အပိုင်း ၄၂
Viewers 8k

အခန်း (၄၂) - ခင်ဗျား ကျုပ်ကို စောင့်နေလိုက်


ကျန်းကွမ်ရှန်သည် ဘာကို သေသေချာချာ တွေးနေခဲ့သနည်း။ လီယောင် မသိနိုင်စရာ ဘာအကြောင်းမှ မရှိပေ။ 


ပိုက်ဆံသည် ကောင်းကင်မှ ကျမလာနိုင်ပေ။


ဘယ်ကမ္ဘာ ဘယ်ခေတ်ကိုပဲ ရောက်နေပါစေ တစ်စုံတစ်ယောက်သည် သင့်အား အကြောင်းပြချက် မရှိပဲ အကျိုးအမြတ်များစွာ ပေးဖို့ရာ မဖြစ်နိုင်ပေ။ တစ်ဦးတစ်ယောက်က လုပ်ခဲ့ပါက သင့်ထံမှ ပိုမိုကာ ပြန်ရဖို့ ကြိုးစားနေခြင်းသာ ဖြစ်ရမည်။  


ထို့အပြင် ပိုင်ယွမ်ရွာတွင် ကျန်းကွမ်ရှန် ဘဲငန်းများ ၀ယ်ယူသည့် အဖြစ်အပျက်ကိုလည်း သူမ မှတ်မိနေဆဲ ဖြစ်သည်။ 


ယခုအချိန်ခါကဲ့သို့ အချိန်ကောင်း မရှိပေ။ 


ဤအကြွေးကို ဒီနေ့ ဘာလို့ စာရင်းမရှင်းရမှာလဲ။


ထို့ကြောင့် သူမသည် ကျန်းကွမ်ရှန်အား ပြောခဲ့သည်။ “ပြန်ယူသွားပါ။”


ဤသို့ ရိုးရိုးရှင်းရှင်း စကားသုံးလုံးဖြင့် သူမသည် မလွှမ်းမိုးနိုင်သည့် ကိုယ်ရောင်ကိုယ်ဝါကို သိရှိစေခဲ့သည်။


ကျန်းကွမ်ရှန်သာမက ဆိုင်ထဲရှိ တခြားစျေးဝယ်များအားလုံးပါ မယုံနိုင်ခဲ့ပေ။ 


၎င်းသည် ငွေချောင်း ၁၀၀ကျော် တန်ဖိုးရှိသော လက်ဆောင်တစ်ခုဖြစ်ပြီး ဤလီအမျိုးသမီးသည် တုံ့ဆိုင်းမှု မရှိပဲ ငြင်းပယ်ခဲ့သည်။


ဒါ ဘယ်လိုလုပ်… ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။


သူမသည် ဟဲဝမ်ရွာမှ ဆင်းရဲပြီး မိုက်မဲလှသည့် အရိုင်းအစိုင်း အော့ကြောလန်တစ်ယောက်သာဟု ခုနက သူတို့ မပြောခဲ့ပေးဘူးလား။


မကြာသေးမီက သူမ ငွေအနည်းငယ် ရှာနိုင်ခဲ့လျှင်တောင် ဤသို့ များပြားလှသော ငွေပမာဏကို သူမ လုံး၀ မတုန်မလှုပ် ဖြစ်နိုင်ဖို့ ဆိုသည်မှာ မဖြစ်နိုင်ပေ။


ကျန်းကွမ်ရှန်သည်လည်း သူ၏ စေတနာထားကာ ဂုဏ်ပြုဝမ်းမြောက်သည့် လက်ဆောင်ကို လူသိရှင်ကြား ငြင်းဆိုလိမ့်မည်ဟု မမျှော်လင့်ခဲ့ပေ။ သူ့မျက်နှာပေါ်တွင် ဖုံးအုပ်ထားသည့် အပြုံးများသည်လည်း ချက်ချင်း ကွယ်ပျောက်သွားခဲ့သည်။ 


“မစ္စလီ၊ ခင်ဗျား ကိုယ့်ကိုယ်ကို အရှက်ရစေမဲ့အစား ဒါကို ယဉ်ယဉ်ကျေးကျေးနဲ့ လက်ခံလိုက်ရင် ပိုကောင်းလိမ့်မယ်။”


လီယောင်သည် အတွင်းစိတ်ထဲ၌ လှောင်နေခဲ့သည်။ 


ဤလူ၏မျက်နှာ ပြောင်းလဲမှုသည် စာအုပ်ထဲမှာ စာရွက်များ လှန်တာထက်ကို ပိုမြန်နေခဲ့သည်။ 


သို့သော် သူမသည် သူလို အရှက်မဲ့သည် အုပ်စုများကို ကိုင်တွယ်ဖြေရှင်းခြင်းအား သဘောကျသည်။ 


“သူဌေးကျန်း၊ ရှင့်ရဲ့လက်ဆောင်ကို လိမ်လိမ်မာမာနဲ့ ပြန်ယူသွားလိုက်တာ ပိုကောင်းမယ်။ အဓိပ္ပါယ်မရှိ အရိုက်ခံရအောင် တောင်းဆိုနေမဲ့အစားပေါ့။”


“မင်း.. အရိုင်းအစိုင်းမ” ကျန်းယွမ်ရှန်သည် ယခင်က ဤမျှလောက် ရိုင်းရိုင်းစိုင်းစိုင်း အပြောမခံရဖူးပေ။ သူသည် ရှက်ရွှံစိတ်ကြောင့် ချက်ချင်း ဒေါသပြင်းပြင်းထန်ထန် ထွက်သွားခဲ့သည်။ “ခင်ဗျားက အကျိုးသင့် အကြောင်းသင့် မဟုတ်တော့လည်း မသက်ညှာလို့ ကျုပ်ကို အပြစ်မတင်တော့နဲ့။ ဟေ့ ကောင်လေးတွေ၊ တံခါးရှေ့မှာ ထားဖို့ ငါ့ဆီကို ခုံတစ်လုံး ယူလာခဲ့စမ်း။ ဒီနေ့ ငါ ဒီအပြင်မှာ ထိုင်နေတာပြီးတော့ ဒီဆိုင်ကို လာဝယ်ရဲတဲ့သူတွေကို ကြည့်ချင်သေးတယ်။”


အစေခံတစ်ယောက်သည် အပြင်ဘက်မှ ပြင်ဆင်ထားသည့် ခုံတစ်လုံးကို ချက်ချင်းယူလာခဲ့ပြီး ဆိုင်ဝင်ပေါက် အလယ်တည့်တည့်တွင် ချထားခဲ့သည်။


သူ့သဘောထားကို မြင်သောအခါ တစ်ယောက်မှ နောက်ထပ် စကားမပြောရဲကြချေ။


ပိုင်ချွမ်းမြို့တွင် လိုင်မျိုးနွယ်စုအပြင် ကျန်းကွမ်ရှန်၏ မိသားစုသည် အင်းအားအကြီးမားဆုံးဖြစ်သည်။ ထို့ကြောင့် သာမာန်လူများသည် အမှန်တကယ်ပင် သူ့အား ရန်မစနိုင်ပေ။ 


ထိုသို့သော အခြေအနေကို မြင်သောအခါ သူဌေးကျိုးသည် စိတ်လှုပ်ရှားမှုကြောင့် သူ့နဖူးမှ ချွေးများသည် ထွက်လာခဲ့သည်။ 


“အစ်မလီ” သူသည် တီးတိုးပြောဆိုကာ အကြံတစ်ခုပေးခဲ့သည်။ “ခရိုင်တရားသူကြီး မင်းကတော်သခင်မကြီးကို လာဖို့ သွားခေါ်လိုက်ရမလား။”


“မလိုဘူး။”


အကျိုးအမြတ် မရသော ကိစ္စရပ်တချို့ကြောင့် ခရိုင်တရားသူကြီးမင်း၏ ဇနီးသည်ကို လီယောင်သည် အကြွေးတင်ဖို့ရာ မဖြစ်နိုင်ပေ။ 


ဒီ့အပြင် ဤကဲ့သို အရေးမပါလှသည့် အသေးအဖွဲကိစ္စကို သူမဖာသာ ကိုင်တွယ်နိုင်သည် မဟုတ်ပေလား။


“တံမြက်စည်းတစ်ချောင်း ယူလာပေ။”


“ဟမ်…”


“တံမြက်စည်းတစ်ချောင်း” လီယောင်က ထပ်ပြောခဲ့သည်။ “ခြံနောက်ထဲက အကြီးဆုံးတစ်ချောင်း သွားယူလာခဲ့။”


“ဒါကလေ….. ”


သူဌေးကျိုး၏ နှုတ်ခမ်းထောင့်များသည် မထိန်းချုပ်နိုင်စွာ တွန့်သွားခဲ့သည်။ 


သူထင်တာ မမှားဘူးဆိုလျှင် အစ်မလီသည် သူမ၏ အော့ကြောလန် အရိုင်းအစိုင်း သဘာ၀ကို ပြန်ပြောင်းကာ ကျန်းကွမ်ရှန်အား ဆိုင်ထဲမှ ရိုက်ထုတ်တော့မည် ဖြစ်သည်။ 


မီးကိုမီးနှင့်ပဲ တိုက်သည်။


အဆုံးတွင် သူ့စိတ်နှလုံးသားလေးကို တင်းထားကာ ဆိုင်ဝန်ထမ်းလေးအား အမြန်ယူလာပေးရန် အချက်ပြခဲ့သည်။


လီယောင်သည် တံမြက်စည်းကြီး ကိုင်ထားသည်ကို မြင်သောအခါ စျေးဝယ်များသည် အလျင်အမြန် လမ်းဖယ်ကာ ထွက်သွားကြသော်လည်း သူတို့၏ မျက်လုံးများတွင် မျှော်လင့်စောင့်စားချက်များအပြည့်နှင့် ဖြစ်နေခဲ့ကြသည်။


အမှန်တကယ် ရိုက်ပုတ်မှုများ ရုတ်တရက်ဖြစ်ပွားခဲ့ပါက အရာအားလုံးသည် ပို၍ပင် အမှန်အကန် အသက်ဝင်လာပေလိမ့်မည်။ 


ဟယ်ကျားကျင်းကလည်း အနောက်သို့ ခြေနှစ်လှမ်းဆုတ်ခဲ့သည်။ 


သူလည်း ယခင်က လီယောင်၏ ရက်စက်ကြမ်းကြုတ်မှုကို ကိုယ်တိုင်ကိုယ်ကျ တွေ့ကြုံဖူးခဲ့သည်။ နောက်ဆုံးအကြိမ်က သူ့ဆိုင်အတွင်းမှာပင် သူ့အား အရိုက်ခံရလုနီးပါး ဖြစ်ခဲ့သည်။


ထိုအကြောင်းကို ပြန်တွေးရင်း ဘာအတွက်ကြောင့်မှန်း မသိပဲ သူ့ရင်ထဲတွင် ရုတ်တရက် မျှော်လင့်စောင့်စားမှုတစ်ခု ပေါ်ထွက်လာခဲ့သည်။


“ခင်ဗျား ဘာလုပ်ဖို့ ကြိုးစားနေတာလဲ။”


လီ‌ယောင်သည် မာန်ပါပါနှင့် ကပ်လာသည်ကို မြင်သောအခါ ကျန်းကွေ့ရှန်၏အစေခံများသည် လျင်မြန်စွာဖြင့် သူ့သခင်ကို ကာထားခဲ့ကြသည်။ 


“ငါ့ဆိုင်မှာ ပြဿနာလာရှာနေတာလား။ အသက်ရှင်ရတာ ပင်ပန်းလာပုံရတယ်။”


လီယောင်သည် ပြောရင်းဆိုရင်း သူတို့၏မျက်နှာများကို တံမြက်စည်းဖြင့် ရိုက်ခဲ့သည်။ သူ့တို့၏ခေါင်းများ အလျင်အမြန် ငုံရှောင်သွားသည်အထိ သူတို့အား နာကျင်အောင် ရိုက်ခဲ့သည်။


ထို့အပြင် လီယောင်သည် ဤအစေခံများကို သက်ညှာမှု မပြုခဲ့ပေ။ တံမြက်စည်းသည် သူတို့အား အရိပ်တစ်ခုကဲ့သို့ လိုက်ရိုက်နေခဲ့သည်။ သူတို့ မည်သည့်လမ်းကို ထွက်ပြေးနေစေကာမူ နာကျင်မှုကြောင့် သူတို့ အော်ဟစ်ငိုကြွေးကာ အမြီးကုတ်သွားသည်အထိ သူတို့အား မညှာမတာ လိုက်ရိုက်ခဲ့သည်။


၎င်းကိုမြင်သောအခါ ကျန်းကွမ်ရှန်၏မျက်နှာသည် ဒေါသကြောင့် စိမ်းလာခဲ့သည်။


“အသုံးမကျတဲ့ ငအတွေ၊ မင်းတို့အရင်တုန်းက ခွန်အားတွေ ဘယ်ရောက်ကုန်လဲ။”


သူ၏အစေခံများကို ခက်ခက်ထန်ထန် စိုက်ကြည့်ပြီးနောက် ကျန်းကွမ်ရှန်သည် လီယောင်အား အေးအေးစက်စက်ဖြင့် ပြောခဲ့သည်။ “အရိုင်းအစိုင်းက အရိုင်းအစိုင်းပဲ။”


“ရှင် ထွက်သွားမှာလား ထွက်မသွားဘူးလား။”


“ကျုပ်က ခင်ဗျားဆိုင်ထဲမှာ မဟုတ်ဘူးလေ။ ကျုပ်ကိုထွက်သွားခိုင်းဖို့ ခင်ဗျားမှာ ဘာအခွင့်အရေး ရှိလို့တုန်း။” ကျန်းကွမ်ရှန်သည် အရပ်အမောင်း ကောင်းကောင်းနှင့် မတ်မတ်ရပ်ကာ စိတ်ကြီးဝင်နေခဲ့သည်။ “ခင်ဗျားမှာ သတ္တိရှိတယ်ဆိုရင် လာရိုက်ဖို့ ကြိုးစားကြည့်လေ။”


လီယောင်က တခစ်ခစ် ရယ်ခဲ့သည်။


“ကျွန်မ အသက်သုံးဆယ်ကျော်လာပြီ။ လူတစ်ယောက်က ဒီလိုမျိုး တောင်းဆိုတာ ဒါ ပထမဆုံးအကြိမ်ပဲ။ ရှင်ကတောင်းဆိုနေမှတော့ ကျွန်မက ဝမ်းသာအားရ ကူညီပေးရမှာပေါ့။”


တံမြက်စည်းကို သုံးမည့်အစား ခိုင်မာတောင့်တင်းသည့် သစ်ကိုင်းတလက်ကို ချိုးယူကာ အသုံးပြုခဲ့သည်။


ဖြန်း…


သစ်ကိုင်းတကိုင်းတည်းဖြင့် ကျန်းကွမ်ရှန်၏မျက်နှာကို ရက်ရက်စက်စက် ရိုက်ပစ်ခဲ့ပြီး သွေးရောင်ပေါက်နေသည့် အနီရောင် အချိုးအရာများကို ကျန်နေခဲ့စေသည့်။


“ခင်ဗျား.. ကျုပ်ကို ရိုက်ရဲတယ်??” ကျန်းကွမ်ရှန်သည် နာကျင်မှုကြောင့် ကျယ်ကျယလောင်လောင် အော်ဟစ်ခဲ့ပြီး အလွန်အမင်း ဒေါသထွက်သွားခဲ့သည်။ “ခင်ဗျားတော့… သေတော့မယ်…..။”


“ကျွန်မက.. သေတော့မှာလား..။ ရှင်အရင်သေသွားအောင် သေချာလုပ်ပေးလိုက်မယ်။”


လီယောင်သည် ရှေ့သို့ ခြေလှမ်းကျဲကျဲနှင့် လျှောက်လာခဲ့ပြီး ကျန်းကွမ်ရှန်အား အကြိမ်ကြိမ် သစ်ကိုင်းဖြင့် ရိုက်ပစ်ခဲ့သည်။ 


ကျန်းကွမ်ရှန်သည် ဤကဲ့သို့ ရက်ရက်စက်စက် ရိုက်နှက်ခံရခြင်းကို တခါမျှ မခံစားဖူးခဲ့ပေ။ သူသည် ခုန်ဆွခုန်ဆွပြေးကာ နာကျင်မှုကြောင့် ကနေသလို တွန့်လိမ့်နေခဲ့သည်။ သူ့ကိုယ်သူ၏ ရယ်မောဖွယ်ရာ မြင်ကွင်းကို ပြုလုပ်ဖန်တီးခဲ့သည်။


သူ မရှောင်တိမ်းချင်ခဲ့သည်ကြောင့် မဟုတ်ပေ။ လီယောင်၏သစ်ကိုင်းသည် မျက်လုံးများ ရှိနေသကဲ့သို့ ဖြစ်နေခဲ့ပြီး သူ ဘယ်လမ်းကို ထွက်ပြေးနေပါစေ ဘယ်လိုနည်းနှင့်မဆို သူအား အတိအကျ ရိုက်မိအောင် အမြဲတမ်းလုပ်နိုင်ခဲ့သည်။


အပြင်ဘက်မှ ကြည့်လျှင် သူမ၏လှုပ်ရှားမှုများသည် ဖြစ်ကတတ်ဆန်းနိုင်ကာ ကျွမ်းကျင်လိမ္မာမှု မရှိပေ။ ရွာသူမတစ်ယောက် ဖရိုဖရဲနှင့် ရိုက်နေခြင်းသာ ဖြစ်သည်။ သို့သော်လည်း သူမသည် ကျန်းကွမ်ရှန်အား ခုန်ပေါက်သွားအောင် နာကျင်စေသည့် ထိုးနှက်ချက်များကို တနည်းနည်းဖြင့် သူ့အပေါ် အမြဲတမ်း ကျစေခဲ့သည်။ ၎င်းမှာ မယုံနိုင်စရာပင် ဖြစ်သည်။ 


သူမလှုပ်ရှားလိုက်တိုင်း သူမ၏ခါးနှင့် ခန္ဓာကိုယ်သည် တွန့်လိမ့်နေသည့် မြွေတစ်ကောင်ကဲ့သို့ ညှို့ယူဖမ်းစားခဲ့ပြီး ထိုနှစ်လိုဖွယ်ကောင်းသည့် မျက်နှာလေးဖြင့် သူမသည် ပွဲကြည့်ပရိတ်သတ်အားလုံး၏ စိတ်နှလုံးများကို အမှားမှားအယွင်းယွင်းဖြင့် တဒိန်းဒိန်းခုန်နေသည့် ခံစားချက်ဖြင့် ချန်ထားခဲ့သည်။


အစေခံများစွာသည် သူတို့သခင်ကို အတူတကွ ကာကွယ်ရန် ပြေးလာခဲ့ကြသော်လည်း သူမသည် သူတို့အား မြောက်ဘက်မှတောင်ဘက်သို့ မပြောနိုင်သည်အထိ အလွယ်တကူ ရိုက်ခဲ့သည်။


သူတို့အား လမ်းမပေါ်သို့ မောင်းနှင်ပြီးမှသာ လီယောင်သည် ဆိုင်အကူလေးအား လက်ဆောင်သေတ္တာကို သူတို့အနောက်သို့ လွှင့်ပစ်ပေးခဲ့သည်။


မြေပြင်ပေါ်တွင် ပြန့်ကျဲနေသည့် ငွေထည်များနှင့် ပိုးသားဘရိုကိတ်အထည်အပုံလိုက်ကို မြင်လိုက်ရသောအခါ ကြည့်ရှုသည့် လူအုပ်ကြီးသည် နှစ်ထောင်းအားရမှုနှင့် ပြည့်နှက်နေခဲ့သည်။ 


“အမျိုးသမီးလီရဲ့ ရက်စက်မှုကတော့ ပိုင်ချွမ်းခရိုင်မှာ ပြိုင်ဘက်ကင်းပဲဟေ့။”


“ရက်စက်တာကို မေ့ထားလိုက်။ သူက အလွန်ရဲရင့်တဲ့ အမျိုးသမီးတစ်ယောက်ပဲဟ။”


…………………………………


လုံး၀ အဖတ်ဆယ်မရအောင် ရှုံးသွားသည့် ကျန်းကွမ်ရှန်သည် လမ်းမပေါ်အပြင်ဘက်တွင် အရှက်တကွဲ အကျိုးနည်းစွာဖြင့် စွေ့စွေ့ခုန်နေခဲ့သည်။


“ခင်ဗျား စောင့်ရုံပဲ စောင့်နေလိုက်။”


“ကျုပ်အခု အာဏာပိုင်တွေဆီ သွားပြီး ခင်ဗျားကို လူပုံလည်မှာ ကိုယ်ထိလက်ရာက် ကျူးလွန်မှုနဲ့ တရားစွဲမယ်။”


“ထောင်ထဲမှာပဲ အရိုးဆွေးသွားဖို့ စောင့်နေလိုက်တော့။”


သူ့၏ စိတ်ဆိုးမာန်ဆိုး ကယောင်ချောက်ချားနှင့် ဆက်တိုက်ပြောဆိုနေသည်ကို ကြားသောအခါ လီယောင်သည် သူ့အား လိုက်ဖမ်းကာ ဆက်လက်ရိုက်နှက်တော့မလို ဖြစ်နေခဲ့သည်။ ထိုအချိန်တွင် ခရိုင်တရားသူကြီးမင်းကတော်သည် ဆိုင်ထဲမှ ထွက်လာခဲ့သည်။ 


“ဒီမှာ ဘယ်သူ ပြဿနာရှာနေတာလဲ။”


ကျန်းကွမ်ရှန်သည် မှင်တက်သွားခဲ့သည်။ 


ခရိုင်တရားသူကြီးမင်းကတော်သည် သာမာန်အရပ်သူတစ်ဦး၏ ဆိုင်ငယ်လေးအတွက် ဖွင့်ပွဲအခမ်းအနားကို ကိုယ်တိုင်ကိုယ်ကျ တက်ရောက်ချီးမြှင့်လိမ့်မည်ကို သူဘယ်လိုလုပ် စိတ်ကူးယဉ်နိုင်လိမ့်မည်လဲ။ 


“နှုတ်ဆက်ပါတယ် မင်းကတော်သခင်မကြီး။”


“ဘာဖြစ်လို့လဲ။ သူဌေးကျန်း မဟုတ်လား။” ခရိုင်တရားသူကြီးမင်းကတော်သည် အေးစက်စွာ ပြောခဲ့သည်။ “ကျွန်မ့အစ်မ ဒီနေ့ဆိုင်အသစ်ဖွင့်တာကို ရှင်ဂုဏ်ပြုဖို့ လာတယ်လို့ ကျွန်မကြားတယ်။”


ကျန်းကွမ်ရှန်၏ မျက်လုံးထောင့်များ တဆန့်ငင်ငင် လှုပ်နေခဲ့သည်။ 


ဆွံ့အနားမကြားသူတစ်ဦးကပင် ခရိုင်တရားသူကြီးမင်းကတော်သည် လီယောင်ဘက်တွင်  သိသိသာသာ ရှိနေခဲ့သည်ကို သိမြင်နိုင်သည်။ သူမသည် လီယောင်အား သူမ့အစ်မဟုပင် ခေါ်ခဲ့သေးသည်။


ကောင်းလှပေသည်။ ယနေ့ သူ့အစီအစဉ်များ အားလုံးသည် သိသာထင်ရှားစွာ ကျဆုံးသွားခဲ့ပြီ ဖြစ်သည်။ 


သူသည် ခရိုင်တရားရုံးသို့ တိုင်ကြားခဲ့ပြီး တရားသူကြီးအသစ်သည် ဖြောင့်မတ်ပြီး တရားမျှပါသည်ဟု ဆိုခဲ့လျှင်တောင် အမျိုးသမီးတစ်ယောက်၏ ခေါင်းအုံးပေါ်မှ စကားများကို ဆန့်ကျင်ပြီး သူဘယ်လိုများ အနိုင်ယူသွားလိမ့်မည်နည်း။ 


နောက်ပြန်လှည့်သင့်သည့် အချိန်ကို သိသော ကျန်းကွမ်ရှန်သည် ပြန်ဖြေခဲ့သည်။ “ကျွန်တော်က သူ့ကို တကယ်ဂုဏ်ပြုပေးဖို့ လာခဲ့တာပါ။ ဒါပေမဲ့ အမျိုးသမီးလီက ကျွန်တော့်လက်ဆောင်ကို အထင်အမြင်သေးခဲ့တယ်။ ဒါကြောင့်မို့ ကျွန်တော် ထွက်သွားတော့မှာပါ။”


ကျန်းကွမ်ရှန်း၏ စိတ်မချမ်းမြေ့စွာဖြင့် ထွက်ခွာသွားသည်ကို ကြည့်ရင်း စောင့်ကြည့်နေကြသည့် လူအုပ်ကြီးသည် ရုတ်တရက် ရဲတင်းလာသလို ခံစားခဲ့ရသည်။ ယခင်က ပိုင်ချွမ်းမြို့ရှီ ကျန်းကွမ်ရှန်၏ ဖိနှိပ်ချုပ်ချယ်မှုကို လူတိုင်းခံခဲ့ရပြီး မည်သူမှ ပြန်မပြောရဲကြပေ။ ယခုနောက်ဆုံးတွင်မူ သူသည် သင်ခန်းစာတစ်ခုကို သင်ယူခဲ့ရသည်။ 


ကျန်းကွမ်ရှန်ကို မောင်းထုတ်ပြီးနောက် ခရိုင်တရားသူကြီးမင်းကတော်သည် နှစ်လိုဖွယ်ကောင်းသည့် အပြုံးလေးဖြင့် လီယောင်ဘက်သို့ လှည့်ခဲ့သည်။ “အစ်မ ဘာမှ မထိခိုက်သွားပါဘူးနော်။ ဟုတ်တယ် မဟုတ်လား။”


“စိုးရိမ်ပေးလို့ ကျေးဇူးတင်ပါတယ်။ ကျွန်မ အဆင်ပြေပါတယ်။”


“ကောင်းပါတယ်။” ခရိုင်တရားသူကြီးမင်းကတော်သည် လီယောင်လက်ကို ဆုပ်ကိုင်ခဲ့သည်။ “သန့်ရှင်းရေး လုပ်ဖို့ကို အကူတွေနဲ့ပဲ ထားခဲ့လိုက်ပါ။ ကျွန်မကို အချိန်အနည်းနည်းကြာအောင် အဖော်ပြုပေးပါဦး။”


လီယောင်သည် စိတ်ထဲတွင် သက်ပြင်းချခဲ့သည်။ 


သူမသည် မည်သူ့ကိုမှ အကူအညီကို အကြွေးမတင်စေရန် ဆုံးဖြတ်ခဲ့သော်လည်း နောက်ဆုံးတွင် တစ်ဦးတစ်ယောက်ကို အကြွေးတင်ကာ ပြီးဆုံးသွားခဲ့သူ ဖြစ်သည်။ 


အားလုံးထဲတွင် ဦးနှောက်ခြောက်စရာ အကောင်းဆုံးမှာ သူမသည် ယဉ်ယဉ်ကျေးကျေးဖြင့် စကားစမြည် အပြန်အလှန် ဆက်လက်ပြောဆိုနေရခြင်းသာ ဖြစ်သည်။ 


ခရိုင်တရားသူကြီးမင်းကတော်၏ အဆင့်အတန်းနှင့် သူမကဲ့သို့ နိမ့်ပါးသည် သာမာန်တောသူအမျိုးသမီးတစ်ဦးနှင့် စကားစမြည် ပြောရန် မည့်သည့်ဘုံအကြောင်းအရာ ရှိလာနိုင်လိမ့်မည်နည်း။