ အမြန်ထွက်ခွာခဲ့ပြီး သတင်းထောက်များ၏ အင်တာဗျူးဖို့ရယူရန် ကြိုးစားမှုကိုပင် လျစ်လျူရှုခဲ့သည်။
လူအုပ်ကြီးက မှန်းဆသံများဖြင့် ဆူညံသွားသည်။ ရုတ်တရက် အလွန်ဆူညံသွားခဲ့သည်။
စင်ပေါ်မှာရှိနေတဲ့ မစ္စတာလင်းက ရှက်လွန်းလို့ စားပွဲကို လှန်ပစ်လိုက်သည်။ ထို့နောက် ရဲအရာရှိနှစ်ဦးက စင်မြင့်ပေါ်သို့ ရုတ်တရက် ပြေးတက်လာကာ သူ့ကို ခေါ်ဆောင်သွားခဲ့သည်။ သူ မိန်းမောတွေဝေနေသေးသည်။ မြင်ကွင်းက ဖရိုဖရဲဖြစ်သွားခဲ့သည်။
ထိုအချိန်တွင် လက်ဖက်ရည်ဆိုင်မှာ စစ်တုရင်ကစားရင်း လက်ဖက်ရည်သောက်နေတဲ့ အတွင်းရေးမှူး ကောင်းကိုလည်း ရုတ်တရက် ခေါ်ဆောင်သွားခဲ့သည်။ မစ္စတာလင်းနဲ့ မတူတာက သူ့ကို စည်းကမ်းထိန်းသိမ်းရေး စစ်ဆေးရေး ကော်မရှင်က ခေါ်သွားတာပင်။
တစ်လအကြာတွင် ၎င်းတို့နှစ်ဦးကို သီးခြားစီ စီရင်ချက်ချခဲ့သည်။ လာဘ်ပေးလာဘ်ယူမှု၊ တရားမ၀င် ရန်ပုံငွေရှာဖွေမှု၊ တရားမ၀င် ထိန်းသိမ်းခြင်းတို့ဖြင့် ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခံခဲ့ရသည်။ အတွင်းရေးမှူး ကောင်းသည် လာဘ်ပေးလာဘ်ယူမှု၊ အကျင့်ပျက်ခြစားမှု၊ အာဏာအလွဲသုံးစားမှု၊ တရားမဝင် ရန်ပုံငွေရှာဖွေမှုနှင့် အခြားရာဇ၀တ်မှုများကြောင့် ထောင်ဒဏ်တစ်သက်တစ်ကျွန်း ချမှတ်ခံခဲ့ရသည်။
လျိုစစ်ယန်သည် အတွင်းရေးမှူး ကောင်း၏ ယောက်ဖအမည်အောက်တွင် ဖုံးကွယ်ထားသော ကုမ္ပဏီတစ်ခုကို ရှာဖွေတွေ့ရှိခဲ့ပြီး အတွင်းရေးမှူး ကောင်း၏ ရာဇ၀တ်မှုဆိုင်ရာ ခိုင်မာသော အထောက်အထားများကို တွေ့ရှိခဲ့သည်။ သူ့ရဲ့ ရာဇ၀တ်မှုအားလုံးကို ဖုံးကွယ်မထားပေမယ့် ဒါဟာ အလွန်ကောင်းမွန်တဲ့ အောင်မြင်မှုတစ်ခုပါပဲ။ ထို့နောက်တွင် စည်းကမ်းစစ်ဆေးရေးကော်မရှင်၏ ကြိုးပမ်းမှုဖြင့် အတွင်းရေးမှူး ကောင်း၏ ရာဇ၀တ်မှုဆိုင်ရာ အထောက်အထားများ ပိုများလာခဲ့သည်။ သူ့ကို စီရင်ဖို့ လုံလောက်သွားပြီ။
အတွင်းရေးမှူး ကောင်းသည် လွန်ခဲ့သော ၁၅ နှစ်က စစ်ဆေးမှုရလဒ်များကို အတုအယောင်ပြုလုပ်ရန် မှုခင်းဆေးပညာဆရာဝန်အား ခြိမ်းခြောက်ပြီး လာဘ်ထိုးခဲ့ကြောင်းလည်း ဝန်ခံခဲ့သည်။ သူသည် လင်းမိသားစုအား ပြန်ပေးဆွဲဖို့ အမိန့်ပေးခဲ့သူလည်းဖြစ်သည်။ သူသည် ကျီမိသားစုကို ထိန်းချုပ်ရန် ရည်ရွယ်ထားသည်။ ဖန် မိသားစုက ဒါကို ဂရုစိုက်သင့်ပေမယ့် ဖန်ချီရဲ့ အိမ်ထောင်ရေးက ကျီ မိသားစုကို မျက်နှာသာပေးချင်ခဲ့သည်။ ထို့ကြောင့် သဘောမတူခဲ့ကြပေ။ အဲဒီနောက် အတွင်းရေးမှူး ကောင်းက ဖန် မိသားစုကို မထောက်ခံတော့ဘဲ လင်း မိသားစုရဲ့ ကျောထောက်နောက်ခံ ဖြစ်လာခဲ့သည်။ သူတို့က ထိန်းချုပ်ဖို့ ပိုလွယ်သည်။
ဒါရိုက်တာလင်းက သူ့အိပ်မက်ထဲမှာတောင် ချမ်းသာချင်နေတာ။ ထိုနှစ်တွင် သူတို့သည် ကျီဝမ်ကို ပြန်ပေးဆွဲပြီး ရက်အနည်းငယ်အကြာတွင် ကျီမိသားစု၏ စာအုပ်ကောင်းများကို ရယူရန် ကျီမိသားစုထံ ပြန်ခေါ်သွားပေးဖို့ စီစဉ်ခဲ့ကြသည်။ ဒါပေမယ့် ကျီလင်းချန်က သူ့တူကို ကာကွယ်ထားသောကြောင့် ကျီရှောင်ယွီကိုသာ ပြန်ပေးဆွဲနိုင်ခဲ့သည်။
ကျီရှောင်ယွီက သူတို့ရဲ့ မျက်နှာတွေကို မတော်တဆ မြင်သွားသည်။ သူမကို သတ်ခါနီးမှာ ကျီရှောင်ယွီက ပင်လယ်ထဲကို ခုန်ဆင်းသွားခဲ့သည်။ ငါးနှစ်အရွယ် ကလေးတစ်ဦး ပင်လယ်ထဲသို့ ပြုတ်ကျသွားပြီး အသက်ရှင်ဖို့ အခွင့်အလမ်းက မရှိသလောက်ပင်။
နှစ်ရက်ကြာ ရှာဖွေပြီးနောက် အလောင်းကို ရှာမတွေ့ခဲ့ပေ။ အဲဒီအစား သေဆုံးသွားတဲ့ ကလေးမလေးတစ်ယောက်ရဲ့ အလောင်းကို ရှာတွေ့ခဲ့သည်။ သူမသည် ကျီရှောင်ယွီနဲ့ တူတဲ့အဝတ်အစားနှင့် ဖိနပ်ကိုဝတ်ဆင်ထားသည်။ မှုခင်းဆရာဝန်ထံမှ အစီရင်ခံစာကိုလည်း သူတို့ တွေ့ရှိခဲ့သည်။ ဆယ့်ငါးနှစ်ကြာတဲ့အခါ ကျီရှောင်ယွီ အသက်ရှင်လျက် ပြန်လာမယ်ဆိုတာကို ဘယ်သူကသိမှာလဲ။
မစ္စတာ လင်း အဖမ်းခံရပြီးကတည်းက လင်းရိုက ပျောက်သွားခဲ့သည်။ ပိုင်ဆိုင်မှုများ အေးခဲသွားသောကြောင့် လင်းရိုသည် သူမနှင့်အတူ ပစ္စည်းများစွာကို ယူဆောင်သွားနိုင်မည် မဟုတ်ပေ။ လင်းမိသားစု၏ ပိုင်ဆိုင်မှုများကို သိမ်းဆည်းရမိချိန်တွင် နေအိမ်ရှိ အိတ်တွေအားလုံးသည် လင်းရိုနှင့်အတူ ပျောက်ဆုံးသွားသည်ကို တွေ့ရှိခဲ့သည်ဟု ဆိုသည်။
သူတို့နှစ်ဦးအဖမ်းခံရကြောင်း သိလိုက်ရသောအခါ ကျီ မိသားစုက အလွန်ဝမ်းသာသွားခဲ့သည်။ သူတို့သည် နောက်ဆုံးတွင် ၎င်းတို့၏ လက်စားချေမှုကို ရရှိခဲ့ကြပြီး ဆယ့်ငါးနှစ်တာဖုံးကွယ်နေသော အမှောင်ထုက နောက်ဆုံးတွင် ပျောက်ကွယ်သွားခဲ့သည်။ သူတို့သည် နောက်ဆုံးတွင် ကောင်းမွန်သောဘဝဖြင့် နေထိုင်နိုင်ခဲ့ကြသည်။ ဒီလက်ဆောင်က ကျီ မိသားစုအတွက် အကောင်းဆုံး နှစ်သစ်ကူးလက်ဆောင် ဖြစ်လာခဲ့သည်။
နှစ်သစ်ကူးအကြိုနေ့တွင် ကျီမိသားစုနှင့် လျို မိသားစုအားလုံး ကျီမိသားစု၏ နေအိမ်တွင် စုဝေးခဲ့ကြသည်။ အိမ်ကြီးကို မီးရောင်များဖြင့် အလှဆင်ထားသည်။ လေထုထဲတွင် ရယ်မောခြင်းနှင့် စိတ်လှုပ်ရှားမှုများ ပြည့်နှက်နေခဲ့သည်။
ဖန့်ရှောင်နွမ်က အေပရွန်ကို ၀တ်ထားပြီး ငါးတစ်ကောင်ကို စိုက်ကြည့်နေကာ မီးဖိုချောင်ထဲတွင် ရှိနေသည်။ သူမသည် မကြာသေးမီက ဟင်းအသစ်ချက်ပြုတ်နည်းကို သင်ယူခဲ့ပြီး ငါးကိုသတ်ဖို့ ပြင်ဆင်နေခဲ့သည်။ လူတွေကို ရိုက်တဲ့အခါမှာ မျက်တောင်မခတ်ခဲ့ပေမယ့် တကယ်တမ်း အသက်ရှင်နေတဲ့ ငါးတစ်ကောင်ကြောင့် သူမ တုန်လှုပ်သွားခဲ့ရသည်။ ငါး၏ခန္ဓာကိုယ်ကို ဓားဖြင့်ထိုးလိုက်တဲ့အခါမှာ သွေးတွေထွက်လာတာကို မြင်ပြီ သူမ မေ့လဲသွားခဲ့သည်။
တစ်မိသားစုလုံး ထိတ်လန့်သွားကြပြီး မိသားစု ဆရာဝန်ကို အမြန်ခေါ်လိုက်ကြသည်။
ဖန့်ရှောင်နွမ် နိုးလာသောအခါတွင် တစ်မိသားစုလုံးက သူမကို ကြည့်ပြီး ပြုံးနေကြသည်။
"အချစ်၊ ကျွန်မ ဘာဖြစ်သွားတာလဲ"
ကျီလင်းချန်ရဲ့ မျက်လုံးတွေက ဇနီးဖြစ်သူ၏ လက်ကို ဆုပ်ကိုင်ထားရင်း နီရဲနေခဲ့သည်။ "ရှောင်နွမ်၊ ကိုယ်တို့မှာ ကျားပေါက်လေးရှိနေပြီ!"
ဖန့်ရှောင်နွမ်က သူမမှာ ကိုယ်ဝန်ရှိနေကြောင်း သိလိုက်ရပြီး တစ်ခဏအတွင်း အံ့အားသင့်သွားခဲ့သည်။
…
သူမ၏ မွေးရမည့်ရက်နီးလာသဖြင့် ဖန့်ရှောင်နွမ်လေးရဲ့ ဗိုက်က အကြီးကြီးဖြစ်နေပြီ။ "ယောကျ်ား၊ ရှင့်ပစ္စည်းတွေရော ရပြီလား"
အမြဲတမ်း အေးအေးဆေးဆေး ဖြစ်ခဲ့တဲ့ CEO ကျီက အခုအချိန်မှာ အရမ်းစိတ်ညစ်နေပြီပင်။ သူ အိမ်ထဲသို့ အပြန်ပြန်အလှန်လှန် ပြေးနေခဲ့သည်။ "ခဏလေး! ရှောင်နွမ်၊ ကိုယ် မင်းကို စောင်တစ်ထည် မယူပေးရသေးဘူး"
ဖန့်ရှောင်နွမ်က သူမ၏ ခြေထောက်တွေကြားမှ ပူနွေးတဲ့စီးကြောင်းကို ခံစားလိုက်ရသည်။ “ယောကျ်ား၊ စောင်ယူဖို့လုပ်မနေနဲ့တော့။ ကျားပေါက်လေးက စိတ်လှုပ်ရှားပြီး အပြင်ထွက်ကစားချင်နေပြီ!”
နာရီအနည်းငယ်ကြာပြီးနောက် ဖန့်ရှောင်နွမ်က အမွှာသမီးလေးကို မွေးဖွားပေးခဲ့သည်။
ကျီလင်းချန်က လက်တစ်ဖက်စီမှာ ချီထားကာ သူ့ဇနီးကို ကျေးဇူးတင်တဲ့ အနမ်းပေးလိုက်သည်။ "ချစ်လေး၊ မင်း အရမ်းကြိုးစားပေးခဲ့တယ်။"
......
နှစ်များစွာကြာပြီးနောက် ကျီလင်းချန်က သူ့မျက်နှာပေါ်မှာ တစ်စုံတစ်ယောက် ပုံဆွဲနေသည်ကို တွေ့ရှိဖို့ နေ့ခင်းတစ်ရေးအိပ်ရာမှ နိုးလာခဲ့သည်။
ဤသည်မှာ သူ၏ “နတ်သမီး” သမီးလေးနှစ်ယောက်၏ အလုပ်ဖြစ်သည်မှာ ထင်ရှားသည်။ သူ စာကြည့်ခန်းထဲကို ဝင်လိုက်တာနဲ့ ဖန့်ရှောင်နွမ်ရဲ့ မီနီဗားရှင်း နှစ်ခုက တခစ်ခစ်ရယ်ပြီး ထောင့်မှာ ပုန်းနေတာကို တွေ့လိုက်ရသည်။
"ကျီရှောင်နန်၊ ကျီရှောင်ရှန်း၊ ဒီကိုလာခဲ့ " ကျီလင်းချန် အမိန့်ပေးလိုက်သည်။
"မာမီ၊ ကူညီပါဦး။ ဒယ်ဒီ လာရိုက်တော့မယ်!" ကလေးနှစ်ယောက်က သူတို့အမေကို လှမ်းအော်ခဲ့သည်။
ဖန့်ရှောင်နွမ်မှာ ကလေးဆန်တဲ့ ဝိုင်းစက်မှုအချို့ကို ဆုံးရှုံးခဲ့ရပြီး ဆွဲဆောင်နိုင်တဲ့အရည်အချင်း တစ်ချို့ကိုရရှိထားကာ အသီးအနှံတွေကိုသယ်လာပြီး အပေါ်ထပ်သို့ တက်လာခဲ့သည်။ ခင်ပွန်းဖြစ်သူကို မြင်သောအခါ သူမအားရပါးရ ရယ်မောရင်း ခန္ဓာကိုယ်က လှုပ်ယမ်းသွားသည်။ "ယောကျ်ား ရှင့်မျက်နှာကို ကြည့်ပါဦး။ ဟားဟား ကျွန်မတို့ သမီးတွေက ကျွန်မ နောက်လိုက်ကြတာပဲ။ သူတို့ ပန်းချီဆွဲတာ ထက်မြက်ကြတယ်!”
ကျီလင်းချန် ပြန်ပြောလိုက်သည်။ “ကိုယ် နောက်ထပ် ဘာလုပ်နိုင်မှာလဲ။ ကိုယ့်မိန်းမနဲ့ သမီးတွေကို အလိုလိုက်လို့ပဲရတယ်!"
End of book.