အပိုင်း ၃၁၈
Viewers 4k

လက်ထပ်ပြီးမှ ချစ်ကြမယ်


အပိုင်း ၃၁၈




"မဖြစ်နိုင်ဘူး! ကျီရှောင်ယွီက လွန်ခဲ့တဲ့ ဆယ့်ငါးနှစ်က ဆုံးသွားပြီ!” မစ္စတာဖန်က နှုတ်မှလွှတ်ခနဲပြောလိုက်သည်



ဖန့်ရှောင်နွမ် မျက်မှောင်ကြုတ်လိုက်သည်။ မစ္စတာ ဖန် က ကျီရှောင်ယွီ သေသွားပြီဆိုတာ ဘာကြောင့် သေချာနေရတာလဲ။



သူမ ဖန်ဟိုင်၏ နောက်သို့ လျှောက်သွားကာ ခြေထောက်ကို ကန်ပြီး ကြမ်းပြင်ပေါ်တွင် ဒူးထောက်စေခဲ့သည်။ "ရှောင်ဝမ်၊ အဲ့တုန်းက ငါ့ယောက်မကို သူရိုက်ခဲ့သလိုမျိုး နင် အဲ့အတိုင်းတစ်ပုံစံတည်း ပြန်ရိုက်လိုက်!"



ကျီဝမ်က လမ်းလျှောက်လာပြီး ဖန်ဟိုင်ကို ပါးရိုက်လိုက်ရာ ကြမ်းပြင်ပေါ်သို့ လဲကျသွားခဲ့သည်။ ပါးရိုက်ပြီးနောက် သူ့လက်ဖဝါးက ပူလောင်နေခဲ့သည်။ သူ ဖန်ဟိုင်ကို ရက်ရက်စက်စက် ပါးရိုက်ချင်ခဲ့တာ ကြာပြီဖြစ်သည်။ နောက်ဆုံး ဒီနေ့၌ အခွင့်အရေးရခဲ့ပြီပင်!



ဖန်ဟိုင် ထတော့မယ့်အချိန်မှာ ကျီဝမ်က အံကြိတ်ပြီး ထပ်ပြီး ထိုးလိုက်သည်။ ဖန်ဟိုင်ရဲ့နှုတ်ခမ်းတွေမှာ ချက်ချင်း သွေးတွေထွက်ကျလာသည်။



ဖန့်ရှောင်နွမ်က မစ္စတာ ဖန်ကို ကြောက်လန့်စရာကောင်းလောက်အောင် ကြည့်လိုက်သည်။ " ကျီရှောင်ယွီ သေသွားပြီလို့ ဘာလို့ပြောတာလဲ။ သူမ ဘယ်လိုသေသွားတာလဲ"



ကျီရှောင်ယွီ၏ ဈာပနကို မကျင်းပရသေးမီကအကြောင်းကို သခင်ကြီး ကျီက သူမအား ပြောပြခဲ့သည်။ နှစ်ပေါင်းများစွာကြာအောင် သခင်ကြီး ကျီ နှင့် အိမ်တော်ထိန်း မှလွဲ၍ ဘယ်သူကမှ ကျီရှောင်ယွီ  "သေသွားပြီ" ဆိုတာကို မသိခဲ့ကြပါပေ။ ဒါဆို သူက ဘယ်လိုလုပ်ပြီးသိတာလဲ။



မစ္စတာဖန်က သူ ကြောင်ကို အိတ်ထဲက ထုတ်ပစ်လိုက်မိကြောင်း သိလိုက်သည်။ သူ ခေါင်းကို အမြန်ခါလိုက်သည်။ “ငါ..ငါ ဘာမှ မသိဘူး။”



ဖန့်ရှောင်နွမ်က မမှတ်မိနိုင်လောက်အောင် ရိုက်နှက်ခံခဲ့ရသော ဖန်ဟိုင်ကို နောက်တစ်ကြိမ် ကြည့်လိုက်သည်။ ထို့နောက် သူမက မစ္စတာဖန်ဆီသို့ လှည့်ကာပြောလိုက်သည်။ "ရှင့်ရဲ့သားလို အဆုံးသတ်ချင်လို့လား။ ရှင့်ကို အဲ့လိုဖြစ်အောင် လုပ်ပေးလို့ရတယ်နော် !"



ထို့နောက်တွင် မစ္စတာဖန်နှင့် သားဖြစ်သူ၏ အကူအညီတောင်းနေသည့် အော်ဟစ်သံများက ဖန်မိသားစု၏ ဧည့်ခန်းထဲတွင် ပျံ့နှံ့သွားခဲ့သည်။



မိနစ်နှစ်ဆယ်အကြာတွင် လျိုစစ်ယန် ရဲကိုစေလွှတ်ဖို့ အကြောင်းကြားစာရရှိခဲ့သည်။



"ဗိုလ်ကြီး လျို၊ ဖန် မိသားစုရဲ့ သားအဖတွေ အိမ်ထဲကို ခိုးဝင်လာတဲ့ ဓားပြသုံးယောက်နဲ့ တွေ့နေကြတယ်"



လျိုစစ်ယန်က သူ့လက်ဖက်ရည်ခွက်ကိုချပြီး ရဲတွေနဲ့ အပြေးအလွှားထွက်ဖို့ ပြင်ဆင်နေတဲ့ သူ့လက်အောက်ငယ်သားတွေဆီ လှည့်ကြည့်လိုက်သည်။ “ထိုင်ပါဦး၊ ငါတစ်ယောက်တည်း သွားလို့ရတယ်။”



“ဗိုလ်ကြီး၊ အဲ့ဘက်မှာ လူသုံးယောက်နော်။ တစ်ယောက်တည်းသွားမို့လား။ ကျွန်တော် ဗိုလ်ကြီးနဲ့လိုက်ခဲ့မယ် "



လျိုစစ်ယန်၏ အမူအရာမှာ ပြောင်းလဲခြင်းမရှိပေ။ “ရပ်ကွက်အတွင်း အငြင်းပွားတာပဲဖြစ်မယ်။ ငါကိုယ်တိုင်သွားလိုက်မယ်။ မင်း ငါ့နောက်ကို လိုက်စရာ မလိုဘူး"



တယ်လီဖုန်း အော်ပရေတာကို ကိုင်တဲ့သူက ယခုလေးတင် ဖုန်းမှ ထွက်ပေါ်လာသော အကူအညီတောင်းတဲ့ အော်ဟစ်သံကို မှတ်မိနေသည်။ “ရပ်ကွက်အတွင်း အငြင်းပွားမှုလို့ ယူဆလို့မရဘူး။”



ဒါပေမယ့် လျိုစစ်ယန်က တစ်ယောက်တည်း ထွက်သွားနေသေးသည်။



ဖန့်ရှောင်နွမ် ရေချိုးခန်း ပြတင်းပေါက်မှန်ကို ရိုက်ခွဲလိုက်သည်။ သူမသည် ပြတင်းပေါက်မှ တက်လာပြီး ထိုနည်းအတိုင်း အိမ်ထဲသို့ ဝင်သွားခဲ့သည်။ သူမသည် မစ္စတာဖန်၏ လက်မှ ဖုန်းကို ထုလိုက်ပြီး သူ့ကို ဘေစင်ထဲ ဖိချလိုက်ကာ ရေပိုက်ကိုဖွင့်ပြီး သူ့ခေါင်းကို ရေအေးဖြင့် ဖြန်းလိုက်သည်။



ဖုန်းက အစိတ်စိတ် အမွှာမွှာကွဲကြေကာ ကြမ်းပြင်ပေါ်တွင် ရှိနေခဲ့သည်။



ဖန်ဟိုင်က ကျီဝမ်နဲ့ ကျီရှောင်ယွီဆီမှာ ကျန်ရစ်ခဲ့သည်။



ဖန့်ရှောင်နွမ် မေးလိုက်သည်။ “အဲဒီတုန်းက ရှင့်မိသားစုက ကြီးတယ် ပြီးတော့ ရှင့်မှာ စီးပွားရေးတစ်ခုရှိတယ်။ ကျောထောက်နောက်ခံမရှိရင် ဒီလိုမျိုး အောင်မြင်မှုမျိုးကို ရရှိနိုင်မှာ မဟုတ်ဘူး။ ပြောစမ်း။ ရှင့်ရဲ့ ကျောထောက်နောက်ခံက ဘယ်သူလဲဆိုတာ။"



မစ္စတာဖန်က ရေအောက်တွင် ခေါင်းယမ်းခဲ့သည်။



ဖန့်ရှောင်နွမ်က သူ့ကို အချိန်နည်းနည်းပေးပြီး ရေအောက်ကနေ ခေါင်းကို ဆွဲထုတ်လိုက်သည်။ သူမ သူ့ကို တကယ်မသတ်နိုင်ခဲ့ပေ။



ခဏအကြာတွင် ဖန် မိသားစု၏ အိမ်သို့ ကားသုံးစီးရောက်ရှိလာပြီး လူလေးယောက် ရောက်လာခဲ့သည်။



သူမဝင်လိုက်သည်နှင့် ဖန်ချီက သစ်သီးလှီးဓားတစ်ချောင်းကိုင်ဆောင်ထားသော ကျီရှောင်ယွီကို မြင်လိုက်ရပြီးသူမက ဖန်ဟိုင်၏ မျက်လုံးတွေဆီ ဓားနဲ့ ညွှန်ပြနေကာ သူ့ကိုမျက်စိကန်းသွားအောင်လုပ်ပစ်မယ်လို့ ခြိမ်းခြောက်နေသည်။ ကျီဝမ်က ဘေးကနေ သူ့ကို လက်သီးနဲ့ ထိုးပြီးကန်နေသည်။



ကျီခမ်းနဲလ်က ဇနီးဖြစ်သူ၏ မျက်လုံးများကို အမြန်ကာဖို့ ကြိုးစားခဲ့သော်လည်း ဖန်ချီက သူ့ကို တားလိုက်သည်။ " ရှောင်နွမ်ကော "



ကျီလင်းချန်က သူဝင်လာချိန်မှာ သူ့ဇနီးလေးကို ရှာတော့သည်။



ကျီဝမ်နဲ့ ကျီရှောင်ယွီက လမ်းကြောင်းမှန်ကို ညွှန်ပြခဲ့သည်။



ကျီလင်းချန် လမ်းလျှောက်သွားလိုက်ပြီး တံခါးကိုကန်ဖွင့်လိုက်သည်။



ဖန့်ရှောင်နွမ် လန့်ဖျပ်သွားသော်လည်း ခင်ပွန်းဖြစ်သူရောက်လာသည်ကို သူမ မြင်လိုက်သောအခါ သူမက သူ့ကို ပြုံးပြုံးလေး နှုတ်ဆက်လိုက်သည်။ "ယောကျ်ား၊ ရှင် ကျွန်မကို ကာကွယ်ဖို့ ဒီရောက်လာတာလား!"



CEO ကျီရဲ့ နားထင်တွေက ဒေါသကြောင့် ခုန်နေခဲ့သည်။ 



ဖန်ချီလည်း ပြေးသွားပြီးနောင် ကြေကွဲဖွယ်မြင်ကွင်းကို မြင်လိုက်ရသည်။



မစ္စတာဖန်က ကြောက်နေသည်။ ဖန့်ရှောင်နွမ်က သူ့ကို နှိပ်စက်ထားသည်။ သူ့မှာ လွတ်မြောက်ဖို့ ခွန်အားတောင် မရှိဘူး။ ကြမ်းပြင်ပေါ်တွင် ထိုင်ကာ ဒူးထောက်နေပြီး အမြန်လာဖို့ ရဲတွေကို တောင်းဆိုခဲ့သည်။



ဖန့်ရှောင်နွမ် ပြောလိုက်သည်။ “ယောက်မ၊ ယောက်မလည်း ရောက်နေတာပဲ။ ရှောင်ယွီ၊ ရှောင်ဝမ်နဲ့ ကျွန်မတို့ ယောက်မရဲ့ဒေါသတွေကို ကူဖြေရှင်းပေးနေတာ!"



သူမရဲ့စကားကိုကြားတော့ ဖန်ချီ၏ မျက်လုံးများ နီရဲလာသည်။ သူမက လမ်းလျှောက်လာပြီး ဖန့်ရှောင်နွမ် ကို ပွေ့ဖက်လိုက်သည်။ "အရူးမလေး။ ဘာလို့ သူတို့ကိုရန်စရတာလဲ"



“ယောက်မ၊ ကျွန်မတို့က အကြမ်းဖက်တာကို တားဆီးဖို့ အကြမ်းဖက်နေတာပါ။ သူတို့လိုလူတွေနဲ့ အကျိုးသင့် အကြောင်းသင့် လုပ်တာက အသုံးမဝင်ဘူး။ ကျွန်မလိုလူကပဲ သူတို့ကို ကိုင်တွယ်နိုင်မှာ!” ဖန့်ရှောင်နွမ် ပြောလိုက်သည်။



ကျီလင်းချန်က သူတို့နှစ်ယောက်ကို ခွဲလိုက်ပြီး သူ့ဇနီးလေးရဲ့လက်ကို ဆွဲကာ သူမနဲ့အတူ ထွက်လာခဲ့သည်။ ဧည့်ခန်းထဲတွင် လျိုစစ်ယန်က ကျီရှောင်ယွီ၏ သစ်သီးလှီးဓားကို သိမ်းခဲ့သည်။



လျိုစစ်ယန်မှာ ဒေါသနဲ့ တုန်နေခဲ့သည်။ သူက ကျီရှောင်ယွီ ကို လက်ညှိုးထိုးပြီးမေးလိုက်သည်။ "မင်းထောင်ထဲသွားချင်လို့လား" 



ကျီရှောင်ယွီ လုံးဝမကြောက်ဘဲ ခေါင်းယမ်းလိုက်သည်။ “မသွားချင်ဘူး”



ကျီဝမ်ရဲ့အဖေက သူ့ကို ဘေးဘက် ဆွဲလိုက်သည်။ သားဖြစ်သူ၏ လက်ဆစ်နီနီတွေကို မြင်တော့ သူ ဆူပစ်လိုက်ချင်သော်လည်း ပါးစပ်ကို မဟနိုင်ခဲ့ပေ။ သူ့သားကိုတောင် ချီးကျူးချင်နေသေးသည်။



ဆရာရဲ့ဆုံးမခြင်းကို စောင့်ဆိုင်းနေသော ကျောင်းသားများကဲ့သို့ ခေါင်းကိုငုံ့ကာ သုံးယောက်သား ဘေးချင်းကပ် ရပ်နေကြသည်။



"ဒီအကြံကို ဘယ်သူ့ဆီက ရတာလဲ"



ကျီဝမ်နဲ့ ကျီရှောင်ယွီတို့က ဖန့်ရှောင်နွမ်ကို တချိန်တည်း ထောက်ပြခဲ့ကြသည်။



ဖန့်ရှောင်နွမ် ပတ်ဝန်းကျင်ကို တစ်ချက်ကြည့်လိုက်ပြီး သူ့ကိုယ်သူ ရိုးရှင်းစွာ ထောက်ပြခဲ့သည်။



"ရှောင်နွမ်၊ မင်း ကိုယ့်ကို နှလုံးဖောက်အောင်လုပ်ဖို့ ကြိုးစားနေတာလား။" CEOကျီရဲ့ ခေါင်းက ပိုတောင် နာကျင်သွားသည်။



ဖန်သားအဖနှစ်ယောက်က ရဲတွေရောက်လာပြီး တရားမျှတမှုကိုရှာပေးဖို့ စောင့်မျှော်နေကြပေမယ့် ရောက်လာတဲ့လူလေးယောက်ကတော့ ရုန်းရင်းဆန်ခတ်ဖြစ်နေတာ သိသာသည်။



လျိုစစ်ယန်က ကားထဲ၌ သူ့ရဲယူနီဖောင်းကို လဲထားခဲ့ပြီးပြီ။



ကျီလင်းချန်က အဆုံးတွင် ပြောလိုက်သည်။ "ကိုယ့်ရဲ့မိသားစုကို ပညာပေးကြ" နောက်တော့ သူ့မိန်းမကို ခေါ်သွားခဲ့သည်။



ဖန်ချီနဲ့ မြို့တော်ဝန်ကျီတို့က သူတို့သားကို ခေါ်သွားခဲ့သည်။



လျိုစစ်ယန်က သူ့ညီမကို မကိုင်မီ ကျီရှောင်ယွီက သူမရဲ့လက်ကို သူ့လက်ထဲသို့ ထည့်လိုက်သည်။ “အစ်ကို၊ ညီမကို အစ်ကိုပိုင်တယ်။ ညီမကိုခေါ်သွား"