လက်ထပ်ပြီးမှ ချစ်ကြမယ်
အပိုင်း ၃၁၆
ထိုအချိန်မှစ၍ ဖန် မိသားစုက ဆိုးရွားစွာ ကျဆင်းလာခဲ့သည်။ ကျီခမ်းတဲလ်၏ လက်စားချေမှုသည် ဖန် မိသားစုကို မကြာခဏ ကြီးမားသော သဘောတူညီချက်များ ဆုံးရှုံးစေခဲ့သည်။ ထုံးစံအတိုင်း ဖန် မိသားစုက အရှုံးမပေးပေ။ သူတို့က နောက်ကွယ်မှာ လှည့်ကွက်တွေ ကစားပြီး ကျီခမ်းတဲလ်ကို လွှဲပြောင်းရယူချင်ကြသည်။ သို့သော်လည်း ကျီခမ်းတဲလ်သည် ဘဏ္ဍာရေးဗျူရိုမှ ထွက်ခွာပြီးနောက် ကျင်းမြို့တော်၏ မြို့တော်ဝန် ဖြစ်လာခဲ့သည်။ ကျီခမ်းတဲလ်သည် ဖန် မိသားစုအား ကရုဏာတစ်စုံတစ်ရာမပြဘဲ မကြာမီတွင် ဖန် မိသားစု ဒေဝါလီခံကြောင်းကြေငြာခဲ့သည်။
"ဒါဆို အစ်ကိုကြီးက ဖန် မိသားစုကို ယောက်မကိုယ်စား လက်စားချေဖို့ ဒေဝါလီခံရအောင်လုပ်ခဲ့တာပေါ့"
“မဟုတ်ဘူး” ကျီဝမ် ခေါင်းယမ်းလိုက်သည်။ “အမေ ကိုယ်ဝန်ပျက်ကျသွားလို့ ဒီလိုလုပ်လိုက်တာ။”
ထိုအချိန်တွင် ဖန့်ရှောင်နွမ်က အရေးကြီးဆုံးပြဿနာကို သဘောပေါက်သွားခဲ့သည်။ သူ့ယောက်မမှာ ကျီဝမ်ဆိုတဲ့ ကလေးတစ်ယောက်ပဲရှိသည်။ ဒါက ဖန် မိသားစုကြောင့်ပဲ။
!!
ကျီဝမ် ဆက်ပြောခဲ့သည်။ “တကယ့်အစစ် မစ်ဖန် ပြန်ရောက်လာတယ်လေ။ အဖေ့ရဲ့ လုပ်ရပ်ကြောင့် သူမ စိတ်လှုပ်ရှားသွားတယ်။ နောက်ပြီး အဖေက အမေ့ကို ကောင်းကောင်း ဆက်ဆံပေးတယ်၊ အမေကိုကျောထောက်နောက်ခံပေးဖို့ ကျီကော်ပိုရေးရှင်းလည်းရှိတယ်။ သူမ မနာလိုဖြစ်ခဲ့တယ်။ သူမက ငါ့အမေက သူမဘ၀ရဲ့ ပျော်ရွှင်မှုကို ယူဆောင်သွားတယ်လို့ ခံစားခဲ့တယ်။ သူမ အန္တရာယ်ရှိတဲ့ အပြုအမူမျိုးလုပ်လာခဲ့တယ်။ တစ်ခါက ငါ့အမေ ဖန်အိမ်ကို ပြန်သွားတော့ အမေ့ရဲ့ အစားအသောက်ထဲမှာ ကိုယ်ဝန်ပျက်ကျဆေး ထည့်ခဲ့တယ်။ ကလေးကို သတ်ရုံတင်မကဘဲ မိခင်ကိုလည်း သတ်လုနီးပါးပဲ။ ဖန် မိသားစုက ငါ့အမေကို ဆေးရုံသွားခွင့်မပေးဘဲ ဖုန်းကို သိမ်းထားခဲ့တယ်။ အမေ့ကို သော့ခတ်ထားကြပြီး ကိုယ့်ဘာသာကာကွယ်ရအောင် လုပ်ထားခဲ့ကြတယ်။”
နောက်ဆုံးတွင် ကျီခမ်းတဲလ်သည် သူ့ဇနီးသည် အိမ်မှာမရှိမှန်းသိသွားပြီး ဖန် နေအိမ်သို့ သူမကိုရှာဖို့ သွားခဲ့သည်။ ဒါပေမယ့်လည်း ဖန် မိသားစုက ဖန်ချီ မလာဘူးလို့ အခိုင်အမာပြောခဲ့သည်။ ထိုအချိန်တွင် ကျီရှောင်ယွီမှာ ပျောက်ဆုံးနေပြီး ဖန်ချီက ကျီ မိသားစုတစ်ခုလုံးကို တာဝန်ယူထားသည်။ သူမရဲ့ ကိုယ်ဝန်က ကျီ မိသားစုမှာ တစ်ခုတည်းသော ပျော်ရွှင်စရာကောင်းတဲ့ ဖြစ်ရပ်တစ်ခုပင်။ သခင်ကြီး ကျီက သူ့ချွေးမ ပျောက်နေကြောင်း သိသွားတာကြောင့် သူက သခင်ကြီး ဖန်ကို အဲဒီအကြောင်း မေးခဲ့သည်။ ၎င်းကို လျှို့ဝှက်မထားနိုင်တော့သည်ကို မြင်လိုက်ရသဖြင့်၊ သခင်ကြီး ဖန်က ဖန်ချီကို မြေအောက်ခန်းတွင် သော့ခတ်ထားတဲ့အကြောင်း ပြောပြခဲ့သည်။
ကျီခမ်းတဲလ်က သူ့မိန်းမကို ရှာတွေ့သွားတဲ့ အချိန် သူမရဲ့ခြေထောက်တွေက သွေးတွေပေနေခဲ့သည်။ သူမရဲ့အဝတ်တွေပေါ်မှာ သွေးတွေက ခြောက်နေပြီ။ သူမက လုံးဝ ဖြူဖျော့နေပြီး အေးစက်နေသည်။ သူမ သေသွားတဲ့ပုံစံမျိုးပင်။
ကံကောင်းထောက်မစွာဖြင့် ဖန်ချီကို ကယ်တင်နိုင်ခဲ့ပေမဲ့ သူမ လွယ်ထားရတဲ့ ကလေးကိုတော့ မကယ်တင်နိုင်ခဲ့ချေ။
ကျီ မိသားစုက ရူးသွပ်သွားပြီး ဖန် မိသားစုကို ပစ်မှတ်ထားကာ ဒေဝါလီခံသွားအောင် လုပ်ခဲ့သည်။ မစ်ဖန်ကို လူသတ်မှု ကျူးလွန်ရန် ကြိုးပမ်းမှုဖြင့် ဖမ်းခဲ့ပြီး မစ္စစ်ဖန်က သူ့သမီးကို ကယ်တင်လိုသောကြောင့် ကျီ မိသားစု၏ ထိန်းချုပ်မှုအောက်တွင် ရှိနေခဲ့သည်။ မစ္စတာဖန်နဲ့ သူ့သားပဲ နိုင်ငံရပ်ခြားကို ထွက်ပြေးလွတ်မြောက်သွားခဲ့သည်။ သူတို့သည် ကျီမိသားစုနှင့် ခပ်ဝေးဝေးမှာနေခဲ့သည်။ နောက်ဆုံးတွင် ဖန်ချီကို တောင်းပန်ခဲ့တာက နာမကျန်းဖြစ်နေတဲ့ သခင်ကြီး ဖန် ပင်။ သူမအတွက် သူမ အဖိုးရဲ့ဂရုစိုက်မှုကြောင့် ဖန် မိသားစုရဲ့သားအဖကို စွန့်လွှတ်ဖို့ သူမ သဘောတူခဲ့သည်။
ဖန့်ရှောင်နွမ် ငိုပစ်လိုက်သည်။ သူ့ယောက်မကို ဒီလောက်ထိ ကြုံတွေ့ရလိမ့်မယ်လို့ မမျှော်လင့်ထားပေ။ သူမကို မစ္စတာဖန်နှင့် သူ့သားတို့က အသုံးချခဲ့ကြသည်။
ဆိုင်ထဲမှာ ဖန်ချီက ဖန် မိသားစုရဲ့ သားအဖကို ဒေါသထွက်အောင် လုပ်ခဲ့ပြီး သူတို့က စားပွဲပေါ်က ပိုက်ဆံတွေကို လုယူသွားခဲ့သည်။ သူတို့က ဖန်ချီကို လက်ညှိုးထိုးပြီး ကော်ဖီဆိုင်မှ မထွက်ခွာမီ သူမကို ကြိမ်းမောင်းခဲ့သည်။
"ကျီဝမ်၊ မောင်း။ သူတို့နောက်ကို လိုက်” ဖန့်ရှောင်နွမ် ပြောလိုက်သည်။
…
အိမ်၌ ကျီလင်းချန်က သူ့ဇနီးလေး တစ်မနက်လုံး ပျောက်နေတာကို သတိပြုမိသွားသည်။ သူ့တူလေးနှင့် ကစားဖို့ ထွက်သွားသည်ဟု သူထင်ခဲ့တာကြောင့် သူက ပြဿနာကို မဖိခဲ့ပေ။ ဒါပေမယ့် အခုက နေ့လည်စာစားချိန်တောင်ကျော်နေပြီ ကျီဝမ်နဲ့ သူ့မိန်းမက မပြန်လာကြသေးပေ။
" ရှောင်နွမ် ဘယ်မှာလဲ" သူ အိမ်ဖော်တယောက်ကို မေးလိုက်သည်။
“သခင်မလေးနဲ့ သခင်လေးတို့ အတူတူ ထွက်သွားကြတာပဲ။ မပြန်လာကြသေးဘူး” အိမ်အကူက ပြန်ပြောခဲ့သည်။
ကျီလင်းချန်သည် ဤအကြောင်းကို ဆိုးရွားစွာ ခံစားခဲ့ရသည်။
နေ့ခင်းဘက်မှာ ဖုန်းဝင်လာခဲ့သည်။ အဲ့တာ သူ့ဇနီးလေးဆီကပင်။
ဖန့်ရှောင်နွမ် ပြောလိုက်သည်။ “ယောကျ်ား…”
ကျီလင်းချန်က သူ့မိန်းမ ပြဿနာရှာနေပြန်ပြီဟု သူမရဲ့လေသံမှ ပြောပြနိုင်သည်။ "ကိုယ့်ကိုပြော။ ဒီတခေါက် ဘယ်သူ့ကို ဆေးရုံတင်ထားရတာလဲ"
ဖန့်ရှောင်နွမ် ကြက်သေသေသွားသည်။ ယောက်ျားဖြစ်သူက သူမ တစ်ယောက်တစ်ယောက်ကို ထပ်ရိုက်ခဲ့ကြောင်း ဘယ်လိုလုပ်ပြီး သိနေတာလဲ။
"ယောကျ်ား၊ ကျွန်မ ဆေးရုံမှာမဟုတ်ဘူး။ ရဲစခန်းကိုလာပြီး အာမခံချက်နဲ့ ကျွန်မကို လာထုတ်ပေး!”
ကျီလင်းချန် ရယ်မောလိုက်သည်။
ဖန့်ရှောင်နွမ်နှင့် ကျီဝမ်တို့သည် ရဲစခန်းမှာ ကျီရှောင်ယွီနှင့် တွေ့ဆုံခဲ့ကြသည်။ လျိုစစ်ယန်က သူ့ညီမအိမ်မှာ အလွန်အကျွံနေမှာကို စိုးရိမ်နေပုံပေါ်သည်။ သူမကို နေရောင်ခံစေချင်တာကြောင့် အပြင်ကို ခေါ်သွားခဲ့သည်။ ရာဇဝတ်မှု ကျူးလွန်ခဲ့တဲ့ သူမအချစ်ဆုံးသူငယ်ချင်းနှစ်ဦးနှင့် တွေ့ဆုံရလိမ့်မယ်လို့ ဘယ်သူကထင်ထားမှာလဲ။
သူတို့နှစ်ဦးသည် ကာစီနိုရုံသို့သွားခဲ့ကြပြီး ရန်ပွဲဖြစ်ကာ မြေအောက်ကာစီနိုရုံတစ်ခုအား ရဲကိုဖုန်းဆက်တိုင်ခဲ့သည်။ လျိုစစ်ယန်သည် ကာစီနိုက လူများကို စစ်ဆေးမေးမြန်းနေသည်။
"နင်တို့နှစ်ယောက် ဘာလို့ ကာစီနိုကို ဖျက်ဆီးတာလဲ။" ကျီရှောင်ယွီ မေးလိုက်သည်။
“ငါ့တို့က အဲဒီနေရာကို ဖျက်ဆီးဖို့သွားတာမဟုတ်ဘူး။ ငါတို့ လူတချို့ကို ရိုက်ချင်လို့” ဖန့်ရှောင်နွမ် ပြန်ဖြေလိုက်သည်။
"ဘယ်သူ့ကိုလဲ" ကျီရှောင်ယွီ စိတ်ဝင်တစား မေးဘိုက်သည်။
"ဖန် မိသားစုက သားအဖကို " ဖန့်ရှောင်နွမ် ပြန်ဖြေလိုက်သည်။
အဲဒီနောက်မှာတော့ ကျီဝမ်နဲ့ ဖန့်ရှောင်နွမ်တို့က သူတို့နှစ်ယောက်ရဲ့ မကောင်းတဲ့အကြောင်းတွေကို ကျီရှောင်ယွီအား ပြောပြခဲ့သည်။
ထိုစကားကိုကြားပြီးနောက် ကျီရှောင်ယွီ ဒေါသထွက်သွားသည်။ “နင်တို့တွေ အကျင့်မကောင်းကြလူး။ ငါ့ကို ဒီအကြောင်း ဘာလို့မပြောကြတာလဲ။ ဖန် မိသားစု ခွေးနှစ်ကောင်ကို အမဲလိုက်ဖို့ နင်တို့ ငါ့ကို ခေါ်ခဲ့သင့်တယ်!"
"ရှောင်ယွီ၊ ဒီကိုခဏလာဦး!" လျိုစစ်ယန် ပြောလိုက်သည်။ သူ စစ်ကြောရေးခန်းမှ ထွက်လာခဲ့သည်။ ဒီနေ့ သူ့ညီမကို အပြင်ကို ခေါ်လာမိတာ သူ နောင်တရသွားသည်
ခဏကြာတော့ ကျီလင်းချန် ရောက်လာသည်။
ဖန့်ရှောင်နွမ် ပြောလိုက်သည်။ "ယောကျ်ား၊ ကျွန်မကို ဒီကနေ မြန်မြန်လေး ထုတ်ပေး"
"ရှောင်ယွီ၊ မင်းလည်း သူတို့နဲ့ ရန်ဖြစ်လာတာလား " ကျီလင်းချန်က သူ့ညီမကို တွေ့တော့ မေးလိုက်သည်။
"အစ်ကို၊ ရှောင်နွမ် တကယ်အကျင့်မကောင်းဘူး။ သူ ရန်ဖြစ်တာကို ညီမကိုမပြောဘူး!” ကျီရှောင်ယွီ ပြောလိုက်သည်။
ကျီလင်းချန် ရယ်မောလိုက်သည်။
"ရှောင်ယွီ၊ မှုခင်းဆေးပညာက ကောင်မလေးနဲ့ သွားကစားနေ " လျိုစစ်ယန် ပြောလ်ုက်သည်
“ဟင့်အင်း!” ကျီရှောင်ယွီ ပြောလိုက်သည်။
လျိုစစ်ယန်သည် သူ့ညီမကို နားစွင့်ခွင့်ပေးရုံမှတပါး ရွေးချယ်စရာမရှိပေ။ ဖန့်ရှောင်နွမ်နှင့် ကျီဝမ်တို့ကို မေးမြန်းခဲ့သည်။ "မင်းတို့နှစ်ယောက် ဖန် သားအဖကို လုယက်ခဲ့လား"
ဖန့်ရှောင်နွမ် ခေါင်းခါလိုက်သည်။ “ကျွန်မ မလုပ်ခဲ့ပါဘူး။ အဲဒါ ကျွန်မယောက်မရဲ့ ပိုက်ဆံ။ အဲဒါကို တရားဝင်ပိုင်ရှင်ဆီ ပြန်ပေးမို့ပါ ”
ကျီလင်းချန်က ပြဿနာရှာခဲ့တဲ့ သူ့မိန်းမကို ကြည့်လိုက်သည်။
ဖန့်ရှောင်နွမ်က ခင်ပွန်းသည်၏ အကြည့်ကြောင့် ရှက်ရွံ့သွားသည်။ "ယောကျ်ား၊ ရှင် မနေ့ကပြောတော့ ကျွန်မ တစ်နေ့မှာ တစ်ကြိမ်ပဲ ရန်ဖြစ်လို့ရမယ်ဆို။ အဲ့ဒါကြောင့် ဒီနေ့အထိ ကျွန်မ သည်းခံထားခဲ့တာ "
ကျီလင်းချန်က သူ့ဇနီးလေး ဘယ်လောက် နာခံမှုရှိပြီး လိမ္မာရေးခြားရှိဖို့ ကြိုးစားနေသည်ကို ကြားသောအခါ ကူကယ်ရာမဲ့သလို ခံစားခဲ့ရသည်။