လက်ထပ်ပြီးမှ ချစ်ကြမယ်
အပိုင်း ၃၁၇
လျိုစစ်ယန်က ကျီလင်းချန်အား အဖြစ်အပျက်ကို ပြောပြခဲ့သည်။ ဖန့်ရှောင်နွမ်နဲ့ ကျီဝမ်တို့သည် သီးသန့်လည်ပတ်နေသော ကာစီနိုတစ်ခုသို့ ဖန် သားအဖနှစ်ဦးနောက်က လိုက်ခဲ့ကြသည်။ ရဲတွေက သူတို့ အကြိမ်ကြိမ် ရှာဖွေခဲ့ပေမယ့် မဖမ်းမိခဲ့ပါပေ။ အခုအချိန်မှာတော့ ဖန့်ရှောင်နွမ်က ရူးကြောင်ကြောင်ဖြစ်သွားပြီး ရဲကို တိုက်ရိုက်ဖုန်းဆက်ခဲ့သည်။
သူတို့နှစ်ဦးသည် ဖန် သားအဖကို ပိုက်ဆံပြန်တောင်းရန် ကာစီနိုသို့သွားခဲ့ကြသည်။ သားအဖနှစ်ယောက်သည် ပိုက်ဆံကို စွန့်လွှတ်ရန် ငြင်းဆန်ခဲ့ပြီး ဖန့်ရှောင်နွမ်နဲ့ ကျီဝမ် တို့ကိုပင် တိုက်ခိုက်ချင်ခဲ့သည်။ နောက်ဆုံးတော့ သားအဖနှစ်ယောက်လုံး ချုပ်ပြီး ရိုက်နှက်ခံလိုက်ရသည်။ ပိုက်ဆံလည်း ဆုံးရှုံးသွားသည်။ ကာစီနိုရှိလူများအဆိုအရ ဖန့်ရှောင်နွမ်က automatic မာကျောက် စက်လေးလုံးနှင့် ရေပေးစက်တစ်လုံးကို ကျိုးပဲ့ပျက်စီးစေခဲ့ပြီး ကာစီနိုတွင် ယွမ် ၁၂၀၀၀ ဆုံးရှုံးခဲ့ကြောင်း သိရသည်။ ဝန်ထမ်း သုံးဦးတောင် ဒဏ်ရာရရှိခဲ့သည်။
ယခုအခါ ၎င်းတို့အား ဆေးရုံတွင် ကုသပေးလျက်ရှိသည်။ သူမသည် ဧည့်သည်နှစ်ဦးကို မှားယွင်းစွာ ဒဏ်ရာရစေခဲ့ပြီး ယခုအခါ ၎င်းတို့သည် ဆေးရုံတက်နေရဆဲဖြစ်သည်။ ဖန့်ရှောင်နွမ်သည် မစ္စတာဖန် နှင့် သူ့သား၏ လက်တွေကို လိမ်ထားခဲ့ပြီး ယခုအချိန်တွင် မလှုပ်ရှားနိုင်တော့ပေ။ ဖန်ဟိုင်လည်း သွားတစ်ချောင်း ဆုံးရှုံးခဲ့သည်။ ၎င်းတို့နှစ်ဦးကို သီးခြားစီ ထိန်းသိမ်းထားကြောင်း သိရသည်။
ကျီလင်းချန်သည် အဖြစ်အပျက်ကို ကြားလိုက်သောအခါတွင် သူ့ဇနီးလေးကို ကြည့်လိုက်သည်။ ဒေါသထွက်လာသောအခါတွင် သူ၏ ကြောင်ပေါက်လေးက တကယ်ကို ရက်စက်သည်။
ကျီရှောင်ယွီသည် ဤအရာအားလုံးကို ကြားလိုက်ရသည့်အတွက် စိတ်လှုပ်ရှားသွားသည်။ “ဒါက သိပ်ကို အံ့မခန်းစရာကောင်းတာပဲ။ ငါကိုယ်တိုင် အဲ့နေရာမှာ မျက်မြင်သက်သေ မဟုတ်လို့ ဆိုးလိုက်တာ!”
သူမရဲ့အစ်ကိုနှစ်ယောက်က သူမကို တချိန်တည်း စိုက်ကြည့်ခဲ့ကြသည်။ ကျီရှောင်ယွီ နောက်ပိုင်းတွင် ပြောစရာ စကားများပျောက်ရှသွားသည်။
!!
၎င်းတို့နှစ်ဦးကို အာမခံဖြင့် လွှတ်ပေးခဲ့သည်။ ထို့နောက် ကျီရှောင်ယွီသည် သူတို့နောက်မှ ကျီ မိသားစု၏ နေအိမ်သို့ ပြန်သွားခဲ့သည်။
ဖန့်ရှောင်နွမ်က သူမရဲ့ယောကျ်ား သူမကို အခန်းထဲသို့ ပြန်ဆွဲသွားသောအခါတွင် သူမ၏ သူငယ်ချင်းကောင်း နှစ်ယောက်နှင့် ပေါင်းသင်းရန် ကြံစည်နေပြီဖြစ်သည်။
ဖန့်ရှောင်နွမ် လမ်းတစ်လျှောက်လုံး ရုန်းကန်ခဲ့ရသည်။ “ချစ်ရတဲ့ယောကျ်ား။ ရှင့်ရဲ့ကြောင်ပေါက်လေးက သူ့အမှားကို နားလည်နေပါပြီ။ ခွင့်လွှတ်ပေးပါနော်!”
ကျီလင်းချန်က သူ၏ဇနီးလေးအား နာခံစွာဖြင့် အိမ်မှာနေနိုင်ရန် သူမကို ပင်ပန်းအောင်လုပ်ရမည်ဟု ဆုံးဖြတ်ခဲ့သည်။ သူသည် သူမကို ရက်ပေါင်းများစွာ အိပ်စေခဲ့သည်။ သူမ တစ်ချိန်လုံး အိပ်ပျော်နေပေလိမ့်မည်။
နောက်နေ့တွင် လူသုံးယောက်အဖွဲ့က နောက်ထပ်ပြဿနာ မရှာစေရန်အတွက် ကျီလင်းချန်က ကျီဝမ်ကို ရုံးသို့ခေါ်သွားခဲ့သည်။
ကျီရှောင်ယွီက ပြောစရာစကားပျောက်သွားခဲ့သည်။ 'ဒါဆို ငါ့ကို တစ်ယောက်တည်း ထားခဲ့တော့မှာလား။'
ကံကောင်းထောက်မစွာ သူမအဖေက သူမနဲ့ အိမ်မှာ ကစားပေးခဲ့သည်။ သားအဖတွေ ဂိမ်းတွေအတူတူကစားခြင်းဖြင့် ၎င်းတို့၏ ဆက်ဆံရေးကို တိုးတက်စေနိုင်သည်။ သခင်ကြီး ကျီကလည်း သူ့ငယ်ဘဝအကြောင်းတွေ အများကြီးပြောပြခဲ့သည်။ ဒါပေမယ့်၊ ဤသည်မှာ မနေ့ညက သခင်ကြီးကျီကို ပေးအပ်ခဲ့သော အထူးမစ်ရှင်တစ်ခုဖြစ်သည်။
လူသုံးယောက်အဖွဲ့ကို ပြဿနာမရှာအောင် တားဖို့အတွက် ကျီလင်းချန်က သူ့အဖေကို ကျီရှောင်ယွီအား စောင့်ကြည့်ဖို့ တမင်တကာ တောင်းဆိုခဲ့သည်။ ထိုအချိန်တွင် သူက ကျီဝမ်ကို ခေါ်သွားခဲ့သည်။
ဒါပေမယ့် နေ့ခင်းဘက်တွင် ဖန့်ရှောင်နွမ်နဲ့ ကျီရှောင်ယွီတို့ဆုံကြတော့ တစ်ခုခုမှားနေပြီဆိုတာ သိလိုက်ရသည်။ ထို့အပြင်၊ သခင်ကြီးကျီက သူလျှိုဖြစ်ကြောင်း သူတို့သိထားသောကြောင့် ၎င်းတို့နှစ်ဦးသည် သခင်ကြီးကျီကို ပုန်ကန်ရန် လျှို့ဝှက်ကြံစည်ခဲ့ကြသည်။ ညဘက်တွင် ကျီရှောင်ယွီက ကျီဝမ်ကို အစီအစဉ်အကြောင်း ပြောပြခဲ့သည်။ ဖန့်ရှောင်နွမ်ကတော့ အချိန်ဆွဲဖို့တာဝန်ယူထားပြီး ကျန်နှစ်ယောက်က မစ္စတာဖန်နဲ့ သူ့ရဲ့သားလုပ်ခဲ့တဲ့ဟာတွေအကြောင်းကို ပြောပြရန် သခင်ကြီးကျီ၏ အခန်းသို့ သွားခဲ့သည်။ သခင်ကြီး ကျီ ကို အောင်မြင်စွာ ဖျောင်းဖျနိုင်ခဲ့သည်။
နောက်တစ်နေ့မနက်မှာတော့ ကျီရှောင်ယွီက သူ့အဖိုးမှာ ကင်ဆာရောဂါရှိနေလို့ သူ့ဆီသွားလည်ချင်တယ်လို့ ပြောခဲ့သည်။ ဆေးရုံတွင် ပြန်သက်သာလုနီးပါးရှိနေတဲ့ သူမ၏ အဖိုးသည် အော်ပရာနားထောင်နေပြီး လိမ္မော်သီးအခွံခွာနေသည်။
ဖန့်ရှောင်နွမ်က ခင်ပွန်းဖြစ်သူနှင့် ရည်ရွယ်ချက်ရှိရှိ စကားများရန်ဖြစ်ခဲ့သည်။ သူမရဲ့မိဘအိမ်သို့ ပြန်မည်ဟုဆိုကာ စာတစ်စောင်ရေးခဲ့သည်။
ကျီလင်းချန်က သူ့တူဖြစ်သူကို ရုံးခန်းသို့ ခေါ်သွားမှာကို သခင်ကြီး ကျီက တားခဲ့သည်။ " ရှောင်ဝမ်ကို အိမ်မှာနေခိုင်းလိုက်။ ငါ သူနဲ့ ဆွေးနွေးစရာ ရှိတယ်။”
"သူ့ကို ဘာအတွက်လိုအပ်လို့လဲ"
"သူ ငါ့ကို ဖျော်ဖြေဖို့ ဒီမှာ နေလို့မရဘူးလား" သခင်ကြီး ကျီက မေးလိုက်သည်။
သခင်ကြီး ကျီက သူ့သားကို အောင်မြင်စွာ လွှတ်လိုက်သည်။ ထို့နောက် ကျီဝမ်သည် ကျီ မိသားစု၏ နေအိမ်မှ ထွက်ခွာသွားခဲ့သည်။
သုံးယောက်သား မနက်စာ ကို ကော်ဖီဆိုင်မှာ ဆုံကြသည်။ ပဲနို့သုံးခွက်နဲ့ မုန့်နှစ်ဗူးကို ဝယ်ကြသည်။ သူတို့ လွတ်လွတ်လပ်လပ် နေခဲ့သည်။
ကုမ္ပဏီကိုရောက်တဲ့အခါ CEO ကျီက တစ်ခုခု လွဲချော်နေပြီလို့ ခံစားနေရသည်။ ရုတ်တရက် တစ်ခုခုကို တွေးမိသွားပြီး လျိုစစ်ယန်ဆီ ဖုန်းဆက်လိုက်သည်။ "ဟေ့ ငါ မင်းကိုမေးစရာရှိတယ်"
"မေးလေ"
"မင်းအဖိုးက ရောဂါကျွမ်းနေပြီလား " ကျီလင်းချန် မေးလိုက်သည်။
" ရှောင်ယွီ ထွက်ပြေးသွားလို့လား" လျိုစစ်ယန် မှန်းလိုက်သည်။
ဖုန်းချပြီးနောက် ကျီလင်းချန်က သူ့ယောက္ခထီးဆီ ဖုန်းဆက်ခဲ့သည်။ "အဖေ၊ ရှောင်နွမ် အိမ်ပြန်လာလား"
“မလာဘူး၊ သူ ပြန်လာမယ်လို့ မပြောဘူး” မစ္စတာဖန် က ပြန်ဖြေခဲ့သည်။
“ငါ့မိန်းမလည်း ထွက်ပြေးသွားပြီ ” ကျီလင်းချန် ပြောလိုက်သည်။
အိမ်တော်ထိန်းဆီ ဖုန်းဆက်လိုက်သည်။ " ရှောင်ဝမ် အိမ်မှာရှိသေးလား"
“သခင်လေး ထွက်သွားပြီးတာနဲ့ သူလည်း ထွက်သွားတာပဲ ” အိမ်တော်ထိန်းက ပြန်ဖြေလိုက်သည်။
"ထားလိုက်တော့။ သူတို့သုံးယောက်လုံး ထွက်ပြေးသွားပြီ” ကျီလင်းချန် ပြောလိုက်သည်။
လူသုံးယောက်အဖွဲ့သည် ဖန် နေထိုင်ရာ အနီးတဝိုက်တွင် လောလောဆယ် လမ်းလျှောက်နေသည်။
"ရှောင်နွမ်၊ ပန်းအိုးက တော်တော်လေးကြည့်ကောင်းတယ်လို့ ထင်တယ်!" သူမ စကားပြောနေစဉ် ကျီရှောင်ယွီက ရှေးဟောင်းပန်းအိုးကို ရိုက်ခွဲလိုက်ပြီး အပိုင်းပိုင်းကွဲသွားသည်။
ဖန့်ရှောင်နွမ်က ဆိုဖာပေါ်တွင် ခြေနှစ်ဖက်ကို ချိတ်ထိုင်နေသည်။ သူမသည် စာရွက်စာတမ်းအမြောက်အများကို ကိုင်ထားခဲ့သည်။ "အင်း၊ တရားစွဲချင်တာလား။"
သူမ နောက်ဆုံးအကြိမ် လက်နှစ်ဖက်ကို အဆစ်လွဲအောင်လုပ်ခဲ့ပြီးနောက် ဖန် သားအဖနှစ်ယောက်က အလွန်ကြောက်လန့်သွားကာ အသက်တောင်ဝဝမရှူရဲကြပေ။
ဖန့်ရှောင်နွမ်က စာမျက်နှာ အနည်းငယ်ကို လှန်ကြည့်ကာ အကျယ်ကြီးဖတ်ခဲ့သည်။ “အမျိုးသမီး- ဖန်ချီ - သူ့မိဘတွေကို ကျွေးမွေးစောင့်ရှောက်ဖို့ သားသမီးတာဝန်တွေ မကျေပွန်ဘူး။ သမက် - ကျီခမ်းတဲလ်။ ယောက္ခထီးလုပ်သူကို အကြိမ်ကြိမ်ရိုက်နှက်။ ကျွတ်စ် ကျွတ်စ် ရှင် ကောင်းကောင်းရေးထားတာပဲ။ ဒီတိုင်ကြားချက်တွေကို ရေးဖို့ တစ်ယောက်ယောက်ကို ရှင် ပိုက်ဆံပေးထားလား။ ဘယ်လောက်သုံးခဲ့လဲ။ ယွမ် ၂၀၀လား " ပြောပြီးသည်နှင့် သူမ ဆုတ်ဖြဲပစ်လိုက်သည်။
ကျီရှောင်ယွီက အိမ်ရှိ အဖိုးတန် ပစ္စည်းတွေ အများစုကို ဖျက်ဆီးခဲ့သည်။ မီးဖိုချောင်သို့ တည့်တည့်သွားကာ သစ်သီးလှီးဓားကို ထုတ်လိုက်သည်။ "ရှောင်နွမ်၊ ဒါက တော်တော်လေး ကြည့်ကောင်းတယ်လို့ ထင်တယ်။ လူတွေကို ဓားနဲ့ထိုးဖို့ သုံးလို့ရနိုင်မယ်လို့ ထင်လား”
ဖန် သားအဖနှစ်ယောက်က အလွန်ထိတ်လန့်သွားသဖြင့် သူတို့ရဲ့မျက်အိမ်တွေ ကျုံ့သွားကြသည်။ "လူသတ်မှု! လူသတ်မှုက တရားမဝင်ဘူး။ မင်းတို့ရဲ့အသက်နဲ့ ပြန်ပေးဆပ်ရလိမ့်မယ်!"
ကျီရှောင်ယွီက သူတို့ရှေ့တွင် ဓားကို တမင်ဝှေ့ယမ်းလိုက်သည်။ "အဲ့တာကို ဘယ်သူပြောတာလဲ။ ကျွန်မယောက်မ ကိုယ်ဝန်ရှိတုန်းက ရှင်တို့တွေက သူ့ဗိုက်ထဲက ကလေးကို သတ်လိုက်ကြတာလေ။ ရှင် အခုထိ အသက်ရှင်နေသေးတယ် မဟုတ်ဘူးလား"
သူမ ခြေလှမ်းအနည်းငယ် နီးကပ်လာသည်။ "တောင်းပန်ပါတယ်။ ကျွန်မ ရန်ဖြစ်လို့မရဘူး။ ဒါကြောင့် လက်နက်တွေသုံးမှရမယ်”
"နင် လူဆိုးမ! နင်ဘယ်သူလဲ" မစ္စတာဖန်က တုန်တုန်ယင်ယင်ဖြင့် မေးလိုက်သည်။
"ကျွန်မက ကျီရှောင်ယွီ!" ကျီရှောင်ယွီက ပြုံးပြီးပြောလိုက်သည်။